နောက်ဆုံးသတင်း/ဆောင်းပါးများ

သ၀န်းချောင်းမှ ရွာသား ၁၅ ဦးကို BGP မှ စစ်ဆေးခံရန် အမိန့်စာထုတ်



Rohingya Eye
RB News
8.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အစွန်းရှိ သ၀န်းချောင်း (ဘားစော်ရား) ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၁၅) ဦးကို လူဦးရေ စစ်ဆေးမှုတွင် ပါဝင် စစ်ဆေးခံရန် အမိန့်စာထုတ်ပြန် ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ် (၆) ရက်နေ့တွင် မောင်တောမြို့နယ် အင်းဒင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူးက သ၀န်းချောင်း (ဘာစော်ရား) ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၁၅) ဦးကို သြဂုတ်လ (၁၀) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် အင်းဒင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ လာရောက်၍ အစစ်ဆေးခံရန်၊ အကယ်၍ အစစ်ဆေး မခံပါက ထိရောက်စွာ အရေးယူမည်ဟု အမိန့်စာ တစ်စောင် ထုတ်ပြန် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထိုကဲ့သို့ ခြိမ်းခြောက်၍ အမိန့်စာ ထုတ်ပြန်ခဲ့ခြင်းကြောင့် ဒေသခံ ရပ်မိရပ်ဖ များက စိုးရိမ် ပူပန်လျက် ရှိပြီး၊ ဒေသခံများက ၎င်းတို့ အပေါ် ခြိမ်းခြောက် နေခြင်းကို မလိုလားကြောင်း၊ ပွင့်လင်းမြင်သာမှု မရှိဘဲ သံသယ တိုးပွားနေသည့် စစ်ဆေးမှုကို နှစ်သက်မှု မရှိကြောင်း ပြောဆိုနေကြသည်။

အင်းဒင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူး၏ အမိန့်စာဖြင့် ခြိမ်းခြောက်ခံရသူ များမှာ --

(၁) ဦးမော့န်တာစ်အုလ္လာ (ဘ) ဦးအဒူဆလာမ် (အသက် ၃၃ နှစ်)
(၂) ဦးအာမာန် (ဘ) ဦးအာမာဒူ (အသက် ၄၇ နှစ်)
(၃) ဦးရော်ရှိတ်အုလ္လာ (ဘ) ဦးရှော်ဖီအုလ္လာ (အသက် ၄၀ နှစ်)
(၄) ဦးအေဇာရူလ်ဟောက် (ဘ) ဦးဆွေယာဒူရာမန် (အသက် ၄၅ နှစ်)
(၅) ဦးဆော်လိမ် (ဘ) ဦးအာလီ (အသက် ၃၅ နှစ်)
(၆) ဦးဇီယာဘူရာမန် (ဘ) ဦးဘော်ရှော်ရ် (အသက် ၃၅ နှစ်)
(၇) ဦးအာရှော်ဖ်ဇော်မာ (ဘ) ဦးအေရ်ရှာဒူလ္လာ (အသက် ၄၅ နှစ်)
(၈) ဦးအာမန်အူလ္လာ (ဘ) ဦးတာဇာမူလုခ် (အသက် ၃၅ နှစ်)
(၉) ဦးကာဇီး (ဘ) ဦးလာလ်မျာ (အသက် ၆၀ နှစ်)
(၁၀) ဦးအဒူဟောက်ခ် (ဘ) ဟာဂျီနော်ဇူမျာ (အသက် ၆၀ နှစ်) -- တို့အပါအ၀င် အခြား (၅) ဦး ဖြစ်ပါသည်။

Comment ရေးရန်

Rohingya Exodus