နောက်ဆုံးသတင်း/ဆောင်းပါးများ

BGP တပ်ဖွဲ့ဝင်များက ဒေသခံ (၃) ဦးကို လုပ်ကြံ ဖမ်းဆီး၍ ငွေညှစ်



Rohingya Eye
RB News
8.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း သ၀န်းချောင်း (ဘားစော်ရား) ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက လုပ်ကြံ ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ် (၅) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် လမ်းတွင် သွားလာနေသည့် မောင်တောမြို့နယ် တောင်ပိုင်း သ၀န်းချောင်း ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို အင်းဒင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ပုဒ်မ ၁၄၄ ထုတ်ပြန် ထားသည့် အချိန်တွင် သွားလာနေသည်ဟု မဟုတ်မမှန် လုပ်ကြံ၍ ဖမ်းဆီးခဲ့သည်။ ထို့နောက် သြဂုတ်လ (၆) ရက်နေ့တွင် ၎င်းတို့ (၃) ဦးထံမှ ငွေညှစ်၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်သည် ည ၁၁ နာရီမှ နံနက် ၄ နာရီ အထိ ဖြစ်သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ ၀င်များက တမင် လုပ်ကြံ၍ ဖမ်းဆီးပြီး ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။

လုပ်ကြံ ဖမ်းဆီးခံရပြီး ငွေညှစ်ခံရသူ (၃) ဦးမှာ --

(၁) ဦးခါယာ့စ် (ဘ) ဦးဖော်ဇော်ဟောက်ခ် (အသက် ၂၅ နှစ်) - သ၀န်းချောင်း ရွာသား ဖြစ်ပြီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ငွေကျပ် ၂ သိန်း ၅ သောင်း ညှစ်ယူခြင်းကို ခံခဲ့ရသည်။

(၂) ဦးဒိလ်မိုဟာမတ် (ဘ) ဦးနော်ဘီဟူစိန်း (အသက် ၅၀ နှစ်) - ရသေ့တောင် မြို့နယ်၊ ကိုးတန်ကောက် ရွာသား ဖြစ်ပြီး၊ သ၀န်းချောင်း ရွာတွင် လယ်ထွန်ရန် ရောက်ရှိနေသူ ဖြစ်သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ငွေကျပ် ၂ သိန်း ညှစ်ယူခြင်းကို ခံခဲ့ရသည်။

(၃) ဆော်လိမ်မုလ္လာ (ဘ) ဦးဟာရှီးမ် (အသက် ၁၈ နှစ်) - သ၀န်းချောင်း ရွာသားဖြစ်ပြီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ ငွေကျပ် ၃ သိန်း ညှစ်ယူခြင်းကို ခံခဲ့ရသည်။

Comment ရေးရန်

Rohingya Exodus