နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော်မှ ရာအိမ်မှူးနှင့် နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်း၍ ဒေသခံနှစ်ဦးထံမှ ငွေညှစ်

RB News
30.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ မောင်တူလာ ကျေးရွာမှ ရာအိမ်မှူး ကျော်ဇေယျာဦးသည် နယ်ခြားစောင့် ရဲတပ်ဖွဲ့များနှင့် ပူးပေါင်း၍ ဒေသခံများကို လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ အောက်တိုဘာလ (၃၀) ရက်နေ့ နေ့လည် (၂) နာရီခန့်တွင် အလယ်သံကျော် ကျေးရွာအုပ်စု၊ မောင်တူလာ ကျေးရွာမှ ရာအိမ်မှူး ကျော်ဇေယျာဦးသည် နယ်ခြားစောင့်ရဲ (၅) ဦးနှင့် အတူ မောင်တူလာ ကျေးရွာမှ ဆင်းရဲသားများ ဖြစ်ကြသည့် ဦးအမောက်ဒူ (ဘ) ဦးအာဘူလ်ဟူဆောင်း (အသက် ၇၀ နှစ်)၊ ဦးအော်ဆီအူလ္လာ (ဘ) ဦးအာဘူလ်ဟူဆောင်း တို့ကို ဒေါ်ဟာမီဒါ (ဘ) ဦးအာရှော်ရ်မျာ ၏ နေအိမ်သို့ ဆင့်ခေါ်၍ အကြမ်းဖမ်သမား များကို ထမင်းကျွေးခဲ့သည်ဟု ဆိုကာ ရိုက်နှက်၍ ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ကျော်ဇေယျာဦးက ငွေညှစ်ရခြင်းမှာ တပ်ရင်းမှူး၏ အမိန့်ဖြင့် ညှစ်ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း အဆိုပါ ဒေသခံက ဖြည့်စွက် ပြောကြားပါသည်။ 

ကျော်ဇေယျာဦးသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ဒေသခံ ရွာသားများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်၍ ငွေညှစ်နေသူ တစ်ဦးဖြစ်ပြီး၊ ၎င်းနှင့် ပတ်သက်၍ ခရိုင်၊ မြို့နယ် အဆင့်သာမက ပြည်နယ်အစိုးရထံ တိုင်ကြားလျှင် အရေးယူခြင်း မရှိသည်ကို တွေ့ရှိရသည်။ 

ရာအိမ်မှူး ကျော်ဇေယျာဦး

Comment ရေးရန်

Rohingya Exodus