နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲမှူးငြိမ်းချမ်းအေး၊ ဒုချီးရားတန်း အုပ်ချုပ်ရေးတို့ ပူးပေါင်း၍ ဒေသခံ များထံမှ ငွေကျပ် ၆၂ သိန်း ညှစ်



Rohingya Eye
RB News
26.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ တံတား ကင်းစခန်းမှ ရဲမှူးငြိမ်းချမ်းအေး၊ ဒုချီးရားတန်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဇံဖြူနှင့် ဒုချီးရားတန်း ကျေးရွာ တာဝန်ခံ ဦးဆုလ်တာန် တို့ပူးပေါင်း၍ အပြစ်မဲ့ ဒေသခံ ၃၇ ဦးထံမှ ငွေကျပ် ၆၂ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဇံဖြူနှင့် ကျေးရွာ တာဝန်ခံ ဦးဆုလ်တာန် တို့သည် အပြစ်မဲ့ ဒေသခံ (၁၀) ဦးကို ဘင်္ဂလားဖုန်းများ သုံးစွဲနေသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဂေါ်ဒူသာရ ကျေးရွာ တံတား ကင်းစခန်းမှ ရဲမှူးငြိမ်းချမ်းအေး လက်သို့ အပ်နှံ၍ ငွေညှစ်ပြီး၊ ဦးအောင်ဇံဖြူ၊ ဦးဆုလ်တာန်နှင့် ရဲမှူး ငြိမ်းချမ်းအေးတို့ ခွဲဝေ ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဘင်္ဂလားဖုန်း သုံးစွဲနေသည်ဟု လုပ်ကြံ စွပ်စွဲခံရပြီး ငွေညှစ်ခံရသူများမှာ --

(၁) ဦးဇူရ်အာလမ် (ဘ) ဦးဘော်ဒီအာလမ် (အသက် ၅၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၄ သိန်း
(၂) နူရူလ်ဟောက်ခ် (ဘ) ဦးဇော်လာလ် (အသက် ၁၈ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၄ သိန်း
(၃) မာမတ်ရီဇူဝါန် (ဘ) ဦးနူရ်အာမီးန် (အသက် ၁၆ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၄ သိန်း
(၄) မာမတ်ဇူဘိုင်ရ် (ဘ) ဦးဒီလ်မိုဟာမတ် (အသက် ၂၁ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၅ သိန်း
(၅) နူရ်မာမတ် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၂၁ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၅ သိန်း
(၆) ဦးကော်ဘိရ်အာမတ် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၃၃ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၅ သိန်း
(၇) ဒီလ်မိုဟာမတ် (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၂၁ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း
(၈) ဦးဒေါလူဟူဆောင်း (ဘ) ဦးအဒူဇော်ဘော်ရ် (အသက် ၃၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း
(၉) ဟာဖီးဇ်အာမတ် (ဘ) ဦးအဒူရာဇတ် (အသက် ၁၇ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း
(၁၀) ဦးအဘူလ်ဟူဆောင်း (ဘ) ဦးမာမတ်ဟူစိန်း (အသက် ၅၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း -- တို့ဖြစ်သည်။

ထို့အပြင် ဦးအောင်ဇံဖြူနှင့် ဦးဆုလ်တာန် တို့သည် အပြစ်မဲ့ ဒေသခံများကို ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ပျောက်ဆုံးမှုနှင့် ပတ်သက်နေသူ တရားခံ စာရင်းများမှ ပယ်ဖျက်ပေးမည်၊ ငွေမပေးပါက ထောင်ကျမည်ဟု လိမ်ညာ ခြိမ်းခြောက်၍ ဒေသခံ (၂၇) ဦးထံမှ ငွေကျပ် တစ်သိန်းစီကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ငွေကျပ်တစ်သိန်းစီ ညှစ်ခံရသူများမှာ --

(၁) ဦးမော်နီရ်အာမတ် (ဘ) ဦးနော်ဇူမျာ (အသက် ၅၈ နှစ်)
(၂) ဦးကော်ဘိရ်အာမတ် (ဘ) ဦးဘော်ရှီရ်အာမတ် (အသက် ၃၀ နှစ်)
(၃) ဦးအဒူလ်အာမတ် (ဘ) ဦးဟူစိန်းအာမတ် (အသက် ၃၇ နှစ်)
(၄) ဦးနော်ဇီရ်အာမတ် (ဘ) ဦးနော်ဇူမျာ (အသက် ၆၅ နှစ်)
(၅) ဦးရှော်ဘီရ်အာမတ် (ဘ) ဦးဆာလေအာမတ် (အသက် ၃၁ နှစ်)
(၆) ဦးရှုကူရ်အာမတ် (ဘ) ဦးဆာလေအာမတ် (အသက် ၅၅ နှစ်)
(၇) ဦးနူရ်ဟာရှိမ်း (ဘ) ဦးအာမာန်အုလ္လာ (အသက် ၃၀ နှစ်)
(၈) ဦးရှောမ်ရှု (ဘ) ဦးကုလ္လာမျာ (အသက် ၄၀ နှစ်)
(၉) ဟာမိတ်ဟူဆောင်း (ဘ) ဦးဇာဖောရ်အာမတ် (အသက် ၂၃ နှစ်)
(၁၀) ဦးရာမောတ်အုလ္လာ (ဘ) ဦးဇော်လာလ် (အသက် ၃၆ နှစ်)
(၁၁) ကော်ဘိရ်အာမတ် (ဘ) ဦးဆွေတာလမ် (အသက် ၁၇ နှစ်)
(၁၂) ဟေဒါယာသ်အုလ္လာ (ဘ) ဦးမောတီရာမန် (အသက် ၁၆ နှစ်)
(၁၃) ကော်ရီမူလ္လာ (ဘ) ဦးမော်ဇီအူလ္လာ (အသက် ၁၇ နှစ်)
(၁၄) အေနာမ် (ဘ) ဦးမာမတ်ဟူစိန်း (အသက် ၂၄ နှစ်)
(၁၅) မာမတ်ဟူဆောင်း (ဘ) ဦးလာလ်မျာ (အသက် ၂၄ နှစ်)
(၁၆) ဦးဟေဖ်ဇူရာမန် (ဘ) ဦးနူရ်အစ္စလာမ် (အသက် ၂၉ နှစ်)
(၁၇) ဟာလာယာ (ဘ) ဦးဆော်လီမူလ္လာ (အသက် ၂၁ နှစ်)
(၁၈) အဒူလာမီးန် (ဘ) ဦးမာမတ်ဆီဒိခ် (အသက် ၂၁ နှစ်)
(၁၉) ဦးအဒူမော်ဇိတ် (ဘ) ဦးအဒူဂေါ်ဖော်ရ် (အသက် ၃၀ နှစ်)
(၂၀) ဆွေယာဒ်ဟူဆောင်း (ဘ) ဦးဇာဖောရ်ဟူဆောင်း (အသက် ၁၆ နှစ်)
(၂၁) နူရ်ဆလာမ် (ဘ) ဦးရှာခ်အာမတ် (အသက် ၂၂ နှစ်)
(၂၂) ဦးရော်ဘီအာမတ် (ဘ) ဦးနူရူအစ္စလာမ် (အသက် ၃၃ နှစ်)
(၂၃) ဦးအဒူရော်ဟိမ်း (ဘ) ဦးအဒူဆလာမ် (အသက် ၃၀ နှစ်)
(၂၄) အဒူရော်ဟိမ်း (ဘ) ဦးဖောဇော်လ်အာမတ် (အသက် ၂၀ နှစ်)
(၂၅) ဖော်ယာဇူလ်အစ္စလာမ် (ဘ) ဦးနူရ်မိုဟာမတ် (အသက် ၁၇ နှစ်)
(၂၆) ဦးဆွေတာလာမ် (ဘ) ဦးဒေါဘီအူလ္လာ (အသက် ၄၁ နှစ်)
(၂၇) ဦးအီနုစ် (ဘ) ဦးအဒူမာလဲခ် (အသက် ၃၆ နှစ်) -- တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus