နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆန္ဒပြမည်ဟု လုပ်ကြံ ၀ါဒဖြန့်ပြီးနောက် ရိုဟင်ဂျာ ဟန်ဆောင်ခိုင်း၍ ဆန္ဒပြမှု သရုပ်ဖော်



Rohingya Eye
RB News
27.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်တွင် ရိုဟင်ဂျာ ကျောင်းသားများက မတ်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့များတွင် တက္ကသိုလ် ပညာသင်ကြားခွင့် မရသည်ကို ကန့်ကွက် ဆန္ဒပြမည်ဟု လုပ်ကြံ ၀ါဒဖြန့် ပြီးနောက် ဟိန္ဒူများကို ရိုဟင်ဂျာ ဟန်ဆောင်ခိုင်းကာ ဆန္ဒပြခြင်း သရုပ်ဖော်ခိုင်း ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့တွင် ရိုဟင်ဂျာ ကျောင်းသားများက မတ်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့များတွက် တက္ကသိုလ် ပညာသင်ကြားခွင့် မရသည်ကို ကန့်ကွက် ဆန္ဒပြမည်ဟု ရခိုင် အသိုင်းအ၀ိုင်းမှ လုပ်ကြံ ၀ါဒဖြန့်ပြီးနောက် မောင်တောမြို့၊ မြို့မ အားကစားကွင်း၌ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ ၂၀၀ နီးပါး လုံခြုံရေး ချထားခဲ့ပြီး၊ (၃) မိုင်နှင့် မောင်တောမြို့ရှိ ကျေးရွာများတွင်လည်း နယ်ခြားစောင့်ရဲများနှင့် တပ်မတော်သားများက လုံခြုံရေး တင်းကျပ်စွာ တာဝန်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

မောင်တောမြို့ပေါ်မှ မြို့မိမြို့ဖ တစ်ဦးက မိမိတို့သည် ဥပဒေကို လေးစားလိုက်နာသူများ ဖြစ်ပါကြောင်း၊ အသိုင်းအ၀ိုင်း နှစ်ခုကြား ယခင်ကဲ့သို့ အတူယှဉ်တွဲ နေထိုင်ရန် နိုင်ငံတော် အစိုးရမှ ဦးစီး၍ လုပ်ဆောင်နေသည်ကို ပျက်ပြားသွားအောင် ရခိုင် အစွန်းရောက် အချို့က လုပ်ကြံ သတင်းများ ပြုလုပ်၍ ၀ါဒဖြန့်နေခြင်းသာ ဖြစ်ကြောင်း၊ ရခိုင်အစွန်းရောက်များက ဟိန္ဒူလူမျိုးများကို ရိုဟင်ဂျာများ အဖြစ် ဟန်ဆောင်ခိုင်းကာ တည်ငြိမ်မှု ပျက်ပြားအောင် ပြုလုပ်မည်ကို အထူးစိုးရိမ်သည် ဟု ပြောသည်။

မတ်လ (၂၅) ရက်နေ့ နံနက် ၈း၃၀ နာရီ အချိန်တွင် နယ်ခြားစောင့် ရဲများနှင့် စစ်တပ်မှ ဟိန္ဒူလူမျိုး (၂၀) ဦးခန့်ကို မောင်တောမြို့ မြို့မ အားကစားကွင်းသို့ ခေါ်ဆောင်လာပြီး ဆိုင်းဘုတ်များ ကိုင်ဆောင်ခိုင်းကာ ရိုဟင်ဂျာများ ဆန္ဒပြနေသည့် ပုံစံဖြင့် သရုပ်ဖော်ကာ ဓါတ်ပုံများ ရိုက်ကူးခဲ့ပြီး၊ ဆန္ဒပြနေသူ အချို့ကိုလည်း နယ်ခြားစောင့်ရဲများ လိုက်လံ ဖမ်းဆီးနေသည့် သဏ္ဍန်များ သရုပ်ဖော်ကာ ဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

ရိုဟင်ဂျာများ ဟန်ဆောင်၍ ဆန္ဒပြသူများက မိမိတို့သည် ရိုဟင်ဂျာများ ဖြစ်ကြောင်း၊ ဘင်္ဂလီမဟုတ်ကြောင်း၊ အစိုးရမှ ရိုဟင်ဂျာ မပေးနိုင်လျှင် ဘင်္ဂလီ မဟုတ်ဘဲ အခြားတစ်ခုခု ပေးသင့်ကြောင့် စသည့်ဖြင့် တောင်းဆိုမှုများ ပြုလုပ်၍ သရုပ်ဖော်ခဲ့ကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus