နောက်ဆုံးသတင်း/ဆောင်းပါးများ

ငါးခူရမှ နယ်ခြားစောင့် ရဲများက အပြစ်မဲ့ ၄ ဦးကို ဖမ်းဆီး၍ ငွေညှစ်



MYARF
RB News
8.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၅) ဦးသည် ဇူလိုင်လ (၆) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် ဦးရှည့်ကျ ကျေးရွာ (ဘူရားချိဒ္ဒါ ဖာရာ) သို့သွားရောက်ပြီး ဆိုင်တွင် ထိုင်၍ စကားပြောနေသည့် ဒေသခံ ရွာသား လေးဦးကို အကြောင်းမဲ့ ဖမ်းဆီး စစ်ဆေးပြီး အပြစ်ရှာ မရသော်လည်း နောက်ဆုံးတွင် ဘင်္ဂလား ဖုန်းမိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။ 

လုပ်ကြံ စွပ်စွဲ ဖမ်းဆီးခံရသူ လေးဦးမှ ဆေးဆိုင်ရောင်းသူ ဦးမာမတ်အာလောမ် (ဘ) ဦးနူရ်အာမတ်က နယ်ခြားစောင့် ရဲများ တောင်းခံသည့် ငွေကျပ် ၄ သိန်းကို ချက်ချင်း ပေးနိုင်သဖြင့် ချက်ချင်း ပြန်လည် လွှတ်ပေးခဲ့သော်လည်း၊ ကျန်သည့် ၃ ဦးကို နယ်မြေ စခန်းသို့ ခေါ်ဆောင် သွားကာ ချုပ်နှောင် ထားခဲ့သည်။ ၎င်းတို့ (၃) ဦးကို ဇူလိုင်လ (၇) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ငွေညှစ်၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ဇူလိုင်လ (၇) ရက်နေ့ နံနက် ၁၁ နာရီတွင် ငွေညှစ်ခံရပြီး ပြန်လည် လွတ်မြောက် လာသူများမှာ -- 

(၁) မော်လ၀ီဇော်ကော်ရီယာ (ဘ) ဦးယိုရှား (အသက် ၃၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၄ သိန်း
(၂) မာမတ်ဖာရုခ် (အသက် ၁၆ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း
(၃) အာယာတိုလ္လာ (ဘ) ဦးနုရ်အာမီးန် (အသက် ၁၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း ငါးသောင်း -- တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus