နောက်ဆုံးသတင်း/ဆောင်းပါးများ

သီဟိုဠ်ကျွန်းရှိ နယ်ခြားစောင့် ရဲများက ခရီးသွား ဒေသခံ နှစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်

ဦးအာနိစ်ခါန်ကို နယ်ခြားစောင့်ရဲ တစ်ဦးက လက်ထိပ်ခတ်၍ ခေါ်ဆောင် သွားနေစဉ် (ဓါတ်ပုံ - MYARF/RB News)

MYARF
RB News
13.9.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် သီဟိုဠ်ကျွန်း ကျေးရွာ အနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများက ခရီးသွား ဒေသခံ နှစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

စက်တင်ဘာလ (၉) ရက်နေ့ နေ့လည် ၂း၂၀ နာရီ အချိန်တွင် ကြိမ်ချောင်း ကျေးရွာမှ ဦးအာနိစ်ခါန်နှင့် ၎င်း၏ သူငယ်ချင်း တစ်ဦး တို့သည် ဆိုင်ကယ်စီး၍ မောင်တောမြို့မှ ပြန်လာရာ လမ်း၌ သီဟိုဠ်ကျွန်း ကျေးရွာ (ခွေလာဘင်္ဂရွာ) ဈေးတွင် ရပ်နား၍ ဆိုင်မှ ဈေးဝယ်နေစဉ် သီဟိုဠ်ကျွန်းဈေး အနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ နှစ်ဦး ရောက်ရှိလာပြီး ဦးအာနိစ်ခါန်တို့ နှစ်ဦးကို စစ်ဆေးလိုသည်ဟု ဆိုကာ လက်ထိပ်ခတ်၍ လဘက်ရည် ထဲသို့ ခေါ်ဆောင် သွားပြီး စစ်ဆေးခဲ့သည်။ 

၎င်းတို့ နှစ်ဦးအား စစ်ဆေး၍ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ငွေကျပ် တစ်သောင်းစီ အတင်း အဓမ္မ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus