နောက်ဆုံးသတင်း/ဆောင်းပါးများ

ငါးရန့်ချောင်းမှ ရဲမှူး ဇော်မိုးလွင်နှင့် အဖွဲ့က အပြစ်မဲ့ ဒေသခံများထံမှ ငွေညှစ်



MYARF
RB News
12.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း တမန်းသား ကျေးရွာအုပ်စုရှိ ဒေသခံ ရိုဟင်ဂျာ လူမျိုးများထံမှ နယ်ခြားစောင့်ရဲ များနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ပူးပေါင်းပြီး ခေါင်းစဉ် အမျိုးမျိုးတပ်ကာ နည်းအမျိုးမျိုးဖြင့် ငွေညှစ်လျက် ရှိသည်။

အောက်တိုဘာလ (၅) ရက်နေ့တွင် တမန်းသား ကျေးရွာအုပ်စု၊ သဲကုန်းရွာမှ ဦးအီလီယာစ် (ဘ) ဦးမာမတ်ရှော်ဖီကို ငါးရန့်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ရဲမှူးဇော်မိုးလွင်က စခန်းသို့ ဆင့်ခေါ်၍ အခြားအိမ်သို့ သွားပြီး ခိုးယူ ပေါင်းသင်းသည်ဟု စွပ်စွဲကာ ငွေကျပ် ငါးသိန်း ညှစ်ယူခဲ့သည်။ 

အောက်တိုဘာလ (၆) ရက်နေ့တွင် ဦးမူဂျီဘူရာမန် (ဘ) ဦးအာဘူလ်ကာဆိမ်း ကိုလည်း အလားတူ ဆင့်ခေါ်၍ ဖမ်းချုပ်ထားပြီး နေအိမ် မီးလောင်အောင် ပြုလုပ်သည်ဟု လုပ်ကြံ စွပ်စွဲကာ ထောင်ချမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့သည်။ 

အောက်တိုဘာလ (၇) ရက်နေ့တွင် တမန်းသား ကျေးရွာအုပ်စု၊ အလယ်ရွာမှ ဦးနူရ်အစ္စလာမ် (ဘ) ဦးဆောရ်ဖော်ဒိန်းကို တမန်းသား - ဖာနီဆောရာရွာရှိ ဆွေမျိုး ဖြစ်သူ ဒေါ်ဇော်မီလာခါတူ နေအိမ်သို့ လက်ဆစ်နာနေ၍ ဘယဆေးဖြင့် ကုသရန်သွားရောက်သည်ကို တရားမ၀င် ပေါင်းသင်းသည်ဟု စွပ်စွဲခဲ့သည်။ ထို့နောက် စွပ်စွဲခံရသည်တွင် ပါဝင်သည် ဒေါ်ဇော်မီလာခါတူက ကျမ်းကျိန်ဆို၍ ငြင်းခဲ့သော်လည်း လက်မခံဘဲ တရားဆွဲကာ ထောင်ဆယ်နှစ်ချမည်ဟု ခြိမ်းခြောက်၍ ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ထိုသို့ အပြစ်မဲ့ ဒေသခံများထံမှ ညှစ်ယူသည့် ငွေများကို ငါးရန့်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူး ရဲမှူးဇော်မိုးလွင်၊ တမန်းသား နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူး ဒုရဲအုပ်မိုးသူနှင့် တမန်းသား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သိန်း တို့က ဝေစုခွဲ ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus