နောက်ဆုံးသတင်း/ဆောင်းပါးများ

ဖရုံချောင်း ပြိုင်းတောင်မှ ရေနစ် သေဆုံးသည့် ကလေး ခေါင်းစဉ်ဖြင့် ဒေသခံ (၃) ဦး ငွေညှစ်ခံရ



MYARF
RB News
11.10.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဖရုံချောင်း ကျေးရွာအုပ်စု၊ ဖရုံချောင်း ပြိုင်းတောင်ရွာတွင် ဦးဟာလာမျာ၏ အသက် (၇) နှစ် အရွယ် သားဖြစ်သူ ရေနစ် သေဆုံးခဲ့ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေး၊ ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာနှင့် ဆယ်အိမ်မှူး ဦးအီဆုဖ် (ဘ) ဦးဆော်ဒူလ်အာမီးန် တို့က သေဆုံးသည့် ကလေး၏ ဖခင်ဖြစ်သူ ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ ထို့နောက် ညောင်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ ဖုန်းဆက် အကြောင်းကြား သဖြင့် နယ်ခြားစောင့်ရဲများ ငွေကျပ် နှစ်သိန်း တောင်းလျက်ရှိရာ ဦးဟာလာမျာက ငွေမတတ်နိုင်သဖြင့် တိမ်းရှောင် နေရသည်။ (သတင်း အပြည့်အစုံသို့ -- http://bit.ly/1L6u2th

အောက်တိုဘာလ (၆) ရက်နေ့တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေး၊ ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာနှင့် ဆယ်အိမ်မှူး ဦးဆော်ဒူလ်အာမီးန် တို့က ဦးဟာလာမျာ၏ ယောက္ခထီး၊ ရေနစ် သေဆုံး သွားသည့် ကလေးငယ်၏ အဖိုး ဖြစ်သူ ဦးအီမာန်ဟူစိန်း (ဘ) ဦးလာလ်မျာကို ဆင့်ခေါ်ပြီး မြေးဖြစ်သူကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ရန် ပျက်ကွက်ခဲ့သည်ဟု ဆိုကာ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ တစ်ဖန် ဦးပူတူးယား (ဘ) ဦးအာဘူဘော်ကော်ရ်၏ သားက တွန်းချသောကြောင့် ကလေးငယ် ရေကန်ထဲသို့ ကျ၍ သေဆုံးခဲ့ရသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဦးပူတူးယား ထံမှ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ ကလေးငယ် ရေနစ်သေဆုံး ခဲ့သည့် ရေကန်မှာ ဦးဆယာဒူလ်အစ္စလာမ်၏ ရေကန် ဖြစ်သောကြောင့် ဦးဆယာဒူလ်အစ္စလာမ် ထံမှ ငွေကျပ် နှစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus