နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ကျေးရွာ အချို့မှ ငါးဖမ်းသမားများ ငါးဖမ်းခွင့် ပိတ်ပင်ခံထားရ



Rohingya Eye
RB News
22.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူး ကျေးရွာတွင် ငါးဖမ်း စက်လှေပေါင်း (၄၀) ကျော်ရှိပြီး၊ ထိုစက်လှေ များကို စက်တင်ဘာလ (၂၀) ရက်နေ့မှ စ၍ ပင်လယ်ပြင်သို့ ငါးဖမ်း ထွက်ခွာခွင့်များ ပိတ်ပင် ထားသလို၊ အလယ်သံကျော် ကျေးရွာ၊ ပညောင်ပင်ကြီး ကျေးရွာ၊ မောင်နီကျေးရွာ၊ ရွှေဇား စသည့် မောင်တော မြို့နယ်ရှိ ကျေးရွာများမှ ငါးဖမ်း စက်လှေများ ထွက်ခွာခွင့်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က ပိတ်ပင်ခဲ့သည်။ 

ထိုသို့ ပိတ်ပင်စဉ်က ပင်လယ်တွင် ငါးများ ဥချထားသည့် ကာလဟု ပြောကြားသော်လည်း၊ ယခုအခါ ရွေးကောက်ပွဲ လုံခြုံရေး အတွက် ပိတ်ပင်ရခြင်း ဖြစ်သည်ဟု နယ်ခြားစောင့် ရဲတပ်ဖွဲ့က ပြောဆိုလျက် ရှိသည်။ အဆိုပါ လုပ်ငန်းဖြင့် အသက်မွေးဝမ်ျးေကာင်း ပြုနေသူများမှာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေပြီး၊ အဆိုပါ လုပ်ငန်းကို စွန့်လွှတ်၍ အခြား လုပ်ငန်း တစ်ခုကို ရွေးချယ်ရမည့် အခြေအနေ ဖြစ်နေသည်။ 

ဒေသခံ တံငါသည် တစ်ဦးက “နယ်ခြားစောင့် ရဲတပ်ဖွဲ့ တွေက တစ်ခါ ခွင့်ပြုလိုက်ရင် နှစ်လ မကြာဘူး၊ နောက်တစ်ခါ ပြန်ပိတ်လိုက်၊ နောက်ရက်ပေါင်းများစွာ ကြာပြီးမှ ပြန်ဖွင့်၊ ဒီလိုလုပ်ရင် ဒီအလုပ်နဲ့ အဆင်မပြေနိုင်ဘူး၊ အခု ဆိုက်ကားနင်းပြီး မိသားစု ၀မ်းရေး ဖြေရှင်းနေရတယ်” ဟု RB News သို့ပြောပါသည်။ 

အောက်တိုဘာလ (၅) ရက်နေ့တွင် ကျောက်ပန္ဒူး ကျေးရွာမှ တံငါသည်များကို အင်းဒင် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း တာဝန်ခံ ရဲမှူး လင်းလင်းနိုင်က ခေါ်ယူ တွေ့ဆုံ၍ စက်လှေ တစ်စီးလျှင် ငွေတစ်သောင်း ငါးထောင်ကျပ်စီ လစဉ် ပုံမှန် ပေးသွင်းရမည်ဟု ပြောဆိုရာ တံငါသည်များက ၎င်းတို့ ရရှိမည့် အမြတ်အစွန်းနှင့် မကိုက်ညီသောကြောင့် အဆိုပါ ရဲမှူး တောင်းသည့် လစဉ်ကြေးကို ပေး၍ လုပ်ငန်း လုပ်ကိုင်ရန် မဖြစ်နိုင်သည့် အခြေအနေ ဖြစ်နေသည်။

Comment ရေးရန်

Rohingya Exodus