နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် မြို့မ ရဲစခန်းမှ တပ်ကြပ် ဇော်ဝင်းနှင့် အဖွဲ့က ဒေသခံ (၇) ဦးထံမှ ငွေညှစ်



MYARF
RB News
15.10.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြို့မ ရဲစခန်းမှ တပ်ကြပ် ဇော်ဝင်း ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် ငါးဦးပါ အဖွဲ့တစ်ဖွဲ့သည် အောက်တိုဘာလ (၁၁) ရက်နေ့တွင် လက်ဝဲဒက်ပြင်ချေ ကျေးရွာအုပ်စုသို့ သွားရောက်ပြီး ကျေးရွာ တာဝန်ခံ ဦးဒိလ်မိုဟာမတ်နှင့် ရာအိမ်မှူးများ ဖြစ်ကြသော ဦးရော်ဖိတ်၊ ဦးဇူဘိုင်ရ် တို့ကိုပါ ခေါ်ယူ၍ ညသန်းခေါင်ယံ ၁၂း၃၀ နာရီခန့် အချိန်တွင် ရှောင်တခင် စစ်ဆေးမည်ဟု ခေါင်းစဉ်တပ်၍ လက်ဝဲဒက်ပြင်ချေ ကျေးရွာအုပ်စု၊ ရွာသစ်ရွာမှ အောက်ဖော်ပါ ဒေသခံများ၏ နေအိမ်များသို့ သွားရောက်၍ ဖမ်းဆီးကာ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင် လာခဲ့သည်။

ဖမ်းဆီးခံခဲ့ ရသူများမှာ -- 

(၁) ဦးရှားကောရ်အာမတ် (ဘ) ဦးမာမတ်ကာဆိမ်း
(၂) ဦးဖော်ကီရ်အာမတ် (ဘ) ဦးဘာဆာမျာ
(၃) ဦးဟာမီဒုလ္လာ (ဘ) ဦးအဘူတော်ယုပ် 
(၄) ဦးအီဒီရိစ် (ဘ) ဦးမာမတ်ဆော်ယာဒ်
(၅) ဦးလုခ်မာန်ဟာကိမ်း (ဘ) ဦးမာမတ်အာလောမ်
(၆) ဦးရာမောတ်အုလ္လာ (ဘ) ဦးအဒူမာလေခ်
(၇) ဦးဆီရာဇ်၏ သားမက် တို့ဖြစ်သည်။ 

၎င်းတို့ကို နံနက် (၄) နာရီထိ လက်ထိပ်ခတ်ကာ ချုပ်နှောင် ထားခဲ့ပြီး၊ နိုင်ငံရပ်ခြားတွင် သားသမီးများ ရှိနေခြင်းမှာလည်း အပြစ်ဖြစ်ပြီး၊ လူကုန်ကူးမှုနှင့် တရားစွဲ အမှုဖွင့်၍ ရသည်ဟု ခြိမ်းခြောက်ကာ ဖမ်းဆီးခံရသူ အပြစ်မဲ့ (၇) ဦးထံမှ ငွေကျပ် ၁၀ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus