နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲများ ငွေညှစ်သည့် အပြင် အမျိုးသမီး တစ်ဦးကို အ၀တ်အစားများ ချွတ်ခိုင်းပြီး စစ်ဆေး



MYARF
RB News
11.10.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၏ မြောက်ဘက်ဆုံး ကျေးရွာ ဖြစ်သည့် အောင်ဇံ ကျေးရွာအုပ်စု၊ ဆာလေတောင်ရွာ၏ မြောက်ဘက်ဆုံး နယ်စပ် ခြံစည်းရိုးစောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ လွန်ခဲ့သည့် အပတ်တွင် အသစ် ပြောင်းရွှေ့ ရောက်ရှိလာသော နယ်ခြားစောင့်ရဲ ငါးဦးထဲမှ နှစ်ဦးကို စခန်းစောင့် အဖြစ် ထားရှိခဲ့ပြီး ကျန်သုံးဦးတို့သည် အောက်တိုဘာလ (၈) ရက်နေ့ ည ၉း၃၀ နာရီ အချိန်တွင် ဆာလေတောင်ရွာမှ ဦးမာမတ်ကာလူ (ဘ) ဦးအီဗြာဟိမ်း၏ နေအိမ်သို့ ၀င်ရောက်ပြီး ရှောင်တဆင် စစ်ဆေးခဲ့သည်။ 

ထိုသို့ စစ်ဆေးရာတွင် ဦးမာမတ်ကာလူ၏ ဇနီးဖြစ်သူကို နယ်ခြားစောင့်ရဲ တစ်ဦးက ရင်ဘတ်၊ ရင်အုံနှင့် ပေါင်ကြား တို့ကို လက်ဖြင့် ကိုင်တွယ်၍ စစ်ဆေးပြီး အမာ ပစ္စည်းတစ်ခု လက်ဖြင့် ထိသည်ဟုဆိုကာ အ၀တ်အစားများ ချွတ်ခိုင်းခဲ့သည်။ နောက်ဆုံးတွင် မိုဘိုင်းဖုန်း သုံးနေသည်ဟု သတင်း ရရှိထားသည်ဟု လုပ်ကြံ စွပ်စွဲ ပြောဆိုကာ ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

အလားတူ ဦးမာမတ် (ဘ) ဦးအာဘူလ်ဟူစိန်း (အသက် ၅၀ နှစ်) ထံမှလည်း ကွမ်းညွန့်များ ရောင်းချခဲ့သည်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ အကြောင်းမကြားဟု စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus