February 24, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဘဲခိုးသည့် ဒိုင်းနက်များကို ဖမ်းဆီးရာမှ အခင်း ဖြစ်ပွားပြီး အပြစ်မဲ့ ရိုဟင်ဂျာများ ဖမ်းဆီး ငွေညှစ်ခံနေရ



MYARF
RB News
8.12.2015

ဘူးသီးတောင် ။ ။ နိုဝင်ဘာလ (၂၇) ရက်နေ့ နံနက် (၇) နာရီ အချိန်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း ငါးရှည်ထောက် ကျေးရွာအုပ်စု၊ ဒိုင်းနက်ရွာမှ ဒိုင်းနက်လူမျိုး လူငယ် နှစ်ဦးသည် ငါးရှည်ထောက်နှင့် လုံးချောင်းကျေးရွာ ကြားရှိ စမ်းချောင်းသို့ သွားရောက်ပြီး စမ်းချောင်းတွင် အစာစားနေသော လုံးချောင်းကျေးရွာမှ ဦးဟာဘီရောန် (ဘ) ဦးမာတာဘောရ်၏ ဘဲနှစ်ကောင်ကို ဖမ်းဆီး ခိုးယူသွားနေသည်ကို ဦးဟာဘီရောန်၏ သမီးနှစ်ဦးက မြင်၍ သူခိုးများ လက်ထဲမှ ဘဲများ လုယူခဲ့ရာ သူခိုးနှစ်ဦးက မိန်းကလေး နှစ်ဦးကို ရိုက်နှက်ခဲ့သည်။ ထိုသို့ ရိုက်နှက်မှုကြောင့် မိန်းကလေး တစ်ဦး ဦးခေါင်း ကွဲပြတ်သွားပြီး၊ ကျန်တစ်ဦးမှာ လက်တစ်ဖက် ကျိုးသွားခဲ့သည်။

မိန်းကလေး နှစ်ဦးနှင့် အတူပါလာသည့် ကလေးငယ် နှစ်ဦးကိုလည်း ရိုက်နှက်ခဲ့သည်။ မိန်းကလေးများနှင့် ကလေးငယ်များ၏ အော်ဟစ်သံကိုကြား၍ ၎င်းတို့၏ မောင်ဖြစ်သူ အာမာန်အုလ္လာနှင့် အစ်ကိုဝမ်းကွဲ တော်စပ်သူ ရော်ရှီဒုလ္လာ (ဘ) ဦးအာဇီရာမန်တို့ ပြေးလာပြီး သူခိုးနှစ်ဦးနှင့် အပြန်အလှန် စကားများ ရန်ဖြစ်ခဲ့သည်။ ထိုစဉ် လမ်းပေါ်မှ မောင်းနှင်သွားသော ကားပေါ်မှ ဒိုင်းနက်လူမျိုးများက အခင်းဖြစ်ပွားနေသည်ကို မြင်တွေ့၍ ကားပေါ်မှ သံချောင်း၊ ဂွများ ကိုင်လျက် ဒိုင်းနက် လူမျိုး (၁၀) ဦးကျော် ပြေးဆင်းလာပြီး ရိုဟင်ဂျာ မိန်းကလေး နှစ်ဦးနှင့် လူငယ် နှစ်ဦးကို ရိုက်နှက်ခဲ့သည်။ 

ဒိုင်းနက်လူမျိုးများ အုပ်စုလိုက် အနိုင်ကျင့် ရိုက်နှက်နေစဉ် အနီးအနားမှ ရိုဟင်ဂျာများ ရောက်ရှိလာသဖြင့် ဒိုင်းနက်လူမျိုးများ နောက်ဆုတ် သွားခဲ့ရသည်။ သို့သော်လည်း ကားပေါ်မှ ဆင်းလာသော ဒိုင်းနက်များ၏ ရိုက်နှက်မှုကြောင့် ရိုဟင်ဂျာ လူငယ်နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ ဒိုင်းနက် တစ်ဦးလည်း ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည်။ 

ထို့နောက် ငကျဉ်တောက်နှင့် လောင်းချောင်း ကျေးရွာအုပ်စုရှိ ဒိုင်းနက်များ အုပ်စုလိုက် လာရောက်၍ တွေ့သမျှ ရွာသားများကို တိုက်ခိုက် ရိုက်နှက်ခဲ့ရာ ရိုဟင်ဂျာများကလည်း ခုခံ တိုက်ခိုက်သဖြင့် နှစ်ဖက် တင်းမာမှု ဖြစ်ပွားခဲ့သည်။ 

လောင်းချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ခင်ဇော်ထွန်း (ခ) ဇော်ဇော်နှင့် ငါးရှည်ထောက် ကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်စိန်လှတို့က လူမျိုးရေး ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားလျက် ရှိကြောင်း၊ ရိုဟင်ဂျာများက ဒိုင်းနက်များကို သတ်ဖြတ်နေသည်ဟု ဌာနဆိုင်ရာ များသို့ အကြောင်းကြားခဲ့သဖြင့် နံနက် (၁၀) နာရီခန့်တွင် တောင်ဘဇာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးနှင့်အဖွဲ့၊ တပ်မတော် တပ်မမှ G-1၊ ဗျူဟာမှူး၊ ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးအောင်ဘာလေ၊ ရဲစခန်းမှူးတို့ ရောက်ရှိလာခဲ့ကြသည်။ 

အခင်းဖြစ်ပွားပုံကို စုံစမ်းပြီးနောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးနှင့် တပ်မတော်မှ G-1 တို့က ဒိုင်းနက်များက အခြားရွာသို့ သွားရောက်၍ လူမျိုးမတူ ဘာသာမတူသူ များ၏ ပစ္စည်းများ လုယက်သည်မှာ ဒိုင်းနက်များ၏ ကျူးလွန်မှုသာ ဖြစ်သည်။ ဤပြဿနာသည် လူမျိုးရေး၊ ဘာသာရေးနှင့် မည်သို့မှ ပတ်သက်ခြင်း မရှိ၊ အချင်းချင်း ဖြစ်သော ပြဿနာ ဖြစ်၍ ရဲက စုံစမ်းဖြေရှင်း ပေးရန် ပြောဆိုပြီး အရာရှိကြီးများ ပြန်လည် ထွက်ခွာသွားခဲ့သည်။ 

ငကျဉ်တောက်နှင့် လောင်းချောင်းရှိ ရိုဟင်ဂျာရွာများကို နယ်ခြားစောင့်ရဲ များက ည ၉း၃၀ နာရီ အချိန်ထိ ၀န်းရံ ထားခဲ့သည်။ ည ၉း၃၀ နာရီ အချိန်တွင် နယ်ခြားစောင့်ရဲများ ထွက်သွားသည့် အချိန်၌ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည့် ရိုဟင်ဂျာ လူငယ်နှစ်ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ အဆိုပါ ဖမ်းဆီးခံ နှစ်ဦး အပါအ၀င် ရိုဟင်ဂျာ (၇) ဦးက တိုက်ခိုက်ခဲ့သည်ဟု ဆိုကာ ဒိုင်းနက်များက ရိုဟင်ဂျာ (၇) ဦး၏ အမည်စာရင်းကို ပေးထားခဲ့သည်။ 

နောက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးက စာရင်းပါ ရိုဟင်ဂျာ (၅) ဦးကို ၎င်းနှင့် လာရောက် တွေ့ဆုံရန် ဆင့်ခေါ်သော်လည်း စာရင်းပါ (၅) ဦးက ပြဿနာတွင် ပါဝင် ပတ်သက်မှု မရှိခဲ့သောကြောင့် သွားရောက် တွေ့ဆုံခဲ့ခြင်း မရှိခဲ့ပေ။ ရဲမှူး၏ လက်အောက်ငယ်သား နယ်ခြားစောင့်ရဲ များက ဒိုင်းနက် လူမျိုး ကျေးရွာ အုပ်ချုပ်ရေးမှူး နှစ်ဦးနှင့် ပူးပေါင်း၍ ရိုဟင်ဂျာရွာများ ထဲသို့ ၀င်ရောက်ကာ ငွေကြေး တတ်နိုင်သည့် ရိုဟင်ဂျာများကို ပြဿနာတွင် ပါဝင် ပတ်သက်ခဲ့သည်ဟု ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူး နှစ်ဦးနှင့် လောင်းချောင်း ကျေးရွာအုပ်စု ဒိုင်းနက်ရွာမှ ဦးရှိန်ဂေါ်၏ သားနှစ်ဦး၊ ငကျဉ်တောက် ကျေးရွာအုပ်စု ဒိုင်းနက်ရွာမှ ဦးနိုင်ကျား၏ သားများနှင့် ၎င်း၏ညီ အောင်ကျော်လင်းတို့က နယ်ခြားစောင့်ရဲ များနှင့် အတူ ရိုဟင်ဂျာရွာထဲသို့ ၀င်ရောက်၍ “ဒီလိုအခါမှာ မင်းတို့ ကုလားတွေကို ပျက်စီးအောင် လုပ်သွားမယ်” ဟု ကြုံးဝါး ပြောဆိုလျက် ရှိသည်။ 

ဒီဇင်ဘာလ (၅) ရက်နေ့ နံနက်ပိုင်းတွင် နယ်ခြားစောင့်ရဲ များနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး နှစ်ဦးတို့ အဖွဲ့သည် ငကျဉ်တောက်ရွာသို့ သွားရောက်၍ မာမတ်ဆော်ယာဒ် (ဘ) ဦးအဒူရာမန်၊ ရော်ဖိတ် (ဘ) ဦးဖောဇိလ်၊ အာရ်ဖာတ် (ဘ) ဦးဟာမိတ်၊ ဟာမိတ် (ဘ) ဦးဟာဘီ၊ ဒေါ်တုန္နားဘီ (ဘ) ဦးဆုလ်တာန်နှင့် ဦးဟာလာယာ၏ ဇနီးတို့ အပါအ၀င် အမျိုးသမီး (၆) ဦးကို ဖမ်းဆီး၍ ငကျဉ်တောက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်ဇော်၏ အိမ်သို့ ခေါ်ဆောင် သွားကာ ကြိုးဖြင့် ချည်နှောင် ထားခဲ့သည်။ ညနေပိုင်းတွင် အမျိုးသမီး (၆) ဦးကို အမျိုးမျိုး ခြိမ်းခြောက်၍ ရိုဟင်ဂျာများကသာ ရန်စခဲ့သည်ဟု ထွက်ဆိုခိုင်းကာ ပြန်လည် လွှတ်ပေးခဲ့သည်။ အမျိုးသား (၄) ဦးကို လူမဆန်စွာ ရိုက်နှက် နှိပ်စက်ပြီး ဒီဇင်ဘာလ (၆) ရက်နေ့တွင် ငွေကျပ် နှစ်သိန်းစီ ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဒီဇင်ဘာလ (၆) ရက်နေ့ နံနက်တွင် အမျိုးသမီး (၆) ဦးကို တောင်ဘဇာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင် သွားပြီး ရိုဟင်ဂျာများကသာ ရန်စပြုခဲ့သည်ဟု ထပ်မံ ထွက်ဆိုခိုင်းခဲ့ပြီး ညနေပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သည်။ ယင်းနေ့ ည (၉) နာရီ အချိန်တွင် အဆိုပါ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၊ နယ်ခြားစောင့်ရဲ များသည် လောင်းချောင်း ကျေးရွာသို့ သွားရောက်၍ အာဇီရာမန်၏ ဇနီးကို လူမဆန်စွာ ကန်ကျောက် ရိုက်နှက်ခဲ့သည်။ ကာမာလ်ဟူစိန်း၏ ဇနီး (ကိုယ်ဝန်ဆောင်) ကိုလည်း လူမဆန်စွာ ရိုက်နှက်၍ ဖမ်းဆီးပြီး ရာအိမ်မှူး အိမ်တွင် ထိန်းသိမ်း ထားခဲ့သည်။ ထို့နောက် ကင်းရုံတွင် ကင်းစောင့်နေသာ လူငယ် (၃) ဦးနှင့် နေအိမ်များမှ ဒေသခံ (၃) ဦးကို ဖမ်းဆီး ရိုက်နှက်ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ချုပ်နှောင် ထားခဲ့သည်။ 

ဒီဇင်ဘာလ (၇) ရက်နေ့ နံနက်တွင် နယ်ခြားစောင့်ရဲများ လောင်းချောင်း ကျေးရွာသို့ သွားရောက်၍ စပါးရိတ်နေသည့် အလုပ်သမား နှစ်ဦးကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ဖမ်းဆီးထားသည့် အမျိုးသား (၈) ဦးကို ယင်းနေ့ ညနေပိုင်းတွင် ငွေကျပ် တစ်သိန်း ငါးသောင်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ပြီး၊ ကာမာလ်ဟူစိန်း၏ ဇနီးကိုလည်း ငွေကျပ် ငါးသောင်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့သည်။ 

နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးက အခင်းဖြစ်ပွားသည့်နေ့တွင် အမှန်အတိုင်း ပြောကြားခဲ့သော်လည်း အပြစ်မဲ့ ရွာသားများကို ဖမ်းဆီး၍ ငွေရနေသဖြင့် ငွေကို မက်မော၍ မဟုတ်မမှန် စွပ်စွဲ ဖမ်းဆီးပြီး ငွေညှစ်လျက် ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus