နောက်ဆုံးသတင်း/ဆောင်းပါးများ

တရားဝင် ခွင့်ပြုချက်ဖြင့် သစ်ခုတ် ရောင်းနေသူ တစ်ဦး ငွေညှစ်ခံရ



Rohingya Eye
RB News
8.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဂေါ်ရခါလီ ကျေးရွာမှ ဟဲဖ်ဇူးရာမန် (ဘ) ဦးအာဘူလ်ကာလာမ် (အသက် ၂၈ နှစ်) သည် ၎င်း၏ ယောက္ခမ အိမ်ရှိရာ မြင်းလွတ် ကျေးရွာတွင် သစ်သားများ ရောင်းချ၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ ဖြစ်သည်။ အဆိုပါ သစ်သားများကို မောင်တောမြို့မှ တစ်ဦးတည်း သစ်ကိုယ်စားလှယ် Myint Brother Company ၏ ခွင့်ပြုချက်ဖြင့် မြင်းလွတ်ကျေးရွာ ဂျင်းတောင်မှ ခုတ်လှဲ နေခြင်း ဖြစ်သည်။ 

ထိုသို့ တရားဝင် ခွင့်ပြုချက်ဖြင့် ခုတ်လှဲ ရောင်းချနေခြင်းကို မြင်းလွတ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့က တရားမ၀င် ရောင်းချနေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးရန် ကြိုးစားနေသဖြင့် ၎င်းက ရှောင်တိမ်းနေခဲ့ပြီး၊ ကိုယ်စားလှယ် တစ်ဦးကို နိုဝင်ဘာလ (၂၇) ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ စေလွှတ်၍ တရားဝင် ခွင့်ပြုချက် ယူထားသည့် အထောက်အထား များကို ပြသခဲ့သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့က လက်မခံဘဲ ငွေကျပ် တစ်သိန်းငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ထိုကဲ့သို့ ငွေညှစ်နိုင်အောင် မဟုတ်မမှန် အကွက်ဆင်ပြီး သတင်းပေးနေသူများမှာ ဦးမိုဟာမတ်တော်ယုဖ် (ဘ) ဦးဇာဖော်ရ်အာမတ် (အသက် ၃၂ နှစ်) နှင့် ဦးအာဘူလ်ဟာရှိမ်း (ဘ) ဦးဆွေယာဒ်ကာဆိမ်း (အသက် ၃၉ နှစ်) တို့ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ ၎င်းတို့ နှစ်ဦးကြောင့် ရွာသားများ အလွန်ဒုက္ခရောက်လျက် ရှိနေသည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus