နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲမှူးငြိမ်းချမ်းအေးနှင့် အဖွဲ့က အပြစ်မဲ့ လူငယ် ၅ ဦးနှင့် အမျိုးသမီး တစ်ဦးကို ဖမ်းဆီးထား



Rohingya Eye
RB News
17.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ မကျည်းချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ခံ ရဲမှူးငြိမ်းချမ်းအေးနှင့် နယ်ခြားစောင့်ရဲ (၆) ဦးတို့သည် ဇန်န၀ါရီလ (၁၅) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်တွင် ဂေါ်ဒူသာရ ကျေးရွာအုပ်စု၊ အလယ်ရွာသို့ သွားရောက်၍ ဆိုင် (၃) ဆိုင်ကို ၀င်ရောက် စစ်ဆေးရာ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း၊ ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည်ဟု စွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် အဆိုပါရွာရှိ အိမ်တစ်အိမ်ကို ၀င်ရောက် စစ်ဆေးပြီး၊ တရားမ၀င် ပစ္စည်းမရသော်လည်း ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည်ဟု ဆိုကာ အမျိုးသမီး တစ်ဦးကို ဖမ်းဆီး ခေါ်ဆောင်၍၊ ပထမ (၃) ဦးနှင့် အတူ ဂေါ်ဒူသာရ ကင်းစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ဖမ်းဆီးခံရသည့် အပြစ်မဲ့များ၏ မိဘများက ကင်းစခန်းသို့ သွားရောက်၍ မေးမြန်းရာ ရဲမှူးက ၎င်းတို့ကို တရားရုံးတင် ပေးမည်ဟု ပြောဆို ခြိမ်းခြောက်၍ အိမ်ပြန်ခိုင်းခဲ့သည်။ 

ဖမ်းဆီးခံရသည့် အပြစ်မဲ့ (၄) ဦးမှာ --

(၁) နူရ်ဟူဒါး (ဘ) ဦးအဒူဆော်တာရ် (အသက် ၁၇ နှစ်)
(၂) မိုဟာမတ်တာဟဲရ် (ဘ) မော်လ၀ီအီဆုပ် (အသက် ၁၈ နှစ်)
(၃) နူရ်ကာမာလ် (ဘ) ဦးအဘူဆီဒိတ် (အသက် ၂၁ နှစ်)
(၄) မဆာဘေကုရ်နာရ် (ဘ) ဦးလာလာယာ (အသက် ၂၀ နှစ်) -- တို့ဖြစ်သည်။ 

တစ်ဖန် ညနေ ၅း၃၀ နာရီ အချိန်တွင် ရဲမှူးနှင့် အဖွဲ့သည် ဇော်မတက်ဈေးသို့ သွားရောက်၍ လဘက်ရည်ဆိုင် တစ်ဆိုင်တွင် ခဏတာထိုင်ပြီးနောက် ဇော်မတက် အရှေ့ရွာသို့ ၀င်ရောက်၍ စကားပြောနေသော လူငယ်နှစ်ဦးကို ခန္ဓာကိုယ် အနှံ့ ရှာဖွေပြီး MPT ဆင်းမ်ကဒ်သုံး ဖုန်းတွေ့ရှိသော်လည်း ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည်ဟု စွပ်စွဲကာ ဖမ်းဆီး၍ ဂေါ်ဒူသာရ ကင်းစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ဖမ်းဆီးခံရသည့် အပြစ်မဲ့ လူငယ် နှစ်ဦးမှာ --

(၁) မိုဟာမတ်ရော်ဖိခ် (ဘ) ဦးမိုဟာမတ်ရှော်ဖီ (အသက် ၂၀ နှစ်)
(၂) ဖေရာန် (ဘ) ဦးအဗ်ဒူလ္လာ (အသက် ၁၉ နှစ်) -- တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus