ဖရုံချောင်း ဒိုးတန်းမှ ရာအိမ်မှူး တစ်ဦးက ရွာသား တစ်ဦးထံမှ ငွေညှစ်
RB News
28.3.2016
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ညောင်ချောင်း နယ်မြေအပိုင် ဖရုံချောင်း ကျေးရွာအုပ်စု ဒိုးတန်း (၂) ရွာမှ ဦးအော်လီအာမောတ် (ဘ) ဦးအလီမာမောတ်ကို ရာအိမ်မှူး ဦးနူရူဆာလမ် (ဘ) ဦးအာဘူလိုဆောန်က ဧည့်စာရင်း တိုင်ကြားခြင်း မရှိဟု စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ရာအိမ်မှူး ဖြစ်သူ ၎င်းအား ငွေကျပ် တစ်သိန်းငါးသောင်း မပေးပါက နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးထံ အပ်နှံမည်ဟု ပြောဆို ခြိမ်းခြောက်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။