နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော တောင်ပိုင်း ဥဒေါင်းမှ ဒေသခံ နှစ်ဦး မတရားသဖြင့် ငွေညှစ်ခံရ



MYARF
RB News
27.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာအုပ်စု ဖာစ်ကိုရီရွာမှ အုပ်ချုပ်ရေးမှူး  ဦးတင်မောင်နှင့် ရင်းနှီးသူများ ဖြစ်သူ ဦးရော်ရှိဒူလ္လာ (ဘ) ဦးကာလူ (အသက် ၃၂ နှစ်) နှင့် ယင်းကျေးရွာအုပ်စု မြောက်ရွာမှ ဦးဟာရှိမူလ္လာ (ဘ) ဦးဖွေယာဇူလ္လာ (အသက် ၃၀ နှစ်) တို့သည် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ တပည့် မောင်ညင်းစိန်နှင့် ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲပြီး ငွေကျပ် ၁၂ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဥဒေါင်း ကျေးရွာအုပ်စု၊ မြောက်ရွာမှ အုပ်ချုပ်ရေးမှူး၏ တပည့် ဖြစ်သူ ဦးရော်ရှိဒူလ္လာသည် ဇွန်လ (၁၇) ရက်နေ့တွင် ၎င်း၏ရွာမှ ရွာသား တစ်ဦးဖြစ်သူ ​ဦးအေဘာဒူလာ (ဘ) ​ဦးဒေလာ ထံမှ ငွေကျပ် (၇) သိန်း ညှစ်ယူခဲ့သည်။ ငွေညှစ်ရခြင်းမှာ ဦးအေဘာဒူလာသည် ယင်းရွာမှ ဦးဆွေယာဒူလာ၏ သမီးတစ်ဦးနှင့် ဖုန်းစကားပြောသည်ကို အကြောင်းမဲ့ စွပ်စွဲချက် မျိုးစုံ ပြုလုပ်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အလားတူ ဇွန်လ (၁၉) ရက်နေ့တွင် ဦးဟာရှိမူလ္လာက ဥဒေါင်းကျေးရွာအုပ်စု၊ ဖာစ်ကိုရီရွာမှ ဦးကေဖာယာဒ်အုလ္လာ (ဘ) ဦးအီဆုပ်အလီကို ယင်းကျေးရွာမှ ဦးအီမာန်ဟူစိန်း၏ သမီးတစ်ဦးနှင့် ဖုန်းဖြင့် ဆက်သွယ်နေသည်၊ တရားမ၀င် ပေါင်းသင်း နေသည်ဟု အခြေအမြစ် မရှိ မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် (၅) သိန်း ညှစ်ယူခဲ့သည်။

ငွေညှစ်သူ နှစ်ဦးလုံးသည် အုပ်ချုပ်ရေးမှူး ဦးတင်မောင်နှင့် ရင်းနှီးသည်ကို အကြောင်းပြု၍ အပြစ်မဲ့ ရွာသူရွာသား များကို မတရား အနိုင်ကျင့်ခြင်း၊ အမျိုးမျိုး လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခြင်းများ ယခင်က အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။ ယခုအခါ အုပ်ချုပ်ရေးမှူး၏ တပည့်နှင့် ရင်းနှီးလာပြီး ထပ်မံ၍ ယခင်ကဲ့သို့ ပြုလုပ်နေခြင်း ဖြစ်ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus