နောက်ဆုံးသတင်း/ဆောင်းပါးများ

သရေကုန်ဘောင်မှ နယ်ခြားစောင့်ရဲ တစ်ဦးက မော်လ၀ီကို ပါးရိုက်၍ ဖမ်းဆီး ငွေညှစ်ရန် ကြိုးစား



Rohingya Eye
RB News
19.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ဇော်မတက် ကျေးရွာမှ မော်လ၀ီ မာမတ်ဟာရှိမ်း (ဘ) ဦးအာဘူလ်ကာလာမ် (အသက် ၃၅ နှစ်) သည် ဇွန်လ (၁၅) ရက်နေ့ နံနက် ၉း၃၀ နာရီအချိန်တွင် ပ-ညောင်ပင်ကြီး ကျေးရွာမှ ပြန်လာနေစဉ် သရေကုန်ဘောင် (န.တ.လ) ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက ၎င်းကို ရပ်တန့်ခိုင်းပြီးနောက် တပ်ဖွဲ့ဝင် တစ်ဦးက အကြောင်းမဲ့ ပါးရိုက်ခဲ့သည်။ ထို့နောက် နယ်ခြားစောင့်ရဲ များက ငွေကျပ် ငါးထောင် တောင်းခံရာ၊ ၎င်းက မိမိတွင် မည်သည့် အပြစ်မှ မရှိသည့် အတွက် ငွေပေးရန် မလိုအပ်ကြောင်း ပြန်လည် တုန့်ပြန် ပြောဆိုသဖြင့် ၎င်းကို စခန်းတွင် ထိန်းသိမ်း ထားခဲ့သည်။

ထိုသို့ ပါးရိုက်၍ ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ ၎င်း၏ မိသားစုဝင် တစ်ဦးက နယ်မြေ (၇) နယ်မြေမှူးထံ တိုင်ကြားခဲ့သဖြင့် နယ်မြေမှူးသည် ချက်ချင်း ကားဖြင့် ရောက်ရှိလာပြီး ၎င်းကို ပြန်လည် လွှတ်ပေးခဲ့သည်။ ထို့နောက် အဆိုပါ ကင်းစခန်းမှ တာဝန်ကျ ဒု-ရဲအုပ်ကို ကားပေါ်တင်၍ နယ်မြေရုံးသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ နယ်မြေမှူးသည် အလယ်သံကျော်မှ သရေကုန်ဘောင်သို့ ကားဖြင့် လာရောက်ရာတွင် ကားဓါတ်ဆီခ ငွေလေးသောင်းကျပ် ပေးခဲ့ရကြောင်း နယ်မြေမှူးနှင့် နီးစပ်သူ တစ်ဦးထံမှ သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus