နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောတွင် ရိုဟင်ဂျာကျောင်းသားများကို ဆရာမကြီးက ညစ်ညမ်းစွာဆဲဆို၍ ခွဲခြားဆက်ဆံ

MYARF
RB News
3.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ် (၆) ရပ်ကွက်ရှိ အခြေခံပညာ အစိုးရ အထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးက ရိုဟင်ဂျာ ကျောင်းသား/သူ များကို ညစ်ညမ်းစွာ ဆဲဆို၍ ခွဲခြားဆက်ဆံလျက် ရှိကြောင်း သိရသည်။ 

မောင်တောမြို့နယ် အမှတ် (၆) ရပ်ကွက် (၄ မိုင်ရပ်ကွက်) ရှိ အခြေခံပညာ အစိုးရ အထက်တန်းကျောင်းခွဲတွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းလွင်က အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာ ကျောင်းသား/သူ များကို အမြဲတစေ “ခွေးသားကုလားတွေ၊ ခိုးဝင်ဘင်္ဂါလီတွေ၊ နွားမျိုးတွေ” ဟု ညစ်ညမ်းစွာ ဆဲဆို၍ လူမျိုးရေး၊ ဘာသာရေးအရ စော်ကားနှိမ့်ချပြီး ခွဲခြားဆက်ဆံလျက် ရှိကြောင်း ကျောင်းသားမိဘများက RB News သို့ပြောသည်။

“ဆရာမကြီးက ရိုဟင်ဂျာ ကျောင်းသားတွေကို ကြမ်းကြမ်းတမ်းတမ်း ပြောတာတွေ၊ အကြောင်းမဲ့ ဆဲဆိုတာတွေကြောင့် ကျောင်းနားလိုက်တဲ့ ကျောင်းသားတွေ မနည်းတော့ဘူး” ဟု ကျောင်းသားမိဘ တစ်ဦးက ပြောပါသည်။ 

၁၉၇၈ ခုနှစ် နဂါးမင်း စစ်ဆင်းရေး နောက်ပိုင်းမှစ၍ ရိုဟင်ဂျာများကို ဌာနဆိုင်ရာ ၀န်ထမ်းများအဖြစ် ခန့်ထားခြင်းကို ကန့်သတ်ခဲ့ရာ ရိုဟင်ဂျာလူမျိုးများသည် စာသင်ကျောင်းများ၊ အစိုးရဆေးရုံများ၊ လ.၀.က ရုံးများတွင် ဘာသာခြား ၀န်ထမ်းများ၏ ခွဲခြားနှိမ့်ချဆက်ဆံခြင်း၊ စော်ကားခြင်း၊ တဖက်သတ်အနိုင်ကျင့်ခြင်းများကို သည်းခံနိုင်စွမ်း ကုန်ဆုံးလေသည်အထိ ကြုံတွေ့ခံစားလာရသည်။ 

အစိုးရခန့် ရိုဟင်ဂျာလူမျိုး ၀န်ထမ်းဟူ၍ တစ်ဦးတစ်ယောက်မှ မရှိသည့် အစိုးရ စာသင်ကျောင်းများ၊ ဆေးရုံများ။ လ.၀.က ရုံးများ၊ အခြားအစိုးရရုံးများတွင် ဘာသာခြား ၀န်ထမ်းများ၏ မုန်းတီး စော်ကားမှုများကို ရိုဟင်ဂျာများ ခါးခါးသီးသီး ခံစားရနေရမှုသည် ၀၁၂ ခုနှစ် ပဋိပက္ခနောက်ပိုင်းတွင် ပို၍ပင် အရှိန်မြင့်တက် လာသည်ဟု ဒေသခံလူကြီး တစ်ဦးက ပြောပါသည်။ 




Comment ရေးရန်

Rohingya Exodus