နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြောက်ပိုင်း နယ်စပ်မျဉ်းတွင် မြန်မာစစ်တပ်မှ ထောင်ထားသည့် မိုင်းထိ၍ ဒေသခံတစ်ဦး ခြေထောက်ပြတ်သွား

MYARF
RB News
16.6.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်တွင် မြန်မာစစ်တပ်မှ  ထောင်ထားသော မိုင်းဗုံးထိပြီး ရိုဟင်ဂျာတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်းတွင် မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်း တောင်ခြေတစ်လျှောက်၌ မြန်မာစစ်တပ်က မိုင်းဗုံးများ နေရာအနှံ့ မြှပ်နှံထားပြီး၊ တောတောင်များမှ သစ်ဝါးများ ခုတ်လှဲပြီး အသက်မွေးဝမ်းကျောင်း ပြုနေသူ ဆင်းရဲသားများ၊ တောင်ခြေ၀န်းကျင်တွင် ကျင်လည် စားသောက်နေသည့် အိမ်မွေး တိရိစ္ဆာန်များ၊ တောရိုင်း တိရိစ္ဆာန်များ မိုင်းဗုံးထိနေသည်မှ မနည်းလှကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

လွန်ခဲ့သောလတွင် ခမောင်းဆိပ်မြို့မှ ဦးအာဇီဇုလ်မုစ်တာဖာ သည် ရွာအနောက်ဖက်ရှိ တောင်တန်းတစ်လျှောက်တွင် ၀ါးခုတ်သွားရင်း မြန်မာစစ်တပ်က မြှပ်နှံထားသည့် မိုင်းဗုံးထိမှန်ပြီး ခြေထောက်တစ်ဖက် ပြတ်သွားကြောင်း၊ ၎င်းကို ဒေသတွင်း ဆေးကုသရန် မလွယ်ကူသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့၍ စစ်တကောင်းမြို့ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသနေရကြောင်း ဒေသခံများက ပြောပါသည်။ 


Comment ရေးရန်

Rohingya Exodus