April 06, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဘူးသီးတောင် ငါးရန့်ချောင်းတွင် ယာယီအခြေစိုက်ထားသည့် ၅၅၂ တပ်ရင်းမှ ဗိုလ်ကြီးနှင့် စစ်သားများက ဒေသခံများထံမှ ငွေညှစ်၊ ကောက်ပဲသီးနှံ သားငါးများ လုယက်

RB News
28.3.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ငါးရန့်ချောင်းကျေးရွာအုပ်စုတွင် ယာယီအခြေစိုက်ထားသည့် ၅၅၂ တပ်ရင်းမှ ဗိုလ်ကြီးနှင့် တပ်ဖွဲ့ဝင်များက ဒေသခံရိုဟင်ဂျာများကို နေ့စဉ်နေ့တိုင်း နည်းမျိုးစုံ ဒုက္ခပေးနေသည်ဟု ဒေသခံများက ပြောပါသည်။

ငါးရန့်ချောင်းကျေးရွာအုပ်စုရှိ ကင်းစခန်းသို့ လွန်ခဲ့သည့် ၁၀ ရက်ခန့် ၅၅၂ တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ကြောင်း၊ ၎င်းတို့က ဒေသခံရိုဟင်ဂျာများထံမှ ငွေညှစ်ခြင်း၊ စိုက်ခင်းများ သီးနှံများ၊ ငါးဖမ်းသမားများထံမှ ငါးများနှင့် ပုဇွန်များကို ဆက်ကြေးတောင်းခံသကဲ့သို့ နေ့စဉ်နေ့တိုင်း တောင်းယူနေသည်။ 

“စိုက်ခင်းတွေထဲက ကောက်ပဲသီးနှံတွေကို သူတို့ စိတ်ကြိုက်ခူးယူတယ်။ ရွာထဲက ကြက်၊ ငှက် ဘာမှ မကျန်ဘူး။ ငါးဖမ်းသမားတွေ တွေ့တာနဲ့ ငါးနဲ့ပုဇွန် လုယူတယ်။ အခုဆိုရင် ပုဇွန်ရတာနဲ့ သူတို့ကို သွားပေးရတယ်။ မပေးရင် ညှဉ်းပန်းနှိပ်စက်မှာကို စိုးရိမ်ရတဲ့အတွက် အကုန်ပေးနေရတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

မတ်လ (၂၇) ရက်နေ့က ငါးရန့်ချောင်းနှင့် ကျီးနှုတ်သီး စက်လှေများဖြင့် ငါးဖမ်းနေသူများကို ဆင့်ခေါ်၍ အမှန်တကယ် စက်လှေပိုင်ရှင်များနှင့် ပိုင်ရှင်မဲ့ဖြစ်နေသည့် စက်လှေများကို သုံး၍ ငါးဖမ်းနေသူများကို အုပ်စုခွဲရာ ပိုင်ရှင်မဲ့ဖြစ်နေသည့် စက်လှေများကို သုံးနေသူ (၁၃) ဦး တွေ့ရှိခဲ့သည်။ ၅၅၂ တပ်ရင်းမှ ဗိုလ်ကြီးက အဆိုပါ (၁၃) ဦးကို ငွေကျပ် (၁၅) သိန်းကို မတ်လ (၂၈) ရက်နေ့တွင် နောက်ဆုံးထား ပေးရမည်ဟု အမိန့်ပေးခဲ့ပြီး၊ ကျေးရွာမှ လူကြီးများက ညှိနှိုင်းပေးမှုကြောင့် ငွေကျပ် (၅) သိန်း ပေးခဲ့ရသည်။

“လူတွေက စားဝတ်နေရေး ခက်ခဲနေတော့ တစ်ဖက်နိုင်ငံကို ထွက်ပြေးခိုလှုံနေသူတွေရဲ့ စက်လှေတွေကို ယူသုံးပြီး ငါးဖမ်းကြတယ်။ မနေ့က အဲလို ငါးဖမ်းနေတဲ့ ဒေသခံ (၁၃) ယောက်ကို ငွေ (၁၅) သိန်း အတင်းအဓမ္မ ညှစ်တော့ လူတွေလည်း ငွေမတတ်နိုင်ဘူး။ ဒီနေ့ နောက်ဆုံးထား ပေးရမယ်ဆိုတော့ ကျေးရွာအုပ်ချုပ်ရေး လူကြီးတွေက သွားတောင်းပန်ပြီးတော့ နောက်ဆုံးမှာ ငွေ (၅) သိန်း ပြေလည်သွားတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

“အမျိုးသမီးတွေ လမ်းသွားရင် ကာအိနြေ္ဒပျက်ပြားတဲ့ အထိ နှောက်ယှက်တယ်၊ အမျိုးသမီးတွေ ၀တ်ရုံခြုံထားတာကို အတင်းအဓမ္မ ချွတ်ခိုင်းတာတွေ လုပ်တယ်၊ အမျိုးသားတွေကို မင်းတို့က အကြမ်းဖက်သမားတွေ ၅၅၂ တပ်ရင်းကို တိုက်ခိုက်ခဲ့တဲ့လူတွေ မင်းတို့ကို ဖမ်းရမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ လုပ်တယ်။ ဒီဗိုလ်ကြီးနဲ့ စစ်သားတွေ ရွာကိုရောက်လာပြီးကတည်းက ဒုက္ခမျိုးစုံ ကြုံတွေ့နေရတယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။




Comment ရေးရန်

Pages 22123456 »
Rohingya Exodus