နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် မြို့မရဲစခန်းမှ ရဲများက ဒေသခံ ရိုဟင်ဂျာများကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်

MYARF
RB News
4.7.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဒေသခံရိုဟင်ဂျာများထံမှ မတရားသဖြင့် ငွေညှစ်လျက်ရှိသည်။

ဘူးသီးတောင်မြို့နယ် တပ်ရာကျေးရွာမှ CNG သုံးဘီးကား မောင်းနှင်သူ ဦးဟာမိဒူလ္လာ (ဘ) ဦးဟာမိတ်ဟူစိန်း သည် ဇွန်လ (၂၉) ရက်နေ့ နေ့လည်ပိုင်းတွင် ၎င်း၏ ညီဖြစ်သူကို သုံးဘီးကားပေါ်တင်၍ မောင်းနှင်ကာ ဘူးသီးတောင်မြို့မဈေးမှ နေအိမ်သို့ သွားနေစဉ် လမ်းတွင် မြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်စိုး က ကားကို ရပ်တန့်ခိုင်းပြီး WY စိတ်ကြွဆေးပြား ရောင်းဝယ်ဖောက်ကားနေသည်ဟု မဟုတ်မမှန် လုပ်ကြံစွပ်စွဲ၍ ဖမ်းဆီးပြီး မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားပြီး ငွေတောင်းခံခဲ့သည်။ ဖမ်းဆီးခံရသူများသည် အပြစ်မဲ့များ ဖြစ်သောကြောင့် ငွေမပေးနိုင်ဟု ပြောသောအခါ ဒုရဲအုပ်ကျော်စိုးက ၎င်းတို့အား ရိုက်နှက်သည့်အပြင် စိတ်ကြွဆေးပြားများ ကိုင်ခိုင်း၍ ဓါတ်ပုံရိုက်ယူခဲ့သည်။ ထို့နောက် တရားစွဲဆို၍ ထောင်ချမည်ဟု ခြိမ်းခြောက်၍ ငွေ နှစ်သိန်း ညှစ်ယူပြီး ည (၇) နာရီ အချိန်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဇွန်လ (၃၀) ရက်နေ့ နံနက် ၇း၃၀ နာရီ အချိန်တွင် ဦးဟာမိဒူလ္လာသည် ၎င်း၏ သုံးဘီးကားဖြင့် ဘူးသီးတောင်ဈေးရှေ့သို့ ရောက်ရှိသည်နှင့် ယာဉ်ထိန်းရဲများက ခေါ်၍ မင်းကို မနေ့က ရဲတွေဖမ်းခဲ့တယ်၊ ရဲတွေကို မင်းက ငွေပေးခဲ့တယ်၊ မင်း WY ရောင်းနေတယ်၊ ငါတို့ အကုန်သိတယ် ဟု ပြောဆို၍ ငါတို့ကိုလည်း ငွေနှစ်သိန်း ပေးရမယ်၊ မဟုတ်ရင် ဖမ်းပြီး ထောင်ကျအောင် လုပ်မည်ဟု ခြိမ်းခြောက်၍ ယင်းနေရာမှ ထွက်ခွာခွင့် မပြုဘဲ နေ့လည် ၂ နာရီထိ ထားရှိပြီး ငွေကျပ် တစ်သိန်း ပေးမှ လွှတ်ပေးခဲ့သည်။

ဘူးသီးတောင်မြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်စိုး အပါအ၀င် ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲများက နေ့စဉ်နှင့် အမျှ လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို ဖမ်းဆီး၍ ၎င်းတို့နှင့် အတူ အသင့်ပါလာသည့် WY စိတ်ကြွဆေးပြားများကို ကိုင်ခိုင်း၍ ဓါတ်ပုံရိုက်ယူပြီးနောက် ခြိမ်းခြောက်၍ ငွေညှစ်လျက်ရှိသည်။

“ရဲတွေက ရွာထဲမှာ သူတို့ကို သတင်းပေးဖို့ လူတွေထားတယ်။ တပ်ရာရွာမှာဆိုရင် မာမတ်အီနုစ် (ဘ) ဦးဖူတိန္နား ကို ရဲတွေက သတင်းပေးအဖြစ် ထားတယ်။ သတင်းပေးက ရဲတွေ ငွေရအောင် ကြံဖန်ပြီး သတင်းပေးရတယ်။ ငွေကြေး နည်းနည်းပြေလည်တဲ့လူတွေကို ပစ်မှတ်ထားဖို့အတွက် ရဲတွေကို သတင်းပေးတော့ ရဲတွေက အဲဒီလူတွေကို ပစ်မှတ်ထားပြီး လုပ်ကြံစွပ်စွဲပြီး ငွေညှစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။




Comment ရေးရန်

Rohingya Exodus