မနက်စာ အရှာထွက်ရာမှာ
ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
8.2.2017
ကွပ်ကဲရေးမှူး ထုတ်ပြန်အမိန့်
ငြင်းမသာ၍ အိမ်ကိုစွန့်ခွာ
သူတစ်ပါးထံ ကပ်ခိုလှုံရင်း
ဒုက္ခသောင်းပေါင်း ရင်ဆိုင်နေလျက်
ဘဝနေ့ရက် ဖြတ်သန်းနေ၏။
တစ်ထပ်စားလျှင် နောက်တစ်ထပ်ငတ်
သည်နေ့ကလည်း မနက်စာမဲ့
ငါးသန်သေးနုပ် ရလို့ရငြား
မျှော်လင့်ချက်ကို ရင်ဝယ်ပိုက်လျက်
ရွာအနားက ချောင်းကိုဆင်း၏။
အမေအိုကို ရှာကျွေးချင်၍
တွန်းပိုက်နှင့်ငါ ချောင်းထဲရုန်းချိန်
မထင်မှတ်ဘဲ ငါ့နားထဲဝင်
"ဟေ့ကောင်ကုလား ဒီကိုလာစမ်း"
အသံထွက်ရာ ချောင်းကမ်းစပ်ကို
တုန်တုန်လှုပ်လှုပ် မော့ကြည့်လိုက်၏။
စစ်ရောင်ဝတ်စုံ ခြုံထားသူများ
သံပြင်းပြင်းဖြင့် မိန့်ခေါ်လိုက်လျှင်
သူတို့ရှေ့မှောက် သွားနှင့်ခဲ့၏
ရောက်ရောက်ချင်းပင် ချီးမြှင့်သည်က
ငါ့မျက်နှာပေါ် လက်သီးမာများ။
လက်နှစ်ဖက်ကို နောက်သို့ဆွဲ၍
တင်းတင်းကျပ်ကျပ် ကြိုးဖြင့်ချည်နှောင်
နောက်ကျောပြင်ကို ခြေဖြင့်ကန်သည်
သည်လိုနှင့်--
သူတို့ခေါ်ရာ အသံတိတ်လျက်
လူကလေးငါ လိုက်သွားရ၏။
စခန်းရောက်လျှင် တိုင်နှင့်ချည်ပြီး
ခြေဖြင့်လက်ဖြင့် ညှဉ်းပန်းခဲ့သည်
သည်းသည်းမဲ့မဲ့ ငိုတောင်းပန်လည်း
စစ်ဝတ်စုံနှင့် ယင်းတို့မှာက
သနားမှုဟူ၍ အလျင်းမရှိ။
ဖမ်းဆီးချိန်က မနက် ၈ နာရီခွဲ
လွှတ်ပေးချိန်က ညနေ ၄ နာရီခွဲ
ကြားကာလမှာ ရေငတ်နေ၍
ရေတစ်ခွက်ငါ တောင်းခဲ့သော်လည်း
ပြန်ရသည်က ပါးရိုက်တစ်ချက်နှင့်
"ခွေးဘင်္ဂလီ သေပေတော့ကွ" တဲ့။
စားခြင်းမဲ့လည်း ငါနေနိုင်သည်
အိမ်ပြန်မရောက် ချစ်သားအတွက်
အမေတစ်ယောက် စိတ်ပူမည်ကို
တွေးမိတိုင်းမှာ ရင်ထဲနာကျင်
ငါသည်--
အမေ၏ သည်းပွတ်ရတနာလေ။
လွှတ်မိန့်ရ၍ အိမ်ပြန်ဖို့ပြင်
လဲရာကထ ခြေလှမ်းလိုက်လျှင်
ခန္ဓာကိုယ်သည် ဗုန်းဗုန်းမြေသို့
ပြိုကျသည့်ကိုယ် ပြန်မတ်ဖို့ရန်
အကြိမ်ကြိမ်ငါ အားထုတ်ခဲ့လည်း
ဒီခန္ဓာက နာကျင်လွန်း၍
မတ်တတ်ရပ်ဖို့ မည်သို့မျှမတတ်နိုင်ခဲ့ချေ။
ထို့ကြောင့်--
တွားခြင်းတစ်ပိုင်း လှမ်းခြင်းတစ်ပိုင်း
ခြေလက်အစုံ အသုံးပြုလျက်
ငါ့အိမ်ရှိရာ... အမေရှိရာသို့
တဖြည်းဖြည်းနှင့် တရွေ့ရွေ့ချီ
အိမ်ရောက်ခဲ့ချိန် နေဝင်ခါနီးပြီလေ။
ဪ--
မနက်စာကို အရှာထွက်သည်မှာ
ညနေစာပင် ဖျက်ဆီးခံရပြီ
ငါရိုဟင်ဂျာ လူငယ်လေး၏
တွေ့ကြုံရသော ကြမ်းကြုတ်မှုလည်း
သည်အရွယ်နှင့် မလိုက်အောင်ပင်
ယုတ်မာပက်စက် လှပါတကား။
မှတ်ချက် ။ ။ မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျေးရွာအုပ်စုမှ (၁၃) နှစ်အရွယ် ရိုဟင်ဂျာ ကလေးသည် ငါးရှာထွက်ရာတွင် စစ်သားများ၏ ဖမ်းဆီးခြင်းခံရပြီး စစ်သားများက ၎င်းလူငယ်လေးကို လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခဲ့သည့် ဖြစ်ရပ်ကို ပုံဖော်ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။
ကွပ်ကဲရေးမှူး ထုတ်ပြန်အမိန့်
ငြင်းမသာ၍ အိမ်ကိုစွန့်ခွာ
သူတစ်ပါးထံ ကပ်ခိုလှုံရင်း
ဒုက္ခသောင်းပေါင်း ရင်ဆိုင်နေလျက်
ဘဝနေ့ရက် ဖြတ်သန်းနေ၏။
တစ်ထပ်စားလျှင် နောက်တစ်ထပ်ငတ်
သည်နေ့ကလည်း မနက်စာမဲ့
ငါးသန်သေးနုပ် ရလို့ရငြား
မျှော်လင့်ချက်ကို ရင်ဝယ်ပိုက်လျက်
ရွာအနားက ချောင်းကိုဆင်း၏။
အမေအိုကို ရှာကျွေးချင်၍
တွန်းပိုက်နှင့်ငါ ချောင်းထဲရုန်းချိန်
မထင်မှတ်ဘဲ ငါ့နားထဲဝင်
"ဟေ့ကောင်ကုလား ဒီကိုလာစမ်း"
အသံထွက်ရာ ချောင်းကမ်းစပ်ကို
တုန်တုန်လှုပ်လှုပ် မော့ကြည့်လိုက်၏။
စစ်ရောင်ဝတ်စုံ ခြုံထားသူများ
သံပြင်းပြင်းဖြင့် မိန့်ခေါ်လိုက်လျှင်
သူတို့ရှေ့မှောက် သွားနှင့်ခဲ့၏
ရောက်ရောက်ချင်းပင် ချီးမြှင့်သည်က
ငါ့မျက်နှာပေါ် လက်သီးမာများ။
လက်နှစ်ဖက်ကို နောက်သို့ဆွဲ၍
တင်းတင်းကျပ်ကျပ် ကြိုးဖြင့်ချည်နှောင်
နောက်ကျောပြင်ကို ခြေဖြင့်ကန်သည်
သည်လိုနှင့်--
သူတို့ခေါ်ရာ အသံတိတ်လျက်
လူကလေးငါ လိုက်သွားရ၏။
စခန်းရောက်လျှင် တိုင်နှင့်ချည်ပြီး
ခြေဖြင့်လက်ဖြင့် ညှဉ်းပန်းခဲ့သည်
သည်းသည်းမဲ့မဲ့ ငိုတောင်းပန်လည်း
စစ်ဝတ်စုံနှင့် ယင်းတို့မှာက
သနားမှုဟူ၍ အလျင်းမရှိ။
ဖမ်းဆီးချိန်က မနက် ၈ နာရီခွဲ
လွှတ်ပေးချိန်က ညနေ ၄ နာရီခွဲ
ကြားကာလမှာ ရေငတ်နေ၍
ရေတစ်ခွက်ငါ တောင်းခဲ့သော်လည်း
ပြန်ရသည်က ပါးရိုက်တစ်ချက်နှင့်
"ခွေးဘင်္ဂလီ သေပေတော့ကွ" တဲ့။
စားခြင်းမဲ့လည်း ငါနေနိုင်သည်
အိမ်ပြန်မရောက် ချစ်သားအတွက်
အမေတစ်ယောက် စိတ်ပူမည်ကို
တွေးမိတိုင်းမှာ ရင်ထဲနာကျင်
ငါသည်--
အမေ၏ သည်းပွတ်ရတနာလေ။
လွှတ်မိန့်ရ၍ အိမ်ပြန်ဖို့ပြင်
လဲရာကထ ခြေလှမ်းလိုက်လျှင်
ခန္ဓာကိုယ်သည် ဗုန်းဗုန်းမြေသို့
ပြိုကျသည့်ကိုယ် ပြန်မတ်ဖို့ရန်
အကြိမ်ကြိမ်ငါ အားထုတ်ခဲ့လည်း
ဒီခန္ဓာက နာကျင်လွန်း၍
မတ်တတ်ရပ်ဖို့ မည်သို့မျှမတတ်နိုင်ခဲ့ချေ။
ထို့ကြောင့်--
တွားခြင်းတစ်ပိုင်း လှမ်းခြင်းတစ်ပိုင်း
ခြေလက်အစုံ အသုံးပြုလျက်
ငါ့အိမ်ရှိရာ... အမေရှိရာသို့
တဖြည်းဖြည်းနှင့် တရွေ့ရွေ့ချီ
အိမ်ရောက်ခဲ့ချိန် နေဝင်ခါနီးပြီလေ။
ဪ--
မနက်စာကို အရှာထွက်သည်မှာ
ညနေစာပင် ဖျက်ဆီးခံရပြီ
ငါရိုဟင်ဂျာ လူငယ်လေး၏
တွေ့ကြုံရသော ကြမ်းကြုတ်မှုလည်း
သည်အရွယ်နှင့် မလိုက်အောင်ပင်
ယုတ်မာပက်စက် လှပါတကား။
မှတ်ချက် ။ ။ မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျေးရွာအုပ်စုမှ (၁၃) နှစ်အရွယ် ရိုဟင်ဂျာ ကလေးသည် ငါးရှာထွက်ရာတွင် စစ်သားများ၏ ဖမ်းဆီးခြင်းခံရပြီး စစ်သားများက ၎င်းလူငယ်လေးကို လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခဲ့သည့် ဖြစ်ရပ်ကို ပုံဖော်ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။
(ဓါတ်ပုံ - Ro Arif Kassim Facebook) |
ကမ္ဘာကြီး ရင်နာမှာပေါ့ဗျာ
ရေးသားသူ -- ယျာတင် (ရိုဟင်းသား)
RB ကဗျာ
3.1.2017
နွေမိုးဆောင်းဒဏ်ခံ နေစရာအိမ်
မီးရှို့ခံရ ပြာဖြစ်သွားလည်း
မျှော်လင့်ချက်တွေ ရှိနေဆဲပဲလေ။
သားရဲ့ဖတ်စာ မီးပြာထဲမှာ
ကျန်ကောင်းပါရဲ့ လိုက်လို့ရှာမယ်
မီးစားပြီးလို့ တစ်ပိုင်းတစ်စလေ။
ဖောင်တိန်တစ်ချောင်း တစ်ရာကျတာ
မများပေဘူး ခင်ဗျားဆိုလည်း
တစ်ပြားတောင်မှ မကျန်တော့ဘူးလေ။
အင်္ကျီအထည် သားမဝတ်အား
ဝရုန်းသုန်ကား အိမ်ကထွက်ရ
ဖြစ်ပါစေတော့ သားမဝတ်ချင်
လူ့ဂုဏ်အရေ ခြုံလို့ရရင်
နေပျော်တယ်ဆို ခင်ဗျားယုံမလား။
ဟေ့-- ဒီမှာ
ညီမလေးရဲ့ အရိုးတွေ့ပြီ
သိမ်းထားချင်လို့ ကောက်ခံခဲ့ရင်
တရားခံက သားများဖြစ်မလား။
ဟင့်-- ပြောရင်းနဲ့ ကျနေလေပြီ
သားမျက်ရည်လည်း ကုန်ခမ်းခါနီး
အခုထိ-
သားတို့အိမ်ကို သားတို့ကိုယ်တိုင်
မီးရှို့တယ်လို့ စွပ်စွဲနေရင်
ဒီကမ္ဘာကြီး ရင်နာမှာပေါ့ဗျာ။
နွေမိုးဆောင်းဒဏ်ခံ နေစရာအိမ်
မီးရှို့ခံရ ပြာဖြစ်သွားလည်း
မျှော်လင့်ချက်တွေ ရှိနေဆဲပဲလေ။
သားရဲ့ဖတ်စာ မီးပြာထဲမှာ
ကျန်ကောင်းပါရဲ့ လိုက်လို့ရှာမယ်
မီးစားပြီးလို့ တစ်ပိုင်းတစ်စလေ။
ဖောင်တိန်တစ်ချောင်း တစ်ရာကျတာ
မများပေဘူး ခင်ဗျားဆိုလည်း
တစ်ပြားတောင်မှ မကျန်တော့ဘူးလေ။
အင်္ကျီအထည် သားမဝတ်အား
ဝရုန်းသုန်ကား အိမ်ကထွက်ရ
ဖြစ်ပါစေတော့ သားမဝတ်ချင်
လူ့ဂုဏ်အရေ ခြုံလို့ရရင်
နေပျော်တယ်ဆို ခင်ဗျားယုံမလား။
ဟေ့-- ဒီမှာ
ညီမလေးရဲ့ အရိုးတွေ့ပြီ
သိမ်းထားချင်လို့ ကောက်ခံခဲ့ရင်
တရားခံက သားများဖြစ်မလား။
ဟင့်-- ပြောရင်းနဲ့ ကျနေလေပြီ
သားမျက်ရည်လည်း ကုန်ခမ်းခါနီး
အခုထိ-
သားတို့အိမ်ကို သားတို့ကိုယ်တိုင်
မီးရှို့တယ်လို့ စွပ်စွဲနေရင်
ဒီကမ္ဘာကြီး ရင်နာမှာပေါ့ဗျာ။
ဘုရားသခင်ကို တိုင်ပြောပြမယ်
ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
7.12.2016
သားက သိပ်ငယ်သေးတယ်လေ
သုံးမိုးသုံးဆောင်းတောင် မပြည့်သေးတဲ့ အရွယ်ပါ။
လောကကြီးရဲ့အချိုအခါး
ပတ်ဝန်းကျင်ရဲ့ အနေအထား
ဘာဆိုဘာမှ မသိသေးတဲ့ အရွယ်လေးပါပဲ။
လောကကြီးကို ရောက်လာခဲ့ပြီးနောက်ပိုင်း
အမေရဲ့ရင်ခွင်နဲ့ အိမ်ကပုခက်ကလေးထဲမှာပဲ
တစ်လှည့်စီ ခိုလှုံနေရတာလေ။
ဒါပေမယ့်--
ပုခက်ကလေးမှာ သား မနေရတာ
အခုဆို ရက်သတ္တပတ် သုံးပတ်ကျော်ခဲ့ပြီ။
ဒီနေ့တော့--
ကြမ်းပြင်မှာ ပက်လက်နေတဲ့ သားကို
အမေ့က သူ့ရင်ခွင်ထဲ ပွေ့ပိုက်လို့
ခြေလှမ်းကျဲကျဲ လှမ်းနေတာ သား သတိပြုမိတယ်။
မြင့်တစ်ခါ နိမ့်တစ်လှည့် အမေရဲ့ခြေလှမ်းတွေကြောင့်
ရင်ခွင်ထဲ တင်းကျပ်စွာဖက်ထားတဲ့ ကြားကပဲ
သားခန္ဓာသေးသေးလေးက လှုပ်ခါနေလို့။
အမေ ရှုထုတ်တဲ့ ပင့်သက် ပူပူ
သားမျက်နှာပေါ် အဆက်မပြတ် ကျရောက်လို့။
တစ်ခါတလေ မျက်ရည်စက်ပူပူရော့ပဲလေ။
အမေရဲ့ရင်ဘတ်ထဲ မုန်တိုင်းတိုက်နေဘိအလား
အမေရဲ့ရင်ဘတ်ထဲ ငလျင်လှုပ်နေပြီဘိအလား
အမေ မောဟိုက်နေပြီ...
အမေရဲ့ရင်ဘတ်ထဲမှာလည်း ဆူညံနေပြီ။
ဪ... သား သတိရပြီ
အမေက ပန်းနာ ရောဂါသည်ကိုး။
×××××
အခုက ရေပေါ်လျှောက်နေသံ ကြားရပြီ။
ဟော... အမေ တစ်ခုခုပေါ် တက်ထိုင်လိုက်ပြီ။
ဘုရားသခင်ကို အမေ တသနေပြီ။
နေရောင်မရှိတာ အပထား...
လရောင်လေးတောင် ပိတ်ပိတ်ပျောက်နေတယ်။
အမေရေ ...
ဘာတွေ ဖြစ်နေလို့ ဘယ်ကိုဦးတည်သွားနေတာလဲ
ဟစ်အော် မေးလိုက်တဲ့အခါပေါ့
အမေက --
သူ့သားမြတ်အစုံ ဖုံးအုပ်ထားတဲ့ အဝတ်ကို ဟပေးခဲ့တယ်
သူ့သားလေး နို့ငတ်နေတယ်များ ထင်ခဲ့တာလား။
သားငိုသံကို အမေ ဘာသာ မပြန်တတ်ခဲ့တာ
ဒီတစ်ခါ ပထမဆုံး အကြိမ်ပါပဲ။
ဟော ... အမေ မဟုတ်တဲ့ လူစိမ်းတွေရဲ့အသံ
မကြားချင်းဘဲ သား နားထဲ ဆူဆူညံညံ။
အမေတိုက်တဲ့ နို့ပူပူ တစ်အောင့်စုပ်ပြီးနောက်
အမေရဲ့ ရင်ခွင်နွေးနွေးထဲမှာ သားအိပ်ပျော်သွားလေပြီ။
×××××
" ဒိုင်း... ဒိုင်း ... ဒိုင်း ဒိုင်း ..."
အဆက်မပြတ် ပေါက်ကွဲသံများ
သား နိုးနေချိန် ...
အမေရဲ့ ရင်ခွင်ထဲမှာ မဟုတ်တော့
ရေငန်တွေ သားပါးစပ်ထဲသို့ ဒလဟော စီးဝင်လို့။
သားကို ရေငန်မတိုက်ပါနဲ့လား
ခုနက အမေတိုက်တဲ့ နို့ပူပူ သောက်ခဲ့တာလေ။
အမေရေ ...သားကို ချန်ရစ်လို့ ဘယ်ရောက်နေတာလဲ
သားကို ရေငန် အတင်း တိုက်နေတာ
သား ဝမ်းတောင် ပေါက်ကွဲလုမတတ် ဖြစ်နေပြီ။
အမေရေ...သားနေသာတဲ့ အမေရဲ့ရင်ခွင် ဘယ်မှာလဲ။
××××
"ရက်စက်လိုက်တာဗျာ..."
"လူ့စိတ်မရှိလိုက်တာဗျာ..."
"ဒီကလေးမှာ ဘာအပြစ်ရှိလို့လဲ..."
"သနားလိုက်တာဗျ ..."
လူစိမ်းတွေ... သားမသိတဲ့ လူတွေ။
ဒီလူတွေ ဘာပြောနေတာပါလိမ့်။
ဘယ်သူက ရက်စက်တာလဲ
ဘယ်သူက လူ့စိတ်မရှိတာလဲ
သားက ဘာအပြစ်ကျူးလွန်လို့ အပြစ်ရှိရမှာလဲ
ဘယ်သူက သနားစရာ ဖြစ်နေတာလဲ
သား ... နားကိုမလည်ဘူး။
အိပ်ရာကို လက်နဲ့စမ်းနေမှတော့
အမေရဲ့ နွေးထွေးတဲ့ ရင်ခွင်အစား
အေးစက်တဲ့ ရွှံ့မြေပျော့ပျော့လေးပဲ တွေ့မိ။
ဟာ!!! ဒီလူတွေ...
သားကို ဘယ်ဆီ ချီယူသွားနေတာလဲ
အမေရဲ့ နူးညံ့တဲ့ လက်တွေလည်း မဟုတ်ဘူး။
ဟာ!!! ပိတ်စဖြူ ...
သားကို ဘာလို့ ဝတ်ပေးတာလဲ။
ဟာ!!! မြေတွင်းတစ်ခု ...
ဟာ!!! သားကို ထည့်ပေးပြီ ...
ဟာ!!! မြေဖို့ ပေးနေပြီ ...
အမေရေ ... သားကို လာကယ်ပါဦးလား။
ဘာအပြစ်ကျူးလွန်လို့ မြေမြုပ်နေတာလဲ။
ဟွန့်... ဒီလူတွေ ဘယ်သူမှ မဖြေဘူး။
ဪ...သားကို ဒင်းတို့ ဘယ်သူမှ မလိုတော့မှ
သားက သိပ်ငယ်သေးတယ်လေ
သုံးမိုးသုံးဆောင်းတောင် မပြည့်သေးတဲ့ အရွယ်ပါ။
လောကကြီးရဲ့အချိုအခါး
ပတ်ဝန်းကျင်ရဲ့ အနေအထား
ဘာဆိုဘာမှ မသိသေးတဲ့ အရွယ်လေးပါပဲ။
လောကကြီးကို ရောက်လာခဲ့ပြီးနောက်ပိုင်း
အမေရဲ့ရင်ခွင်နဲ့ အိမ်ကပုခက်ကလေးထဲမှာပဲ
တစ်လှည့်စီ ခိုလှုံနေရတာလေ။
ဒါပေမယ့်--
ပုခက်ကလေးမှာ သား မနေရတာ
အခုဆို ရက်သတ္တပတ် သုံးပတ်ကျော်ခဲ့ပြီ။
ဒီနေ့တော့--
ကြမ်းပြင်မှာ ပက်လက်နေတဲ့ သားကို
အမေ့က သူ့ရင်ခွင်ထဲ ပွေ့ပိုက်လို့
ခြေလှမ်းကျဲကျဲ လှမ်းနေတာ သား သတိပြုမိတယ်။
မြင့်တစ်ခါ နိမ့်တစ်လှည့် အမေရဲ့ခြေလှမ်းတွေကြောင့်
ရင်ခွင်ထဲ တင်းကျပ်စွာဖက်ထားတဲ့ ကြားကပဲ
သားခန္ဓာသေးသေးလေးက လှုပ်ခါနေလို့။
အမေ ရှုထုတ်တဲ့ ပင့်သက် ပူပူ
သားမျက်နှာပေါ် အဆက်မပြတ် ကျရောက်လို့။
တစ်ခါတလေ မျက်ရည်စက်ပူပူရော့ပဲလေ။
အမေရဲ့ရင်ဘတ်ထဲ မုန်တိုင်းတိုက်နေဘိအလား
အမေရဲ့ရင်ဘတ်ထဲ ငလျင်လှုပ်နေပြီဘိအလား
အမေ မောဟိုက်နေပြီ...
အမေရဲ့ရင်ဘတ်ထဲမှာလည်း ဆူညံနေပြီ။
ဪ... သား သတိရပြီ
အမေက ပန်းနာ ရောဂါသည်ကိုး။
×××××
အခုက ရေပေါ်လျှောက်နေသံ ကြားရပြီ။
ဟော... အမေ တစ်ခုခုပေါ် တက်ထိုင်လိုက်ပြီ။
ဘုရားသခင်ကို အမေ တသနေပြီ။
နေရောင်မရှိတာ အပထား...
လရောင်လေးတောင် ပိတ်ပိတ်ပျောက်နေတယ်။
အမေရေ ...
ဘာတွေ ဖြစ်နေလို့ ဘယ်ကိုဦးတည်သွားနေတာလဲ
ဟစ်အော် မေးလိုက်တဲ့အခါပေါ့
အမေက --
သူ့သားမြတ်အစုံ ဖုံးအုပ်ထားတဲ့ အဝတ်ကို ဟပေးခဲ့တယ်
သူ့သားလေး နို့ငတ်နေတယ်များ ထင်ခဲ့တာလား။
သားငိုသံကို အမေ ဘာသာ မပြန်တတ်ခဲ့တာ
ဒီတစ်ခါ ပထမဆုံး အကြိမ်ပါပဲ။
ဟော ... အမေ မဟုတ်တဲ့ လူစိမ်းတွေရဲ့အသံ
မကြားချင်းဘဲ သား နားထဲ ဆူဆူညံညံ။
အမေတိုက်တဲ့ နို့ပူပူ တစ်အောင့်စုပ်ပြီးနောက်
အမေရဲ့ ရင်ခွင်နွေးနွေးထဲမှာ သားအိပ်ပျော်သွားလေပြီ။
×××××
" ဒိုင်း... ဒိုင်း ... ဒိုင်း ဒိုင်း ..."
အဆက်မပြတ် ပေါက်ကွဲသံများ
သား နိုးနေချိန် ...
အမေရဲ့ ရင်ခွင်ထဲမှာ မဟုတ်တော့
ရေငန်တွေ သားပါးစပ်ထဲသို့ ဒလဟော စီးဝင်လို့။
သားကို ရေငန်မတိုက်ပါနဲ့လား
ခုနက အမေတိုက်တဲ့ နို့ပူပူ သောက်ခဲ့တာလေ။
အမေရေ ...သားကို ချန်ရစ်လို့ ဘယ်ရောက်နေတာလဲ
သားကို ရေငန် အတင်း တိုက်နေတာ
သား ဝမ်းတောင် ပေါက်ကွဲလုမတတ် ဖြစ်နေပြီ။
အမေရေ...သားနေသာတဲ့ အမေရဲ့ရင်ခွင် ဘယ်မှာလဲ။
××××
"ရက်စက်လိုက်တာဗျာ..."
"လူ့စိတ်မရှိလိုက်တာဗျာ..."
"ဒီကလေးမှာ ဘာအပြစ်ရှိလို့လဲ..."
"သနားလိုက်တာဗျ ..."
လူစိမ်းတွေ... သားမသိတဲ့ လူတွေ။
ဒီလူတွေ ဘာပြောနေတာပါလိမ့်။
ဘယ်သူက ရက်စက်တာလဲ
ဘယ်သူက လူ့စိတ်မရှိတာလဲ
သားက ဘာအပြစ်ကျူးလွန်လို့ အပြစ်ရှိရမှာလဲ
ဘယ်သူက သနားစရာ ဖြစ်နေတာလဲ
သား ... နားကိုမလည်ဘူး။
အိပ်ရာကို လက်နဲ့စမ်းနေမှတော့
အမေရဲ့ နွေးထွေးတဲ့ ရင်ခွင်အစား
အေးစက်တဲ့ ရွှံ့မြေပျော့ပျော့လေးပဲ တွေ့မိ။
ဟာ!!! ဒီလူတွေ...
သားကို ဘယ်ဆီ ချီယူသွားနေတာလဲ
အမေရဲ့ နူးညံ့တဲ့ လက်တွေလည်း မဟုတ်ဘူး။
ဟာ!!! ပိတ်စဖြူ ...
သားကို ဘာလို့ ဝတ်ပေးတာလဲ။
ဟာ!!! မြေတွင်းတစ်ခု ...
ဟာ!!! သားကို ထည့်ပေးပြီ ...
ဟာ!!! မြေဖို့ ပေးနေပြီ ...
အမေရေ ... သားကို လာကယ်ပါဦးလား။
ဘာအပြစ်ကျူးလွန်လို့ မြေမြုပ်နေတာလဲ။
ဟွန့်... ဒီလူတွေ ဘယ်သူမှ မဖြေဘူး။
ဪ...သားကို ဒင်းတို့ ဘယ်သူမှ မလိုတော့မှ
သားလည်း မြေကြီးအောက် သွားနေပါရစေ။
အဲ့ဒီအရပ်မှာ--
သားနဲ့ ပုံပန်းသဏ္ဍာန်တူတဲ့
ဆီးရီးယားက အီလန်ကူရ်ဒီနဲ့ မိတ်ဖွဲ့လို့နေတော့မယ်။
×××××
ဒါပေမယ့်--
မောပန်းလို့ ရှူထုတ်တဲ့
အမေရဲ့ ပင့်သက်ပူပူ အကြောင်း...
ရင်ဘတ်ပေါက်ထွက်လုမတတ် ဆူညံခဲ့တဲ့
အမေရဲ့ ပန်းနာပေါက်ခဲ့မှု အကြောင်း ...
အမေ ကျမိတဲ့ မျက်ရည်စက်ပူပူတွေ အကြောင်း....
"ဒိုင်း...ဒိုင်း" အသံကြောင့်
အမေနဲ့ခွဲကွာခဲ့ရတဲ့ အကြောင်း...
သား ဝမ်းပေါက်ထွက်လောက်အောင်
ရေငန် အတင်းတိုက်ကျွေးခဲ့တဲ့ အကြောင်း...
အရာရာကို... အသေးစိတ်...တစ်ခုမကျန်
ဘုရားသခင်ကို သား ... တိုင်ပြောပြမယ်။
သား... ဧကန် တိုင်ပြောပြမယ်။
ယျာတင်(ရိုဟင်းသား)
မှတ်ချက် ။ ။ မောင်တောမြို့နယ် မြောက်ပိုင်းမှ ရိုဟင်ဂျာများ၊ အာဏာပိုင်များ၏ ရက်စက်ကြမ်းကြုတ်မှုကို မခံနိုင်၍ လှေဖြင့် အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေရှ့်သို့ သွားနေစဉ် ဒီဇင်ဘာလ (၄)ရက်နေ့၌ ပင်လယ်အလယ်တွင် ရေတပ်၏ပစ်ခတ်မှုကြောင့် လှေမြုပ်ခဲ့၍ အသက်ဆုံးသွားခဲ့ရှာသူ ရိုဟင်ဂျာ ကလေးငယ်များအကြောင်းကိုပုံဖော်ပြီး ခံစားရေးဖွဲ့ထားခြင်းဖြစ်ပါသည်။
အဲ့ဒီအရပ်မှာ--
သားနဲ့ ပုံပန်းသဏ္ဍာန်တူတဲ့
ဆီးရီးယားက အီလန်ကူရ်ဒီနဲ့ မိတ်ဖွဲ့လို့နေတော့မယ်။
×××××
ဒါပေမယ့်--
မောပန်းလို့ ရှူထုတ်တဲ့
အမေရဲ့ ပင့်သက်ပူပူ အကြောင်း...
ရင်ဘတ်ပေါက်ထွက်လုမတတ် ဆူညံခဲ့တဲ့
အမေရဲ့ ပန်းနာပေါက်ခဲ့မှု အကြောင်း ...
အမေ ကျမိတဲ့ မျက်ရည်စက်ပူပူတွေ အကြောင်း....
"ဒိုင်း...ဒိုင်း" အသံကြောင့်
အမေနဲ့ခွဲကွာခဲ့ရတဲ့ အကြောင်း...
သား ဝမ်းပေါက်ထွက်လောက်အောင်
ရေငန် အတင်းတိုက်ကျွေးခဲ့တဲ့ အကြောင်း...
အရာရာကို... အသေးစိတ်...တစ်ခုမကျန်
ဘုရားသခင်ကို သား ... တိုင်ပြောပြမယ်။
သား... ဧကန် တိုင်ပြောပြမယ်။
ယျာတင်(ရိုဟင်းသား)
မှတ်ချက် ။ ။ မောင်တောမြို့နယ် မြောက်ပိုင်းမှ ရိုဟင်ဂျာများ၊ အာဏာပိုင်များ၏ ရက်စက်ကြမ်းကြုတ်မှုကို မခံနိုင်၍ လှေဖြင့် အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေရှ့်သို့ သွားနေစဉ် ဒီဇင်ဘာလ (၄)ရက်နေ့၌ ပင်လယ်အလယ်တွင် ရေတပ်၏ပစ်ခတ်မှုကြောင့် လှေမြုပ်ခဲ့၍ အသက်ဆုံးသွားခဲ့ရှာသူ ရိုဟင်ဂျာ ကလေးငယ်များအကြောင်းကိုပုံဖော်ပြီး ခံစားရေးဖွဲ့ထားခြင်းဖြစ်ပါသည်။
"မငိုပါနဲ့ သားလေး"
ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB News
18.11.2016
သားလေးရေ...
အိမ်တွေလည်း မရှိတော့ပြီ။
ခန္ဓာမှာပါတဲ့ အဝတ်ကလွဲပြီး ဘာဆိုဘာမှ မရှိတော့တာပါ သား။
သားအဖေလည်း မနက်က အဖမ်းခံရလေပြီ။
ဒါပေမယ့် မငိုပါနဲ့ သားလေး။
သားကို တိုက်နိုင်တဲ့ သားမြတ်တစ်စုံ
အမေ့မှာ ယခုထိ ရှိနှင့်နေတုန်းပဲလေ။
သားလေးရေ...
ဒီဇင်ဘာလ နီးလာတော့ ချမ်းခိုက်လာတာ မဆန်းပါဘူး။
သဘာဝတရားကို အမေတို့ မလွန်ဆန် နိုင်ဘူးလေ။
ချမ်းမယ့်အချိန်မှာ ချမ်းမှာပဲ။
ချမ်းလွန်းလို့ သားလေး ခန္ဓာကို ချူံးလိုက်တာတော့
အမေ့ရင်ထဲ နာကျင်စေတာပေါ့ သား။
သားကို ခြုံရတဲ့ အဝတ်စုပ်တွေတောင်
မီးစားခံဘဝရောက်ခဲ့ရတာလေ။
ဒါပေမယ့် မငိုပါနဲ့ သားလေး။
သားကို အနွေးဓာတ်ပေးနိုင်တဲ့ ရင်ခွင်တစ်ခု
အမေ့မှာ ယခုထိ ရှိနှင့်နေတုန်းပဲလေ။
သားလေးရေ...
သားလေးကို လွှဲတဲ့ ပုခက်ကလေးလား။
သားလေးကစားဖော် အရုပ်တွေလား။
အဲ့ဒါတွေလည်း မီးကို မိတ်ဖွဲ့ရခဲ့ပြီ။
ဒါပေမယ့် မငိုပါနဲ့ သားလေး။
သားကို လွှဲနိုင်တဲ့ လက်ဖဝါးနှစ်ဖက်
အမေ့မှာ ယခုထိ ရှိနှင့်နေတုန်းပဲလေ။
သားလေးရေ...
သားလေးကြီးလာရင် အဖေကို လိုက်မရှာပါနဲ့။
သားအဖေက ပြန်လာခွင့်မရတဲ့
မရဏခရီးကို ရောက်ခဲ့ရပြီ။
သားလေးကြီးလာရင် အမေကိုလည်း လိုက်မရှာပါနဲ့။
အမေလည်း မကြာခင်
လောကကြီးမှ ပျောက်ကွယ်သွားရလိမ့်မယ်။
မုဒိမ်းကျင့်ခံရတုန်း ဘာလို့ မတုန်ပြန်ခဲ့တာလဲ ဆိုပြီး
သားသာ ခဏခဏ မေးဖြစ်ခဲ့ရင်
အမေ့မှာ သားကို ဖြေစရာ မရှိ ဖြစ်နေမှာလေ။
သားကိုကယ်ဖို့ အမေ ပေးဆပ်ရတာ သားရယ်လို့ပြောရင်
အဲ့ဒီ အချိန် သား ဘယ်လိုခံစားနေမလဲ။
အမေ ကိုယ်ချင်းစားတတ်တယ် သား။
တကယ်တော့ အမေ့အတွက်
သားထက် ဘယ်အရာကမှ မပိုပါဘူး။
တစ်ခုပဲ အမေမှာပါရစေ သား။
သားကို အမေ ကယ်ပေးတာ တန်ရအောင်
အမေတို့ မတရားခံခဲ့ရတာတွေအတွက်
တရားမျှတမှု ဆောင်ကျဉ်းပေးနိုင်ဖို့
တရားသဖြင့် အစွမ်းကုန် ကြိုးစားပါလေ။
အငို တိတ်ပါတော့ သားလေး။
သားလေးရေ...
အိမ်တွေလည်း မရှိတော့ပြီ။
ခန္ဓာမှာပါတဲ့ အဝတ်ကလွဲပြီး ဘာဆိုဘာမှ မရှိတော့တာပါ သား။
သားအဖေလည်း မနက်က အဖမ်းခံရလေပြီ။
ဒါပေမယ့် မငိုပါနဲ့ သားလေး။
သားကို တိုက်နိုင်တဲ့ သားမြတ်တစ်စုံ
အမေ့မှာ ယခုထိ ရှိနှင့်နေတုန်းပဲလေ။
သားလေးရေ...
ဒီဇင်ဘာလ နီးလာတော့ ချမ်းခိုက်လာတာ မဆန်းပါဘူး။
သဘာဝတရားကို အမေတို့ မလွန်ဆန် နိုင်ဘူးလေ။
ချမ်းမယ့်အချိန်မှာ ချမ်းမှာပဲ။
ချမ်းလွန်းလို့ သားလေး ခန္ဓာကို ချူံးလိုက်တာတော့
အမေ့ရင်ထဲ နာကျင်စေတာပေါ့ သား။
သားကို ခြုံရတဲ့ အဝတ်စုပ်တွေတောင်
မီးစားခံဘဝရောက်ခဲ့ရတာလေ။
ဒါပေမယ့် မငိုပါနဲ့ သားလေး။
သားကို အနွေးဓာတ်ပေးနိုင်တဲ့ ရင်ခွင်တစ်ခု
အမေ့မှာ ယခုထိ ရှိနှင့်နေတုန်းပဲလေ။
သားလေးရေ...
သားလေးကို လွှဲတဲ့ ပုခက်ကလေးလား။
သားလေးကစားဖော် အရုပ်တွေလား။
အဲ့ဒါတွေလည်း မီးကို မိတ်ဖွဲ့ရခဲ့ပြီ။
ဒါပေမယ့် မငိုပါနဲ့ သားလေး။
သားကို လွှဲနိုင်တဲ့ လက်ဖဝါးနှစ်ဖက်
အမေ့မှာ ယခုထိ ရှိနှင့်နေတုန်းပဲလေ။
သားလေးရေ...
သားလေးကြီးလာရင် အဖေကို လိုက်မရှာပါနဲ့။
သားအဖေက ပြန်လာခွင့်မရတဲ့
မရဏခရီးကို ရောက်ခဲ့ရပြီ။
သားလေးကြီးလာရင် အမေကိုလည်း လိုက်မရှာပါနဲ့။
အမေလည်း မကြာခင်
လောကကြီးမှ ပျောက်ကွယ်သွားရလိမ့်မယ်။
မုဒိမ်းကျင့်ခံရတုန်း ဘာလို့ မတုန်ပြန်ခဲ့တာလဲ ဆိုပြီး
သားသာ ခဏခဏ မေးဖြစ်ခဲ့ရင်
အမေ့မှာ သားကို ဖြေစရာ မရှိ ဖြစ်နေမှာလေ။
သားကိုကယ်ဖို့ အမေ ပေးဆပ်ရတာ သားရယ်လို့ပြောရင်
အဲ့ဒီ အချိန် သား ဘယ်လိုခံစားနေမလဲ။
အမေ ကိုယ်ချင်းစားတတ်တယ် သား။
တကယ်တော့ အမေ့အတွက်
သားထက် ဘယ်အရာကမှ မပိုပါဘူး။
တစ်ခုပဲ အမေမှာပါရစေ သား။
သားကို အမေ ကယ်ပေးတာ တန်ရအောင်
အမေတို့ မတရားခံခဲ့ရတာတွေအတွက်
တရားမျှတမှု ဆောင်ကျဉ်းပေးနိုင်ဖို့
တရားသဖြင့် အစွမ်းကုန် ကြိုးစားပါလေ။
အငို တိတ်ပါတော့ သားလေး။
"နှလုံးသားတွေ မီးတင်ရှို့နေတာ ရပ်တန့်ပါ"
ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB News
November 17, 2016
နေအိမ်ဆိုတာ-
နွေးထွေးမှုတွေ ပြည့်နှက်နေတဲ့
လှပပြီး ချမ်းမြေ့စရာကောင်းတဲ့
အမိုးအကာနဲ့ နေစရာလေး တစ်ခုပါ။
မိသားစုဆိုတာ-
နွေးထွေးမှုတွေနဲ့ ချည်နှောင်ထားတဲ့
လှပတဲ့ အစုအဖွဲ့လေးတစ်ခုပါ။
မိသားစုဝင်တွေ-
တစ်စုတစ်ဖွဲ့ ထမင်း ဝိုင်းစားတာတို့ ....
သားငယ်လေးက အမေ့ အပွေ့အပိုက်ထဲ
အိပ်မောရင်း ချမ်းမြေ့မှု စည်းစိမ် ခံစားတာတို့ ...
တစ်ယောက်ကို တစ်ယောက် စနောက်ပျော်ပါးတာတို့ ...
ညီအစ်ကို မောင်နှမ အချင်းချင်း
ချစ်စနိုး ရန်ဖြစ်ရင်း မေတ္တာပွားတာတို့ ...
အဖေက ရိုက်ရင် အမေ ရင်ထဲတိုးဝင်တာတို့ ...
အမေကရိုက်ရင် အဖေ့ရင်ထဲ ပြေးဝင်ခိုတာတို့က
မိသားစု ဝင်တွေရဲ့ လုပ်နေကျ သင်ခန်းစာတွေပါပဲ။
အခုတော့-
အဲ့လို နေအိမ်တွေကို အငြိုးကြီးစွာ မီးတင်ရှို့နေတော့
အဲ့လို မေတ္တာအသိုက်အမြုံထဲ နေနေတဲ့ မိသားစုလည်း
တကွဲတပြား ဖြစ်နေရတာပေါ့ဟ။
အဲ့ဒီ နေအိမ်တွေ မီးရှို့ခံရတာနဲ့ အတူတူ
မိသားစု မေတ္တာအသိုက်အမြုံလည်း ပြာကျသွားတယ်
ချမ်းမြေ့မှု အလုံစုံလည်း ပြာကျသွားတယ်
မျက်ရည်တွေ ကျလွန်းလို့ ခန္ဓာထဲ ရေဓာတ်ခမ်းသွားတယ်။
ကြည့်လေ-
အဖေ့ကို ရိုက်နှက် ဖမ်းဆီးကာ လက်ထိပ်ခတ်၍ ခေါ်သွား
အမေက အမျိုးအိမ်တစ်အိမ်မှာ သွားခိုလှုံနေရ
အစ်ကိုက ထွက်ပြေးတိမ်းရှောင်နေရ
အစ်မက မုဒိမ်းကျင့်ခံရလို့ ကိုယ့်ကိုကိုယ် စီရင်သွား
နို့စို့ကလေး ညီမောင်ကို အမေ့အပွေ့ထဲက လုယူပြီး
တကျွမ်းကျွမ်း လောင်နေတဲ့ မီးထဲ ပစ်ချ
ကျနော်ကတော့ မြင်တဲ့အတိုင်းပဲ စပါးစိုက်ခင်းထဲမှာ
အစာရေစာမဲ့ မျက်ရည်မှာ အရည့်ပြည့်
နှလုံးသားမှာ မီးတောင်ပေါက်ကွဲနေတာလေ။
ဒီလို တကွဲတပြားဖြစ်ခဲ့ရခြင်း နောက်ဆက်တွဲဟာ-
အရယ်အမော အစား အငိုအကြွေး
အချမ်းအမြေ့ အစား အပူအပန်
စည်းစိမ်မှု အစား ဒုက္ခခံနေရမှု
စသော ပြောမဆုံးတဲ့ သောကရောက်မှု ဝမ်းနည်းရမှုတွေ
နဖူးတွေ့ ဒူးတွေ့ ခံစားနေရတာပဲလေ။
ဒီမှာ-
ငါတို့ရဲ့ မေတ္တာ အသိုက်အမြုံလေး
ငါတို့ရဲ့ မိုးကာ ချမ်းကာ နေအိမ်လေး
ငါတို့ရဲ့ မိသားစု ခိုစရာလေးကို မီးတင်ရှို့နေတာတွေ
ကျေးဇူးပြုပြီး ဆက်လက်မကျူးလွန်ပါနဲ့ဟ။
အဲ့ဒီ နေအိမ်တွေနဲ့ မီးရှို့ခံရတာနဲ့ အတူတူ
ငါတို့ နှလုံးသားတွေလည်း အတူတူ လောင်ကျွမ်းသွားလို့ပါ။
ကျေးဇူးပြုပြီး-
ငါတို့အိမ်တွေ ... ငါတို့ နှလုံးသားတွေကို
အငြိုးတကြီး မီးတင်ရှို့နေတာတွေ
ရပ်-တန့်-က ရပ်-တန့်-ပါ-တော့။
သင်တို့ လူသားဆန်ရင်ပေါ့လေ။
(ဓါတ်ပုံ - စိုးဇေယျာထွန်း / ရိုက်တာ) |
ငါတို့အပေါ် ဖြတ်သန်းသွားခဲ့ပြီ
မောင်ဇာနည် (MYARF)
RB ကဗျာ
30.10.2016
နာမည်တောင် မမှည့်ရသေးတဲ့ နို့စို့ကလေးကို
မိခင်ရင်အုံထဲက ဆတ်ခနဲ လုယူပြီး
တဝုန်းဝုန်း လောင်မြိုက်နေတဲ့ မီးလျှံထဲ ပစ်ချတော့
အငြိုးကြီးစွာ လောင်ကျွမ်းခြင်းခံလိုက်ရတယ်။
ထိုကဲ့သို့သော အချိန်အခါလည်း
ငါတို့အပေါ် ဖြတ်သန်းသွားခဲ့ပြီ။
ရက်ပေါင်းများစွာ အစာရေစာပြတ်လပ်လို့
ဘေးမကင်းတာကို သိရက်သားနဲ့
ဘဝဆိုးက လွတ်မြောက်ဖို့အရေး
မခိုင်ခန့်တဲ့ စက်လှေပေါ်တက်လိုက်ရပေမယ့်
နောက်ဆုံး မှီခိုရာကမ်းကို မရောက်နိုင်ဘဲ
တစ်မိသားစုလုံး ပင်လယ်ထဲနစ်မြုပ်ခံလိုက်ရတယ်။
ထိုကဲ့သို့သော အချိန်အခါလည်း
ငါတို့အပေါ် ဖြတ်သန်းသွားခဲ့ပြီ။
ကိုယ်ဝန်ဆောင် သုံးလတာ ကာလ
အပြစ်ကင်းစင်တဲ့ အမျိုးသမီးလေးဟာ
စစ်သားတွေရဲ့အုပ်စုဖွဲ့ တပြုံးပြုံး တဏှာဖြေခဲ့မှုအောက်
သွေးတသွင်သွင်ဖြင့် ကိုယ်ဝန်ဖျက်ခံလိုက်ရတယ်။
ထိုကဲ့သို့သော အချိန်အခါလည်း
ငါတို့အပေါ် ဖြတ်သန်းသွားခဲ့ပြီ။
ဘဝရဲ့ အချိုအခါးတောင် မသိသေးတဲ့
ချစ်စရာ ခုနှစ်တန်းကျောင်းသားကလေး
စစ်သားတွေရဲ့ အနီးကပ် ပစ်ခတ်ခံရပြီး
အကြောင်းမဲ့ အသက်ရှုံးဆုံးခံလိုက်ရတယ်။
ထိုကဲ့သို့သော အချိန်အခါလည်း
ငါတို့အပေါ် ဖြတ်သန်းသွားခဲ့ပြီ။
မိမိ ခိုစရာအိမ်လေး မီးရှို့ခံရလို့
အိုးမဲ့အိမ်မဲ့နေတဲ့ အပျိုစင်မိန်းကလေး
နီးစပ်ရာ ဆွေမျိုး နေအိမ်ကို ပြေးခိုလှုံချိန်
စီးနင်းဝင်လာတဲ့ စစ်သားတွေရဲ့
အကြိမ်ကြိမ်အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရကာ
ဆေးကုသမှု ခံယူခွင့်မသာခဲ့တဲ့နောက်
လောကကြီးကို ကျောခိုင်းသွားခဲ့ရတယ်။
ထိုကဲ့သို့သော အချိန်အခါလည်း
ငါတို့အပေါ် ဖြတ်သန်းသွားခဲ့ပြီ။
ရွာလုံးကျွတ် မီးရှို့ခံရစဉ်
အိုမင်းမစွမ်း ဖြစ်နေတဲ့ အဘိုးအဘွားတွေ
ရုန်းထွက်လာနိုင်ခြင်း မတတ်နိုင်ရှာတဲ့အခါ
မီးတောင်အလား လောင်မြိုက်နေတဲ့ မီးထဲ
ပြာကျသွားခဲ့ ရတယ်။
ထိုကဲ့သို့သော အချိန်အခါလည်း
ငါတို့အပေါ် ဖြတ်သန်းသွားခဲ့ပြီ။
ဪ... ငါတို့အပေါ်
ဒီလောက်တောင် ဖြတ်သန်းသွားခဲ့ပြီလား။
ညှဉ်းပန်းနှိပ်စက်ခံရမှုမှာ နှိုင်းစရာဆိုလို့
ဟောဒီက ငါတို့နဲ့ငါတို့သာ ရှိမယ်ထင်တယ်။
ဒါပေမယ့်...
ဖြစ်ခဲ့ပြီးသမျှ အရာရာကို
လောကဓံရဲ့စမ်းသပ်မှုလို့ မှတ်ယူရင်း
ခံစားချက်ခါးခါးလေးတွေကို
သည်းခံမှုနဲ့ အပေးအယူလုပ်ရင်း
ဘဝကို အသက်ဆက်နေရတဲ့ ငါတို့ကို
အကြမ်းဖက်သမား သမုတ်နေတာကတော့
ခင်ဗျားတို့ သိပ်လွန်လွန်းပါတယ်ဗျ။
ရို-ဘဝ ပြက္ခဒိန်
ရေးသားသူ - ရိုဟင်းစိုးမိုးဝင်း
RB ကဗျာ
23.10.2016
( ၁ )
ဘဝ့ 
ရိုဟင်ဂျာ့ဘဝတဲ့ 
နှစ်ခြောက်ဆယ်ကျော် ပြည်တွင်းစစ်မှာ
နှိပ်စက်မှုဒဏ်အလီလီကို ရင်ဝယ်ပိုက်လာခဲ့ရ
ချိုးဖြူ ငှက်ရဲ့ ကူသံသာကို
နားစွင့်ဖို့ တမျှော်မျှော်နဲ့။
( ၂ )
ကြံကြံဖန်ဖန် ဖန်တီးထားတဲ့ သံဆူးစက်ကွင်းထဲ
ရံဖန်ရံခါ ဝေ့လည်ကာဖြင့်
တစ်ဘဝစာ သွေးနဲ့ချွေးနဲ့ ရင်းခဲ့တဲ့
ဘဝစိုက်ခင်းကြီးဟာ
အမြစ်ပြုတ်မတတ် နင်းချေခံရပြီ ။
( ၃ )
အိပ်ရေးမဝတဲ့ စက္ခု အလွှာထဲ
ခွေးသေဝက်သေ သေကြရတဲ့
ငါ့လူမျိုးရဲ့ အနိဋ္ဌာရုံမြင်ကွင်းကြီးဟာ
ဟောလီးဝုဒ် ဇတ်ကားကောင်းတစ်ကားလို
ဘဝ့ 
ရိုဟင်ဂျာ့ဘဝတဲ့ 
နှစ်ခြောက်ဆယ်ကျော် ပြည်တွင်းစစ်မှာ
နှိပ်စက်မှုဒဏ်အလီလီကို ရင်ဝယ်ပိုက်လာခဲ့ရ
ချိုးဖြူ ငှက်ရဲ့ ကူသံသာကို
နားစွင့်ဖို့ တမျှော်မျှော်နဲ့။
( ၂ )
ကြံကြံဖန်ဖန် ဖန်တီးထားတဲ့ သံဆူးစက်ကွင်းထဲ
ရံဖန်ရံခါ ဝေ့လည်ကာဖြင့်
တစ်ဘဝစာ သွေးနဲ့ချွေးနဲ့ ရင်းခဲ့တဲ့
ဘဝစိုက်ခင်းကြီးဟာ
အမြစ်ပြုတ်မတတ် နင်းချေခံရပြီ ။
( ၃ )
အိပ်ရေးမဝတဲ့ စက္ခု အလွှာထဲ
ခွေးသေဝက်သေ သေကြရတဲ့
ငါ့လူမျိုးရဲ့ အနိဋ္ဌာရုံမြင်ကွင်းကြီးဟာ
ဟောလီးဝုဒ် ဇတ်ကားကောင်းတစ်ကားလို
ကြည့်ရှုရ ရသမြှောက်ရဲ့လားလို့
ရင်နာကြေကွဲစွာ စစ်တမ်းကောက်ချင်မိပါရဲ့ ။
( ၄ )
ငှက်ကလေးတွေတောင်
နေဝင်ချိန်ဆို အိပ်တန်းတက်ဝံ့ပြီ
လိမ္မော်ရောင်ဖြာကျတဲ့ ဆည်းဆာမှာ
ငါ့လူမျိုးတွေဟာ့ 
သားပိုက်ကောင်တစ်ကောင်လို
ရင်သွေးလေးတွေကို ရင်ဝယ်ပိုက်ကာဖြင့်
အသက်လု စွန့်ပြေးကြရတဲ့ ခေတ်ရေစီးက
ပသာဒဂုဏ်မြှောက်ပါရဲ့ဟင်! ။
( ၅ )
မင်ရည်ကျဲသွားရမယ့် ဒိုင်ယာရီမှာ
ရင့်နေတဲ့အနာတွေက တသွင်သွင်စီးလာနေကျ
သွေးစွန်းတွေနဲ့ ခြစ်ရာထင်ခဲ့ပြီ ။
( ၆ )
ကိုးရီးယားဇာတ်လမ်းတွဲလို ရသမမြှောက်တဲ့
ရင်နင့်ဖွယ် ရို_ဇာတ်လမ်းတွေ
မျှဝေချင်တာက တပုံကြီးရှိငြားလဲ
ထိမိအောင် ချပြဖို့
စကားလုံးက ရှာရခက်သေးရဲ့ ။
( ၇ )
စာနာစိတ်ညွှန်းကိန်း မေတ္တာဓာတ်ထိန်း ၊
လူသားစိတ်တည် အမုန်းဓာတ်ပြယ်တဲ့
ပြက္ခဒိန်တစ်ခုကို
သေငယ်ဇောမျောနေစဉ်ခဏဝယ်
တွေ့မြင်ရပါစေသာ့း့  ။
ရင်နာကြေကွဲစွာ စစ်တမ်းကောက်ချင်မိပါရဲ့ ။
( ၄ )
ငှက်ကလေးတွေတောင်
နေဝင်ချိန်ဆို အိပ်တန်းတက်ဝံ့ပြီ
လိမ္မော်ရောင်ဖြာကျတဲ့ ဆည်းဆာမှာ
ငါ့လူမျိုးတွေဟာ့ 
သားပိုက်ကောင်တစ်ကောင်လို
ရင်သွေးလေးတွေကို ရင်ဝယ်ပိုက်ကာဖြင့်
အသက်လု စွန့်ပြေးကြရတဲ့ ခေတ်ရေစီးက
ပသာဒဂုဏ်မြှောက်ပါရဲ့ဟင်! ။
( ၅ )
မင်ရည်ကျဲသွားရမယ့် ဒိုင်ယာရီမှာ
ရင့်နေတဲ့အနာတွေက တသွင်သွင်စီးလာနေကျ
သွေးစွန်းတွေနဲ့ ခြစ်ရာထင်ခဲ့ပြီ ။
( ၆ )
ကိုးရီးယားဇာတ်လမ်းတွဲလို ရသမမြှောက်တဲ့
ရင်နင့်ဖွယ် ရို_ဇာတ်လမ်းတွေ
မျှဝေချင်တာက တပုံကြီးရှိငြားလဲ
ထိမိအောင် ချပြဖို့
စကားလုံးက ရှာရခက်သေးရဲ့ ။
( ၇ )
စာနာစိတ်ညွှန်းကိန်း မေတ္တာဓာတ်ထိန်း ၊
လူသားစိတ်တည် အမုန်းဓာတ်ပြယ်တဲ့
ပြက္ခဒိန်တစ်ခုကို
သေငယ်ဇောမျောနေစဉ်ခဏဝယ်
တွေ့မြင်ရပါစေသာ့း့  ။
အသတ်ခံ သားနှစ်ယောက် မိခင်၏ အဖြစ်
ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
14.10.2016
ထိုနေ့မနက်က မိုးတွေ တဖွဲ့ဖွဲ့ရွာလို့
နေမင်းကလည်း ပုံမှန်ပဲ အရှေ့ရပ်ဝန်းမှထွက်လာခဲ့ပြီ။
ပုံမှန်မဟုတ်တာ တစ်ခုလည်း ကျမတို့အတွက် ဖြစ်ခဲ့သည်။
ကျမတို့ရွာလေးကို စစ်သားတွေက ဝိုင်းလိုက်တာလေ။
ဒီတော့--
အိမ်နီးနားချင်းလို ကျမမိသားစုလည်း အိမ်ထဲမှာ နေကြရတာပေါ့။
အပြင်ဘယ်သူ ထွက်ရဲမှာလေနော်။
စစ်သားတွေ နေရာယူထားပုံက တတိယကမ္ဘာစစ် ဆင်နွှဲမည့် သဏ္ဍာန်။
ဘာပဲဖြစ်ဖြစ်ဖြစ်--
သားနှစ်ယောက်နဲ့ အလည်ရောက်လာတဲ့ သားမက် အတွက် မနက်စာအဖြစ်
မနေ့ညက ကြွင်းကျန်ခဲ့တဲ့ ထမင်းကို
ကျမ ကြော်နေခဲ့သည်။
အိမ်နီးနားချင်းတွေရဲ့ တီးတိုးသံတွေ
ကျမနားထဲ တစ်ချက်တစ်ချက် ဝင်လာခဲ့တာကို နားစွင့်နေရင်းပေါ့။
"စစ်သားတွေ များလိုက်တာ
ဘာလုပ်မလဲ မသိဘူးနော်တဲ့"။
ကျမ စိုးရိမ်ခဲ့ပေမယ့် လွန်ကဲခြင်း အလျဉ်းမရှိ။
စစ်သားတွေ အိမ်ကိုလာဝင်စစ်လည်း စိတ်ပူစရာမရှိဘူး။
ကျမတို့ အိမ်မှာ နိုင်ငံတော်အကျိုးယုတ်မယ့် ဘာဆိုဘာမှ မရှိ။
အခြေအနေကို နားစွင့် စောင့်ဆိုင်းရင်း
မိသားစုအတွက် မနက်စာကို ကျမပြင်ဆင်နေဆဲပါ။
နောက် နာရီတစ်ချို့စာ အနာဂါတ်ကိုပဲ
ကျမ ကြိုတင်သိရှိ ခဲ့လျှင်။
၉ ရက်နေ့ညမှာ ဖြစ်ပွားခဲ့တဲ့ နေရာနဲ့ ကျမတို့ရွာက
၆ မိုင်တောင် ဝေးနေသည်ကိုး။
ကျမတို့ရွာနဲ့ ဘာမှမဆိုင်ဘူး။
စစ်သားက စစ်ဆေးရေးဝင်လုပ်လည်း ကျမစိတ်မပူဘူး။
တွေးမိတုန်း အသံတစ်ခုထက်ပေါ်လို့လား
အသံထွက်လာရာကို လှည့်ကြည့်တော့
ကျမတို့အိမ်ရှေ့ကြမ်းပြင်ပေါ် စစ်သားတစ်စု
ကျမကြက်သီးတွေ ဖြန်းခနဲ ထလို့။
ကြောက်ရွံ့မှုက အသည်းနှလုံးကို အေးခနဲဖြစ်စေလို့။
ကြော်နေတဲ့ ထမင်းကို မွှေနေတဲ့ ယောက်မ
ကျမလက်ထဲက ပြုတ်ကျသွားခဲ့ပြီ။
ကျမ ခန္ဓာက ဘာလို့တုန်လာခဲ့သလဲ။
နှုတ်ဖျားကလည်း အသံမထွက်လာဘူးလေ။
ဆွံ့အ ဖြစ်နေချိန်ကာလ
ကျမ သားနှစ်ယောက်နဲ့ သားမက်ကို
စစ်သားတွေက အိမ်ကခေါ်ထုတ်ပြီး ခေါ်သွားပြီ။
စစ်သားခေါ်ရာ လိုက်နေတဲ့
သားနှစ်ယောက်နဲ့သားမက်နောက် လိုက်ရမလား။
ကျမ သားနှစ်ယောက်နဲ့ သားမက်မှာ
ဘာအပြစ်ရှိလို့ပါလိမ့်လို့ စစ်သားတွေကို မေးရမလား။
အတွေးက ခေါင်းထဲ သန္ဓေတည်လာချိန်မှာပဲ
သားနှစ်ယောက်နဲ့ သားမက်တို့က မနီးမဝေးသို့ရောက်လေပြီ။
ရှေ့နဲ့နောက်က စစ်သားတွေရဲ့ အလယ်မှာ
ကျမ သားနှစ်ယောက်နဲ့ သားမက်ပါ။
အသိတရားခေါင်းထဲ ရောက်လာချိန်
ကျမ သားနဲ့ သားမက်နောက် ပြေးသွားဖို့ ဟန်ပြင်သည်။
နေမင်းကလည်း ပုံမှန်ပဲ အရှေ့ရပ်ဝန်းမှထွက်လာခဲ့ပြီ။
ပုံမှန်မဟုတ်တာ တစ်ခုလည်း ကျမတို့အတွက် ဖြစ်ခဲ့သည်။
ကျမတို့ရွာလေးကို စစ်သားတွေက ဝိုင်းလိုက်တာလေ။
ဒီတော့--
အိမ်နီးနားချင်းလို ကျမမိသားစုလည်း အိမ်ထဲမှာ နေကြရတာပေါ့။
အပြင်ဘယ်သူ ထွက်ရဲမှာလေနော်။
စစ်သားတွေ နေရာယူထားပုံက တတိယကမ္ဘာစစ် ဆင်နွှဲမည့် သဏ္ဍာန်။
ဘာပဲဖြစ်ဖြစ်ဖြစ်--
သားနှစ်ယောက်နဲ့ အလည်ရောက်လာတဲ့ သားမက် အတွက် မနက်စာအဖြစ်
မနေ့ညက ကြွင်းကျန်ခဲ့တဲ့ ထမင်းကို
ကျမ ကြော်နေခဲ့သည်။
အိမ်နီးနားချင်းတွေရဲ့ တီးတိုးသံတွေ
ကျမနားထဲ တစ်ချက်တစ်ချက် ဝင်လာခဲ့တာကို နားစွင့်နေရင်းပေါ့။
"စစ်သားတွေ များလိုက်တာ
ဘာလုပ်မလဲ မသိဘူးနော်တဲ့"။
ကျမ စိုးရိမ်ခဲ့ပေမယ့် လွန်ကဲခြင်း အလျဉ်းမရှိ။
စစ်သားတွေ အိမ်ကိုလာဝင်စစ်လည်း စိတ်ပူစရာမရှိဘူး။
ကျမတို့ အိမ်မှာ နိုင်ငံတော်အကျိုးယုတ်မယ့် ဘာဆိုဘာမှ မရှိ။
အခြေအနေကို နားစွင့် စောင့်ဆိုင်းရင်း
မိသားစုအတွက် မနက်စာကို ကျမပြင်ဆင်နေဆဲပါ။
နောက် နာရီတစ်ချို့စာ အနာဂါတ်ကိုပဲ
ကျမ ကြိုတင်သိရှိ ခဲ့လျှင်။
၉ ရက်နေ့ညမှာ ဖြစ်ပွားခဲ့တဲ့ နေရာနဲ့ ကျမတို့ရွာက
၆ မိုင်တောင် ဝေးနေသည်ကိုး။
ကျမတို့ရွာနဲ့ ဘာမှမဆိုင်ဘူး။
စစ်သားက စစ်ဆေးရေးဝင်လုပ်လည်း ကျမစိတ်မပူဘူး။
တွေးမိတုန်း အသံတစ်ခုထက်ပေါ်လို့လား
အသံထွက်လာရာကို လှည့်ကြည့်တော့
ကျမတို့အိမ်ရှေ့ကြမ်းပြင်ပေါ် စစ်သားတစ်စု
ကျမကြက်သီးတွေ ဖြန်းခနဲ ထလို့။
ကြောက်ရွံ့မှုက အသည်းနှလုံးကို အေးခနဲဖြစ်စေလို့။
ကြော်နေတဲ့ ထမင်းကို မွှေနေတဲ့ ယောက်မ
ကျမလက်ထဲက ပြုတ်ကျသွားခဲ့ပြီ။
ကျမ ခန္ဓာက ဘာလို့တုန်လာခဲ့သလဲ။
နှုတ်ဖျားကလည်း အသံမထွက်လာဘူးလေ။
ဆွံ့အ ဖြစ်နေချိန်ကာလ
ကျမ သားနှစ်ယောက်နဲ့ သားမက်ကို
စစ်သားတွေက အိမ်ကခေါ်ထုတ်ပြီး ခေါ်သွားပြီ။
စစ်သားခေါ်ရာ လိုက်နေတဲ့
သားနှစ်ယောက်နဲ့သားမက်နောက် လိုက်ရမလား။
ကျမ သားနှစ်ယောက်နဲ့ သားမက်မှာ
ဘာအပြစ်ရှိလို့ပါလိမ့်လို့ စစ်သားတွေကို မေးရမလား။
အတွေးက ခေါင်းထဲ သန္ဓေတည်လာချိန်မှာပဲ
သားနှစ်ယောက်နဲ့ သားမက်တို့က မနီးမဝေးသို့ရောက်လေပြီ။
ရှေ့နဲ့နောက်က စစ်သားတွေရဲ့ အလယ်မှာ
ကျမ သားနှစ်ယောက်နဲ့ သားမက်ပါ။
အသိတရားခေါင်းထဲ ရောက်လာချိန်
ကျမ သားနဲ့ သားမက်နောက် ပြေးသွားဖို့ ဟန်ပြင်သည်။
မိုးကြိုးပစ်သံအလား အသံတစ်သံ
ကျမ နားထဲသို့ တစ်ချိန်တည်း ဝင်လာခဲ့သည်။
ကျမ ဒူးတွေ တုန်လွန်းနေပြီး
ခြေလှမ်းတွေ ရပ်သွားခဲ့ပြီ။
ကျမ ကြမ်းပြင်ပေါ် ဗုန်းဗုန်း လဲကျသွားလေပြီ။
ကျမ သားနှစ်ယောက်နဲ့ သားမက်တွေ ဘယ်မှာလဲ။
အားယူကာ စဉ်းစားတုန်းပေါ့
ဒုတိယမြောက် သေနတ်ပစ်သံ
ကျမနားထဲသို့ ခါးသီးစွာ ဝင်ရောက်လာခဲ့ပြီ။
ကျမ အသိတရားတွေလည်း
ဒုတိယမြောက် သေနတ်ပစ်သံနဲ့အတူ တုံးသွားခဲ့ပြီလေ။
အချိန်က မနက် ၉ နာရီခွဲခန့်
ကျမ လက်နှစ်ဖက်က ဘေးဘီဝဲယာကို စမ်းကိုင်မိ။
စိုစွတ်နေတာက ကျမ အဝတ်အစားများ
ခေါင်းပေါ်က ဆံကေသာများ
မျက်စိကို အားယူဖွင့်မိချိန်
သမီးက ကတိုက်ကရ မေးလာသည်
"အမေသတိရပြီးလားတဲ့"။
ကျမ ဘယ်မှာလဲ
ကျမ သားနှစ်ယောက်နဲ့ သားမက် ဘယ်မှာလဲ
စစ်သားတွေရော ဘယ်မှာလဲ။
ကျမ ဘေးနားက သမီးရဲ့မျက်လုံးတွေတော့
ရေကန် ဖြစ်နေပြီ။
မြေးလေးတွေကလည်း ငိုနေသည်။
ကျမ အိမ်မှာ ဘာဖြစ်နေတာလဲ
ကျမ သေချာ စဉ်းစားရခက်နေ၏။
အသံတွေ ဗလောင်ဆူနေပြီ။
ကျမ မကြားချင်ဆုံး အသံများ ကျမနားထဲ တိုးဖောက်လာသည်။
"သား နှစ်ယောက်နဲ့ သားမက်ရဲ့ အလောင်းတွေ
မြေကြီးပေါ် လဲလျောင်းနေပြီ"တဲ့။
"ဘာ!!!"
ကျမ ထလာခဲ့သည်။
လူတွေ ကျမကို တင်းကျပ်စွာ ဖက်ထား၏။
ကျမ ဟစ်ငိုခွင့်ရချင်လည်း
လူတစ်ယောက်က ကျမပါးစပ်ကို သူ့လက်နဲ့ အတင်း ပိတ်ထားလိုက်သည်။
အသံထွက်ရင် ပြန်ရောက်လာမယ်တဲ့။
"ကျမ သားတွေနဲ့ သားမက်ကို ယူလာပေးပါ"
ကျမ တောင်းဆိုချက် ဘယ်သူမှ ဖြည့်ဆည်းမပေး။
ဘယ်သူမှ အိမ်ပြင် မထွက်ရဲဘူးပြောသည်။
ကျမ အရာရာကို နားလည်လာခဲ့ပြီ။
ပြီးလျှင် ကျမ အိပ်မောကျသွားတာလား
ဒုတိယအကြိမ် သတိလစ်သွားတာလား
ကျမ ဘယ်သိမလဲ။
ကျမ နိုးလာချိန်မှာ
ကျမ ကြော်ထားတဲ့ ထမင်းကြာ်ကိုတွေ့သည်
အဲ့ဒီထမင်းကြော်ကို ကျွေးမယ့် ကျမသားတွေနဲ့ သားမက်ကိုတော့
ကျမ မတွေ့ခဲ့ရပါ။
"အလောင်းကို စစ်သားတွေ ကားပေါ်တင်ပြီး ယူသွားတယ်"
ထိုစကားတစ်စွန့်တစ်ပဲ ကျမနားထဲ
ယနေ့ထိ တစ်ရစ်ရစ် ကျန်နေဆဲပါ။
ကျမသားတွေနဲ့ သားမက်ကိုတွေ့ရင်
အိမ်ပြန်လာကြဖို့ ပြောပေးပါ။
ကျမ သူတို့ကို--
ပြင်းပြင်းပြပြ သတိရနေတယ်လို့လည်း
ပြောဖြစ်အောင် ပြောပေးပါနော်။
* အောက်တိုဘာလ (၁၀) ရက်နေ့၌ စစ်သားများက အိမ်မှခေါ်ထုတ်ပြီး အနီးကပ် သေနတ်ပစ် သတ်ဖြတ်လိုက်သည့် ၁၃ နှစ်အရွယ်နှင့် ၂၀ နှစ်အရွယ် အပြစ်မဲ့ ကလေးများ၏ မိခင်နေရာကို ဝင်ခံစားပြီးရေးဖွဲ့ပါသည်။
ကျမ နားထဲသို့ တစ်ချိန်တည်း ဝင်လာခဲ့သည်။
ကျမ ဒူးတွေ တုန်လွန်းနေပြီး
ခြေလှမ်းတွေ ရပ်သွားခဲ့ပြီ။
ကျမ ကြမ်းပြင်ပေါ် ဗုန်းဗုန်း လဲကျသွားလေပြီ။
ကျမ သားနှစ်ယောက်နဲ့ သားမက်တွေ ဘယ်မှာလဲ။
အားယူကာ စဉ်းစားတုန်းပေါ့
ဒုတိယမြောက် သေနတ်ပစ်သံ
ကျမနားထဲသို့ ခါးသီးစွာ ဝင်ရောက်လာခဲ့ပြီ။
ကျမ အသိတရားတွေလည်း
ဒုတိယမြောက် သေနတ်ပစ်သံနဲ့အတူ တုံးသွားခဲ့ပြီလေ။
အချိန်က မနက် ၉ နာရီခွဲခန့်
ကျမ လက်နှစ်ဖက်က ဘေးဘီဝဲယာကို စမ်းကိုင်မိ။
စိုစွတ်နေတာက ကျမ အဝတ်အစားများ
ခေါင်းပေါ်က ဆံကေသာများ
မျက်စိကို အားယူဖွင့်မိချိန်
သမီးက ကတိုက်ကရ မေးလာသည်
"အမေသတိရပြီးလားတဲ့"။
ကျမ ဘယ်မှာလဲ
ကျမ သားနှစ်ယောက်နဲ့ သားမက် ဘယ်မှာလဲ
စစ်သားတွေရော ဘယ်မှာလဲ။
ကျမ ဘေးနားက သမီးရဲ့မျက်လုံးတွေတော့
ရေကန် ဖြစ်နေပြီ။
မြေးလေးတွေကလည်း ငိုနေသည်။
ကျမ အိမ်မှာ ဘာဖြစ်နေတာလဲ
ကျမ သေချာ စဉ်းစားရခက်နေ၏။
အသံတွေ ဗလောင်ဆူနေပြီ။
ကျမ မကြားချင်ဆုံး အသံများ ကျမနားထဲ တိုးဖောက်လာသည်။
"သား နှစ်ယောက်နဲ့ သားမက်ရဲ့ အလောင်းတွေ
မြေကြီးပေါ် လဲလျောင်းနေပြီ"တဲ့။
"ဘာ!!!"
ကျမ ထလာခဲ့သည်။
လူတွေ ကျမကို တင်းကျပ်စွာ ဖက်ထား၏။
ကျမ ဟစ်ငိုခွင့်ရချင်လည်း
လူတစ်ယောက်က ကျမပါးစပ်ကို သူ့လက်နဲ့ အတင်း ပိတ်ထားလိုက်သည်။
အသံထွက်ရင် ပြန်ရောက်လာမယ်တဲ့။
"ကျမ သားတွေနဲ့ သားမက်ကို ယူလာပေးပါ"
ကျမ တောင်းဆိုချက် ဘယ်သူမှ ဖြည့်ဆည်းမပေး။
ဘယ်သူမှ အိမ်ပြင် မထွက်ရဲဘူးပြောသည်။
ကျမ အရာရာကို နားလည်လာခဲ့ပြီ။
ပြီးလျှင် ကျမ အိပ်မောကျသွားတာလား
ဒုတိယအကြိမ် သတိလစ်သွားတာလား
ကျမ ဘယ်သိမလဲ။
ကျမ နိုးလာချိန်မှာ
ကျမ ကြော်ထားတဲ့ ထမင်းကြာ်ကိုတွေ့သည်
အဲ့ဒီထမင်းကြော်ကို ကျွေးမယ့် ကျမသားတွေနဲ့ သားမက်ကိုတော့
ကျမ မတွေ့ခဲ့ရပါ။
"အလောင်းကို စစ်သားတွေ ကားပေါ်တင်ပြီး ယူသွားတယ်"
ထိုစကားတစ်စွန့်တစ်ပဲ ကျမနားထဲ
ယနေ့ထိ တစ်ရစ်ရစ် ကျန်နေဆဲပါ။
ကျမသားတွေနဲ့ သားမက်ကိုတွေ့ရင်
အိမ်ပြန်လာကြဖို့ ပြောပေးပါ။
ကျမ သူတို့ကို--
ပြင်းပြင်းပြပြ သတိရနေတယ်လို့လည်း
ပြောဖြစ်အောင် ပြောပေးပါနော်။
* အောက်တိုဘာလ (၁၀) ရက်နေ့၌ စစ်သားများက အိမ်မှခေါ်ထုတ်ပြီး အနီးကပ် သေနတ်ပစ် သတ်ဖြတ်လိုက်သည့် ၁၃ နှစ်အရွယ်နှင့် ၂၀ နှစ်အရွယ် အပြစ်မဲ့ ကလေးများ၏ မိခင်နေရာကို ဝင်ခံစားပြီးရေးဖွဲ့ပါသည်။
"RSO အကြမ်းဖက်သမားလားဟင်"
ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
13.10.2016
13.10.2016
အနှစ်နှစ် အလလပေါ့
သွေးစက်တွေနဲ့ ကြိုးစားရုန်းကန်းပြီး
ဆောက်ခဲ့တဲ့ အိမ်ကလေးမှာ
ငါတို့မိသားစုတွေ ပြုံးတူ ငိုတူ
အေးတူ ပူအမျှ အေးချမ်းစွာ နေခဲ့ဖူးတယ်။
အခုတော့လေ ...
ထိုအိမ်ကို သူတို့တစ်တွေက
ရယ်လျက်မောလျက် မီးတင်ရှို့နေလေပြီ။
ငါတို့ရဲ့အိမ်နန်းတော်ကို
မီးကတမြုံမြုံ မြိုချနေချိန် ....
သူတို့တစ်တွေက အောင်ပွဲခံအခမ်းအနားတွေ
သိုက်သိုက်မြိုက်မြိုက် ကျင်းပနေလေပြီ။
ညီလေးကို ဘယ်ဖက်ပခုံးပေါ်
ညီမလေးကို ညာဖက်ပခုံးပေါ်
ထမ်းပိုးလို့ ငါတို့ ထွက်ပြေးနေရပြီလေ။
အိုမင်းမစွမ်းဖြစ်နေတဲ့ အမေအတွက်
သေခြင်းတရားဟာ
သူတို့ပစ်လွှတ်တဲ့ အငြိုးပြည့်ချည်ဆံနဲ့အတူ
ရောက်လာခဲ့တာက ကံကြမ္မာ လားဟင်။
"အမေအတွက် မစိုးရိမ်ပါနဲ့ ...
သာတို့ပဲ လွတ်နိုင်အောင်ကြိုးစားပါ"
အမေပြောခဲ့တဲ့ နောက်ဆုံး မှားတမ်းစကား
ငါတို့နားထဲ ထပ်ခါတလေလေ ပဲ့ထင်ဟပ်လို့နေ။
လွတ်မြောက်မှုတစ်ခုက ငါတို့ရှေ့မှာ ရှိနေပါအံ့ ...
ခိုစရာ လှုံစရာ နေရာလေးတစ်ခု
ငါတို့နဲ့ မနီးမဝေးမှာ ရှိကောင်းပါအံ့ ...
ယိုင်တော့မယ့် ငါတို့ ခြေလှမ်းတွေရဲ့အဆုံးမှာပေါ့ဟ။
တွေ့ပြီ ... ချုံပုတ်တစ်ခု ....
ခဏတာ နားပါရစေ ...
တွေးမိတုန်းပေါ့ဟ
"ဟေ့ကောင်တွေ မပြေးနဲ့တဲ့"
အသံနဲ့တစ်ပြိုင်နက်
ငါ့ပခုံးနှစ်ဖက်က ညီ၊ ညီမလေးများ
သူတို့ရဲ့ ဘုတ်ဖိနပ်ဝတ် ခြေထောက်အောက်သို့။
သူတို့နှုတ်ဖျားမှာက
"ဟေ့ ကုလား လက်နက်ကိုင် အကြမ်းဖက်သမား"တဲ့။
အဲ့ချိန်တုန်းက ပြန်ပြောခွင့်မသာခဲ့ဘူး
ငါ့ပါးစပ်မှာ ပါးချုပ်ပါခဲ့တာလည်း မဟုတ်ရဘူး
"လက်"နှစ်ဖက်ပဲ ရှိတာ
"နက်" ဆိုတာ မရှိဘူး
ဘယ်ကလာခဲ့သလဲ "လက်နက်ကိုင်" စကား။
သွေးတွေ ခန္ဓာပေါ်ပေကျံလျက်
အာရုံတွေ မှုန်ဝါးလာချိန်
သဲ့သဲ့လေး မြင်ခဲ့ရပြီလေ
သူတို့နဲ့အတူ ပါလာတဲ့ ကင်မရာသမားဟာ
သတင်းထောက်များလား
ဖုန်းထဲမှာ အရေးတယူ ပြောနေတဲ့
သူ့သတင်းစကားက
"အကြမ်းဖက်သုံးယောက် အသေဖမ်းမိရ" သတဲ့ဗျာ။
ငါ့နားနဲ့ ငါကြားလိုက်တာ
မယုံရင် မနက်ဖြန် ထွက်လာမယ့် သတင်းစာထဲမှာ
ရှာဖတ်ကြပေါ့ဗျာ။
ငါ ရယ် ... ငါးနှစ်သား ညီလေးရယ် ... လေးနှစ်သား ညီမ ရယ် ...
"ငါတို့ RSO အကြမ်းဖက်သမား ဖြစ်သွားပါရော့လား''
အမုန်းတရားနဲ့ အမှားတရား
ဘယ်တော့များ ဆုံးခန်းတိုင်မှာပါလိမ့်။
#ယျာတင်_ရိုဟင်းသား#
* ရခိုင်ပြည်နယ်၊ မောင်တော မြောက်ပိုင်းတွင်၊ မြန်မာစစ်တပ်က အပြစ်မဲ့ ရိုဟင်ဂျာများကို ပစ်ခတ်သတ်ဖြတ်၊ အိမ်တွေ မီးရှိုးပြီး မဟုတ်မမှန် အပြန်စွပ်စွဲနေခြင်းကို ခံစားပြီး ရေးဖွဲ့ထားသည်။
ရိုဟင်ဂျာတို့ရဲ့အိပ်မက်များ
ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
18.9.2016
ကျနော်တို့ ရိုဟင်ဂျာတွေက-
အာဏာရှင်တွေ လုယူလိုက်တဲ့
ရိုဟင်ဂျာတွေရဲ့မူလ အခွင့်အရေးကို တောင်းဆိုနေကြတယ်။
ကျနော်တို့ ရိုဟင်ဂျာတွေက-
အာဏာရှင်တွေ လုယူလိုက်တဲ့
ရိုဟင်ဂျာတွေရဲ့မူလ အခွင့်အရေးကို တောင်းဆိုနေကြတယ်။
တစ်ချိန်တည်းမှာပဲ-
တစ်ဌာနေနေ ညီအစ်ကို မောင်နှမ
ရခိုင်တွေရဲ့ လူ့အခွင့်အရေးနဲ့
အဖက်ဖက်က ဆုတ်ယုတ်လာတဲ့
စီးပွားရေးတွေ၊ လမ်းပန်းဆက်သွယ်ရေးတွေ၊
ပညာရေးတွေ၊ လူမှုဘဝတွေ
အရာရာ တိုးတက်လာဖို့ ဆန္ဒရှိတယ်။
တစ်ဌာနေနေ ညီအစ်ကို မောင်နှမ
ရခိုင်တွေရဲ့ လူ့အခွင့်အရေးနဲ့
အဖက်ဖက်က ဆုတ်ယုတ်လာတဲ့
စီးပွားရေးတွေ၊ လမ်းပန်းဆက်သွယ်ရေးတွေ၊
ပညာရေးတွေ၊ လူမှုဘဝတွေ
အရာရာ တိုးတက်လာဖို့ ဆန္ဒရှိတယ်။
ထို့အတူပဲ-
မြန်မာတစ်နိုင်ငံလုံးက ပြည်သူပြည်သားတိုင်းလည်း
ရခဲလှတဲ့ လူ့ဘဝတိုတိုလေးကို
လွတ်လွတ်လပ်လပ်နဲ့၊
လုံလုံခြုံခြုံနဲ့၊
လူ့အခွင့်အရေးအပြည့်အဝနဲ့၊
ပျော်ပျော်ရွှင်ရွှင်နဲ့၊
အေးအေးချမ်းချမ်းနဲ့
နေထိုင်ဖြတ်သန်းနိုင်ကြဖို့ မျှော်လင့်ပါတယ်။
လွတ်လွတ်လပ်လပ်နဲ့၊
လုံလုံခြုံခြုံနဲ့၊
လူ့အခွင့်အရေးအပြည့်အဝနဲ့၊
ပျော်ပျော်ရွှင်ရွှင်နဲ့၊
အေးအေးချမ်းချမ်းနဲ့
နေထိုင်ဖြတ်သန်းနိုင်ကြဖို့ မျှော်လင့်ပါတယ်။
ထို့အပြင်-
အမိမြန်မာနိုင်ငံကိုလည်း
လူမျိုးဘာသာ၊ အသားအရောင်၊ လိင်အင်္ဂါ၊
နေရာဒေသ မခွဲမခြားတဲ့၊
တန်းတူညီမျှတဲ့၊
ငြိမ်းချမ်းသာယာဝပြောတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်
ကမ္ဘာ့အလယ်မှာ တင့်တယ်စေချင်တယ်။
အမိမြန်မာနိုင်ငံကိုလည်း
လူမျိုးဘာသာ၊ အသားအရောင်၊ လိင်အင်္ဂါ၊
နေရာဒေသ မခွဲမခြားတဲ့၊
တန်းတူညီမျှတဲ့၊
ငြိမ်းချမ်းသာယာဝပြောတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်
ကမ္ဘာ့အလယ်မှာ တင့်တယ်စေချင်တယ်။
ဓါတ်ပုံသတင်း
- ငှက်ကလေးသို့ ......
- ဗဟုသုတ ပြတ်တောက်နေသူများ
- မြန်မာ့မြေမှ မွတ်စလင်များ
- မောင်တော ခရိုင်တွင် ဆွဲ၊ တင်၊ စစ် စတင်၊ ပြုနိုင်ငံသား လျှောက်မည် မဟုတ်ဟု ဒေသခံများပြော
- ဒုတိယ မိတ္တီလာ မဖြစ်စေချင်တဲ့ ဒလ
- ရိုဟင်ဂျာများ သိထိုက်သော သမိုင်း ဖြစ်ရပ်မှန်များ (အပိုင်း ၁)
- မြန်မာ အစိုးရ လူ့အခွင့် အရေး အလေးထားဖို့ ၀န်ကြီး Kerry တိုက်တွန်းမည်
- ဘူးသီးတောင် မိကျောင်းဈေးမှ ထိန်းသိမ်းခံရသူ (၁၃) ဦးကို နယ်ခြားစောင့်ရဲများက ငွေကျပ် ၃၆ သိန်းကျော် ညှစ်ယူ၍ ပြန်လွှတ်ပေး
- တပ်ရင်းမှူးမှ ဆိုင်ကယ်ထဲသို့ WY ဆေးပြား ထည့်၍ ဒေသခံ တစ်ဦးကို လုပ်ကြံ ဖမ်းဆီး ငွေညှစ်
- ဗုံးခွဲမှု စုံစမ်းရေး KNU ပူးပေါင်း ဆောင်ရွက်