နောက်ဆုံးသတင်း/ဆောင်းပါးများ
ဌေးဇော် 
RB News 
12.3.2013 
ဘူးသီးတောင်။။ဘူးသီးတောင်မြို့နယ် အခြေစိုက် နစကစခန်း များနှင့်မြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲ အုပ်မြတ် ထွေးတို့ သည် ဒေသခံ ရိုဟင်ဂျာများကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ် လျက်ရှိပြီး ၎င်း တို့ တောင်း ခံ သည့် ငွေကြေး ပမာဏကို မပေး မချင်း ဖမ်းဆီးထား နေကြောင်း သတင်းရရှိပါသည်။ 
မတ်လ (၁၀) ရက်နေ့၊ တနင်္ဂနွေနေ့ တွင်မြို့မဈေးတွင်း ဆေးဆိုင်ရောင်း၍ အသက်မွေး ၀မ်းကျောင်း ပြု လျက် ရှိသော ဦးရှောမ်ရှူအား နေ့လည် ၂ နာရီခန့်တွင် မူးယစ်ဆေး ၀ါးရှိသည်ဟု မဟုတ်မမှန်စွပ်စွဲ၍ ဘူး သီးတောင်မြို့နယ် ရဲစခန်းမှ ဒုရဲအုပ် မြတ်ထွေးမှ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရှိရပါ သည်။ ထို့ နောက် ဘူးသီးတောင်မြို့နယ် ရဲစခန်းတွင် ချုပ်နှောင်ထားပြီး မိသားစု များအား ငွေကျပ် ၅ သိန်းပေး လျှင် ပြန် လည်လွှတ် ပေးမည်ဟု ပြောဆိုနေကြောင်း သိရပါသည်။ 
မတ်လ (၈) ရက်နေ့တွင် နစက စခန်းအမှတ် (၂၁) မှ ဗိုလ်ကြီး ဇင်မောင်မောင်မြင့် သည် ဘူးသီးတောင် မြို့ နယ် ဖုံညိုလိပ်ကျေးရွာမှ ဦးအလီအမတ်၊ ဦးအယေရှာ၊ ဦးဇမာလ်ဟူစိန်းနှင့် ဦးဆီရာဇ် တို့ကိုဖမ်း ဆီး ခေါ်ဆောင် သွားခဲ့သည်။ အဆိုပါ ဖမ်းဆီးသွားသူ လေးဦးထံမှ ငွေကျပ် ၁၀ သိန်းယူ၍ ပြန် လည် လွှတ် ပေး ခဲ့သည်။ 
ထို့အပြင် ဘူးသီးတောင်မြို့နယ် ဦးလှဖေရွာ အခြေစိုက် နစကကင်းစခန်းမှ နစကတပ်ဖွဲ့ဝင်များသည် ဦးအဗ်ဒုလ္လာ (ဘ) ဦးမိုဟာမတ်ရှော်ဖီနှင့် ဦးနူရ်အစ္စလာမ် (ဘ) ဦးကာဒိရ်တို့ကို ဖမ်းဆီးခေါ်ဆောင် သွားပြီး၊ ၎င်းတို့နှစ်ဦးကို ငွေကျပ် ၅ သိန်းရမှသာ ပြန်လည်လွှတ်ပေးမည်ဟု မိသားစုဝင်များကို အကြောင်းကြား ထားကြောင်းသိရှိရပါသည်။ 
ဘူးသီးတောင်မြို့နယ်တွင် ဒုရဲအုပ်မြတ်ထွေးနှင့် ဗိုလ်ကြီးဇင်မောင်မောင်မြင့် တို့သည် ဒေသခံရိုဟင်ဂျာ များအား ယခုကဲ့သို့ အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်နေ သည်မှာ နေ့စဉ်နှင့် အမျှ ဖြစ်နေသော် လည်း နိုင် ငံတော်မှ ပြဌာန်းထားသော ဥပဒေများသည် ရိုဟင်ဂျာ လူမျိုးများအတွက် အသက်မ၀င် သကဲ့ သို့ ဖြစ် နေသောကြောင့် အာဏာပိုင် အဖွဲ့အစည်းများကို တိုင်ကြားလျှင်လည်း အရေးယူမှုမရှိသည့် အပြင် တိုင်ကြားသူအတွက် ကြီးမားသည့် အန္တရာယ် ရှိလာနိုင်သောကြောင့် ရဲနှင့်နစကတို့၏ မတရားသဖြင့် ညှင်းပန်းနှိပ်စက် ငွေညှစ်နေမှုများကို ခါးသီးစွာ ခံစားနေ ရကြောင်း ဒေသခံ များမှ ပြော ပါသည်။
RB News 
12.3.2013 
ရန်ကုန် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်မှ ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမို ကရေ စီ ရွေးကောက် ပွဲတွင် အမတ်ရွေးချယ် တင်မြှောက်ခံခဲ့ ရသည့် ဦးကျော်မင်း ခေါင်းဆောင်သော ဒီမို ကရေ စီ နှင့်လူ့ အခွင့် အရေးပါတီ (Democracy and Human Rights Party, DHRP) ကို နိုင်ငံရေး ပါတီ အဖြစ် ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မှတ်ပုံ တင်ခွင့်ပြု လိုက်ကြောင်း သတင်းရရှိပါသည်။ 
အဆိုပါ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးပါတီကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် မှတ်ပုံ တင် ခွင့် လျှောက် ထားခဲ့ခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီနှင့် လူ့အခွင့် အရေး ပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၆၃) ဖြစ် ပါသည်။ 
ဒီမိုကရေစီနှင့် လူ့အခွင့် အရေးပါတီကို ဦးဆောင်သည့် ဦးကျော်မင်းသည် အငြိမ်းစား လက်ထောက် ပညာရေးမှူး တစ်ဦးဖြစ်ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသား လူ့အခွင့် အရေး ဒီမိုကရက်တစ် ပါတီ (National Democratic Party for Human Rights, NDPH) ကို ကိုယ်စား  ပြုပြီး ၀င်ရောက် ယှဉ် ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲတွင် ရွေးချယ် တင်မြှောက်ခံ ခဲ့ရသူ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ပါဝင် ဦးစီးသည့် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မီတီ (CRPP) တွင် အဖွဲ့ဝင် တစ်ဦး ဖြစ်ခဲ့ပြီး နိုင်ငံတ ကာ အလုပ်သမား အဖွဲ့နှင့် ပြောဆိုမှုများ၊ ပြည်ထောင်စုနေ့ ကြေညာချက် ထုတ်ပြန်မှု များကြောင့် ၂၀၀၅ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ဖမ်းဆီးခံ ရပြီး ထောင်ဒဏ် (၄၇) နှစ်ချမှတ် ခံခဲ့ရသည်။ ၎င်းအပြင် မိသားစု ၀င်များ ကိုလည်း ဖမ်းဆီး၍ ထောင်ဒဏ် (၁၇) နှစ်စီ ချမှတ်ခဲ့သည်။ ထို့နောက် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ တွင် နိုင် ငံတော် သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက် လာပြီးနောက် ဒီမိုကရေစီ နှင့် လူ့အခွင့် အရေး ပါတီကို တည်ထောင်၍ မှတ်ပုံတင် ခွင့် လျှောက်ထား ခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ဒီမိုကရက်တစ် ပါတီ (NDPD) တို့ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင် ခဲ့သည်။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ လက်ရှိအာဏာရပါတီ ပြည်ခိုင်ဖြိုးပါတီမှ ရိုဟင်ဂျာ အမျိုးသားများ ဖြစ်ကြသည့် ဦးရွှေမောင်၊ ဦးအောင်ဇော်ဝင်းနှင့် ဦးဌေးဝင်းတို့ ပြည် ထောင်စု လွှတ်တော် အမတ်များ အဖြစ် ရွေးချယ်တင် မြှောက်ခံရပြီး၊ ဦးအောင်မျိုးမင်းနှင့် ဒေါက်တာ ဘရှီရ်အာဟမတ်တို့ နှစ်ဦးမှာ ပြည်နယ် လွှတ်တော် ကိုယ် စားလှယ်များ အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရသည်။ 
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ရုံးချုပ်ကို ရန်ကုန်တိုင်း ဒေသကြီး၊ တာမွေမြို့နယ်တွင် ဖွင့်လှစ်ထား ကြောင်း သိရှိရပါသည်။ 
မာတလိ 
RB News 
12.3.2013 
ဘူးသီးတောင် ။ ။ ယနေ့ (မတ်လ ၁၂ ရက်) နံနက် ၁၂း၃၀ (သန်းခေါင်ယံ) နာရီတွင် ဘူးသီးတောင် မြို့နယ်၊ သရက်ပြင် ကျေးရွာတွင် ရခိုင်အကြမ်းဖက် အဖွဲ့တစ်ဖွဲ့မှ ဒုတိယနှစ် တက္ကသိုလ် ကျောင်းသား ရိုဟင်ဂျာ လူငယ်တစ်ဦးကို လူမဆန်စွာ သတ်ဖြတ်ပြီး စိုင်းတင်ချောင်းထဲသို့ ပစ်ချလိုက်ကြောင်း သတင်း ရရှိပါသည်။ 
“သစ်တောဌာန ၀န်ထမ်းတစ်ဦး ဖြစ်တဲ့ ဦးအလီက သူရဲ့သားဖြစ်တဲ့ ဒုတိယနှစ် တက္ကသိုလ် ကျောင်း သား အီလီယာစ် (ခ) မောင်သန်းလှိုင်ကိုပါ ခေါ်ပြီး သရက်ပြင် ကျေးရွာမှာ ရှိတဲ့ သစ်တောကင်း စခန်း မှာ တာ ၀န်အရ ကင်းစောင့်နေတဲ့ အချိန်မှာ စိုင်းတင်ရေတံခွန် ဘက်ကနေ ရခိုင် အကြမ်းဖက် သမား (၁၂) ယောက်ဆင်းလာပြီး ၀င်ပြီးတိုက်ခိုက်တယ်။ အဲဒီမှာ ဦးအလီကတော့ ထွက်ပြေးလို့ လွတ် သွား ပေ မယ့် သားဖြစ်သူ အီလီယာစ်ကတော့ ရက်ရက်စက်စက် ဓါးနဲ့ ထိုးသတ်ခံရပြီး မသေမရှင်ဖြစ်နေတဲ့ အ ချိန်မှာ ခြေလက်တွေကို ကြိုးနဲ့တုပ်ပြီး စိုင်းတင် ချောင်းထဲကို ပစ်ချလိုက်တယ်” ဟု ဘူးသီးတောင် မြို့ နယ် ဒေသခံတစ်ဦးမှ RB News သို့ပြောပါသည်။ 
လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခံ လိုက်ရသည့် အီလီယာစ်၏ အလောင်းကို ယခုအချိန်ထိ ရှာဖွေ မတွေ့ရှိ သေးကြောင်း သိရပါသည်။ 
“ရခိုင် အကြမ်းဖက် သမား (၁၂) ယောက်ထဲမှာ မြို့နယ် လ၀ကဌာနက အောင်စံသိန်း၊ မြို့နယ် မြေ စာရင်း ဌာနက သန်းတင်၊ မြို့နယ် သစ်တောဌာနက လှထွန်း၊ တင်စိုး (ခ) သိန်းစိုးနဲ့ အောင်မြင့်၊ မြို့နယ် စိုက် ပျိုးရေး ဌာနက ဇာနည်အောင်နဲ့ နေလင်း၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဌာနက စံသိန်း နဲ့ အခြား အမည်မသိ လေးဦး တို့ပါဝင်ပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်ကတော့ လ၀ကဌာနက အောင်စံသိန်းပါ။” ဟုအဆိုပါ ဒေသခံမှ ဆက်လက်ပြောပါသည်။ 
ဘူးသီးတောင်မြို့နယ်တွင် ရိုဟင်ဂျာများအား တိုက်ခိုက်၍ လူမျိုးရေး ပြဿနာ ဖန်တီးနေသူများမှာ အဓိက အားဖြင့် ရခိုင်လူမျိုး အစိုးရ၀န်ထမ်းများဖြစ်သည်။ အဆိုပါ ၀န်ထမ်းများထဲတွင် လ၀ကဌာနမှ ၀န်ထမ်း များသည် အဆိုးရွားဆုံးဖြစ်ကြောင်း သိရပါသည်။ 
၂၀၁၂ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က ရိုဟင်ဂျာလူမျိုးများကို သန့်စင်ပစ်ရန် အ ချက်ပြပြီးနောက် ရခိုင်ပြည်နယ် အနှံ့တွင် ရခိုင်အကြမ်းဖက်များက မွတ်စလင်များကို တကွဲ တပြား တွေ့ ရှိလျှင် သတ်ဖြတ်၍ အလောင်း ဖျောက်ပစ်ခြင်းများ မကြာခဏ ပြုလုပ်လျက် ရှိသည်။ 
နိုင်ငံတော် အစိုးရမှ အဆိုပါ အကြမ်းဖက်သမားများကို အရေးမယူဘဲ လွတ်ပေးထားသဖြင့် ရိုဟင်ဂျာ မွတ်စလင်များ၏ အသက်အိုးအိမ် စည်းစိမ်တို့မှာ လုံခြုံမှုကင်းမဲ့လျက် ရှိသည်။ ထိုကဲ့သို့ မင်းမဲ့စရိုက် ဆန် ဆန် သတ်ဖြတ်လျက်ရှိသဖြင့် ဘူးသီးတောင်မြို့နယ်မှ မွတ်စလင်များ အထူးစိုးရိမ် ထိပ်လန့်လျက် ရှိကြောင်း သိရပါသည်။
RB News
12.3.2013
ရခိုင်သမိုင်းဆိုင်ရာ ဆွေးနွေးပွဲ တစ်ရပ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မတ်လ (၉) ရက်နေ့က ကျင်းပခဲ့ ပါသည်။ အဆိုပါ အခမ်းအနားကို ရိုဟင်ဂျာများကို ဖိတ်ကြားမပြုလုပ်ဘဲ တစ်ဖက် သတ်ပြု လုပ် ခဲ့ခြင်း ဖြစ် သည်။ သို့သော်လည်း ရန်ကုန်မြို့ရှိ ရိုဟင်ဂျာနိုင်ငံရေး ခေါင်းဆောင်များနှင့်အတူ သမိုင်း သုတေ သီတစ် ဦးဖြစ်သည့် ဦးဌေးလွင်ဦးလည်း မိမိတို့၏အစီအစဉ်ဖြင့် တက်ရောက်ခဲ့သည်။ 
ဦးဌေးလွင်ဦးမှ ရိုဟင်ဂျာဟူသည့် လူမျိုးအမည်သည် ၁၈ ရာစုမတိုင်မှီကတည်းက တည်ရှိခဲ့သည်ကို သက်သေပြနိုင် ခဲ့သော်လည်း ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်း အဆိုပါရိုဟင်ဂျာဆိုသည့် လူမျိုးအ မည်သည် ရခိုင်ဗုဒ္ဓဘာသာဝင်များကို ရည်ညွန်းသည်ဟု ရယ်မောဖွယ်ရာ ဟာသကြီးသဖွယ် ပြန်လည်ဖြေ ကြားခဲ့သည်။ 
Francis Buchanan-Hamilton ရေးသားခဲ့ရာတွင် မဟာမေဒင် (Mohammedans) များကို ရိုအင်ဂါဟုခေါ် သည်ဟု ယနေ့ရိုဟင်ဂျာလူမျိုးများ ပြောဆိုနေသည့် ဘာသာစကားကိုပင် ရေးသား၍ ဖော်ညွန်းထားပေ သည်။ 
ဦးဌေးလွင်ဦး၏ မေးမြန်းချက်များနှင့် ဒေါက်တာအေးချမ်း ဟာသသဖွယ် ဖြေကြားချက်များကို အောက်ပါ ဗီဒီယိုမှတ်တမ်းများတွင် ကြည့်ရှူနိုင်ပါသည်။ 
အပိုင်း (၁)
အပိုင်း (၂) 
မဇ္ဈိမ
11.3.2013
(မဇ္ဈိမ) ။ ။ ယခင် စစ်အစိုးရ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို သက်ဆိုင်သူများက တာဝန်ယူမှု ရှိလာစေရေး အတွက် မြန်မာနိုင်ငံ အနေဖြင့် ဆက်လက်ဆောင် ရွက်သင့်သော်လည်း၊ အရပ်သားအသွင် ကူးပြောင်း ထားသည့် လက်ရှိမြန်မာ အစိုးရက သာမက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အတိုက် အခံများကပါ ထိုကဲ့သို့ ဆောင်ရွက်ကြရန် ဆန္ဒမရှိဘဲ ဖြစ်နေကြ သည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့ အခွင့်အရေး အထူးကိုယ်စားလှယ် က သောကြာနေ့က ပြောကြား ခဲ့ကြောင်း ရိုက်တာ သတင်းဌာ န တွင် ဖော်ပြထားသည်။
ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် တောမတ်စ် အိုဟေးကင် တားနားက ပြောကြား ခဲ့ခြင်းဖြစ်ပြီး သူက ဆယ်နှစ်ပေါင်းများစွာ လူ့အခွင့်အရေး ချိုးဖောက်ခြင်းခံ ခဲ့ရသည့်ဒဏ်များကို ကုစားရန် နှင့်  ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ် များ ခိုင်မာရေးအတွက် တာဝန် ခံဖြေရှင်းမှု ရှိရေးမှာ အလွန် အရေးကြီး လှသည်ဟု ဆိုသည်။
ယခင် စစ်အစိုးရသည် ၄င်းတို့ မတရားအုပ်ချုပ်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ် မှု၊ မုဒိမ်းမှု၊ အဓမ္မ ခိုင်းစေမှုစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အလွန်ဆိုးရွားစွာ ကျူး လွန်ခဲ့ကြသည်ဟု စွပ်စွဲခြင်းခံခဲ့ရကာ၊ အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက် မှုများ ပိုမိုပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။
နောက်တပတ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ အစီရင်ခံစာ တစောင် တင်သွင်းမည်ဖြစ်သည့် ကင်တားနားက “လက်တွေ့ အခြေအနေကို ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ဒီကိစ္စဟာ ဘယ်အုပ် စု ရဲ့ လုပ်ငန်းစဉ်ထဲမှာမှ မပါဘဲ ဖြစ်နေတယ်။ လက်ရှိ အစိုးရရဲ့ လုပ်ငန်းစဉ်ထဲမှာလည်း မပါသလို တခြား အတိုက်အခံ ပါတီတွေရဲ့ လုပ်ငန်းစဉ်ထဲမှာလည်း မပါပါဘူး။ တိုင်းရင်းသား လူနည်းစု အဖွဲ့တွေရဲ့ လုပ် ငန်းစဉ်တွေ ထဲမှာလည်း မပါပါဘူး” ဟု ဆိုခဲ့သည်။
O'Laie Manzu 
11.3.2013
ဗုဒ္ဓဘာသာ၏ ငြိမ်းချမ်းမှုတရားမှ စစ်သွေးကြွအသွင်သို့ 
ဘာသာတိုင်းတွင် ဂိုဏ်းကွဲ လှိုင်းခွဲ များစွာရှိသည်။ ခရစ်ယာန်တွင် ကက်သလစ်နှင့် ပရိုတက်စတန့်၊ အစ္စလာမ်တွင် ဆွန်နီနှင့် ရှိအာ၊ ဗုဒ္ဓဘာသာတွင် မဟာယာန၊ ဟီနယာန အစရှိသဖြင့် ကွဲပြားကြသည်။ ထိုမှတဆင့် ခေတ်ကာလ အလိုက်၊ နေရာဒေသ အလိုက် အယူဝါဒများ၊ ဂိုဏ်းကွဲများထပ်မံကွဲပြား ကြသည်။ ဂိုဏ်းဂဏတစ်ခု၏ လုပ်ဆောင်ချက်များသည် ဘာသာတစ်ခုလုံးနှင့် သက်ဆိုင်မှု မရှိသော် လည်း အနည်းနှင့် အများဆိုသလိုပင် ဘာသာတစ်ခု လုံးအပေါ်တွင် ထင်ဟပ်လေ့ရှိသည်။ အရှေ့ အလယ်ပိုင်းမှ အစ္စလာမ် ဘာသာရေး အစွန်းရောက်များနှင့် စစ်သွေးကြွများကြောင့် ငြိမ်းချမ်းရေးအား ဦးထိပ် ထားသည့် အစ္စလာမ် သာသနာအပေါ်တွင် အမည်းစက်များ စွန်းထင်ရသည်။ ထိုနည်းတူစွာပင် လက်ရှိ မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာ စစ်သွေးကြွအသွင် ကူးပြောင်းလာနေသော အစ္စလာမ်ဆန့်ကျင်ရေး ဗုဒ္ဓဘာသာ အစွန်းရောက် များ၏ လုပ်ရပ်များသည်လည်း ဗုဒ္ဓဘာသာပုံရိပ်အား ထိပါးလာမည်ဖြစ်သည်။ အစွန်းအထင်းများ အဖြစ်သာ ကျန်ရစ်ခဲ့မည်ဖြစ်သည်။ 
မုန်းသန္ဓေပျိုးရေလောင်း 
မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်း လာသည်နှင့်အတူ လူ့အခွင့်အရေးနှင့် တန်းတူညီမျှမှု ဆိုသည့် အယူဝါဒ သည်လည်း ဒွန်တွဲပါလာသည်။ သို့သော် အချို့သော လူမျိုးရေး၊ ဘာသာရေး အ စွန်းရောက် များသည် မြန်မာပြည် အတွင်း ရာစုနှစ်ပေါင်း များစွာ နေထိုင်ကြသောမြန်မာမွတ်စလင် များ အား လူ့ အခွင့်အရေးနှင့် တန်းတူညီမျှရေး အသိအမှတ် မပြုလိုကြပေ။ အရှေ့အလယ်ပိုင်းမှ အစ္စလာမ် ဘာ သာရေး အစွန်းရောက်များ၏ လုပ်ရပ်များအား လက်ညိုးထိုးကာ ငြိမ်း ချမ်းစွာ နေထိုင်ကြ သည့် မြန် မာ မွတ်စလင်များအား ရာသက်ပန် ခွဲခြားဆက်ဆံရန်၊ ဖိနှိပ်ချုပ်ချယ်ရန်နှင့် အခွင့်အရေးများ ပိတ် ပင်တား ဆီးရန် လုပ်ဆောင်နေကြသည်။ မြန်မာမွတ်စလင် များအား နိုင်ငံခြားသား များ၊ကျူးကျော် ဝင်ရောက် လာ သူများ၊ ကုလားများ ဟု တံဆိပ်အမျိုးမျိုး ကပ်ကြ သည်။ နိုင်ငံတော် အတွက် ကောင်း ကျိုး ပြု ခဲ့သည့် သမိုင်း အစဉ်အလာအား ဖုံးကွယ်ကြ သည်။ ခေတ်အဆက်ဆက်တွင် သန္ဓေချထားခဲ့သည့် အစ္စလာမ် မုန်း တီးရေး စိတ်ဓါတ်အား နှိုးကြွလာရန် လှုပ်ဆော်ကြသည်။ 
အစ္စလာမ် ဆန့်ကျင်ရေးသည် ရိုဟင်ဂျာလူမျိုးတို့အား နှိပ်ကွပ်ရာမှ အရှိုန်မြင့်လာစေခဲ့သည်။ ရခိုင်အမျိုး သားရေး အစွန်းရောက်များမှ မေယုဒေသတွင် မျိုးရိုးစဉ် ဆက်အလိုက် နေထိုင်ကြသည့် အစ္စလာမ် ဘာ သာဝင် ရိုဟင်ဂျာလူမျိုးများအား သုပ်သင်ရှင်းလင်းရန် အဓိကရုဏ်းများ ဖန်တီးခဲ့သည်။ ညှင်းပန်း သတ်ဖြတ် ကြသည်။ နေအိမ်များအား မီးရှို့ဖြတ်ဆီးကြသည်။ သို့သော် ဗုဒ္ဓဘာသာဝင်များ အကြားတွင် အစ္စလာမ် ဘာသာဝင်များ ကျူးကျော်စော်ကားနေသည့် သဖွယ်သတင်း မှားဖြင့်ဝါဒဖြန့်ကြ သည်။ မြန် မာနိုင်ငံအနှံ့သို့ ကူးဆက် လာစေခဲ့သည်။ 
ကာကွယ်ခြင်းအမည်ခံ ဘာသာရေးစော်ကားမှု 
မြန်မာနိုင်ငံရှိ အစ္စလာမ် ဘာသာဝင်များ သည် စော်ကားမှုလည်း မပြု။ကျူးကျော်မှုလည်းမရှိ။ မိမိ တို့၏ မွေးရပ် ဇာတိမြေ တွင် ငြိမ်းချမ်းစွာနေ ထိုင်ကြသူ များဖြစ်သည်။ အင်္ဂလိပ်ခေတ် အ တွင်း ပြောင်းရွေ့ ရောက် ရှိ လာကြသော အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် မှ မျိုးနွယ်ဝင်များရှိ သကဲ့  သို့ ပရူး၊ ပသီ၊ ပန်းသေး၊ ကမန်းနှင့် ရိုဟင်ဂျာကဲ့သို့ ရာစုနှစ်ပေါင်းများစွာ မျိုးရိုးစဉ်ဆက် အလိုက် နေထိုင် လာကြ သည့် မြန်မာ လူမျိုးစုများ လည်းရှိသည်။ နိုင်ငံတော်အား သစ္စာရှိကြ သည်။ ကောင်း ကျိုးပြုကြ သည်။ သို့သော် ကျူးကျော်ဝင်ရောက် လာသူအစ္စလာမ် သာဘာဝင်များ ၏ ရန်မှကာကွယ်ရန် လိုအပ်သည် ဟု ကြွေး ကြော်နှိုးဆော်ကြ သည်။ အမျိုးဘာသာ သာသာသနာ ကာကွယ်ကြရန် တိုက်တွန်းကြ သည်။ ကာ ကွယ်ဖို့ရာ ရန် မရှိ ရန်ရှာကြသည်။ သွေးဆူမီး တိုက်ကြသည်။ လက်တွေ့တွင် ကာကွယ်ခြင်း မဟုတ်။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်အား အလွဲသုံး စားပြုကာ ဘာသာရေး စော်ကားမှုကိုသာ ဦး တည်နေ သည်။ သီးခံနိုင် မှု၏ အတိုင်းအတာလွန်အောင် တစ်ဆင့်ထက်တစ်ဆင့်တိုးမြှင့် စော်ကား လာကြသည်။ 
အစ္စလာမ်သာသနာဝင်များ သက်ဝင်ယုံကြည်သည့် ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်အား လူသိ ရှင်ကြား ပေါ်ပေါ်ထင်ထင် ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာကြသည်။ အစ္စလာမ်သာသနာအား သယ်ဆောင် လာပေးသည့် တမန်တော်မြတ် မိုဟမ္မဒ် (ဆွလ္လာဟို အလိုင်းဟေဝဆလာမ်) သခင်အား ရုပ်ပြောင် ကာတွန်း များ ရေးဆွဲကြသည်။ မြိုင်ရည်ရှိုက်ရည် ဟားတိုက်ရယ်မောကြသည်။ ကိုရ်အာန်ကျမ်းစာ၏ သွန်သင် မှုများအား လိုရာဆွဲကာ အမှားမှား အယွင်းယွင်းဖော်ပြ ရှုံ့ချကြသည်။ ဤကဲ့သို့ ဘာ သာရေးစော်ကား မှုများပြုလုပ်နေခြင်းသည် မြန်မာမွတ်စလင်တို့၏ တုန့်ပြန်မှုကို လှုပ်ဆော်နေကြခြင်း သာဖြစ် သည်။ ပြဿနာအား ဖန်တီးနေကြသည်။ ကမ္ဘာအရပ်ရပ်တွင် တမန်တော်မြတ်၏ ရုပ်ပြောင် ပုံစံ များကြောင့် ကမ္ဘာအနှံရှိ အစ္စလာမ်သာသနာဝင်များ တုန့်ပြန်ကြ သကဲ့သို့ မြန်မာ မွတ်စလင်များ အား လည်း ထိုနည်းတူစွာ ပြန်လည် တုန့်ပြန်ကြရန် မြူဆွယ်နေကြသည်။ သို့သော် မြန်မာနိုင်ငံတွင် ဗလီ ဝတ်ကျောင်းတော်ပေါင်းများစွာ ဖျတ်ဆီးခြင်းခံရသော်လည်း မြန်မာမွတ်စလင်တို့အဖို့ ကျူးကျော်စော်ကား မှုမပြု။ ယနေ့ ထက်ထိတိုင် ငြိမ်ချမ်းစွာနေထိုင်ကြသည်။ ငြိမ်းချမ်းစွာဖြေရှင်းကြသည်။ 
စည်းရုံးရေးဗျူဟာ 
မြန်မာမွတ်စလင်များမှ အန္တရာယ်ပြု ကျူးကျော်စော်ကားခြင်းမရှိသောကြောင့် အရှေ့အလယ်ပိုင်းရှိ ဘာသာရေး အစွန်းရောက် အကြမ်းဖက်သမားများ၏ သွေးသံတရဲရဲဖြင့် သတ်ဖြတ်နေပုံများအား အစား ထိုးဖော်ပြကြသည်။ ခေါင်းမှီးခြုံ အစ္စလာမ် အယောင်ဆောင်အမျိုးသမီးများ၏ ရုပ်သံဖိုင်တွဲများ လွင့်တင်ကာ အလ္လာဟ်အရှင်အမြတ်အား ဖင်လှန်ရှင့်ခိုး ဖင်ပူဇော်သည်ဟု ရိုင်းစိုင်းစွာ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ကြ သည်။ ဗမာ အမျိုး သမီးများနှင့် အိမ်ထောင်ပြုကာ ကျွန်ပြုနေ ကြကြောင်း၊ အကြမ်းဖက် မှုအတွက် လူအင်အား စုနေကြကြောင်း၊ ဘာသာရေး ခေါင်းဆောင်များ ရှယ်ရီအသ် ဥပဒေသုံး ၍ သေ ဒဏ်ပေးနေကြကြောင်း၊ ဗလီကျောင်း များတွင် မြေအောက် လှိုင်ဂူများ တည်ဆောက် နေကြကြောင်း အ စ္စလာမ် ဘာသာအား ရွံ့ ရှာမုန်း တီးစေရန် လုပ်ကြံဝါဒဖြန့်ကြသည်။ 
အချို့သော အင်တာနက် စာမျက်နှာများ၊ သတင်းမီဒီယာများ၊ ဖေ့စ်ဘွုခ်အသုံးပြုသူများ၊ သတင်းဖြန့် ဝေ သူများမှ ဘာသာရေး အမုန်းပွားစေရန် အတွက် နေ့စဉ်နှင့်အမျှ အစဉ်တစိုက် လှုံ့ဆော် လျှက်ရှိသည်။ ဘုန်း ကြီးကျောင်းများတွင် အစည်းအဝေး များပြုလုပ်ကာ အစ္စလာမ် ဆန့်ကျင်ရေး စိတ်ဓါတ်မြှင့်မားစေသည့် လုပ်ဆောင်ချက် ရုပ်သံဖိုင်တွဲများ အားလည်း မျှဝေကြသည်။ အစ္စလာမ် ဆန့်ကျင်ရေး စာအုပ်များ၊ လက် ကမ်းစာစောင်များ၊ ကြေညာချက်များအား လူအများ လက်ထဲရောက်ရှိ စေရန်အတွက် လူအသွား အလာ များသည့်နေရာ များတွင် လိုက်လှံဝေငှာနေ သည်များအားလည်း ထင်ထင်ပေါ်ပေါ် ဝေငှစည်းရုံးနေကြ သည်။ တားဆီး မည့်သူမရှိ၊ ပိတ်ပင်မည့် သူမရှိ၊ ပြင်ဆင် ဖြေရှင်းပေး မည်သူမ ရှိ။ နိုင်ငံရေး သမား၊ တော် လှန်ရေးသမား များမှလည်း သတိပြုမိ ဟန်မတူ။ သို့မဟုတ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး မှာ မြန်မာ မွတ်စလင်များ အတွက် မပါဟု မှတ်ယူထား လေသလားမသိ။ 
အစွန်းရောက်မှတဆင့် စစ်သွေးကြွဆီသို့ 
အစ္စလာမ်ဆန့်ကျင်ရေး အရှိုင်အဝါကြီးထွားလာပြီး ၇၈၆ အားတိုက်ဖြတ်ရန် ဟုဆိုကာ ၉၆၉ ပေါ်ထွက် လာသည်။ ၇၈၆ ဆိုသည်မှာ “အနန္တ ကရုဏာတော်ရှင်ဖြစ်တော်မူထသော အလ္လာဟ်အရှင်မြတ်၏ နာ မတော်ဖြင့် အစပြုပါ၏” ဟူသော အဖွင့်နိဒါန်း အား အာရဗီဘာသာစကား အက္ခရာတစ်ခု ချင်းစီနှင့် သက် ဆိုင်သည့် ကိန်းကဏ္ဍန်းများပေါင်းစပ်ထားသော နံပါတ်တစ်ခုဖြစ်သည်။ အတိုကောက်ရေး သည့် သဘောဖြင့်ပြီး အမြတ်တနိုးထားကြသည်။ ရန်လိုသောအသွင်မပါ။ သို့သော် အချို့သော ဗုဒ္ဓဘာသာ အစွန်းရောက် များမှ မည်သို့အဓိပ္ပါယ်ကောက်ယူသည်မသိ။ နိုင်နှင်းချေမှုန်း လိုသည်။ ထို့ကြောင့် ဘုရား ဂုဏ်တော်ကိုးပါ၊ တရားဂုဏ်တော် ခြောက်ပါး၊ သံဃာဂုဏ်တော် ကိုးပါးအား အစွဲပြု၍ ၉၆၉ ဟု တီထွင်ကာ အစ္စလာမ် ဆန့်ကျင်ရေး အမှတ်တံဆိပ်အဖြစ်သုံးဆွဲလာသည်။ သဘောတရား ချင်းလည်းမတူ။ အနှစ် သာရ ချင်းလည်းမတူ။ ၉၆၉ အား အသုံးပြု၍ လူပေါင်းများ စွာသေကြေပျက်စီးမည့် ဘာသာရေး အဓိကရုဏ်းအား ဖန်တီးရန် ကြံရွယ်လှုံ့ဆော်နေခြင်းသည် ဘုရားတရားသံဃာ အမည်ခံ၍ အကု သိုလ် ပြုနေကြခြင်း ထက် မပိုပေ။ 
ဤသည်ကို အမြော်အမြင် ကျဉ်းမြောင်းလှသည့် အချို့သော ဗုဒ္ဓဘာသာ အစွန်းရောက် သမားများသည် ဗုဒ္ဓဘာသာ၏ သွန်သင်ဆုံးမမှုများမှ သွေဖီခွဲထွက် လာသော ယင်းဘာသာရေး အစွန်းရောက် ဂိုဏ်းခွဲအား လက်ခံ အားပေးကြသည်။ သံဃာတော်များ ကိုယ်နှိုက်ပင်လျင် ဦးဆောင်နေ သည်ကိုလည်း အံ့သြ စွာတွေမြင့် ရသည်။ အမျိုးဘာသာ သာသနာအား ကာကွယ်ရန်အမည်ခံကာ အစ္စလာမ် ဘာ သာ အား စော်ကားလာရာမှ အစွန်းရောက်များ၏ အမုန်းမှိုင်းနှင့်အတူ ကိုယ်ထိ လက်ရောက် စော် ကားမှုများ၊ အကြမ်း ဖက်မှု များဖြစ်ပေါ်စေ ရန် ဖန် တီးနေ သည့် အသွင်သို့ ကူးပြောင်းလာမည်။ ၎င်းတို့ ၏ လှုပ်ရှား မှုမှာ လည်း ဆက် လက်ကြီး ထွားလာနေမည်ဖြစ်သည်။ငြိမ်းချမ်းမှုအား ပြိုပျက်စေမည့်လမ်းကြောင်းပေါ်သို့ ဗုဒ္ဓ ဘာ သာ အမည်ခံသည့် စစ်သွေးကြွ များပေါ်ထွက်လာနေကြောင်းနှင့် ဗုဒ္ဓမြတ်စွာ ဘု ရား ၏ အမည် နာ မ အား အာ ဂုဏ်ဆောင်ကာ မြန်မာ မွတ်စလင်တို့၏ အသက်အိုးအိမ်စည်းစိမ်အား ဖျက် ဆီးကြမည့် အခြေ အနေ သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း မျှော်မှန်း သုံးသပ်မိပါသည်။ ထို့ကြောင့် အချိန် မနှောင်းမီ သက်ဆိုင် ရာအာဏာပိုင်များ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် အမြော်အမြင်ရှိ သည့် နိုင်ငံရေး အဖွဲ့အ စည်းခေါင်းဆောင်များဦးဆောင်ကာ ဘာသာရေး စော်ကားမှုများ၊ လူမျိုးရေး ခွဲခြား မှု များအား ပဒေဘောင် အတွင်းမှ တားမြစ်သင့် ပြီဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။ 
(ဆောင်းပါးရှင်၏အာဘော်သာဖြစ်ပါသည်) 
RB News 
10.3.2013 
ရန်ကုန် ။ ။ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ လူမျိုးများသည် ၁၈ ရာစုမတိုင်မှီကတည်းက ရှိ ခဲ့ ကြောင်းကို ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦး ရွှေမောင် မှ နိုင်ငံခြားသတင်းဌာ နနှစ်ခုနှင့်တွေ့ဆုံ၍ ရန်ကုန်မြို့ရှိ ၎င်း၏ ရုံးခန်းတွင်  ပြောကြား ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 
ယမန်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်ကျင်းပသော ရခိုင်သမိုင်း ဆိုင်ရာဆွေးနွေးပွဲ တစ်ရပ်တွင် ရခိုင်သမိုင်း ပညာရှင် တစ်ဦးဖြစ်သည့် ဒေါက်တာအေးချမ်းမှ သမိုင်း သုတေသီ ဦးဌေးလွင်ဦး၏ မေးခွန်း တစ်ရပ်ကို ရယ်မောဖွယ်ရာ သဖွယ်ဖြေ ကြားခဲ့သည်။ ၁၇၉၉ တွင်မှတ်တမ်း ပြုစုခဲ့သည့် Francis Buchanan-Hamilton ၏ မှတ်တမ်းတွင် အာရ်ကာန်ဒေသ တွင်နေထိုင်သော မဟာမေဒင် (Mohammedans) များသည် ရိုအင်ဂါများ ဖြစ်သည်ဟု ရေးသားထားသည်ကို ဒေါက်တာအေးချမ်းမှ ရခိုင်များကို ရည်ညွန်း၍ ရေးသား ထားကြောင်း ဦးဌေးလွင်ဦးအား ဖြေကြားခဲ့သည်။ မဟာမေဒင်များ သည် ဗုဒ္ဓဘာသာဝင်များ မဟုတ်သည်ကို မေးခွန်း ထုတ်ရန် မလိုသည့်အပြင် Buchanan ၏ မှတ်တမ်း တွင် မှတ်တမ်း တင်ထားသည့် ဘာသာ စကားမှာလည်း ယနေ့ ရိုဟင်ဂျာ လူမျိုးများပြော ဆိုနေသည့်ဘာ သာ စကား သာဖြစ် ပါသည်။ 
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်မှ စင်ကာပူနိုင်ငံတွင် အခြေစိုက်သည့် ကမ္ဘာ့နာမည်ကြီး သတင်း ဌာနတစ်ခု ဖြစ်သည့် The Economist မှ အရှေ့တောင် အာရှသတင်းထောက် Dr. Richard Cockett နှင့်ယနေ့ နှစ်နာရီကြာ အင်တာဗျူးတွင် အာရ်ကာန်ဒေသ၏  မဟာမင်းကြီး တစ်ဦး  ဖြစ်ခဲ့သည့် Mr Chales Paton ၏ ၁၈၂၆ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ တွင်ရေးသားခဲ့ သည့်မှတ်တမ်း၌ အာရ်ကာန်ဒေ သ တွင် မော့ဂ် (ရခိုင်) ၆၀၀၀၀၊ မွတ်စလင် (ရိုဟင်ဂျာ) ၃၀၀၀၀ နှင့်မြန်မာလူမျိုး ၁၀၀၀၀ တို့ ဗြိတိသျှ ကိုလိုနီ မတိုင်မှီရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေဆိုင်ရာကိစ္စများ၊ ရခိုင်ပြည်နယ် တွင်ဖြစ်ပွား ခဲ့သည့် အကြမ်း ဖက်မှုများနှင့် ရိုဟင်ဂျာသမိုင်း ဆိုင်ရာများကို အကျယ်တ၀န့် ပြောကြား ခဲ့ကြောင်း သိရှိရပါသည်။ 
ထို့အပြင် ဟောင်ကောင်နိုင်ငံ အခြေစိုက် သြစတြီးယားနိုင်ငံ သတင်းဌာန တစ်ခုဖြစ်သည့် The Vienna Daily မှ အရှေ့တောင်အာရှ သတင်းထောက် Mr Patrick Boehler နှင့်လည်း တစ်နာရီခွဲကြာ အင်တာ ဗျူးတွင် ရခိုင်ပြည်နယ် တွင်း အကြမ်းဖက် မှုများ၊မြန်မာ နိုင်ငံပြုပြင်ပြောင်းလဲနေမှု အခြေအနေ တို့ ကို ပြော ကြား ခဲ့ကြောင်း ၎င်း၏ ကိုယ်ပိုင်ဖေ့ဘုတ် စာမျက်နှာတွင် ရေးသားထားပါသည်။
M.S. Anwar 
RB News 
10.3.2013 
မောင်တော ။ ။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၂ နာရီခန့်တွင် နစက တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ် တပ်နှင့် ရခိုင် အစွန်းရောက် အချို့ ပူးပေါင်း၍  မောင်တောမြို့ နယ်၊ ရွှေဇားရွာရှိ ရိုဟင်ဂျာ လူမျိုးများ ၏ နေအိမ်နှစ် အိမ်ကို ၀င်ရောက် စီးနင်း  ခဲ့ကြောင်း သတင်း ရရှိပါ သည်။ ထို့အပြင် ၀င်ရောက် စီးနင်း၍ လုယက် ခံ ရသော မိသား စုနှစ်စု မှ ပထမ မိသားစု အား ဖမ်းဆီး၍ နစကနယ်မြေ(၆) လက်အောက်ခံ စခန်းအမှတ်(၁၄) တွင် ချုပ်နှောင် ထားကြောင်း သိရှိရ ပါသည်။ 
“ဒီနေ့နံနက် ၂ နာရီလောက်မှာ၊ နစက၊ ရဲနဲ့ စစ်တပ်က ရခိုင်အစွန်းရောက်တွေနဲ့ ပူးပေါင်း ပြီးတော့ ရွှေဇား ကျေးရွာအုပ်စု၊ ဂူးနားဖာရာရွာမှာ ရှိတဲ့ ဦးအဘူရှာဒါ (အသက် ၆၀ နှစ်ခန့်) နဲ့ သူရဲ့ ယောက်ဖ ဦးရမ်ဇမ် အလီ (အသက် ၃၆ နှစ်) တို့ရဲ့ အိမ်တွေကို ဖောက်ပြီး ၀င်တယ်။ ပထမ အိမ်မှာ ဦးအဘူရှာဒါနဲ့ သူ့ရဲ့ မိန်းမ၊ သမီးတို့ကို အော်ပြီး ပတ်ဝန်းကျင်ကို အကူအညီ တောင်းဖို့ ကြိုးစားတော့ ဦးအဘူရှာဒါ ရဲ့ နောက်ကျောကို ဓါးနဲ့ ထိုးတယ်။ ပြီးတော့ သူ့ရဲ့မိန်းမနဲ့ သမီးရဲ့ ခေါင်းကို ဓါးနဲ့ထိုးလိုက်တော့ သွေးထွက်ရင်း တန်းလန်းနဲ့ သ တိ လစ်သွား ကြတယ်။ 
အဲဒီနောက် ငွေကျပ် ၁၀ သိန်းနဲ့ရွှေ ၁၅ ကျပ်သားလောက်လု ယူသွားခဲ့တယ်။ အဲဒီ မိသားစုမှာ အားလုံး ၁၁ ယောက်ရှိ တယ်။ အားလုံးကို အကြောင်းပြချက်ဘာမှ မပေးဘဲ ဖမ်းသွားပြီးတော့ အခု နစကနယ်မြေ (၆) လက်အောက်ခံ စခန်း အမှတ် (၁၄) မှာချုပ်ထားတယ်။ တချိန်ထဲမှာဘဲ ဦးအဘူရှာဒါ ရဲ့ယောက် ဖ ဖြစ်တဲ့ ဦးရမ်ဇမ်အလီရဲ့ အိမ်ကိုလည်း ၀င်ပြီး ငွေကျပ် ၅ သိန်းနဲ့ ငွေ ၇ ကျပ်သားလောက်လု ယူသွားခဲ့ တယ်” ဟုဒေသခံ ရိုဟင်ဂျာ တစ်ဦးမှ ပြောပါသည်။ 
“ကျွန်တော်တို့ ရဲ့  နေအိမ်တွေကို ရခိုင်အစွန်းရောက် တွေက သြဇာ အာဏာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ လာ ပြီး လုယက်ရင် ဘာမှလုပ် လို့မရဘူး။ ကျွန်တော်တို့ရဲ့ အသက်၊ သိက္ခာနဲ့ ပိုင်ဆိုင်မှုတွေကို မကာကွယ်နိုင် ဘူး။ လူပုံသဏ္ဍန်နဲ့ လူယုတ်မာတွေရဲ့ လက်ထဲမှာ ကျွန်တော်တို့ရဲ့ အနာဂတ်က ဘယ်လိုဖြစ် မယ်ဆိုတာ ကျွန်တော်တို့ မသိဘူး” ဟုအဆိုပါ ဒေသခံ မှပြောပါသည်။
RB News
10.3.2013
၂၀၁၃ ခု မတ်လ ၉ ရက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟီဓော တက္ကသိုလ်မှာ ခေတ်သစ် ရခိုင်သမိုင်းကို စရေးတဲ့နေ့လို့ ခံစားလိုက်ရပါတယ်။ ထိုင်းနိုင်ငံရောက် ရခိုင် အမျိုးသားများက ကမကထ လုပ်ပြီး ရခိုင် သမိုင်းကို ရေးနိုင်ဘို့ စီစဉ်ခဲ့ ပါတယ်။ ရခိုင် အမျိုးသားများ စီစဉ်ခဲ့ပေမယ့်-၊ ရိုဟင်ဂျာ များကိုတော့ ဖိတ်ကြား ခြင်း မရှိခဲ့ပါ။ ဒါပေမယ့်- ဘန်ကောက်ကို ကျွန်တော်ရောက်ပြီး- အခမ်းအနား စီစဉ်သူကို ကြည့်တော့ ကျွန်တော့ မိတ်ဆွေ အရင်းထက် ပိုပြီး သံယောဇဉ် ရှိတဲ့ ကိုကျော်သောင်း ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်နေ ပါတယ်။ ကျွန်တော်လည်း ဖိတ်စာပါ ဖုံးနဲ့ ဆက်သွယ် လိုက်ပါတယ်။ ကိုကျော်သောင်းက အလုပ်များနေပြီး ဖုံးမ ကိုင်ဖြစ်ပါ။- ကိုဇော်မင်းထွန်းက ဖုံး ကိုင်ပါတယ်။ ကျွန်တော် ကိုဌေးလွင်ဦး ဖြစ်ကြောင်း အခမ်းအနားကို တက်ရောက်ချ င်ကြောင်း အကြောင်း ကြား ခဲ့ပါတယ်။ 
ကိုဇော်မင်းထွန်းတို့ တိုင်ပင်ပြီး ကျွန်တော်နဲ့ နောက်ထပ် ရိုဟင်ဂျာ အမျိုးသားရေး လှုပ်ရှားသူ သုံးဦး တက် ရောက်ခွင့် ရခဲ့ပါတယ်။ ဒီပွဲမှာ တစ်ဘက် တစ်ဘက် ဆက်ဆံရေး တန့်နေတဲ့ ရခိုင်နဲ့ ရိုဟင်ဂျာတို့ ထိပ်တိုက် တိုး မလား၊ သို့မဟုတ် ကျွန်တော်နဲ့ ဆရာဒေါက်တာအေးချမ်း ထိပ်တိုက်တိုးမလား- ဆိုပြီး တက် ရောက် သူများရဲ့ မျက်နှာများ နည်းနည်း အသက်မဲ့ နေခဲ့ပါတယ်။ 
အပြောင်းအလဲက မြန်ဆန် လွန်းလှပါတယ်။ နာရီဝက်လောက် အတွင်းမှာ တစ်ဘက်နဲ့တစ်ဘက် ရန်လို သူတွေ မဟုတ်ဘူး ဆိုတာကို နွေးထွေးစွာ ခံစားမိလာခဲ့တယ်။ တစ်ယောက်-တစ်ယောက် ပြုံးပြချင် လာကြ တယ်၊ မျက်နှာက ရပ်တန့် မာကြောနေတဲ့ အရေပြာတွေပြား ပြေလျှော့ လာခဲ့ပါတယ်။ အခမ်း အ နား မှာ ပထမဆုံး စကား ပြောသူက ဂျက်လိုင်ဒါ ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး- သူ့ဘက်က ပဋိပက္ခ သဘော တ ရား များကို ရှောင်ကြဉ်ပြောဆိုသွား ခဲ့ပါတယ်။ ပြီးတော့ မေးလိုရာများကို စာရေးပြီး မေး ခဲ့ ရပါ တယ်။ ဒုတိယမြောက် ပုဂ္ဂိုလ် စတီဗင် ဆိုတဲ့ စကော် လာ တစ်ဦးဖြစ်ပြီး သူ့ဘက် ကလည်း ပဋိပ က္ခ ဖြစ်စေမယ့် အရာများကို ရှောင် ဖယ်ပြောဆိုခဲ့ပါတယ်။ သူ အလှည့် ပြီးတော့ လည်း မေးလိုရာများကို စာရေးမေး ခဲ့ရ ပါတယ်။ 
နောက်ဆုံး စကားပြောတဲ့ ပုဂ္ဂိုလ်ကတော့ ဆရာ ဒေါက်တာ အေးချမ်းဖြစ်ပါတယ်။ အပွင့်လင်း ဆုံးပြော ရ ရင် ကျွန်တော်တို့ တွေးထင်ထား သလောက် သဘောထား တင်းမာသူ မဟုတ်ဘဲ-၊ သူသိရာကို သူ့ဘက် က ပွင့် ပွင့် လင်းလင်း ၀ုန်းဝုန်း ဒိုင်းဒိုင်းပြောတတ် သူဖြစ်ကြောင်း စတင် ခံစားမိပါတယ်-၊ သူသိထားတာ ဆိုတော့ ထုံးစံ အတိုင်း “ရိုဟင်ဂျာ” ဆိုတာ မရှိဘူးပေါ့၊ “ရိုဟင်ဂျာ” ဆိုတဲ့ စကားလုံးကို ၁၉၅၁ ခုနောက် ပိုင်း မှ မစ္စတာ ဂဖားရ်က ဖန်တီးခဲ့တာ ဖြစ်ကြောင်း ရှင်းလင်း ပါတယ်။ ဆရာ စကားပြောပြီးတဲ့ အချိန်မှာ ဆရာ့ ကို မေးခွန်းတွေ မေးပါတယ်-၊ ဒီမေးခွန်းမေးတဲ့ အထဲမှာ ကျွန်တော်လည်း ပါဝင်ခဲ့ပါတယ်။ ကျွန် တော့မေး ခွန်း မတိုင်မှီ- ရဟန်း တစ်ပါးက ကုလားတန်မြစ် ဆိုတာ ဘယ်လို အမည်တွင် လာ သ လဲ မေး တဲ့မေးခွန်းကို - ဆရာက သူဒီသမိုင်းကို မသိကြောင်း၊ ကစ္စပနဒီ ဆိုတဲ့ အမည်ကိုပဲ သိကြောင်း- သူ မသိ တာကို မသိကြောင်း ပြောဆိုရဲတဲ့ သတ္တိကို တွေ့ လိုက်ရပါတယ်။ ဒီအချိန်ထိ ကျွန်တော့မေး ခွန်း ကို ဖြေမယ် မဖြေမယ် မသိသေးပါ။ သို့သော် သူမသိတာကို မသိ ဘူးပြောရဲတဲ့ သတ္တိ ကို တွေ့လိုက်ရလို့ ကျွန်တော် ဆရာ့ကို လေးစား မိပါတယ်။ (ဒီတစ်ချက်နဲ့ပဲ လေးစားမိသွားပါတယ်။) 
ပြီးတော့ ကျွန်တော့မေးခွန်းကို ဖတ်ပါတယ်။ မေးခွန်းထဲမှာ ဆရာဟာ သမိုင်းပညာရှင် တစ်ဦးဖြစ်ပြီး ရခိုင် နယ်မှာ ၁၈၀၀ မတိုင်မှီကတည်းက “ရိုဟင်ဂျာ”ဆိုတဲ့ အမည်နာမ ရှိခဲ့တာကို မသိပါသလား။ မသိခဲ့ရင် “--- စာမျက်နှာ၊ စာအုပ် အမည်ကို ကြည့်ပါ။”လို့ မေးထားတာပါ။ ဆရာက အဲ့ဒီမေးခွန်းကို ဖတ်ပြီး ကျွန်တော့ကို စိန်ခေါ်ထားတဲ့ ကိုဌေးလွင်ဦးပါ- ကျေးဇူးတင်ပါတယ်။ သူ့ကို မိုက်ကရိုဖုံးပေးလိုက်ပါလို့-၊ လှမ်းပြော လိုက် ပါတယ်။ ကျွန်တော်က လည်း ဆရာ့ကို ကျေးဇူးတင်ကြောင်း-၊ ဆရာစာအုပ်ပေါင်းများစွာကို ဖတ် ခဲ့ပြီ ဖြစ်ပေ မယ့် ဒီစာအုပ်ကို မဖတ်မိ သေးတာ ဖြစ်နိုင်ကြောင်း မိတ္တူကူးသွားတဲ့ စာအုပ်ကို အဆင် သင့် ထုတ်ပြီး- စာမျက်နှာကို လှန်ပေးလိုက်ပါ တယ်။ 
ကျွန်တော်အလွန်အံ့သြတဲ့ စကားကို ဆရာ့ဆီက ကြားလိုက်ရပါတယ်။ အဲ့ဒါက “ရိုဟင်ဂျာ” ဆိုတာ ကျွန်တော် တို့ ရခိုင်တွေကို ခေါ်တဲ့ အမည်ပါတဲ့။ (ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရကို မငြင်းတဲ့ အပြင်- ရခိုင်တွေ ကိုပင် ရိုဟင်ဂျာ လို့ ခေါ်ကြောင်း ဆရာ့ပါးစပ်က လူထုရှေ့မှာ ပြောမယ်လို့ ကျွန်တော် မထင်ထားပါ။) ကျွန်တော်က ဆက်လက် ပြီး သက်သေပြပါတယ်။ အဲ့ဒီ ရိုဟင်ဂျာ ဆိုတာရခိုင်ကို ခေါ်တာမဟုတ်ကြောင်း- သူတို့ရဲ့ “ရိုဟင်ဂျာ” တို့ရဲ့ ဘာသာစကားကို ဒီမှာ အတိအကျ ဖေါ်ပြထားကြောင်း- နေ၊ လ၊ ကမ္ဘာ တို့ကို ရိုဟင်ဂျာလို့ ဘယ်လိုခေါ်တယ် ဆိုတာကို ဖေါ်ပြထားကြောင်း ဒီစကားလုံးတွေဟာ ရခိုင်စကားလုံးတွေ မဟုတ်ကြောင်း ဆက်တိုက် ထောက်ပြ လိုက်ပါတယ်။ 
ဆရာဂုဏ် ဆိုတဲ့ စိတ်ဖြစ်တော့ အနည်းငယ် ခုခံဘို့ ကြိုးစားပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ဆရာ မငြင်းတော့ ဘဲ- ခင်ဗျားရဲ့ Source က Secondary ဖြစ်တယ်၊ ကျွန်တော် ပြောနေတာက primary ကို ပြောနေတာ ဆိုပြီး စကားကို အနိုင်ယူဘို့ ကြိုးစားပါတယ်။ ကျွန်တော်က နောက်တစ်အုပ်ကို ဆက် တိုက် ထုတ်ပြီး သက်သေပြမယ် လုပ်တော့-၊ တော်ပြီ တော်ပြီ-၊ ကျွန်တော်တို့ အချိန်လောက်မှာ မဟုတ် ဘူးဆိုပြီး ပွဲကို ရပ်လိုက်ပါတယ်။ ဆရာ့ ရဲ့ မျက်နှာမှာ ဆက်လက်ခုခံ ငြင်းဘို့ မပြတော့ဘဲ-၊ စကားရပ် လိုက်တဲ့ သဘောကိုပဲ တွေ့ရပါတယ်။ တစ်သက် လုံး ဆရာလုပ်လာခဲ့တဲ့ သဘောနဲ့ ဆရာဆိုတဲ့ လျှပ် တစ်ပြက် မာနအနည်းငယ်ကလွဲလို့ အမှန်တစ်ခုကို မျက်လုံးနဲ့ မြင်လိုက်ရတဲ့ အခါဆက်မငြင်းတော့တဲ့ သဘော ကိုလည်း မြင်လိုက်ရပါတယ်။ ပရိတ်သတ်ထံမှလည်း လက်ခုပ် သံများကို ကျွန်တော် လုံးဝ မမျှော် လင့်ဘဲ အကြီးအကျယ် ရလိုက်ပါတယ်။ 
ဒီနေရာမှာ ဆရာ ကိုယ်တိုင်က “ရိုဟင်ဂျာ” ဆိုတာကို ဆက်မငြင်းတော့ဘဲ- ရိုဟင်ဂျာသည် ရခိုင် ဖြစ်သ လိုပင် ၀န်ခံ လိုကြောင်းကို တွေ့ရတဲ့ အပြင်-၊ ဘန်ကောက်ရောက် ရခိုင် အမျိုးသား လူငယ် များကလည်း အမှန် တရားကို ကြိုက်ကြောင်း လက်ခုပ်သံ များနဲ့ သက်သေပြခဲ့ပါတယ်။ 
ပရိတ်သတ်ကြီးက တက်ရောက် လာတဲ့ ရိုဟင်ဂျာ များကိုလည်း ဖက်လှဲတကင်း ညီအစ်ကိုတွေလို ပျူ ငှာ ခင်မင် သွားတာကို တွေ့လိုက် ရတယ်။ အသိုင်း အ၀ိုင်းနှစ်ခု ဆွဲမစေ့ လိုက်ရပဲ- ၀ုန်းဒိုင်း ချစ်ခင်သွား တဲ့  ဖြစ် ရပ်က သမိုင်း သစ်ကို တစ်ကယ်ရေး လိုက်ခြင်း ဖြစ်သွားပါတယ်။ 
အခမ်းအနား စီစဉ်ကြသူများ၊ တက်ရောက် လာတဲ့ ရဟန်းသံဃာ လူကြီး လူငယ်များဟာ - လူသား ချင်း ကြား တိုင်းရင်းသား ညီနောင် ချင်းကြား ပြန်လည် သင့်မြတ်ရေးနဲ့ ချစ်ခင်ရေး ကို မျှော်လင့်ချက်တစ်ကြီး သက်သေပြနိုင် လိုက်တဲ့ သမိုင်း စစ်စစ်ကို ရေးခဲ့နိုင်ပါပြီ။ ဒီလို အသိုင်းအ၀ိုင်းမျိုး မြန်မာနိုင်ငံ အနှံ့ မှာ ပေါ်ပေါက် လာဘို့ပဲ လိုပါ တော့တယ်။ 
ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့ 
အမေရိကန် ပြည်ထောင်စု
M.S. Anwar 
RB News 
9.3.2013
မောင်တော ။ ။ မတ်လ (၉) ရက်နေ့နံနက် ၃ နာရီ အချိန်ခန့်တွင် ရခိုင်အစွန်းရောက် ၅ ဦး မှ မောင်တောမြို့နယ်၊ မြို့မကရင်တန်း (ရှီဒါဖာရာ) ရှိ ရိုဟင်ဂျာ လူမျိုးတစ်ဦး ပိုင်ဆိုင်သော အိမ်ကို မီး ရှို့ ရန် ကြိုးစား ခဲ့သည်။ သို့သော်လည်း အိမ်ရှင်  ဖြစ်သူမှ ထိုအချိန်တွင် နိုးနေ၍ ၎င်း၏ နေအိမ်အား မီးရှို့ခံရ မည့် ရန်မှ အချိန်မှီ ကာကွယ်နိုင် ခဲ့ကြောင်း သိရှိ ရပါသည်။ 
“ရခိုင် အစွန်းရောက်လူငယ် ၅ ယောက်က ဦးဇာဟီဒ်ဟူစိန်း (ဘ) ဦးနူရူအာမီးန်ရဲ့ အိမ်ကို နံနက် ၃ နာရီ လောက် တိတ်တိတ်လေးရောက် လာတယ်။ သူတို့နဲ့အတူ ဓါတ်ဆီဗုံးတွေနဲ့ မီးခြစ်တွေလည်း ပါ  လာတယ်။ အိမ်ရှင်နိုးလာတော့ သူတို့တွေ မီးရှို့ဖို့ကြိုးစားနေတာ ကိုတွေ့လိုက်တယ်။ အိမ်ရှင်နဲ့ အိမ်နီး ချင်းတွေ က ဖမ်းဖို့ လိုက်တော့ လေးယောက် လွတ်သွားတယ်။ တစ်ယောက် ကိုတော့ဖမ်းမိတယ်။ ဖမ်းမိ တဲ့သူကိုမေး တော့ သူက မင်းပြားမြို့နယ်ကနေ မောင်တောကိုရောက်နေတာ ၁၀ ရက်လောက်ရှိပြီ လို့ပြော တယ်။ ပြောပြီးတာနဲ့ ရုတ်တရက် စိတ်မနှံ့တဲ့ အရူးတစ်ယောက်လို  ဟန်ဆောင်လိုက်တယ်။ 
အဲဒီနောက်မှာ ရွာသားတွေက အထက်တန်းကျောင်းမှာ စခန်းချထားတဲ့ စစ်တပ်၊ တပ်ရင်းက တပ်ရင်းမှူး ကို အိမ်တစ် အိမ်ကို မီးရှို့ဖို့ ကြိုးစားနေတဲ့ ရခိုင် တစ်ယောက်ကို ဖမ်းမိထားတဲ့ အကြောင်းပြောပြတယ်။ တပ်ရင်း မှူးက ဖမ်းမိထားတဲ့ သူရဲ့အကြောင်းဘာမှ မမေးဘဲနဲ့ အဲဒီလူကအရူးဆိုပြီးပြောတယ်။ ရွာ သားတွေ ကို ရဲကို အကြောင်းကြား ဖို့ပြောပြီးပြန် လွှတ်လိုက်တယ်။ အဲဒါနဲ့ရဲတွေရောက်လာတော့ ရဲတွေက ဖမ်းထားတဲ့ သူကိုမတွေ့ဘဲနဲ့ အဲဒီလူက အရူးဆိုပြီးပြောပြီး အဲဒီလူကို လွှတ်လိုက်တယ်။ အဲဒီလူညနေ ပိုင်းမှာ ရွာထဲကို တခါထပ်ပြီးဖြတ် သွားဖြတ်လာ လုပ်နေတာကိုတွေ့ လိုက်တယ်” ဟုမောင်တောမြို့ နယ် မှဒေသခံ လူကြီးတစ်ဦး မှပြောပါသည်။ 
“ည မထွက်ရ အမိန့် ထုတ်ထားပြီး သားရှိတယ်။ ပြီးတော့ရွာရဲ့ အဆုံးနှစ်ဖက်မှာ စစ်တပ် စခန်းနှစ် ခုရှိတယ်။ ရဲတွေနဲ့ စစ်တပ်က ညဘက်ကျရင် အမြဲကင်းလှည့်နေတယ်။ အဲဒီတော့ ညဘက်မှ ဘယ်လိုလုပ်ပြီး အိမ်မီး ရှို့ဖို့လာနိုင်တာလဲ? တပ်ရင်းမှူးကလည်း ဘာမှမမေးဘဲနဲ့ ဖမ်းမိထားတဲ့ လူက အရူး ဆိုပြီးပြောနိုင်ခဲ့တာ လဲ? အဲဒီလူက တကယ် အရူးဆိုရင် ပထမပိုင်းမေး တာမှာ ဘာလို့ ချက် ချင်းဖြေနိုင် ခဲ့တာလဲ? တကယ်လို့ အရူး တစ်ယောက်ဖြစ် ရင်တောင် ဘာကြောင့် ပြန်လွှတ် ရတာလဲ? မေးခွန်းတွေ အများကြီးမေးလို့ ရပါတယ်။ ကျွန်တော် တို့ကတော့ ဒါက ရိုဟင်ဂျာတွေ အပေါ်နောက် တစ်ကြိမ်အကြမ်း ဖက်ဖို့ အတွက် ပူး ပေါင်းကြံ စည်တာဘဲဖြစ်မယ်။ ဒီလို ပူးပေါင်းကြံစည်မှုမှာ အာဏာပိုင် အဖွဲ့ အစည်းတွေလည်း ပါတယ်။ လွန်ခဲ့တဲ့ ညက အိမ်ခြောက်လုံး မီးလောင်သွားတာလည်း အဲဒီ အရူးတွေကဘဲ ရှို့ခဲ့တာဆို ပြီးကျွန်တော် တို့သံသ ယဖြစ်နေ တယ်” ဟု အဆိုပါဒေသခံမှ ဆက်လက်ပြောပါသည်။
မခင်ဖြူထွေး 
ဗွီအိုအေမြန်မာပိုင်း
8.3.2013
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ စောင့်ကြည့် စစ်ရေးရမယ့် အခြေအနေမှာပဲ ရှိနေသေး တာမို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်တွေ ဆက်ပြီး ထားရှိသွားဖို့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Amnesty International က ကုလသမဂ္ဂ လူ့အခွင့် အရေးကောင် စီနဲ့အဖွဲ့ဝင်နိုင်ငံတွေ ကို တောင်းဆိုလိုက်ပါ တယ်။ မြန်မာနိုင်ငံတွင်း ကုလသမဂ္ဂ ရဲ့လူ့အခွင့် အရေး စောင့်ကြည့် စစ်ဆေးမှုတွေက ဘယ်လောက်ထိ အရေးပါပါသလဲ။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေး က အပြည့်စုံ ပြောပြပေးပါရှင်။
မြန်မာနိုင်ငံရဲ့ လူ့အခွင့် အရေး အခြေအနေဟာ စိုးရိမ်စရာ အနေ အထားမှာ ဆက်ပြီး ရှိနေသေး တာကြောင့် ကုလ သမဂ္ဂနဲ့ နိုင်ငံတကာရဲ့ စောင့်ကြည်စစ်ဆေးမှုတွေ ဆက်လက်ထားရှိဖို့ အရေးကြီး တယ် လို့ဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား ရဲ့ မြန် မာနိုင်ငံတွင်း လူ့အခွင့် အရေး စုံစမ်းစစ်ဆေးမှု လုပ်ပိုင်ခွင့်တွေကို ရုပ်သိမ်း မပစ်လိုက်ဖို့ လူ့အခွင့် အရေး အဖွဲ့တခုဖြစ်တဲ့ Amnesty International က တောင်းဆို လိုက်တာပါ။ ဒါနဲ့ပတ်သက်လို့ Amnesty International အဖွဲ့ကြီးရဲ့ ပြောခွင့်ရသူ T. Kumar က ပြောပါတယ်။
“မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး စောင့်ကြည့်စစ်ဆေးမှုတွေ ဆက်လက်ထားရှိဖို့ Amnesty International အဖွဲ့က ဘာကြောင့် တောင်းဆိုရသလဲ ဆိုရင်တော့ ပြီးခဲ့တဲ့ တနှစ်တာအတွင်း အခြေ အနေတွေကို ပြန်ကြည့်ရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ သိသိသာသာ ကျဆင်း သွားပါတယ်လို့ အာမ ခံပြောနိုင်တဲ့ အခြေအနေမတွေ့ရပါဘူး။ ကျနော်တို့ စုစောင်းရရှိထားတဲ့ မှတ်တမ်းတွေအရ ရခိုင်ပြည် နယ်မှာဆိုရင် အခြေအနေက လုံးဝကို တိုးတက်ပြောင်းလဲလာတာ မရှိပါဘူး။ လူတွေ မတ ရား ထောင် သွင်း အကျဉ်းချ ခံနေရဆဲ့ ဖြစ်သလို ဒုက္ခသည် စခန်းတွေထဲမှာ အိုးအိမ်မဲ့ ဒုက္ခရောက်နေသူတွေ အများကြီးရှိနေပါတယ်။ရခိုင်လူမျိုးတွေအပေါ်မှာရောမူစလင်တွေအပေါ်မှာပါလူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ပြီးရှိနေတုန်းပါ။
အလားတူ ကချင်ပြည် နယ်မှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ပြီး ဖြစ်ပွားနေတယ် ဆိုတာကို ကျနော်တို့သိထားပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကလည်း ရှိနေတုန်းပါ။ ပြီးခဲ့တဲ့ တနှစ် အတွင်း ဥပဒေတွေမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်တွေကို အကာအကွယ်ပေးတဲ့ ဥပဒေဆိုတာလည်း မရှိခဲ့ပါဘူး။ ဒါကြောင့် ဆက်လက်စောင့်ကြည်ဖို့ လိုတယ်လို့ ကျနော်တို့ ပြောတာပါ။”
ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မြန်မာနိုင်ငံမှာ တိုးတက်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တချို့ ရှိလာတယ် ဆိုပေမဲ့ လည်း လူ့အခွင့်အရေး ပိုင်းမှာတော့ အခြေအနေ ဆိုးရွားနေ တုန်းပဲလို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့ အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေးကင်တားနားက မကြာခင်က သူ့ရဲ့နောက်ဆုံး အစီရင် ခံထဲမှာ ထောက်ပြ ဖော်ပြထားပါတယ်။ဒီအစီရင်ခံစာကို Amnesty International အဖွဲ့က လည်း ပြန် လည် ထောက်ပြပြီး မြန်မာနိုင်ငံတွင်း အခြေအနေတွေ တိုးတက်ကောင်း မွန်လာဖို့ မှာ နိုင်ငံ တကာ ရဲ့ လူ့အခွင့်အရေး စောင့်ကြည့်မှုတွေ ဆက်ရှိဖို့ အရေးကြီးတဲ့အကြောင်း မတ်လ ၇ ရက်နေ့ကနေ့စွဲ နဲ့ ကြေညာချက် ထုတ်ပြန် တိုက်တွန်း ခဲ့တာ ဖြစ်ပါတယ်။
“ကမ္ဘာပေါ်က ဘယ်နေရာမှာပဲဖြစ်ဖြစ် လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်း မွန်အောင် ဆောင် ရွက်တဲ့နေရာမှာ အဲဒီဒေသမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ ကို လေ့လာသုံးသပ်တဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေရှိဖို့ လိုပါတယ်။ ဒါကြောင့် ကုလသမဂ္ဂမှာဆိုရင် အထူး လေ့လာစုံစမ်းစစ်ရေးမှူးတွေ၊ ဒါမှမဟုတ် အထူး ကိုယ်စားလှယ်တွေ ခန့်အပ်တာဝန်ပေးတာက ဒီအတွက် အမြင့်ဆုံး သတိ ထား ဆောင် ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာ့အဖွဲ့ အစည်းကြီးက မြန်မာနိုင်ငံက အခြေအနေတွေ ကို စောင့် ကြည့်နေ တာ ဖြစ်သလို ပြောင်း လဲမှုတွေ မလုံလောက်သေးဘူးလို့ ယူဆရပါ တယ်။ မြန်မာနိုင်ငံ တွင်းက အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဆက်ပြီး စိုးရိမ်နေဆဲဖြစ်ပါတယ်။”
မြန်မာသမ္မတ ဦးသိန်းစိန် ဥရောပ ၅ နိုင်ငံခရီးအဆုံးသတ်ချိန်မှာပဲ ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီ မှာတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ရှိသလို လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ကင်တားနားရဲ့ မြန် မာနိုင်ငံတွင်း လူ့အခွင့် အရေး စောင့်ကြည့် စစ်ဆေးမှုတွေ ဆက်လက် ထားရှိသင့် မသင့်ဆိုတာကို မတ်လ ၁၁ ရက်နေ့မှာ ဆွေးနွေး ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆွေးနွေးမှုမတိုင်ခင် Amnesty International အဖွဲ့ကြီးရဲ့တိုက်တွန်းမှု ထွက်ပေါ်လာတာ လည်း ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တားနား ဟာ ဖေဖော်ဝါရီလ ၁၁ ရက် နေ့ကနေ ၁၆ ရက်နေ့အထိ (၇ ကြိမ်မြောက်) မြန် မာနိုင်ငံကို ၅ ရက်ကြာခရီး သွားရောက်ခဲ့ပြီး အစိုးရပိုင်းတာဝန်ရှိသူတွေအပြင် ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်အမတ်တွေ၊ လူမှုအခြေပြု အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ စသဖြင့် လူပုဂ္ဂိုလ် အတော်များများနဲ့ တွေ့ဆုံခဲ့သလို ပြီးခဲ့တဲ့နှစ်က အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်နဲ့ ကချင်ပြည် နယ်တွေကို သွားရောက် ကြည့်ရှုခဲ့သလို အကျဉ်းထောင်တွေထဲကိုလည်း သွားရောက် စစ်ဆေးခဲ့တာပါ။
သူ့ရဲ့ နောက်ဆုံး မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို မတ်လ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ သလို ဒီအထဲ မှာတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ စိုးရိမ်ရဆဲ အခြေအနေမှာ ရှိနေသေး တဲ့အကြောင်း ဖော်ပြထားပါတယ်။ သူ့ရဲ့ ဒီအစီရင်ခံစာ ကိုတော့ ဒီ မတ်လ ၁၁ ရက်နေ့ လူ့ အ ခွင့် အရေးကောင် စီ အစည်းအဝေးမှာ ဆွေးနွေး တင်ပြမှာလည်း ဖြစ်ပါတယ်ရှင်။
၂၀၁၂ ခုနှစ် ဇွန်လဆန်းပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့်စစ်တွေ မြို့ နယ် များတွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက် မှုများကြောင့် ရိုဟင်ဂျာ မွတ်စလင်များနှင့် ကမန်မွတ်စလင် အများ အပြား အသက် ဆုံးရှူံးခဲ့ရသည်။ 
ရိုဟင်ဂျာ လူမျိုးများတွင် လက်နက်ကိုင် အဖွဲ့အစည်းများ မရှိသော်ငြား လည်း၊ ပြည်တွင်း သတင်း ဌာန များ နှင့်နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူး မှူးဇော် (ခ) ဗိုလ်မှူးဟောင်း ဇော်ဌေး၏ Facebook စာ မျက် နှာ တို့မှ ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာများ သိမ်းပိုက်နေသယောင်နှင့် ရိုဟင်ဂျာများမှ ရခိုင် လူမျိုးများကို လူမျိုးတုန်း သတ်ဖြတ်နေ သယောင် ၀ါဒဖြန့်ချီ၍ အခြေအနေများကို ပိုမိုတင်း မာအောင်ပြု လုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ဒုတိယ အကြိမ် အကြမ်းဖက်မှုများ ရခိုင်ပြည် နယ် အ၀န်းတွင်ဖြစ်ပေါ်ခဲ့ သည်။ 
နိုင်ငံတော် အစိုးရ မှ ၁၈၀ ခန့်သေ ဆုံးသည်ဟု ထုတ်ပြန် ခဲ့သော်လည်း အမှန် တကယ် အသက်ဆုံးရှူံးခဲ့ ရသူ ပမာဏမှာ လွန်စွာ များပြားခဲ့သည်။ ထို့အပြင် အကြမ်းဖက်မှု များကို တိမ်းရှောင်ခဲ့သူ အများအပြားပင် လယ်ပြင်တွင် အသက်ဆုံးရှူံး ခဲ့ရသည်။ အကြမ်းဖက် မှုများကြောင့် အပြစ်မဲ့ ၁၂၀၀၀၀ ခန့်အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပြီး၊ ယခု အခါ ဘက်ပေါင်းစုံမှ အခြေအနေဆိုးရွားသော ဒုက္ခသည် စခန်းများ၌နေ ထိုင်နေကြ ရ သည်။ 
လွန်ခဲ့ သည့်ဖေဖော် ၀ါရီလမှစ၍ မတ်လနှင့်ဧပြီလ မြန်မာ့ရိုးရာ သင်္ကြန်ပွဲမတိုင်မှီတတိယအကြိမ်အကြမ်း ဖက်မှု များဖြစ်ပွားမည်ဟု သတင်းများ ပျံ့နှံ့လျက် ရှိခဲ့သည်။ ထိုသို့ သတင်းပျံ့နှံ့မှု များမှန်ကန်မှုရှိ/မရှိ ကို လေ့လာ စုံစမ်းခဲ့ရာ မတ်လ နောက်ဆုံး ပတ်တွင်တစ်ကြိမ်နှင့် ဧပြီလ ဒုတိယပတ်တွင်တစ်ကြိမ် ရခိုင် ပြည်နယ် အတွင်းရှိ မွတ်စလင်များအား သတ်ဖြတ်ရန် အစွန်းရောက် အဖွဲ့အစည်းများမှ အစီ အစဉ်ရေး ဆွဲထားပြီးဖြစ်ကြောင်း RB News မှခိုင်လုံသည့် သတင်း ရပ်ကွက်များမှ တိကျ မှန် ကန်သောသတင်းများ ရရှိထားပြီးဖြစ်သည်။ 
ရခိုင်ပြည် နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ် အနှံ့အပြားရှိ နတလကျေးရွာများတွင် သေနတ်ပစ်နည်း၊ ဓါးရှည် ခုတ်နည်းများ ကိုလည်း လွန်ခဲ့သည့်ဖေဖော်ဝါရီလမှ စတင်၍ သင်တန်း များပေးနေ သည်ကို မျက် မြင်သက်သေ များမှ RB News သို့ပြောကြား ခဲ့သည်။ ထို့အပြင် စစ်တွေမြို့ရှိ လုံထိန်းတပ်ဖွဲ့ဝင် ၃၀၀ ခန့်မှာ ဗမာ လူမျိုးများဖြစ်ခဲ့ပြီး၊ ၎င်းလုံ ထိန်းတပ်ဖွဲ့ဝင်များကို ရခိုင် လူမျိုးလုံထိန်း တပ်ဖွဲ့ဝင်များဖြင့်လဲ လှယ် လိုက်ပြီး၊ မွမ်းမံ သင်တန်းများပေး လျက်ရှိကြောင်း ကိုလည်း ခိုင်မာသည့် သတင်း ရပ်ကွက်များမှ ရရှိ ထား ပြီးဖြစ် သည်။ 
မတ်လ နောက်ဆုံး ပတ်တွင် စတင်မည့် အကြမ်းဖက်မှုကို ရခိုင်လူမျိုးများ အကြားသိ ရှိနေပြီဖြစ်သော် လည်း ရိုဟင်ဂျာနှင့် ကမန် မွတ်စလင်များမှာ သတင်း အစအနပင် မရရှိသေးဘဲ၊ ရှောင်တခင်သတ်ဖြတ်ခံ ရမည့် အခြေအနေတွင်ရှိနေပါသည်။ ယခင်ကဲ့သို့ပင် ပြည်တွင်းသတင်းဌာနများနှင့် နိုင်ငံတော် သမ္မတ ရုံး ညွန် ကြားရေးမှူး - မှူးဇော် (ခ) ဗိုလ်မှူးဟောင်းဇော်ဌေးတို့မှ မဟုတ်မမှန်လုပ်ကြံ၍၀ါဒဖြန့်ချီ မှုများ ထပ် မံပြု လုပ်ရန်စီစဉ် ထားသည်ကိုလည်း သိရှိထားပါသည်။ 
သို့ဖြစ်ပါ၍ နိုင်ငံရေး အမြတ်ထုတ် ချင်သူလူတစ်စုကြောင့် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှူံးမှုနှင့် အိုး မဲ့အိမ် မဲ့ဖြစ် ပွားမှုအားလုံး ကိုကြိုတင်ကာ ကွယ်ရန်မျှော်ကိုးလျက် ဤနှိုးဆော်စာအား ပြည်ထောင်စု သမ္မ တမြန် မာနိုင် ငံတော် အစိုးရနှင့် နိုင်ငံတကာ အစိုးရများ မှလေးနက်စွာစဉ်းစား၍၊ အခြေအနေများကို အချိန်မှီ ထိန်း သိမ်းပေးပါရန်၊ လေးစား စွာတိုက်တွန်းနှိုးဆော် အပ်ပါသည်။ 
RB News Team
၂၀၁၃ မတ်လ (၈)
ရိုဇီ ဂေါ့ဂန်-ကီးရို့
မဇ္ဈိမ
8.3.2013
ရန်ကုန် ။ ။ သမ္မတ ဦးသိန်းစိန်၏ ဥရောပ ခရီးစဉ် အတွင်းတွင် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ ခွင့် အဖွဲ့ (AI) က ကြေညာချက် တစောင် ထုတ်ပြန်ပြီး ကုလသမ္မဂ္ဂ လူ့အခွင့်အရေးကောင်စီ အနေဖြင့် မြန် မာနိုင်ငံ အတွင်းရှိ လူ့အခွင့်အရေး အခြေအနေများကို အနီးကပ် ဆက် လက် စောင့်ကြည့် သွားရန် တိုက် တွန်း လိုက်သည်။
“မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်များအား ဆက် လက် ပြဋ္ဌာန်းထား ရန် တောင်းဆိုချင်ပါသည်။ ပြည်တွင်း လူ့အခွင့်အရေး ယန္တရားများနှင့် တွဲဖက်ကာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရန် အတွက် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်မှုများ ဆက် လက် ပြုလုပ်နိုင်ရေးကို မြန်မာအစိုးရက ခွင့်ပြုအာမခံချက်ပေးရန်လည်း တောင်းဆိုချင်ပါသည်” ဟု လူ့အ ခွင့်အရေး အန်ဂျီအို တခုဖြစ်သည့် AI ၏ မတ်လ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်ထဲတွင် ပါရှိသည်။
ထိုကြေညာချက် ထုတ်ပြန်ချိန်သည် ဦးသိန်းစိန် အီတလီသို့ သွားရောက်ချိန်နှင့် တိုက်ဆိုင်နေသည်။ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် အီတလီ သမ္မတ Giorgeo Napolitano က မြန်မာနိုင်ငံ တွင် ဖြစ်ပေါ်နေ သည့် ပြုပြင်ပြောင်း လဲမှုများ အပေါ် ဝမ်းမြောက် မိကြောင်းနှင့် ကျန် ရှိနေသေး သည့် ပိတ်ဆို့အရေးယူမှု များကို ရုပ်သိမ်းပေး မည်ဟု ကတိပေး ခဲ့သည်။
သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း ဥရောပ နိုင်ငံများက မြန်မာ သမ္မတကို နွေးထွေးစွာ လက်ခံကြိုဆို ခဲ့ကြ သဖြင့် လူ့အခွင့်အရေး လှုပ်ရှားသူ အများအပြားက ဝေဖန်ခဲ့ကြသည်။ မြန်မာ နိုင်ငံ အတွင်း လူ့အခွင့် အရေး အခြေအနေများမှာ ဆက်လက် ဆိုးဝါးလျက် ရှိနေသဖြင့် ထိုကဲ့သို့ ဝေ ဖန်ခဲ့ကြ ခြင်း  ဖြစ် သည်။
၂၀၀၈ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံသည် ကုလသမ္မဂ္ဂ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား ကို မြန်မာနိုင်ငံသို့ ပုံမှန် လာရောက် လေ့လာခွင့် ပြုခဲ့သည်။ ဖေဖော်ဝါရီလ က လည်း မြန်မာနိုင်ငံသို့ လာရောက် လေ့လာခဲ့ပြီး လူပေါင်း ၁၂၀,၀၀၀ ခန့်သည် ရခိုင်ပြည်နယ် အတွင်းရှိ ဒုက္ခသည် စခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှု အလုံအလောက် မရရှိဘဲ နေထိုင်နေကြရကာ၊ ရိုဟင်ဂျာနှင့် အခြား မူဆလင်များ နေထိုင်ကြ ရသည့် ဒုက္ခသည် စခန်းများတွင် အခြေ အနေများ ပိုမိုဆိုး ဝါးသည်ဟု မစ္စတာ ကင်တားနားက ဆိုခဲ့သည်။
ကင်တားနားသည် သူ၏ ငါးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း မြစ်ကြီးနား အကျဉ်းထောင် သို့လည်း သွားရောက်ခဲ့သည်။
“ကချင် အမျိုးသားတွေ အပေါ် KIA နဲ့ ပတ်သတ်တယ်လို့ စွပ်စွဲပြီးတော့ တဘက်သတ် ဖမ်းဆီးမှုတွေ၊ စစ်ဆေးမေးမြန်းစဉ် အတွင်းမှာ နှိပ်စက်မှုတွေ ဆက်လက်ဖြစ်ပွါးနေတာနဲ့ ပတ်သတ်ပြီးတော့ ကျနော်စိုးရိမ် မိပါတယ်” ဟု ကင်တားနားက ဆိုခဲ့သည်။ 
မတ်လ ၁ ရက်နေ့ကလည်း လူ့အခွင့်အရေး မှတ်တမ်း ကွန်ယက် ND-Burma အဖွဲ့က အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့ရာ တိုင်းနှင့်ပြည်နယ် ၁၄ ခုလုံးတွင် “သတ်ဖြတ်ခြင်း၊ မြေယာများ သိမ်းခြင်း၊ အဓမ္မ ခိုင်းစေခြင်း၊ ကလေးစစ်သားများ စုဆောင်းခြင်း၊ အတင်းအကြပ် နေရာ ပြောင်းရွှေ့ ခိုင်းခြင်း၊ နှိပ်စက် ညှဉ်း ပန်းခြင်း နှင့် ဆိုးဝါးစွာ ဆက်ဆံခြင်း” တို့ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက် လက်ဖြစ်ပေါ် လျက် ရှိသည်ဟု ဆိုခဲ့သည်။ အထူးသဖြင့် တိုင်းရင်းသား ဒေသများ၊ ပဋိပက္ခ ဖြစ်ပွါး ရာ ဒေသများနှင့် အငြင်းပွါးဖွယ်ရာ စီမံကိန်းကြီးများ အကောင်အ ထည် ဖော်နေ သည့် ဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက် မှုများ ပိုမိုဆိုးဝါး ပြင်းထန်နေသည်ဟု ထိုအစီရင်ခံစာက ဆိုထားသည်။
ကရင်လူ့အခွင့်အရေးအဖွဲ့က မတ်လ ၅ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက် ထဲတွင် ဖော်ပြထား သည်မှာ ကရင်တိုင်းရင်းသား များ အခြေချ နေထိုင် သည့် နေရာ အတော်များများတွင် လွန်ခဲ့ သည့် နှစ် က မြေယာများ သိမ်းသည့် အမှုများနှင့် အဓမ္မမောင်းထုတ်သည့် အမှုများ လွန်ခဲ့သည့် နှစ် က ယခင်ထက် ပိုမိုများပြားလာသည်ဟု ဆိုသည်။
ဝါရှင်တန် အခြေစိုက် လူ့အခွင့်အရေးအတွက် ဆရာဝန်များ (PHR) အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ စီမံကိန်း ညွှန်ကြားရေးမှူးဟောင်းဖြစ်သူ Bill Davis ကလည်း ဖေဖော်ဝါရီလ အတွင်းက မဇ္ဈိမ သတင်း ဌာနသို့ ပြောကြားခဲ့ရာတွင် “ချင်းပြည်နယ် လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ အရင် အစိုးရတွေ လက်အောက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံစားခဲ့ရပါတယ်။ ဝမ်းနည်းစွာနဲ့ ဆက်ပြောရရင် အခုလက်ရှိ အစိုးရ အောက်မှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံစားနေရဆဲပါပဲ” ဟု ဆိုခဲ့သည်။
ထိုကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟု ဆိုကြသော်လည်း ယခုလ အစောပိုင်း က နိုင်ငံတကာ သတင်းများအရ ယခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု လျာထားစာရင်းတွင် မြန်မာ သမ္မတ ဦးသိန်းစိန်၏ အမည်ပါဝင်နေသည်ဟု သိရသည်။ အီဂျစ်၏ မာသာထရီဇာဟု တင်စားခြင်း ခံရသူ Maggie Gorban ၊ အမေရိကန် အစိုးရ၏ သံတမန်ရေးဆိုင်ရာ လျှို့ဝှက်ချက်များကို ဝီကီလိခ် သို့ ပေးပို့ခဲ့သည့် အမေရိကန် စစ်တပ်မှ Bradley Manning ၊ အသက် ၁၅ နှစ်အရွယ်ရှိ ပါကစ္စ တန် ကျောင်းသူ မာလာလာ တို့နှင့်အတူ ဦးသိန်းစိန်၏ နာမည်လည်း နိုဘယ်ဆု လျာထားစာရင်းတွင် ပါဝင်နေ သည်ဟု ဆိုကြသည်။
ဧရာဝတီ
8.3.2013
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် အကြပ်အတည်းသည်၂၀၁၁ ခုနှစ်မှ စတင် ဆောင်ရွက်နေသော ပြု ပြင် ပြောင်း လဲရေးဖြစ် စဉ်ကို ခြိမ်းခြောက် နေကြောင်း ကုလသမ ဂ္ဂ၏ မြန်မာပြည် ဆိုင်ရာ လူ့အခွင့် အရေး ကိုယ်စား လှယ်က ယမန်နေ့ ဘယ်ဂျီယံနိုင်ငံ ဂျီနီဗာမြို့၌ ထုတ်ဝေသော အစီရင်ခံစာ တွင် ရေး သား ထားသည်။ 
“ပြုပြင်ပြောင်းလဲရေး များသည် မှန်ကန်ရာ ဦးတည်လျှက် ရှိသည်” ဟု မစ္စတာ တောမတ်စ် အိုဟေး ကင် တားနားက ဖေဖော်ဝါရီလ အတွင်း မြန်မာပြည်သို့ လာရောက်၍ လေ့လာ စုံစမ်းမှုများ အပေါ် အခြေခံ ရေး သားထားသည့် အစီရင်ခံစာတွင် နိဂုံးချုပ် ထားသည်။ 
သို့ရာတွင် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် “ရိုဟင်ဂျာ” များအပေါ်ခွဲခြား ကန့်သတ် နှိပ် ကွပ်နေခြင်းနှင့် က ချင် ပြည် နယ် မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှု များသည် အဓိက ဆုတ် ယုတ်မှု များဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ 
“ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ် များအား မတည်မငြိမ်ဖြစ်စေခြင်းနှင့် ပို မဆိုးလာခင် ထို ဆုတ်ယုတ်မှု များ အကြောင်း ထုတ်ဖော်ပြော ဆိုရန် အချိန်ကျ  ပြီဖြစ်သည်” ဟု အစီရင်ခံစာက ဆိုထားပြီး ပြုပြင်ပြောင်း လဲရေးများ တိုးတက်မှု ရှိသော်ငြား “ထိပ်ပိုင်းတွင် ပြုပြင်ပြောင်းလဲရေးနှင့် ကွင်းထဲတွင် လက်တွေ့ အကောင် အထည် ဖော်ရေး တို့အကြား ကြီးစွာသော ကွာဟချက် ရှိနေသည်” ဟုလည်း ရေး သားဖော်ပြ ထားသည်။ 
ယခု အစီရင်ခံစာကို ရှေ့အပတ်တွင် ကျင်းပမည့် ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီ အစည်းအဝေး တွင် ဆွေးနွေး မည်ဖြစ်သည်။ ယင်းဆွေးနွေးပွဲတွင် ဆယ်စုနှစ်ချီ စစ်အစိုးရများ၏ ဖိနှိပ်မှုကြောင့် သတ်မှတ် ခံထားရသည့် “စိုးရိမ်ဖွယ် နိုင်ငံ” အဆင့်မှ သမ္မတ ဦးသိန်းစိန်၏ ဆောင်ရွက်ချက်များကြောင့် ယင်းသတ် မှတ် ချက်ကို ဖြုတ်ပယ်သင့် မသင့် ဆွေးနွေးကြရန်လည်း ရှိသည်။ 
ဂျီနီဗာရှိ သံတမာန်များ၏အဆို အဆိုပါသတ်မှတ်ချက်ကို ရုပ်သိမ်းရန် ယမန်နှစ်က မူအရ သဘောတူ ထားသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးခွဲ ရန်ကုန်တွင် ဖွင့်လှစ်ရေးကို လက်ခံဆောင်ရွက်ရန် လိုကြောင်း သိရသည်။ 
ကင်တားနား၏ အစီရင်ခံစာတွင် နစက နယ်စပ် လုံခြုံရေး တပ်ဖွဲ့များက မွတ်စလင်များကို ခွဲခြား ဖိနှိပ်မှုများ ရှိနေကြောင်း၊ မွတ်စလင် လူငယ်အများစု ပါဝင်သော လူ၁၁၀၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်း ထားဆဲ ဖြစ်ကြောင်း တို့ ရေးသားဖော်ပြ ထားပြီး ညှင်းပမ်းနှိပ် စက်မှုများ မလုပ်ရန် လည်း တောင်း ဆိုထားသည်။ 
စစ်အစိုးရ လက်ထက်ကဲ့သို့ မဟုတ် ပြောင်းလဲ တိုးတက်မှုများ ရှိလာခဲ့သော်လည်း ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော် လျင်ပင် ဖမ်းဆီးထောင် ချနိုင်နေသေးကြောင်း၊ စစ်အစိုးရ လက်ထက်နှင့် လတ်တလော တပ် မတော်၏ ဖိနှိပ်ညှင်းပန်းမှုများကို ဖော်ထုတ်ပြီး တရားခံများကို တရားရုံးတင် စစ်ဆေးသင့်ကြောင်း ကင်တားနားက တိုက်တွန်းထားသည်။ 
ကချင်ပြည်နယ် မြောက်ပိုင်းတွင် “အရပ်သား များကို တိုက်ခိုက်ခြင်း၊ အကျဉ်းချုံး သတ်ဖြတ်ခြင်း၊ အမျိုး သမီး များအား လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခြင်း၊ တရား လက်လွတ် ဖမ်းဆီးခြင်းနှင့် ချုပ်နှောင်ခြင်း၊ ညှင်း ပမ်းခြင်း များ” ကျူး လွန်ကြောင်း စွပ်စွဲချက်များ ရှိနေကြောင်းလည်း အစီရင်ခံစာ တွင် ဖော်ပြထား သည်။ 
ထို့ပြင် နိုင်ငံရေး အကျဉ်းသား ၂၅၀ ခန့်ကို အကျဉ်းထောင်များတွင် ဆက်လက် ထိန်းသိမ်းထားဆဲဟု ယုံ ကြည် ရလောက်သည့် တင်ပြချက်များလည်း ရှိနေကြောင်းလည်း ဖော်ပြထားသည်။
RB News 
8.3.2012 
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်ဇွန် လနှင့်အောက်တို ဘာလများတွင် အကြမ်းဖက်မှု များဖြစ်ပွားပြီးနောက် အပြစ်မဲ့ ရိုဟင်ဂျာနှင့် ကမန် မွတ်စလင် ၁၂၀၀၀၀ ခန့်အိုးမဲ့ အိမ်မဲ့ဖြစ် ခဲ့ရသည်။ ၎င်းတို့၏ ဒုက္ခသည်စခန်း များအခြေ အနေဆိုးရွားနေ သည်ကို ကုလသမဂ္ဂမှ အဆင့်မြင့် ကိုယ်စားလှယ်များမှ ဒုက္ခသည် စခန်းများ သို့သွားရောက်ကြည့်ရှူ စစ်ဆေးခဲ့ပြီးဖြစ်သည်။ 
ယခုအခါတူရကီနိုင်ငံမှတန်ဖိုးနည်းအိမ်များကို ဆောက်လုပ်ပေးရန်အတွက်မြန်မာနိုင်ငံအစိုးရနှင့်  ဆွေး နွေး ညှိနှိုင်း ပြီးနောက် ယမန်နေ့က ရခိုင် အစွန်းရောက် အချို့၏ ဆော်သြ မှုကြောင့်စစ်တွေမြို့ နှင့် အခြား မြို့အချို့ တွင် အိမ်ရာဆောက် လုပ်မှုကို ရပ်တန့်ရန် အတွက် ဆန္ဒပြပွဲများ ကို အာဏာ ပိုင်များ ၏ ခွင့်ပြုချက် မရရှိ ဘဲပြု လုပ်ခဲ့ကြောင်း သိရှိရပါသည်။ 
အဆိုပါ ဆန္ဒပြပွဲနှင့် ပတ်သက်၍ ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်မှ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်အား မေးမြန်းရာတွင် ၎င်းမှ လူဝင် မှုကြီး ကြပ် ရေး ၀န်ကြီးဌာ နမှ တာဝန်ရှိ သူများကို တရားမ၀င် ခိုးဝင်နေထိုင် သူရှိ/မရှိ ကိုမေးမြန်း ခဲ့ကြောင်းနှင့် မရှိဟု သိ ခဲ့ရကြောင်း၊ ထို့ကြောင့် အစိုးရ အနေနှင့်မီဒီ ယာများမှတဆင့် သံသယစိတ်များပျောက် သွား ရန်ပြော ဆိုရန်လိုအပ်ကြောင်းပြောကြားခဲ့သည်။ 
ဗွီအိုအေမြန်မာပိုင်းနှင့် အင်တာဗျူး အပြည့်အစုံ ကိုအောက် တွင်နားထောင်နိုင် ပါသည်။ ဦးရွှေမောင်နှင့် အင်တာဗျူး ကို တိုက်ရိုက် နားထောင် လိုလျှင် ၂း၄၆ မိနစ်သို့သွားပါ။
ဦးဦးမှော်ဆရာ
7.3.2013
… လှည်းဘီး မှစပြီး အနုမြူစွမ်းအင် အထိ ဖေါ်ထုတ် တီထွင်ပြီး လူ့ဘောင် အဖွဲ့အစည်း သာယာ ၀ပြော  ရေး အ တွက် အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။ …´
`ဘင်္ဂါလီ´ခေါင်းစဉ်၊ အမျိုး ဘာသာ သာသနာ ဆိုတဲ့ခေါင်း စဉ်တွေ တပ်ပြီး အေးအေးချမ်း ချမ်းနေ ,နေ တဲ့ နိုင်ငံသားများကိုပါ ဘာသာရေးအရ သိမ်းကြုံး  စော်ကားတိုက်ခိုက်ကာ မြန်မာပြည်မှာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ မဖြစ်,ဖြစ်အောင် ရည်ရွယ် ချက်ရှိရှိ ပြောင်ပြောင် တင်းတင်း လုပ်ဆောင်နေတဲ့ သင်္ကန်း ၀တ် များ နဲ့ ခါတော် မှီမျိုးချစ် ပုဂ္ဂိုလ်များနဲ့ ပက်သက်ပြီး ကျနော့်အမြင် နည်းနည်း ပါးပါး ပြောချင်ပါတယ်။
မြန်မာပြည်မှာ အစ္စလာမ်အယူဝါဒ လွမ်းမိုးသွားပြီး ဗုဒ္ဓဘာသာ ကွယ်ပျောက် သွားလိမ့်မယ်လို့ အကြောင်းပြပြီး တခြား အယူ ၀ါဒတွေကို အောက်လမ်း နည်းတွေနဲ့ တိုက်ခိုက်ဖို့ လူထုကို သွေးထိုး လှုံ့ဆော်နေ တာကို တွေ့နေရတော့ ဒီလိုလေးစဉ်း စားမိပါတယ်။ လူတိုင်း ကိုယ့်သာသနာပေါ်မှာ ခိုင်ခိုင်မာမာ ယုံကြည်မြတ်နိုး တယ် ဆိုရင်၊ ကိုယ့် သာသာနာရဲ့ အနှစ်သာရတွေကို နက်နက်နဲနဲ နားလည် သဘောပေါက်တယ် ဆိုရင် ဘေးပတ်ဝန်း ကျင်မှာရှိတဲ့ တခြားအယူဝါဒတွေ ကိုယ့်ကိုလွမ်းမိုးသွားစရာ အကြောင်းမရှိပါဘူး.. ဒီလိုမှ မဟုတ်ဘဲ ကိုယ်တိုင်က ကိုယ်ခံအားမကောင်းရင်တော့ ခင်ဗျားတို့ စိုးရိမ် သလို ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ တကယ် လုပ်ရမှာက သူတပါးကို တိုက်ခိုက်ဖို့ အာရုံစိုက်နေ မဲ့အစား ကိုယ့်သာ သနာပေါ်မှာ နက်နက်နဲနဲ နားလည်ရပ်တည်နိုင်စေဖို့ အားပေးရမှာပါ။ `အကုသိုလ်´ကို အားပေး တဲ့ စကားများကို ဘယ်လိုပုဂ္ဂိုလ်ကပဲ စင်ပေါ်တက်ဟောနေပါစေ .. ဒါ `တရား´မဟုတ်ပါ။
တစ်ခုပြော ချင်တာက မြန်မာနိုင်ငံတွင် ရိုးရာ နတ်ကိုးကွယ်မှုများကလွဲရင် ပြည်တွင်းဖြစ် ဘာသာသာသနာ တစ်ခုမှမရှိပါ။ ဘာသာအယူဝါဒ အားလုံးဟာ အိန္ဒိယနိုင်ငံ၊ အာရေဗျကျွန်းဆွယ်၊ အီတလီအင်ပါယာများမှ စတင်ပြီး ကမ္ဘာ့နိုင်ငံအနှံ့အပြား ပျံ့နှံ့ရောက်ရှိလာတာ ဖြစ်ပါတယ်။ ခင်ဗျားတို့ သုံးနှုန်းနေတဲ့ စကားနဲ့ပြော ရရင် ဗုဒ္ဒအယူဝါဒဟာ အိန္ဒိယနိုင်ငံမှ အစပြုပြီး မြန်မာနိုင်ငံသားတွေကို လွမ်းမိုးဝါးမြို ၀င်ရောက် လာခဲ့ တယ် လို့ ဆို ရပါလိမ့်မယ်။ ဒီတိုင်းပါပဲ အစ္စလာမ် အယူဝါဒဟာလည်း နိုင်ငံခြားဖြစ်အယူဝါဒ တစ် ခုဖြစ်ပေမဲ့ ကိုးကွယ် ယုံကြည်သူတွေက မြန်မာနိုင်ငံ တိုင်းရင်းသား များနှင့် နိုင်ငံသား များသာဖြစ်တာကို သတိပြုသင့် ပါ တယ်။ ရှင်းရှင်းပြောရရင် အယူဝါဒတစ်ခုကို ကိုယ်က သက်ဝင်ယုံကြည်တာဟာ ကိုယ့်ဆီကို အဲဒီ အယူရှိတဲ့ တခြားဒေသက လူတွေ ၀င်ရောက်လာတာ မဟုတ်ပါ။
ဒီတော့ မြန်မာ့မြေပေါ်မှာ နှစ်ကာလကြာမြင့်စွာကတည်းက အတူတကွ နေထိုင်လာကြသူများ အချင်းချင်း ကိုးကွယ်ရာ ဘာသာမတူခြင်းကြောင့် သွေးကွဲရမည်လား။ အချင်းချင်း ရင်းနှီးစွာ ပေါင်းသင်း ဆက်ဆံ နေထိုင်လာခဲ့ တာတွေကို ပျက်ယွင်းစေမည်လား။ ကိုယ့်နိုင်ငံသား အချင်းချင်း နှိမ့်ချ အနိုင် ကျင့်ကြ မည်လား။ ကျနော် နားလည်သလောက် မည်သည့် ဘာသာအယူဝါဒဟူသမျှ လူ,လူ ချင်း နှိမ်ချခွဲခြား ဆက်ဆံခြင်း၊ အနိုင်အထက် ပြုခြင်းကို အားမပေးပါ။ `သိဒ္ဓတ္ထမင်း သား´သည် ပင်`ဗုဒ္ဓ ဘုရား´အဖြစ် မရောက်ရှိမီကတည်းက သူ့ရဲ့ ကိုယ်ကျင့်တရားနဲ့ ပက်သက်ပြီး စင်ကြယ် ခဲ့သူလို့ သိရပါတယ်။
စဉ်းစားစရာက အဲဒီအချိန်မှာ သူသည် ဗုဒ္ဓဘာသာဝင် မဟုတ်ပါ။ ဒါ ဥပမာ ပြောတာပါ။ လူသားတစ်ဦးရဲ့ ကိုယ်ကျင့်တရား ကောင်းခြင်း၊ ဆိုးခြင်းက သူ ယုံကြည်ရာ အယူဝါဒနဲ့ မပက်သက်ဘူးဆိုတာ အလွန်ရှင်း တဲ့ ကိစ္စပါ။
လူ့သမိုင်း တလျောက် လူ့ဘောင်ဘ၀ တိုးတက် စည်ပင်ရေးအတွက် ဥာဏ်ရည် ထူးချွန် ထက်မြက်သူ လူသားများက ဆောင်ရွက် လာခဲ့ကြပါတယ်။ လှည်းဘီး မှစပြီး အနုမြူစွမ်းအင်အထိ ဖေါ်ထုတ်တီထွင်ပြီး လူ့ဘောင် အဖွဲ့အစည်း သာယာဝပြောရေး အတွက် အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။ မနေ့တနေ့ကပဲ HIV ပိုးကို နိုင်နင်းတဲ့ နည်းလမ်းတောင် တွေ့ထားပြီဆိုတဲ့ သတင်းကောင်းလည်း ဖတ်လိုက်ရပါတယ်။ ဒါတွေ ဟာ မည်သည့်ဘာသာ၊ မည်သည့် လူမျိုးအတွက် ဆိုတဲ့ ဆန္ဒစွဲဖြင့် တီထွင်ခဲ့ကြတာ မဟုတ်ပါဘူး။ လူ့ဘောင် အဖွဲ့အစည်း အေးချမ်း သာယာဝပြောစေဖို့ ရည်ရွယ်ချက်တွေနဲ့ပါ … လူသားအားလုံးရဲ့ အကျိုး အတွက် ဟူသော စေတနာဖြင့်သာ စွမ်းဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ 
လူ့ယဉ်ကျေးမှု လွန်စွာ တိုးတက်ဖွံ့ဖြိုး နေပြီဖြစ်သော ယနေ့ခေတ်တွင် ဘာသာရေး၊ လူမျိုးရေး အမြင် ကျဉ်းမြောင်းသော လူစဉ်မမှီတဲ့ အတွေးအခေါ်များကို ရှက်ရွံ့သင့်ပါတယ်။ ယနေ့ခေတ် ကမ္ဘာပေါ်တွင် ထိုသို့ လူရာမ၀င်တဲ့ အစွန်းရောက် အတွေးအခေါ် များအတွက် နေရာမရှိသလောက်ဖြစ်နေပါပြီ။ သမိုင်းဖြစ် ရပ်များမှ သင်ခန်းစာယူပြီး ဥာဏ်ရည်မြင့်သူ မြန်မာပြည်သား မည်သည့်ဘာသာဝင်၊ မည်သည့် လူမျိုး ကိုမဆို တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရန် ပြုစု ပျိုးထောင်လေ့ ကျင့် ပေးသွားရန် စိတ် ဆန္ဒ ထားရှိ သင့်ပါတယ်။ နိုင်ငံသာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်စေရန် လူတွေကသာ အဓိက စွမ်းဆောင်နိုင်ပါတယ်။ ထိုနေရာတွင် ဘာသာရေးသည် သာမညသာဖြစ်တယ်။
တိုးတက်နေသော နိုင်ငံများကို လေ့လာကြည့်လျှင် ဘာသာရေးထက် လူ့စွမ်းအားအရင်းမြစ်ကိုသာ မှန် ကန်စွာ အသုံးချနေသောကြောင့်ဆိုတာ တွေ့နိုင်ပါတယ်။ အချို့သော နိုင်ငံရေးသမားများက ဘာ သာရေး ကို ဗန်းပြအသုံးချပြီး လူပြိန်းအကြိုက် စကားလုံးတွေသွင် သွင်သုံးရင်း နိုင်ငံ နှင့် ပြည်သူလူထုအပေါ် ခေါင်း ပုံဖြတ် သစ္စာဖေါက်နေ မှုများကိုလည်း သတိဖြင့် ဆင်ခြင်ကြည့်က မြင်တွေ့နိုင် ပါတယ်။
ထို့အတူ အစ္စလာမစ်အစွန်းရောက်ဝါဒကို ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် သူတပါး ကိုးကွယ်ယုံကြည်ရာ သာသနာကို ပုတ်ခတ်စော်ကား တိုက်ခိုက်ရင်း မိမိကိုယ်တိုင် အစွန်းရောက် ဖြစ်မှန်း မသိ ဖြစ်နေကြသော ခါတော်မှီ မျိုးချစ်ကြီးများရဲ့ လုပ်ရပ်ဆိုးတွေကြောင့် မြန်မာပြည်ဟာ ကမ္ဘာပေါ်တွင် တစ်ခု တည်းသော ဗုဒ္ဒဘာသာအစွန်းရောက် ၀ါဒရှိသော တိုင်းပြည်တစ်ခုအဖြစ် မှတ်တမ်းဝင် လာနိုင်ကြောင်း သတိပြုစေချင်ပါတယ်။
(Aug 22 – 2012 တုန်းက ကျနော့်ရဲ့ မှော်ဆရာမေးလ် ဂရုမှာ ဆွေးနွေးခဲ့ ဖူးတဲ့ ကွန်မန့် တစ်ခုကို အနည်း ငယ် ပြန်ပြင်ပြီး ရေး ထားတာပါ)
RB News 
7.3.2013 
ဖူးကတ် ။ ။ ထိုင်းနိုင်ငံ လုံခြုံရေး တပ်ဖွဲ့ဝင်များက ရိုဟင်ဂျာ လှေစီး ဒုက္ခသည်များကို ဖူးကတ်မြို့မြောက် ပိုင်းတွင် ပစ်ခတ်ခဲ့ရာ အနည်းဆုံး၂ဦးမှ ၁၅ဦးထိသေဆုံး ခဲ့ကြောင်း အသက်ရှင်  ထွက်ပြေး လွတ် မြောက် လာသူ ၃ ဦးနှင့် ၎င်းတို့အား အကာ အကွယ်ပေး ထားသည့် ထိုင်း လူမျိုး ရွာသား များ ၏ ပြော ကြား ချက် များ အရသိရှိရပါသည်။ 
ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် မြန်မာနိုင်ငံမှ ဒုက္ခသည် ၁၁၀ ဦးတင်ဆောင်၍ရောက်ရှိ လာသော စက် လှေမှ ဒုက္ခသည် ၂၀ ဦးကို ထိုင်းစစ်တပ် မှ ခေါ်ယူသွားရာတွင် အချို့သော ဒုက္ခသည်များမှ မိသားစု များ နှင့် တကွဲ တပြားဖြစ် သွားမည်ကို စိုးရိမ်၍ ရေထဲသို့ ခုန်ချခဲ့သည်။ ထိုသို့ ခုန်ချသည့်အတွက် ထိုင်း စစ် တပ်မှ ပစ်ခတ် ခဲ့ကြောင်း မျက်မြင် သက်သေ တစ်ဦးမှပြောပါသည်။ 
အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်လာသူ ၃ ဦးဖြစ်သည့် ဟာဘူမာရာ (အသက် ၂၀ နှစ်)၊ ရဖိခ် (အသက် ၂၅ နှစ်) နှင့် ဂျမာလ် (အသက် ၁၆ နှစ်) တို့သည် ထိုသို့ပစ်ခတ်နေစဉ် အချိန်တွင်ရေ ကူး၍ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်းနှင့် ၎င်းတို့အား စာနာထောက် ထားသော ရွာသားများမှ အကာ အကွယ် ပေးထားကြောင်း ထိုင်းနိုင်ငံ၊ ဖူးကတ်မြို့အခြေစိုက် သတင်းဌာန တစ်ခုဖြစ်သည့် Phuket Wan သို့ မတ် လ (၅) ရက်နေ့ကပြောကြားခဲ့သည်။ 
ရိုဟင်ဂျာ များကိုမြှပ်နှံ ထားသည့် ကျင်းနှစ်ကျင်းကို Phuket Wan သတင်းထောက်နှင့် သြစတြေးလျ ရုပ်မြင်သံကြား သတင်းဌာန တို့မှ သတင်းထောက် များက မတ်လ (၅) ရက်နေ့ တွင်တွေ့မြင် ခဲ့သည်။ 
လွတ်မြောက်လာသူ ၃ ဦး၏ အဆိုအရ ပစ်ခတ်ခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ထိုင်းရေတပ် မှဖြစ်သည် ဟုပြော ဆိုသော်လည်း ရွာသားများကမူ အဆိုပါ ပစ်ခတ် သူများသည် ထိုင်းစစ်တပ်၏ အဖွဲ့အစည်းခွဲတစ် ခုဖြစ် သည်ဟုဆိုပါသည်။ 
ယခင်ကလည်း ထိုင်းစစ်တပ် သို့မဟုတ် လုံထိန်းတပ်ဖွဲ့ဝင်များမှ မွတ်စလင် ရိုဟင်ဂျာ များအပေါ် မတရား ညှင်းပန်းနှိပ်စက်မှု များပြုလုပ် ခဲ့သည်။ ထိုင်းရေတပ် အမှတ် (၃) မှဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သာရာ သုန်းက ဂျီတ်စူဝန်မှ ယခုပစ်ခတ်မှုနှင့် ပတ်သက်၍ မှတ်ချက်ပေး ရန်ငြင်း ဆိုခဲ့ကြောင်း သိရပါသည်။ 
ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် ရိုဟင်ဂျာ ဒုက္ခသည်များ သယ်ဆောင်လာသော စက်လှေသည် ဓါတ်ဆီ ကုန်ခန်း သွားပြီးနောက် ထိုင်းငါးဖမ်း သမားများက ၎င်းတို့အား နိုင်ငံတကာ ခရီးသွားအများ အပြားလည် ပတ်လေ့ရှိ သည့် စူရင်းကျွန်းသို့ ခေါ်သွားခဲ့ကြောင်း အသက်ရှင် လွတ်မြောက်လာသူ ရဖိခ် မှပြောပါ သည်။ ၎င်းတို့ အားဒေသ ခံများမှ အဆိုပါ ကမ်းခြေတွင် စားသောက်ဖွယ်ရာ များပေးအပ်ခဲ့ပြီး၊ ကျွေးမွေးခဲ့ သည်။ ညနေ ၆ နာရီခွဲတွင် စစ်တပ် မှရေယာဉ် တစ်စီးရောက် ရှိလာပြီး ရိုဟင်ဂျာ များ၏ စက်လှေအား ကမ်းခြေ ဘက်ကို ဆွဲယူခဲ့သည်။ 
ရွာသားများမှ စိတ်မပူရန်နှင့် ဒုက္ခသည်များအား လုံခြုံစွာမြို့ပေါ်သို့ ပြောင်းရွှေ့ပေး ရန်ရောက် လာခြင်းဖြစ် ကြောင်းပြော ကြား ခဲ့သည်ဟု ရဖိခ် မှပြောပြ ခဲ့သည်။ သို့သော် လည်း နောက်နေ့မ နက်ပိုင်း တွင် ဒုက္ခသည် ၂၀ ဦးကို သာပြောင်းရွှေ့ပေးရန် စီစဉ် ခဲ့ပြီးနောက် ပစ်ခတ်မှု စတင်ခဲ့သည်။ 
“ကျွန်တော်တို့ မပြောင်းဘူးလို့ ဆုံးဖြတ် လိုက်တော့ သေနတ်ကို မိုးပေါ်ထောင် ပစ်တယ်။ အဲဒါနဲ့ ကျွန် တော် တို့ရေ ထဲခုန်ချတော့ ရေထဲကိုသေနတ်နဲ့ ပစ်တယ်။” ဟုရဖိခ်မှပြောပြပါ သည်။ ဒေသခံ ငါးဖမ်းသ မားများ က လည်းသေနတ် သံကြားခဲ့သည်။ ရဖိခ်နှင့်အခြားသော သူများကို အချိန် တန်ကြာ တွင်ကယ် ဆယ်နိုင်ခဲ့ သည်။ အလောင်းနှစ်လောင်း အားရေထဲမှ ဆယ်ယူ၍ မြှပ်နှံခဲ့သည်။ ငါးဖမ်း သမား များမှ ရေထဲ တွင် အလောင်း များစွာတွေ့ခဲ့ပြီး ၁၅ ဦးသေဆုံးဖွယ် ရှိသည် ဟုပြောပါသည်။ 
ဖူးကတ်မြို့မြောက်ပိုင်း ဒေသခံများမှ ယခုအခါ အသက်ရှင် လွတ်မြောက်လာသူ ၃ ဦးနှင့်ယခင် စက်လှေ နှင့်ရောက် ရှိလာသူ ၁ ဦးကိုနေခွင့်ပေး ထားသည်။ စစ်တပ်မှ အခင်းဖြစ် ပွားပြီးနှစ်ရက်မြောက်နေ့ တွင် အသက်ရှင် လွတ်မြောက်ခဲ့ သူများကို ရှာဖွေ ခဲ့သော်လည်း ၎င်းတို့အား ရွာသားများမှ လုံခြုံအောင် ထားခဲ့ သည်။ ကျန်ရှိသည့် ၁၀၀ ကျော်သော ရိုဟင်ဂျာ များကို စစ်တပ်မှ ရေယာဉ်ဖြင့် ဆွဲ ၍ခေါ်ဆောင် သွားသော ကြောင့် ၎င်းတို့၏ ကံကြမ္မာ မှာမည်သို့ဖြစ်မည်ကို တွေးဆ၍ မရပေ။ ယခင်က ထိုင်း စစ် တပ်မှ လူကုန်ကူးမှု ဂိုဏ်းများနှင့် ပူးပေါင်း၍ ဒုက္ခသည်များကို ရောင်း ချလေ့ရှိ  ကြောင်း စွပ်စွဲခံ ခဲ့ ရဖူးသည်။ 
“ကျွန်တော်တို့ အားလုံးက မလေးရှားနိုင်ငံကို သွားဖို့ ထွက်လာခဲ့တာပါ။ အဲဒီကနေသြစတြေး လျနိုင်ငံကို သွားဖို့ အတွက်ပါ။ အခုတော့ ကျွန်တော်တို့ ဘာတွေဖြစ်ဦး မလဲဆိုတာ မသိတော့ဘူး” ဟုဟာဘူမာရာ မှ ပြော ပါသည်။ 
မြန်မာနိုင်ငံတွင်း ညှင်းပန်းနှိပ် စက်မှုများမှ တိမ်းရှောင်နေသည့် ရိုဟင်ဂျာ များအတွက် အောက်တိုဘာလမှ ဧပြီလသည် ပင်လယ်ပြင် ခရီးစဉ်သွားနိုင်သည့် အချိန်ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် ထိုင်းစစ်တပ်မှလျှို့ ၀ှက်စွာ စီမံခဲ့သည့် မူဝါဒဖြစ်သည့် စက်လှေမှ စက်အင် ဂျင်ဖြုတ်၍ ရေထဲသို့ မျှောသည့် လုပ်ရပ်ကြောင့် ရာ ပေါင်းများစွာသော ရိုဟင်ဂျာ များသေဆုံး ခဲ့ရသည်။ ထိုမူဝါဒကို ထိုင်းဝန်ကြီး ချုပ်ဟောင်း အဘီ စစ်ဘေဂျာ ဂျီဗာမှ ဖျက်သိမ်းခဲ့သည်။ နောက်ပိုင်း တွင်ရောက်ရှိ လာသူများကို အစားအစာနှင့် ဓါတ် ဆီပေး၍ ကမ်း ကပ်ခွင့် မပေးဘဲ ပြန်လည်မောင်း ထုတ်သည့် မူဝါဒကို ချမှတ်ခဲ့သည်။ 
ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းများတွင် ဒုက္ခသည် ၁၇၀၀ ကျော်ထိန်း သိမ်းထားပြီး ၎င်းတို့၏ ကံကြမ္မာကို လာမည့် ဇူလိုင်လ မတိုင်မှီ ဆုံးဖြတ် ရမည်ဖြစ်သည်။
မခင်ဖြူထွေး 
ဗွီအိုအေမြန်မာပိုင်း
5.3.2013 
အီးယူ ဥရောပ သမဂ္ဂက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှု အားလုံး ရုပ် သိမ်းဖို့မှာ မြန်မာနိုင်ငံမှာ ခြေခြေ မြစ်မြစ်ရှိပြီး အများ လက်ခံနိုင် တဲ့ နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုေ တွ ဖြစ်ရေး ဟာ အဓိက ထည့်သွင်း စဉ်းစားတဲ့ အချက် တချက် ဖြစ်တဲ့ အကြောင်း ဥရောပ ပါလီမန် ဥက္ကဋ္ဌ က ပြော ပါ တယ်။
ဥရောပ ၅ နိုင်ငံ ခရီးထွက်နေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ မနေ့က အင်္ဂါနေ့မှာတော့ အီးယူ ဥရောပ သမဂ္ဂ ရုံးစိုက်ရာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် မြို့ကို ရောက်ရှိလာခဲ့ပြီး ဥရောပ ပါလီမန် ဥက္ကဋ္ဌ မာတင် ရွှဇ် (Martin Schulz) နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဥရောပ သမဂ္ဂက မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ပြန်ရုပ် သိမ်းပေး ဖို့ မြန်မာ သမ္မတ ဦးသိန်းစိန်က ဥရောပ အကြီးအကဲတွေနဲ့ တွေ့ဆုံစဉ်မှာ တောင်းဆိုခဲ့ သလို ဥရောပ ပါလီ မန် ဥက္ကဋ္ဌ ကတော့ မြန်မာနိုင်ငံမှာ အခြေခိုင် တဲ့ ပြုပြင်ပြောင်းလဲ မှုတွေဖြစ်အောင် ကြိုးပမ်းဖို့ တိုက် တွန်း သွား ပါတယ်။
“မြန်မာနိုင်ငံ ဘက်က အရေးယူ ပိတ်ဆို့မှုတွေ အမြန်ဆုံး ရုပ်သိမ်းပေးဖို့ တောင်းဆိုထား တာ၊ မြန်မာနိုင်ငံ ဘက်က လိုလားချက် ဆန္ဒကို ကျနော်တို့ နားလည်ပါတယ်။ ဒီလို တောင်းဆိုတာကို နားလည်ပေမဲ့လည်း ဥရောပ ပါလီမန် တွေဘက်က ချမှတ်ထားတဲ့ သတ်မှတ်ချက်တချို့နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဖြစ် ပါတယ်။ ခြေခြေမြစ်မြစ် ရှိပြီး အများ လက်ခံနိုင်တဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက် မှုတွေ ရှိရေးက အဓိက အချက် တခုပါ။ နောက်ဆုံး တခု ကျနော် အလေးအနက် ပြောချင်တာ ကတော့ ဒေါ်အောင် ဆန်းစုကြည် ဟာ ဥရော ပ ပါလီမန်က ချီးမြှင့်တဲ့ Sakharov လူ့အခွင့်အရေးဆုကို လက်ခံရရှိထား သူ ဖြစ်တယ်ဆိုတာနဲ့ အချိန် အကြာ ကြီး စောင့်ခဲ့ပြီးနောက်မှာတော့ နောက်ဆုံး သူ့ကို ဥရောပပါလီမန်ကို ဖိတ်ခေါ်ပြီး ကိုယ်တိုင် ကိုယ် ကျ ဆုချီးမြှင့်ခွင့်ရလိမ့်မယ်လို့ မျှော်လင့်တယ်ဆိုတာပါပဲ။”
မြန်မာသမ္မတနဲ့ တွေ့ဆုံမှုအပြီး ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ဥရောပပါလီမန်ဥက္ကဋ္ဌ မာတင် ရွှဇ် (Martin Schulz) ပြောသွားတာပါ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဥရောပ ပါလီမန်ရဲ့ လွတ်လပ်စွာ တွေးခေါ်မှုဆု Sakharov ဆုကို ၁၉၉၀ ခုနှစ်တုန်းက ချီးမြှင့်ခံခဲ့ရတာပါ။
အဲ့ဒီအချိန်က နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်စား သားဖြစ်သူက ဆုကို လက်ခံရယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခု ဒီဆုကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ခံရယူနိုင် ဖို့ မျှော် လင့်တဲ့အကြောင်း ဥရောပပါလီမန်ဥက္ကဋ္ဌ က ပြောသွားခဲ့တာပါ။
မြန်မာအစိုးရ လက်ရှိ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့တော့ သမ္မတ ဦးသိန်းစိန်က ဒီပူးတွဲသတင်းစာရှင်းလင်းပွဲတွင်းမှာပဲ အခုလို ပြောကြားသွားခဲ့ပါတယ်။
“နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး အပိုင်းမှာ အပိုင်း ၂ ပိုင်း ကျနော် တို့ ဆောင် ရွက် ရပါတယ်။ တစ်ပိုင်းကတော့ နိုင်ငံရေး အဖွဲ့အစည်းတွေ တည်တည်ငြိမ် ငြိမ် အေး အေးချမ်း ချမ်း ရှိဖို့အတွက် ကျနော်တို့ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ် တွေမှာ နိုင်ငံသားအားလုံး ပါဝင်လာအောင် အခွင့် အရေးတွေ ပေးပြီးတော့ ကျနော်တို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။”
သမ္မတ ဦးသိန်းစိန်ဟာ မနေ့က ဥရောပပါလီမန်ဥက္ကဋ္ဌ အပြင် ဥရောပကော်မရှင် အကြီးအကဲ ဟိုဆေး မန်နျူရယ် ဘာရိုစို (Jose Manuel Barroso) ၊ အီးယူဥက္ကဋ္ဌ ဟာမန် ဗန် ရွမ်ပေး (Herman Van Rompuy) နဲ့ အီးယူနိုင်ငံခြားရေးရာ မူဝါဒအကြီးအကဲ ကတ်သရင်း အက်ရှ်တန် (Catherine Ashton) တို့နဲ့ လည်း တွေ့ဆုံခဲ့သလို မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဥရောပသမဂ္ဂ အီးယူရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အီးယူခေါင်းဆောင်တွေအနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းတွေ မှာ အီးယူအနေနဲ့ ဆက်ပြီး အားပေး ကူညီသွားမယ့်အကြောင်းနဲ့ အီးယူနဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေး တိုးမြှင့် တည်ဆောက်သွားမယ့်အကြောင်းတွေကို ပြောဆိုခဲ့ကြတာပါ။
မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ခုထက်ပိုပြီး ဆောင်ရွက်ဖို့ လိုအပ်တဲ့ အကြောင်းလည်း အီးယူ ခေါင်းဆောင်တွေက တိုက်တွန်း ပြောဆိုခဲ့ကြတာပါ။
အခုလို မြန်မာသမ္မတဦးသိန်းစိန်ဥရောပနိုင်ငံတွေကို ရောက်ရှိလာပြီးအီးယူဥရောပသမဂ္ဂ ခေါင်း ဆောင်တွေ နဲ့ တွေ့ ဆုံနေချိန်မှာပဲ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Human Rights Watch အဖွဲ့ကတော့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ဖော်ဆောင်နေ တယ် ဆိုပေမဲ့ လူ့အခွင့် အရေး နဲ့ ပတ်သက်လို့ တိုးတက် အောင် ဆောင်ရွက်ရမယ့် အခြေအနေတွေ အများကြီး ကျန်နေသေး တဲ့ အကြောင်း သတိပေး ထောက်ပြ ပြောဆိုခဲ့ပါတယ်။
နှစ်ပါင်းများစွာအတွင်း မြန်မာသမ္မတတစ်ဦး ဥရောပနိုင်ငံတွေကို တရားဝင်လာရောက်တဲ့ အခုခရီးစဉ် အ တွင်း သမ္မတဦးသိန်းစိန်ဟာ နော်ဝေ၊ ဖင်လန်၊ သြစတြီးယားနဲ့ ဘယ်လ်ဂျီယံ နိုင် ငံတွေ ကို ရောက်ရှိ လာခဲ့တာဖြစ်သလို အခု ဘယ်လ်ဂျီယံပြီးရင် အီတလီနိုင်ငံကိုလည်း ခရီးဆက်ဦးမှာ ဖြစ်ပါတယ်။
ဌေးဇော် 
RB News 
6.3.2013 
ဘူးသီးတောင် ။ ။ ဘူးသီးတောင်မြို့နယ်ရှိ နစကစ ခန်းအမှတ် (၂၁) နှင့် အမြောက် တပ်ရင်းတို့မှ အပြစ် မဲ့ ရိုဟင်ဂျာ များကို ဖမ်းဆီး၍ ငွေညှစ်လျက်ရှိပြီး၊ ငွေကြေးတတ်  နိုင်သူများကို ပြန်လည်လွှတ်ပေးသော် လည်း ငွေကြေး  မတတ်နိုင်သူများကို ဆက်လက် ဖမ်းဆီး၍ ညှင်းပန်းနှိပ်စက်လျက် ရှိကြောင်း သိရှိရပါ သည်။ 
မတ်လ (၂) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် အခြေစိုက် နစက စခန်းအမှတ် (၂၁) မှ စခန်းမှူး ဗိုလ် ကြီး ဇင်မောင်မောင်နှင့် စစ်ဦးစီးတို့သည် ကျောက်ရန်ကျေးရွာအုပ်စု၊ တိပ်တိုးပေါက်ရွာမှ ဦးအဘူဆီဒိက်၊ ဦးမာမတ်ဇူဘိုင်ရ်နှင့် ဦးအာမာနူလ္လာတို့ကို အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ဦးအာမာနူလ္လာထံ မှငွေကျပ်နှစ်သိန်းယူ၍ ပြန်လည်လွှတ်ပေး လိုက်သော် လည်း ကျန်ရှိ သည့်နှစ်ဦးမှာ ငွေကြေး မတတ်နိုင်သောကြောင့် ဆက်လက်ဖမ်းဆီး ထားပြီး ညှင်းပန်းနှိပ် စက် လျက် ရှိကြောင်း သိရပါသည်။ ထို့အပြင် ၎င်းတို့ နှစ်ဦးအား ယနေ့အချိန်ထိ မိသားစုများနှင့် တွေ့ဆုံခွင့် လည်း ပိတ်ပင်ထားသည်။ 
မတ်လ (၁) ရက်နေ့ည ၁၀ နာရီခန့်တွင် အမြောက်တပ်ရင်း ၃၇၈ မှတပ်ရင်းမှူး၏ ကိုယ်ရံတော် တစ် ဦး ဖြစ်သည့် တပ်ကြပ်ကြီး မြင့်အေးသည် ဘူးသီးတောင်မြို့နယ် လက်ဝဲဒက် ပုဇွန်ချောင်းကျေးရွာနှင့် တပ် မင်းချောင်းကျေးရွာ တို့မှ ဦးအဒူနော်ဘီ၏ ဇနီးဖြစ်သူ ဒေါ်ဆော်မူဒါခါတူနှင့် ဦးအဒူရဟင်းတို့အား ဖမ်းဆီး သွားပြီး လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခဲ့သည်။ ထို့အပြင် ဖမ်းဆီးသွားသူနှစ်ဦးအား အတင်းအဓမ္မ အရက် တိုက်ခဲ့ကြောင်း သိရှိရပါသည်။ တပ်ကြပ်ကြီးမြင့်အေးမှ ငွေမရမချင်း ညှင်းပန်းနှိပ်စက်ခဲ့ပြီး ယမန်နေ့ က ငွေကျပ် ၄ သိန်းယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် ဒေသခံတစ်ဦးမှ RB News သို့ပြောပါသည်။
ဘီဘီစီမြန်မာပိုင်း
5.3.2013
ရခိုင်ပြည်မှာ လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာန ကိုယ်စားလှယ် အရှော့နီဂမ်ဟာ စစ်တွေမြို့မှာ နယ်စပ်ရေးရာဝန်ကြီးသစ် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း နဲ့ ဆွေးနွေးခဲ့ပါတယ်။ ဒုက္ခသည်တွေကို ဘယ်လို ကူညီနိုင်မလဲ။ အရှော့ နီဂမ်ကို ဘီဘီစီက ဆက် သွယ်မေးထား ပါတယ်။
မဟာမင်းခန့်
RB News
မြောက်ဦးခေတ်တွင် နန်းတွင်းရှိ မွတ်ဆလင် ၀န်ကြီးများသည် နန်းတက်မည့် အာ(ရ်)ကန်မင်း များအတွက် အကောင်းဆုံးမွတ် ဆလင်ဘွဲ့ ထူးဂုဏ်ထူးများကို နန်းတွင်း အဓိက လုပ်ငန်းဆောင်တာ တစ်ခုကဲ့သို့ လုပ်ဆောင်ပေး ခဲ့ရသည်။ မင်းတို့သည်လည်း ရိုဟင်ဂျာ ကဗျာဆရာ၊ စာရေးဆရာများကို ပညာရည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရိုဟင်ဂျာယဉ်ကျေးမှု ထွန်းကားဖြစ်မြောက်ရေးဆိုင်ရာ စာအုပ်စာပေ အရေးအသားများ ထွန်းကား လာရေးအတွက် အစဉ်အားပေးထောက်ခံခဲ့သည်။ နန်းတွင်း ထင်ရှားကျော်ကြားသော မွတ်ဆလင် ၀န်ကြီးအ ချို့မှာ ‘Sulaiman, Mujallis, Syed Mussa, Ashraf Khan’ တို့ဖြစ်ကြသည်။ ‘Magan’ သည်လည်း စန္ဒာသုဓမ္မ (၁၆၅၂-၁၆၈၄) လက်ထက် ၀န်ကြီးချုပ်ဖြစ်ခဲ့သည်။ Magan ၀န်ကြီးချုပ် က `ရှားရှုဂျား´ ပုန်ကန်မှုနှင့် ပတ်သက်၍ ဘက်လိုက်မှု မရှိခဲ့သောကြောင့် သူ၏ အလိမ္မာကျော်ကြားမှုနှင့် စပ်လျဉ်း၍ အာ(ရ်)ကန်ဒေသခံတို့သည် ချီးကျူးမကုန်ဖြစ်ခဲ့သည်။ Magan သည် ရှားရှုဂျား´အား ပုန်ကန် ရန်အား မပေးခဲ့သည့်အပြင် သူ့ဘက်မှ ဘက်လိုက်ခြင်းလည်း မပြုလုပ်ခဲ့ပါ။ မြောက်ဦးခေတ် အာ(ရ်) ကန်မင်းတို့သည်လည်း `ရိုဟင်ဂျာ´ကဗျာဆရာများ၊ စာရေးဆရာများအား စာပေပညာ ဗဟုသု တစာအုပ် စာပေများကို ရေးသားရန် အားပေး အားမြောက်ပြုခဲ့ရာ ထင်ရှားသော “Daulat Quazi” နှင့် “Syad Shah Alawl” တို့သည် နန်းတွင်းကဗျာဆရာများဖြစ်သည်။ “Daulat Quazi”သည် ဘာသာ စကားကျွမ်း ကျင်သူတစ်ဦးဖြစ်ပြီး၊ ဘာသာစကားတစ်ခုမှ အခြားဘာသာစကားတစ်ခုသို့ လျင်မြန်စွာ ကူးလူး ဆက်ဆံပြောဆို တတ်သော အတတ်ပညာရှင် တစ်ဦးအဖြစ်ထင်ရှားသည်။ သူသည် ``အရဗီ၊ ပါရှန်းနှင့် သက္ကတ´´ဘာသာတို့ကို တစ်ဘက် ကမ်းရောက်အောင် ကျွမ်းကျင်သည်။ “Daulat Quazi”၏ စာပေ ပညာဗဟုသုတ ကြွယ်ဝချမ်းသာမှုကြောင့် ရိုဟင်ဂျာ ဘာသာစကား၊ ကဗျာ၊ စာပေရေးရာ၊ ယဉ်ကျေး မှု ထွန်းကားပြန့်ပွားရေးအတွက် ကြီးမားသော အင်အားတစ်ရပ်ဖြစ်ခဲ့သည်။ သူသည် စိတ်ခံစား ချက် အပြည့်ဖြင့် သီကုံးထားသော (၁၂)လရာသီကဗျာများကို ရေးသားပြုစုခဲ့သည်။ ၄င်းသီချင်း များကို ရိုဟင်ဂျာ ဘာသာစကားဖြင့် ‘Baramasha’ ဟုခေါ်ဆိုပြီး တန်ဖိုးမဖြတ်နိုင်သော စိန်လုံးပုလဲလုံး ကဲ့သို့ နန်းတွင်းရတနာများဖြစ်ခဲ့သည်။ 
ရိုဟင်ဂျာ လူမျိုးတို့သည် အစ္စလာ့မ် အဆုံးအမနှင့် ၄င်းအပေါ် အခြေခံသော လူမှုဆက်ဆံရေး ယဉ်ကျေးမှု အပေါ်တွင် ဘ၀ရပ် တည်နေပြီး၊ စီးပွားရေး၊ လူမှုရေး၊ ကူးလူးဆက်ဆံရေးစသည်ဖြင့် အရေးဟူသမျှသည် တစ် ခုနှင့် တစ်ခု ဘာသာရေးအပေါ် အခြေခံသော အပြန်အလှန် ကူးလူးဆက်ဆံခြင်းစနစ်ကို အခြေခံဖွဲ့ စည်းထားသည်။ ရိုဟင်ဂျာတို့သည် အများစုပေါင်းဝတ်ပြုကြသည်။ ဘာသာရေး ၀တ်ပြုဆုတောင်း ပွဲများသည် ရိုးရှင်းလွယ်ကူပြီး၊ Symbolism (ခ) ပုံဖော်ရေးဆွဲသော အနုပညာအယူဝါဒနှင့် idolism (ခ) ရုပ်တုကိုး ကွယ်မှုတို့ကို လုံးဝခွင့်မပြုပေ။ ရိုဟင်ဂျာတို့သည် လူပုဂ္ဂိုလ် ကိုးကွယ်သော အယူဝါဒကို လုံးဝ ဆန့်ကျင် သူများဖြစ်ကြသည်။ သူတို့သည် ဘာသာတရားကို အလွန်ကိုင်းရှိုင်း ကိုးကွယ် ကြိုးပမ်းအား ထုတ်သော သူတော်စင်များ ကိုကား အလွန် ရိုသေ ချစ်မြတ်နိုးလေ့ ရှိသည်။ ထိုသို့သော ပုဂ္ဂိုလ် များ သေဆုံးသောအခါတွင် ၄င်းတို့၏ ဂူ(သို့မဟုတ်) ၄င်းပတ်ပတ်လည်ကို ခိုင်ခန့်သော အကာအရံ များဖြင့်  ဆောက် လုပ် ၍ ဘာသာရေး ပွဲတော် အနေနှင့် မဟုတ်သော်လည်း တစ်ခါတစ်ရံ ဂုဏ်ပြုအပ်ခြင်း ငှာ ပွဲ လမ်း သဘင် များ ကျင်းပလေ့ရှိသည်။ ယခုအချိန်တွင် မရှိသလောက်ဖြစ်နေပါပြီ။ 
အာရေဗျ တိုင်းပြည်များနှင့် ပါရှန်းနိုင်ငံတို့တွင် ရေးသား သုံးစွဲခဲ့သော Nask (or) Nasktalik အက္ခရာ တို့ သည် ရိုဟင်ဂျာ တို့၏ စာပေရေးရာ ယဉ်ကျေးမှုကို လွှမ်းမိုးခဲ့သည်။ အာရေဗျ ဘာ သာဖြင့် ရေးသားသော ကိုရမ် ကျမ်းတော်မြတ်နှင့် အခြားအစ္စလာမ်ဘာသာသာ သနာဆိုင်ရာစာအုပ် စာပေများကို ရေးသားပြုစုရာ တွင် သုံးနှုန်းခဲ့သော Nask အက္ခရာများကို ရိုဟင်ဂျာတို့သည် စာပေရေးရာပြုစုရေး သားရာတွင် သုံးနှုန်းခဲ့သည်။ Floral designs (ခ) ပန်းအလှပုံစံဒီဇိုင်းမျိုးစုံဖြင့် မျက်စိပသာဒရှိအောင် မှန်တံခါးဘောင် များတွင် ရေးဆွဲ ထားသော ရိုဟင်ဂျာ လက်ရေးလှ စာပေများသည် ရိုဟင်ဂျာ များနေ ထိုင် ရာ နေရာများတွင် ယခုတိုင်ရှားရှားပါးပါးတွေ့ရှိနိုင်သည်။ 
ဂီတရေးရာတွင်လည်း ရိုဟင်ဂျာ တို့သည် ကိုယ်ပိုင်သံစဉ် Batali ကို တီထွင်နိုင်ခဲ့သည်။ ၄င်း Batali သည် ကျေးလက်တော ရွာနေ တေးကဗျာဆိုသူတို့၏ သံစဉ်သာဖြစ်သည်။ ၄င်းတို့ထဲမှ ပမာပြရလျှင် ဘူးသီးတောင်မြို့နယ်မှ ဦးအလီမိုဒ္ဒိန်သည် ၀မ်းနည်းကြေ ကွဲဖွယ်ရာ တေးကဗျာများကို လှပတန် ဆာဆင်ဆိုတတ်သဖြင့် သောတဆင်ကြားရသူအပေါင်းတို့ မျက်ရည်သွင်သွင် ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ Zari (ခ) အလွမ်းသီချင်း များသည်လည်း ကျေးလက်နေပြည်သူပြည်သားတို့အတွက် အလွန်သာယာ ချမ်းမြေ့ဖွယ်ရာ သီချင်း များဖြစ်သည်။ အထက်ဖော်ပြပါ Baromasha, Batali နှင့် Zari တို့သည် ကျေး လက်နေ ရိုဟင်ဂျာ လူမျိုးတို့အတွက် ယခုခေတ် စင်တင်တေးဂီတကြီးများသဖွယ် တိုင်းရင်းသား လူမျိုးတို့၏ ယဉ်ကျေး မှုကို ထင်ဟပ်ပေါ်လွင်စေသော ပြဇာတ် များဖြစ်ခဲ့ကြ သည်။ ခေတ်အဆက် ဆက် က ရိုဟင်ဂျာ ယဉ်ကျေးမှုပြ ဇာတ်များကို ကျေးရွာများရှိ ရွာပြင်ပ ရိုးပြတ်လယ်ကွင်းပြင်များတွင် ကျင်းပလေ့ရှိသည်။ ရိုးရာပြဇာတ်များကို အထူးသဖြင့် လယ်သမားများ စပါးရိတ်သိမ်းပြီးချိ န်နှင့် ကျေးရွာ သူကျေးရွာ သားများ နှစ်စဉ်ပျော်ရွှင် ချမ်းမြေ့နိုင်ရန် ညအချိန်တွင် ကျင်းပလေ့ရှိပြီး၊ ပတ်ဝန်းကျင်ကျေး ရွာမှ ဒေသခံပြည်သူတို့သည် တစ်ပျော်တစ်ပါး လာရောက်ကြည့်ရှုခဲ့ကြသည်။ အာရ် ကန်ဒေသတွင် အစောပိုင်းကာလများ၌ Qasidas (ကစီဒါ) သီဆိုခြင်းများ အလွန်ခေတ်စားခဲ့သည်။ ထင်ရှားသော ကစီဒါ ဆိုသူအချို့မှာ Alawal, Daulat Qazi, Shujah Qazi တို့အပြင် အခြားနာမည်ကြီး ကဗျာ စာဆိုများ လည်းရှိခဲ့သည်။ အာရ်ကန်မင်းများ၏ နန်းတွင်း အခမ်းအနားများတွင် သဘာပတိ ပြုလုပ်ရာ၌ သူတို့အတွက် ကစီဒါသီဆိုပေးခဲ့ရသော အစီအစဉ်ရှိခဲ့ပြီး၊ ၄င်းသီဆိုမှုများအတွက်လည်း ဘုရင့်နန်းတော်မှ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ခြင်းများရှိခဲ့သည်။ 
နိဂုံးချုပ်အနေဖြင့် တင်ပြရလျှင် ရိုဟင်ဂျာလူမျိုးတို့သည် ကမန်လူမျိုးမဟုတ်သကဲ့သို့ ဘင်္ဂလီလူမျိုးလည်း မဟုတ်ပါ။ ဆန့်ကျင် ဖက်အမြင်အုပ်စုများ ပြောဆိုတင်ပြနေသကဲ့သို့ မနေ့တစ်နေ့ကမှ ဘင်္ဂလားဒေ့ရှ့်မှ လာရောက်နေထိုင်ခဲ့သော လူမျိုးတစ်မျိုးလည်းမ ဟုတ်ပါ။ မြန်မာနိုင်ငံတိုင်းရင်းသား  ရိုဟင်ဂျာ လူမျိုးတို့ သည် အာ(ရ်)ကန် (ရခိုင်)ဒေသ တွင် ရှေးပဝေသဏီက အထူးသဖြင့် (၁၀)ရာစုမ တိုင်မီကပင် မှီတင်းနေထိုင်လာခဲ့သော (ဘင်္ဂလီ-ဟိန္ဒူဘာသာကိုးကွယ်သော)လူမျိုး နောင်တွင် (ဘင်္ဂလီ-ဗုဒ္ဓဘာသာ ကိုးကွယ်သော) လူမျိုးနှင့် ၁၀ ရာစုမတိုင်မီနှင့် ၄င်းနောက်ပိုင်းရောက်ရှိလာခဲ့သော အစ္စလာမ်ဘာသာ ကိုးကွယ်သည့် အာရဗ်၊ ပါရှန်၊ မဂိုလ်နှင့် ပထန်လူမျိုး တို့၏ ဘာသာ၊ စကား၊ ယဉ်ကျေးမှု များ ရောနှောပေါင်း စပ်ဖြစ်ထွန်းလာခဲ့သော ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုအနုပညာ၊ ကိုယ်ပိုင် ဘာသာ စကားတို့ကို သီးခြားလွတ်လပ်စွာ ပိုင်ဆိုင်သောလူမျိုးတစ်မျိုးဖြစ်သည်။ 
ယခုအခါ ရိုဟင်ဂျာ တို့သည် အာ(ရ်)ကန်(ရခိုင်)ဒေသတွင် ရခိုင်(ဗုဒ္ဓဘာသာကိုးကွယ်သောလူမျိုး) တို့နှင့် သီးခြားစီ အတူတကွ နေထိုင် လျှက်ရှိပြီး၊ ရိုဟင်ဂျာတို့၏ အထွေထွေလူ့အခွင့်အရေးများကို ချိုးဖောက် ခံနေရခြင်းကြောင့် ကမ္ဘာ့မိသားစု တစ်ရပ်လုံးက ၀ိုင်းဝန်း ကယ်တင်ပေးနေသည့် အချိန်အခါ လည်းဖြစ် သည်။ ထို့ကြောင့် တိုင်းရင်းသား ရိုဟင်ဂျာ လူမျိုးတို့သည် ခေတ်သစ်မြန်မာ့ လူ့ဘောင်စနစ် တစ်ခုအတွက် စိတ်ဝင်စားစရာ လူမျိုးတစ်မျိုးဖြစ်နေကြောင်း တင်ပြလိုက်ရပါသည်။ 
"ရိုဟင်ဂျာထုတစ်ရပ်လုံး ဗဟုသုတအဖြာဖြာ တိုးပွားကြပါစေ။"
RB News 
4.3.2013 
အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံ သမ္မတ တည်ထောင် ထားသော ခလီဖာဖောင်ဒေး ရှင်း မှ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ မွတ်စလင် ဒုက္ခသည်များအတွက် တန်ချိန် ၂၆၀၀ ရှိ အစားအစာများ ကို ပို့ဆောင်ထောက်ပံ့ ခဲ့ကြောင်းသိ ရှိရပါသည်။ 
ယခု အကြိမ်ပေးပို့ခဲ့ သည့်တန်ချိန် ၂၆၀၀ မှာ တတိယအကြိမ်ဖြစ်ပြီး၊ အရေးပေါ် ကယ်ဆယ်ရေး စီမံကိန်း ၏ နောက်ဆုံး အသုတ်ဖြစ်သည်။ ခလီဖာဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ်ရှိ မွတ်စလင် ဒုက္ခသည်များအ တွက် ယခုအချိန်ထိ တန်ချိန် ၅၂၀၀ ရှိ ကယ်ဆယ်ရေး ပစ္စည်းများထောက်ပံ့ ပေးပြီးဖြစ်သည်။ အဆိုပါ အထောက်အပံ့များကို လူပေါင်း ၈၅၀၀၀၀ ခန့်အား အကျိုးဖြစ်ထွန်းစေ ခဲ့ကြောင်း ယူအေအီးနိုင်ငံထုတ် The National တွင်ရေးသားဖော်ပြထားသည်။ 
အဆိုပါ ကယ်ဆယ်ရေး စီမံကိန်းကို ယူအေအီးနိုင်ငံသမ္မတ Sheikh Khalifa မှ မြန်မာနိုင်ငံတွင် တရားမျှ တမှုကင်းမဲ့မှု ကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ် ခဲ့ရသော ရိုဟင်ဂျာ မွတ်စလင်များ အတွက် အရေး ပေါ်အထောက် အပံ့ များပေးအပ်ရန် ညွန်ကြားခဲ့ခြင်းကြောင့် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။ 
အထောက်အပံ့များကို ယူအေအီးနိုင်ငံ ပြည်တွင်းဈေးကွက်မှ ၀ယ်ယူ၍ ရခိုင်ပြည်နယ်သို့ သင်္ဘောဖြင့် ပို့ ဆောင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကယ်ဆယ်ရေး ပစ္စည်းများတွင် အခြေခံ စားကုန်များ၊ အမျိုးသား၊ အမျိုး သမီးများနှင့် ကလေးများအတွက် အ၀တ်အထည်များ ပါဝင်သည်။
မာတလိ 
RB News 
4.3.2013 
ဘူးသီးတောင် ။ ။ ဇန်န၀ါရီလ ဆန်းပိုင်းတွင် ကျောက်တော်မြို့နယ်မှ ဘူးသီးတောင်မြို့နယ်သို့ ထွက်ပြေး တိမ်းရှောင်လာသော ရိုဟင်ဂျာ ဒုက္ခသည် ၁၅ ဦးကို နယ်မြေကျော်လွန်မှုဖြင့် တရားစွဲဆို၍ ဖေဖော်ဝါရီ လ (၂၈) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တရားရုံးမှ မတရားသဖြင့် ထောင်ဒဏ်တစ်နှစ်စီ ချမှတ်  လိုက် ကြောင်း သတင်းရရှိပါသည်။ 
“ဇန်န၀ါရီလ (၂) ရက်နေ့က ကျောက်တော်မြို့နယ် အပေါက်ဝ ကျွန်းကနေ ရခိုင်အစွန်း ရောက်တွေနဲ့ ဖက် ဆစ် အာဏာပိုင်တွေရဲ့ ၀ိုင်းရံပိတ်ဆို့ ညှင်းပန်းနှိပ်စက်တဲ့ ဒဏ်ကို မခံနိုင်တော့လို့ စိုင်းတင်တောင် တန်း တွေကို သက်စွန့်ဆံဖျားဖြတ်ကျော်ပြီးတော့ ဘူးသီးတောင်မြို့နယ်မှာလာရောက် ခိုလှုံတာပါ။ လူကြီး (၁၅) ယောက်နဲ့ ကလေး (၆) ယောက် - အားလုံး (၂၁) ယောက်ပါ။ အခုထောင်ချခံ လိုက်ရတဲ့ (၁၅) ယောက်ထဲမှာ အမျိုးသား (၁၁) ယောက်နဲ့အမျိုးသမီး (၄) ယောက် - အဲဒီထဲ မှာ မွေး ရက်စေ့တော့ မယ့် အမျိုးသမီးတစ်ယောက်လည်းပါတယ်။ 
လူကြီးတွေကို ဖမ်းသွားပြီးတော့ ကလေးတွေကို လူစိတ်မရှိတဲ့ အာဏာပိုင်တွေက လမ်းပေါ်မှာ ပစ်သွား တယ်။ တရားစွဲဆိုတဲ့ အမှုကတော့ နယ်ကျော်လို့ပါ။ အခုလို အရေးယူဆောင်ရွက်ဖို့ ရခိုင်ပြည်နယ် အစိုးရ ကညွန်ကြားခဲ့တယ်လို့သိရပါတယ်။” ဟုဘူးသီးတောင်မြို့နယ်ဒေသခံတစ်ဦးမှ RB News သို့ပြောပါ သည်။ 
အဆိုပါ ဒုက္ခသည် များသည် ၎င်းတို့၏ ကျေးရွာတွင် စားဝတ်နေရေး လွန်စွာ အခက်အခဲရောက်ခဲ့ပြီး၊ ရခိုင် အစွန်းရောက်များ၏ နေ့စဉ် ဒုက္ခပေးမှုများကို ရှောင်ရှားနိုင်ရန်အတွက် မိမိတို့၏ ပြည်နယ်အတွင်း နီးစပ်ရာ မြို့နယ်တစ်ခုသို့ ၀င်ရောက်ခိုလှုံ ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လူမျိုးတစ်မျိုးကို သာ ဘက် ပေါင်းစုံမှ ကန့်သတ် ပိတ်ပင်ထားပြီး အသက် အန္တရာယ်ကို ကာကွယ်ရန် ကြိုးစားခြင်းကို ရာဇ၀တ်မှု အဖြစ် သတ်မှတ် ကာထောင်ဒဏ် ချမှတ်ခဲ့သည်။
Rohingya Exodus