8.4.2013
ပြီးခဲ့တဲ့ ရက်ပိုင်း တွေက မိတ္ထီလာက ဘုန်းကြီး သေတာကို လံကြုပ်ပုံ တစ်ပုံ တင်ပြီး ဗုဒ္ဓ ဘာသာတွေ သွေးကြွ လာအောင် ဆွပေးတယ်။ (တတ်သိ ပညာရှင် တွေက သေသေ ချာချာ လိုက်စုံစမ်း လိုက် တဲ့ အ ခါ အဲ့ဒီ ဓာတ်ပုံက ကွန်ပျူတာ နည်းပညာနဲ့ အတုလုပ် လံကြုပ် လိမ်စဉ် ဇာတ်ထုတ် ကြီး ဖြစ်နေတာ ပေါ်သွားတယ်။)
ဒီနေ့တော့ ကျနော်တို့ မွတ်စလင်မ် တွေအတွက် ခံပြင်း စရာ ကောင်းတဲ့ ဗွီဒီယို တချို့ အင်တာနက်ပေါ် ပျံ့နှံ့ လာတယ်။ အဲ့ဒီ ဗွီဒီယိုမှာ မြင်ရတဲ့ မြင်ကွင်း တွေက တကယ်ကို စိတ်မချမ်း သာစရာပါ။ မိတ္ထီလာ၊ မင်္ဂလာ ဇေယျုံ ရပ်ကွက် အတွင်းမှာ မွတ်စလင်မ် တချို့ကို ရိုက်သတ် နေပုံပါ။ တိရစ္ဆာန် တစ်ကောင် အသတ်ခံ ရသလိုမျိုး လူတွေ အုပ်လိုက်က ဓားတွေ၊ ဒုတ်တွေနဲ့ ၀ိုင်းပြီး ရိုက်ခွဲ၊ ခုတ်ထစ် သတ်ဖြတ် နေ တဲ့ မြင်ကွင်း တွေဟာ ကြည့်ရင်း ကြည့်ရင်းနဲ့ကို မျက်ရည်တွေ ၀ဲလာ ရပါတယ်။
တကယ့် အဖြစ်မှန် ဗွီဒီယိုတွေ ဖြစ်ပေမယ့် ကျနော်တို့ သေချာအောင် လေ့လာ စုံစမ်းကြည့် လိုက်တော့ ဗွီဒီယို ရိုက်တာက လုံခြုံရေး ဆိုသူတွေ ရဲ့ကြား၊ လုံခြုံရေး တွေကို အကာ အကွယ် ယူပြီး ရိုက်ယူ ထားတဲ့ ဗွီဒီယို သက်သက်ပါ။ သတင်း ထောက်တွေ ရိုက်ကူးမှု မဟုတ်တာ ကတော့ သေချာ သလောက်ပါ။
ထပ်မံပြီး ဗွီဒီယိုတွေကို အသေးစိတ် အထပ်ထပ် ကြည့်ရှု လေ့လာဖြစ်ပါတယ်။ ရိုက်ကူးမှု အားလုံးဟာ စနစ် တကျနဲ့ သေသေ သပ်သပ် တည်ငြိမ်စွာ ရိုက်ကူး နိုင်တာ တွေ့ရ ပါတယ်။ ဒါဟာ စနစ် တကျနဲ့ သင်တန်းပေး လေ့ကျင့် ထားတဲ့ ဗုဒ္ဓ ဘာသာဝင် အစိုးရ ၀န်ထမ်း (သို့) အခြား တစ်ဦးဦးရဲ့ ရိုက်ကူး မှု ဖြစ် မှာပါ။ ဘာကြောင့်လဲ ဆိုတော့ ဖြစ်စဉ်တွေ စတင်တဲ့နေ့ ရွှေဆိုင် တန်းကို အကြမ်းဖက် ခံနေရတဲ့ အချိန်မှာ မှတ်တမ်းတင် ရိုက်ကူးနေသူ မွတ်စလင်မ် များကို လိုက်လံ တားမြစ် ပိတ်ပင် ခြိမ်းခြောက် တာ တွေရှိခဲ့ပြီး အသက် အန္တရာယ် ပေးသည် အထိ ဖြစ်ခဲ့ ပါတယ်။ အဲ့ဒီ အချိန်မှာ မွတ်စလင်မ် ကလွဲပြီး အခြားသော မှတ်တမ်းတင် ရိုက်ကူး နေသူ များကိုတော့ ကန့်ကွက်မှု မရှိခဲ့ လို့ပါ။
အချုပ် ကတော့ အကြမ်းဖက်မှု ဗွီဒီယို မှတ်တမ်းတွေ ဆက်တိုက် ဆိုသလို တစ်ခုပြီး တစ်ခု တက် လာ နေပါတယ်။ မိတ္ထီလာ အကြမ်း ဖက်မှု ဖြစ်စဉ် တွေက အခုဆို (၁၉) ရက်လောက် ကြာခဲ့ ပါပြီ။ လူတွေ ရဲ့ ရင်ထဲက အမုန်းတွေလဲ ချေ ဖျက်နေ ကြပါပြီ။ ပြန်လည် ဖွံ့ဖြိုးရေး ဘက် ကိုပဲ ဦး တည် လို့ သွားနေ ကြ ပါပြီ။ ဖြစ် သင့်တာက ဗွီဒီယိုတွေ ဟာဖြစ်စဉ် ပေါ်ပေါက် နေခိုက် သွေးပူနေစဉ် မှာသာ ထွက်ပေါ်လာရမှာ ပါ။ အ ခုတော့ သွေးအေးလို့အာဃာ တတွေ ဖျောက်ဖျက် နေခိုက် မှာမှ ဘာလို့ ပေါ်လာ ရတာလဲ။
တစ်ဆက် တည်းမှာပဲ အင်တာနက် ဖေ့စ်ဘွက် စာမျက်နှာ ကနေ ရာဇ၀တ်မှု မြောက်သည် အထိ အစ္စ လာမ် ဘာသာကို စော်ကား တိုက်ခိုက်ပြီး ဗုဒ္ဓဘာသာ ၀င်တွေကို မြှောက်ထိုး ပင့်ကော် လုပ် သွေး ထိုး ပေးနေတဲ့ လူထု မောင်ကာဠုဆိုတဲ့ စာမျက်နှာမှ ဆက်သွယ်ရန် ဖုန်းနံပါတ် ပေးတဲ့ အခါ မတူ ကွဲ ပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ ဥက္ကဋ္ဌ နေမျိုးဝေရဲ့ ဖုန်းနံပါတ် ဖြစ်နေ ပါတယ်။
ရုးနှမ်းနှမ်း နဲ့ နေမျိုးဝေ ကလည်း လူတွင် ကျယ်ကြီး လုပ်ပြီး အာဘောင် အာရင်း သန်သန်ပါပဲ သမ္မတ အကြံပေးဆီ ပေးတဲ့စာကို အင်တာနက်ပေါ် တင်ပြီး လူသိအောင် ဖွလိုက်တယ်။
အနှစ်ချုပ် လိုက်တော့...
ဘုန်းကြီး သေတဲ့ ဓာတ်ပုံကို လုပ်ကြံပြီး တင်ပေးတာ ဘယ်သူ့ လက်ချက်လဲ?
ဗွီဒီယိုကို ဘယ်သူ ရိုက်ပြီး အခုလို ရက်ကြာပြီး သွေးတွေ ခြောက်သွား တော့မှ ဘာလို့ ပျံ့နှံ့လာ ရတာလဲ?
လူထု မောင်ကာဠုက ဆက်သွယ်ဖို့ ဖုန်းနံပါတ်မှာ ဘာလို့ နေမျိုးဝေရဲ့ ဖုန်းနံပါတ်ကို လူသိရှင်ကြား ထုတ်ပေး လိုက်ရ တာလဲ?
အနှစ်ချုပ် လိုက်တော့...
ဘုန်းကြီး သေတဲ့ ဓာတ်ပုံကို လုပ်ကြံပြီး တင်ပေးတာ ဘယ်သူ့ လက်ချက်လဲ?
ဗွီဒီယိုကို ဘယ်သူ ရိုက်ပြီး အခုလို ရက်ကြာပြီး သွေးတွေ ခြောက်သွား တော့မှ ဘာလို့ ပျံ့နှံ့လာ ရတာလဲ?
လူထု မောင်ကာဠုက ဆက်သွယ်ဖို့ ဖုန်းနံပါတ်မှာ ဘာလို့ နေမျိုးဝေရဲ့ ဖုန်းနံပါတ်ကို လူသိရှင်ကြား ထုတ်ပေး လိုက်ရ တာလဲ?
နေမျိုးဝေ ကရော ဘာလို့ အစ္စလာမ် ဆန့်ကျင်ရေး အတွက် ရှေ့တန်းကို ရောက်လာ ရတာလဲ?
ကမ္ဘာ့ ရန်လို့ ပြောရ လောက်အောင် မတည့်ရှုတဲ့ ဇေကမ္ဘာ ခင်ရွှေနဲ့ နေမျိုးဝေက ဘယ်လို အခြေအနေ ရှိ လဲ?
ခင်ညွန့် တစ်ယောက် ဘယ်ပျောက် နေလဲ?
ခင်ညွန့်ရဲ့ တပည့်ရင်း တွေဖြစ်တဲ့ ညာဝါး ပညာသီဟ (ရွှေည၀ါ ဆိုသူ) နဲ့ မွတ်စိုးရိမ် ၀ီရသူ တို့လဲ ငြိမ် ကုန် တာ ထူးဆန်း နေပါတယ်?
စရဖ တွေထဲမှာ ထောက်လှမ်းရေး ဟောင်းတွေ ပါနေတယ် ဆိုတာ ကရော သေချာ နေပြီလား?
ဇေကမ္ဘာခင်ရွှေက ခင်ညွန့်ရဲ့ အရင်းစာ လူလို့ ပြောသံ ဆိုသံတွေနဲ့ အတူ ဓာတ်ပုံ တွေလဲ ယှဉ်တွဲ ရိုက် ထား တာကို တွေ့ဖူး ကြမှာပါ။
သင်္ကြန် ရက်တောင် နီးလာပြီဗျ။ လာမယ့် (၁၃) ရက်ဆို သင်္ကြန် ရောက်တော့မယ်။ ဟိုးတုန်းက အဖြစ် အပျက်လေး တစ်ခု ကိုသတိ ရမိပါတယ်။ သူက ကျနော်တို့ရဲ့ မြန်မာ မွတ်စလင်မ် သူရဲကောင်း တစ်ယောက် ဖြစ်တဲ့ ကိုဖြိုးပါ။
သူက ဗုံးပေါက် ကွဲမှုမှာ မပေါက်ကွဲဘဲ ကျန်ရှိ နေတဲ့ဗုံးကို မြင်လို့ သတင်း ပေးရာက အဖမ်းခံ လိုက်သူ ပါ။ နောက်ဆက်တွဲ ကတော့ သူ့ကို သက်သေ အဖြစ် ခေါ်ယူတယ်။
(နောက်ဆက်တွဲ ထိပ်သီး အတွင်းရေးအရှုပ်တော်ပုံတွေ ပေါ်လာမှာမို့)မွတ်စလင်မ်တစ်ယောက် ဖြစ်နေမှန်း သိရတဲ့ ကိုဖြိုးကို ဇာတ်လမ်း အသစ် ဆင်ပြီး သက်သေကို တရားခံ အဖြစ် ရဲချုပ် ခင်ရီက ဖန် တီး ပေးလိုက်တယ်။
မြန်မာ ပြည်မှာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ ဗုံးခွဲ တိုက်ခိုက်မှုကို မွတ်စလင်မ် တွေကပဲ ဗုဒ္ဓ ဘာသာ တွေကို သင်္ကြန်ပွဲမှာ အားလုံး မင်္ဂလာ ယူချိန်မို့ တိုက်ခိုက် မှုဟာ ဘာသာခြား ဖြစ်နိုင်တယ်´လို့ပြောပြီး မွတ် စ လင်မ် တွေကပဲ တိုက်ခိုက် သယောင် ရဲချုပ် ခင်ရီက သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး လိမ်ပေမယ့် ကမ္ဘာက လက်မ ခံခဲ့ဘူး။
ဒီတော့ ကမ္ဘာက လက်ခံ လာစေဖို့ အတွက် ဗိုလ်ချုပ် ကိုကိုက တာလီဘန်တွေ ဖမ်းမိတယ် ဆိုတဲ့ သ တင်းကို လူသိရှင်ကြား ထုတ်ဖော် ပြောပြီး မြန်မာ ပြည်မှာ တာလီဘန် ရှိကြောင်း လိမ်လည်ပြီး မီဒီ ယာ တွေကတဆင့် ကြေငြာ ပေးလိုက်တယ်။
ဒါပေမယ့်လည်း မြန်မာ ပြည်မှာ တာလီဘန်တွေ အကြမ်းဖက် ဗုံးခွဲ တိုက်ခိုက်မှု တို့ဟာ ဘယ်လိုမှ စိတ်ကူး ယဉ်ပြီး ရှိချင်တယ် ဆိုရင်တောင် မရှိနိုင် ကြောင်းကို ကမ္ဘာက လက်ခံ လိုက်ကြတယ်။
ဘာပဲ ဖြစ်ဖြစ် အဲ့ဒီ လိမ်ဆင် ဇာတ်လမ်း ကတော့ အခိုး အငွေ့ တွေလို လွင့်မျော ပျောက်ကွယ် ခဲ့ရပေမယ့် အပြစ်မဲ့တဲ့ အပြစ်မရှိတဲ့ ကိုဖြိုးဝေအောင် ကတော့ ထောင်တွင်းက ရလိုက်တဲ့ အသည်း ကင်ဆာကြောင့် ကွယ်လွန် သွားတယ်။ သနားစရာ ကောင်းတာက သူ့ရဲ့သမီးလေးနဲ့ သားလေး၊ သူ့ အမျိုးသမီး တွေပဲ။
အခုလဲ လာနေ ပါပြီ။ အချိန်ကိုက်ပဲ ဗုဒ္ဓ ဘာသာ တွေကို သွေးကြွအောင် ဘုန်းကြီး ရိုက်ခံ ရတဲ့ ပုံတွေ လုပ်ကြံပြီး တင်လာပြီ။ မွတ်စလင်မ် တွေကို သည်းခံမှု မရှိအောင် ဗွီဒီယိုတွေ ဖြန့်ထုတ် ပေးနေတယ်။ ငရဲ ခွေးတွေလဲ အရှို အရှို လွတ်ကြ၊ ပုန်းကြ၊ ပေါ်ကြ နဲ့ပေါ့။
တစ်ဆက် တည်းပဲ မြန်မာ ပြည်တွင်း မှာလည်း မြို့ရွာ တိုင်းမှာ ရယက တွေကစပြီး အရာရှိ အဆင့်တွေ ထိက မြို့တွေမှာ မွတ်စလင်မ်တွေ ဗုံးဖောက် ခွဲမယ် ဆိုတဲ့ သတင်းကို လိုက်ဖြန့် နေတယ်။ အချို့ နေ ရာ တွေမှာတော့ မွတ်စလင်မ် တွေရဲ့ ဆိုင်တွေ ကနေ အစား အသောက်တွေ ၀ယ်မစားဖို့ လိုက်ကြေ ငြာ နေတယ်။
တစ်ဖက် မှာလည်း မွတ်စလင်မ် တွေက အန္တရာယ်တွေ၊ ဒုက္ခတွေ ကြုံလာ ရတဲ့ အခါ ငြိမ်းငြိမ်း ချမ်း ချမ်း ဖြေရှင်း ရအောင်လို့ သက်ဆိုင် ရာကို သတင်း ပို့တဲ့ အခါ တာဝန် ရှိသူ တွေက မွတ်စလင် မ် တွေ ကို ပဲ တစ် ဖက်သက် စော်ကား၊ အော် ဟစ် ငေါက် ငမ်းပြီး ပြန်လည် တုံ့ပြန်တာ မျိုး တွေလဲ ဖြစ်လာ နေတယ်။
ဒါတွေဟာ ဘာအကြံ အစည် ရှိလို့လဲ မေးခွန်း ထုတ်ဖို့ လိုပါမယ်။
ကျနော် ကတော့ ဒီလို စဉ်းစား မိပါတယ်။ တစ်ဖက်က ဗမာ ဗုဒ္ဓ တွေဟာ ဘုန်းကြီး ထိလို့ ဆို ပြီး သွေးတွေကြွ နေတာကို အဆိပ် ခတ်တာတို့၊ ဗုံးကိစ္စတို့ အကြောင်းပြ တပ်လှန်ပြီး မီးလောင် ရာ လေ ပင့်ရင်း လှုံ့ဆော် ပေးထားတယ်။ ဟုတ်ပြီ။ နောက်တစ်ဖက် ကတော့ မွတ်စလင်မ် တွေ အသက် အန္တရာယ်တွေ အထိ ခြိမ်းခြောက် ခံရပြီး ဒုက္ခ သုက္ခတွေနဲ့ စိုးရိမ် ပူပန် နေရတယ်။ ဒီကြားထဲ စီး ပွားရေး တွေ ကလည်း ကမောက်ကမ ဖြစ်ပြီး ၀မ်းစာ ရှာဖို့ ခက်ခဲ နေတယ်။ ဒီလို အချိန်မှာ အာဏာ ပိုင် တွေက ပေါ်တင် စော်ကား တာကိုလဲ ခံနေ ရတာကြောင့် မခံချင် စိတ်တွေက သိပ်များ နေတယ်။
ထိလွယ် ရှလွယ် အခြေအနေ ဖြစ်နေတဲ့ နှစ်ဖက် စလုံးကို ဗုံးတစ်လုံးလို အချိန် မရွေး စနက်တံ ဖြုတ်ပေး လိုက်ရုံ ပါပဲ။ ထုံးစံ အတိုင်း မွတ်စလင်မ် တွေဟာလည်း သည်းခံမှု အတိုင်း အတာ တွေ က ကျော် လွန် နေတဲ့ ကြားက အထပ်ထပ် အခါခါ သည်းခံ နေကြ တုန်းပါ။ ဆက်လက် ပြီးလဲ သည်းခံ နေကြ အုံးမှာပါ။
နောက်ဆုံး ကုန်ကုန် ပြောရရင် စစ်မှန်တဲ့ မွတ်စလင်မ် တိုင်းဟာ သူများ သတ်လို့ သေရတာ မျိုးကို မကြောက် ပါဘူး။ အစ္စလာမ်မှာ သူများရဲ့ မတရား သတ်ဖြတ် မှုကို ခံရသူဟာ မြင့်မြတ် သူတွေလို့ ခံယူထား ပါတယ်။ ဒါပေမယ့် ရိုးရိုး သတ်ရုံ တင်မကပါဘူး။ သူတို့ နိုင်ငံကို ကမ္ဘာမှာ ခေတ်စားတဲ့ အကြမ်းဖက် သမား စကားလုံး သုံးပြီး နိုင်ငံကြီး တွေကြားမှာ ဆေးရိုးသည် ကန့်လန့် ၀င်ရော ၀င်ဆံ့အောင် လုပ်ချင် သေးလို့ မွတ်စလင်မ် တွေကို အကြမ်းဖက် သမား ဇာတ်အထိ မရောက် ရောက်အောင် သွင်းပြ အုံးမှာပါ။
အမှန် တကယ် ဆိုရင် မြန်မာ ပြည်က မွတ်စလင်မ်တွေ ခံစား နေရသလို ခွေးတွေ၊ တိရစ္ဆာန်တွေ ခံ စား နေ ရရင် သူတို့ဆို ပြန်ကိုက်၊ ပြန်လုပ် တော့မှာ သေချာတဲ့ အခြေ အနေပါ။ ဒါပေမယ့် မွတ်စလင်မ်တွေ ကတော့ သည်းခံ နေကြလွန်းလို့ ဆေးရိုးသည် ကန့်လန့် လုပ်ချင်သူ တွေရဲ့ ရည်ရွယ် ချက်က မအောင် မမြင် ဖြစ်နေ ရပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဆေးရိုးသည် တွေကလည်း မရ ရအောင်ကို ရည်ရွယ်ချက် ရောက်ဖို့ လုပ်မယ်လို့ ယူဆမိ ပါတယ်။
နောက်ဆုံး ကုန်ကုန် ပြောရရင် စစ်မှန်တဲ့ မွတ်စလင်မ် တိုင်းဟာ သူများ သတ်လို့ သေရတာ မျိုးကို မကြောက် ပါဘူး။ အစ္စလာမ်မှာ သူများရဲ့ မတရား သတ်ဖြတ် မှုကို ခံရသူဟာ မြင့်မြတ် သူတွေလို့ ခံယူထား ပါတယ်။ ဒါပေမယ့် ရိုးရိုး သတ်ရုံ တင်မကပါဘူး။ သူတို့ နိုင်ငံကို ကမ္ဘာမှာ ခေတ်စားတဲ့ အကြမ်းဖက် သမား စကားလုံး သုံးပြီး နိုင်ငံကြီး တွေကြားမှာ ဆေးရိုးသည် ကန့်လန့် ၀င်ရော ၀င်ဆံ့အောင် လုပ်ချင် သေးလို့ မွတ်စလင်မ် တွေကို အကြမ်းဖက် သမား ဇာတ်အထိ မရောက် ရောက်အောင် သွင်းပြ အုံးမှာပါ။
အမှန် တကယ် ဆိုရင် မြန်မာ ပြည်က မွတ်စလင်မ်တွေ ခံစား နေရသလို ခွေးတွေ၊ တိရစ္ဆာန်တွေ ခံ စား နေ ရရင် သူတို့ဆို ပြန်ကိုက်၊ ပြန်လုပ် တော့မှာ သေချာတဲ့ အခြေ အနေပါ။ ဒါပေမယ့် မွတ်စလင်မ်တွေ ကတော့ သည်းခံ နေကြလွန်းလို့ ဆေးရိုးသည် ကန့်လန့် လုပ်ချင်သူ တွေရဲ့ ရည်ရွယ် ချက်က မအောင် မမြင် ဖြစ်နေ ရပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဆေးရိုးသည် တွေကလည်း မရ ရအောင်ကို ရည်ရွယ်ချက် ရောက်ဖို့ လုပ်မယ်လို့ ယူဆမိ ပါတယ်။
ဒါကြောင့်ပဲ အခုဆို စိတ်ကူး ယဉ်တဲ့ ဗုံးဇာတ်လမ်းကို ပုံဖော် နေတာပါ။ မှူးဇော်လည်း ထွင်ကြည့် ပါတယ်။ အလိမ် ပေါ်လို့သာ နောက်ဆုတ် သွားတာပါ။ ဗိုလ်ချုပ် ကိုကိုလည်း ထွင်ကြည့် ပါတယ်။ ဘာ မှ ဖြစ် မလာလို့ ငြိမ်သွား ရပါတယ်။ ခင်ရီ ကလည်း လုပ်ကြည့် ပါသေးတယ်။ မအောင် မြင်လို့ အသာ လစ်သွား ခဲ့ပါတယ်။ အားလုံး အားလုံး လုပ်ကြည့် ချင်ကြ ပါတယ်။ ငပိ ကြိုက်တဲ့ မိတစ်ထောင် သားတွေမို့ ပက်စက် တဲ့ အကြံ တစ်ရာတော့ ရှိမှာပါ။
အခု မြန်မာ့ ရိုးရာ သင်္ကြန် ပွဲတော် လာတော့မယ်။ မွတ်စလင်မ်တွေ သတိထား ဆင်ခြင် ပေးကြပါ။ အာ ဏာပိုင် တွေက ရယကတွေ ကစပြီး အရာရှိ အဆင့် တွေထိက မြို့တွေမှာ မွတ်စလင်မ်တွေ ဗုံးဖောက် ခွဲမယ် ဆိုတဲ့ သတင်းကို လိုက်ဖြန့် နေကြ ပါတယ်။
ဘယ်နေရာမှာ ဘာဖြစ်မလဲ ဆိုတာတော့ ရင်တစ် ထိတ်ထိတ်နဲ့ စောင့်ကြည့် ရမှာပေါ့။ မွတ်စလင်မ်တွေ အသုံးချခံ မဖြစ်ကြ ပါစေနဲ့ဗျာ။ လိမ္မာကြပါ။ ကလေးတွေကို ထိန်းပေး ကြပါ။ သင်္ကြန် ပွဲတော် ဆို တာ မြန်မာ့ ရိုးရာ ပွဲတော် ဖြစ်ပေမယ့် အခုတော့ ဗုဒ္ဓ ဘာသာ တွေက အပိုင်စီး လိုက်ပါပြီ။ မြန်မာ့ ရိုးရာ ပွဲ မဟုတ် တော့ပါ။ ဗုဒ္ဓ ဘာသာပွဲ ဖြစ်တာကြောင့် မွတ်စလင်မ် တွေနဲ့ လုံးဝကို မသက်ဆိုင်ပါ။ သင်္ကြန်မှာ လည်ဖို့ ပတ်ဖို့၊ သူများတွေ မူးသလို မူးဖို့၊ သူများ တွေလို ရူးဖို့တွေ စိတ်မကူး လိုက်ကြ ပါနဲ့။ ဒီလို လုပ်ဖို့ စိတ်ကူး နေတဲ့ သူတွေ ကိုလည်း ကိုယ်နိုင်တဲ့ ဘက်ကနေ ပြင်းပြင်း ထန်ထန် တားမြစ် ပေးကြဖို့ မေတ္တာ ရပ်ခံ ပါရစေဗျာ။
သင်္ကြန်မှာ အိမ်တွင်း နေပြီး ကိုယ်တော် နှစ်သက်တဲ့ စာဖတ်ခြင်း တွေကို ကျင့်ကြံ ကြပါ။ စာမဖတ် တတ်ရင် ဇစ်ကစ်ရ်တွေ စိတ်နေ ကြပါ။ မစိတ် ချင်ရင် တရားခွေတွေ နားထောင် ကြပါ။ ပျင်းတယ် ဆိုရင် သတင်းတွေ ထိုင်ကြည့် ကြပါ။ လူကြီးတွေက လူငယ်တွေ ကိုစုပြီး ပညာပေးတဲ့ ဟောပြော ပွဲတွေ၊ ဆွေးနွေး ပွဲတွေ ဖန်တီး ပေးကြပါ။ နမားဇ် ငါးကြိမ်တော့ ရအောင် ဖတ်ပေး ကြပါ။
ဘယ်နေရာမှာ ဘာဖြစ်မလဲ ဆိုတာတော့ ရင်တစ် ထိတ်ထိတ်နဲ့ စောင့်ကြည့် ရမှာပေါ့။ မွတ်စလင်မ်တွေ အသုံးချခံ မဖြစ်ကြ ပါစေနဲ့ဗျာ။ လိမ္မာကြပါ။ ကလေးတွေကို ထိန်းပေး ကြပါ။ သင်္ကြန် ပွဲတော် ဆို တာ မြန်မာ့ ရိုးရာ ပွဲတော် ဖြစ်ပေမယ့် အခုတော့ ဗုဒ္ဓ ဘာသာ တွေက အပိုင်စီး လိုက်ပါပြီ။ မြန်မာ့ ရိုးရာ ပွဲ မဟုတ် တော့ပါ။ ဗုဒ္ဓ ဘာသာပွဲ ဖြစ်တာကြောင့် မွတ်စလင်မ် တွေနဲ့ လုံးဝကို မသက်ဆိုင်ပါ။ သင်္ကြန်မှာ လည်ဖို့ ပတ်ဖို့၊ သူများတွေ မူးသလို မူးဖို့၊ သူများ တွေလို ရူးဖို့တွေ စိတ်မကူး လိုက်ကြ ပါနဲ့။ ဒီလို လုပ်ဖို့ စိတ်ကူး နေတဲ့ သူတွေ ကိုလည်း ကိုယ်နိုင်တဲ့ ဘက်ကနေ ပြင်းပြင်း ထန်ထန် တားမြစ် ပေးကြဖို့ မေတ္တာ ရပ်ခံ ပါရစေဗျာ။
သင်္ကြန်မှာ အိမ်တွင်း နေပြီး ကိုယ်တော် နှစ်သက်တဲ့ စာဖတ်ခြင်း တွေကို ကျင့်ကြံ ကြပါ။ စာမဖတ် တတ်ရင် ဇစ်ကစ်ရ်တွေ စိတ်နေ ကြပါ။ မစိတ် ချင်ရင် တရားခွေတွေ နားထောင် ကြပါ။ ပျင်းတယ် ဆိုရင် သတင်းတွေ ထိုင်ကြည့် ကြပါ။ လူကြီးတွေက လူငယ်တွေ ကိုစုပြီး ပညာပေးတဲ့ ဟောပြော ပွဲတွေ၊ ဆွေးနွေး ပွဲတွေ ဖန်တီး ပေးကြပါ။ နမားဇ် ငါးကြိမ်တော့ ရအောင် ဖတ်ပေး ကြပါ။
RB News
7.4.2013
လန်ဒန် ။ ။ ဘင်္ဂလား ဒေ့ရှ် နိုင်ငံ၊ ဒါကာမြို့ အခြေစိုက် Daily Independent သတင်းစာ၌ ဧပြီလ (၆) ရက်နေ့တွင် ကော့ဇ် ဘဇား မြို့တွင် ရိုဟင်ဂျာ ၁၈၀ ကိုဖမ်းဆီးခဲ့ ဟုရေး သား ဖော်ပြ ထားခြင်းနှင့် ပတ်သက်၍ အင်္ဂလန် နိုင်ငံ၊ လန်ဒန်မြို့ အခြေစိုက် Arakan Rohingya National Organisation (ARNO) မှ ယနေ့ ကြေညာ ထုတ်ပြန် လိုက်သည်။
ယင်းကြေညာ ချက်တွင် ARNO မှ တာဝန်ရှိ သူများမှ Teknaf နှင့် Ukhiya မြို့ရှိ ဒုက္ခသည် စခန်းများ တွင် နေထိုင်သော ရိုဟင်ဂျာ ထောင်ပေါင်း များစွာကို ငွေကြေး ထောက်ပံ့၍ Hefazate Islam Bangladesh (HIB) ဆန္ဒပြ ပွဲတွင် ပါဝင်စေ ခဲ့သည်ဟု Daily Independent သတင်းစာ တွင် ရေး သား ဖော်ပြ ထားခြင်းကို ခိုင်မာစွာ ငြင်းဆို ကြောင်း ဖော်ပြ ထားသည်။ အမှန်တရား ကင်းမဲ့ပြီး သက်သေ အထောက် အထားမဲ့ ရေးသား ထားခြင်း ဖြစ်သည်ဟု ဆိုသည်။
Daily Independent သတင်းစာတွင် Ukhiya ရဲများမှ HIB ဆန္ဒပြပွဲတွင် ပါဝင်ရန် သွားနေ သော ရိုဟင်ဂျာ ၁၈၀ ကို ဖမ်းဆီးခဲ့ ကြောင်း ရေးသား ဖော်ပြ ထားသော ရိုဟင်ဂျာ များမှာ ရိုဟင်ဂျာ ဒုက္ခသည် များဖြစ် ကြသည်။ အဆိုပါ ဒုက္ခသည် ၁၈၀ မှာ ဆန္ဒပြပွဲတွင် ပါဝင်ရန် ၎င်းတို့၏ ယာယီတဲ များမှ ထွက်လာခြင်း မဟုတ်ဘဲ၊ စားသောက်ရန် ဒုက္ခရောက် နေသဖြင့် ရင်ဆိုင် နေရသော ဆာလောင်မှု အတွက် အလုပ် အကိုင် ရှာဖွေရန် ထွက်လာ ခြင်းသာ ဖြစ်သည်။
ဒါကာမြို့တွင် အခြေစိုက်သော ရခိုင်လူမျိုး များ၏ သတင်းဌာန ဖြစ်သော နိရဉ္စရာမှ အဆိုပါ သတင်းကို သေချာ မဆန်းစစ်ဘဲ မြန်မာ ဘာသာဖြင့် ရေးသား ဖြန့်ဝေခြင်းမှာ ARNO နှင့် ဘင်္ဂလား ဒေ့ရှ်ရှိ ရိုဟင် ဂျာ ဒုက္ခသည် များ၏ အမြင်ကို ထိခိုက် စေသောကြောင့် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ ကြောင်း ARNO ၏ ကြေညာ ချက် တွင် ရေးသား ဖော်ပြ ထားသည်။
ရိုဟင်ဂျာ ပြဿနာနှင့် ကြုံတွေ့ နေရသည့် အကျပ် အတည်း များကို ငြိမ်းချမ်းစွာ နိုင်ငံရေး နည်းလမ်း ဖြင့် သာ အဖြေ ရှာမည် ဖြစ်ကြောင်းကို ထပ်လောင်း ပြောကြား လိုကြောင်း ကိုလည်း ကြေညာချက် တွင် ထည့် သွင်း ဖော်ပြ ထားသည်။ ARNO ၏ မူဝါဒ အရ အခြား နိုင်ငံများ၏ အရေး ကိစ္စများတွင် ပါဝင် ပတ် သက်ခြင်း ရှိမည် မဟုတ်ဘဲ အဆိုပါ မူဝါဒကို သာ လက်ကိုင် သုံးစွဲသွားမည် ဟုသိရသည်။
ARNO မှ ဖမ်းဆီး ထားသည့် ရိုဟင်ဂျာ ဒုက္ခသည် ၁၈၀ နှင့် ပတ်သက်၍စွပ်စွဲမှုများကိုဘင်္ဂလား ဒေ့ရှ် နိုင်ငံ အစိုးရ အာဏာပိုင် များမှ သေချာ စုံစမ်း ပေးရန် တောင်း ဆို ကြောင်း ရေး သား ဖော်ပြ ထား ပါ သည်။
နံနက်ခင်း ဂျာနယ်
အတွဲ ၃၊ အမှတ် ၄၉၆
မတ်လ (၂၂) ရက် ၀န်းကျင် လောက်က မိတ္ထီလာကို သတင်း လာယူတဲ့ မီဒီယာ အုပ်စု တစ်စုကို အဖျက် သမား အုပ်စုတစ်စုကမီးလောင်တိုက်သွင်းဖို့ကြိုးစားခဲ့တယ်။အဲဒီထဲမှာနိုင်ငံခြားသတင်းထောက် တွေလည်း ပါတယ်။ ဒါပေမဲ့ မဖြစ်မြောက် ခဲ့ဘူး ဆိုတဲ့ သတင်း သဲ့သဲ့ ကြားလိုက် ရပါ တယ်။
AP သတင်း ထောက် ကိုခင်မောင်ဝင်း (ရွှေအင်းသား) ကို မေးကြည့် တဲ့အခါ "အဲဒီ ဖြစ်စဉ် အမှန် ပါဘဲ" လို့ပြော ပါတယ်။
ဖြစ်စဉ်က ဒီလို ပါတဲ့။ " 7Day / Messenger / AFP / RFA သတင်း ဌာနက ဓာတ်ပုံ ဆရာတွေ၊ သ တင်းထောက် တွေနဲ့အတူ အဝေးပြေး ကားဝင်းက တဆင့် မြို့ထဲကို ကားနဲ့ သွားခဲ့ ပါတယ်။ မြို့က (၂) ရက် လောက်နဲ့တင် အတော်လေး ပျက်စီးနေပြီး မီးလောင်ပြင် ဖြစ်နေ ပါပြီ။ ဈေးကုန်း ကျောင်း ဆ ရာတော်ကို ၀င်ဖူးပြီး ဆရာတော်က ဒကာ တစ်ယောက် ထည့်ပေး လိုက်ပါတယ်။ မီးလောင် ပြင်တွေကို ဓါတ်ပုံ ရိုက်ကြ တာပေါ့။ အဲဒီ အချိန် ဗလီ တစ်ခုကို မီးရှို့ နေတဲ့ အုပ်စုနဲ့ ဘွားကနဲ့ ပက်ပင်း သွားတိုး ပါတယ်။ ပိာုမှာ မီဒီယာတွေ ငါတို့ကို ဓါတ်ပုံ ရိုက်နေတယ်... ကားကို မီးရှို့ လို့အော် ပြောပြီး တုတ်၊ ဓါး၊၀ါးချွန် တွေနဲ့ ရောက်လာ ကြတယ်။ ကားကို ၀ိုင်းထားပြီး ကားကို ၀ိုင်းထု ကြတယ်။ ကိုရင် တပါးက မင်းတို့ ဘာလို့ ဓါတ်ပုံ ရိုက်တာလဲ မေးတော့ မရိုက်ကြောင်း ရှင်းပြလဲ မရပါဘူး။ ဘေးမှာ သတ်မယ်၊ ရှို့မယ် တကဲကဲ လုပ်နေ ကြပြီ။
ဒါဆို ကတ်ပြား ထုတ်ဆိုလို့ ရိုက်လက်စ memory card ထုတ်ပေး လိုက်တော့ ရိုက်ချိုး ပစ်တယ်။ အဲဒီ အချိန် ကားထဲမှာ ရှိတဲ့ ဓါတ်ပုံ ဆရာ ဂျေမောင်မောင်ကိုကားထဲက ဆွဲချ နေတာ မနည်း တောင်း ပန် နေချိန်မှာ ဘုန်းကြီး တစ်ပါးက ကျွန်တော့်ကို ဌက်ကြီး တောင်ဓါးနဲ့ ရင်ညွန့် ကို ထောက်ထား တာ။ ဘေးမှာ သွေးကြွ အောင်ညာသံ ပေးနေတဲ့ သူတွေက အများကြီး ပါပဲ။ ကတ်ပေး လိုက်တဲ့ ဘုန်းကြီးကို အကူ အညီ လှမ်းတောင်း ရတယ်။ ကယ်ပါဦး ဘုန်းဘုန်း ရယ်ပေါ့။ အဲဒီမှာ ဘာကံကောင်း သွား လည်း ဆိုတော့ ကျွန်တော် တို့ထဲမှာ ပါတဲ့လူက နာရေး ကူညီမှုမှာ လုပ်နေတဲ့ လူဆိုတာ ဦးဇင်း တချို့က သိကြတယ်။ အဲဒီမှာ ၀င်တောင်းပန် ပေးတော့ လက်ခံ ကြချိန်မှာ မရဘူး၊ သတ်မယ် ဆိုတဲ့ ၂ ပါး လောက်ရှိ နေသေးတယ်။ ကားနောက်ဖုံးကို ဖွင့်ပြီး ကင်မရာတွေကို ရိုက်ချိုးဖို့ လုပ်နေ ကြပြီ။ ဒါနဲ့ ခုနက အကူအညီ ပေးတဲ့ ဦးဇင်း က မင်းတို့ မီဒီယာကား ချက်ချင်းသွား၊ မကြည့် ချင်ဘူး၊ ဘာ ညာ ပြော ပြီး မောင်း ထုတ်မှ လွတ်သွားတာ။ ဒါတောင် ဈေးကုန်း ကျောင်းရောက်တဲ့ အထိ အချို့ လိုက်လာ ကြသေး တယ်။သွေးဆ နေတဲ့ လူတစုက ကျောင်းကို ၀ိုင်းထားလို့ ဆရာတော်က ရဲစခန်းကို အကူအညီ လှမ်းတောင်း ပေးတယ်။ သက်ဆိုင်ရာက ယာဉ်တန်းနဲ့ အပြင်လာ ထုတ်ပေး ပါတယ်။"
ဒေါ်ခင်စိုးဝင်း
ဗွီအိုအေ မြန်မာပိုင်း
5.4.2013
အမေရိကန် သမ္မတဟောင်း JimmyCarter ကသမ္မတ ဦးသိန်းစိန် အနေနဲ့ ဂရုဏာ တရား ရှေ့ထား ပြီး နိုင်ငံ သား အား လုံးရဲ့ အခွင့် အရေးနဲ့ လွတ် မြောက် မှုကို အလေး ပေးဖို့ အလေး အနက် တိုက် တွန်း လိုက် ပါ တယ်။ မြန် မာပြည် ပြုပြင် ပြောင်း လဲရေး ဖော် ဆောင် နေကြ တဲ့ နိုင်ငံ့ ခေါင်းဆောင်တွေ ကို ချီး ကျူး ရင်း ပြည် တွင်းစစ် အဆုံး သတ်ရေး ဒီထက် ပိုပြီး စေတနာမှန်နဲ့ ဆောင်ရွက် ကြဖို့ တိုက်တွန်း လိုက် ပါတယ်။ အပြည့်အစုံ ကိုတော့ သမ္မတဟောင်း ဂျင်မီကာတာ လူထုကို မိန့်ခွန်း ပြောခဲ့ရာမှာ ကိုယ်တိုင် သွားရောက် သတင်းယူ ခဲ့တဲ့ ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက တင်ပြ ပေးထား ပါတယ်။
မြန်မာပြည်ကို ၅ ရက်ကြာ ခရီးရောက် နေတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ၃၉ ယောက်မြောက် သမ္မတဟောင်း ဂျင်မီကာတာက ရန်ကုန်မြို့ Park Royal Hotel မှာ သောကြာနေ့ ည ၇ နာရီ၊ ၁၅ မိနစ်မှာ လူထုကို မိန့်ခွန်း ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီခရီးစဉ် အတွင်း မြန်မာ သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရ အဖွဲ့ဝင်တွေ၊ လွှတ်တော် ဥက္ကဋ္ဌတွေ၊ နောက် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် လွှတ်တော် ကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံ ခဲ့ပြီးတော့ မြန်မာပြည်ရဲ့ ပြုပြင် ပြောင်းလဲရေး အပေါ် ဂျင်မီကာတာက အခုလို သုံးသပ် လိုက်ပါတယ်။
မြန်မာပြည်ရဲ့ အသွင် ကူးပြောင်းရေး မူဝါဒဟာ နိုင်ငံသား အားလုံး အတွက် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့ အခွင့် အရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အတွက် ဆောင်ကျဉ်း နေတယ်လို့ သူ ယုံကြည် ပါတယ်-တဲ့။
၂၀၀၂ ခုနှစ် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဂျင်မီကာတာက မြန်မာပြည်ရဲ့ အသွင် ကူးပြောင်းရေး လုပ်ငန်း စဉ်ကို အကောင် အထည် ဖော်နေကြတဲ့ မြန်မာပြည် ခေါင်းဆောင် တွေရဲ့ ကြိုးပမ်းမှု ကိုလည်း အခုလို အသိအမှတ် ပြုလိုက် ပါသေးတယ်။
ဒီနိုင်ငံရဲ့ နိုင်ငံရေး ခေါင်းဆောင် တွေကို လေးစား ပါတယ်-တဲ့။
ဦးသိန်းစိန်နဲ့ သူ့ရဲ့အစိုးရက ပြုပြင် ပြောင်းလဲရေးကို လက်လှမ်း မီအောင် ဆောင် ရွက်နေတာ တွေ့ရ တယ်-လို့ ဆို ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးခဲ့တာ၊ အပစ်အခတ် ရပ်စဲရေးတွေ လုပ်နိုင် ခဲ့ တာ၊ လူ့အခွင့် အရေး ကော်မရှင် ဖွဲ့စည်း ပေးနိုင်ခဲ့ တာတွေနဲ့ ၂၀၁၂ ခုနှစ်က ကြားဖြတ် ရွေးကောက်ပွဲ ကို အောင်မြင်စွာ ကျင်းပ ပေးနိုင်ခဲ့ တာတွေကို အသိ အမှတ်ပြု ပြောဆို လိုက်တာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း အခု တလော နိုင်ငံ အတွင်း ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေ၊ အဓိကရုဏ်းတွေ ဖြစ်နေ တာ၊ တိုင်းရင်းသား ဒေသတွေ၊ အထူးသဖြင့်ရှမ်းနဲ့ကချင် ပြည်နယ်အတွင်းမှာငြိမ်းချမ်းရေး ဆွေးနွေး နေကြ တယ် ဆိုပေမဲ့လည်း တိုက်ပွဲတွေ ဆက်ဖြစ် နေတာနဲ့ ပတ်သက်လို့ စိုးရိမ် နေတဲ့ အ တွက် သမ္မတ ဦးသိန်းစိန်ကို သူက အခုလို တိုက်တွန်း ချင်ပါတယ်-တဲ့။
သမ္မတ ဦးသိန်းစိန်ကို အကြံပြု ချင်ပါတယ်-တဲ့။ ဒီမိုကရေစီ လူ့ဘောင် အသိုင်း အဝိုင်းကို တည်ဆောက် တဲ့ နေရာမှာ အကြင်နာ၊ ဂရုဏာ တရားကို ရှေ့ထား၊ ကိုယ်ချင်းစာ တရားကို ရှေ့ထား၊ သည်းခံ နားလည် ခွင့်လွှတ် ခြင်းကို ရှေ့ထား ပြီးတော့ စေတနာထား ဆောင်ရွက်ဖို့ တိုက်တွန်း ချင်ပါတယ်-တဲ့။ နိုင်ငံသား အားလုံးရဲ့ လွတ်မြောက်မှု အတွက် ဆိုတဲ့ အခွင့် အရေးကိုလည်း ကြိုးစားဖို့ လိုပါတယ်-လို့ ပြော သွား တာ ဖြစ်ပါတယ်။
သမ္မတ ဂျင်မီကာတာဟာ ဒီခရီးစဉ် အတွင်းမှာ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ လူထု အခြေပြု အဖွဲ့ အစည်းတွေ၊ လူငယ်တွေ၊ ကျောင်းသားတွေနဲ့ တွေ့ဆုံပြီး မြန်မာပြည် အတွင်းမှာ အင်တာနက် နည်းပညာ အသုံးပြုမှု မြန်ဆန်ရေးနဲ့ ဆက်သွယ်ရေး အဆင်ပြေ လွယ်ကူ အောင်လည်း အခုလို ထပ်လောင်း တိုက် တွန်း လိုက်ပါတယ်။
ဆဲလ်ဖုန်းနဲ့ အင်တာနက် ဆက်သွယ် ရေးတွေ သိပ်အဆင် မပြေသေး တာကို - သူက ထောက်ပြ ပြောဆို သွားတာပါ။ ဥရောပ နိုင်ငံတွေနဲ့ နှိုင်းယှဉ် ပြောဆိုတာ မဟုတ်ဘဲ ဆင်းရဲလှတဲ့ အာဖရိက နိုင်ငံ တွေတောင် မှ လူတိုင်း လိုလို ဆဲလ်ဖုန်းကိုယ်စီ ကိုင်နိုင် ကြတာကို တွေ့ရ ပါတယ်-တဲ့။ ဒါ့ကြောင့် မြန်မာ ပြည် သူ တွေ လည်း အား လုံး ကိုယ်စီ ဆက်သွယ်ရေး အဆင် ပြေအောင် တွေ့မြင် လိုပါတယ်-လို့ သူက ပြောဆို သွား တာ ဖြစ်ပါတယ်။
ဒီကနေ့ ဟောပြောပွဲကို NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ တိုင်းရင်း သား ခေါင်းဆောင်တွေ၊ သံတမန်တွေ၊ လူငယ်တွေ စုစုပေါင်း ပရိသတ် ၅၀၀ ခန့် တက်ရောက် အားပေး ခဲ့တာ တွေ့ရ ပါတယ်ရှင်။
မောင်အာသာ
RB သမိုင်း
6.4.2013
Proto-Australoid Negritos (သို့) အာရ်ကာန် ဒေသ၏ ရှေးအကျဆုံး လူမျိုး
သမိုင်း ပညာရှင် များ၏ အဆိုအရ အာရ်ကာန်ဒေသတွင် အစောဆုံး ရောက်ရှိ အခြေချ ခဲ့သော ကျောက် ခေတ် နှောင်းပိုင်း Proto-Australoid များကို Negritos ဟုခေါ်သည်။ ထိုသူတို့သည် အသားမဲ ကြပြီး၊ ယခု ကပ္ပလီကျွန်းစု များရှိ မူလ ဘူတ လူမျိုးများနှင့် ဆင်တူသော လူမျိုးများ ဖြစ်ပြီး၊ ၎င်း တို့ကို လူသား စားသူများဟု အဓိပ္ပာယ် ရသော Rakhasha (ပါဠိ) သို့မဟုတ် Rakhshasa (Sanskrit) ဟူ၍လည်း သိခဲ့ကြသည်။ သို့သော်ငြားလည်း သမိုင်း ပညာရှင်များ၏ သုံးသပ်ချက်အရ အာရ်ကာန် ဒေ သတွင် ၎င်းတို့ တည်ရှိခဲ့မှုကို ရှေးဟောင်း သုတေသနဆိုင်ရာ အကြွင်းအကျန် ရှားပါး မှုကြောင့် သက်သေ ပြရန် လွန်စွာ ခဲယဉ်း ပေသည်။ ထို့ကြောင့် ဤအကြောင်း အရာကို ဆွေးနွေး ရန် မ လိုတော့ပေ။
Indo-Aryans (သို့) အာရ်ကာန် ဒေသရှိ အစောပိုင်း လူမျိုးများ
ပထမဆုံး အာရ်ကာန် လူမျိုး ဘုရင်များသည် Ganges ချိုင့်ဝှမ်းမှ Indo-Aryans များဖြစ်သည်။ (ရှေးဟောင်း အာရ်ကာန် လူမျိုး သမိုင်း မှတ်တမ်း)
Indo-Aryan လူမျိုး များသည် ယနေ့ ရခိုင်များ ဟုခေါ်သော မြန်မာ အဆက်အနွယ်များ မရောက်မှီ ရာစုနှစ် တစ်ခုပြီး တစ်ခု၊ နန်းဆက် အုပ်ချုပ် ခဲ့သည်။ (Maurice Collis နှင့် ဦးစံရွှေဘို Into hidden Burma Chapter, Arakan)
Indo-Aryan လူမျိုး၊ မြို (ခမီ) လူမျိုး နှင့် သက် (စက်) လူမျိုး တို့သည် ဘီစီ ၃၃၂၃ မတိုင်မီကပင် ဒွါရ၀တီ၊ ဓည၀တီ မြို့တော်တို့ကို တည်ထောင်ပြီး အခြေချ နေထိုင် ခဲ့ကြောင်း။ (ဇာလုပ် ကတ်ဖို့လေး - စံကျော်ထွန်း (မဟာဝိဇ္ဇာ) - စာမျက်နှာ ၈၁)
Negriots ပြီးနောက် ရှေးဟောင်း သုတေသန ဆိုင်ရာ သက်သေ အထောက် အထားများ အရ Indo-Aryan တို့သည် အာရ်ကာန် ဒေသ၌ ဒုတိယ အစောဆုံး အခြေချ ခဲ့သူများ ဖြစ်ကြပြီး၊ ၎င်းနောက် သက်နှင့် ခမီ များဖြစ် ကြသည်။ (ခမီနှင့် သက်တို့သည် တောင်တန်း ဒေသများနေ လူမျိုးနွယ် စုများဖြစ်ပြီး ၎င်းတို့၏ အဆက် အနွယ်ကို တောင်တန်း ဒေသများတွင် ယခု အချိန်ထိ ရှာဖွေ တွေ့ရှိနိုင် ပါသည်။) ၎င်း Indo-Aryan များသည် အဘယ် သူများနည်း။ ရှေးဦးစွာ Indo-Aryan အသုံးအနှုံးကို အနက် အဓိပ္ပာယ် ဖွင့်ဆို ရမည်။
http://bit.ly/2tD2Dd တွင် Indo-Aryan သည် အိန္ဒိယ တိုက်ငယ် အတွင်း ဟင်ဒီ၊ ဘင်္ဂလီ၊ ပန်ဂျာဘီ အစ ရှိသည့် ဘာသာ စကား အပါအ၀င် Indo-European ဘာသာ စကား ပြောဆို ကြသော သူများကို ခေါ်ဆိုသည်ဟု အဓိပ္ပာယ် ဖွင့်ဆို ထားသည်။ ယေဘုယျ အားဖြင့် Indo-Aryan များသည် Dravidians (တောင်ပိုင်း အိန္ဒိယန်း) များမှအပ ကျန်သည့် အိန္ဒိယန်းများ ဖြစ်ကြသည်။ သို့ဖြစ်ပါ၍ ယနေ့ အာရ်ကာန်ဒေတွင် Indo-Aryan ၏မျိုးရိုး စဉ်ဆက် များမှာ ရိုဟင်ဂျာများမှ တစ်ပါး အခြား လူမျိုး တစ်မျိုး ဖြစ်စရာ အကြောင်း လုံးဝ မရှိပေ။
အာရ်ကာန် ဒေသတွင် အေဒီ ၁၀ ရာစု မတိုင်မီတွင် အိန္ဒိယန်း လူမျိုးများ၊ အိန္ဒိယန်း ယဉ်ကျေးမှု များနှင့် စာပေ များကိုသာ ရှာဖွေ တွေ့ရှိခဲ့ ရသည်။ မြန်မာနှင့် မြန်မာ အဆက်အနွယ် တို့၏ ယဉ်ကျေးမှုကို ၁၀ ရာစု နောက်ပိုင်းမှ သာလျှင် ရှာဖွေ တွေ့ရှိခဲ့သည်။ (H. W. Wilson; the history of Indian people, စာမျက်နှာ ၁၈၉ - ၂၀၄)
အာရ်ကာန် ဒေသတွင် ၁၀ ရာစု မတိုင်မီ နေထိုင်ခဲ့သော လူမျိုးများနှင့် လူမှု အဖွဲ့အစည်း များမှာ အိန္ဒိယန်းများ ဖြစ်ကြသည်။ (Gordon H. Luce; Early Burma Pre-Bagan)
[အာရ်ကာန် ဒေသ၏ နန်းဆက် သမိုင်းများကို သမိုင်း ပညာရှင်များ ပြောကြားချက်အရ ၉၅၇ CE မတိုင်မီ ဓည၀တီ (ကာလပိုင်းခြား ၃ ပိုင်း) နှင့် ဝေသာလီ နန်းဆက် များနှင့် ၉၅၇ CE နောက် လေးမြို့နှင့် မြောက် ဦး တို့တွင် ထင်ရှားသော ထီးနန်းများ တည်ရှိခဲ့သည်။ (အသေးစိတ် ကို နောက်ပိုင်း တွင် ရေးသေား ဖော်ပြ ပါမည်။)]
ယနေ့ အာရ်ကာန် ဒေသတွင် ရိုဟင်ဂျာနှင့် ရခိုင် ဟူသော လူမျိုးစု နှစ်စု ရှိသည်။ ၎င်းတို့ အနက် မည်သည့် လူမျိုးစုသည် အာရ်ကာန် ဒေသတွင် လူမျိုးစု၊ ယဉ်ကျေးမှု၊ ဘာသာ စကားတို့ဖြင့် အစောဆုံး လွှမ်းမိုး အုပ်ချုပ် ခဲ့သည့် Indo-Aryan (အိန္ဒိယန်း) များ၏ အဆက် အနွယ်များ ဖြစ်နေကြ သနည်း။ ဤမေး ခွန်း ကို ဖြေကြား ရာတွင် မလို မုန်းတီး မှုကို ဖယ်ရှား၍ ရိုးသားစွာ ဖြေဆိုရန် လိုအပ် ပေသည်။
ရခိုင်များ၏ မူရင်းဇစ်မြစ်
ရခိုင်များနှင့် ဗမာများသည် တူညီသော လူမျိုးများ ဖြစ်ကြသည်။ ရခိုင်များသည် ရှေးဦးဗမာ များ ပြောဆိုခဲ့ သည့် စကားကို ပြောဆို ကြသည်။ ပိုမို အရေးကြီးသည်မှာ ၎င်းတို့၏ ကိုးကွယ်သည့် ဘာသာလည်း တူညီသည်။ (ဒေါက်တာ ထင်အောင်၊ Burma before AD 1280; ၂၀၀၃ ခုနှစ်တွင် ဦးအောင်သန်း အင်္ဂလိပ် ဘာသာပြန်သည်။ စာမျက်နှာ ၄၀)
ရခိုင်သည် ဗမာလူမျိုးစုဝင် တစ်ခုဖြစ်သည်။ ရခိုင်တို့၏ အစောပိုင်း စာပေများကို ဗမာ ဘာသာဖြင့် ရှာဖွေ တွေ့ရှိ ခဲ့သည်။ (ဒေါက်တာ သန်းထွန်း၊ အသက် ၈၀ နှစ်ပြည့် သတင်းလွှာ)
ယခု အင်အားကြီး လွှမ်းမိုး နေသော ရခိုင် များသည် အာရ်ကာန် ဒေသသို့ ၁၀ ရာစု နောက်ပိုင်းတွင် ၀င်ရောက် လာသော တိဘက် - ဗမာ မျိုးနွယ်စု များအနက် ထင်ရှားသည့် အုပ်စု ဖြစ်သည်။ (Dr. Pamela Gutman, Ancient Arakan, 1976)
ရခိုင် လူမျိုး များသည် ဧရာဝတီ အထက်ပိုင်းသို့ ရောက်ရှိ အခြေချ ခဲ့သော ဗမာများနှင့် နီးကပ်စွာ ဆင်တူသော Mongoloid မျိုးနွယ်စု များမှ ဆင်းသက် လာသူများ ဖြစ်ကြသည်မှာ သံသယ ၀င်စရာ ပင်မရှိပေ။ ၎င်းတို့သည် ယခု မြန်မာ စကားနှင့် ကွဲပြား ခြားနားသော အသုံးအနှုန်း၊ စကားသံ အချို့များမှ အပ တူညီသော မြန်မာ စကားကိုသာ ပြောဆို ကြသည်။ (History of Burma, Lieut. General Sir Aurthur P. Phayre, စာမျက်နှာ ၄၁၊ ၁၈၈၃)
ထို့အပြင် ထင်ပေါ် ကျော်ကြားသော ပညာရှင်များမှ ရခိုင်များ၏ မူရင်း ဇစ်မြစ်ကို ရေးသား ဖော်ထုတ် ထားသော သက်သေ အထောက် အထား အများ အပြား ရှိသော်ငြားလည်း အထက်တွင် ရည်ညွန်း ထားသည့် အထောက် အထား များမှာ ဤအကြောင်း အရာအတွက် လုံလောက်ပြီ ဟုထင်ပါသည်။ သို့ပေမယ့်လည်း ယခု အချိန်ထိ ရခိုင် များသည် Indo-Aryan များမှ ဖြစ်သည် သို့မဟုတ် ၁၀ ရာစု မတိုင်မီ စိုးစံခဲ့သော အိန္ဒိယ မင်းဆက်များမှ ဖြစ်သည်ဟု ဆိုချင် ပါသလား? သို့တိုင်အောင် တစ်ယူသန် ရခိုင် ပညာရှင် များက ရှက်ဖွယ် လိလိ ထင်ရာစိုင်း၍ ရခိုင် တို့သည် ၁၀ ရာစု မတိုင်မီ ထီးနန်း စိုးစံခဲ့သော Indo-Aryan များမှ ဆင်းသက် လာသော မျိုးနွယ်စု ဖြစ်သည်ဟု ပြောဆို ကြသည်။ ဥပမာ အချို့ကို အောက်တွင် ဖော်ပြ ထားသည်။
ရခိုင် တယူသန် များ၏ ထင်ရာစိုင်းမှု
ရခိုင် လူမျိုး များသည် ရှေးဦးပိုင်း ကာလတွင် အိန္ဒိယ ဘာသာကို ရေးသားခဲ့ ကြသည်ဟု ထင်ရသည်။ (ဝေသာလီခေတ် အနန္ဒ စန္ဒရ ကျောက်စာ၊ ဦးစံသာအောင် - စာမျက်နှာ ၁၂)
သူတို့၏ သမိုင်း အထောက် အထားများသည် မှတ်တမ်းများ ကဲ့သို့ မူရင်း ဇစ်မြစ် မှတ်တမ်း စစ်စစ်များ မဟုတ်ဘဲ ရာစုနှစ်ပေါင်း များစွာ အကြာတွင် ဟုတ်သယောင်ယောင် ကြံရာလိုက် လုပ်ထားခြင်း များသာုဖြစ်သည်။ ယခုအခါ ထိုသူ တို့သည် ဘီစီအီး ၅၀၀၀ ကတည်းပင် နိုင်ငံတွင်း၌ ရှိနေ သယောင် ဖော်ပြနေ ကြသည်။ အိန္ဒိယ ထီးနန်းများ ဖြစ်သော ဓည၀တီနှင့် ဝေသာလီ တို့ကိုလည်း ၎င်းတို့၏ လူမျိုးများ ထီးနန်းများ အဖြစ် ပြင်းထန်စွာ ပြောဆိုနေ ကြသည်။ (Noel F. Singer’s Vaishali and Indianization of Arakan, စာမျက်နှာ ၁၄ , ရည်ညွန်း “ရွှေဇံ, The Golden Mrauk U, စာမျက်နှာ ၁၄၉”)
နိုင်ငံရပ်ခြားတွင် နေထိုင်သော တယူသန် ထင်ရာစိုင်း ရခိုင်ပညာရှင် အရှင်နာယက၏ Indo-Aryan ဖြစ်ကြောင်း ပြောဆိုရန် ကြံစည် အားထုတ် နေမှုကိုလည်း ဥပမာ တစ်ခု အဖြစ် အောက်တွင် ဖော်ပြ ထားသည်။
Indo-Aryan များသည် အာရ်ကာန် ဒေသသို့ ပြောင်းရွှေ့ မလာခင် အရှေ့အိန္ဒိယမှ Mongoloid အနွယ်ဝင် များနှင့် လက်ထပ်၍ ရောထွေး လာခဲ့သည်ဟု ယူဆရသည်။ http://bit.ly/10eZtIL
ဤသည်မှာ ယင်းသူတို့ တွေးတော ကြံစည် ကြခြင်းပင် ဖြစ်သည်။ထို့ကြောင့် ယုတ္တိမရှိ အခြေ အမြစ် မရှိ ကြံစည် အားထုတ်ခြင်းပင် ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့ ပြောဆိုနေ မှုများကို အမှန်ဟု ယူဆ ရလျှင် မေး ခွန်းပေါင်း များစွာ မေးမြန်း ရန်ရှိပြီး ၎င်းတို့ကို ဖြေဆိုပေး ရမည် ဖြစ်သည်။ ၎င်းမေးခွန်း တို့မှာ-
အိန္ဒိယ ဘာသာ စကား ပြောဆို နေသည့် ရခိုင်များ ၁၀ ရာစု နောက်ပိုင်းတွင် ရုတ်တရက် မည်ကဲ့ သို့ မေ့ပျောက်ခဲ့ပြီး Tibeto-Burman မူရင်း ဇစ်မြစ်မှ ဖြစ်သော ဘာသာ စကား တစ်ခုကို စပြောနေ ခဲ့ရ သနည်း။ ထီးနန်း စိုးစံ ခဲ့သည့် အိန္ဒိယန်း ဘုရင်များ၏ အိန္ဒိယန်း အမည် များကို တိဘက်-မြန်မာ အမည် များသို့ ပြောင်းရန် အဘယ် အကြောင်းအရာက ဦးတည်ပေးခဲ့ သနည်း။ (ဥပမာ အားဖြင့် အစောဆုံး ထီးနန်း စိုးစံခဲ့သည့် “Chandra” အမည်)။ ထို့အပြင် အိန္ဒိယန်း များနှင့် တူညီ ခဲ့သော ရခိုင် လူမျိုး များ၏ ရုပ်ပုံ သဏ္ဍန်သည် ရုတ်တရက် အားဖြင့် မည်ကဲ့သို့ ကွဲပြားသွား သနည်း။ မေးခွန်း များစွာ ရှိပါသည်။ ထိုအရာ များသည် Missing-Link ခေါ် ဆက်စပ်မှု ပျောက်ဆုံး နေခြင်း ဖြစ်သည်။
ရခိုင် များသည် တခါတရံတွင် Tibeto-Burma အုပ်စုဟု ပြောဆို ကြပြီး တခါတရံတွင် Indo-Aryan မျိုးနွယ်ဟု ပြောဆို ကြသည်။ မတူညီ ကွဲလွဲရာ နှစ်မျိုးကို ပြောလေ့ ရှိသည်။ ရယ်မောဖွယ် တစ်ခု မဟုတ် သလော။ ဖြစ်နိုင်ချေ အားဖြင့် မူရင်း ဇစ်မြစ်နှင့် ၎င်းတို့ ကိုယ်ကို ၎င်းတို့ ဆက်နွယ်မှု မပြတ်စေရန် Tibeto-Burman များဟု ပြောဆိုလေ့ ရှိသည်။ အစောပိုင်း ရခိုင် သမိုင်း မှတ်တမ်း များတွင်လည်း Tibeto-Burman အနွယ်ဝင် များဟု ပြောဆို ခဲ့သည်။ အခြား တစ်ဖက်တွင် Mongoloid အနွယ်ဝင်များ ဖြစ်သည် Tibeto-Burman ရခိုင်များ ကျူးကျော် ၀င်ရောက် မလာမှီ အချိန်ထိ လူနေမှု ပတ်ဝန်းကျင် ဒေသကို ခမ်းနားခမ်း ညားစွာအုပ်ချုပ်ခဲ့သော လူမျိုးများနှင့်ဆက်နွယ်ရန်အတွက် Indo-Aryan များဟု ပြောဆိုသည် မှာ ဖြစ်နိုင်ချေရှိသည်။
စိတ်ဝင်စား ဖွယ်ရာ မေးခွန်း တစ်ခုမှာ “ဗမာများနှင့် ရခိုင်များမှ ရိုဟင်ဂျာများ၊ ဘင်္ဂလီများ၊ အိန္ဒိယန်းများနှင့် ပါကစ္စတန်များကို မည်ကဲ့သို့ ခေါ်သည်ကို သိပါသလော”။ မြင့်မြတ်သော လူမျိုးဟု မူရင်း အဓိပ္ပာယ် ရသည့် “ကုလ” ဟူသည့် ဝေါဟာရကို အိန္ဒိယန်းများ အတွက် နှိမ့်ချရန် သဘောဖြင့် သုံးစွဲ နေခြင်း မဟုတ်လော။ ရခိုင် များသည် Indo-Aryan (အိန္ဒိယ မူရင်း ဇစ်မြစ်) အနွယ်ဝင် များဟု မှတ်ယူလျှင် ထိုသူ များသည်လည်း “ကုလ” များပင် ဖြစ်ကြသည်။ ရခိုင် များသည်ပင် ကုလား ဖြစ်လျှင် အဘယ်ကြောင့် အခြားသူများ (ရိုဟင်ဂျာများ) ကို ကုလားဟု ခေါ်နေကြ သနည်း။ နောက်တနည်း အားဖြင့် ရခိုင် များသည် မိမိတို့ကိုယ် မိမိ ကုလား များဟု ခေါ်ကြ သလား။ ဗမာများမှ ရခိုင်များကို ကုလားဟု ခေါ်ကြသလား။ စင်စစ် အားဖြင့် ရခိုင်များကို မည်သူ များက “ကုလားများ” ခေါ်ကြ သနည်း။ စဉ်းစား စရာပင်။
ဆက်လက် ဖော်ပြ ပါမည်။
![]() |
(ဓါတ်ပုံ - AP) |
RB News
6.4.2013
မြန်မာ နိုင်ငံတွင် အစ္စလာမ် ဘာသာဝင် များကို အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ် ပွားပြီးနောက် သော ကြာနေ့ နံနက် အစောပိုင်းတွင် အင်ဒိုနီးရှား နိုင်ငံ၌ ရောက် ရှိ နေသော ရိုဟင်ဂျာ လှေ စီး ဒုက္ခ သည် များနှင့် တရားမ၀င် ငါးဖမ်း သမား များအကြား ငြင်းခုံ ဖွယ်ရာများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် တိုက် ခိုက်ကြ ရာ (၈) ဦးသေဆုံး ခဲ့ရပြီး (၁၅) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း နိုင်ငံတကာ သတင်းများ အရ သိရသည်။
အဆိုပါ လှေစီး ဒုက္ခသည် ၁၀၀ ကျော်နှင့် တရားမ၀င် ငါးဖမ်းသမား များကို ဆုမာတြာ မြောက်ပိုင်း ဒေသ ထိန်းသိမ်းရေး စခန်းတွင် ထိန်းသိမ်းထား ရှိခြင်း ဖြစ်သည်။ မိတ္တီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် မှုများနှင့် ပတ်သက်၍ ပြောဆို ငြင်းခုံရာမှ ရိုဟင်ဂျာ အစ္စလာမ် ဘာသာရေး ဆရာအား ငါးဖမ်းသမား ဗုဒ္ဓဘာသာဝင်မှ ဓါးဖြင့် ထိုးရာတွင် အကြမ်းဖက်မှု စတင်ခဲ့ပြီး ငါးဖမ်းသမား ဗုဒ္ဓဘာသာဝင် ၈ ဦး သေ ဆုံးခဲ့ရပြီး ရိုဟင်ဂျာ မွတ်စလင် ၁၅ ဦး ဒဏ်ရာ ရခဲ့သည် ဟုသိရသည်။
အင်ဒိုနီးရှား ရဲမှ “အကြမ်းဖက် မှုဖြစ်သွားတာ အရမ်းမြန်တယ်။ ဒါလည်း မမျှော်လင့်ဘဲ ဖြစ်သွားတာ။ သူတို့တွေ အားလုံး ငြိမ်းငြိမ်း ချမ်းချမ်း အတူနေတာ ကြာပြီ။ သေဆုံးသွားတဲ့ သူတွေရဲ့ ဦးခေါင်းတွေမှာ ဒဏ်ရာ ရထားတာ များတယ်။ သူတို့က ကုလားထိုင်၊ ကျောက်ခဲ၊ ဓါးနဲ့ သစ်သား တွေသုံးပြီး တိုက်ခိုက် ကြတာ” ဟုပြောပါသည်။
ဗုဒ္ဓဘာသာဝင် ငါးဖမ်းသမား ၁၁ ဦးရှိသော်လည်း ၃ ဦးမှာ အဆိုပါ တိုက်ခိုက်မှုမှ အချိန်မှီ ထွက်ပြေး တိမ်းရှောင် နိုင်ခဲ့ပြီး၊ ရိုဟင်ဂျာ ၁၈ ဦးကို တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ များအဖြစ်ရဲများမှသံသယဖြစ် ကြောင်း သိရသည်။
ထွက်ပြေး တိမ်းရှောင် နိုင်ခဲ့သူ ၀င်းသိုက်ဦးမှ “ကျွန်တော်တို့ရဲ့ သူငယ်ချင်းတွေ သွေးအိုင်ထဲမှာ။ အဲဒီ အချိန်မှာ ကျွန်တော်တို့ ရှိခဲ့ရင်လည်း သေမှာ” ဟု အေပီ သတင်းဌာနမှ သတင်းထောက်ကို ပြောကြား သည်။
ထိန်းသိမ်းရေး စခန်းတွင် အာဖဂန် နစ္စတန်နှင့် သီရိလင်္ကာ နိုင်ငံတို့မှ ခိုလှုံခွင့် တောင်းခံသူ များနှင့် အတူ ၂၈၀ ဦးခန့် ထားရှိရာ ၀င်ဆံ့ သည့်ထက် နှစ်ဆ ဖြစ်နေကြောင်း အဆိုပါ သတင်းတွင် ရေး သား ဖော်ပြ ထား သည်။ ထိန်းသိမ်းရေး စခန်းတွင် နေသူ များမှာ မြန်မာ နိုင်ငံတွင်း တွင် ဖြစ်ပွားနေသော အခြေအနေ များကို သိရှိခြင်း မရှိသော်လည်း မိတ္တီလာ မြို့တွင် ဖြစ်ပွားခဲ့သော ဓါတ်ပုံများကို မည်ကဲ့သို့ ရရှိခဲ့သည်ကို သတင်း များတွင် ဖော်ပြထားရှိ မရှိပေ။
နိုင်ငံတော် သမ္မတရုံးမှ ညွန်ကြားရေးမှူး ဦးဇော်ဌေးမှ ပြစ်မှု ကျူးလွန်သူ များကို ထိရောက်စွာ အရေး ယူ ပေးရန် အင်ဒိုနီးရှား နိုင်ငံ သို့ တောင်း ဆို ထားကြောင်း ၎င်း ၏ Facebook စာမျက်နှာ တွင် ရေး သား ဖော်ပြ ထားသည်။
မိတ္တီလာ မြို့နှင့် ပဲခူးတိုင်း အနောက်ခြမ်း တို့တွင် အကြမ်းဖက် သမားများမှ ဗလီ ပေါင်းများစွာနှင့် အစ္စလာမ် ဘာသာဝင် များ၏ နေအိမ်များစွာကို မီးရှို့ဖျက်ဆီးပြီး မွတ်စလင်ပေါင်း များစွာကို မီးရှို့ သတ်ဖြတ်ခဲ့ခြင်း များကို ယခုအချိန်ထိ အရေးယူခြင်း မရှိသေးသည်ကို တွေ့ရသည်။
မေယုတာရာ
RB News
April 5, 2013
ဘူးသီးတောင်မြို့နယ်၊ နယ်မြေ (၉) နစက မှူးဗိုလ်ကြီး ၀င်းလှိုင်ဦးမှ ဆာင်ရွက်သော အဓမ္မ ကွန်ပျူတာ လက်ဗွေနှိပ်ခြင်း နောက်ဆက်တွဲ သတင်း
ယနေ့သည် ဘူးသီးတောင် မြို့နယ် ပေါင်တော် ပြင်ရွာ ဈေးနေ့ ဖြစ်သည်။ ဈေးတွင် ဈေးရောင်း ဈေးဝယ် လာသူ များအား ကွန်ပျူတာဖြင့် လက်ဗွေ ရယူရန် နယ်မြေ (၉) နစကမှူး ဗိုလ်ကြီး ၀င်းလှိုင်ဦးသည် ယနေ့ နံနက်တွင် ပေါင်တော်ပြင် ဈေးသို့ သွားရောက် ခဲ့သည်။ ဗိုလ်ကြီး ၀င်းလှိုင်ဦး ရောက်လာ သည်ကို သိ သည်နှင့် ဈေးသူ ဈေးသား များနှင့် ဆိုင်ရှင်များ ဈေးပိတ်၍ ပြန်သွား ကြသည်။ ထိုအခါ ဗိုလ်ကြီး ၀င်းလှိုင်ဦးသည် သူ၏ အကြံ မအောင်မြင် သဖြင့် တပ်ခေါက်ပြီး စခန်းရှိရာသို့ ပြန်လာ ခဲ့သည်။
စခန်းသို့ ရောက်ပြီးနောက် စခန်းအနီးရှိ ပေါက်တောပြင် ရွာမှ ရွာသားများကို ရွာအလယ်ရှိ လက်ဘရည် ဆိုင်သို့ ဆင့်ခေါ်ရာ ရွာမှ ယောက်ျားများက လက်ဗွေ မနှိပ်လို သဖြင့် အနီး အနားရွာ များသို့ ရှောင်ထွက် သွားကြသည်။ ထိုအခါ ရွာထဲသို့ ၀င်၍ အိမ်ထဲတွင် နေသော မိန်းမများအား ဆွဲခေါ်ထုတ်ပြီး၊ လက်ဘရည် ဆိုင်သို့ ခေါ်သွားကာ ကွန်ပျူတာတွင် အတင်းအဓမ္မ လက်ဗွေ နှိပ်ခိုင်းခဲ့ကြောင်း၊ အပြင်သို့ ထွက်မ လာသော၊ လက်ဗွေ မနှိပ်သော အမျိုးသမီး နှစ်ဦးအား ဗိုလ်ကြီး ၀င်းလှိုင်ဦးမှ ရိုက်နှက်၊ ခြေဖြင့်ကန်၍ အတင်း အဓမ္မ ဆွဲခေါ်ပြီး၊ လက်ဗွေ နှိပ်ယူခဲ့ကြောင်း ဒေသခံ ရွာသားများမှ သတင်း ပေးပို့သည်။
နယ်မြေ (၉) နစကမှူးမှ ဤကဲ့သို့ မင်းမဲ့စရိုက် ဆန်ဆန် အတင်း အဓမ္မ လက်ဗွေ နှိပ်ခိုင်း နေမှုကြောင့် ရွာသူရွာသားများ မည်သို့ လုပ်ရမည်ကို ကြံရာ မရဖြစ်ကာ စိုးရိမ် ပူပန် နေရကြောင်း၊ ညရောက် လျှင် လည်း အိမ်ပြန် နေလည်း ဒုက္ခ၊ တခြားရွာ မှာလည်း နေလို့ မရသော ဒုက္ခ စိုးရိမ် ပူပန်မှုများ စွာ ဖြစ်နေ ရသည် ဟုဆိုသည်။ အမျိုးသမီး များမှာ စာပေ မဖတ်တတ် သဖြင့် လက်ဗွေ သာနှိပ်လာ ခဲ့ရသော်လည်း၊ ဘာကြောင့်၊ ဘာအတွက်၊ ဘာကို လက်ဗွေ နှိပ်ခဲ့ ရသည်ကို သူတို့ မသိကြောင်းလည်း သိရှိရပါသည်။
မေယုတာရာ
RB News
4.4.2013
ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီး တောင် မြို့နယ်၊ နယ်မြေ (၉) နစကမှ တာဝန်ခံ ဗိုလ်ကြီး ၀င်း လှိုင်ဦး သည် ယမန်နေ့ (ဧပြီလ ၃ ရက်နေ့) က တောင်ဘဇာ ဈေးရှိ လက်ဘရည် ဆိုင်တစ်ဆိုင်တွင် အနီး အနား ရွာများမှ ရပ်မိ ရပ်ဖ အချို့ ကိုခေါ်ပြီး၊ ဓါးရှည် ကိုင်ကာ ခြိမ်းခြောက် ခဲ့ကြောင်း သတင်း ရရှိပါ သည်။
နယ်မြေ (၉) နစကမှူး ဗိုလ်ကြီး ၀င်းလှိုင်ဦးသည် လက်ဘရည် ဆိုင်ရှိ စားပွဲ ပေါ်တွင် ဓါးရှည် တစ်ချောင်း ကို တင်ထား လိုက်၊ ဝှေ့ရမ်းလိုက် လုပ်ရင်း ရပ်မိ ရပ်ဖ များအား ကွန်ပျူတာတွင် လက်ဗွေ နှိပ် မည့် ကိစ္စကို တစ်ကျော့ပြန် ပြန်လည် လုပ် ဆောင် ရမည် ဖြစ်ကြောင်း၊ လက်ဗွေမနှိပ်လျှင်အင်အားသုံးမည် ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆို နေကြောင်း သိရသည်။ လက်ဗွေ နှိပ်ရန် အပေါ် အမိန့် အရ ဟု ပြော ဆို နေသော် လည်း၊ မည်သည့် အမိန့် စာမျှ မပြချေ။
ယခင် ကလည်း ကွန်ပျူတာတွင် လက်ဗွေ နှိပ်မည့် ကိစ္စကို လုပ်ဆောင် ခဲ့သော်လည်း၊ ရိုဟင်ဂျာ များက ကွန်ပျူတာ တွင် ဘင်္ဂလီ ဟု ရေးသဖြင့် လက်ဗွေ နှိပ်ရန်ငြင်းဆန် ခဲ့၍ အစီအစဉ် ပျက်သွား ခဲ့သည်။ ယခု တစ်ကျော့ပြန် ပြန် လည်၍ ခြိမ်း ခြောက်ကာ ပြောဆို နေခြင်း ဖြစ်သည်။
ပေါက်တောပြင်ရွာ တွဲဖက် မူလတန်း ကျောင်း၌ ရွာသား များအား ယနေ့ ခေါ်ခဲ့ သော်လည်း ရွာသား များက အတင်း အဓမ္မ လက်ဗွေ နှိပ်ခိုင်း မည်ကို စိုးရိမ်ပြီး၊ အနီး အနားရှိ ကျေးရွာ များသို့ သွားရောက် ရှောင်နေကြ ကြောင်း သိရသည်။ မနက်ဖြန် (ဧပြီလ ၅ ရက်နေ့) တွင် ဘူးသီးတောင် မြို့ နယ် ပေါင်တော်ပြင် ကျေးရွာသို့ သွားရောက် ကာ လက်ဗွေ နှိပ်မည့် ကိစ္စကို စီစဉ်မည် ဖြစ်ကြောင်း သိရသည်။ ယခု ကဲ့သို့ မြန်မာ နိုင်ငံ တစ်နံ တစ်လျားတွင် ဘာသာရေး အဓိကရုဏ်းများ တွင်တွင် ကျယ် ကျယ် ဖြစ်ပေါ် နေစဉ်တွင် ရခိုင် ပြည်နယ် တွင်လည်း တစ်ကျော့ပြန် ပြဿနာ ပေါ်ပေါက် စေရန် တမင် တကာ ကြံစည် ခြင်းလားဟု ဒေသခံ များက ထင်မြင် ယူဆ နေကြောင်း သိရသည်။ ဤကိစ္စသည် ရိုဟင်ဂျာ များအား ဘင်္ဂလီများဟု အဓမ္မ စာရင်းသွင်း နေခြင်း ဖြစ်သဖြင့် မည်သည့် ရိုဟင်ဂျာ တစ်ဦး တစ်ယောက်ကမျှ လက် ဗွေနှိပ်မည် မဟုတ်ကြောင်း သတင်း ရရှိပါသည်။
Rosie Gogan-Keogh
မဇ္ဈိမ
4.4.2013
ဧပြီလ (၁) ရက်နေ့က ထုတ်ပြန်သော သတင်း တပုဒ်တွင် လူ့အခွင့် အရေး စောင့်ကြည့် ရေး အဖွဲ့က မြန်မာ နိုင်ငံ အစိုးရအား မိတ္ထီလာနှင့် မြန်မာ နိုင်ငံ အလယ် ပိုင်းတွင်မကြာသေးမီက ဖြစ်ပွားခဲ့သော အကြမ်း ဖက်မှု များ အား သက်ဆိုင် သူများမှ စေ့စေ့ စပ်စပ် စုံစမ်း ရန်နှင့် အပြစ် ပေးရန် ပြောဆို လိုက်သည်။
“မိတ္ထီလာတွင် ဖြစ်ပွား ခဲ့သော အကြမ်း ဖက်မှုများနှင့် ပတ်သက်ပြီး တာဝန် များကို မြန်မာ အစိုးရ အနေဖြင့် အသေးစိတ် လေ့လာ စုံစမ်းသင့် ပါကြောင်း၊ ၀န်းကျင် ဒေသ တစ်ခုလုံး လောင်ကျွမ်းခြင်း နှင့် ရက်စက်စွာ သတ်ဖြတ် မှုတို့ မှ ရပ်တန့်ရန် ရဲတပ်ဖွဲ့က လုပ်ဆောင် ရန် အားနည်း ခဲ့သည်” ဟု နယူးယောက် အခြေစိုက် လူ့အခွင့် အရေးဆိုင်ရာ NGO မှ အာရှဆိုင်ရာ ညွှန်ကြား ရေးမှုး Brad Adams က ပြောကြားသည်။
၎င်းက “ရခိုင် ပြည်နယ် အတွင်း မကြာသေး မီက ဖြစ်ပွား ခဲ့သော ဘာသာရေး ဆိုင်ရာ တိုက်ပွဲ များရဲ့ ရလဒ်များ ကိုကြည့်ပြီး မြန်မာ အစိုးရ အနေဖြင့် သင်ခန်းစာ ယူသင့် ပါကြောင်း၊ အကြမ်း ဖက်မှု များ ကို နှိမ်နင်းရန် ရဲအင်အား အလျှင် အမြန် ဖြည့်ဆည်းပြီး ပြည်သူ များ၏ အသက် အိုးအိမ်ကို ကာ ကွယ် ပေးသင့်ကြောင်း ” ပြောသည်။
တိုင်းပြည် အတွင်း အုပ်စုဖွဲ့ အကြမ်း ဖက်မှု ဖြစ်စေ ခဲ့သော ဗုဒ္ဓ ဘာသာ ခေါင်းဆောင် များရဲ့ အမုန်း တ ရားဟော ပြောခြင်း အဆုံး သတ်ရေးကို ကူညီရန် အတွက် ကဏ္ဍာ ပေါင်းစုံရှိ မြန်မာ နိုင်ငံ လူမှုရေး အဖွဲ့ များမှ ခေါင်းဆောင် များအား Adams က ပြောကြား လိုက်သည်။
ထိတ်လန့်ဖွယ် ဖြစ်သည့် ကြေမွ ပျက်ဆီး နေသော မြို့တွင်း မြင်ကွင်းများ ပါဝင်သည့် ရုပ်ပုံ များကို ဂြိုလ်တု စလောင်း များမှ ပြသပြီး နောက်မှသာ လျှောက်လဲ ချက်များ ထွက်ပေါ် လာသည်။
မတ်လ (၂၀) ရက်က ဖြစ်ပွား ခဲ့သော ရွှေဆိုင် အငြင်း ပွားမှု နှင့် အကြမ်း ဖက်မှု တိုက်ပွဲ များတွင် လူဦးရေ (၁၂၀၀၀) တို့သည် ၎င်းတို့၏ နေအိမ် များမှ ထွက်ပြေး လျှက်ရှိရာ အများစုမှာ အစ္စလာမ် များဖြစ်ပြီး၊ (၆၁) ဦး ဒဏ်ရာ ရကာ၊ ခန့်မှန်းခြေ အားဖြင့် လူ(၄၀) ဦး ခန့် အသတ်ခံ ခဲ့ရသည်။
ဆူပူမှု ဖြစ်ပွား ပြီးနောက် Vijay Nambiar, UN သံတမန်က ပြောကြား ရာတွင် “အကြမ်းဖက် မှုက အခြေ အနေ တစ်ခုတွင် ရက်စက်သော အနေ အထား တစ်ခုတွင် လုပ်သွားသည်ဟုထင်မြင်ကြောင်း” ပြောကြား လိုက်သည်။
ဒီအရေးကို ဖြေရှင်းရာတွင် အစိုးရ အနေဖြင့် တုံပြန်မှု ကြန့်ကြာ နေခြင်း နှင့် အကြမ်းဖက်မှု ပိုမို မြင့်တက် မ လာ စေရန် ကာကွယ်ခြင်း တို့အတွက် ဝေဖန်ခံ နေရသည်။
မတ်လ (၂၇) ရက် နေ့တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အနေဖြင့် ရုပ်မြင် သံကြား မှတဆင့် မိန့် ခွန်း ပြောရာတွင် မြန်မာ နိုင်ငံ အလယ် ပိုင်းတွင် ဖြစ်ပွား လျက်ရှိသော ဘာသာရေး အကြမ်း ဖက်မှုနှင့် ပတ်သက်ပြီး ၀မ်းနည်းကြောင်း၊ နိုင်ငံသား များကို ကာကွယ်ရန် အတွက် လုံခြုံရေး တပ်များ ချထားပြီး အမိန့်ပေး ထားကြောင်း သွေးထိုး လှုံ့ဆော် ပေးသူများ အားသတိပေး လိုက်သည်။
“အခြေခံ အားဖြင့် ဒီပြဿနာများ ဖြေရှင်း ရာတွင် အင်အား ကိုသုံးခြင်း ကို အားမပေး လိုပါ။ ဘယ် လိုပင် ဖြစ်နေနေ ပြည်သူ များရဲ့အခြေခံ လူတန်းစား များ၏ အသက် အိုးအိမ်ကို ကာကွယ် ရာတွင် လို အပ်လျှင် အင်အား ကိုသုံးရန် ၀န်လေးမည် မဟုတ်ကြောင်း” သမ္မတကြီးမှ ပြောကြားသည်။
ဦးခင်မောင်ဆွေ (အမျိုးသား ဒီမိုကရေစီ အင်အားစု ဥက္ကဌ)မှ သမ္မတ၏ မိန့်ခွန်း စကားကို ကြားပြီးနောက် ၄င်းမှ ”နိုင်ငံရေးကို အမြတ်ထုတ် နေသူများ နှင့် ဘာသာရေး အစွန်းရောက် သမား များကို အရေးယူလို အပ်သည် ”ဟု မဇ္ဈိမသို့ ပြောသည်။
ခန့်ခန့် (ဒဿနိက)
Hot News Journal
4.4.2013
မကြာသေးမီကဖြစ်ပွားပြီးခဲ့သော ရခိုင် ပြည်နယ်တွင်း ပဋိပက္ခများနှင့် ယခု ရက်ပိုင်းတွင် မိတ္တီလာမြို့ အပါ အ၀င် အချို့သော ဒေသများ၌ ဖြစ်ပွားခဲ့သော အဓိကရုဏ်း များမှ သမ္မတ ဦးသိန်းစိန် ဦးဆောင် သော အစိုးရသစ် အတွက် စိန်ခေါ်မှု တစ်ခုပင် ဖြစ်ပြီး ယင်းသို့သော ပြဿနာ များတွင်လည်း ပြုလုပ် ပါဝင်သူ များ မှာလည်း ဒီမိုကရေစီနှင့် ထိုက်တန်ခြင်း မရှိသော ပြယုဂ် တစ်ခုပင် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ် စားလှယ် တစ်ဦး ဖြစ်သူ ဦးဖုန်းမြင့်အောင်က ပြောကြား သွားခဲ့သည်။
“ပြောရရင် လတ်တလော ဖြစ်ပွားတဲ့ ပြဿနာ တွေကို ကြည့်ရင် အမှိုက်ကစ ပြသာဒ် မီးလောင်တာ တိုင်းပြည်က ခုမှ ဒီမိုကရေစီ လမ်းကြောင်းနဲ့ သွားနေတာ။ ဒီလိုမျိုး ပဋိပက္ခတွေ မတည်ငြိမ်မှု တွေဟာ အရမ်း ကို ရုပ်ပျက် ဆင်းပျက် နိုင်ပြီးတော့ အစိုးရ အတွက်လည်း စိန်ခေါ်မှု တစ်ခု ဖြစ်စေ သလို၊ ငြိမ်း ချမ်းစွာ နေထိုင်လို ကြတဲ့ ပြည်သူ တွေကိုလည်း စိုးရိမ် ကြောင့်ကြ ရစေတယ်။ ပြောရရင်တော့ ဒီမို ကရေ စီ၊ ဒီမိုကရေစီ ဆိုပြီး ခုလို ပြဿနာ မီးမွှေး နေတာဟာ ဒီမိုကရေစီနဲ့ မထိုက်တန်ကြောင်း သက်သေ ပြနေ တာပဲ။ ဥပမာ ပြောရရင် ၁၉၈၈ ခုနှစ်တုန်းက အစကတော့ ဒီမိုကရေစီ တော်လှန်ရေး၊ ဒီမိုကရေစီ အရေးတော် ပုံတဲ့ နောက်လည်းကြရော ရုပ်ပျက် ဆင်းပျက် ဆူပူပြီး လူသတ် ခေါင်းဖြတ် တာတွေ ဘာတွေ ဖြစ်ကုန်ရော၊ ဒါကြောင့် ကျွန်တော် ပြောချင်တာက ဆူပူတဲ့လူတွေ ကိုယ့်ကိုယ်ကို ဒီမိုကရေစီနဲ့ ထိုက်တန်လား ပြန်စဉ်းစား၊ ထိုက်တန်တယ် ဆိုရင် ထိုက်တန်အောင် နေတဲ့သူတွေ အဖြစ် အေးချမ်း မှု ကို မြတ်နိုး တန်ဖိုးထား သူတွေ အဖြစ် သက်သေပြရမယ်” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦး ဖုန်းမြင့်အောင်က ပြောကြား သွားခဲ့သည်။
ပြီးခဲ့သည့် မတ်လ တတိယ အပတ်မှ စ၍ မိတ္တှီလာမြို့၌ စီးပွားရေး မတရား မလျော် မကန် ပြုမှု တစ်ခုမှ စတင်ခဲ့သော ပဋိပက္ခ ဆူပူမှု များသည် မိတ္တီလာမြို့၌ (၂) ရက်ခန့်နှင့် ပဲခူးတိုင်း ဒေသကြီး အနောက်ခြမ်း တို့၌ ရက်အနည်းငယ် ဖြစ်ပွားခဲ့ပြီး ယင်းတို့ကြောင့် လူနေအိမ်၊ ဆိုင်ခန်းများနှင့် အသက် အိုး အိမ် များ သေကြေ ဆုံးရှူံး ခဲ့ရပြီး သက်ဆိုင်ရာ တပ်ဖွဲ့ဝင် များ၏ တည်ငြိမ် အေး ချမ်းရေး ဆောင် ရွက်မှု များကြောင့် လက်ရှိတွင်မူ အခြေ အနေမှာ ငြိမ်းချမ်း လျက် ရှိ ကြောင်းသိရသည်။
(Hot News ဂျာနယ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်သည်)
ဌေးလွင်ဦး
RB News
4.4.2013
မြန်မာ ပြည်ဆိုတဲ့ ဧရိယာ အတွင်းမှာ တည်ငြိမ် အေးချမ်းမှုတွေ ဖြစ်လာစေဘို့- ကျုပ်တို့ အစ္စလာမ် သာသနာဝင် များ ဘက်က အခု အချိန်ထိ အနစ်နာခံ၊ ဒုက္ခခံ၊ အမုန်းခံပြီး- တည်ဆောက် ပေးနေတယ်။ အနာဂါတ် မြန်မာနိုင်ငံ ရဲ့ ငြိမ်းချမ်းရေး၊ လူ့မှု ဘ၀ တိုးတက် ဖွံ့ဖြိုးရေး၊ ဆင်းရဲ မွဲတေ ဖွတ်ဘိုးအေ ဘ၀များမှ ကင်းလွတ်ရေး-၊ နိုင်ငံ တစ်ကာ မျက်နှာမှာ မသိမ်ငယ် ရစေရေး တို့အတွက် ကျုပ်တို့ဘက်က ငြိမ်းချမ်းရေး ကမ်းလက်ကို ဆန့်ထား နေဆဲ ဖြစ်ပါတယ်။
“လှေမြော-လှေနဲ့လိုက်” မူဝါဒကို ကျုပ်တို့ဘက်က စတင်လိုက် တဲ့တနေ့ မြန်မာ ပြည်တွင်းက လူဦးရေ အနည်း ဆုံး ၅ သန်း စားဝတ် နေရေး ပြတ်လပ် သွားပါ လိမ့်မယ်။ အဲ့ဒီ မိသားစု တွေကို ထောက်ပံ့ ပေးနေဘို့ ပြည်ပမှာ အလုပ်လုပ် နေတဲ့ လူဦးရေ ၂ သိန်း လောက်ဟာ ဒုက္ခကို စတင် ရင်ဆိုင် ရပါ တော့မယ်။ ကျုပ်တို့ အစ္စလာမ် သာသနာဝင် တွေရဲ့ အသက် တစ်ထောင် ပေးရရင်-၊ ကျုပ်တို့ ကလည်း လူ တစ်ထောင်ရဲ့ အသက်ကို ပြန်ယူနိုင် တယ်၊ ကျုပ်တို့ အစ္စလာမ် သာသနာဝင် တွေရဲ့ မိသားစု ၂ သန်း စားဝတ် နေရေး ဒုက္ခ ရောက်ရရင်- ကျုပ်တို့က လည်း လူဦးရေ ၂ သန်းရဲ့ စားဝတ် နေရေးကို ပြန်လည် ဒုက္ခပေး နိုင်တယ်။ ကျုပ်တို့ အစ္စလာမ် သာသနာဝင်တွေ ကို မအိပ်နိုင် မစားနိုင် သောကထဲမှာ ပစ်ထားရင်၊ ကျုပ်တို့ကလည်း အဲ့ဒီ လူဦးရေနဲ့ ညီမျှတဲ့ လူဦးရေကို ထပ်တူသောက ပေးနိုင်ပါတယ်။ ကျုပ်တို့ ဘက်က မီးစိမ်းပြ လိုက်တာနဲ့ အာဆီယံ ဒေသတွင်း ကြီးမားတဲ့ ၀ရုန်းသုန်း ကားမှုကြီးကို တစ်ပြိုင်နက်ထဲ လုပ်ပစ် နိုင်ပါတယ်။ ဒါပေမယ့်--၊ ဒီနေ့ထိ ကျုပ်တို့ ဘက်က ငြိမ်းချမ်း ရေးလက်ကို ကမ်းလှမ်း ထားဆဲပါ။
ပြစ်ဒဏ် တစ်ခုကို ချမှတ်တဲ့ အခါ- “လူဆိုး လူမိုက်များ အတွက်သာ သီးသန့် ကျရောက်မည် မဟုတ်သော ပြစ်ဒဏ်” ဆိုတာ ရှိမြဲပါ။ ဥပမာ- ထန်းပင် တစ်ပင်ကို မိုးကြိုးပစ်ရင်- ထန်းပင် အောက်မှာ နေတဲ့ ဖား၊ ထန်းပင်ပေါ် မှာ ရှိတဲ့ ငှက်၊ ထန်းပင်မမှာ ကပ်နေတဲ့ ပုရွက်ဆိတ်က အစ အကုန်ပါ သွားလေ့ ရှိပါတယ်။- မိုးကြိုး စက်ကွင်းထိ ရာ တစ်ခုလုံး လွတ်မြောက်ဘို့ အခွင့် အလမ်း နည်းပါး ပါတယ်။ ဒါတွေကို ကျုပ်တို့ ဘက်က စဉ်းစားပေး နေဆဲပါ။ တိုင်းပြည် တစ်ခုရဲ့ ရည်ရှည်ကို စဉ်းစား ပေးနေဆဲပါ။
တိုင်းပြည် တစ်ခု- လူ့အသင်း အဖွဲ့တစ်ခု ဆိုတာ ပတ်ဝန်းကျင်နဲ့ မဆက်ဆံလို့ မရသလို၊ ပတ်ဝန်း ကျင်ကို မမှီခိုပဲ ရပ်တည်လို့ မရနိုင်ပါ။ ပြည်တွင်းမှာ မွတ်ဆလင် တွေကို ဒုက္ခ ပေးနေတဲ့ လူမျိုးတွေရဲ့ မိသားစု တွေဟာ-၊ အပြင် လောကကို မှီခိုနေရတယ် ဆိုတာ လောက်တော့ မေ့မထားဘို့ လိုပါတယ်။
မြန်မာ ပြည်ထဲမှာ ဖြစ်နေ သမျှ၊ ဖြစ်ခဲ့ သမျှ၊ အားလုံးမှာ အစိုးရမှာ တာဝန်ရှိပါတယ်။ ရခိုင် လူမျိုးကို ထိုးချလိုက်၊ ၉၆၉ ကို ထိုးချလိုက် ကစား နေခြင်းက ရုပ်ပျက် ဆင်းပျက် လိမ်လည် လှည့်စား နေခြင်းသာ ဖြစ်ပါတယ်။ အပြစ်ရှိ သူကို တိုက်ရိုက် အရေး မယူရဲဘူး ဆိုကတည်းက အဲ့ဒီ အပြစ် ရှိသူလို့ စွပ်စွဲ ခံနေရသူ များရဲ့ နောက်က အစိုးရဟာ တိုက်ရိုက် ပတ်သက် နေကြောင်း ထင်ရှား နေပါတယ်။
ပေါ်တင်ကြီး မြှောက်ပင့် လိမ်ညာ ရေးသား ဖေါ်ပြနေတဲ့ ၀ါဒဖြန့် သတင်းစာများ၊ လူမျိုးနွယ် တစ်ခုကို မျိုးဖြုတ် နိုင်စေဘို့ သမိုင်း လိမ်ပေး နေတဲ့ အုပ်စုများ၊ အစ္စလာမ် သာသနာ ၀င်တွေကို ဘာသာ မတူတဲ့ အကြောင်း ပြချက်နဲ့ အမျိုးမျိုး အပြစ်ရှာ နေသူများ-၊ ဒီလူတွေကို လွှတ်ပေး ထားတာ-၊ အစိုးရဟာ သူတို့ကို မွေးထားကြောင်း ထင်ရှား နေပါတယ်။ အမှု ပြန်ပတ် မှာစိုးလို့ အရေး မယူရဲ ဖြစ်နေတာ ဆိုတဲ့ အချက်လည်း ထင်ရှား နေပါတယ်။ အစိုးရဟာ တိုင်းပြည် အပေါ်မှာ အမှန် တစ်ကယ် စေတနာ ရှိနေရင်-၊ ရှိခဲ့ရင် လက်ရှိ ဖြစ်ပျက် နေတဲ့ အခင်း အကျင်း အားလုံး ကို ရပ်တန်းက ရပ်ပေးရပါမယ်။
မကောင်းတဲ့ ပတ်ဝန်း ကျင်ကို ပစ်ပါယ်ဘို့ လူထုကြီး တစ်ရပ်လုံး မှာလည်း တာဝန်ရှိ ပါတယ်။ လက်ရှိ ဖြစ်ရပ်တွေ ကို ၀ိုင်းဝန်း မတားဆီးဘဲ-၊ ရပ်ကြည့် နေတာမျိုး၊ အလျှဉ်း သင့်သလို ဆွမ်းကြီး ၀င်လောင်း တာမျိုး၊ မွတ်ဆလင် များကို မတရား သဖြင့် မုန်းတီးပြီး နှိပ်ကွပ် တာမျိုး-ကို လုံးဝ ရှောင်ကြဉ် ပေးရ ပါမယ်။ ကျုပ်တို့ ဘက်က ငြိမ်းချမ်း ရေး ကမ်းလက်ကို ကမ်းထား ဆဲပါ။ အစိုးရ အဆက်ဆက်က မြန်မာ ပြည်မှာ မွတ်ဆလင် ဆိုတာ ၄ ရာနှုန်းပဲ ရှိ တယ်လို့ ပြောထားတဲ့- ပမာဏက အလွန် သေးငယ်တဲ့ ပမာဏပါ။ ဒီလောက် သေးငယ်တဲ့ ပမဏလေးက ၂၁ ရာစုမှာ မြန်မာ နိုင်ငံကို သိမ်းပိုက် ပစ်မယ် ဆိုတဲ့ စကား များက အရူး စကား များသာ ဖြစ်ပါတယ်။ မွတ်ဆလင်တွေ ကို မျိုးတုံး သတ်ဖြတ်ဘို့ ကြံစည် သွေးထိုးတဲ့ စကား များသာ ဖြစ်ပါတယ်။ ၈၅ ရာနှုန်း ရှိတဲ့ ဗုဒ္ဓ ဘာသာက- နှစ်ပေါင်း ၆၀ ကျော် အာဏာကို ပိုင်ထား ခဲ့တယ်။ လုပ်ပိုင် ခွင့်များကို ပိုင်ထား ခဲ့တယ်။ စစ်တပ်ကို ပိုင်ထားခဲ့ တယ်။ တိုင်းပြည်ရဲ့ သယံဇာတ ဥစ္စာ ပစ္စည်း များကို ပိုင်ထား ခဲ့တယ်။- ဒီလောက် လူဦးရေ များပြီး- ဒီလောက် ပိုင် ဆိုင်မှုများ ခဲ့ပါလျက် မွတ်ဆလင် ၄ ရာနှုန်းကို မျိုးမဖြုတ် နိုင်ခဲ့ရင်-၊ ဘာဆို ဘာမှ မပိုင်တဲ့ မွတ်ဆလင် ၄ ရာနှုန်း က ၈၅ ရာနှုန်း + ရှိသမျှ အားလုံးကို ပိုင်ဆိုင် ထားတဲ့ လူမျိုးကြီးကို ၂၁ ရာစု အတွင်း (ဒီနှစ်ကစ နောင် ၈၇ နှစ် အတွင်း) လွှမ်းမိုး သိမ်းပိုက် သွားမယ် ဆိုတာ-၊ ရူးသွပ် နေသူတွေရဲ့ ၀ါဒ ဖြန့်ချီမှု မျှသာ ဖြစ်တယ် ဆိုတာတော့ ဉာဏ်ရှိ သူတိုင်း ဆင်ခြင် သင့်ပါတယ်။ ဒါတွေဟာ အာဏာရှိ သူများက နောက်ခံ ပေးလို့ ၀ါဒ ဖြန့်နိုင်ခြင်း ဖြစ်တယ် ဆိုတာ လောက်တော့- မြန်မာ ပြည်သူတွေ ဆင်ခြင် နားလည် သင့်တယ်။
ကျုပ်တို့ ဘက်က ဘယ်ဘုန်းကြီး ကျောင်း၊ ဘယ် ခရစ်ယာန် ကျောင်းကိုမှ ၀င်ရောက် စစ်ဆေးခြင်း၊ မယုံ သင်္ကာ ခြင်း မရှိခဲ့ဘူး။ ဘယ်ဘုန်းကြီး ကျောင်းကိုမှလည်း မတရား သဖြင့် မစွပ်စွဲ ခဲ့ဘူး-။ ကျုပ်တို့ ဗလီများကို ၀င်ရောက် စစ်ဆေးမယ်- ဘာညာ စွပ်စွဲ နေခြင်း များဟာလည်း-၊ ဗလီ အတွင်း ဖေါက်ခွဲ ပစ်ဘို့၊ မီးရှို့ ပစ်ဘို့၊ ဖြိုဖျက် ပစ်ဘို့ ၀င်ရောက် ကြည့်ရှုခြင်း မျှသာ ဖြစ်တယ်။ ဒီအထိ ကျုပ်တို့ သည်းခံ ပေးနေတယ်။ ကလိမ် ကကျစ် နည်းတွေ-၊ နိုင်ငံရေး အောက်လမ်း နည်းတွေကို ရပ်တန်းက ရပ်ပေးရမယ်။ ရာဇ၀တ် ကောင်တွေကို ချက်ချင်း လက်ငင်း အရေး ယူပေးရမယ်။- ကျုပ်တို့ ဘက်က ငြိမ်းချမ်း ရေးကို ကမ်းလက် ပေးထား ဆဲပါ။
ဌေးလွင်ဦး
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
မြန်မာ မွတ်ဆလင် တန်းတူညီမျှ အခွင့် အရေး လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု
![]() |
(ဓါတ်ပုံ - Eleven Media Group) |
ဧပြီလ (၂) ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ်တွင် စတင် ဖြစ်ပွားခဲ့သော မီးလောင်မှုမှ အသက်ရှင်၍ လွတ် မြောက် လာသည့် ကျောင်းသား များအနက် ကျောင်းသား တစ်ဦးကို အင်တာဗျူး လုပ်ထားသည့် အ သံ ဖိုင်ကို လူမှုကွန်ယက် ပေါ်မှ ရရှိခဲ့သဖြင့် RB News စာဖတ် ပရိသတ်များ နားဆင်ရန် မျှဝေပေးလိုက် ပါ သည်။
မဇ္ဈိမ
2.4.2013
ရန်ကုန်တိုင်း၊ ဗိုလ်တထောင် မြို့နယ်ရှိ အစ္စလာမ် ဗလီ ဝတ်ကျောင်း မီးလောင်မှုနှင့် ပတ်သက်၍ လွတ် လပ်သော စုံစမ်း စစ်ဆေးမှု တရပ် ပြုလုပ်ရန် မြန်မာ့ အရေး အာဆီယံ လွှတ်တော် အမတ်များအဖွဲ့ (AIPMC) က အင်္ဂါနေ့တွင် တောင်းဆို လိုက်သည်။
ဧပြီလ ၂ ရက် နံနက် ၃ နာရီ ဝန်းကျင်က စတင် လောင်ကျွမ်း ခဲ့သော မီးကြောင့် ကလေးငယ် ၁၃ ဦး သေ ဆုံးခဲ့ရမှု အပေါ် လွန်စွာ စိုးရိမ် ပူပန်ကြောင်း ဖော်ပြ လိုက်ပြီး မီးလောင်မှု အကြောင်းရင်းအား အဆော တလျင်၊ စေ့ငုစွာနှင့် ပွင့်လင်း မြင်သာမှု ရှိရှိ စုံစမ်း ဖော်ထုတ်ရန် အာဆီယံ တဝှမ်း ရွေးကောက်ခံ အမတ် များဖြင့် ဖွဲ့စည်း ထားသည့် AIPMC က တောင်းဆို လိုက်ကြောင်း ကြေညာ ချက်တွင် ပါရှိသည်။
“အကယ်၍ ဒီ မီးလောင် မှုဟာ မီးရှို့မှု ဖြစ်ပါက တရားမျှတမှု ရှိစေဖို့ အရေးယူ ဆောင်ရွက်ရမှာ ဖြစ်ပြီး ကျူးလွန် သူများကို တရား ဥပဒေ အရ အရေး ယူ ရမှာပါ။ မီးရှို့မှု မဟုတ်ပါ ကလည်း မဟုတ်ကြောင်း ရှင်း ရှင်း လင်းလင်း သက်သေပြရမှာဖြစ်ပြီး မြန်မာ နိုင်ငံသားအားလုံးရဲ့လုံခြုံရေးနဲ့ နုနယ်သေးတဲ့ ပြုပြင် ပြောင်း လဲရေး လုပ်ငန်း စဉ် ကို ခြိမ်းခြောက် နိုင်တဲ့ အခြေ အနေ ဖြစ်တဲ့ လူမျိုးပေါင်းစုံ ဘာ သာပေါင်းစုံ ဆက် ဆံရေး ကဏ္ဍ မှာ နိမ့်ကျ ဆိုးဝါးမှုတွေ ဆက်လက် ဖြစ်ပေါ်နေမှာကို ရပ်တန့် တားဆီးဖို့ သက်သေပြရန် လိုအပ်ခြင်း ဖြစ်ပါတယ်” ဟု AIPMC ဥက္ကဋ္ဌ နှင့် အင်ဒိုနီးရှား လွှတ်တော် အမတ် Eva Kusuma Sundari က ဆို သည်။ထို့ပြင် ရခိုင် ပြည်နယ်နှင့် မိထ္ထီလာ ပဋိပက္ခမျိုး ထပ်မံ မဖြစ်ပွား စေရန် ထိန်းသိမ်း ရာ တွင် ဒေ သတွင်း နိုင်ငံ များ၏ အကူ အညီ ရယူ သင့်ကြောင်း ရေးသား ထားသည်။
“လွန်ခဲ့တဲ့ လက မိတ္ထီလာမှာ မြင်တွေ့ ခဲ့ရတဲ့ အကြမ်း ဖက်မှုတွေ၊ အဲဒီ အရင်က ရခိုင် ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် မှုတွေလိုမျိုး ထပ်မံ ဖြစ်မလာအောင် ရှောင်ရှား နိုင်ဖို့အတွက် ခွဲခြား ဆက်ဆံမှု တွေကို ရပ်တန့် ဖို့နဲ့ ဘာသာရေး အုပ်စုကွဲတွေ အကြားမှာ သည်းမခံ မှုတွေကို တိုက်ဖျက်ဖို့ လိုမှာ ဖြစ်ပြီး မြန်မာ အစိုးရ အနေနဲ့ ဒေသတွင်း အိမ်နီးချင်း တွေရဲ့ အကူ အညီနဲ့ ပြတ်ပြတ် သားသား မျှမျှတတ အလုပ်လုပ် ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
ဘေးအန္တရာယ်တွေ ဖြစ်နိုင်ခြေ ရှိသော အသိုင်းအဝိုင်း အကြားတွင် လုံခြုံမှု အရေးကြီး လှသလို ပုဒ် ၁၄၄ ထုတ်ပြန်ခြင်းနှင့် အခြား ပြင်းထန်သော ဆောင်ရွက် မှုများ အသုံးပြု ခြင်းနှင့် ပတ်သက် ၍လည်း AIPMC အနေနှင့် စိုးရမ် ပူပန်ကြောင်း ကြေညာချက်က ဆိုသည်။
“မကြာသေးခင်က ဖြစ်ပွါး ခဲ့တဲ့ ဆူပူမှု တွေနဲ့ ပတ်သတ်ပြီး အစိုးရ အနေနဲ့ ငြိမ်းချမ်းတဲ့ အဖြေကိုသာ ရှာဖို့ တိုက်တွန်း ပါတယ်။ လွန်ခဲ့တဲ့ လက မိတ္ထီလာနဲ့ အခြား ဒေသတွေမှာ ဖြစ်ပွါးခဲ့တဲ့ ဆိုးဆိုးဝါးဝါး အကြမ်း ဖက်မှုတွေနဲ့ ပတ်သက်ပြီး ဖြစ်ရတဲ့ အကြောင်း တရားတွေနဲ့ ကျူးလွန် သူတွေကို စုံစမ်း ဖော်ထုတ်ဖို့ အတွက်လည်း သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ ခြေလှမ်းတွေ ချက်ခြင်း စတင်ရမှာ ဖြစ်ပြီး သက်ဆိုင် သူတွေ အနေနဲ့ တာဝန် ယူရမှာ ဖြစ်ပါတယ်” ဟု AIPMC က တောင်းဆို လိုက်သည်။
မီးလောင်မှုမှာ ဗလီအတွင်းရှိ မီးအားမြှင့်စက်မှ အပူချိန် လွန်ကဲ၍ စတင် လောင်ခြင်း ဖြစ်ကြောင်း အာဏာပိုင်များက ပြောဆို ထားသည်။
မီးလောင်မှု အတွက် စုံစမ်း စစ်ဆေးရန် အစ္စလာမ် ဘာသာရေးအဖွဲ့အစည်းများမှဘာသာရေး ခေါင်းဆောင် များ ပါဝင်သော စုံစမ်းရေး ကော်မရှင် တရပ် ဖွဲ့စည်း သွားမည်ဟု မြန်မာ မူဆလင် အမျိုးသား ရေးရာ အဖွဲ့ချူပ်မှ အထွေထွေ အတွင်းရေးမှူး ဦးကျော်ခင် က မဇ္ဈိမကို ပြောဆိုထား သည်။
![]() |
(ဓါတ်ပုံ - Eleven Media Group) |
RB News
2.4.2013
ရန်ကုန် ။ ။ ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ် ၄၈ လမ်း အထက် ဘလောက် အမှတ် (၁၈၁) တွင် တည် ရှိသော အစ္စလာမ် ဘာသာရေး ကျောင်း တွင် ယနေ့ နံနက် ၂ နာရီ ၄၅ မိနစ်ခန့် မှစ၍ မီးလောင် မှု ဖြစ် ပွား ခဲ့ပြီး အဆိုပါ မီးလောင် မှုကြောင့် ကျောင်းသားငယ် (၁၃) ဦး အသက် ဆုံးရှူံး ခဲ့ ရ ကြောင်း သ တင်း ရ ရှိ ပါ သည်။
မီးလောင်မှု ဖြစ်ပွား ရခြင်းကို ၀ါယာရှော့ခ် ဖြစ်သည်၊ မီးအားမြှင့်စက် ဗို့အား မြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွား သည်ဟု ရေးသားပြောဆို နေသော်လည်း၊ အသက်ရှင် လွတ်မြောက် လာ သည့် ကျောင်း သား ငယ်များ ၏ ပြောကြား ချက် အရ ရှို့မီးသာ ဖြစ်ကြောင်း အတည်ပြု ရမည်ဖြစ် သည်။
မတ်လ (၂၀) ရက်နေ့မှ စ၍ ဖြစ်ပွားခဲ့သော မိတ္တီလာမြို့နှင့် ပဲခူးတိုင်း အနှံ့အပြားတွင် အစ္စလာမ် ဘာသာ ၀င်များ အပေါ် အကြမ်းဖက်မှု များကြောင့် အဆိုပါ ဘာသာရေး ကျောင်းကို ပိတ်ထားခဲ့သည်။ ယမန်နေ့ က ကျောင်းကို ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား ၁၀၀ ကျော်ရှိသော်လည်း ၇၀ ကျော် သာ ရောက် ရှိခဲ့သည်။
မီးလောင်မှု ဖြစ်ပွားသည့် အချိန်သည် အလွန် ညဥ့်နက်နေပြီး လူအများ အိပ်မောကျ နေသည့် အချိန် ဖြစ် သည်။ အကြမ်းဖက် မှုများ ဆက်တိုက် ဖြစ်ပွားခဲ့ရာတွင် အကြမ်းဖက် သမားများသည် ည ၁၀ နာရီ နောက် ပိုင်းမှ စတင်၍ သန်းခေါင်ယံ ၁ နာရီ အတွင်းခန့်သာ အကြမ်းဖက်လေ့ ရှိရာ နိုးနိုးကြား ကြား နေသူ အများစု မထင်မှတ် လောက်သည့် အချိန်တွင် မီးလောင်မှု ဖြစ် ပွားခြင်း ဖြစ် သည်။
မီးလောင်မှု စတင်သည့် အချိန်တွင် ကျောင်းသားများ အိပ်မောကျ နေပြီး သိသည့်အချိန် တွင် လောင် ကျွမ်းနေ သည့်မီးမှာ အရှိန်ပြင်းနေ သည်ဟု သိရသည်။ ကျောင်းဆောင် မှာ နှစ်ထပ် ဖြစ်ပြီး ကျောင်း သား များမှာ အပေါ်ထပ်တွင် အိပ်ကြသော ကြောင့် မီးဘေးမှ လွတ်မြောက် ရန် အောက်ထပ် သို့ ဆင်းလာ သည့်အခါ ဆီများ ဖြန်းထားသော ကြောင့် အားလုံးချော်လဲ ခဲ့ကြောင်း သိရသည်။
![]() |
ဤဓါတ်ပုံကို သေချာ လေ့လာလျှင် ဆီများ အိုင်ထွန်း နေသည်ကို တွေ့ရမည် (ဓါတ်ပုံ - Eleven Media Group) |
အဆိုပါ ကျောင်းမှ ကျောင်းဆရာက မီးလောင်သည် ဟုသိသည်နှင့် မီးငြိမ်း သတ်ရန် အတွက် ပြေးလွှား ကြိုးစားရာ ကြမ်းပြင်တွင် အိုင်ထွန်းနေသော "ရေနံဆီ" ကဲ့သို့ ဆီများအား နင်းမိ၍ ချော်လဲခဲ့ရာ ၎င်း၏ အဝတ်အစားများ၌ ယခုတိုင် ထိုဆီများဖြင့် ရွှဲနစ်နေကြောင်း၊ မီးလောင်မှု သည် ရိုးရိုး မီးလောင်မှု မဟုတ်ကြောင်း၊ တမင်တကာ ကြံရွယ်ရှို့ သည့် မီးသာ ဖြစ်ကြောင်း၊ ကျောင်းအောက် ထပ်ရှိ မီးအား မြှင့် စက်မှာ မီးလောင်ပြီး အတန်ကြာ မှ Alarm မြည်ခြင်းဖြစ်ကြောင်း ပြောသည်။ (Ref: Ye Yint Thitsar)
သတင်း မီဒီယာနှင့် ကျောင်းဆရာ တစ်ဦးမှ အင်တာဗျူး ပြုလုပ်နေ ချိန်တွင် အဆိုပါ ကျောင်းဆရာကို အာဏာပိုင် များမှ ခေါ်ဆောင် သွားကြောင်း သိရသည်။ ကျောင်းဆရာမှ မီဒီယာကို ဓါတ်ဆီလောင်း မီးရှို့ခံရ သည်ဟု ပြောသော်လည်း ရဲမှဝင်ရောက်၍ ၀ါယာရှော့ခ် ဖြစ်သည်ဟု ပြောဆိုပြီး ခေါ်ဆောင်သွား ခဲ့သည်။ အဆိုပါ ဆရာ၏ ပုဆိုးတွင် ဆီများ ပေကျံနေပြီး မီးလောင် ဒဏ်ရာလည်း ရှိကြောင်း သိရှိရပါသည်။ (Ref: Sithu Aung Ibrahim)
ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိ လာသော ကလေးငယ် များ၏ အင်္ကျီ၊ ပုဆိုးများမှာ ဒီဇယ်ဆီ အနံ့များ ထွက်နေပြီး၊ ဆီများ ပေကျံ နေကြောင်း လေ့လာ စုံစမ်းနေသူ မျက်မြင် သက်သေများမှ ပြောသည်။ (Ref: Kay Te Zat O)
အသက် ၁၅ နှစ် အရွယ် ကျောင်းသား နှစ်ဦးမှ M-Media သို့“သားတို့ ကျောင်းက၂ထပ် ကျောင်းဆောင်ပါ။ မီးစ စလောင် ချင်းတော့ သားတို့ မသိဘူး။ သားတို့ သိတဲ့အချိန် မီး က တော်တော်လေး လောင်နေပြီ။ ဒါနဲ့ သားတို့ ပြေးဆင်း လာကြတယ်။ အောက်ထပ်မှာ ဆီတွေ ပြန့် ကျဲနေတယ်။ အဲဒီ ဆီတွေကို တက်နင်းမိပြီး သားတို့ ချော်လဲကြတယ်။ သားတို့ကျောင်း မှာ ကျောင်း သား က လက် ရှိ ၇၀-ကျော်ရှိတာ။ အခုအပြင်မှာ ၅၁-ယောက်တော့ ရောက်နေပြီ။ သား တို့ ကျောင်း မှာ ဆီတွေ ဘာတွေ လှောင်ထား တာလည်း မရှိပါဘူး။ ဖိနပ်ထားတဲ့ ဖိနပ် စင်နေရာ ကနေ စလောင်တာ။ အခုထိ အင်္ကျီမှာ ဓါတ်ဆီ နံ့တွေ နံနေသေးတယ်။” ဟုပြော ကြား ခဲ့သည်။
ကနဦးပိုင်းတွင် ၁၇ ဦး သေဆုံး ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာ ခဲ့သော် လည်း နောက်ပိုင်း တွင် ၄ ဦး ကို ပြန်လည် တွေ့ရှိခဲ့ပြီး၊ သေဆုံး သွားသော ကျောင်းသား ၁၃ ဦး၏ ကျန် ရှိနေသော ရုပ်ကြွင်းကို အာဏာ ပိုင်များမှ ဆေးရုံသို့ သယ်ဆောင် သွားသည်ဟု သိရသည်။
M-Media တွင် ဖော်ပြထားသော သတင်းအရ မီးသတ် ၃ စီးရောက်ရှိ နေခဲ့သော်လည်း ၁ စီးသာ မီးငြိမ်း သတ် နေပြီး ကျန်ရှိသည့် ၂ စီးအား မီးငြိမ်းရန် အတင်း တိုက်တွန်းခဲ့ ရကြောင်း၊ မီးမလောင်မှီ ၀ုန်းဝုန်း ဟူ၍ ပတ်ဝန်းကျင်မှ အသံကြား ခဲ့ကြောင်း သိရသည်။
မျက်မြင် သက်သေများ၏ လူမှုကွန်ယက် ပေါ်တွင် ရေးသား ပြောဆိုချက်များ အရ ယခု မီးလောင်မှုသည် ၀ါယာရှော့ခ် ဖြစ်ခြင်း မဟုတ်ဘဲ၊ တမင် ကြံရွယ်၍ ပြုလုပ်သော ရှို့မီးသာ ဖြစ်သည်။ အကြမ်းဖက် သမား များ သည် ဆူညံအော် ဟစ်၍ အကြမ်းဖက်ရန် ကြိုးစားမှုတွင် ရပ်မိရပ်ဖ များ၏ ၀ိုင်းဝန်း ဖမ်းဆီးခြင်းကို ခံနေရ သော ကြောင့် ယခုကဲ့သို့ တိတ်ဆိတ်စွာ ကြံရွယ်၍ ပြုလုပ်ခြင်း ဖြစ်သည်။
အဆိုပါ စာသင်ကျောင်းသည် ဗလီနှင့် ကပ်လျက်ရှိပြီး မီးလောင်မှု မဖြစ်ပွားမှီ ဗလီနှင့် စာသင်ကျောင်း ကွက်၍ လျှပ်စစ်မီး ပျက်သွားခဲ့သည်။ သတင်းများနှင့် မျက်မြင် သက်သေများ၏ ပြောကြားချက် များကို သုံးသပ်ရလျှင် အိပ်မောကျ နေသည့် အချိန်တွင် စာသင်ကျောင်း အတွင်းသို့ ၀င်ရောက်၍ လောင်စာဆီ ပတ်ဖြန်းခဲ့ပြီး ရှို့ခဲ့သည့် မီးသာ ဖြစ်သည်ဟု ယုံကြည် ရသည်။ ၀ါယာရှော့ခ် ဖြစ် လျှင် ကျောင်း အတွင်း ၌ လောင်စာဆီ များ အိုင်ထွန်း နေရန် အကြောင်း တစ်စုံတစ်ရာ ရှိမည် မဟုတ်ပေ။
RB News
2.4.2013
မိတ္တီလာ မြို့တွင် မတ်လ (၂၀) ရက်နေ့မှ (၂၂) ရက်နေ့ အတွင်း ဖြစ်ပွား ခဲ့သော အကြမ်းဖက်မူ မီးရှို့ ဖျက် ဆီး မှုများတွင် ကျူးလွန်သူများကို မြန်မာ အစိုးရ အနေဖြင့် အမြန်ဆုံး စုံစမ်း ဖော်ထုတ်ပြီး အရေး ယူ ဆောင်ရွက် ရမည့် အပြင် လူမျိုး ခွဲခြား ဆက်ဆံခြင်း အဆုံး သတ်ရန်နှင့် မတူညီ ကွဲပြားသော ဘာသာ ၀င်များ အတူယှဉ်တွဲ နေထိုင် နိုင်ရေးကို လုပ်ဆောင် ရမည်ဟု အမေရိကန် ပြည်ထောင်စု အခြေစိုက် လူ့ အ ခွင့် အရေး စောင့်ကြည့် ရေး အဖွဲ့ (HRW) မှ ပြောကြား လိုက်သည်။ မြန်မာ အစိုးရ အနေဖြင့် မွတ် စလင် အသိုင်း အ၀ိုင်းများကို ထပ်မံ အကြမ်းဖက် တိုက်ခိုက်မှုများ မဖြစ်ပေါ် လာရေး အတွက်လည်း လုပ်ဆောင်ရမည်ဟု HRW မှ ဆိုသည်။
HRW မှ ဂြိုဟ်ထုမှ ရိုက်ကူး ထားသည့် ပုံများ သုံးသပ်ချက်အရ မိတ္တီလာ မြို့တွင် အဓိက နေရာ သုံးနေ ရာ တွင် မီးရှို့ဖျက်ဆီး မှုများကြောင့် မွတ်စလင် များ၏ နေအိမ် ၈၄၈ လုံး လုံးဝ ဖျက်ဆီးခဲ့ ရပြီး၊ အခြားသော အဆောက် အဦ ၃၅ လုံးခန့်မှာ အစိတ်အပိုင်း များစွာ ပျက်စီး ခဲ့ကြောင်း ရေးသား ဖော်ပြ ထားသည်။
1.4.2013
ရန်ကုန် ။ ။ ရခိုင် ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ယမန်နေ့ က နိုင် ငံတော် သမ္မတရုံးသို့ တင်သွင်းရန် ရက်သတ်မှတ် ခဲ့သော်လည်း ယခုအခါ ဧပြီလ ၂၃ ရက်နေ့ တွင် သာ တင်သွင်း မည်ဖြစ်ကြောင်း စုံစမ်း စစ်ဆေးရေး ကော်မရှင်မှ သတင်းတစ်ရပ် ထုတ်ပြန် လိုက် ပါသည်။
ယင်းအစီရင် ခံစာနှင့် ပတ်သက်၍ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်အား ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်မှ မေးမြန်းထားသည် ကို လည်း အောက်ပါ အသံဖိုင်တွင် နားဆင် နိုင်ပါသည်။
ရိုဟင်ဂျာ လူမျိုးများသည် တရားမ၀င် ကျူးကျော် လာသူများ မဟုတ်သည့် အပြင် ကိုလိုနီခေတ် တွင် လာရောက် အခြေချ သူများ မဟုတ်ကြောင်း ဦးရွှေမောင်မှ ပြောပါသည်။
“ရိုဟင်ဂျာ လူမျိုးတွေဟာ တရားမ၀င် ကျူးကျော်လာသူ တွေမဟုတ်ဘူး။ ကိုလိုနီခေတ်မှာ လာရောက် အခြေချ သူတွေလည်း မဟုတ်ဘူး။ ၁၈၂၃ မတိုင်ခင် ကတည်းက နေထိုင်နေတဲ့ လူမျိုးဖြစ်တယ်။ ရခိုင်ပြဿနာ ၂ ကြိမ်စလုံးမှာ ရခိုင်လူမျိုး အချို့ရဲ့ အဓိက စွပ်စွဲချက်ကတော့ အဲဒါနဲ့ ပတ်သက်၍ ဖြစ် ပါ တယ်။ အဲဒါကြောင့် စုံစမ်းရေး ကော်မရှင် အနေနဲ့ နိုင်ငံတော်သမ္မတရဲ့ ညွန်ကြားချက် အတိုင်း အဲဒီ လူမျိုးရဲ့ နောက်ခံ သမိုင်းကိုလည်း စုံစမ်း စစ်ဆေးရမှာ ဖြစ်ပါတယ်။ တရားမ၀င် ၀င်ရောက် နေထိုင် သူတွေ ရှိ/မရှိကိုလည်း ကော်မရှင် အနေနဲ့ စုံစမ်းစစ်ဆေးပြီး ဖော်ပြပေးရပါမယ်။ အစီရင်ခံစာက ပွင့်လင်းမြင် သာတဲ့ အစီရင်ခံစာ ဖြစ်ရပါမယ်”
စစ်တွေမြို့နှင့် အခြားမြို့နယ် များရှိ ဒုက္ခသည် များမှာ မိုးရာသီ နီးကပ်လာ၍ နေထိုင်ရေး အခက် အခဲများ ကြုံတွေ့ နေရသည်နှင့် စပ်လျဉ်း၍
“မိုးရာသီ နီးကပ်လာပါပြီ။ ကော်မရှင်ရဲ့ အစီရင်ခံစာ လည်းထွက်လာဖို့ ကြန့်ကြာနေတယ်။ အခု နိုင်ငံတော် အစိုးရ ကလည်း နေအိမ်တွေ ဆောက်လုပ်ပေးဖို့ အချိန် ကြန့်ကြာနေတယ်။ နေအိမ်တွေကို မိုးရာသီ မတိုင် မှီ ဆောက်လုပ်နိုင် ရန်အတွက် နိုင်ငံတော်အစိုးရအနေနဲ့ အရေးတကြီး စီမံပေးဖို့ လိုအပ် ပါ တယ်။ ဆောက် လုပ် ခွင့် မပေးဘူးဆိုရင်တော့ နောက်ထပ် လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဆိုက်မှု တစ်ခု ဖြစ်ပေါ် လာနိုင်ပါတယ်။ ဒါကလည်း တကယ့်ကို အရေးကြီးတဲ့ ကိစ္စတစ်ခုပါ။” ဟု ဦးရွှေမောင် မှ ပြော ပါသည်။
RB News
1.4.2013
ရခိုင် ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင် ခံစာကို မတ်လ (၃၁) ရက်နေ့တွင် တင်သွင်းရန် ရက်သတ်မှတ် ခဲ့သော်လည်း ယခုအခါ ဧပြီလ (၂၃) ရက်နေ့သို့ ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိ ရှိရသည်။
အဆိုပါ စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို အဖွဲ့ဝင် ၂၇ ဦး ဖြင့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ တွင် နိုင် ငံတော် သမ္မတရုံးမှ ဖွဲ့စည်း ပေးခဲ့ခြင်း ဖြစ်သည်။
မူလ အစီအစဉ် အရ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတထံသို့ တိုက်ရိုက် အစီရင်ခံ ရမည်ဟု သတ်မှတ်ခဲ့ သော်လည်း အကြောင်း အမျိုးမျိုး ပြ၍ ၂၀၁၃ ခုနှစ် မတ်လ (၃၁) ရက်နေ့ ထိ ရွှေ့ဆိုင်း ခဲ့သည်။ ယခု တစ်ဖန် မတ်လ (၃၁) ရက်နေ့တွင် တင်သွင်း ရမည်ကို ဧပြီလ ၂၃ ရက်နေ့တွင် တင်သွင်းမည်ဟု ထပ်မံ၍ ၂၃ ရက် ရွှေ့ဆိုင်း လိုက်ခြင်း ဖြစ်သည်။
ကော်မရှင် ဖွဲ့စည်း ခဲ့ချိန်တွင် အဖွဲ့ဝင် ၂၇ ဦး ပါဝင်ခဲ့ သော်လည်း အဖွဲ့ဝင် နှစ်ဦး ဖြစ်သည့် ဦးတင်မောင် သန်းနှင့် ဦးညွန့်မောင်သျှိန် တို့ကို ခိုင်မာသည့် အကြောင်း ပြချက် မပေးဘဲ၊ ကော်မရှင် အဖွဲ့ဝင်များ အဖြစ်မှ ရပ်စဲခဲ့သည်။ ထိုကဲ့သို့ တာဝန်မှ ရပ်စဲခြင်းကို ကော်မရှင်ကို တရားဝင် ဖွဲ့စည်း ပေးခဲ့သော နိုင်ငံတော် သ မ္မတ ရုံး မှလည်း သတင်း ထုတ်ပြန်ခြင်း တစ်စုံတစ်ရာ မရှိခဲ့ပေ။
စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို သီးခြား လွတ်လပ်သော ကော်မရှင်ဟု အမည်တပ်၍ ဖွဲ့စည်း ပေးခဲ့သော် လည်း ရခိုင် ပြည်နယ်ရှိ အဓိက လူမျိုးစု နှစ်စု ဖြစ်သည့် ရခိုင်နှင့် ရိုဟင်ဂျာ တို့ နှစ်ဖက်လုံးမှ အဖွဲ့ဝင်များ အဖြစ် ပါဝင်သင့် သော်လည်း ရိုဟင်ဂျာ လူမျိုးစုဖက်မှ အဖွဲ့ဝင် တစ်ဦးမှ ထည့်သွင်း ပေးခြင်း မရှိခဲ့ပေ။ ထို့ အပြင် ရိုဟင်ဂျာ လူမျိုးများကို လိုအပ်လျှင် တပ်မတော် အင်အား သုံး၍ ဖြိုခွင်းမည်ဟု ကြွေးကြော်ခဲ့သူ ဦးကိုကိုကြီး၊ ရိုဟင်ဂျာများကို နယ်မြေ ခွဲခြား၍ သီးခြားထား ရမည်ဟု အကြမ်းဖက်မှုများ စတင်သည့် အချိန်မှစ၍ ပြောကြားလာခဲ့သူ ဒေါက်တာအေးမောင် တို့ကော်မရှင် တွင်ပါဝင် နေခြင်းကြောင့် ကော်မရှင်မှ ထွက်လာမည့် အစီရင်ခံစာသည် တစ်ဖက် သတ်သာ ဖြစ်မည်ဟု ရိုဟင်ဂျာ လူမျိုးများမှ မျှော်လင့်ထား ကြသည်။
၂၀၁၂ ခုနှစ် ဇွန်လ (၃) ရက်နေ့တွင် အကြမ်းဖက် သမား ၃၀၀ ကျော်မှ မြန်မာ မွတ်စလင် ၁၀ ဦး လမ်းပေါ် တွင် လူမဆန်စွာ သတ်ဖြတ်ပြီးနောက် စုံစမ်းရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်းပေးခဲ့ပြီး တရားခံ များကို ဖမ်းဆီးမည်ဟု ကြေညာ ခဲ့သော်လည်း ထိရောက်စွာ အရေးယူခြင်း တစ်စုံတစ်ရာ မရှိခဲ့ဘဲ၊ အဖြစ်မှန် ကို ပြည်သူ တစ်ရပ်လုံး သိရှိအောင် ကြေညာခြင်း မျိုးလည်း မပြုလုပ်ခဲ့ပေ။
RB News
31.3.2013
မောင်တော ။ ။ မောင်တော မြို့နယ်၊ အလယ် သံကျော် တိုက်နယ်၊ ၀ါရှာ အရှေ့ရွာမှ အသက် ၁၅ နှစ် အရွယ် ကလေး တစ်ဦးကို နစက နယ်မြေ (၇) မှ မတ်လ (၁၂) ရက်နေ့တွင် ဖမ်းဆီး သွားပြီး ပြန်လည် လွှတ်ပေးရန် ငွေကြေး အမြောက် အမြား တောင်းခံလျက် ရှိကြောင်း သိရှိ ရပါသည်။
“ဦးအုမ်ဇုလ် ဟောက်ရဲ့ သား အာစ်မတ် သုလ္လာက စိတ်မနှံ့တဲ့ ကလေးပါ။ အသက် ၁၅ နှစ် လောက်ရှိ ပါပြီ။ ၁၂ ရက်နေ့က နစက နယ်မြေ (၇) ကနေ ဖမ်းသွားတယ်။ မိဘတွေက ငွေကြေး မတတ်နိုင်တော့ ပြန်လွှတ် မပေးဘူး။ အဲဒီ ကလေးက ပြစ်မှု ကျူးလွန် ထားတာလည်း မရှိဘူး။ ဒီလိုဘဲ ဖမ်းပြီး ငွေညှစ် နေကျ ဆိုတော့ အဲဒီ ကလေးကို ငွေညှစ်ဖို့ ဖမ်းသွားတာ” ဟု ဒေသခံ တစ်ဦးမှ RB News သို့ ပြောသည်။
နစက နယ်မြေ (၇) ၏ နယ်မြေမှူးမှာ ဗိုလ်မှူး အောင်နိုင်ဦး ဖြစ်ပြီး ယခုကဲ့သို့ အပြစ်မဲ့ များကို ဖမ်းဆီး ၍ ငွေညှစ် နေခြင်းကို ၎င်းနယ်မြေရှိ ရိုဟင်ဂျာများ လူးလိမ့်စွာ ခံစား နေရသည်။ ထို့အပြင် ဆာရေ ကုန်းဘောင်ရွာမှ အသက် (၂၅) နှစ် အရွယ် လူငယ် တစ်ဦး ကိုလည်း ဘင်္ဂလား ဒေ့ရှ်မှ SIM ကဒ်ဖြင့် လက်ကိုင် ဖုန်း အသုံးပြု နေသည်ဟု စွပ်စွဲ၍ ဖမ်းဆီး သွားကြောင်း သိရသည်။
“ကြာသပ တေးနေ့ (မတ်လ ၂၈ ရက်နေ့) ညက ဦးရာဘီ အုလ္လာရဲ့သား ဇာဗသ် အုလ္လာကို ဘင်္ဂလား ဖုန်းသုံးနေ တယ်ဆိုပြီး နယ်မြေ (၇) စခန်း (၁၄) ကလာဖမ်း သွားတယ်။ ဒီလိုဘဲ စွပ်စွဲပြီး ဖမ်းနေ ကျပါ။ စခန်းမှူး တောင်းတဲ့ ငွေပမာဏ များတော့ မိသားစုဝင် တွေလည်း မတတ်နိုင်ဘူး ဖြစ်နေတယ်။ အဲ ဒါကြောင့် အခုထိ ပြန်လွှတ် မပေးသေးဘူး” ဟု မောင်တောမြို့ ဒေသခံ တစ်ဦးမှ ပြောပါသည်။
နစက စခန်းများမှ စွပ်စွဲချက်များ ပေါင်းစုံဖြင့် ဖမ်းဆီးပြီး ရက်ပိုင်း ချုပ်နှောင် ထားပြီးနောက် ၎င်းတို့ တောင်း ခံသည့် ငွေကြေး ရလျှင် ပြန်လည် လွှတ်ပေး သော်လည်း အထက်ပါ စိတ်မနှံ့သည့် ကလေးနှင့် လူငယ် တို့ ကို တောင်းခံသည့် ငွေကြေး ရသည့် အထိဖမ်းဆီး ထားမည်ဟု ယုံကြည်ရ သည်။
ဒေသခံ ရိုဟင်ဂျာ များမှ နစက၏ ညှင်းပန်း နှိပ်စက် ငွေညှစ်မှု များအပြင် နယ်မြေခံ ထောက်လှမ်းရေး များ ပေးသော ဒုက္ခများ ကိုလည်း ခံစားနေ ရသည်။ အလယ် သံကျော် တိုက်နယ် စစစ ထောက်လှမ်း ရေး တာဝန်ခံ ဦးအောင် ကျော်သိန်း သည် မတ်လ (၂၈) ရက်နေ့တွင် ဦးနူရ် အဟမတ်၏ သားဖြစ်သူ ကေဖိုင် သုလ္လာ (အသက် ၂၆ နှစ်) အားဖမ်းဆီး ရိုက်နှက်၍ ခေါ်ဆောင် သွားခဲ့သည်။
“ကေဖိုင် သုလ္လာကို အလယ် သံကျော် ဈေးမှာ ၂၀၁၂ ဇွန်လ အရေး အခင်းမှာ ပါခဲ့တယ် ဆိုပြီး ဖမ်းတယ်။ အဲဒီ နေရာမှာဘဲ ရိုက်ပြီး ထောက်လှမ်း ရေးစခန်းမှာ ချုပ်ထားတယ်။ စခန်း ရောက်တော့ လည်း ထပ် ရိုက် လို့ သိရတယ်။ ပြီးတော့ ဖမ်းသွားတဲ့ ဦးအောင် ကျော်သိန်းက မိသားစုတွေ ဆီက ငွေ ၅ သိန်း တောင်း တယ်။ နောက်တစ် ရက်မှာ ငွေ ၄ သိန်းနဲ့ အဆင်ပြေသွား ပြီးတော့ ပြန်လွှတ် ပေးလိုက် တယ်”
“ဒီအမှု မတိုင်ခင် ရက်ပိုင်းလေး မှာဘဲ သောင်းပညာ ရွာမှာ နေတဲ့ ကေဖိုင် သုလ္လာရဲ့ အစ်ကိုကြီး မိုဟာမတ် ဇူဘိုက် ကိုလည်း ဖမ်းသွား သေးတယ်။ သူ့ကိုလည်း အဲလို ရိုက်နှက်ပြီး ငွေ ၄ သိန်းယူပြီး ပြန် လွှတ် ပေး လိုက်တယ်။” ဟု ဒေသခံ ရိုဟင်ဂျာ တစ်ဦးမှ RB News သို့ပြော ပါသည်။
ဌေးလွင်ဦး
RB News
31.3.2013
နိုင်ငံတော်ရဲ့ ဦးစီး ဦးဆောင် နေရာကို လက်ကိုင် ရယူ ထားတဲ့ သမ္မတ ဆိုသူကို- ဒါ အကြံကုန်ပဲလား ဦးသိန်းစိန် -၊ လို့ မေးဘို့ ဖြစ်နေပြီ။
မြန်မာ နိုင်ငံလို နိုင်ငံ တစ်ခုခုမှာ လူမျိုး တစ်မျိုး၊ ဘာသာ တစ်ခု တည်းကိုပဲ မျက်နှာသာပေး အလိုလိုက်ပြီး တိုင်းပြည်ကို တည်ဆောက်မယ် ဆိုရင်- တိုင်းပြည်ပျက်သွားလိမ့်မယ် ဆိုတာလောက်ကို မသိဘဲ-၊ “သမ္မ တကြီး” ရယ်လို့ အခေါ်မခံသင့်ပေဘူး။
(၁) သမ္မတ ရာထူးကို ယူထားပြီး သမ္မတ ဦးခေါင်းနဲ့ တိုင်းပြည်ကို အုပ်ချုပ်ထိန်းသိမ်းပေးနေပါသလား၊ သို့မဟုတ် အယူသည်း မျက်ကန်း ခွဲထွက်ရေးဝါဒီ တစ်စုရဲ့ ခေါင်းများနဲ့ တိုင်းပြည်ကို ထင်ရာ စိုင်းနေ ပါသလား-။ လို့ စတင်မေးရပါမယ်။ နယ်စပ်ဒေသက ခွဲထွက်ရေးဝါဒီ တစ်စုကို အလိုလိုက်ပြီး ငြိမ်း ချမ်းရေး တည်ဆောက် တော့ အဲ့ဒီ အုပ်စုက ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအတိုင်း တိုင်းပြည် အတွင်း နိုင်ငံ သား ပြုပေး ရမယ်လို့ တောင်းဆိုတဲ့ အချက်ပါဝင်ခဲ့တယ်။ အဲ့ဒီမှာလည်း ၁၉၈၂ ဥပဒေဆိုတာ ကို ဘယ်လို ဖွင့်ဆိုရမယ် ဆိုပြီး အဲ့ဒီ အဖွဲ့ ရဲ့ အာဘော်နဲ့ စာ ၁၁ မျက်နှာ ဖွင့်ဆိုပေးထားတယ်။ ဦးသိန်းစိန် ဦးဆောင်တဲ့ သမ္မတအဖွဲ့ဟာ ဒီနေ့အဲ့ဒီ အာ ဘော်အတိုင်း တစ်သွေးမတိမ်းလုပ်ဆောင်ပေးနေတယ်။
အဲ့ဒီ ခွဲထွက်ရေး အဖွဲ့ဟာ ပြည်ထဲက လူငယ်တွေကို ခေါ်ယူပြီး- မိမိ ပါတီအတွက် စစ် သင်တန်းများ ပုံ မှန်ပေးနေ တယ်။ စစ်သင် တန်းဆင်းပြီး လူငယ်များကို ပြည်ထဲကို ပြန်ထည့် ထားတယ်။ ဒီအလုပ် ကို ပေါ်ပေါ် တင် တင်လုပ် နေပြီး- အခုဆိုရင် ပြည်ထဲမှာ အဆင်သင့် စစ်သင်တန်းဆင်းပြီး ခွဲထွက်ရေးဝါဒီ ငါးထောင်က တစ်သောင်းကြား ရှိနေပြီ။ လိုအပ်တဲ့အချိန်မှာ သူတို့ခေါင်းဆောင်က သူတို့ဆီကို လက်နက်ခဲ ယမ်းပို့လိုက်ယုံပဲ- အဆင်သင့်ခွဲ ထွက်သွားလို့ ရနိုင်တယ်။ သို့မဟုတ် ပြည်ထဲမှာ ပြည်သူအပေါင်း စစ်ဒဏ်၊ လူဆိုးသူခိုးဒဏ်များ အကြီးအကျယ် ခံစားသွားစေနိုင်ပါတယ်။- ဒါကို ဦးသိန်းစိန် အစိုးရက တစ်ကယ် မသိ တာလား၊ တမင် ဟပေးထားတာလား စဉ်းစားဘို့ လိုပါပြီ။-
ပိုဆိုးတာက-၊ အဲ့ဒီ ခွဲထွက်ရေးဝါဒီဆီက လက်နက်တွေ ဖမ်းမိတိုင်း-၊ သတင်းတွေမှာ မွတ်ဆလင်တွေဆီက လက်နက်တွေ မိတယ်လို့ပဲ တိုင်းပြည်ကို ဗြောင်လိမ်ပေးနေပြန်တယ်။ ခွဲထွက်ရေးဝါဒီတွေကို ဒီလောက်ကြီး မားမားမတ်မတ် ရပ်တည်ပေးနေတယ် ဆိုတဲ့ သမ္မတ တစ်ဦးကို ပြည်သူအများ ဘယ်လို စဉ်းစားသင့် ပါသ လဲ။ နောက်ဆုံးမှာ နိုင်ငံတော်ကို ဦးဆောင်နေတဲ့ သမ္မတ ဆိုသူကိုယ်တိုင်က- ခွဲထွက်ရေးဝါဒီတွေ အင် အားထွား လာအောင် “ပထွေး ကြက်ဥတိုက်” စီမံချက်နဲ့ ခွဲထွက်ရေးဝါဒီတွေရဲ့ အလိုဆန္ဒကို ပိုမိုပြည့် ၀စေဘို့- မွတ်ဆလင် တွေကို စနစ်တကျ အမြစ်ဖြုတ်ပေးနေတဲ့ “အမိ မွေ့ယာခင်း” စီမံချက်များကို စနစ် တကျ ဖေါ်ဆောင်ပေးနေ ပါတော့တယ်။
(၂) ကျော်မကောင်းကြား မကောင်း အခြေအနေကို ရောက်လာရင်- ကမ္ဘာလှည့် အသနားခံပြီး ကျွန်တော်တို့ ဟိုလို လုပ်ပေးပါမယ်၊ ဒီလို လုပ်ပေးပါမယ်-၊ ဆိုပြီး တစ်ဘက်မှ လိုက်လံ ဖာထေး ဖုံးဖိကာ- နောက်တစ် ဘက်မှာ ပြည်တွင်းက ဒုက္ခသည် မွတ်ဆလင်များကို ငတ်သေသေ သွားစေဘို့ စီမံချက်၊ ဖျက်ဆီးခံ လိုက်ရတဲ့ ဗလီ ကျောင်းကန်ဘုရားများကို ပြန်လည် မတည်ဆောက်နိုင်အောင် ဥပဒေများနဲ့ အတွင်းကြိတ် ဖိနှိပ်နေပြန် ပါတယ်။ အခုတစ်လောပဲ ကြည့်ပါ။ မိတ္ထိလာမှာ ဗလီပေါင်းများစွာ မီးရှို့ဖျက်ဆီးခံ လိုက်ရ တယ်။ မြန်မာပြည် သူအပေါင်းက လည်း စာနာစိတ်များ ဖြစ်သွားတယ်။ ဒုက္ခရောက်တဲ့ ဒုက္ခ သည်တွေကို ကူညီသင့်ကြောင်း-၊ ဖျက်ဆီးခံလိုက်ရ တဲ့ သူတို့ရဲ့ ဗလီတွေကို ပြန်လည် တည်ဆောက်ပေးသင့်ကြောင်း လူ့အသိ ရှိတဲ့ လူတိုင်းက ခံစားကြတယ်။ ဒါ ကြီးကို မျက်နှာပြောင် တိုက်ပြီး- ဗလီတွေ ပြန်ဆောက်မှာကို ဥပဒေ အမျိုးမျိုးနဲ့ တားမြစ်ဘို့ အမိန့် ထွက်လာပါ တော့တယ်။ ဒုက္ခသည်တွေကို ကူညီနေခြင်းများ လိုက်လံ တားဆီး ပါတော့ တယ်။ သာမန် လူ့နှလုံးသား ရှိတဲ့ လူ တစ်ဦးတောင် အဲ့လိုမျိုးကြီး လုပ်ရဲမှာ မဟုတ်ပေဘူး။
(၃) ကမ္ဘာ့ ထိပ်သီး ကွန်ပြူတာ ဟက်ကာများက- ကြည့်မနေနိုင်တော့လို့-၊ မြန်မာအစိုးရရဲ့ ကွန်ပြူ တာတွေကို ဟက်လိုက်ပါပြီ။ လား- လား၊ ဧရာမကြောက်စရာ ဖြစ်တဲ့ အစိုးရရဲ့ စီမံ ချက်ကြီးကို တွေ့ လိုက်ရပါတယ်။ ၂၁ ရာစုထဲမှာ သာမန် လူတစ်စု၊ လူမိုက်ဂိုဏ်း တစ်ဂိုဏ်းတောင် မတွေးရဲလောက်တဲ့ ရက်စက်မှု သွေးမုန်တိုင်း စီမံချက်ကို အစိုးရဘက်က အကွက်ချ ပြင်ဆ င်ထားပါကလား- ဆိုတာပါပဲ။ တိုင်းပြည်တွင်း မှာ မွတ်ဆလင် များ၊ ခရစ် ယာန်များ၊ ဟိန္ဒူများ- ညက်ညက်ကြေဘို့သာ ပြင်ထားပေတော့။ ငြိမ်းချမ်းရေး လက်ခံတဲ့ အုပ်စုများလည်း မျိုးပြုတ်ဘို့သာ ပြင်ထားပေတော့-။
ဒါတွေကို ကြိုသိလိုက်ရတော့-၊ ဒီအထောက်အထားတွေက UN အပါအ၀င် သက်ဆိုင်ရာ အဖွဲ့ အစည်း ကြီး၊ နိုင်ငံ ကြီးများကို တိတိကျကျ ရောက်သွားစေပါမယ်။ ကမ္ဘာဟာ လူ့အသိုင်းအ၀ိုင်းကြားမှာ ရှိတဲ့ ရပ် ကွက် တစ်ကွက်မျှ သာ ဖြစ်ပါတယ်။ လုပ်ချင်တိုင်း လုပ်လို့ရမယ့် အခွင့်အရေးတွေကို သိန်းစိန်အစိုးရက ရလေ မလား၊ လုပ်ချင် တိုင်း မလုပ်နိုင်ဘို့ ကမ္ဘာကပဲ တားဆီးနိုင်မလား-၊ ဆိုတာများတော့ မကြာမှီသိ ရတော့မှာပါ။ (တိုင်းပြည်ကြီး တစ်ခုလုံး သတ်ဖြတ်၊ သေကြေ၊ ပျက်ဆီးသွားမှာကိုပဲ စိုးရိမ်ပါတယ်။)
ဌေးလွင်ဦး
မြန်မာ မွတ်ဆလင် တန်းတူညီမျှ လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု
![]() |
မိတ္ထီလာမြို့ အကြမ်းဖက်မှု (ဓါတ်ပုံ - Eleven Media Group) |
လင်းထင်
ခေတ်မောင်း အတွဲ ၂၊ အမှတ် ၃
မိတ္ထီလာက စလိုက်တဲ့ ဗမာပြည်က လတ်တလော အကြမ်း ဖက်မှု တွေအကြောင်း အင်္ဂလိပ် သတင်း စာ တွေက ရေးတဲ့ အခါမယ် Sectarian violence ဆိုတဲ့ စကားလုံးကို သုံးနှုံးနေတာ သတိ ထားမိတယ်။ ဒီ အသုံး အနှုံးဟာ လူမျိုးစု တွေကြားမှာ ဖြစ်စေ၊ လူတန်းစား အလွှာ တွေကြားမှာ ဖြစ်စေ၊ ကိုးကွယ် ယုံကြည်မှု ဘာသာ တွေကြားမှာ ဖြစ်စေ (ဆွန်နီနဲ့ ရှီအာ၊ ကက်သ လစ်နဲ့ ပရိုတက် စတင့်လို ဘာသာ တစ် ခုထဲ အတွင်းက ကွဲပြားမှုလည်း ဖြစ်နိုင်တယ်) မတူညီမှု (၀ါ) ဂိုဏ်းဂန ကွဲပြားမှု အပေါ် အရင်းခံပြီး ဖြစ်တဲ့ ပဋိပက္ခ ကနေ အပြန် အလှန် အကြမ်း ဖက်မှုကို ရည်ညွှန်းတယ်။ စတော့ခ်ဟုမ်း နိုင်ငံတကာ ငြိမ်း ချမ်းရေး သုတေသန အဖွဲ့ရဲ့ ၂၀၀၈ နှစ်လည်အစီ အရင်ခံစာထဲမယ် ဒီလို အကြမ်းဖက်မှု ဖြစ်စဉ်များ အတွင်း မှာ ပါဝင် ပတ်သက်သူ များကို non-state actors representing different population groups ဆိုပြီး ချည်းကပ် တယ်။ အဓိပ္ပာယ်က အရပ်သား တွေရဲ့ ပဋိပက္ခလို့ အမျိုးအစား ခွဲခြားလို ပုံရတယ်။
စကားလုံး အသုံး အနှုံးတွေ ဆိုတာ သိပ်တာ သွားတယ်၊ အဓိပ္ပာယ်ကို သယ်ဆောင် ထားရတာကိုး။ ဖြစ်ရပ် တစ်ခုရဲ့ မြင်သာတဲ့ အကြောင်း ခြင်းရာတွေ ကိုသာမက ပြဿနာ အရင်းအမြစ်ကို ထင်ဟပ် ပုံဖော်ဖို့ရာ စကားလုံး ဝေါဟာရ များကိုပဲ အသုံးပြု ကြရတယ် မဟုတ်လား။ Sectarian violence လို့ သုံးနှုံး နေခြင်း အပေါ်မှာ ကျနော် သုံးပုံနှစ်ပုံ မျှမက သဘောတူ နိုင်တယ် (အပြည့် မတူနိုင်တာ ကတော့ အကြမ်းဖက် မှုဟာ အုပ်စုနှစ်ခု အကြား အပြန် အလှန် မဟုတ်ပဲ၊ အုပ်စု တစ်ခုကသာ မတူသော ဘာသာ အယူ အမျိုး အနွယ်ကြောင့် တစ်ဖက်သက် ပစ်မှတ်ထား အတိုက် အခိုက် ခံနေရတာပဲ)။ ဖြစ်နေတဲ့ အကြမ်းဖက်မှု ပြဿနာ များဟာ sectarian လို့ သုံးနှုံးတဲ့ အတိုင်း ကွဲပြားမှု အပေါ် အရင်းခံပြီး ဖြစ်တာလို့ ရှင်းရှင်း သိမြင်ဖို့ အရေး အကြီးဆုံးပဲ။ ဘာကွဲပြား မှုလည်းဆိုရင် ဘာသာ အယူနဲ့ အနွယ် ကွဲပြားမှုပဲ။ ဘာသာ အယူနဲ့ အနွယ် ကွဲပြားမှုသာ အရင်းခံ အကြောင်းလို့ ပိုင်းခြား သိမြင်ရမယ်။
အစိုးရ ထောက်ခံသူနဲ့ အတိုက် အခံအားပေး သူအကြားက နိုင်ငံရေး ကွဲပြားမှု မဟုတ်ဘူး။ ဆင်းရဲ ချမ်းသာ လူ့အလွှာ ၂-ရပ် ထိပ်တိုက် တိုးနေကြတဲ့ ပြဿနာ ဟာလည်း ဒီအဖြစ်ဆိုး အကြမ်းဖက်မှု တွေမှာ အကြုံး မ၀င်ဘူး။ ဘယ်ပဋိပက္ခမျိုး မဆိုမှာ နိုင်ငံရေးနဲ့ လူတန်းစားရေး အမြင်က ကင်းလွတ်လို့ မရဘူးလို့ ယုံကြည် ချက် ရှိ သူ တစ်ဦး အနေနဲ့ ဒီအကြမ်းဖက် မှုများမှာ နိုင်ငံရေးနဲ့ လူတန်း စားရေးဟာ အရင်းခံ အကြောင်း မဟုတ်ဘူးလို့ ပြောရတဲ့အတွက် ကျနော့်အဖို့ရာ သက်သောင့် သက်သာ မရှိလှပါ။
အခုကိစ္စရပ်မှာ စစ်တပ်က အာဏပြန် သိမ်းဖို့ရာ အကြောင်း ပြချက် ရလာအောင် အကွက်ချ ဖန် တီး နေ မှု လို့ နိုင်ငံရေး အမြင် နိုင်ငံရေး ရှူ့ထောင့် ကနေသာ သုံးသပ် နေမှု သိပ်အား ကောင်းနေတယ်။ ဒီလို အားကောင်း ရတာလည်း အမှားတော့ မဟုတ်ဘူး။ အတွေးအမြင် အယူအဆ ကြံဆချက် သက်သက် မဟုတ်တဲ့ လက်ဆုပ် လက်ကိုင် ထောက်ပြ စရာတွေ တပုံကြီးကိုး။ အကြမ်းဖက် သူများဟာ ရုတ် ချည်း ဒေါသ ပေါက်ကွဲတဲ့ လူအုပ်စုရဲ့ အသွင် လက္ခဏာနဲ့ စာရင် စံနစ် တကျ ပြင်ဆင် ထားတဲ့၊ ပစ္စည်း ကိရိ ယာများ တပ်ဆင် ထားတဲ့ လူအုပ်စု ဖြစ်ကြောင်း အခင်း ဖြစ်ပွားရာ နေရာတိုင်းက သက်သေ ခံကြ တယ်။ ဒေသန္တရ အာဏာပိုင် များနဲ့ လုံခြုံရေး တပ်ဖွဲ့များရဲ့ မယုံနိုင်ဖွယ် ကောင်းလောက်အောင် မျက် ကွယ်ပြုမှု၊ တာဝန်မယူမှု၊ အဆုံးစွန်သော အခြေအနေတွေ အထိ အရောက်ခံမှု တွေဟာ ကြံရာပါများ အဖြစ် တပ်အပ် စွပ်စွဲသူ အဖို့ မရိုင်းဘူး။
ဒီအချက်တွေကို သိမြင်ရက် နဲ့လည်း နိုင်ငံရေးဟာ အကြောင်းခံအဖြစ် ကျနော် ဘာဖြစ်လို့ မယူဆ ချင်ရတာလဲ။ ကျနော်တို့ဟာ နိုင်ငံရေးအရ ဖိနှိပ်ခံရမှု အောက်မှာ ဘာသာရေး မုန်းတီးမှု ပြဿနာကို ဘယ်တုန်းကမှ အရေးတကြီး ဦးစားပေး ကိစ္စအဖြစ် မပြောခဲ့ ကြဘူး၊ ပျက်ကွက်ခဲ့ ကြတယ်။ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပေါ်တိုင်း စစ်အုပ်စုရဲ့ နိုင်ငံရေး အာရုံလွှဲမှု အဖြစ်နဲ့ပဲ အဖြေထုတ် သုံးသပ်ခဲ့ ကြတယ်။ ဘာသာရေး လူမျိုးရေး ခွဲခြားမှုကို အာဏာသိမ်း စစ်အုပ်စုက ရာစုနှစ် ထက်ဝက်မက နိုင်ငံတော် မူဝါဒအဖြစ် ကျင့်သုံးတဲ့အခါ (နိုင်ငံတော် မူဝါဒလို့ ဆိုရာမှာ ကျနော် ပြောလေ့ရှိတဲ့ ဗုဒ္ဓဘာသာအခြေပြု အမျိုးသားရေး ၀ါဒကိုပဲ အဓိက ရည်ညွှန်း ပါတယ်။) ၊ အဓိကရုဏ်း များကို ကြိုးကိုင် ဖန်တီး လာခဲ့တဲ့ အခါ၊ အမြင်လွဲ အယူမှား သတင်း အမှားများနဲ့ အမုန်းတရား မျိုးစေ့ကို မျိုးဆက် အဆင့်ဆင့် ကြဲပက် ခဲ့တဲ့အခါ လူအများ ကြားမှာ ဒီအမုန်း တရားဟာ အပင် မပေါက်ပဲ နေရော့ မလား။
ဒီအယူလွဲတဲ့ အမုန်း တရားရန်က ကာကွယ်ဖို့ရာ ဦးနှောက်နဲ့ နှလုံးသား ကြီးမြတ် ကျယ်ပြော နိုင်အောင် လူအများမှာ လုံလောက်တဲ့ အပြိုင် ဗဟုသုတနဲ့ အပြိုင်အတွေး အခေါ်များ ဖြည့်တင်းဖို့ အခွင့်သာ ခဲ့ပါသ လား။ လွတ်လပ်တဲ့ လူ့အဖွဲ့ အစည်းနဲ့ ထိတွေ့ ဆက်ဆံဖူး ကျောင်းပညာ ရဖူးသူ တွေထဲက အချို့တောင်မှ ဘာသာရေး လူမျိုးရေး မုန်းတီးမှုကို မကျော် လွန်နိုင် ကြတဲ့နောက်၊ စစ်အာဏာရှင် အောက် အနှစ်ငါး ဆယ် နေရသူ တွေထဲမယ် အမုန်း အယူနဲ့ ခွဲခြားခြင့်ဓလေ့ တကယ် မစွဲငြိပဲ နေပါ့မလား။ လူတွေမှာ သူတို့ ရဲ့ နိုင်ငံရေး အကြိုက် political preference အပေါ် မတည်မှီပဲ ဘာသာရေး လူမျိုးရေး မုန်းတီးခြင်း ခွဲခြားခြင်း အယူများ ရှိကြတာ ကိုလည်း သတိပြု မိစေချင် ပါတယ်။
တချို့ကတော့ စစ်အလို တော်ရိများသာ ဘာသာရေး လူမျိုးရေး မုန်းတီး ခွဲခြားသူများ ဖြစ်နေတယ်လို့ အမျိုး အစား ခွဲခြား ပြနေတာ တွေ့ရပါတယ်။ အုပ်စုခွဲခြား သတ်မှတ် နိုင်မှုဟာ ဒီလောက် လွယ်ကူ ရှင်းလင်းစွာ လုပ်လို့ မရနိုင် ပါဘူး။ လူမှုရေး တက်ကြွသူ၊ ဘာသာ တရား ကိုင်းရှိုင်းသူ၊ အမျိုးသားရေး ပြင်းထန်သူ၊ အဲန်အယ်လ်ဒီ ထောက်ခံသူ၊ သမ္မတ သိန်းစိန်အား ကြည်ညိုသူ အစ ရှိသဖြင့် အုပ်စု Set တစ်ခု ချင်းစီကို စက်ဝိုင်း ခုချင်းစီအဖြစ် ယူဆကြည့်ပါ။ အဲ့ဒီ့ စက်ဝိုင်းများ တစ်ခုကို တစ်ခု Intersection ဖြစ်နေတဲ့ တူညီသော လက္ခဏာများ မျှဝေ ပိုင်ဆိုင်မှု နယ်ပယ် အမျိုးစုံ ရှိနေနိုင်ပါတယ်။ ရှင်းရှင်း ပြောရရင် ဗမာ ဒီမိုသမား များထဲမှာ စစ်တပ် အောက်ဆွဲ များလိုပဲ ကုလားမုန်း အစ္စလာမ် ကြောက်များ ရှိနေပါတယ်။ အချို့ ဒီမို မျိုးချစ် များရဲ့ တင်းမာတဲ့ အမျိုးသားရေး စိတ်အယူဟာ လူ့အခွင့် အရေးနဲ့ ဒီမိုကရေစီ စံနှုံးများ အပေါ် သက်ဝင် အဖိုး ထားတတ် မှုထက် အကဲ သာနေတာ ပါပဲ။
ဘာသာရေး လူမျိုးရေး မုန်းတီး ခွဲခြားခြင်း ပြဿနာဟာ ခေတ်အဆက်ဆက် နိုင်ငံရေး လောင်းရိပ် မိခဲ့တာ ဟာ အခု လတ်တလော အခြေအနေ မှာလည်း ထိုနည်း၎င်း လျစ်လျူရှု ခံရဆဲပဲ။ ပိုတောင် အခြေ အနေ ဆိုးတယ်။ အခု လွှမ်းနေတာက နောက်ကြောင်းပြန် မလှည့်ချင် ပါဘူးရယ်လို့ တိုင်းပြည် ဟာ သွေးနု သားနု ဒီမိုကရေစီ မီးနေသယ် ဆိုတဲ့ စိတ္တဇပဲ။ ကလေးတွေ အရှင် လတ်လတ် မီးအရှို့ခံရတာ ဒီမိုကရေစီ မီးနေ သယ်မို့လို့လား၊ ပျက်စီးခြင်း ငါးပါးမကတော့တဲ့ ဖွတ်သရွတ် လိုက်အောင် ယိုယွင်းနေတဲ့ လူ့အဖွဲ့ အစည်း ဖြစ်နေလို့လား၊ ကြပ်ကြပ် ဆင်ခြင် ကြစေ ချင်တယ်။
ဒီမီးနေသယ် စိတ္တဇက ဘယ်လောက်တောင် ဖောက်ပြန် သွားစေလဲဆို သမ္မတ သိန်းစိန် ဦးဆောင်တဲ့ အသွင် ပြောင်းလဲမှု အပေါ် အယုံ အကြည် မရှိသူ တွေတောင်၊ သူတို့ သံသယထားတဲ့ အပြောင်း အလဲ ထိခိုက်မှာ ကြောက်စိတ် ၀င်လာခဲ့ပြီ။ ပြဿနာရဲ့ အရင်းခံကို မစေ့ငုံ မပိုင်းခြား နိုင်ရင်တော့ အာရုံ အမှား စိတ္တဇ အယူတို့နဲ့ ကိုယ့်ရပ်တည်မှု ယိုင်လဲမှာပဲ။ ပြဿနာဟာ ဘာသာရေး လူမျိုးရေး ကွဲပြားမှုအပေါ် အရင်းခံတဲ့ အကြမ်းဖက်မှု ဖြစ်ကြောင်း အသိ အမှတ်ပြု acknowledge လုပ်ပါ။ မလုပ်နိုင်ရင် Holocaust ကို ငြင်းဆန် သူတွေနဲ့ တစ်တန်းစား ထဲထားပြီး ကျနော် ရှုံ့ချတယ်။
ဓါတ်ပုံသတင်း
- သူတို့မီဒီယာ၏ မျက်နှာဖုံးများကို ခွာချကြည့်ခြင်း (၁)
- နစကနယ်မြေ (၅) မှမောင်တောမြောက်ပိုင်းတွင်တရားဝင်ဓါးပြတိုက်နေ
- ဥဒေါင်း ယာယီ အုပ်ချုပ် ရေးမှူးနှင့် ယခင် အုပ်ချုပ် ရေးမှူး တို့ပူးပေါင်း၍ ညှဉ်းပန်း နှိပ်စက် ငွေညှစ်လျက်ရှိ
- ရခိုင်ကော်မရှင် ဥက္ကဌ ကိုဖီအာနန်ထံသို့ မောင်တောဒေသခံများမှ အိတ်ဖွင့်ပေးစာ
- ရဲများက လုပ်ကြံ ဖမ်းဆီးပြီး ပြန်လွှတ် ပေးမည်ဟု ဆိုကာ ငွေ ၁၀ သိန်းယူ၍ ဆက်လက် ဖမ်းဆီးထား
- ရိုဟင်ဂျာ ဘာသာစကား သို့မဟုတ် တိုင်းရင်းသား ဘာသာစကား
- ရှောင်တခင် အိမ်ထောင်စု လူဦးရေ စစ်ဆေးမှု ပြုလုပ်မည်ဟု ရဲမှူးချုပ် တင်ကိုကိုပြော
- သက်ဆိုင်ရာဝန်ကြီးများ၏ လွှတ်တော်အတွင်း မေးခွန်းများရှင်းလင်းဖြေကြားချက်အပေါ် သုံးသပ်ချက် (အပိုင်း ၄)
- Genocide ဆိုသည့်အသုံးအနှုန်းသုံးရန်ကမ္ဘာ့ရှေ့နေများမှထောက်ခံခဲ့
- Civil Rights Movement ၏ အထူး မေတ္တာရပ်ခံချက်
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ
