နောက်ဆုံးသတင်း/ဆောင်းပါးများ



Rohingya Eye
RB News
17.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးက ဘာသာရေး ဆရာများကို လမ်းထွက်ရန် ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၄) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် အမှတ် (၇) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးက ရပ်မိရပ်ဖများကို နယ်မြေရုံးသို့ ဆင့်ခေါ်၍ အစည်း အဝေး တစ်ရပ် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် အမှတ် (၇) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးက ဘာသာရေး ဆရာ (မော်လ၀ီ) များသည် တဖက်နိုင်ငံမှ အစွန်းရောက် အဖွဲ့များနှင့် အဆက်အသွယ် ရှိနေသူများ ဖြစ်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ပြောကြားခဲ့ပြီး၊ မော်လ၀ီများကို သတိထားရန်၊ မုတ်ဆိတ်ရှည် ရှိသူများ မုတ်ဆိတ်ရိတ်ရန် ဘာသာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်၍ ခြိမ်းခြောက်​ ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထို့အပြင် မော်လ၀ီများကို ကျောင်းများနှင့် ဈေးများတွင် မမြင်ရစေရန် အတွက် လမ်းမထွက်ရန်ပင် ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါရဲမှူးက ဒေသခံ ရိုဟင်ဂျာများကို ည (၆) နာရီမှ နံနက် (၆) နာရီ အတွင်း အပြင်မထွက်ရန် အလယ်သံကျော် အုပ်ချုပ်ရေးမှူး ရုံးက တဆင့် အမိန့် ထုတ်ပြန် ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။

အစည်းအဝေးကို ညနေ (၄) အချိန်တွင် ရုတ်သိမ်းခဲ့ပြီး၊ ဒေသခံ အချို့ကို ဖမ်းဆီးမည်ဟု သတင်းများ ထွက်ပေါ် ခဲ့သောကြောင့် ကျေးရွာအတွင်း အထိတ်တလန့်များ ဖြစ်ပေါ်လျက် ရှိနေကြောင်း သိရှိရပါသည်။



Rohingya Eye
RB News
16.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကွမ်းသီးပင် ကျေးရွာ၊ နံ့သာဒေါင်ရွာ အခြေစိုက် စစ်တပ်စခန်းမှ စစ်သားများသည် ဒေသခံများထံမှ အကြောင်းမဲ့ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၉) ရက်နေ့ ည ၁၁ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကွမ်းသီးပင် ကျေးရွာ အုပ်စု၊ နံ့သာဒေါင်ရွာ အခြေစိုက် စစ်တပ်စခန်းမှ စစ်သားများသည် ဦးမောန်တာစ်အုလ္လာ (ဘ) ဦးဘော်ရှီးရ်အာမတ် နှင့်အတူ တော်လူသ်ဖူရှု ရွာသို့ သွားရောက်၍ ပုဇွန်ကန် စောင့်နေသည့် အစောင့်များ ဖြစ်သူ ဦးအဘူဆော်ယာဒ် (ဘ) ဦးယာကုပ် (အသက် ၃၀ နှစ်) နှင့် ဦးဆွေယာဒူ အစ္စလာမ် (ဘ) ဦးအဟာမတ် (အသက် ၃၅ နှစ်) တို့ထံမှ ငွေကျပ် ၁၂၀၀၀/- စီ အကြောင်းမဲ့ ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ စစ်သားများသည် အောက်တိုဘာလ (၁၀) ရက်နေ့တွင် လစ်သူရှားရွာသို့ သွားရောက်၍ ကင်းစောင့်နေသည့် ကင်းသမား (၈) ဦးကို ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ပြီး ကင်းသမားများ ထံမှ ငွေကျပ် ၅၆၀၀၀/- ကျော် တန်ဖိုးရှိ ကြက် (၈) ကောင် ယူခဲ့သည်။ စစ်သားများကို ကြက်တစ်ကောင်စီ ပေးရသည့် ကင်းသမားများမှာ -- ဦးဆုလ်တာန်အာမတ် (ဘ) ဦးဂူရာဆာန် (အသက် ၃၃ နှစ်)၊ ဦးကာလာမျာ (ဘ) ဦးရှော်ကူမော်ဒိန်း (အသက် ၂၈ နှစ်)၊ ရော်ဖိခ် (ဘ) ဦးမာမတ်ကော်ရီးမ် (အသက် ၂၃ နှစ်) တို့အပါအ၀င် စုစုပေါင်း (၈) ဦး ဖြစ်သည်။

နံ့သာဒေါင်ရွာ အခြေစိုက် စစ်တပ်စခန်းမှ စစ်သားများသည် ယခုရက်ပိုင်းတွင် ရွာများထဲသို့ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ များကို အမျိုးမျိုး ခြိမ်းခြောက်၍ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။



မအေးအေးမာ
16.10.2014

နိုင်ငံတော် အကြည်ညို ပျက်စေမှု ဆူပူအောင် လှုံ့ဆော်မူ ပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲခံ ထားရတဲ့ ဘိုင်မွန်းတည့် နေဂျာနယ်က ထုတ်ဝေသူ အယ်ဒီတာနဲ့ သတင်းထောက် အပါအ၀င် ၅ဦးကို ပန်းဘဲတန်း တရားရုံးကနေ ထောင်ဒဏ် ၂နှစ်စီ ချမှတ်ခဲ့ပါတယ်။ မီဒီယာ ဥပဒေ ရှိနေပြီ ဖြစ်ပေမဲ့ မီဒီယာ ဥပဒေနဲ့ စီရင်မူ မရှိခဲ့တဲ့အတွက် တိုင်းတရားရုံး ကို ဆက်တက်မယ်လို့ သတင်းသမားတွေ ရဲ့ ရှေနေ့ က ပြောဆို လိုက်ပါတယ်။ မအေးမာ သတင်းပေးပို့ ထားပါတယ် ။

ဘိုင်မွန်းတည့်နေဂျာနယ်က ထုတ်ဝေသူ အယ်ဒီတာ အပါအ၀င် သတင်းသမား ၅ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမူ ဆူပူအောင် လှုံ့ဆော်မူပုဒ်မ ၅၀၅ (ခ) နဲ့ အမြင့်ဆုံးထောင်ဒဏ် ကို အောက်တိုဘာလ ၁၆ရက်နေ့မှာ ပန်းဘဲတန်း တရားရုံးကနေ ထောင်ချခဲ့တာပါ ။

သူတို့တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေ ကို ကြားဖြတ်အစိုးရ အဖြစ် ပြည်သူတွေက တင်မြှောက် ကြောင်း ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားသူများအဖွဲ့ ရဲ့ ထုတ်ပြန်ချက်ကို ဂျာနယ်မှာ ဖော်ပြခဲ့ တာကြောင့် အခုလို ပြစ်ဒဏ်များ ချခဲ့တာပါ။

သတင်းသမားတွေရဲ ရှေ့နေ ဦးကျော်ဝင်းကတော့ မီဒီယာသမားတွေဖြစ်တာကြောင့် မီဒီယာဥပဒေနဲ့သာ စီရင်ဖို့ ဒီထက်မြင့်တဲ့ တရားရုံးမှာ အယူခံ ဆက်လျောက်မယ်လို့ ပြောပါတယ်။

"ပိုင်ရှင်က နှစ်ယောက်ဗျ။ ပိုင်ရှင်နှစ်ယောက်က ဦးကျော်မင်းခိုင်ရယ်။ ယဉ်မင်းထွန်းရယ်။ ပိုင်ရှင်က နှစ်ယောက်၊ နောက် အယ်ဒီတာက နှစ်ယောက်ပေါ့နော်။ အယ်ဒီတာကတော့ ဦးဝင်းတင်ဆိုတာရယ်၊ ဦးအောင်သန့် ဆိုတာရယ်။ သတင်းထောက်ကတော့ မင်းဝသန် ဆိုတာရယ်။ နှစ်နှစ်စီ ချတယ်ခင်ဗျ။ ငါးယောက်ရှိတယ်။ တစ်ယောက်ကို နှစ်နှစ်စီပေါ့။ (၅၀၅) ခ ပြစ်ဒဏ်က အမြင့်ဆုံး ချလိုက်တာပဲခင်ဗျ။

သတင်းတရပ်ကို ဖော်ပြတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြစ်တဲ့ကိစ္စလေ ။ ကျနော်တို့က ဒီကိစ္စမှာ ပြစ်ဒဏ်က ကြီးလွန်းအားကြီးတယ်ပေါ့ဗျာ။ အမြင့်ဆုံးပြစ်ဒဏ် ချထားတယ်ပေါ့။ သတင်းနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ ၊ သတင်းမီဒီယာသမားတွေဖြစ်နေတော့ သတင်းမီဒီယာဥပဒေက အကာအကွယ်ပေးဖို့ပေါ့။ ရုံးမှာ လျှောက်ခဲ့တာပဲဗျ။"

ဘိုင်မွန်းတည့်နေဂျာနယ် က သတင်းသမားတွေကို အခုလို ပြင်းထန် တဲ့ ပြစ်ဒဏ်ပေးမူ အပေါ်မှာ စာနယ်ဇင်းကောင်စီ (ယာယီ) ရဲ့ အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဦးဇော်သက်ထွေးက မီဒီယာဥပဒေ ရှိနေတဲ့အချိန်မှာ မီဒီယာဥပဒေအရ ကျင့်သုံးခြင်း မရှိတဲ့အတွက် တရားရေး မဏ္ဍိုင် အပေါ်မေးခွန်းထုတ်စရာ အဖြစ် ပြောဆို လိုက်ပါတယ်။

"ဘိုင်မွန်းတည့်နေ ဂျာနယ်က သတင်းသမားတွေကို ထောင်နှစ်နှစ် ချလိုက်တာ ကတော့ တော်တော် လည်း အံ့သြဖို့ကောင်းတယ်။ စိတ်ပျက်စရာ လည်း ကောင်းတယ်။ ကျနော် ကိုယ်တိုင် ဘိုင်မွန်းတည့်နေ သတင်းသမားတွေကို မီဒီယာဥပဒေနဲ့ သာ အရေးယူသင့်ကြောင်း သွားရောက် သက်သေထွက်ခဲ့ပြီးပါပြီ။ ကျနော်တို့ ပြီးခဲ့တဲ့ တစ်လလောက်က ဥရောပ သံအမတ်ကြီးတွေရော နိုင်ငံတကာ က သံတမန်တွေနဲ့ ပြည်တွင်းမီဒီယာသမားတွေလုပ်တဲ့ သတင်းမီဒီယာဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြန်ကြားရေးဝန်ကြီးကိုယ်တိုင်က ထုတ်ဖော်ပြောခဲ့ပြီးသားပါ။

ပါလီမန်က အတည်ပြုပြီး သမ္မတက လက်မှတ်ရေးထိုးထားတဲ့အတွက် မီဒီယာ ဥပဒေက အသက်ဝင်နေပါပြီတဲ့။ ဒါကြောင့် မီဒီယာဥပဒေကို မီဒီယာသမားတိုင်း ခံစားခွင့်ရပါတယ်လို့ ပြောခဲ့ပြီးသားပါ။ အဲ့လို အုပ်ချုပ်ရေးက ပြည်ထောင်စု ဝန်ကြီးတစ်ယောက်က ဒီလိုပြောတယ်။ ဒီဘက်က တရားစီရင်ရေးမဏ္ဍိုင်က ကိုယ်လုပ်ချင်သလို လုပ်တယ်ဆိုတာက မဏ္ဍိုင်တခုနဲ့တခုကြားမှာ လင့်မရှိဘူး။ တယောက်နဲ့တယောက် ရမ်သမ်မဖြစ်ဘူး။ ထိုနည်းတူစွာပဲ သတင်းရယူပြီး သတင်းရေးသားနေတဲ့ မီဒီယာသမားတွေကိုလည်း မင်းတို့ ဥပဒေချိုးဖောက်ရင် အမြင့်ဆုံး ပြစ်ဒဏ်နဲ့သာ သင်္ခန်းစာပေးလိုက်မယ် ဆိုတာမျိုး ခံစားနေရပါတယ်။"

ဘိုင်မွန်းတည့်နေဂျာနယ် သတင်းသမားတွေကို ဇူလိုင်လတုန်းကတော့ ပုဒ်မ ၅ ည၊ ၅ (ဃ) နဲ့ အမှုဖွင့်ထားခဲ့ပြီး အဲဒီ့ထဲက တိမ်းရှောင်လာတဲ့ ထုတ်ဝေသူ တချို့ကို ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ လာရောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သြဂုတ်လမှာတော့ ပုဒ်မ ၅၀၅(ခ) နဲ့ ပြောင်းလဲ အမူဖွင့်ခဲ့ပြီး အခုအခါမှာတော့ သူတို့ကို ထောင်ဒဏ် ၂နှစ်စီ ချလိုက်တာဖြစ်ပါတယ်။ ပုဒ်မ ၅၀၅ ခ ဟာ ငွေဒဏ် သို့မဟုတ် ငွေဒဏ်နဲ့ ထောင်ဒဏ် ဆိုပြိး ပြစ်ဒဏ်ချလို့ ရသလို့ အမြင့်ဆုံးပြစ်ဒဏ် အဖြစ် ထောင် ဒဏ် ၂နှစ်ထိ ချလို့ရတဲ့ ပုဒ်မ လည်းဖြစ်ပါတယ်။



MYARF
RB News
16.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာ အခြေစိုက် စစ်စခန်းမှ စစ်သားများသည် သရက်အုပ် ကျေးရွာ အုပ်စုသို့ ၀င်ရောက်၍ ဒေသခံများကို အကြမ်းဖက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၅) ရက်နေ့ ည ၁၁ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာ အခြေစိုက် စစ်စခန်း (စခန်း ၁၂) မှ စစ်သား ၂၅ ဦးသည် သရက်အုပ် ကျေးရွာ အုပ်စု၊ အနောက်ရွာသို့ ၀င်ရောက်၍ ဦးအစ္စလာမ် (ဘ) ဦးအီဗြာဟိမ်း၏ နေအိမ် တံခါးကို ရိုက်ချိုး ၀င်ရောက်ပြီး အိမ်သုံး ပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ ဘီဒိုနှင့် သေတ္တာများကို ဖျက်ဆီးခဲ့သည့် အပြင် အိမ်ထောင်စု စာရင်းနှင့် အခြားသော အရေးကြီးသည့် စာရွက်စာတမ်း များပါ ယူဆောင် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

စစ်သားများက ဦးအစ္စလာမ်၏ နေအိမ်ကို ၀င်ရောက်လာစဉ် ဦးအစ္စလာမ်က နေအိမ်မှ ထွက်ပြေး တိမ်းရှောင် သွားခဲ့ပြီး၊ စစ်သားများက ၎င်းကို ဖမ်းဆီးရန် ရှာဖွေလျက် ရှိကြောင်း သိရှိရပါသည်။

စစ်သားများက စိတ်တိုင်းကြိုက် အကြမ်းဖက် ဖျက်ဆီးပြီးနောက် ရွာမှ ပြန်လည် ထွက်ခွာလာရာ၊ ကင်းသမား များက ၎င်းတို့၏ လုံခြုံရေး တာဝန်အရ အော်ဟစ်၍ “ဘယ်သူတွေလဲ” ဟု မေးမြန်းသည်ကို အကြောင်းပြု၍ ကင်းသမား များကို အဆိုပါ စစ်သားများက လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အောက်တိုဘာလ (၁၄) ရက်နေ့ ည ၈ နာရီ အချိန်တွင်လည်း အဆိုပါ စစ်သားများက ၎င်းရွာနေ ဦးဟာကီးမ် အလီ (ဘ) ဦးအီဗြာဟိမ်းနှင့် အရှေ့ရွာမှ မော်လ၀ီ ဦးအုစ်မာန် (ဘ) ဦးအဒူလ်အာမီးန် တို့ကို အကြောင်းမဲ့ ရိုက်နှက် ခဲ့သည်။

ယခုရက်ပိုင်းတွင် ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်း များကို နယ်ခြားစောင့် ရဲတပ်ဖွဲ့များ အပြင် ကျေးရွာများတွင် လုံခြုံရေး တာဝန်ယူ ထားသည့် စစ်သားများပါ ကျူးလွန်လျက် ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။



တို့ရွှေပြည် (၁) 

ရေးသားသူ -- ရိုဟင်စိုးမိုးဝင်း (MYARF)
RB ကဗျာ
16.10.2014

ထလော့အစ်ကို | အိုရိုဟင်ဂျာ့ 
တို့ရွာတို့မြေ | တို့ရွာမြေဝယ် 
ဗလီစပါး | များလည်းများ၏ 
များပါလေလည်း | တမွဲမွဲနှင့် 
ဆင်းရဲကာသာ | ကာလကြာလျှင် လ
ယ်ယာစပါး | တညိုးညိုးနှင့် 
ဗလီစင်မြင့် | ဗလီကျောင်းကြား 
ဝတ်ပြုသွားလျက် 
မစားလေရ | ဝမ်းမဝ၍ 
စိတ်ဝမ်းမသာ | ဖြစ်မည်တကား။ 
စိတ်ဝမ်းမသာ့ မဖြစ်ရအောင့့် 
ရိုဟင်ဂျာတွေ့ ညီညွှတ်ပါစေ ။


အပိုင်း (၂) -- ဆက်ရန် ..




Rohingya Eye
RB News
15.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဘာသာရေး ဆရာ (မော်လ၀ီ) များကို အဓိက ပစ်မှတ်ထား၍ ညှဉ်းပန်း နှိပ်စက်လျက် ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။

အောက်တိုဘာလ (၁၁) ရက်နေ့ ညနေ ၅ နာရီအချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ လှဘော်ငါး ကျေးရွာ (ဘောက်ခ်ရှု ဖာရာ) မှ မာမတ်ဇူဘိုင်ရ် (ဘ) ဦးအာဒူဟာလဲခ် (အသက် ၂၄ နှစ်) သည် ကျီးကန်းပြင် ကျေးရွာရှိ ယောက္ခမအိမ်မှ ပြန်လာနေစဉ် ဇင်ပိုင်ညှာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တပ်ဖွဲ့ဝင်များက အကြောင်းမဲ့ ဖမ်းဆီး၍ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မာမတ်ဇူဘိုင်ရ်၏ ဦးလေးဖြစ်သူက နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို တောင်းပန်၍ အသနားခံမှုကြောင့် ပြန်လည် လွတ်မြောက် လာခဲ့သော်လည်း ယခုအချိန်ထိ စကားပင် မပြောနိုင်အောင် ပြင်းထန်သော ဒဏ်ရာများ၏ ဝေဒနာများ ခံစားနေရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

၎င်းကို ဖမ်းဆီး၍ ညှဉ်းပန်း နှိပ်စက်ရခြင်းမှာ မုတ်ဆိတ်ရှိ၍ ဘာသာရေး (မော်လ၀ီ) ဟုယူဆပြီး ယခုကဲ့သို့ ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ဘာသာရေး ဆရာ (မော်လ၀ီ) များကို အဓိက ပစ်မှတ်ထားပြီး ဖမ်းဆီး၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။



RB News
15.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်မောင်သည် ဒေသခံ ရွာသားများကို ခြိမ်းခြောက်၍ ငွေကျပ် ၂၃ သိန်းကျော် ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်မောင်ကို လွန်ခဲ့သောနှစ်က အုပ်ချုပ်ရေးမှူး ရာထူးမှ ရပ်စဲခဲ့ပြီး၊ ၎င်း၏ ယောက်ဖ တော်စပ်သူ ဦးမောင်မြကို ယာယီ အုပ်ချုပ်ရေးမှူး အဖြစ် အာဏာပိုင်များက ခန့်အပ်ခဲ့သည်။ ဦးတင်မောင်သည် ရာထူးမှ ဖြုတ်ချခံ ခဲ့ရသော်လည်း ယခုအချိန်ထိ အုပ်ချုပ်ရေးမှူး ရုံးခန်းရှိ အုပ်ချုပ်ရေးမှူး နေရာတွင် ထိုင်၍ ဒေသခံ ရိုဟင်ဂျာ ရွာသားများကို ယခင် အတိုင်း ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

ယာယီ အုပ်ချုပ်ရေးမှူး ခန့်အပ်ခံရသူ ဦးမောင်မြမှာ ရုပ်သေးရုပ် တစ်ရုပ်ကဲ့သို့သာ ဖြစ်နေပြီး၊ ဒေသခံ ရွာသားများမှာ ညှဉ်းပန်း နှိပ်စက်မှု မျိုးစုံ ခံစားနေရသည်ဟု ဆိုသည်။ ယခု ရက်ပိုင်းတွင် အာဏာပိုင်များက ဒေသခံ ရိုဟင်ဂျာများကို မတရား ဖမ်းဆီး၍ ညှဉ်းပန်း နှိပ်စက်နေသည်ကို ဦးတင်မောင်က အခွင့်ကောင်းယူ၍ ဒေသခံ ရွာသား (၁၃) ဦးကို ခြိမ်းခြောက်ပြီး ငွေကျပ် ၂၃ သိန်းကျော် ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ငွေညှစ်ခံရသည့်သူများမှာ --

(၁) ​မော်လဝီ အဘုလ်​ဟာရှိမ်​ (ဘ) ဦးဘာသာမျာ (အ​ရှေ့ရွာ) ညှစ်ခံရသည့် ငွေကျပ် ၁၀၀၀၀၀/-
(၂) ​ဦးရှောမ်​ရှုအာလာမ်​(ဘ)​ ဦးမော်​နူ (ဇုံမာရွာ) ညှစ်ခံရသည့် ငွေကျပ် ၂၀၀၀၀၀/-
(၃) ဦး​ဆော်​လာမတ်​ (ဘ) ဦးမာမတ်​ (​မြောက်​ရွာ) ညှစ်ခံရသည့် ငွေကျပ် ၂၅၀၀၀၀/-
(၄) ဦးဒိလ်​မာမတ်​ (ဘ) ဦး​ဇော်​လာလ်​ (အ​ရှေ့ရွာ) ညှစ်ခံရသည့် ငွေကျပ် ၂၅၀၀၀၀/-
(၅) ဦးမာမတ်​​ရော်​ဖိခ် ​(ဘ) ဦး​နော်​ဇူ (​မြောက်​ရွာ) ညှစ်ခံရသည့် ငွေကျပ် ၁၅၀၀၀၀/-
(၆) ဦးဟာဘီအုလ္လာ(ဘ) ဦးဆူလူး (​မြောက်​ရွာ) ညှစ်ခံရသည့် ငွေကျပ် ၃၀၀၀၀၀/-
(၇) ဦးဖေါယာဇူ (ဘ) ဦးဆုလ်​တာန်​ (​မြောက်​ရွာ) ညှစ်ခံရသည့် ငွေကျပ် ၃၀၀၀၀၀/-
(၈) ဦးနူရ်​မာမတ် ​(ဘ) ​ဦးဇော်​မုလုခ်​ (​မြောက်​ရွာ) ညှစ်ခံရသည့် ငွေကျပ် ၃၀၀၀၀၀/-
(၉) ဦးအဘုလ်​ကာသိမ်း (ဘ) အာမာန်​အုလ္လာ (ဇုံမာရွာ) ညှစ်ခံရသည့် ငွေကျပ် ၃၀၀၀၀/-
(၁၀) ​ဦးဘော်​​ခေါ်ရီ (ဘ) နာဇိရ်​ (အ​နောက်​ရွာ) ညှစ်ခံရသည့် ငွေကျပ် ၂၅၀၀၀၀/-
(၁၁) ဦးရာမတ်​အုလ္လာ (ဘ) ဦးအုံမဒရာစ်​ (ပါစ်​ကိုရီရွာ) ညှစ်ခံရသည့် ငွေကျပ် ၅၀၀၀၀/-
(၁၂) ဦးဟာဘီအုလ္လာ(ဘ) ဦးအဘူ​ဆော​ယောတ်​ (အ​နောက်​ရွာ) ညှစ်ခံရသည့် ငွေကျပ် ၁၅၀၀၀၀/-
(၁၃) ဦးအဘုလ်​ဟာရှိမ် ​(ဘ) ဦးကာလူ (ဇုံမာရွာ) ညှစ်ခံရသည့် ငွေကျပ် ၁၅၀၀၀၀/- -- တို့ဖြစ်​ပါသည်။



ဘယ်လိုဆယ်ကြမလဲ ..

ရေးသားသူ -- ရိုဟင်စိုးမိုးဝင်း (MYARF)
RB ကဗျာ
15.10.2014

ပြင်ကျယ်ကျယ် ပင်လယ် စခန်းဝယ် 
မျှော်လင့်ချက်မဲ့ မျောပါနေတဲ့ 
ရိုဟင်ဂျာတွေ့။ 
အမိရင်ခွင်မှသည် ဘဝ ရင်ခွင်ဆီသို့ 
တစ်ကိုယ်တော် ခရီးနှင်နေတဲ့ 
ရိုဟင်ဂျာတွေ့။ 
ပန်းခင်းလမ်းမှသည် ဆူးခင်းလမ်းဆီသို့ 
ကူဖော်မဲ့ ရှေ့ချီတက်နေတဲ့ 
ရိုဟင်ဂျာတွေ့။ 
မျောနေသူကို ဆယ်မယ့်သူ 
ခရီးကြမ်းကို ကြိုမယ့်လူ 
ဆူးခင်းလမ်းကို ကူမယ့်မူ 
မတွေ့ရတာ ကံခေသူ့။ 
ဘယ်သူလာပြီး ဆယ်မှာတုံး 
ဘယ်သူလာပြီး ကြိုမှာတုံး ဘယ်သူလာပြီး ကူမှာတုန့်း့။ 
ဒို့ဟာဒို့ ဖြိုရမှာမို့ 
ရိုဟင်ဂျာတွေ ညီညွှတ်ကြပါစို့။



Rohingya Eye
RB News
14.10.2014

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် အာဏာပိုင်များ ကိုယ်တိုင် တဖက်နိုင်ငံမှ လူကုန်ကူးသည့် ပွဲစားကို ခေါ်ယူလာပြီး လူကုန်ကူးရန် လူများ စုဆောင်းလျက် ရှိကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၆) ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက် ကျေးရွာ အုပ်စု၊ ငပိချီးရွာ အခြေစိုက် စစ်တပ် စခန်းမှ ဗိုလ်ကြီး ရဲရင့်အောင်နှင့် ဦးသန်းဝင်း တို့သည် တဖက်နိုင်ငံမှ လူကုန်ကူးသည့် ပွဲစားဖြစ်သူ ဘိုက်လာ (အသက် ၃၅ နှစ်) ကို ခေါ်ဆောင်လာပြီး၊ ကိုးတန်ကောက် ကျေးရွာ အုပ်စု၊ မိုင်နာရွာရှိ ဦးအာယုဖ် (ဘ) ဦးကာဒိရ်ဟူစိန်း (အသက် ၄၅ နှစ်) ၏ နေအိမ်တွင် ထားရှိကာ ဒေသခံ ရိုဟင်ဂျာများကို မလေးရှား နိုင်ငံသို့ စက်လှေဖြင့် ပို့ပေးမည်ဟု ဆိုကာ လူများ စုဆောင်းလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထိုနေ့မှစ၍ မလေးရှား နိုင်ငံသို့ သွားလိုသူများကို ငွေကျပ် ၆ သိန်းဖြင့် ပို့ပေးမည်ဟု ဆိုကာ စည်းရုံးလျက် ရှိပြီး၊ အမျိုးသမီး (၃၀) ဦးနှင့် အမျိုးသား (၇၀) ဦးခန့် စုဆောင်း ထားကြောင်း သိရှိရပါသည်။

ပွဲစား ဖြစ်သူ ဘိုက်လာမှ လူတစ်ဦးလျှင် ငွေကျပ် ၆ သိန်း တောင်းခံလျက် ရှိပြီး၊ ငွေကျပ် ၆ သိန်းမှ --

- စ.ရ.ဖ အား ငွေကျပ် ၂ သောင်း
- နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း တာဝန်ခံ ဒုရဲမှူး လင်းလင်းနိုင် အား ငွေကျပ် ၂ သောင်း
- ဗိုလ်ကြီး ရဲရင့်အောင် အား ငွေကျပ် ၂ သောင်း
- သတင်း တပ်ဖွဲ့ (SB) အား ငွေကျပ် ၂ သောင်း - စီ ခွဲတမ်း အဖြစ် ပေးသွင်း ရကြောင်း ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
14.10.2014

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ကျေးရွာ အခြေစိုက် စစ်တပ်စခန်းမှ စစ်သားများက ဒေသခံ ရိုဟင်ဂျာများထံမှ လုယက်ခြင်း၊ အပြစ်မဲ့များကို ဖမ်းဆီး၍ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၉) ရက်နေ့တွင် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ကျေးရွာ အုပ်စု (ဒူမ်ဆေးဖာရာ)၊ ငပိချီးရွာ အခြေစိုက် စစ်တပ်စခန်းမှ တာဝန်ခံ ဗိုလ်ကြီး ရဲရင့်အောင်နှင့် စစ်သား (၄) ဦးတို့သည် ငပိချီး ရခိုင်ရွာမှ ရပ်မိရပ်ဖ ဖြစ်သူ ဦးသန်းဝင်းနှင့် အတူ ပင်လယ် ကမ်းခြေတွင် ငါးခြောက်လုပ်ငန်း လုပ်ကိုင်နေသော ဒေသခံ ရိုဟင်ဂျာ (၄) ဦးထံ သွားရောက်ပြီး အကြောင်းမဲ့ ငွေကျပ် ၅ သိန်း တောင်းခံခဲ့ရာ၊ ငါးခြောက်လုပ်ငန်း လုပ်ကိုင်နေသူ များက ၎င်းတို့ အနေဖြင့် ငွေကျပ် (၅) သိန်း ပေးရန် မတတ်နိုင်ကြောင်း ပြောဆိုခဲ့သော်လည်း ဗိုလ်ကြီး ရဲရင့်အောင်နှင့် အဖွဲ့က ငွေကျပ် ၅ သိန်းကျော် တန်ဖိုးရှိ ငါးခြောက်များကို လုယက်သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် ဦးသန်းဝင်းက ၎င်းတို့ (၄) ဦးကို ကိုယ်ထိလက်ရောက် စော်ကားပြီး ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ ဗိုလ်ကြီး ရဲရင့်အောင်က ၎င်းတို့ (၄) ဦးထံမှ ငွေကျပ် ၂၅၀၀၀/- စီညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

လုယက်၊ ဖမ်းဆီးခံရပြီး ငွေညှစ်ခံရသူ များမှာ --

(၁) ဦးအာယုဖ် (ဘ) ဦးဆုလ်တာန် (အသက် ၄၅ နှစ်)
(၂) ဦးဟာကီးမ်အလီ (ဘ) ဦးအဒူဂေါ်ဖော်ရ် (အသက် ၃၅ နှစ်)
(၃) ဦးအီနုစ် (ဘ) ဦးအဒူဇော်လိလ် (အသက် ၄၅ နှစ်)
(၄) ဦးအာဘူလ်ကာဆီးမ် (ဘ) ဦးဖူရူခ်အာမတ် (အသက် ၄၆ နှစ်) -- တို့ဖြစ်ပါသည်။

ဦးသန်းဝင်း ဆိုသူသည် စစ်သား တစ်ဦး ဖြစ်ပြီး၊ စစ်တပ်မှ အရာရှိများနှင့် ပူးပေါင်းကာ ဒေသခံ ရိုဟင်ဂျာများကို အမြဲ ညှဉ်းပန်း နှိပ်စက်လေ့ ရှိသူ ဖြစ်သည်။ အာဏာပိုင်များထံမှ ပင်လယ်တွင် ငါးဖမ်းခွင့် ကိုယ်စားလှယ် ရယူသူ ဖြစ်ပြီး၊ ဒေသခံ ရိုဟင်ဂျာများ ငါးဖမ်းရန် စက်လှေဖြင့် ထွက်တိုင်း တစ်စီးလျှင် ငွေကျပ် တစ်သိန်း၊ စက်လှေငယ် တစ်စီးလျှင် ငွေကျပ် နှစ်သောင်းစီ ဓါးပြကဲ့သို့ တောင်းယူနေသူ ဖြစ်ကြောင်း သိရှိရပါသည်။




RB News
13.10.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေသည် ကျေးရွာ အုပ်စုများ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် လည်းကောင်း၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး များကို ပေးအပ်သည့် ရုံးစရိတ်နှင့် လစာများ ပေးအပ်ရာတွင် လည်းကောင်း လူမျိုးခွဲခြား၍ အုပ်ချုပ်သည့် စနစ်ဖြင့်သာ လုပ်ဆောင်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာ အုပ်စု (၇၈) အုပ်စုနှင့် ရပ်ကွက်ပေါင်း (၇) ရပ်ကွက်၊ စုစုပေါင်း (၈၅) အုပ်စု ရှိသည်။ ၎င်း (၈၅) အုပ်စုတွင် ရိုဟင်ဂျာ လူမျိုးများသာ နေထိုင်သည့် အုပ်စု (၂၀) ရှိပြီး၊ ရခိုင်နှင့် ဒိုင်းနက် လူမျိုးများ နေထိုင်သည့် အုပ်စု (၂၀) နှင့် ကျန်သည့် (၄၅) အုပ်စုတွင် ရိုဟင်ဂျာနှင့် ရခိုင်များ ရောနှော နေထိုင်လျက် ရှိသည်။ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ် ခန့်ထားရာတွင် ရိုဟင်ဂျာ လူမျိုး ၉၈% ရှိသည့် ကျေးရွာ အုပ်စုတွင်လည်း ရိုဟင်ဂျာ လူမျိုး အုပ်ချုပ်ရေးမှူး မရွေးချယ်ဘဲ၊ ၂% ခန့်သာ ရှိသည့် ဗုဒ္ဓဘာသာဝင်များ ထဲမှ ရွေးချယ်၍ ခန့်ထားခြင်းများ ပြုလုပ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ ရိုဟင်ဂျာနှင့် ရခိုင်များ ရောနှော နေထိုင်သည့် အုပ်စု (၄၅) အုပ်စုတွင် ရိုဟင်ဂျာ လူမျိုးများ ၉၀% ကျော်ရှိသော်လည်း ရိုဟင်ဂျာ လူမျိုးများ အတွက် ပိုမို အဆင်ပြေနိုင်မည့် အုပ်ချုပ်ရေးမှူးကို ရွေးချယ် ခန့်ထားခြင်း မရှိဟု ၎င်းတို့က ဆိုသည်။

ထို့အပြင် ရိုဟင်ဂျာ လူမျိုး သီးသန့် နေထိုင်သည့် အုပ်စုများရှိ ရိုဟင်ဂျာ အုပ်ချုပ်ရေးမှူး များကို လစာ၊ ရုံးစရိတ် လုံးဝ ထောက်ပံ့ ပေးခြင်း မရှိကြောင်း၊ ရခိုင် အုပ်ချုပ်ရေးမှူး များကို ရုံးစရိတ် ၂၀၀၀၀/- နှင့် လစာ ၅၀၀၀၀/- လစဉ် ထုတ်ပေးလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

အုပ်ချုပ်ရေးမှူး များ၏ ရုံးစရိတ်နှင့် လစာများကို လစဉ် ထုတ်ပေးရန် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေတွင် တာဝန် ရှိသော်လည်း မထုတ်ပေးဘဲ အာဏာကို အလွှဲသုံးစား ပြုလုပ်၍ ကိုယ်ကျိုးအတွက်သာ အသုံးပြုလျက် ရှိနေခြင်း ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုကြသည်။

မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေသည် ဘူးသီးတောင်မြို့နယ်သို့ ရောက်ရှိလာသည့် နေ့ရက်မှစ၍ ယခု အချိန်ထိ အုပ်ချုပ်ရေးမှူး တစ်ဦး ထိန်းသိမ်းရမည့် ဂုဏ်သိက္ခာ၊ သမာဓိနှင့် အညီ အုပ်ချုပ်ခဲ့ခြင်း မရှိဘဲ၊ အမြဲတစေ လူမျိုးခွဲခြား၍ အုပ်ချုပ်သည့် စနစ်ဖြင့်သာ အုပ်ချုပ်လျက် ရှိသည်ဟု ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။




MYARF
RB News
13.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ညောင်ချောင်း ကျေးရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ ရွှေရင်အေး န.တ.လ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် န.တ.လ ရွာသားများ ၀င်ရောက်ပြီး အကြမ်းဖက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၃) ရက် နံနက် ၂ နာရီခန့် အချိန်တွင် (၃) မိုင်ဂိတ်စခန်းမှ ရဲမှူး ခေါင်းဆောင်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ ရွှေရင်အေး န.တ.လ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းလှ အပါအ၀င် ၎င်းရွာမှ န.တ.လ ရွာသား ၁၅ ဦးတို့သည် ကား ၄ စီးဖြင့် ညောင်ချောင်း ကျေးရွာသို့ ၀င်ရောက်ပြီး အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ဦးဆောင်သော အဖွဲ့ ရောက်ရှိလာပြီး ညောင်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးကို အကြောင်းမကြားသည့် အပြင် ဒေသခံ ရိုဟင်ဂျာ များ၏ နေအိမ်များကို ဖျက်ဆီးခြင်း၊ အဖိုးတန် ပစ္စည်းများ လုယက်ခြင်း၊ ဒေသခံ ရိုဟင်ဂျာ များကို ရိုက်နှက်သည့် အပြင် အပြစ်မဲ့ ရွာသား (၇) ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ အဆိုပါ အဖွဲ့သည် နေအိမ်များထဲသို့ တံခါးများ၊ ပြတင်းပေါက်များ ဖျက်ဆီး၍ ၀င်ရောက်ပြီး ၎င်းတို့ မျက်စိရှေ့တွင် တွေ့ရှိသည့် အမျိုးသားများကို ရိုက်နှက်၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ ထို့အပြင် နေအိမ်များ အတွင်းရှိ အဖိုးတန် အိမ်သုံး ပစ္စည်းများကို ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်ရာတွင် န.တ.လ ရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ဦးဆောင်၍ ပြုလုပ်ခဲ့ပြီး၊ ဒေသခံ ရိုဟင်ဂျာ ရွာသားများက ဓါးပြများဟု အော်ဟစ်၍ အကူအညီ တောင်းခံသည့်အခါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက သေနတ် ၃ ချက် ပစ်ဖောက်၍ ဒေသခံ ရိုဟင်ဂျာ များကို ခြိမ်းခြောက်ခဲ့သည်။ သေနတ် ပစ်ဖောက်သည့် အခါမှသာ ဒေသခံ ရိုဟင်ဂျာများက နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက န.တ.လ ရွာသားများနှင့် ပူးပေါင်း၍ အကြမ်းဖက် နေသည်ကို သိရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

အကြောင်းမဲ့ ဖမ်းဆီးခံရသူများမှာ --

(၁) ဟာရွန် (ဘ) ဦးဘော်ဆိရ်အာမတ် (အသက် ၂၆ နှစ်)
(၂) မာမတ်အာလမ် (ဘ) ဦးနူရ်အာမတ် (အသက် ၃၀ နှစ်)
(၃) နူရ်ဆော်လမ် (ဘ) ဦးကော်လိလ် (အသက် ၂၄ နှစ်)
(၄) အဒူလ်ဟာဖီးဇ် (ဘ) ဦးကော်လိလ် (အသက် ၁၆ နှစ်)
(၅) ဟာဖီးဇ် မာမတ်အနိုဝါရ် (ဘ) ဦးမာမတ်ဟာရွန် (အသက် ၂၀ နှစ်)
(၆) ဦးအာဘူဘာဆဲရ် (ဘ) ဦးဖော်ဇော်ရာမန် (အသက် ၄၉ နှစ်)
(၇) နူရ်မာမတ် (အသက် ၂၀ နှစ်) -- တို့ဖြစ်ပါသည်။

ဖမ်းဆီး ခေါ်ဆောင် သွားသူများထဲမှ ဟာရွန် (ဘ) ဦးဘော်ဆိရ်အာမတ်ကို လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ပြီးနောက် အခြေအနေ ဆိုးဝါးလာသဖြင့် မောင်တော ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်လိုက်ပြီး၊ ကျန်သည့် (၆) ဦးကို အမှုဆင်၍ တရားစွဲဆိုရန် စီစဉ်လျက် ရှိကြောင်း သိရှိရပါသည်။ ကျန်သည့် (၆) ဦးကို (၃) မိုင်ရှိ ဂိတ်စခန်းတွင် ယခုအချိန်ထိ ထိန်းသိမ်းထားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။

(၃) မိုင်ဂိတ်စခန်းရှိ ရဲမှူးနှင့် အဖွဲ့သည် ရိုဟင်ဂျာရွာများ ထဲသို့ အချိန်မတော် ၀င်ရောက်၍ အိမ်များကို ဖျက်ဆီးခြင်း၊ အပြစ်မဲ့ ရွာသားများကို ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်းများ ညတိုင်းလိုလို ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

မောင်တောမြို့ရှိ နိုင်ငံရေး လေ့လာ သုံးသပ်သူများက လာမည့်လတွင် အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း သမ္မတ ဦးသိန်းစိန်နှင့် ရိုဟင်ဂျာ အရေး ဆွေးနွေးမည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိခြင်းကို ရခိုင်လူမျိုး အများအပြား ပါဝင်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက မကျေနပ်၍ ယခုကဲ့သို့ လုပ်ဆောင် နေခြင်း ဖြစ်သည်ဟု ဆိုသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ယခင် န.စ.က များထက်ပင် ပိုမို၍ ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်နေသည်ကို ပြည်ထောင်စု အစိုးရမှ တာဝန်ယူ ဖြေရှင်း ပေးရန် ဒေသခံ ရိုဟင်ဂျာများက အထူး လိုလားလျက် ရှိနေကြသည်။



ပင်ရင်းမူရင်း ရိုဟင်ပင်

ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
12.10.2014


• တစ်ချို့ကပြောကြတယ်
"ဒီဥယျာဉ်မှာ ဒီအပင်မျိုး 
ဘယ်တော့မှမပေါက်ခဲ့ဘူး".....။

• တစ်ချို့ကပြောကြတယ် 
"ဒီဥယျာဉ်မှာ ဒီပန်းမျိုး 
ဘယ်တော့မှ မပွင့်ခဲ့ဘူး"....။

• တစ်ချို့က ပြောကြတယ် 
"တိုင်းတစ်ပါးက ခိုးဝင်မျိုးစေ့ 
ဒီဥယျာဉ်မှာ လာပေါက်နေသတဲ့"....။

• တစ်ချို့ကပြောကြတယ် 
"မျိုးမတူအပင် လာပေါက်နေတော့ 
ရှိရင်းအပင်များ အမျိုခံနေရသတဲ့"...။

• အခြေမခိုင် သမိုင်းမနိုင် 
မဟုတ်စကား အဟုတ်ပြောပြီး 
အားနှင့်အင်နှင့် အပြင်းစွပ်စွဲ 
အာဏာလက်ကိုင် အနိုင်ကျင့်နေသမို့...။

• သမိုင်းစာရွက် လှန်ကြည့်မိတော့ 
ဟောင်းနွမ်းသွားတဲ့ စာရွက်ပေါ်ဝယ် 
သစ္စာရှိရှိ နေတဲ့စာသား 
"ရိုဟင်ဂျာဆိုတဲ့ မျိုးအပင်က 
အာရ်ကာန်ဥယျာဥ့် ပင်ရင်းမူလ 
မျိုးမတူတဲ့ ဘာအပင်ကိုမှ 
နှောက်ယှက်ဖျက်ဆီး အကယ်မရှိ 
သူဟာနဲ့သူ ရိုးသားကြိုးစား 
ငြိမ်းချမ်းတဲ့ပွင့် ခေတ်အဆက်ဆက် 
ဒီဥယျာဉ်မှာ ဝေဝေဆာဆာ"...။

• အမြစ်ကခိုင် အမှန်သမိုင်း 
အာရ်ကာန်မြေရဲ့ နေရာတိုင်းမှာ 
မလှဲမယိုင်း ရှင်သန်လာတဲ့ 
ရိုဟင်ဂျာဆိုတဲ့ မျိုးအပင်ကို 
လူတစ်စုက
စုံအကွက်ဆောင် မျိုးတုံးအောင်ရွယ်
အမြစ်ပြုတ်အောင် ခုတ်ထွင်ရှင်းလင်း
စီမံကိန်းကျ ဖော်ဆောင်နေတာ
ဒီအပင်မျိုးမှာ ဘာအပြစ်များ 
ရှိလို့ပါလိမ့်...။

• ပြောပါရစေ
မနာလိုမှု ဘယ်လောက်များများ
စီမံကိန်းတွေ ဘယ်လိုဖော်နေ
ထက်ဓားသွားနဲ့ ခုတ်ထစ်နေလည်း
အမြစ်ခိုင်တဲ့ မျိုးရိုဟင်ပင်
မပျက်ကမ္ဘ္ဘ္ဘာ ထိုနေ့အထိ
အားမာန်ဝံ့လျက် ရှုံးမပေးဘဲ 
ဝံ့ဝံ့ရင်ဆိုင် မားမားရပ်၍
ခေါင်းမော့ရင်မော့ ရှင်သန်နေရင်း
အမွှေးကြိုင်ကြိုင် ရောင်စုံပန်းနှင့်
သစ္စာရှိရှိ ဂုဏ်ယူအသိ
ရင်မှာပိုက်ဝယ် တို့တွေကိုယ်စီ
မိအာရ်ကာန်မြေ ဥယျာဉ်လေးကို
အမြဲမပြတ် အလှဆင်နေမှာ
ဧကန် အမှန်ပါ....။



Rohingya Eye
RB News
12.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ဒေသခံ ရိုဟင်ဂျာ များကို တဖက်နိုင်ငံမှ လက်နက်ကိုင် အဖွဲ့နှင့် ဆက်သွယ်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်လျက် ရှိရာ စက်တင်ဘာလ (၂၅) ရက်နေ့မှ အောက်တိုဘာလ (၇) ရက်နေ့ အတွင်း ဒေသခံ ရိုဟင်ဂျာ (၂၄) ဦးကို ဖမ်းဆီး ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

မဟုတ်မမှန် စွပ်စွဲခံရပြီး ဖမ်းဆီးခံထား ရသည့် ဒေသခံ ရိုဟင်ဂျာ (၂၄) ဦးမှာ --

(၁) ဦးမူဖီဇူရာမန် (ခ) ဦးကျော်မြင့် (ဘ) ဦးဘာဆာမျာ (အသက် ၄၀ နှစ်) - ဗန္ဓုလ ကျေးရွာမှ
(၂) ဟာမိတ်ဟူဆောင်း (ဘ) ဦးမာမတ်ဟူဆောင်း (အသက် ၂၅ နှစ်) - ဗန္ဓုလ ကျေးရွာမှ
(၃) မာမတ်အီလီယာစ် (ဘ) ဦးနော်ဇီရ်အာမတ် (အသက် ၂၃ နှစ်) - အောင်သပြေ ကျေးရွာမှ
(၄) နူရ်မာမတ် (အသက် ၂၈ နှစ်) - အောင်သပြေ ကျေးရွာမှ
(၅) မာမတ်အာလမ် (ဘ) ဦးမီးရ်အာမတ် (အသက် ၃၀ နှစ်) - အောင်ဇံ ကျေးရွာမှ
(၆) ဆွေယာဒူလောက်ခ် (ဘ) ဦးအဒူမော်တော်လောက်ဖ် (အသက် ၂၅ နှစ်) - ခမောင်းဆိပ် ကျေးရွာမှ
(၇) ယာဆဲရ် အာရာဖတ် (ဘ) ဦးဆွေယာဒ်ဟူဆောင်း (အသက် ၂၈ နှစ်) - သစ်တောနား ခွဆုံ ကျေးရွာမှ
(၈) မော်လ၀ီ အေနာသ်အူလ္လာ (ဘ) ဦးလုခ်မာန် (အသက် ၄၇ နှစ်) - တမန်းသား ကျေးရွာမှ
(၉) ဆိုက်ဖူလ္လာ (ဘ) ဦးဘော်ဒီအာလမ် (အသက် ၂၄ နှစ်) - တမန်းသား ကျေးရွာမှ
(၁၀) ဆိုက်ဖူလ္လာ (ဘ) ဦးဟူဆောင်းအာမတ် (အသက် ၂၄ နှစ်) - တမန်းသား ကျေးရွာမှ
(၁၁) ဦးအလီဇူဟာရ် (ဘ) ဦးနူရူအစ္စလာမ် (အသက် ၃၅ နှစ်) - တမန်းသား ကျေးရွာမှ
(၁၂) ကမာလ်ဟူဆောင်း (ဘ) ဦးအဒူမာလဲခ် (အသက် ၂၄ နှစ်) - တမန်းသား ကျေးရွာမှ
(၁၃) ဦးအာမိရ်ဟာမ်ဇား (ဘ) ဦးမာဆောင်း (အသက် ၅၂ နှစ်) - ငရန်းချောင်း ကျေးရွာမှ
(၁၄) မာမတ်တော်ယုဖ် (ဘ) ဦးမာမတ်အီနုစ် (အသက် ၂၅ နှစ်) - ပဒကာဒေ၀န် အလီ ကျေးရွာမှ (ဂါရာသီးဘိလ်)
(၁၅) မာမတ်တော်ယုဖ် (ဘ) ဦးဂူရာမျာ (အသက် ၂၂ နှစ်) - ပဒကာဒေ၀န် အလီ ကျေးရွာမှ
(၁၆) မာမတ်ရှာကဲရ် (အသက် ၂၄ နှစ်) - ပဒကာဒေ၀န် အလီ ကျေးရွာမှ
(၁၇) မာမတ်ဝါရီစ် (ဘ) ဦးဇာဟတ်ဟူဆောင်း (အသက် ၃၂ နှစ်) - ပဒါးကား ရွာသစ်မှ
(၁၈) မော်လ၀ီအဒူလ်ဟိုက် (ဘ) ဦးအာမတ်ဟူဆောင်း (အသက် ၃၃ နှစ်) - ၀ါးချောင်း ကျေးရွာမှ (၀ါးကော်မ် ဖာရာ)
(၁၉) မော်လ၀ီ ဆွေဒူလာမီးန် (ဘ) ဦးဆုလ်တာန် (အသက် ၃၅ နှစ်) - မင်းကြီး ကျေးရွာ၊ သူလာသူလီရွာမှ
(၂၀) ဟာဆောင်းအူလ္လာ (ဘ) ဦးအဒူလ်ကာဒိရ် (အသက် ၁၄ နှစ်) - ကွမ်းသီးပင် ကျေးရွာ၊ မယ်ဒီရွာမှ
(၂၁) ဖဲထားန်အလီ (ဘ) ဦးမာမတ်ရော်ရှိတ် (အသက် ၂၅ နှစ်) - ကွမ်းသီးပင်ကျေးရွာ၊ မယ်ဒီရွာမှ
(၂၂) ဖာရုခ် (အသက် ၂၁ နှစ်) - ကွမ်းသီးပင် ကျေးရွာ၊ မယ်ဒီရွာမှ
(၂၃) ဆွေတာလမ် (ဘ) ဦးဟာလူ (အသက် ၁၈ နှစ်) - ကွမ်းသီးပင် ကျေးရွာ၊ နံသာဒေါင်ရွာမှ
(၂၄) ဦးဖော်ရီဒ် (ခ) ဦးလှတင် (ဘ) ဦးဘော်ဒူရာမန် (အသက် ၃၈ နှစ်) - အောင်ဇံ ကျေးရွာ (၀ယ်လာဒေါင် ဖာရာ) -- တို့ဖြစ်ပါသည်။



Rohingya Eye
RB News
12.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းမှ ဒေသခံ ရိုဟင်ဂျာ လူငယ်များကို အာဏာပိုင်များက မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ပြီး သတ်ဖြတ်မှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း မောင်နှမ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ လူငယ် (၁၁) ဦးကို တဖက်နိုင်ငံမှ လက်နက်ကိုင် အဖွဲ့နှင့် ဆက်သွယ်နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးပြီး ကျီးကန်းပြင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ခေါ်ဆောင် သွားပြီး ထိုမှ တဆင့် မည်သည့် နေရာသို့ ခေါ်ဆောင် သွားသည်ကို မိသားစုဝင်များက ယခု အချိန်ထိ သိရှိခြင်း မရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

လက်နက်ကိုင် အဖွဲ့နှင့် ဆက်သွယ်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ယခင်က ဖမ်းဆီး ထားသည့် အောင်ဇံကျေးရွာ (၀ယ်လာဒေါင်ရွာ) မှ ဦးဖော်ရီဒ် (ခ) ဦးလှတင် (ဘ) ဦးဘော်ဒူရာမန် (အသက် ၃၈ နှစ်) ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက လူမဆန်စွာ သေလုမျောပါး ညှဉ်းပန်း နှိပ်စက်၍ သေဆုံးခါနီးတွင် ဆေးရုံသို့ ပို့ဆောင်၍ သေဆုံး သွားသည့် အခါ မြို့နယ် ဆရာဝန် ဒေါက်တာ ကျော်မောင်မောင်သိန်းကို ရောဂါဖြင့် သေဆုံးသည်ဟု ဆေးစစ်ချက်တွင် လက်မှတ်ရေး ထိုးခိုင်းခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ဦးဖော်ရီဒ်၏ ရုပ်အလောင်းကို အောက်တိုဘာလ (၅) ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် မြို့မတောင် ရပ်ကွက်ရှိ သင်္ချိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်၍ အစ္စလာမ် ထုံးစံနှင့် အညီ သဂြိုဟ်ခဲ့ကြောင်း သိရှိရပါသည်။ သို့သော်လည်း မတရား ညှဉ်းပန်း နှိပ်စက်ခံရပြီး သေဆုံးသွားသူ ဦးဖော်ရီဒ်၏ မိသားစုကို အကြောင်းကြားခြင်း မရှိခဲ့ကြောင်း အဆိုပါ ဒေသခံက ဆိုသည်။

မင်းကြီး ကျေးရွာ အုပ်စု၊ သူလာသူလီ ကျေးရွာမှ မော်လ၀ီ ဆွေယာဒူလ် အာမီးန် (ဘ) ဦးဆုလ်တာန် (အသက် ၃၃ နှစ်) ကိုလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက သတ်ဖြတ်လိုက်ပြီဟု သတင်းများ ထွက်ပေါ်လျက် ရှိသော်လည်း မည်သည့် သင်္ချိုင်းတွင် သဂြိုဟ်ခဲ့သည်ကို မသိရှိရသေးကြောင်း၊ ထို့အပြင် အခြား လူငယ် (၃) ဦးကို (၄) မိုင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် သတ်ဖြတ်လိုက်သည်ဟု သိရှိရသော်လည်း အလောင်းများကို ဒေသခံ ရိုဟင်ဂျာများကို အပ်နှံခြင်း မရှိသောကြောင့် ၎င်းလူငယ် (၃) ဦး၏ မိသားစုဝင်များ စိုးရိမ် သောက ရောက်လျက် ရှိကြောင်း အဆိုပါ ဒေသခံက RB News သို့ပြောပါသည်။

အာဏာပိုင်များက မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးထားသည့် ဒေသခံများကို ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားပါက ဥပဒေကြောင်း အရသာ အပြစ်ပေး ရမည်ဖြစ်သော်လည်း ယခုကဲ့သို့ ညှဉ်းပန်း နှိပ်စက်၍ သတ်ဖြတ်ခြင်းသည် အာဏာပိုင်များ ကိုယ်တိုင် ရာဇ၀တ်မှုများကို ကျူးလွန်ခြင်း ဖြစ်သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသဆိုင်ရာ အာဏာပိုင်များသည် ရာဇ၀တ်မှုများကို နေ့စဉ် အဆက်မပြတ် ကျူးလွန်လျက် ရှိသော်လည်း နေပြည်တော် အစိုးရက ဟန့်တား အရေးယူခြင်း မရှိသည်ကို တွေ့ရှိရသည်။

အောက်တိုဘာလ (၈) ရက်နေ့က မဟုတ်မမှန် စွပ်စွဲ ခံရပြီး ဖမ်းဆီးခံရသည့် မောင်နှမ ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ (၁၁) ဦးမှာ --

(၁) မိုဟာမတ်အာယုပ် (ဘ) ဦးကာလာမျာ (အသက် ၂၀ နှစ်)
(၂) ဟာဖီးဇ် မိုဟာမတ်ဆော်လိမ် (ဘ) ဦးအဒူလ်ဟူစိန်း (အသက် ၂၅ နှစ်)
(၃) မော်လ၀ီ မာမတ်ဇူဘိုင်ရ် (ဘ) ဦးအဒူလ်အာမီးန် (အသက် ၂၀ နှစ်)
(၄) မာမတ်အာမီးန် (ဘ) ဦးဆီဒိခ် (အသက် ၂၂ နှစ်)
(၅) မိုဟာမတ်ဇူဘိုင်ရ် (ဘ) ဦးရှော်ရိဖ်ဟူစိန်း (အသက် ၁၈ နှစ်)
(၆) ဆွေယာဒူအာမီးန် (ဘ) ဦးဟိုက်ရ်ဟူစိန်း (အသက် ၂၇ နှစ်)
(၇) နူရ်မာမတ် (ဘ) ဦးအဒူဆော်မော်တ် (အသက် ၂၂ နှစ်)
(၈) မိုဟာမတ်ဟူစိန်း (ဘ) ဦးကာဒိရ်ဘောက်ခ်ရှုး (အသက် ၂၃ နှစ်)
(၉) မာမတ်တာဟဲရ် (ဘ) ဦးမုစ်တာခ်အာမတ် (အသက် ၂၃ နှစ်)
(၁၀) ဇာကဲရ် (ဘ) ဦးမုစ်တာခ်အာမတ် (အသက် ၂၀ နှစ်)
(၁၁) မာမတ်အီလီယာစ် (ဘ) ဦးမိုဟာမတ်ဆော်ယာဒ် (အသက် ၃၀ နှစ်) -- တို့ဖြစ်ပါသည်။

အာဏာပိုင်များက လူငယ်များကို ပစ်မှတ်ထား၍ မောင်တောမြို့နယ် မြောက်ပိုင်းရှိ လူငယ်များ အထိတ်တလန့် ဖြစ်လျက် ရှိပြီး၊ အောက်တိုဘာလ (၁၁) ရက်နေ့က ငရန့်ချောင်းဈေး ကျေးရွာကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ၀န်းရံ ပိတ်ဆို့၍ ဒေသခံ ရွာသားများကို ဖမ်းဆီးရန် ကြိုးစား ခဲ့သော်လည်း ဖမ်းဆီး နိုင်ခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။

နော်ဝေ အခြေစိုက် Nobel ဆုရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ Thorbjorn Jagland (ဝဲ) ပါကစ္စတန် ပညာရေး တက်ကြွ လှုပ်ရှားသူ မာလာလာနဲ့ အိန္ဒိယ ကလေး အလုပ်သမား ဆန့်ကျင်ရေး လှုပ်ရှားသူ Satyarthi တို့ကို ငြိမ်းချမ်းရေး ဆုရှင် အဖြစ် ကြေညာစဉ်။

10.10.2014

ပါကစ္စတန်နိုင်ငံမှာ အမျိုးသမီးငယ်များ ပညာသင်ခွင့် ရရှိရေး ဆောင်ရွက်သူ Malala Yousafzai နဲ့ အိန္ဒိယနိုင်ငံမှာ ကလေး အခွင့်အရေး ဆောင်ရွက်သူ Kailash Satyathi တို့ ၂ ဦး အခုနှစ်အတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆုကို ပူးတွဲ ရရှိသွားပါတယ်။

သူတို့ ၂ ဦးအနေနဲ့ ကလေးသူငယ်များနဲ့ လူငယ်တွေ ဖိနှိပ်ခံနေကြတာကို ဆန့်ကျင် တိုက်ပွဲဝင် သူတွေဖြစ်သလို့ ကလေးငယ်တွေ ပညာသင်ခွင့် ရရှိရေး ကြိုးပမ်း ဆောင်ရွက် မှုတွေကြောင့် အခုလို နိုဘဲလ် ငြိမ်းချမ်းရေးဆု ချီးမြှင့် ရခြင်းဖြစ်ကြောင်း နော်ဝေ နိုဘဲလ် ဆုရွေးချယ်ရေး ကော်မီတီက ဒီကနေ့ ဆုရရှိသူတွေအမည်စာရင်းကို ကြေညာတဲ့အထဲ ထည့်သွင်း ဖော်ပြသွားပါတယ်။

အိန္ဒိယနိုင်ငံသားနဲ့ ပါကစ္စတန် နိုင်ငံသူဖြစ်တဲ့ သူတို့ ၂ ဦးရဲ့ ဆောင်ရွက်ချက်ဟာ ပညာရေးမြှင့်တင်ဖို့နဲ့ အစွန်းရောက်ဝါဒ ဆန့်ကျင်ရေးအတွက် ဟိန္ဒူဘာသာဝင်နဲ့ မူဆလင် ဘာသာဝင်တို့ ပူးတွဲလုပ်ဆောင်ချက်အဖြစ် အရေးပါလှတယ်လို့ မှတ်ယူကြောင်း နိုဘဲလ်ဆုရွေးချယ်ရေးကော်မီတီက ဖော်ပြထားပါတယ်။

ပါကစ္စတန်မှာ မိန်းကလေးတွေ ပညာသင်ကြားနိုင်ရေး တက်ကြွလှုပ်ရှားသူ မာလာလာ

အသက် ၁၇ နှစ်ရှိပြီဖြစ်တဲ့ မာလာလာဟာ အမျိုးသမီးငယ်များ ပညာသင်ခွင့် ရရှိရေးအတွက် နှစ်အတော်ကြား ဆောင်ရွက်နေခဲ့ရာက ၂၀၁၂ ခုနှစ်မှာ ခေါင်းကို သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာပါ။ ခေါင်းမှာ ရခဲ့တဲ့ ဒဏ်ရာကို ဗြိတိန်နိုင်ငံမှာ အထူးကုသမှုခံယူပြီးတဲ့နောက် အမျိုးသမီးအခွင့်အရေးအတွက် ဆက်လက် တိုက်ပွဲဝင်နေသူ ဖြစ်ပါတယ်။

အိန္ဒိယက ကလေးအလုပ်သမားဆန့်ကျင်ရေးလှုပ်ရှားသူ Satyarthi
မာလာလာနဲ့အတူ ပူးတွဲ ဆုရရှိတဲ့ Kailash Satyarthi ကတော့ ငွေးကြေး အမြတ်အစွန်း အတွက် ကလေးငယ်တွေကို အသုံးချနေမှုကို ကန့်ကွက်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ အများအပြားကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ ကလေးအခွင့်အရေး ပြဌာန်းချက် ပေါ်ထွက်လာရေးအတွက် ပါဝင်ဆောင်ရွက် ခဲ့သူလည်း ဖြစ်ပါတယ်။



အင်ကြင်းနိုင်
10.10.2014

ကုလသမဂ္ဂ ကနေ မြန်မာနိုင်ငံကို အထူး စောင့်ကြည့် နေတဲ့ နိုင်ငံတခု အနေနဲ့ နှစ်စဉ် ဆုံးဖြတ်ချက်တွေ ချမှတ် နေတဲ့ အနေအထား ပယ်ဖျက်ဖို့ အချိန် ရောက်နေပြီလို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဒီနှစ် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောဆိုသွား ပေမဲ့ မြန်မာ လူထု အခြေပြု အဖွဲ့အစည်းတွေ ကတော့ မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးဟာ နောက်ကြောင်းပြန် လှည့်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ သက်ဆိုင်ရာ ကုလသမဂ္ဂ တာဝန်ရှိသူတွေကို တင်ပြခဲ့ကြ ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကုလသမဂ္ဂကိုရောက်ရှိနေတဲ့ Women Peace Network Arakan ရဲ့တာဝန်ခံ မဝေေ၀နုကိုမေးကြည့်တော့

"ကျမတို့အခုတွေ့တာက အဓိက ကတော့ UN Mission တွေပေါ့နော် နိုင်ငံတကာ UN Missionsတွေ အထူးသဖြင့် EU တို့ နောက်ပြီးတော့ ဒီအခြားအပြင် Member အဖွဲ့ဝင်တွေ အထူးသဖြင့်ဒီ Third Committee Member ဝင်တွေပေါ့နော် မြန်မာပြည် အတွက် Resolutions ရေးတဲ့ အဖွဲ့တွေနဲ့ ကျမတို့ ဆွေးနွေးတင်ပြဖြစ်ပါတယ်"

မေး။ ။ ဟုတ်ကဲ့ရှင့် အဲလိုမျိုး ဒီနှစ်လာရောက် တွေ့ဆုံတဲ့ အခါမှာ မြန်မာ့အရေးနဲ့ ပါတ်သက်ပြီးတော့ သူတို့ရဲ့ တုံ့ပြန်ချက်တွေ ဘယ်လိုတွေ့ရသလဲရှင့်။

"ကျမတို့အခု တွေ့ဆုံဆွေးနွေးသလောက်ဆိုရင် နိုင်ငံတော်တော် များများ ကမြန်မာပြည် ဟာ ပြောင်းလဲနေပြီ ဆိုတဲ့ဟာလောက်ကိုပဲ သိထား တယ်ပေါ့။ နောက် ဒီအပေါ်မှာ အားရ ကျေနပ်မှုရှိတယ်ပေါ့နော်။ ဒါပေမယ့် တစ်ချို့နိုင်ငံတွေကလည်း ဥပမာ EU တို့ US တို့ဘာတို့ သူတို့တွေကလည်း တစ်ချို့နေရာတွေမှာ တချို့အပိုင်းတွေမှာ ဆိုးဝါးလာနေတာကိုလည်း သူတို့ အသိအမှတ်ပြုပါတယ်။ အဲဒီအပေါ်မှာ သူတို့ အလေးထားပြီး လက်ခံဆွေးနွေးတာကိုလည်း သူတို့တွေ့ရတယ်။ အဲဒီအပေါ်မှာလည်း သူတို့နဲ့ တွေ့ဆုံဆွေးနွေးရတာ အားရကျေနပ်မှုရှိပါတယ်။ အဓိက ကတော့ ကျမတို့ လိုချင်တဲ့ ပွိုင့်က ကျမတို့ တကယ်ပဲ ဒီမိုကရေစီကို သွားနိုင်ဖို့ အဓိက ဒါကိုပဲ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။"

အထူးသဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယကော်မတီ ဟာ မြန်မာနိုင်ငံ မှာ သမ္မတဦးသိန်းစိန် တက်လာပြီးတဲ့နောက် ဘယ်လို အပြောင်း အလဲတွေဖြစ်လာလဲ ဆိုတဲ့ အချက်တွေကို ပိုပြီးစိတ်ဝင်စား တာတွေ့ရတဲ့ အပြင် ၂၀၁၂ခုနှစ်နောက်ပိုင်း အခြေအနေတွေ ဆိုးလာတဲ့အပေါ်မှာလည်း စိတ်ဝင်တစားမေးမြန်းခဲ့တယ်လို့ CCTU အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (နိုင်ငံခြားရေးရာ) တာဝန်ခံ ကိုဇာနည်ကပြောပါတယ်။

"သူတို့အရမ်းအံ့ဩတယ်ပေါ့နော် ဒီလို အကျဉ်းသား (၃) ထောင်ကျော်လွှတ်တဲ့ အထဲမှာ နိုင်ငံရေးအကျဉ်းသားက (၁) ယောက်ပဲပါတာ အဲ့ဒါကိုပဲ သူတို့ အရမ်းအံ့ဩ တယ်။ ပြီးတော့ ကျနော်ပြောခဲ့တဲ့ဥစ္စာတွေက လယ်ယာမြေတွေ လိုအပ်တာထက် ပိုပြီး သိမ်းထားတယ်။ ဦးသိန်းစိန်နဲ့ တပ်ချုပ်ကြီးမင်းအောင်လှိုင် ကိုယ်တိုင် ပြောပြီးတဲ့ နောက်ပိုင်းမှာ သူတို့ ပြန်ပေးပါ့မယ်လို့ ကတိပေးပြီး တဲ့ နောက်ပိုင်း မှာ လယ်သမားတွေ ၃၀၀ လောက် အဖမ်းခံလိုက်ရ တယ်ပေါ့နော်။ ဒီဟာတွေက တကယ့်ကို သူတို့ပြောတဲ့စကား နဲ့ လက်တွေ့ တကယ်ဖြစ်နေတဲ့ လက်တွေ့ အောက်ခြေက အခြေအနေလေးတွေက တော်တော်လေးကို ကွာဟချက်တွေရှိနေတယ်ဆိုတာ ကျနော်က ယှဉ်ထိုးပြတာပါ။"

မေး။ ။ အဲဒီတော့ ကိုဇာနည် အနေနဲ့ဘယ်လိုသုံးသပ်လဲရှင့်။ ဒီ အခုလို ကုလသမဂ္ဂမှာ ကိုယ်တိုင် လာပြီးတော့ ဆွေးနွေးတင်ပြတဲ့အခါ ဒီ မြန်မာ့အရေး ဘက်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းဖက်က ဘယ်လိုဆက်ဆံသွားမယ်ဆိုတဲ့ အနေအထားပေါ့လေ။ အဓိက က ကုလသမဂ္ဂ ရဲ့ အခန်းကဏ္ဍပါရှင့်။

"ကျနော်တို့အဓိက တွေ့တာတော့ UN Mission တွေ အဓိက ဦးစားပေးပြီး တွေ့ တာပေါ့နော်။ ဒီ UN Mission တွေ ဦးစားပေးပြီးတွေ့တဲ့ အခါကျတော့ သူတို့အနေနဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်အပေါ်မှာ သူတို့အနေနဲ့ မြန်မာနိုင်ငံရေးကို ဆုံးဖြတ်တဲ့ နေရာမှာ အချက်အလက် တိတိကျကျ တွေ့ချင်တာ ကျနော်တို့ သိရပါတယ်။ အဲဒီတော့ လိုအပ်တာကို အသေအချာ ပြောပြနိုင်ခဲ့တယ်လို့ ကျနော်တို့ ကိုယ် ကျနော်တို့ ယုံကြည်မှု ရှိပါတယ်။ အဲဒီတော့ ဒီပြောပြချက်တွေ အင်ဖော်မေးရှင်းတွေ အချက်အလက်တွေ အပေါ်မှာ သူတို့အနေနဲ့ ဒီလာမယ့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေ အပေါ်မှာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ကို သူတို့ လုပ်ပေးနိုင် လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်"

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက တတိယ ကော်မတီကို တင်သွင်းတဲ့ မြန်မာ့ အရေး ဒီနှစ် အစီရင်ခံစာမှာလည်း တိုင်းရင်းသားရေး ပဋိပက္ခတွေနဲ့ ဘာသာရေးတင်းမာမှုတွေကို သူ့အနေနဲ့ အထူးစိုးရိမ်မိကြောင်း ဖေါ်ပြထားပါတယ်။

တတိယ ကော်မတီဟာ လူ့အခွင့်အရေးကို အဓိက ထားလေ့လာတဲ့ကော်မတီဖြစ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံကို ဆုံးဖြတ်ချက်တွေ တင်သွင်းဖို့ နှစ်စဉ်အောက်တို ဘာလ နှောင်းပိုင်းမှာ ကော်မတီ ၀င်နိုင်ငံကိုယ်စားလှယ်တွေ အစည်း အဝေးပြုလုပ်လေ့ ရှိပါတယ်။

ဒီအစည်းအဝေး မတိုင်ခင် မြန်မာ လူထု အခြေပြု အဖွဲ့အစည်းတွေက ကုလသမဂ္ဂ တတိယ ကော်မတီကို နှစ်စဉ် သွားရောက် တွေ့ဆုံ ဆွေးနွေးလေ့ ရှိပါတယ်။ ဒီနှစ်မှာတော့ လယ်ယာမြေ ပြဿ နာ၊ အလုပ်သမား အခွင့်အရေး၊ တိုင်းရင်းသား ဒေသတွေက ပဋိပက္ခ တိုက်ပွဲတွေ အတွက် Women Peace Network Arakan ၊ WLB အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ CCTU အလုပ်သမား သမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ က ကိုယ်စားလှယ်တွေ သွားရောက်ပြီး ကုလသမဂ္ဂမှာ တပတ်ကြာ ဆွေးနွေး တင်ပြ ခဲ့တာပါ။ 



Rohingya Eye
RB News
8.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ၀ါးချ ကျေးရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများနှင့် မောရ၀တီရွာမှ ရခိုင်များ ၀င်ရောက်၍ ဒေသခံများထံမှ လုယက်ခြင်း၊ ဖမ်းဆီးခြင်းနှင့် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၅) ရက်နေ့ နံနက် ၂ နာရီ အချိန်တွင် မောင်တောမြို့နယ် အမှတ် (၇) နယ်မြေမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ မောရ၀တီရွာ အခြေစိုက် စစ်တပ်စခန်းမှ စစ်သားများ၊ မောရ၀တီရွာမှ ရခိုင်ရွာသားများ၊ စုစုပေါင်း အင်အား ၁၅၀ ကျော်တို့သည် ၀ါးချ ကျေးရွာ အတွင်းသို့ ၀င်ရောက်၍ ၂၀၁၂ ခုနှစ် ဇွန်လ အကြမ်းဖက်မှုတွင် ပါဝင်သူများကို ရှာဖွေသည်ဟု အကြောင်းပြ၍ ဒေသခံ ရိုဟင်ဂျာ များ၏ နေအိမ် တံခါးများကို ရိုက်ချိုးခြင်း၊ ဒေသခံ များကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်း၊ တန်ဖိုးရှိ ပစ္စည်းများကို လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

၂၀၁၂ ခုနှစ် ဇွန်လတွင် ဖြစ်ပွားခဲ့သည့် မီးရှို့မှုတွင် ပါဝင်သည်ဟု ဆို၍ အောက်ဖော်ပြပါ (၆) ဦးကို ဖမ်းဆီး၍ အလယ်သံကျော်ရှိ အမှတ် (၇) နယ်မြေ စခန်းတွင် ချုပ်နှောင် ထားကြောင်း သိရှိရပါသည်။

(၁) ဦးဟာဘီအုလ္လာ (ဘ) ဦးအာမီးရ်ဟူဆောင်း (အသက် ၅၀ နှစ်) (ဥက္ကဌဟောင်း)
(၂) ဦးမာမတ်ဆုလ်တာန် (ဘ) ဦးလာလ်မျာ (အသက် ၅၀ နှစ်)
(၃) ဦးနူရ်ဟူဆောင်း (ဘ) ဦးရှော်ဖီအုလ္လာ (အသက် ၄၈ နှစ်)
(၄) ဟာလာဘော်ဒါ (ဘ) ဦးမာမတ်အာမီးန် (အသက် ၁၈ နှစ်)
(၅) မာမတ်အာလမ် (ဘ) ဦးအုမောရ်ဘော်ရာတ် (အသက် ၁၃ နှစ်)
(၆) တော်ယုဖ်ဂူလ္လာဟ် (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၁၅ နှစ်)

ထို့အပြင် ဥက္ကဌဟောင်း ဦးဒိလ်မိုဟာမတ်ကို ရှာဖွေ မတွေ့ရှိသဖြင့် ၎င်း၏ သမီးများ ဖြစ်သော ဖော်ရ်မီးန် (အသက် ၁၇ နှစ်) နှင့် ချော်ဖာ (အသက် ၁၅ နှစ်) နှင့် ၄ နှစ်သား အရွယ် ကလေးတို့ကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး လမ်းတစ်ဝက်မှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ဦးဒိလ်မိုဟာမတ်၏ နေအိမ်မှ ရွှေ (၄) ကျပ်သားကိုလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများနှင့် ရခိုင်များက လုယက်ယူဆောင် သွားခဲ့ကြောင်း သိရှိရပါသည်။

ဦးရှော်မ်ရှု အစ္စလာမ် (အသက် ၅၀ နှစ်) ကိုရှာဖွေ မတွေ့ရှိသဖြင့် ၎င်း၏ နေအိမ်မှ တံခါးများ ရိုက်ချိုး ဖျက်ဆီးခဲ့သည့် အပြင် မော်လ၀ီ ဒိလ်မိုဟာမတ် (ဘ) ဦးနော်ဘီဟူဆောင်း (အသက် ၄၂ နှစ်) နှင့် ဦးအာစ်မောတ်အုလ္လာ (ဘ) ဦးဖော်ယာစ် (အသက် ၄၀ နှစ်) တို့၏ နေအိမ် တံခါးများကို ရိုက်ချိုး ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ဝါးချရွာကို အကြမ်းဖက် လုယက်ရန် ၀င်ရောက်ခဲ့သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများနှင့် မောရ၀တီရွာမှ ရခိုင်များသည် မိုးပေါ်သို့ သေနတ် အချက် ၂၀ ခန့် ပစ်၍ ဒေသခံ ရိုဟင်ဂျာများကို ခြိမ်းခြောက်ခဲ့ပြီး ရွာသား အများအပြားကိုလည်း ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း သိရှိရပါသည်။



ကိုစည်သူ
8.10.2014

နိုင်ငံတစ်နိုင်ငံရဲ့ လူကူးကုန်မှု တိုက်ဖျက်ရေးဟာ သက်ဆိုင်ရာ နိုင်ငံ တစ်ခုတည်း ဖြေရှင်းလို့ ရတာ မဟုတ်ဘဲ နိုင်ငံအများ ပူးပေါင်း ဆောင်ရွက်ရ တာကြောင့် အမေရိကန် ပြည်ထောင်စု အနေနဲ့ အာဆီယံ နိုင်ငံတွေ တစ်နိုင်ငံချင်းစီနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောပါတယ်။ အမေရိကန် သံအမတ်ကြီးရဲ့ ပြောဆိုချက်တွေ အကြောင်း ဗွီအိုအေ ရန်ကုန်ရုံးကနေ ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ကိုစည်သူက သတင်းပေးပို့ထားပါတယ်။

အမေရိကန်နဲ့အာဆီယံ ပူးပေါင်းပြီး အာဆီယံဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းတွေအတွက် အမေရိကန်အနေနဲ့ အင်တိုက် အားတိုက်ပါဝင် ကူညီသွားမယ်လို့ လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ စောင့်ကြည့်လေ့လာရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီး လူဝီစ် စီဒီပါကာ က ပြောဆိုလိုက်တာပါ။ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ အမေရိကန်- အာဆီယံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆွေးနွေးပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲဟာ (၄) ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးစည်းဝေးပွဲမှာ သမ္မတ အိုဘားမားနဲ့ အာဆီယံခေါင်းဆောင်တွေ သဘောတူ ခဲ့ကြတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ကတိက၀တ်ရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။


မြန်မာနိုင်ငံတွင်း လူကုန်ကူးမှုဖြစ်ရပ်အတော်များများကတော့ အိမ်နီးချင်းနိုင်ငံ နယ်စပ်ဖြတ်ကျော်ဖြစ်ပွားတာ အများဆုံးဖြစ်ပြီး မြန်မာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ အခြားတိုင်းပြည်တွေမှာ လိင်ကုန်ကူးမှု ရာဇ၀တ်မှုတွေရဲ့ သားကောင်ဖြစ်နေရတယ်လို့ သံအမတ်ကြီး လူဝီစ် စီဒီပါကာ (Louis CdeBaca) က ပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံဟာ ၂၀၁၂ ခုနှစ်ကစပြီး လူကုန်ကူးမှုပြသာနာကို ပူးတွဲကိုင်တွယ်ကြဖို့ ဆောင်ရွက်ခဲ့ကြတာပါ။ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်ကြဖို့အတွက် ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ပြည့်တန်ဆာလုပ်ငန်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း၊ ငါးဖမ်းလုပ်ငန်းမှာ မတရားအခိုင်းခံရခြင်း၊ လယ်ယာစိုက်ပျိုးရေးနဲ့ အိမ်ဖေါ် အလုပ်စတဲ့ လုပ်အားခေါင်းပုံဖြတ်ခံရတဲ့ လူကုန်ကူးမှု ပုံစံအမျိုးမျိုးကို တိုက်ဖျက်ကြဖို့ အမေရိကန်နဲ့ မြန်မာနိုင်ငံက သံန္နိဌာန်ချပြီး သဘောတူခဲ့ကြပါတယ်။ ဒီလို လုပ်အားခေါင်းပုံဖြတ်နေကြရတာတွေဟာ ခေတ်သစ် ကျွန်ပြုခံနေကြတာလည်း ဖြစ်ပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၄ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာထဲမှာတော့ မြန်မာအစိုးရဟာ လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် နိုင်ငံတကာလက်ခံတဲ့ စံနှုန်းစံထားအတိုင်း ဆောင်ရွက်မှု ပြည့်မီချက် မရောက်သေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အရင် နှစ်တွေကထက်စာရင် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ကြိုးပမ်းမှုတွေတော့ ရှိလာပြီလို့ ဖော်ပြထားပါတယ်။ အထူးသဖြင့် ကလေးစစ်သား စုဆောင်းအသုံးပြုမှုနဲ့ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ရပ်ဆိုင်းရေးအတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းချက်တွေကို အမေရိကန် နိုင်ငံခြားရေးဌာနက အသိအမှတ်ပြုထားပါတယ်။

နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု၊ ကလေးစစ်သားစုဆောင်မှုတွေနဲ့ အတင်းအဓမ္မအလုပ်စေခိုင်းမှုစတဲ့ ခေတ်သစ်ကျွန်စနစ်ကို အာဆီယံဒေသတွင်းမှာ ပပျောက်အောင် ဆောင်ရွက်ဖို့ကိုလည်း လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ စောင့်ကြည့်ရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီး Luis CdeBaca က တိုက်တွန်းလိုက်ပါတယ်။

“လူကုန်ကူးမှုဆိုတဲ့ ခေတ်သစ်ကျွန်စံနစ်အောက်မှာ အနစ်နာခံခဲ့ကြရသူတွေကို လေးစားစွာဖေးမရင်း နောက်ထပ်လူကုန်ကူးမှုတွေ ထပ် မဖြစ်ပွားရအောင် ကျိုးပမ်းကာကွယ်ကြဖို့ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အာစီယံ အသင်းကြီးကတဆင့် အာစီယံအသင်းဝင်တနိုင်ငံချင်းစီနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အထူးသဖြင့် အာစီယံအသင်းဝင်မြန်မာနိုင်ငံနဲ့လည်း အနီးကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်။”

၂၀၁၃ ခုနှစ်အထိတော့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နှစ်စဉ်အစီရင်ခံစာထဲ မြန်မာနိုင်ငံဟာ Tier 3 ခေါ်တဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်မှု အားအနည်းဆုံးနိုင်ငံ နာမည်ပျက်စာရင်းထဲမှာ ထည့်သွင်းခံထား ရတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာအစိုးရအနေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် သိသာတဲ့ အားထုတ်မှုတွေ လုပ်လာခဲ့တယ်ဆိုပြီး ၂၀၁၄ အစီရင်ခံစာထဲ Tier 2 WL စောင့်ကြည့် အဆင့် (၂) မှာ တိုးမြှင့် သတ်မှတ်ခံရတာဖြစ်ပါတယ်။ ဒါပေမယ့် ကလေးစစ်သား စုဆောင်းမှုနဲ့ အဓမ္မခိုင်းစေမှုအပါအ၀င် လူကုန်ကူးခံရသူတွေကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေနဲ့အညီ ပြည့်မီအောင် မစွမ်းဆောင်နိုင်ရင်တော့ ၂၀၁၅ ခုနှစ်မှာ လူကုန်ကူးမှုစောင့်ကြည့်အဆင့် အဆိုးဆုံးဖြစ်တဲ့ Tier-3 ကို အလိုအလျောက် ကျရောက်သွားမှာလည်းဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ အစိုးရက စီမံကွပ်ကဲတဲ့ အဓမ္မအလုပ်ခိုင်းစေတာတွေရှိသရွေ့မြန်မာနိုင်ငံဟာ လူကုန်ကူးမှု အဆိုးရွားဆုံးအဆင့် Tier 3 အဖြစ် စာရင်း ထည့်သွင်းခံရမှာဖြစ်ပါတယ်။ အဓမ္မအလုပ်စေခိုင်းမှု၊ ကလေးစစ်သားစုဆောင်းမှုနဲ့ တခြား လူကုန်ကူးမှု ပြသာနာတွေကို ILO နိုင်ငံ တကာ အလုပ်သမားအဖွဲ့ချုပ်လို အဖွဲ့အစည်းတွေနဲ့ တိုင်ပင် ညှိနှိုင်းကိုင်တွယ်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာ အဖွဲ့အစည်းတွေ ထူထောင်ထားတဲ့ တိုးတက်ဖြစ်ထွန်းမှုတွေရှိနေပေမဲ့ လူကုန်ကူးခံခဲ့ရသူတွေကို အကာအကွယ်ပေးရေးမှာ ရပ်ကွက် ကျေးရွာနဲ့ မြို့နယ်ဆိုင်ရာ သီးခြားအက်ဥပဒေ ကန့်သတ်ချက်တွေရှိနေသေးတာကြောင့် အဆိုးရွားဆုံး Tier 3 အဆင့် သတ်မှတ်ခြင်း မခံရအောင် ကြိုးစားဖို့ လိုနေပါသေးတယ်။”

မြန်မာအစိုးရအနေနဲ့တော့ အဆိုးရွားဆုံး Tier 3 အဆင့် ပြန်လည်မရောက်ရှိရေးအတွက် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ပြည်ထဲရေး ၀န်ကြီးဌာန လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ ဖွဲ့စည်းပြီး လူကုန်ကူးမှုရာဇ၀တ်မှုတွေကို စောင့်ကြည့် အရေးယူတာတွေ လုပ်ဆောင်နေပါတယ်။ ၂၀၁၃ ခုနှစ်ကစပြီး ကလေးစစ်သား ပြန်လည်အပ်နှံတာတွေ၊ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုတွေကို ဖော်ထုတ် တားဆီးတာတွေ လုပ်ကိုင်လာနေပါတယ်။



အင်ကြင်းနိုင်
8.10.2014

မနေ့က စစ်တွေထောင်ကနေ လွတ်မြောက်လာတဲ့ MSF ၀န်ထမ်းဟောင်း ရှေ့နေ ဦးကျော်လှအောင် ကတော့ လူမျိုးရေး၊ ဘာသာရေး၊ ကျား-မ ခွဲခြားမှုမရှိတဲ့ တရား ဥပဒေ စိုးမိုးရေး မြန်မာနိုင်ငံမှာ လိုအပ် aနတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

လွတ်လာပြီး နာရီပိုင်း အတွင်း မအင်ကြင်းနိုင်က ဆက်သွယ် aမးမြန်းတော့ သူက အခုလို စပြောခဲ့ပါတယ်။

ဖြေ။ ။ “ကျနော့်ကို စက်တင်ဘာ ၂၆ ရက်နေ့က ၁ နှစ်ခွဲ ထောင်ဒဏ် ချလိုက်တယ်။ ကျနော့်ကိစ္စ ရှေ့နေနဲ့ အယူခံ၊ ပြည်နယ် လွှတ်တော်ကို အယူခံတွေ ဘာတွေတင်တယ်။ ဒါပေမဲ့ ဒီ ၇ ရက်နေ့က ဘာထွက်လဲ ဆိုတော့ အစိုးရက သမ္မတရုံးက ထောင်ထဲမှာ နေပြီးတော့ ၆ လကျန်တဲ့သူတွေပေါ့ ဥပမာ - ၁ နှစ်ကျော်နေခဲ့ရမယ်။ ၆ လ ကျန်ရမယ်။ အဲ့လိုလူတွေ လွှတ်ရမယ်ဆိုပြီးတော့ ကျနော်က အဲ့ဒါနဲ့ လွတ်တာပါ။ ဒါပေမဲ့ ကျနော်တို့က လက်မှတ်ထိုး ခဲ့ရတယ်။ ၄၀၁ - ၄၀၁ ကို ကျနော်တို့ လက်မှတ်ထိုးရတယ်။ နောက်အမှုဖြစ်ရင် အခု ကျန်တဲ့ ပြစ်ဒဏ်တွေပါ ကျနော်တို့က ခံရမှာ။ အဲ့လိုမျိုး လက်မှတ်ထိုးပြီးတော့မှ ကျနော်တို့ကို လွှတ်ပေးလိုက်တာ။”

မေး။ ။ အဲတော့ ဟုတ်ကဲ့အန်ကယ်လ် အခု မြင်ရတဲ့အခြေအနေ၊ လွတ်လာတဲ့အခြေအနေ အန်ကယ်လ့်အမြင် ပြောပြပေးပါဦး။

ဖြေ။ ။ “အခု လွတ်တာက ကျနော်တို့ကို စိစစ်တယ်လေ။ စိစစ်ပြီးမှ ကျနော်တို့ကို ၇ နာရီလောက်မှာ သူတို့အကျဉ်းဦးစီးဌာနကားနဲ့ ဘူမေရွာအထိ ပို့ပေးတယ်။ ပို့ပြီးတော့ ကျနော်က သက်ကယ်ပြင်မှာနေတယ်။ ကျန်တဲ့သူတွေကဆိုရင် မြို့ထဲမှာလေ။ ၂၀၁၂ ခုနှစ်မှာ ဖျက်ပစ်လိုက်တယ်ဆိုတော့ ကျနော်က အခု သက်ကယ်ပြင်မှာ ရောက်နေတယ် မိသားစုက။ ဆိုတော့ အဲ့ဒီမှာပဲ ကျနော်တို့ကားကြိုတယ်။ ကြိုတဲ့ကားနဲ့ပဲ ကျနော် အိမ်ကိုရောက်တယ်။ ရောက်ပြီးတော့ အခု မိသားစုနဲ့အတူ ရှိပါတယ်။”

မေး။ ။ ဟုတ်ကဲ့ ဆိုတော့ ထောင်ထဲမှာ ကျန်းမာရေးအခြေအနေ ဆိုးရွားတဲ့ ထောင်ထဲမှာ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေလေးတွေရော ပြောပြပေးပါဦးရှင့်။

ဖြေ။ ။ “ထောင်ထဲမှာကောင်းပါတယ်။ ကျနော့်ကို ကောင်းကောင်းမွန်မွန် ထားပါတယ်။ တအား သူတို့က လေးလေးစားစား ထားပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်က ရှေ့နေတယောက်ဖြစ်တယ်။ နောက်တခုက ကျနော် နေမကောင်းဘူး။ အသက်ကလည်း ကြီးပြီဆိုတော့ အဲ့ဒီထောင်ပိုင်က တအား ကျနော့်ကို ဂရုစိုက်တယ်၊ ကျန်းမာရေးကိုလည်း ဆရာဝန်တွေက ဂရုစိုက်တယ်။”

မေး။ ။ ဟုတ်ကဲ့ အန်ကယ်လ့်ကို ချခဲ့တဲ့ ပုဒ်မနဲ့ပတ်သက်ပြီးတော့ရော ရှင်းပြပေးလို့ရမလား။

ဖြေ။ ။ “ဖမ်းတဲ့အချိန်မှာ ကျနော်က အစည်းအဝေးခေါ်ပြီးတော့ သူတို့ကို ခဲနဲ့ပေါက်ခိုင်းတယ်ဆိုပြီး အဲ့လိုမျိုး သူတို့ဘက်က စွဲချက်တင်တယ်။ ၁၄၈/၁၅၀၊ ၃၉၅ အဲ့ဒီမှာ --- ပုဂ္ဂိုလ် အရာရှိတယောက်မှာ တယ်လီဖုန်းပျောက်သွားတယ်။ အဲ့ဒါတွေကို ၃၉၅ အဲ့ဒါတွေနဲ့ စွဲတာပါ။ ဒါပေမဲ့ ကျနော့်အမှုမှာနေပြီးတော့ အရင်ကတည်းက ဖမ်းထားတဲ့ ဦးကျော်မင်းနဲ့ သူ့သားကိုလေ လာပြီးတော့ တရားခံ ထည့်ပစ်လိုက်တယ်။ ထည့်ပစ်လိုက်တယ်ဆိုတော့ ကျနော်က ရှေ့နေမငှားနိုင်ဘူး။ ရှေ့နေမငှားနိုင်ဘူးဆိုတာက ဒီစစ်တွေမှာရှိတဲ့ ရှေ့နေတွေဆိုတာက ကျနော့်တို့ရဲ့ အမှုတွေကို မလိုက်ဘူး။ မလိုက်ဆိုတော့ ဦးကျော်မင်းတို့ ပထမအမှုကို ရန်ကုန်ကနေ သူတို့ငှားတဲ့ ရှေ့နေက လိုက်တယ်ဆိုတော့ အဲ့ဒီရှေ့နေကပဲ ဒီအမှုကိုလည်း လိုက်ပေးတယ်။ ရန်ကုန်က တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်ပါ။ လိုက်ပေးတယ်ဆိုတော့ ဦးကျော်မင်းတို့က အမှုနံပါတ် ၃၆ မှာ လွတ်သွားတယ်။ ဇွန်လ ၂၀ ရက်နေ့ကတည်းက လွတ်သွားတယ်။ ဒီအမှုမှာကျတော့ သူတို့ မလွတ်နိုင်ဖြစ်နေတယ်။ ကျနော်နဲ့ ၂၆ ရက်နေ့မှာ ကျနော်တို့ကို တရားသူကြီးက ပုဒ်မ ၁၄၇/၁၅၀ နဲ့ ၁ နှစ်ခွဲချလိုက်တယ်။ အဲ့ဒီ ပုဒ်မ ၁၄၇/၁၅၀ မှာက စုစုပေါင်းထောင်ဒဏ် အများဆုံးမှ ၂ နှစ်ပဲရှိတယ်။ ၁ နှစ်ခွဲချလိုက်တယ်ဆိုတော့ ကျနော်တို့မှာ ကျန်တာက ၃ လလောက်ပဲကျန်တယ်။ ဦးကျော်မင်းတို့သားအဖမှာဆိုရင် ၄ လလောက်ပဲကျန်တယ်။ ဆိုတော့ အဲ့လိုမျိုးဖြစ်တာပါ။ ဆိုတော့ ဒီ အနည်းဆုံး ၆ လထဲမှာ ကျနော်တို့ ၀င်သွားတာပေါ့။ ၀င်သွားတဲ့အခါ ကျနော်တို့ ဒီနေ့ လွတ်လာတာပါ။”

မေး။ ။ ဟုတ်ကဲ့ အန်ကယ်လ်ကိုယ်တိုင်လည်း ရှေ့နေဖြစ်တဲ့အတွက် လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဥပဒေရေးရာကိစ္စတွေမှာ အန်ကယ်လ့်ရဲ့ သုံးသပ်ချက်လေးပေါ့နော် ပြောပေးလို့ရမလားရှင့်။

ဖြေ။ ။ “အဲ့ဒါတွေသာ ပြောရမယ်ဆိုရင်တော့ အရှည်ကြီးပဲ။ ဥပဒေစိုးမိုးရေးက သိပ်မရှိပါဘူး။ အန်ကယ်လ်လည်း တရားရုံးမှာ ၀န်ထမ်းတယောက်အနေနဲ့ လုပ်ခဲ့ပါတယ်။ အန်ကယ်လ်က ၁၉၆၁ ကနေပြီးတော့ အန်ကယ်လ်က စပ်ရှင်မင်းကြီးလုပ်တာ အဆက်ဆက် လုပ်ခဲ့တယ်။ အဲ့ဒီတုန်းကဆိုရင် တရားဥပဒေမှာ လူမျိုးရေးခွဲခြားမှုမရှိဘူး။ အသက်အရွယ် ခွဲခြားမှု မရှိဘူး။ ယောကျာ်း မိန်းမ ခွဲခြားမှု မရှိဘူး။ အခုကျတော့ လူမျိုးရေးခွဲခြားမှုက တအားကို များတယ်ဆိုတော့ကာ တရားဥပဒေစိုးမိုးမှု မရှိဘူးပေါ့။”

ဘီဘီစီမြန်မာပိုင်း
7.10.2014

ကမ္ဘာ့ဘဏ် အနေနဲ့ မြန်မာ့ လူ့အခွင့်အရေး ပြဿနာ ကို ကိုင်တွယ် ဆောင်ရွက် စေလိုကြောင်း၊ Human Rights Watch (HRW) လူ့အခွင့်အရေး အဖွဲ့က ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။ လာမဲ့ အောက်တိုဘာလ ၁၀ ရက် မှ ၁၂ ရက် အထိ ကျင်းပမဲ့ ကမ္ဘာ့ဘဏ်နဲ့ ငွေကြေး ရန်ပုံငွေ နှစ်ပတ်လည် အစည်းအဝေး အမီ တောင်းဆိုလိုက်တာပါ။

အဆိုပါ အစည်းအဝေး ကို မြန်မာနိုင်ငံလည်း တက်မှာ ဖြစ်ပါတယ်။ Human Rights Watch ရဲ့ စိုးရိမ်ချက် ကို နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့ ထိပ်တန်း သုတေသနမှူး ဂျက်ဆီကာ အယ်ဗန်းစ်က ဘီဘီစီကို ရှင်းပြရာမှာ၊ ကမ္ဘာ့ဘဏ် က ၂၀၁၂ ခုနှစ်ကစလို့ မြန်မာနိုင်ငံနဲ့ ပြန်လည် ဆက်ဆံမှု လုပ်တဲ့ နောက် ပိုင်းမှာ၊ လူနည်းစု မွတ်ဆလင်တွေ၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားတာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ်ဘက်က ထောက်ပြတာ မရှိတဲ့ အတွက်၊ နိုင်ငံဖွံ့ဖြိုးရေး အပိုင်းမှာ အကြမ်းဖက်မှု တွေဟာ ကြီးမားတဲ့ အတားအဆီးတွေ ဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် လယ်ယာတွေ အကြီးအကျယ် သိမ်းယူတဲ့ ကိစ္စ၊ စနစ်တကျနဲ့ အဂတိ လိုက်စားမှု ရှိတဲ့ ပြဿ နာ တွေကိုလည်း၊ ကမ္ဘာ့ဘဏ် အနေနဲ့ မြန်မာ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း၊ နောက်တချက်က မြန်မာအစိုးရနဲ့ စစ်တပ်ရဲ့ ဘတ်ဂျက် ရသုံးငွေ ဘက်မှာလည်း၊ ထင်သာမြင်သာ မရှိတာကို ကမ္ဘာ့ဘဏ်က ထောက်ပြတာ မရှိကြောင်းလည်း၊ ဂျက်ဆီကာ အယ်ဗန်းစ် က ပြောပါတယ်။

ကမ္ဘာ့ဘဏ် ဥက္ကဌ ဂျင်ကင်မ် ကိုယ်တိုင် က လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုတွေဟာ လူမှု အသိုင်းအဝိုင်းကို ထိခိုက်စေရုံ မကဘဲ၊ နိုင်ငံ့ စီးပွား ဖွံ့ဖြိုးမှု ကိုပါ နစ်နာ ဆုံးရှုံးမှု ဖြစ်စေ နိုင်ကြောင်း ကိုလည်း ကိုးကား ပြောပါတယ်။ အစိုးရသစ် လက်ထက်မှာ အရေးပါတဲ့ လူ့အခွင့်အရေး တိုးတက်မှု ရှိခဲ့ပေမဲ့၊ ၂၀၁၅ ရွေး ကောက်ပွဲ လည်း နီးလာပြီ ဖြစ်လို့၊ လူ့အခွင့်အရေး အကဲဖြတ်မှု ကို သေသေချာချာ စောင့်ကြည့်ဖို့ လိုကြောင်း၊ ဒီရွေးကောက်ပွဲဟာ မြန်မာ့ ပြုပြင်ပြောင်းလဲရေး အတွက် သမိုင်း မှတ်တိုင် ဖြစ်သလို၊ နောက်ကြောင်းလည်း ပြန်လှည့်နိုင်ကြောင်း၊ Human Rights Watch ရဲ့ နိုင်ငံတကာ ဘဏ္ဍရေး အဖွဲ့ ထိပ်တန်း သုတေသနမှူး ဂျက်ဆီကာ အယ်ဗန်းစ် က ဘီဘီစီ ကို ရှင်းပြပါတယ်။



ဒေါ်လှလှသန်း 
အရှေ့အာရှနဲ့ လက်ထောက်ရေးရာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ် ရပ်ဆဲလ် (Daniel Russel) ဟာ မြန်မာနိုင်ငံ အပါအဝင် အာရှ သုံးနိုင်ငံခရီးကို စတင်ထွက်ခွါသွားပါပြီ။ သူဟာ မြန်မာနိုင်ငံ မှာ နိုဝင်ဘာလမှာ ကျင်းပမယ့် ၉ ကြိမ်မြောက် EAS အရှေ့အာရှ ထိပ်သီး ညီလာခံ ရဲ့ ရှေ့ပြေးဖြစ်တဲ့ အဆင့်မြင့် အစိုးရအရာရှိများ စည်းဝေးပွဲကို နေပြည်တော်မှာ တက်ရောက်မှာ ဖြစ်ပါ တယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီယယ် ရပ်ဆဲလ် (Daniel Russel) ဟာ အောက်တိုဘာလ ၄ ရက် ကနေ ၁၁ ရက်နေ့အထိ ကြာမြင့်မယ့် တောင်ကိုရီးယား၊ ဂျပန် နဲ့ မြန်မာနိုင်ငံ တို့ကို သွားရောက်မယ့် ခရီးစဉ်ကို စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ သူဟာ ၆ ရက်နေ့က ဆိုလ်းကို ရောက်ရှိခဲ့ပြီး တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတွေနဲ့ တွေ့ဆုံပြီး ၂ နိုင်ငံ ဆက်ဆံရေး၊ ဒေသန္တရနဲ့ နိုင်ငံတကာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ် လို့ နိုင်ငံခြားရေးဌာန က ပြောပါတယ်။

ဒီ့နောက် အောက်တိုဘာလ ၇ ရက်ကနေ ၉ ရက်နေ့အထိ တိုကျိုကို သွားရောက်ပြီး အမေရိကန်-ဂျပန် မဟာမိတ် ဆက်ဆံရေးအပြင် ဒေသန္တရနဲ့ နိုင်ငံတကာကိစ္စရပ်တွေကို ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။ ဒီ့နောက် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟာ နောက်ဆုံး တထောက်နားရာဖြစ်တဲ့ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ အရှေ့အာရှရေးရာ အဆင့်မြင့် နိုင်ငံခြားရေးဌာန အရာရှိက VOA ကို ပြောပါ တယ်။

“အောက်တိုဘာ ၉ ရက်၊ ၁၀ ရက်နေ့တွေမှာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Russel ဟာ နေပြည်တော် မှာ ကျင်းပမယ့် EAS အရှေ့အာရှ ထိပ်သီးညီလာခံဆိုင်ရာ အဆင့်မြင့်အရာရှိ စည်းဝေးပွဲကို တက်ရောက် မယ့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေ စီ ပြုပြင်ပြောင်းလဲရေး ဖေါ်ဆောင်မှုကို မြန်မာအစိုးရ ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပြီး နိုဝင် ဘာလမှာ ကျင်းမမယ့် EAS ထိပ်သီးညီလာခံ ကြိုတင်ပြင်ဆင်မှုတွေအတွက်လည်း အရှေ့အာရှ နိုင်ငံတွေ က အဆင့်မြင့်အရာရှိတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်သွားမှာ ဖြစ်ပါတယ်”

EAS အရှေ့အာရှ ထိပ်သီးညီလာခံကို အရှေ့အာရှဒေသတွင်းက ၁၆ နိုင်ငံအပြင် ၂၀၁၁ ခုက၆ကြိမ်မြောက် ထိပ်သီးညီလာခံမှာ အမေရိကန် ပြည်ထောင်စုနဲ့ အာရှတို့ကိုလည်း တိုးချဲ့လက်ခံခဲ့ တာ ဖြစ်ပါ တယ်။ လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံမှာ နှစ်ပတ်လည်အာဆီယံခေါင်းေ ဆာင်ညီလာခံအပြီး နိုဝင်ဘာ ၁၁ရက်နဲ့ ၁၂ ရက်နေ့တို့မှာ နေပြည်တော်မှာ ထိပ်သီးညီလာခံကို ကျင်းပဖို့ ရှိတာဖြစ်ပါတယ်။

ဒီညီလာခံကို သမ္မတအိုဘားမားနဲ့ အတူ တက်ရောက်ဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး John Kerry က အောက်တိုဘာလ ၃ ရက်နေ့က ဝါရှင်တန်မှာ ကျင်းပခဲ့တဲ့ အမေရိကန် အာဆီယံ စီးပွားရေး ကောင် စီ နှစ် ၃၀ မြောက် အခမ်းအနားမှာ အတည်ပြုပြောကြားခဲ့ပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံကို သွားကြမှာ ဖြစ်ပါတယ်။ သမ္မတနဲ့ကျနော်တို့ဟာ နောက်လ ဒီအချိန်လောက် မှာ မြန်မာနိုင်ငံကို သွားကြမှာပါ။ တချိန်တည်းမှာပဲ နိုဝင်ဘာမှာ ကျင်းပမယ့် APEC ညီလာခံကို တ ရုတ်နိုင်ငံ မှာ တက်ရောက်မှာ ဖြစ်ပါတယ်။ အရှေ့အာရှ ထိပ်သီး ညီလာခံကိုလည်း ခရီးစဉ်အတွင်းမှာ တက်ရောက်မှာဖြစ်ပါတယ်”

သမ္မတအိုဘားမားအနေနဲ့ အရှေ့အာရှ ထိပ်သီးညီလာခံကို တက်ရောက်ဖို့  နိုဝင်ဘာလ နေပြည်တော် မှာ ရောက်ရှိ တဲ့အခါ ဒေသန္တရ ကိစ္စရပ်များအပြင် ရွေးကောက်ပွဲ အကြောင်းနဲ့ ရွေးကောက်ပွဲစည်း မျဉ်းတွေ ပြုပြင်ပြောင်းလဲရေး အကြောင်းတွေ အပြင် ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီပေး ဖို့ အကြောင်းနဲ့ အမေရိကန်နဲ့ မြန်မာ ၂ နိုင်ငံအကြား အရင်ကဆွေးနွေးမှုတွေအတွင်း ပြုလုပ်ခဲ့တဲ့ ကတိ တချို့အကြောင်းတို့ကိုလည်း မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဝန်ကြီးကယ်ရီက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ စက်တင်ဘာလကုန်က ဝါရှင်တန်မှာ တွေ့ဆုံ စဉ် ပြောခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Russel ဟာ သမ္မတအိုဘားမား အစိုးရရဲ့ Asia Pivot လို့ခေါ်တဲ့ အာရှမှာ အမေရိကန်ရဲ့ လွှမ်းမိုးမှု ပြန်လည် ချိန်ကိုက်ရေးအတွက် ကြိုးပမ်းပေးခဲ့တဲ့ ပုဂ္ဂိုလ်တွေ အနက် တဦးအပါအဝင်ဖြစ်ပါတယ်။ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Russel ဟာ ဧပြီလတုန်းကလည်း ရန်ကုန်ကို သွားရောက်ခဲ့ပြီး နိုင်ငံတကာအပြင် အရပ်ဖက် လူ့အဖွဲ့အစည်း NGO ကိုယ်စား လှယ်တွေ နဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို နေပြည်တော်မှာလည်း မြန်မာအဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သြဂုတ်လက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အမေရိကန်-အာဆီယံနဲ့ မဲခေါင်အပြင် ARF ခေါ် အာဆီယံ ဒေသန္တရဖိုရမ် ညီလာခံမှာလည်း နိုင်ငံခြားရေး ဝန်ကြီး John Kerry နဲ့ အတူ တက်ရောက်ခဲ့ တာလည်း ဖြစ်ပါတယ်။



RB News
6.10.2014

သမ္မတ အိုဘားမား၏ မြန်မာပြည် ခရီးအကြို မြန်မာ ရိုဟင်ဂျာများ အသင်း၊ ယူကေ (BROUK) မှ ရိုဟင်ဂျာများ၏ ၀မ်းနည်း ကြေကွဲဖွယ်ရာ အခြေအနေ များကို တင်ပြပြီး အမေရိကန် အစိုးရအား ထိရောက်သော အရေးယူမှုများ ပြုလုပ်ရန် တိုက်တွန်း
မြန်မာ ရိုဟင်ဂျာများ အသင်း (ယူကေ) ၏ ဥက္ကဌ ဦးထွန်းခင်သည် အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီနှင့် နယူးယောက်မြို့များရှိ အမေရိကန် အစိုးရ အဆင့်မြင့် အရာရှိများနှင့် တွေ့ဆုံပြီး ရိုဟင်ဂျာများ၏ တွေ့ကြုံနေရသည့် အဆိုးရွားဆုံး အခြေအနေ များကို ရှင်းလင်း တင်ပြခဲ့သည်။ ၀ါရှင်တန်ဒီစီမြို့တွင် အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မီတီနှင့် တွေ့ဆုံ၍ မြန်မာအစိုးရက ရိုဟင်ဂျာများအား အတင်းအဓမ္မ ဘင်္ဂလီများ အဖြစ် လက်ခံရန် ဖိအားပေးနေခြင်း၊ လွန်ခဲ့သည့် ဖေဖော်ဝါရီလမှ စတင်၍ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ကို ဆေးကုသခွင့်များ ရပ်ဆိုင်းပြီး ရခိုင်ပြည်နယ်တွင်းမှ နှင်ထုတ်ခြင်း၊ ရိုဟင်ဂျာများအား စီမံကိန်း အသစ်ဖြင့် ပြုနိုင်ငံသား အဆင့် ပြုလုပ်ပြီး ဒုက္ခသည် စခန်းများသို့ ပို့ရန် စနစ်တကျ ဆောင်ရွက်နေခြင်းများကို ရှင်းလင်း တင်ပြခဲ့ကြောင်း BROUK ဥက္ကဌ ဦးထွန်းခင်က RB News သို့ပြောပါသည်။

ဦးထွန်းခင်က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန နိုင်ငံခြားရေးရာ ဌာနနှင့် အစည်းအဝေးတွင် သမ္မတ အိုဘားမားအား “ရိုဟင်ဂျာ” အသုံးအနှုန်းကို ဆက်လက် ခေါ်ဝေါ်သုံးစွဲရန်နှင့် အမေရိကန် အစိုးရ အနေဖြင့် မြန်မာ အစိုးရကို လမ်းပြမြေပုံ သတ်မှတ် ပေးပြီး ရိုဟင်ဂျာများအား ဖိနှိပ်နေမှုများကို ရပ်တန့်ပေးရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် အမေရိကန် အစိုးရ အနေနှင့် ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား နိုင်ငံများရှိ ရိုဟင်ဂျာ ဒုက္ခသည်များကို မိမိတို့၏ မူရင်း ဌာနေတွင် အမြန်ဆုံး ပြန်လည် နေရာချထားနိုင်ရန် အတွက် ကူညီဆောင်ရွက် ပေးရန် မေတ္တာရပ်ခံ ခဲ့ကြောင်း သိရှိရပါသည်။

National Endowment for Democracy မှ ကြီးမှူး၍ ကျင်းပသော အစည်းအဝေးတွင် အမေရိကန် အစိုးရ အနေဖြင့် မြန်မာအစိုးရနှင့် ဆက်ဆံရာတွင် ပြုပြင်ပြောင်းလဲမှုများ ရိုဟင်ဂျာများ အပေါ် လုံးဝ အကျိုးသက်ရောက်မှု မရှိသည့်အတွက် ပူးတွဲ စစ်ရေး လေ့ကျင့်မှုများ မပြုလုပ်ရန် လိုအပ်ကြောင်း ပြေကြားခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ၀ါရှင်တန်ဒီစီမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အာရှ ပစိဖိတ်နှင့် ပတ်သက်သော ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ တက်ရောက်၍ ဆွေးနွေးခဲ့ကြသည်။

ဦးထွန်းခင်သည် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Mr Tom Malinowski နှင့် နယူးယောက်မြို့တွင် တစ်နာရီကျော် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ Mr Malinowski နှင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် လက်ရှိ အစိုးရ အကောင်အထည် ဖော်နေသည့် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေသည် ရိုဟင်ဂျာများအား ဒုက္ခသည် စခန်းသို့ တရားဝင် ပို့ရန် စီမံထားသော စီမံကိန်း ဖြစ်ကြောင်း၊ လက်ရှိ အစိုးရ စီမံကိန်းသည် ရိုဟင်ဂျာများအား ခိုးဝင် ဘင်္ဂလီများ အဖြစ် တရားဝင် ပြုလုပ် ထားသော စနစ်တကျ အကွက်ဆင်မှု ဖြစ်ကြောင်း၊ အမေရိကန် အစိုးရနှင့် မြန်မာအစိုးရတို့ ဆက်ဆံရာတွင် ရိုဟင်ဂျာ ၂ သိန်းခန့်ကို ဒုက္ခသည် စခန်းများတွင် အစာရေစာ ဖြတ်တောက်ပြီး လူမျိုးတုန်း သတ်ဖြတ်မှု စီမံကိန်း အကောင်အထည် ဖော်နေမှုကို အမြန်ဆုံး ရပ်တန့်ပေးရန် လိုအပ်ကြောင်း၊ သမ္မတ အိုဘားမား ခရီးစဉ် အတွင်းတွင် ရိုဟင်ဂျာ ခေါင်းဆောင်များနှင့် သီးခြား တွေ့ဆုံ ဆွေးနွေးရန်လည်း လိုအပ်ကြောင်း၊ မြန်မာ အစိုးရက ၂၀၁၂ ခုနှစ်မှ စတင်ခဲ့သည့် ရိုဟင်ဂျာများအား လူမျိုးတုန်း သတ်ဖြတ်မှုကို နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေး အတွက် အမေရိကန် အစိုးရမှ ဦးဆောင်ရန် လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။

ဦးထွန်းခင်၏ ခရီးစဉ်အတွင်း ဥရောပ သမဂ္ဂမှ ကုလသမဂ္ဂ ကိုယ်စားလှယ်များအား တွေ့ဆုံရာတွင် ဥရောပ သမဂ္ဂ အနေနှင့် မြန်မာနိုင်ငံ အပေါ် ဆုံးဖြတ်ချက် ချရာတွင် ရိုဟင်ဂျာတို့၏ ဆိုးရွားလှသည့် အခြေအနေမှ တိုးတက်မှု ရှိစေရန် ဖိအားပေးသည့် အဆိုများ တင်သွင်းရန် လိုအပ်ကြောင်း၊ အီးယူ အနေဖြင့် သမ္မတ ဦးသိန်းစိန် အစိုးရအား နိုင်ငံတကာ ဥပဒေ ချိုးဖောက် နေခြင်းကို ဆုံးဖြတ်ချက်များတွင် ထည့်သွင်းရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

နယူးယောက်မြို့ရှိ လူ့အခွင့်အရေး ဆိုင်ရာ သမားတော်များ (Physician Human Rights Group) အသင်းမှ စီစဉ်သည့် အစည်းအဝေးတွင် “ရိုဟင်ဂျာများ၏ လက်ရှိ အခြေအနေ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး၊ အဆိုပါ အစည်းအဝေးသို့ Responsibility to Protect မှ အရာရှိများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ တက်ရောက်ခဲ့သည်။ ဦးထွန်းခင်က ရိုဟင်ဂျာ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ အခြေအနေသည် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ကို မောင်းထုတ်ပြီး နောက်ပိုင်း ဆိုးဝါးလားမှုများကို စနစ်တကျ ရှင်းလင်း တင်ပြခဲ့သည်။ Physician Human Rights Group က ၎င်းတို့၏ လာမည့်လအတွင်း ပြုလုပ်မည့် ရိုဟင်ဂျာများနှင့် ပတ်သက်သည့် သုတေသန လုပ်ငန်းများ၊ ရိုဟင်ဂျာ အရေးကို နိုင်ငံတကာရှိ ဆေးဝါးကုသမှုနှင့် ပတ်သက်သော အဖွဲ့များနှင့် ဆွေးနွေး၍ အကူအညီများ ရရှိနိုင်ရန် အတွက် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။




Rohingya Eye
RB News
5.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ လူငယ် အများအပြားကို လက်နက်ကိုင် အဖွဲ့နှင့် ဆက်သွယ်နေသည်ဟု မဟုတ်မမှန် စွပ်စွဲဖမ်းဆီး၍ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

စက်တင်ဘာလ (၂၄) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း သစ်တောနား ခွဆုံရွာမှ ကျေးရွာသား ယာဆဲရ်အာရာဖတ် (အသက် ၂၇ နှစ်) သည် မြို့ထဲသို့ ကွမ်းရွက် ရောင်းရန် သွားနေစဉ် ကျီးကန်းပြင် စစ်ဆေးရေး ဂိတ်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ဖမ်းဆီး၍ ကျီးကန်းပြင် ဌာနချုပ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် ၎င်းကို လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ပြီး ဒေသခံ လူငယ်များ လက်နက်ကိုင် အဖွဲ့နှင့် ဆက်သွယ်နေသည်ဟု အတင်း အဓမ္မ ထွက်ဆို ခိုင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

စက်တင်ဘာလ (၂၈) ရက်နေ့နှင့် (၂၉) ရက်နေ့မှ စ၍ ဘာသာရေး ကျောင်းသားများကို ပစ်မှတ် ထားပြီး မော်လ၀ီ ကျောင်းသား လူငယ် (၂၁) ဦးကို ဖမ်းဆီးခဲ့သည်။ အဆိုပါ လူငယ် များကို အမှတ် (၄) နယ်မြေ လိပ်ရ ကျေးရွာ၊ အမှတ် (၅) နယ်မြေ ငါးခူရ ကျေးရွာနှင့် ကျီးကန်းပြင် ဌာနချုပ် တို့တွင် ချုပ်နှောင် ထားပြီး လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ အတင်း အဓမ္မ ၀န်ခံခိုင်းလျက် ရှိရာ၊ ညှဉ်းပန်း နှိပ်စက်မှုကြောင့် ဆီးလမ်းကြောင်း များပင် ပိတ်ဆို့သွားကြောင်း အမည် မဖော်လိုသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက် အရ သိရှိရပါသည်။

သစ်တောနားခွဆုံ ကျေးရွာမှ ယာဆဲရ်အာရာဖတ်သည် ကွမ်းရွက် ရောင်း/၀ယ်သူ တစ်ဦး ဖြစ်ပြီး၊ မည်သည့် လက်နက်ကိုင် အဖွဲ့နှင့်မှ ဆက်သွယ်မှု မရှိကြောင်း သစ်တောနား ခွဆုံကျေးရွာသား များ၏ ပြောကြားချက် အရ သိရှိရသည်။ သို့သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဒေသခံ ရိုဟင်ဂျာများကို မလိုလားအပ်သည့် ပြဿနာများ ဖန်တီးရန် ဖမ်းဆီးပြီး အတင်း အဓမ္မ ထွက်ဆိုခိုင်းကာ အပြစ်မဲ့ လူငယ် ၂၁ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါသည်။

ဖမ်းဆီးခံရသည့် မော်လ၀ီ ကျောင်းသား လူငယ်များမှာ --

(၁) မော်လ၀ီ ဆွေဒူလာမီးန် (ဘ) ဦးဆုလ်တာန် (အသက် ၃၃ နှစ်) -- မင်းကျီး ကျေးရွာ (တူလာတူလီ ဖာရာ)
(၂) အူမောရ်ဖာရုခ် (ဘ) ဦးမာမတ်ရော်ရှိတ် (အသက် ၂၇ နှစ်) -- ကွမ်းသီးပင် ကျေးရွာ (မေဟ်ဒီးဖာရာ)
(၃) မော်လ၀ီ ယူနုစ် (ဘ) ဦးဖော်ကီရ်အာမတ် (အသက် ၃၈ နှစ်) -- ၀ါးချောင်း ကျေးရွာ (၀ါးကီးယောမ် ဖာရာ)
(၄) မာမတ်အာလာမ် (ဘ) ဦးမာမတ်ရော်ရှိတ် (အသက် ၃၂ နှစ်) -- ကွမ်းသီးပင် ကျေးရွာ (မေဟ်ဒီးဖာရာ)
(၅) ဟာဖီးဇ်ဟာဆောင်းအုလ္လာ (ဘ) ဦးအဒူကာဒဲရ် (အသက် ၂၆ နှစ်) -- ကွမ်းသီးပင် ကျေးရွာ (မေဟ်ဒီးဖာရာ)
(၆) မော်လ၀ီအေနာသ်အုလ္လာ (ဘ) ဦးလုခ်မာန် (အသက် ၄၈ နှစ်) -- တမန်းသားကျေးရွာ
(၇) ဘော်ဒီအာလမ် (ဘ) ဦးဆိုက်ဖူလ္လာ (အသက် ၂၅ နှစ်) -- တမန်းသားကျေးရွာ
(၈) ဆိုက်ဖူလ္လာ (ဘ) ဦးဟူဆောင်းအာမတ် (အသက် ၂၁ နှစ်) -- တမန်းသား ကျေးရွာ
(၉) အလီဇူဟာရ် (ဘ) ဦးနူရူအစ္စလာမ် (အသက် ၃၅ နှစ်) -- တမန်းသားကျေးရွာ
(၁၀) ကမာလ်ဟူဆောင်း (ဘ) ဦးအဒူဟာလစ် (အသက် ၂၀ နှစ်) -- တမန်းသားကျေးရွာ
(၁၁) မာမတ်တော်ယုဖ် (ဘ) ဦးမာမတ်အီနုစ် (အသက် ၂၄ နှစ်) -- ပဒါးခါဒေ၀န်အာလီ ကျေးရွာ (ဂါရာတောလ်ဘိလ်ဖာရာ)
(၁၂) မာမတ်တော်ယုဖ် (ဘ) ဦးဂူရာမျာ (အသက် ၂၃ နှစ်) -- ပဒါးခါဒေ၀န်အာလီ ကျေးရွာ (ဂါရာတောလ်ဘိလ်ဖာရာ)
(၁၃) မာမတ်ရှာကဲရ် (အသက် ၂၅ နှစ်) -- ပဒါးခါဒေ၀န်အာလီ ကျေးရွာ (ဂါရာတောလ်ဘိလ်ဖာရာ) -- တို့နှင့် အတူ တောင်ပြို လက်ဝဲ မြို့နယ်ခွဲနှင့် ငရန်းချောင်း ကျေးရွာ တို့မှ (၈) ဦးတို့ ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။

အဆိုပါ လူငယ်များ၏ အပေါင်းအသင်း လူငယ်များကို ဖမ်းဆီးရန် ဆက်လက် ရှာဖွေလျက် ရှိသောကြောင့် မောင်တောမြို့နယ် မြောက်ပိုင်းတွင် အထိတ်တလန့် သဖွယ် ဖြစ်လျက် ရှိကြောင်း သိရှိရပါသည်။



Rohingya Eye
RB News
5.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း သံဒါကျေးရွာမှ နွားကျောင်းသားများ နွားကျောင်းနေစဉ် ရခိုင်ရွာသားများက ရိုက်နှက်၍ နွားများကို လုယက်သည့် အပြင် နွားကျောင်းနေသူ တစ်ဦးကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

စက်တင်ဘာလ (၂၅) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း သံဒါကျေးရွာမှ နွားကျောင်းနေသူ များသည် ရွာ၏ အရှေ့ဘက်ရှိ ကွန်ဂရစ် လမ်းပေါ်သို့ ရောက်ရှိသည့် အခါ မောရ၀တီ ရခိုင်ရွာမှ ရခိုင်လူငယ် (၅) ဦးနှင့် မောရ၀တီ အခြေစိုက် စစ်တပ် ကင်းစခန်းမှ စစ်သား (၂) ဦးရောက်ရှိလာပြီး လူမဆန်စွာ ရိုက်နှက်ခဲ့သည့် အပြင် နွားကျောင်းနေသူများ နွားကျောင်းနေသည့် နွား (၃) ကောင်ကို လုယက်ခဲ့သည်။ ထို့အပြင် နွားကျောင်းနေသည့် ဦးကမာလ် ဟာဆောင်းန် (ဘ) ဦးအာန်ဇူလ် ဟာဆောင်းကိုလည်း ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ဦးကမာလ်ထံမှ ငွေကျပ် (၆) သိန်း ညှစ်ယူပြီး စက်တင်ဘာလ (၂၆) ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဖမ်းဆီးခံရသည့် ဦးကမာလ်ဟာဆောင်းန်ကို ရခိုင်ရွာသားများက လူမဆန်စွာ ရက်စက်စွာ ရိုက်နှက်ခဲ့မှုကြောင့် အသက်ရှုရန်ပင် အခက်အခဲ ဖြစ်နေပြီး၊ လမ်းမလျှောက် နိုင်တော့သလို အစာစားရန်လည်း အခက်တွေ့ နေကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ရခိုင်လူငယ် (၅) ဦးနှင့် စစ်သား (၂) ဦးတို့၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် နွားကျောင်းနေသူ (၇) ဦးလည်း ဒဏ်ရာများ ရရှိခဲ့သည်။ ၎င်းတို့မှာ --

(၁) ဦးအဒူရော်ရှိတ် (အသက် ၄၃ နှစ်)
(၂) ဦးကာဆိမ်း (အသက် ၆၂ နှစ်)
(၃) မူခ်တာရ် (ဘ) ဦးဘာဆာမျာ (အသက် ၁၃ နှစ်)
(၄) ဆီရာဇ်ဒူလ္လာ (ဘ) ဦးအာဗ်ဒူရှုကူရ် (အသက် ၁၂ နှစ်)
(၅) ဇီယာဘူရာမန် (ဘ) ဦးအာဗ်ဒူရှုကူရ် (အသက် ၁၂ နှစ်)
(၆) ဖူတီးခ်ခါ (ဘ) ဦးအဘူဘော်ကော်ရ် (အသက် ၁၃ နှစ်)
(၇) ဦးမိုဟာမတ် တော်ယူဘ် (ဘ) ဦးအာဗ်ဒူရှုကူရ် (အသက် ၃၅ နှစ်) -- တို့ဖြစ်ပါသည်။



MYARF
RB News
5.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် (၃) မိုင် ကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ဒေသခံ ရိုဟင်ဂျာ ရွာသားများကို ရိုက်နှက်ခြင်း၊ မသင်္ကာသည်ဟု ဆိုကာ အိမ်များထဲသို့ ၀င်ရောက်၍ စစ်ဆေးခြင်း၊ နေအိမ်များမှ နွား၊ ကြက်၊ ငှက် စသည်များကို လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

စက်တင်ဘာလ (၂၉) ရက်နေ့ ည (၁၀) နာရီခန့် အချိန်တွင် မောင်တောမြို့နယ် (၃) မိုင် ကင်းစခန်းမှ စခန်းမှူး အပါအ၀င် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် (၁၅) ဦးခန့်သည် ညောင်ချောင်းရွာထဲသို့ ၀င်ရောက်၍ ဦးဇော်မိလ် (ဘ) ဦးကော်ဘိရ်၏ နေအိမ်ကို ၀ိုင်းရံကာ နေအိမ်အတွင်း ပိုက်စိပ်တိုက် ရှာဖွေခဲ့ပြီး တရားဥပဒေနှင့် မလွတ်ကင်းသည့် တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း အဆိုပါ နယ်ခြားစောင့် ရဲများက ဦးဇော်မိလ်၏ အိမ်မှ ငွေကျပ် ၅ သိန်းတန် နွားထီး တစ်ကောင်နှင့် အိမ်မွေးကြက်၊ ခိုများ အားလုံးကို လုယက် ယူဆောင် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့နောက် တစ်ရွာလုံး လှည့်လည် စစ်ဆေးစဉ် နေအိမ် အချို့ထဲသို့ ၀င်ရောက် စစ်ဆေးခဲ့ပြီး၊ ဦးအေနာမုလ် ဟာဆန် (ဘ) ဦးဟာရွန်၊ ဦးဟာရဲစ် (ဘ) ဦးမာမူဒုလ်ဟာဆောင်း၊ ဦးရော်ရှိတ် (ဘ) ဦးအာဘုလ်ခိုက်ရ် တို့ကို လူမဆန်စွာ ရိုက်နှက်ခဲ့သည့် အပြင် အခြားသော ရွာသားများကိုလည်း ရိုက်နှက် ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ညောင်ချောင်း ရွာထဲသို့ ၀င်ရောက်၍ လိုင်စင်ရ ဓါးပြများ သဖွယ် သောင်းကျန်း နေသည်ကို ညောင်ချောင်းရွာ အနီးရှိ ရွှေရင်အေး (န.တ.လ ရွာ) အခြေစိုက် စစ်တပ် ကင်းစခန်းမှ တာဝန်ခံ ဗိုလ်ကြီးက သိရှိသွားသည့် အခါ အဆိုပါ ဗိုလ်ကြီးနှင့် အဖွဲ့သည် ညောင်ချောင်းရွာသို့ ရောက်ရှိလာခဲ့ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေမဲ့ လုပ်ရပ်များကို ရပ်တန့်ရန် တားမြစ်ခဲ့ကြောင်း သိရှိရပါသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ရွှေရင်အေး (န.တ.လ ရွာ) မှ ရောက်ရှိလာသည့် စစ်တပ်အဖွဲ့သည် ညောင်ချောင်းရွာမှ ည (၁၂) နာရီခန့် အချိန်တွင် ထွက်ခွာ သွားခဲ့ကြသည်။

ဒေသခံ ရိုဟင်ဂျာ ရွာသားများထံမှ လုယက်ယူခဲ့သည် နွား၊ ကြက်၊ ငှက်များကို ပိုင်ရှင်များထံ ပြန်လည် ပေးအပ်ခြင်း မရှိဘဲ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက (၃) မိုင် ကင်းစခန်းသို့ ယူဆောင် သွားကြောင်း ဒေသခံများက ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ရွာထဲသို့ အချိန်မတော် ၀င်ရောက်၍ သောင်းကျန်း နေမှုများကြောင့် ဒေသခံ ရွာသားများ အလွန် စိုးရိမ်လျက် ရှိပြီး၊ နယ်ခြားစောင့် ရဲများ အချိန်မတော် ၀င်ရောက်၍ စစ်ဆေးသည့် အချိန်တွင် ရွာသား အများစုက လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ခံရမည်ကို စိုးရိမ်၍ ရွာထဲမှ တိမ်းရှောင်လေ့ ရှိသည်။ ထိုကဲ့သို့ အချိန်မျိုးတွင် လူမဆန်စွာ နယ်ခြားစောင့် ရဲများက နေအိမ်များတွင် ကျန်ရစ်ခဲ့သည့် အမျိုးသမီးများကို ကိုယ်ထိလက်ရောက် စော်ကားခြင်းများ ပြုလုပ်လေ့ ရှိကြောင်း ဒေသခံများက ဆိုသည်။

ယခုကဲ့သို့ ဥပဒေမဲ့ လိုင်စင်ရ ဓါးပြများ သဖွယ် ပြုလုပ်နေသည် များကို အထက် အာဏာပိုင်များက ကိုင်တွယ် ဖြေရှင်း ပေးရန် လိုလားကြောင်း ဒေသခံများက ပြောပါသည်။

ဌေးလွင်ဦး
RB News
3.10.2014

ရိုဟင်ဂျာတို့ကို တစ်စိုက်မတ်မတ် ထိုးနေတဲ့ "ဘင်္ဂလီ" ဆိုတဲ့ ဂျက်လက်သီးကို အူလှိုက်အသဲလှိုက် အားပေး ရင်း မြန်မာတစ်ပြည်လုံး ၀ိုက်လက်သီးပြင်းပြင်း အချက်ပေါင်းများစွာ ထိနေခဲ့တာ မရှုနိုင်မရှိုက်နိုင် ဖြစ်နေခဲ့ပြီ။

လူမျိုး တစ်မျိုးအပေါ် မတရားသဖြင့် နှိပ်စက်ဘို့ ညီညွတ်ခြင်း အတွက် ထိုညီညွတ်သူတို့ ခံစားရတဲ့ ပြစ်ဒဏ် ရယ်လို့ ပြောရလေမလား။

ရိုဟင်ဂျာတို့ကို ကျူးကျော်လာသူ၊ ခိုးဝင်လာသူ ဘင်္ဂလီ ဖြစ်တယ်လို့ ညာသံကြီး ပေးလိုက်မှု အပေါ် အခြေခံ လူတန်းစားတို့ ဘုမသိ ဘမသိ ပါဝင်မိတာမှာ အပြစ်မဆိုသာပေမယ့်-၊ စစ်အစိုးရဟာ ဘာမဆို လိမ်ညာတတ် တယ်ဆိုတဲ့ အချက်ကိုသိနေပါလျှက် ကိုယ်တိုင်ခံစားရပါလျှက် လူလိမ်လူညစ် အစိုးရဘက်က ထောက်ခံ သြဘာပေးနေတဲ့ အတိုက်အခံတို့ကိုတော့ စဉ်းစားစရာ ဖြစ်လာပါတယ်။

ရိုဟင်ဂျာတို့ကို "ဘင်္ဂလီ" တံဆိပ်ထုဘို့ စိုင်းပြင်းနေတဲ့ အစိုးရဟာ အခုအချိန်ထိ ရိုဟင်ဂျာတွေကို "ဘင်္ဂလီ" တံဆိပ် ပြတ်ပြတ်သားသား ထင်ထင်ပေါ်ပေါ် မထုနိုင်သေးပေမယ့်- အခြားတစ်ဘက်မှာ ကြေးနီတောင်ကိစ္စ အနိုင်ယူခဲ့တယ်။ ၅၉ (စ) ကိစ္စ ပွဲသိမ်းရိုက်ခဲ့တယ်။ ၄၃၆ ကိစ္စ ပယ်ချခဲ့တယ်။ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ လည်း ကြားညပ်သွားစေခဲ့တယ်။ ရိုဟင်ဂျာတို့ အပေါ် ပစ်သွင်းနေတဲ့ ဂျက်လက်သီးက ရိုဟင်ဂျာတို့ကို ဒီနေ့ထိ တည့်တည့်ထိအောင် မထိုးနိုင်သေးဘူး (နောက်လည်း ထိုးနိုင်မှာ မဟုတ်ဘူး)။ သို့သော် ၀ိုက်လက်သီး ထိကုန် သူများက- ရိုဟင်ဂျာများ တော့ မဟုတ်ပါ။

ရိုဟင်ဂျာတွေကို "ဘင်္ဂလီ" တံဆိပ်ထုကြ၊ မြန်မာမွတ်ဆလင်တွေကို ပသျှူး၊ ကမန်ပါမကျန် "ဘင်္ဂလီ" တံဆိပ် ထုကြ-၊ ဟေး- ဟေး ဟေး ဆိုကာ ညာသံပေးမှုကို မြန်မာတစ်ပြည်လုံး မိန်းမောနေလျှက် မြစ်ဆုံ၊ ကျောက်ဖြူ ဂစ်ပိုက်လိုင်းကစ နောက်ဆုံး ၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲထိ မြန်မာတစ်ပြည်လုံး နလံမထူအောင် သိန်းစိန်အစိုးရက ၀ိုက်လက်သီးများ ထိုးချသွားခဲ့ပါပြီ။

အပြောင်းအလဲကြီး တစ်ခုအတွက် ပြည်သူတစ်ရပ်လုံး အဓိက မျှော်မှန်းထားတဲ့ ၂၀၁၅ ရွေးကောက်ပွဲလည်း ပက်ပက်စက်စက် ထိဘို့ ရှိနေပြီ။ ကြံ့ခိုင်ရေးပါတီ အကြီးအကဲများက ကြံ့ခိုင်ရေးပါတီ နိုင်စေရမယ်လို့ ကြုံးဝါးသံ များ နားရှိသူတိုင်း ကြားမိမှာပါ။ သူတို့မှာ နိုင်ကွက်မရှိဘဲ စိတ်ကူးယဉ်ကာ ကြုံးဝါးနေမှာ မဟုတ်ဘူး ဆိုတာ လောက် စဉ်းစားသူ ဘယ်လောက် ရှိလေမလဲ- လို့ တွေးစရာပါ။

အမှန်တစ်ကယ် တိုင်းပြည်ကို တိုးတက်ချင်သူ၊ အမှန်ကို အမှန်အတိုင်း ခေတ်နဲ့အညီ တိုင်းပြည်ကို ဖွံ့ဖြိုးစေချင် သူ- မှန်ရင် အစိုးရရဲ့ ညစ်လုံး "ဘင်္ဂလီ" တံဆိပ် တပ်ဆင်နေမှုများ မှားယွင်းနေကြောင်း လူထုကိုတော့ အသိ ပေးသင့်ပြီ။ ဒီစကားဟာ ရိုဟင်ဂျာများ ဘက်က လိုက်ပြောပေးပါလို့ တောင်းပန်ခြင်း မဟုတ်ပါ။ စကားအကုန် ပြောရရင် ရိုဟင်ဂျာများ အတွက် ဟိုးအစကတည်းက ဘယ်သူမှ မကူညီခဲ့သလို နောက်လည်း အကူအညီ မလိုပါ။ ကိုယ့်အားနဲ့ ကိုယ်ရုန်းကန်နိုင်ပါတယ်။

ရိုဟင်ဂျာတို့အား "ဘင်္ဂလီ" တံဆိပ်လိုက်ကပ်နေတဲ့ အစိုးရရဲ့ ညစ်လုံး ဂျက်လက်သီးကို ဖျက်ထုတ်နိုင်ရင် တိုင်းပြည်တစ်ခုလုံး နစ်နာစေမယ့် ၀ိုက်လက်သီးများကို ရှောင်တိမ်းနိုင်ရန်သာ "ဂျက် လက်သီးကို ဖျက်ကြ"လို့ သတိဖေါ်ပေးခြင်းမျှသာ ဖြစ်ပါတယ်။

အစိုးရ အကြောက်ဆုံးက ရိုဟင်ဂျာတို့အား ရိုဟင်ဂျာ အဖြစ် ပေးလိုက်ရမှာကို အကြောက်ဆုံး မဟုတ်ပါ၊ သူတို့ အာဏာလက်လွတ်သွားမှာကိုသာ အကြောက်ဆုံး ဖြစ်တယ် ဆိုတယ် ဆိုတဲ့ အချက်ကို ပြည်သူတို့ သိစေချင်ပါတယ်။ ရိုဟင်ဂျာတွေကို ရိုဟင်ဂျာ အဖြစ် သတ်မှတ်ပေးလိုက်ရလို့လည်း အစိုးရ သို့မဟုတ် အုပ်ချုပ် သူများ အတွက် နစ်နာစရာ မရှိပါ။ အာဏာလက်လွှတ်လိုက်ရမှ သာလျှင်- သူတို့မှားခဲ့တဲ့ သမိုင်းကြွေး ပြန်ဆပ် ရလေမလား၊ သူတို့ရဲ့ မတရား ရယူထားတဲ့ ဥစ္စာပစ္စည်းများ ပြန်ပေးလိုက်ရလေမလား ဆိုတဲ့ ကြောက်ရွံ့မှုတို့သာ ကြီးစိုးနေခြင်းပါ။

တရားသဖြင့် တိုင်းပြည်ကို တိုးတက်စေလိုသူတိုင်း- အစိုးရရဲ့ "ဘင်္ဂလီ" တံဆိပ် ဂျက်လက်သီးကို ဖျက်ထုတ်ပစ် ဘို့ လိုနေပြီ- လို့ သတိပေးလိုပါတယ်။


မုဟမ္မဒ်တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement



မဆုမွန်
2.10.2014

ကြာသပတေးနေ့မှာ မွန်းတည့်နေ သတင်းသမား တွေကို ရုံးတင် စစ်ဆေး တရားစွဲဆိုမှုမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် အတွက် သက်သေပြ ထွက်ဆို သွားကြဖို့ သတင်းသမား တွေက ပြင်ဆင် နေကြပါတယ်။

အဲ့ဒီလို သတင်း မီဒီယာတွေ အပေါ် တရားစွဲဆို ရုံးတင် စစ်ဆေးမှုတွေ လုပ်နေတာမျိုး အပြင် ချင်းပြည်နယ် အစိုးရက ချင်းတိုင်းရင်းသား သတင်းဂျာနယ် တခုကို ဖြန့်ဝေခွင့် ပိတ်လိုက်တာကြောင့်လည်း လက်ရှိ သတင်းမီဒီယာ လွတ်လပ်ခွင့် အပေါ် စိုးရိမ်မှုတွေ ရှိလာနေတာပါ။ အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ သတင်း မီဒီယာသမားတွေ အကြား အပြန်အလှန် နားလည်မှုရှိဖို့ လိုမယ်လို့လည်း သတင်း သမားတွေက သုံးသပ် နေကြပါတယ်။ အပြည့်အစုံကို မဆုမွန် က တင်ပြထားပါတယ်။

ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ အရပ်သား အစိုးရ လက်ထက် သတင်း လွတ်လပ်ခွင့် အတော်အသင့် ရလာတယ်လို့ ဆိုနေချိန်မှာပဲ သတင်း သမားတွေနဲ့ အာဏာပိုင် တွေကြား သတင်း ဖော်ပြမှုတွေနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ရှိလာပြီးတော့ တရားစွဲဆိုတာ၊ ဂျာနယ် ပိတ်သိမ်းတာတွေ လုပ်ဆောင် လာနေတာ ဖြစ်ပါတယ်။ ဥပမာ- ယူနတီ သတင်း သမားတွေကို ဖမ်းဆီးပြီး ထောင်ဒဏ် နှစ်ရှည် ချမှတ်တာမျိုး အပါအဝင် သတင်း သမား တချို့ကို တရား စွဲဆိုမှုတွေ ဖြစ်နေတဲ့ အထဲ ပြီးခဲ့တဲ့ ဇူလိုင်လက ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ် အစိုးရ အဖြစ် တင်မြှောက် လိုက်ကြောင်း ဒီမိုကရေစီ အရေး စဉ်ဆက် မပြတ် လှုပ်ရှားမှု အင်အားစု (MCDF) ရဲ့ ထုတ်ပြန်ေ ကြေညာချက်ကို သတင်းရေးသား ဖော်ပြခဲ့လို့ ဆိုပြီးတော့ အပတ်စဉ်ထုတ် Bi မွန်းတည့်နေ သတင်းဂျာနယ်ရဲ့ ထုတ်ဝေသူ၊ အယ်ဒီတာနဲ့ သတင်းထောက် စုစုပေါင်း ၆ ဦး အဖမ်းခံ ခဲ့ရတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့ ကြာသပတေးနေ့မှာ သူတို့ကို ရုံးတင် စစ်ဆေးချိန်မှာ သတင်း သမားတချို့ သွားရောက် သက်သေ ထွက်ဆိုကြဖို့ ရှိနေပါတယ်။ သတင်း မီဒီယာ ပွင့်လင်းကာစ အနေအထားမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ပြည်သူအများ သတင်းကို အချိန်နဲ့ တပြေးညီ သိရှိနိုင်အောင် ရေးသား ဖော်ပြနေတဲ့ သတင်း သမားတွေကို ရန်သူလို သဘော မထားဖို့ လိုမယ်လို့ သက်သေ ထွက်ဆိုဖို့ ရှိတဲ့ သတင်းထောက် ကိုအောင်သူရက ပြောပါတယ်။

“မွန်းတည့်နေကိစ္စ သူက အဓိက စွဲတာကတော့ ထုတ်ပြန်ချက်နဲ့ တနေ့တည်း ထွက်တယ် ဆိုပြီးတော့ ပုဒ်မ ၅ (ည)၊ ၅၀၅ (ခ) အဲ့ဒါနဲ့စွဲတာပါခင်ဗျ။ ဒါကတော့ သိပ်မဆိုင်ဘူးလေ။ တချို့ဟာတွေဆို ကျနော်တို့လည်း ကြိုသိတာတွေ အများကြီး ရှိတာပဲ။ ထုတ်ပြန်ချက် အကြမ်းတွေ ရထားတာမျိုးလည်း ရှိတာပဲ။ ဒီဟာကတော့ ဒီဖော်ပြချက်က သတင်းမီဒီယာ ကျင့်ဝတ်အရ ဆိုရင်တော့ ဖောက်ပြန်မှု မရှိဘူး။ ဒါက သတင်း source နဲ့ သတင်း ရေးသားတဲ့သူနဲ့ ယုံကြည်မှုရှိစွာ တယောက်နဲ့တယောက် ကြိုသိတာလည်း ရှိတယ်ပေါ့နော်။ ဒီအတွက် ဒါက အပြစ်မရှိဘူးလို့ ယူဆတယ်။ နောက်တခုက ကျတော့ တကယ်လို့ စွဲချင်ရင်လည်းစွဲပါ။ တာဝန်ခံ အယ်ဒီတာနဲ့ပဲ အမှုရင်ဆိုင်ပေါ့။ အကုန်လုံးကို စွဲတာမျိုးကျတော့ မကောင်းဘူးလေ။ နှစ်ဘက် စလုံးကတော့ လုပ်ရမယ့် ကိစ္စတွေ ကတော့ အများကြီး ရှိတာပေါ့နော်။ ကျနော်တို့ဘက် မှာလည်း capacity ပိုင်း ဖြည့်ရမှာလိုမျိုး၊ အစိုးရပိုင်း ကလည်း ကျနော်တို့ကို အသိအမှတ် ပြုဖို့လိုတယ်၊ စေတနာရှိဖို့ လိုတာပေါ့နော်။ သတင်း မီဒီယာဆိုတာ နိုင်ငံ့အတွက် အရေးကြီးတယ်။ ကျနော်တို့အပေါ် သူက မိတ်ဆွေလို သဘောထားဖို့ လိုတယ်။ အခုက အဲ့လိုမဟုတ်ဘူး။ ရန်သူလို သဘောထားတာ ပေါ့နော်။ သူတို့က အသုံးချဖို့ လောက်ပဲ သူတို့က စဉ်းစားတာ ပေါ့နော်။”

ချင်းပြည်နယ် ဘက်မှာတော့ ချင်းပြည်နယ် အစိုးရဘက်က ချင်းဘာသာ စကားနဲ့ ထုတ်ဝေတဲ့ ဟားခါးပို့စ် သတင်းလွှာကို မဖြန့်ဝေဖို့ ပိတ်ပင် လိုက်တယ် ဆိုတဲ့ သတင်း ထွက်ပေါ် လာပါတယ်။ လမ်းပန်း ဆက်သွယ်မှု အားနည်းပြီး သတင်းဖြန့်ဝေမှု အခက်အခဲ များစွာ ရှိတဲ့ ချင်းပြည်နယ်တွင်း ဒီလို သတင်း ဂျာနယ်ကို ထုတ်ဝေခွင့် ပိတ်တာဟာ တိုင်းရင်းသား ပြည်သူတွေကြား သတင်း အမြန်ဆုံး ရောက်နိုင်အောင် ကြိုးစား နေရဆဲ တိုင်းရင်း မီဒီယာတွေ အပေါ် ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ချင်းသတင်း ကွန်ယက် ဖွဲ့စည်းဖို့ လုပ်ဆောင် နေတဲ့ သတင်းသမား တဦးလည်း ဖြစ်တဲ့ မအိမ့်ခိုင်ဦးက သုံးသပ် ပါတယ်။

“ချင်းမီဒီယာ အနေအထား ကတော့ အံ့သြလောက်ဖို့ ကောင်းတာ ပေါ့နော်။ ဟိုတခေါက် ချင်းကွန်ယက်ဖွဲ့ဖို့ ဆိုပြီး သွားတုန်းက ကျတော့ မီဒီယာတွေက အရမ်းများနေတဲ့ အတွက် မီဒီယာကို အဓိက ထားပြီး ဖွဲ့ဖို့တောင် လုပ်ခဲ့ကြတယ် ဆိုတော့ ချင်းမီဒီယာက ပိုပြီးတော့ အားကောင်းတဲ့ အနေအထား တွေ့ရတာပေါ့။ ဒီချင်းတောင်လေး တတောင်မှာတင် ကိုယ့်ဟာကိုယ် ထုတ်ဝေနေတဲ့ စာစောင်တွေ တော်တော် များတယ်လို့ ပြောရမှာပေါ့ အဲ့ဒါကျ။ အခုဆိုရင် တဖြေးဖြေးနဲ့ ဟားခါးပို့စ်တို့ ဘာတို့ သူတို့သတင်းကို အများဆုံး တင်လာကြပြီ။ တဖြေးဖြေးနဲ့ ဖွံ့ဖြိုးလာတဲ့ သဘောပေါ့။ အဲ့ဒီအချိန်မှာ မှတ်ပုံတင် မထားတဲ့ စာစောင်မှန်သမျှ ပိတ်တယ် ဆိုတဲ့ ပုံစံမျိုး ဖြစ်သွားတော့ ထိခိုက်နိုင် တာပေါ့။ နောက်အစောင်တွေ ကျတော့ နည်းနည်းတော့ တန့်သွား နိုင်တာ ပေါ့နော်။ လန့်သွားနိုင် သွားတာပေါ့။ ဒါပေမဲ့ ဘယ်လို အခြေအနေ ရှိမလဲ ဆိုတာ ယတိပြတ်လို့ ကျနော်တို့တော့ ပြောလို့တော့ မရဘူးပေါ့။”

အခု နောက်ပိုင်း သတင်း မီဒီယာ သမားတွေ ဖမ်းဆီး ခံရတာ၊ အပြစ်ပေး အရေးယူ ခံရတာ၊ ကန့်သတ် ချုပ်ချယ်မှုတွေ ပိုမို များပြားလာ နေတာဟာ မြန်မာနိုင်ငံမှာ သတင်း မီဒီယာ လွတ်လပ်ခွင့် ကျဆင်း သွားခြင်း မဟုတ်ဘဲနဲ့ မီဒီယာ သမားတွေရဲ့ ကျင့်ဝတ်နဲ့ စာနယ်ဇင်း အတတ်ပညာ ဆိုင်ရာ ပြဿနာတွေ များလာတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးရဲထွဋ်က ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သတင်းသမားတွေ ဘက်ကတော့ အစိုးရ တာဝန်ရှိသူတွေ ဘက်က သတင်းဖြန့်ဝေမှု အားနည်းတာ၊ နောက် သတင်း သမားတွေ ဘက်က သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ဆီက ဖြစ်စဉ် သတင်းမှန် ရယူနိုင်ဖို့ ခက်ခဲ လွန်းနေသေးတာတွေ ကိုလည်း ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ဌေးလွင်ဦး
RB News
2.10.2014

မြန်မာအစိုးရရဲ့ ကိုယ်စား နိုင်ငံခြားရေး ၀န်ကြီး ဖြစ်သူ ၀ဏ္ဏမောင်လွင်က ကမ္ဘာ့ လူကြီးတွေ့ (UN) မှာ ရခိုင်ဒေသ ပြည်လည်နေရာချထားရေးနဲ့၊ နှစ်ဘက် အသိုင်းအ၀ိုင်း ပြန်လည် သင့်မြတ်ရေးနဲ့ ပတ်သက်ပြီး- မျက်နှာပန်းပြ စကားလုံးတွေကို ရွှမ်းရွှမ်းဝေအောင် ပြောဆိုသွားခဲ့ပါတယ်။

တစ်ပြိုင်နက်မှာပဲ "ရိုဟင်ဂျာ" များကို ဘင်္ဂလီ အဖြစ် ခံယူရင် နိုင်ငံသား ဖြစ်ခွင့်ပေးမယ် ဆိုတဲ့ စကားလုံးကို ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာများကို "ဘင်္ဂလီ" တံဆိပ် ကပ်နှိပ်သူများဟာ ရခိုင်ဒေသက မွတ်ဆလင်များကို ရည်ရွယ်ချက်နဲ့ မုန်းတီးနေသူချည်း ဖြစ်နေပြီး မြန်မာ အစိုးရပိုင်းမှာ ရခိုင်များသာ ကြီးစိုးနေပြီဆိုတဲ့ အချက် ပေါ်လွှင်သွားခဲ့ပါ တော့တယ်။

နိုင်ငံတော် သမ္မတ ဆိုသူ ဦးသိန်းစိန်ဟာ ငပုတောမှာ ဗမာယောင်ဆောင်နေတဲ့ ရခိုင်ပေါက်တော ဇာတိ ရခိုင် တစ်ဦး ဖြစ်ကြောင်း သူ့ငယ်ပေါင်းလည်းဖြစ်၊ ဘက်တူ စစ်သားဟောင်းလည်း တစ်ဦးဖြစ်သူက ပြောခဲ့တဲ့ အကြောင်း ကျွန်တော်ရေးတဲ့ "ဘင်္ဂလီ ဘယ်သူလဲ" ဆောင်းပါးထဲမှာ ထည့်ရေးသားခဲ့ပါပြီ။

ဝဏ္ဏမောင်လွင် ဘယ်သူလဲ၊ ရိုဟင်ဂျာများကို ဘင်္ဂလီ အဖြစ် သတ်မှတ်ဘို့ UN မှာ ပြောဘို့ ဘာကြောင့် သုံးခဲ့ သလဲ- ဆိုတာဟာလည်း စိတ်ဝင်စားစရာ တစ်ရပ်ပါ။ တစ်ကယ်တော့ ၀ဏ္ဏမောင်လွင် ဆိုတာ ရခိုင်တစ်ဦးသာ ဖြစ်နေပြန်တယ်။ မြန်မာပြည်ကွန်မြူနစ်ပါတီ ရခိုင်တောင်ပိုင်း တာဝန်ခံ လက်သီးပုန်း ဘတင်ရဲ့ သားတစ်ဦး ဖြစ်ပြီး ဂွမြို့နယ် ကျိန္တလီဇာတိ ရခိုင်တစ်ဦး ဖြစ်နေပြန်ပါတယ်။

ငယ်စဉ်ကပဲ ရန်ကုန်ဘက် (ရခိုင်အခေါ် ဗမာပြည်ဘက်)ကို ပြောင်းသွားခဲ့ပြီး ဗမာယောင်ဆောင်နေခဲ့တဲ့ ရခိုင် တစ်ဦး ဖြစ်နေခဲ့တယ် ဆိုတဲ့ အချက်ကို ဗမာလူမျိုးများ သိဘို့ လိုအပ်မယ် ထင်ပါတယ်။

လက်ရှိ ရခိုင်သြဇာခံ မျက်ကန်း အစိုးရဟာ Burma ကို Myanmar လို့ ပြောင်းခဲ့ပြီး-၊ နိုင်ငံတစ်ကာမှာလည်း Burma လို့ ခေါ်တဲ သံတမန်တိုင်းကို Myanmar လို့ သာ ခေါ်ဘို့ Burma လို့ မခေါ်ဆိုဘို့ တောင်းဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတကြီး အိုဘားမား မြန်မာပြည်လာစဉ်က- "မင်္ဂလာပါ မြန်မာ" လို့ နှတ်ဆက်ခဲ့တာကို သမ္မတကြီးအိုဘားမားကိုယ်တိုင် "မြန်မာ"လို့ ခေါ်ခဲ့ကြောင်း မီဒီယာတွေမှာ ပွနေအောင် ဖေါ်ပြခဲ့ပါတယ်။ Burma ကို အစဉ်အလာအတိုင်း Burma လို့ ခေါ်ဆိုတဲ့ အတိုက်အခံများကိုလည်း မြန်မာအစိုးရက အပြစ်တင်ခဲ့ ပါတယ်။ ပါယ်ဖျက်ပြီးဖြစ်လို့ မသုံးရတော့ဘူးလို့ တားမြစ်ခဲ့ပါတယ်။

အလားတူ "ရိုဟင်ဂျာ" ဆိုတဲ့ အသုံးအနှုန်းဟာ ပါလီမန်ဒီမိုကရေစီခေတ်က ပြောဆိုခဲ့တာကို ယခုအခါ ပယ်ဖျက်ပြီး ဖြစ်ကြောင်း အကြောက်အကန် ငြင်းဆိုနေပါတယ်။ သို့သော်--

Arakan (အာရ်ကန်) ဆိုတဲ့ အသုံးအနှုန်းကို ပါယ်ဖျက်ပြီး၊ Rakhine (ရခိုင်) အဖြစ် သတ်မှတ်ထားပါလျှက်- ALD နဲ့ RNDP ပေါင်းလိုက်တဲ့ ရခိုင်အမျိုးသားပါတီ ကိုတော့ ANP (Arakan National Party) အဖြစ် ပါယ်ဖျက် ပြီး Arakan ကို ထပ်ဆင့်သုံးဘို့ ခိုင်ခိုင်မာမာ ထောက်ခံလိုက်ပါတယ်။

လူနည်းစု ရိုဟင်ဂျာကိုသာမက လူများစုကြီးဖြစ်တဲ့ Burma ဆိုတဲ့ တိုင်းပြည် အမည်ကိုတောင် ပါယ်ဖျက်ပြီး ဖြစ်တယ်ဆိုကာ အတင်းငြင်းဆိုနေတဲ့ လက်ရှိအစိုးရဟာ Arakan ဆိုတဲ့ ပါယ်ဖျက်ပြီး စကားလုံးကိုတော့ ခိုင်ခိုင်မာမာ ထောက်ခံနေခြင်းဟာ-၊ ရခိုင်သိန်းစိန် အစိုးရရဲ့ ရှေ့ဖုံးနောက်ပေါ် ပေါ်လစီကို ရှင်းရှင်းလင်းလင်း ဖွင့်ပြနေသလို ဖြစ်နေခဲ့ပါပြီ။

ထမင်းမစားရချင် နေပါစေ- မွတ်ဆလင်မုန်းနေရရင် ပြီးရော ဆိုတဲ့ စိတ်တစ်ခုကို ဖက်တွယ်ရင်း- အနောက် တံခါးကို ပိတ်လျှက်- ပိတ်လျှက် မြန်မာတစ်ပြည်လုံးကို အနောက်သားတို့ မြိုသွားခဲ့ပါပြီ။

ဗမာတို့ မေ့မျောနေစေရန် "ထမင်းမစားရချင်နေပါစေ မွတ်ဆလင်မုန်းနေရရင် ပြီးရော" ဆိုတဲ့ စိတ်ကို ဦးဆောင် ရိုက်သွင်းပေးနေသူ သီတဂူကလည်း ဘင်္ဂလားသား ချက်က်မာ လူမျိုးစစ်ပါ။-

ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

Rohingya Exodus