နောက်ဆုံးသတင်း/ဆောင်းပါးများ
ဒုတိယ သမ္မတ သုံးဦး။ (၀ဲမှယာ - ဦးဟင်နရီ ဗန် ထီးယူ၊ ဦးထင်ကျော်၊ ဦးမြင့်ဆွေ) (ဓာတ်ပုံ - AP)
မဆုမွန်
13.3.2016
မတ်လ ၁၅ ရက် အင်္ဂါနေ့ ပြည်ထောင်စု လွှတ်တော်မှာ ရွေးချယ် တင်မြှောက်မယ့် သမ္မတ ရာထူး နေရာ အတွက် အမတ်နေရာ အများစု အနိုင် ရထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က တင်မြှောက် ထားတဲ့ ဒုသမ္မတတွေ ထဲကပဲ ရမယ်လို့ NLD ပါတီဘက်က အခိုင်အမာ ယုံကြည်တဲ့ အကြောင်း NLD ပါတီရဲ့ နိုင်ငံအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များ ဆိုင်ရာ ပြောခွင့်ရက VOA ကို ပြောဆိုလိုက်ပါတယ်။ မနက်ဖြန် တနင်္လာနေ့မှာ ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး မှာလည်း သမ္မတလောင်း ရွေးချယ်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေး နိုင်ခြေရှိပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
တနင်္လာနေ့ မနက်ပိုင်းမှာတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးတွေ ကျင်းပမှာမဟုတ်ပေမဲ့လို့ မွန်းလွဲပိုင်း တစ်နာရီမှာတော့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပမှာဖြစ်ပါတယ်။ အဲ့ဒီ့ကျရင်တော့ သမ္မတလောင်း စိစစ်ရွေးချယ်မှုဆိုင်ရာ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ရလာဒ်တွေကို ဆွေးနွေးနိုင်ခြေရှိပါတယ်။
လက်ရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က ရွေးချယ်တင်မြှောက်လိုက်တဲ့ ဒုသမ္မတသုံးဦးအနက် သမ္မတရာထူးနေရာအတွက် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ရွေးချယ်မှုမှာအမတ်အများစုနေရာရရှိထားတဲ့ အနိုင်ရပါတီ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က သမ္မတရာထူး ရရှိနိုင်မယ်လို့ ဘာကြောင့် ယုံကြည်ချက်ရှိပါသလဲ ဆိုတာကို နိုင်ငံအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များဆိုင်ရာ ပြောခွင့်ရ NLD ပါတီက ဒေါက်တာဇော်မြင့်မောင် ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို ရှင်းပြပါတယ်။
"ကျနော်တို့က ပြည်သူ့လွှတ်တော်မှာ ၂၅၅ ယောက်ရှိတယ်လေ။ အမျိုးသားလွှတ်တော်မှာ ၁၃၅ အားလုံးပေါင်း ၃၉၀ နော်။ လွှတ်တော်ကိုယ်စားလှယ်ပေါင်းက လောလောဆယ် ၆၇၅ ဦးရှိတဲ့အတွက်ကြောင့် ကျနော်တို့ ၃၉၀ နဲ့ manipulate လုပ်လို့ရပါတယ်။ သမ္မတက ကျနော်တို့ ယူမှာပါ။"
မဆုမွန်။ ။ ဟုတ်ကဲ့ပါဆရာ ။ ဒုသမ္မတ ၁ ရွေးချယ်မှုနဲ့ ပတ်သက်ပြီးတော့ရော ဆရာ။
ဒေါက်တာဇော်မြင့်မောင်။ ။ ကျနော်တို့ သမ္မတ ယူမှာပြောလိုက်တော့ မဟုတ်လည်း ဒု သမ္မတကတော့ ၁ နဲ့ ၂ နဲ့ ပဲ ရှိတာ မဟုတ်ဘူးလား။ ဒုသမ္မတ က မဲ ဒုတိယ အများဆုံးရတဲ့သူက ဒုသမ္မတ ၁ ဖြစ်မယ်လေ ။ မဲအနည်းဆုံးရတဲ့လူက ဒုသမ္မတ ၂ ဖြစ်မယ်။ ကျနော်တို့ သမ္မတ ရအောင်ယူပါမယ် ။ဒါကနော်တို့ manipulate လုပ်ယူလို့ရတဲ့ ကျနော်တို့ရဲ့ ပိုင်ကွက်ထဲမှာ ရှိနေတယ်။ ကျနော်တို့မဲပေးလို့ လုပ်လို့ရတယ်လေ။ ကျနော်တို့ သမ္မတရအောင်ယူမယ်ဆိုတော့ ဒုသမ္မတ ၁ တွေ ၂ တွေ မပြောတော့ဘူးလေ။ NLD ရဲ့ စီမံခန့်ခွဲမှုအပိုင်းထဲမှာရှိနေတာလေ။ ဒါတွေအသေးစိတ်ပြောလို့မရဘူးလေ။ ကျနော်တို့ manipulate လုပ်ယူလို့ရတဲ့ ကိုယ်စားလှယ်ကို ကျနော်တို့ ရထားတယ်။ ကျနော်တို့ ၃၉၀ က total ၆၇၅ မှာ။
မဆုမွန်။ ။ ဆရာနောက်ဆုံး ပြည်သူတွေကို ဆရာ့အနေနဲ့ ဘယ်လိုများ message ပေးချင်ပါသလဲ။
ဒေါက်တာဇော်မြင့်မောင်။ ။ ကျနော်ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် ရွေးလိုက်တဲ့ ကိုယ်စားလှယ် ဦးထင်ကျော်ရော ၊ ဦးဟင်နရီ ဗန်ထီးယူ အပေါ်မှာရော၊ ကျနော်တို့လည်း ဒါကို လေ့လာနေတာပါ။ လူထုရဲ့ တုန့်ပြန်မှုလုံးဝ ကောင်းပါတယ်။ ကျနော်တို့ ကြားရသမျှ ကျနော်တို့ကို congratulate လုပ်တဲ့ သူတွေ၊ လူထုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို တသွမသိမ်းလိုက်နာတယ်။ ဒေါ်အောင်ဆန်းစုကြည် တင်လိုက်တဲ့အပေါ်မှာလည်း နားလည်မှုရှိတယ်။ အဲဒီတော့ လူထုကို ကျနော်က ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်။ နောက်ပြီးတော့ ဆက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောက်မှာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ၀ိုင်းဝန်းပြီးတော့ လုပ်ကြဖို့ ကျနော်က မေတ္တာရပ်ခံတယ်လို့ ပြောပေးပါခင်ဗျာ။
NLDပါတီရဲ့ နိုင်ငံအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များဆိုင်ရာ ပြောခွင့်ရ လည်းဖြစ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင် ပါ။
ပြည်ထောင်စုလွှတ်တော်မှာ ရွေးချယ်တော့မယ့် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ တပ်မတော် က ရွေးချယ် တင်မြှောက်လိုက်တဲ့ ဒု သမ္မတတွေရဲ့ ကိုယ်ရေးရာဇဝင်အချက်တွေကို အများပြည်သူ သိရှိနိုင်အောင်လို့ နိုင်ငံပိုင်သတင်းစာတွေက တဆင့် ထုတ်ပြန်ထားသလို အခုလက်ရှိ ရွေးချယ်တင်မြှောက်ခံ ဒုသမ္မတ သုံးဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်က တင်မြှောက်လိုက်တဲ့ ဦးထင်ကျော်၊ အမျိုးသားလွှတ်တော်က တင်မြှောက်လိုက်တဲ့ ဦးဟင်နရီဗန်ထီးယူနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေက ရွေးချယ်လိုက်တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဦးမြင့်ဆွေတို့ သုံးဦးကို သမ္မတအရည်အချင်းစိစစ်ရေးအဖွဲ့က စိစစ်နေပြီဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ အရည်အချင်းနဲ့ ပြည့်စုံမှု ရှိ-မရှိ စိစစ်ရေး အဖွဲ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်၊ NLD ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာမျိုးအောင်၊ NLD အမျိုးသားလွှတ်တော်အမတ် ဦးဘမျိုးသိန်းနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးတို့ ပါဝင်ပါတယ်။
Rohingya Eye
RB News
13.3.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာ အခြေစိုက် သတင်းတပ်ဖွဲ့ (SB) မှ တာဝန်ခံ ရဲအုပ် အောင်ကျော်ဇင်နှင့် ဦးဂျာမာလ် (ဘ) ဦးဆွေယာဒ် (အသက် ၃၅ နှစ်) တို့သည် မတ်လ (၉) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် အလယ်သံကျော်၊ ချိန်ခါလီရွာမှ မော်လ၀ီ ဟာဘီအုလ္လာ (ဘ) ဦးအူလာမျာ (အသက် ၃၂ နှစ်) ၏ နေအိမ်သို့ သွားရောက်၍ ၎င်း၏ ခြံဝင်းအတွင်း မုန်တိုင်းဒဏ်ကြောင့် လဲကျခဲ့သည့် အပင်များကို ခုတ်ထွင်းနေသည်ကို အကြောင်းပြု၍ ရဲအုပ် အောင်ကျော်ဇင်နှင့် ဦးဂျာမာလ်တို့က လက်သီးဖြင့် ထိုးကြိတ်ခြင်း၊ ခြေထောက်ဖြင့် ကန်ကျောက်ခြင်း များကို မိသားစုများ ရှေ့မှောက်တွင် ပြုလုပ်၍ ငွေကျပ် တစ်သိန်းခုနှစ်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ လူမဆန်စွာ ရိုက်နှက်မှုကြောင့် အရိုက်ခံရသူ မော်လ၀ီ ဟာဘီအုလ္လာ၏ ခန္ဓာကိုယ်တစ်ခုလုံး ယောင်ယမ်း၍ အိပ်ရာမှထမရနိုင် ဖြစ်နေသည်ဟု ဆိုသည်။ 
အလားတူ အခြားသော ရွာသား (၄) ဦးကလည်း ၎င်းတို့၏ ခြံဝင်းအတွင်း မုန်တိုင်းဒဏ်ကြောင့် ပြိုလဲသွားသည့် အပင်များကို ခုတ်ထွင်း၍ သစ်သားအချော ထုတ်နေသည်ကို ဓါတ်ပုံရိုက်ယူသွားကာ ပြန်သွားသဖြင့် ၎င်းတို့အား SB ရုံးသို့ ဆင့်ခေါ်၍ ငွေညှစ်မည်ကို စိုးရိမ်လျက် ရှိနေကြသည်။ 
အဆိုပါ ရွာသား (၄) ဦးမှာ -- 
(၁) ဦးဇူဘိုင်ရ် (ဘ) ဦးဂျာမာလ် (အသက် ၃၅ နှစ်)
(၂) ဦးကေဖာတူလ္လာ (ဘ) ဦးအူလာမျာ (အသက် ၃၀ နှစ်) 
(၃) ဦးအဒူဆူဗာန် (ဘ) ဦးအာဖော်လာ (အသက် ၄၅ နှစ်)
(၄) ဦးဟာဆောင်းအလီ (ဘ) ဦးမူဇဲရ် (အသက် ၄၀ နှစ်) -- တို့ဖြစ်သည်။ 
ရဲအုပ် အောင်ကျော်ဇင်သည်က ယခင်ကတည်းက ရိုဟင်ဂျာများကို မဟုတ်တရား ငွေညှစ်ခြင်း၊ နှိပ်စက်ခြင်းများ ဆက်လက် လုပ်ဆောင်နေခြင်းကို အထက် အရာရှိများက ယခုအချိန်ထိ အရေးယူခြင်း မရှိသည်မှာ ၎င်းတို့ ကိုယ်တိုင် ဝေစုရနေခြင်းကြောင့် ဖြစ်နိုင်သည်ဟု ကျေးရွာ လူကြီးတစ်ဦးက ဝေဖန် ပြောဆိုသည်။
MYARF
RB News
12.3.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း သီဟိုဠ်ကျွန်း (ယခင် ဘက္ကားဂုံးနား) ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက ဒေသခံ ရိုဟင်ဂျာ လူငယ် တစ်ဦးထံမှ ငွေကျပ် (၃) သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။
မတ်လ (၈) ရက်နေ့ ည ၁၀း၅၀ နာရီခန့် အချိန်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ကင်းစခန်းမှူး အပါအ၀င် ယူနီဖောင်းဝတ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ (၃) ဦးတို့သည် ဦးရော်ရှိတ် (ဘ) ဦးကာလာမျာ (အသက် ၄၅ နှစ်) ၏ နေအိမ်သို့ အချိန်မတော် ၀င်ရောက် စစ်ဆေးပြီး နောက်ဆုံးတွင် ဘင်္ဂလား ဆင်မ်ကဒ် တစ်ကဒ် တွေ့ရှိသည်ဟု ဆိုကာ ဦးရော်ရှိတ်၏ ဆယ်ကျော်သက် အရွယ် သားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင် သွား၍ တစ်ညလုံး ချုပ်နှောင် ထားခဲ့သည်။ 
မတ်လ (၉) ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအ၀င် လူငယ်၏ ဖခင်တို့သည် ကင်းစခန်းသို့ သွားရောက် စုံစမ်းမေးမြန်းရာ ငွေကျပ် (၅) သိန်းပေးမှသာ လွှတ်ပေးမည်ဟု ဖြေကြားခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဦးရော်ရှိတ်၏ ဆင်းရဲနွမ်းပါးမှု အကြောင်း၊ ငွေကျပ် (၅) သိန်း ပေနိုင်သည့် အင်အား မရှိကြောင်း ပြောကြားသောအခါ စခန်းမှူးက ဦးရော်ရှိတ်၏ ဇနီး လည်ပင်းတွင် ရွှေဆွဲကြိုးနှင့် ခြံထဲတွင် နွားများ မြင်တွေ့ခဲ့သည်ဟု ဆိုခဲ့သည်။ နောက်ဆုံးတွင် ငွေကျပ် (၃) သိန်း ညှစ်ယူ၍ လူငယ်ကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
MYARF
RB News
12.3.2016
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲအရာရှိ သုံးဦး ဒေသခံ ရိုဟင်ဂျာ များကို အကြောင်းမဲ့ ထိုးကြိတ် ရိုက်နှက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 
မတ်လ (၁၀) ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ဦးကျော်မိုးနိုင် အပါအ၀င် ရဲအရာရှိ သုံးဦးတို့သည် ညောင်ချောင်းဈေးသို့ သွားရောက်၍ ဈေးခေါင်း၊ ဈေးသည်နှင့် ဆိုင်ပိုင်ရှင်များကို လူကြီး လူငယ်မရွေး တွေ့သမျှ ဒေသခံ ရိုဟင်ဂျာများကို ထိုးကြိတ် ရိုက်နှက်ခဲ့သည်။ အရိုက်ခံခဲ့ရသည့် ရိုဟင်ဂျာများ အနက် မသန်စွမ်းသည့် မော်လ၀ီတစ်ပါး၏ အခြေအနေမှာ အလွန်ပင် ဆိုးရွားနေသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 
ရိုက်နှက်ခြင်း ခံခဲ့ရသည့် ရိုဟင်ဂျာ အချို့မှာ -- 
(၁) ဦးမိုဟာမတ်ဆာလေ (ဘ) ဦးနူရ်အာမောတ် (အသက် ၅၀ နှစ်) -- ဈေးခေါင်း 
(၂) ဦးမိုဟာမတ်အာနိုဝါရ် (ဘ) ဦးနူရ်အာမောတ် (အသက် ၆၀ နှစ်) -- ဈေးခေါင်း
(၃) ဦးရှောဖိအုလ္လာ (ဘ) ဦးအလီအာမောတ် (အသက် ၆၁ နှစ်) 
(၄) ဦးအဗ်ဒူလ္လာ (အသက် ၂၅ နှစ်) -- အလုပ်သမား -- ဖရုံချောင်း ကျေးရွာမှ 
(၅) ဦးအီဆုဖ် (ဘ) ဆရာဦးဆွေတာမောတ် 
(၆) ဦးတော်ဘာရောက်ဟူစိန်း (အသက် ၃၅ နှစ်) 
(၇) ဦးလုခ်မာန်ဟာကိမ်း (အသက် ၂၉ နှစ်) တို့ဖြစ်သည်။
MYARF
RB News
12.3.2016
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖုရားပြင်အောင်ပ ကျေးရွာအုပ်စုတွင် ဇန်န၀ါရီလက ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ကျင်းပခဲ့ရာ ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု ကံ့ကော်မြိုင် န.တ.လ ရွာမှ ရခိုင်လူမျိုးများ ဖြစ်သည့် လက်ရှိ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာ၊ ဦးမောင်ကြီးနှင့် ဦးထူးရီတို့ သုံးဦး ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဦးမောင်ချမ်းသာ အနိုင်ရရှိခဲ့သည်။ 
ဦးမောင်ကြီးက မဲမသမာမှု ဖြစ်ခဲ့သည်ဟု ဆိုကာ ရွေးကောက်ပွဲ ရလာဒ်ကို လက်မခံဘဲ ရွေးကောက်ပွဲကို သုံးကြိမ်တိုင်တိုင် ကျင်းပစေခဲ့သော်လည်း သုံးကြိမ်စလုံးတွင် ဦးမောင်ချမ်းသာ အနိုင် ရရှိခဲ့သည်။ ဇန်န၀ါရီလ နောက်ဆုံးပတ်တွင် ဦးမောင်ကြီးက မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေကို လာဘ်ငွေပေးပြီး ရွေးကောက်ပွဲကို တစ်ဖန် ပြန်လည် ကျင်းပ စေခဲ့သည်။ ဆယ်အိမ်စုမှူးများက အကြိမ်ကြိမ် မဲထည့်ခဲ့သော်လည်း အချည်းနှီး ဖြစ်ခဲ့သောကြောင့် ၎င်းတို့က မိမိတို့ကို အရူးများ ထင်နေလားဟု ပြောဆိုကာ မဲထည့်ရန် မသွားရောက်ခဲ့ပေ။ သို့သော်လည်း ဦးမောင်ကြီးကို ထောက်ခံသည့် ဆယ်အိမ်စုမှူး (၄) ဦးက မဲထည့်ခဲ့သောကြောင့် ဦးမောင်ကြီး အနိုင်ရရှိခဲ့သည်။ ရွေးကောက်ပွဲတွင် ဒေသခံ ရိုဟင်ဂျာများကို ထည့်သွင်း စဉ်းစားခဲ့ခြင်း မရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 
ဦးမောင်ကြီးအား ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်အပ်ခြင်း မရှိသေးသော်လည်း ဦးမောင်ကြီး၏ ဆွေမျိုးသားချင်း များက ရွာအတွင်း ဗိုလ်ကျလျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။ အထက်ကျွဲကြိုမော် ကျေးရွာအုပ်စု ရခိုင်ရွာ (ညောင်ချောင်း ရခိုင်ရွာ) မှ ဦးမောင်ကြီး၏ ယောက်ဖ အရင်းတော်စပ်သူ ဦးမောင်ရယ်က ဖုရားပြင်အောင်ပ ကျေးရွာတွင် ရိုဟင်ဂျာများ ပိုင်ဆိုင်သော စားကျက်မြေနှင့် ဥယျာဉ်ခြံမြေ (၉) ဧကကို မြေရိုင်းဟု ဆိုကာ ခုတ်ထွင်း ရှင်းလင်း၍ ဥယျာဉ် စိုက်ရန် ပြင်ဆင်လျက် ရှိသည်။ မြေပိုင်ရှင်များက ဦးမောင်ရယ်ထံ သွားရောက်၍ အဆိုပါ မြေများမှာ ၎င်းတို့ ပိုင်မြေများ ဖြစ်ကြောင်း၊ ၎င်းတို့တွင် မြေပိုင် ပြေစာများ ရှိကြောင်း ပြောပြသော်လည်း ဦးမောင်ရယ်က မြေရိုင်းများဟုသာ ပြန်လည် ဖြေကြားခဲ့သည်။ ပြည်နယ် မြေစာရင်း ဦးစီးမှူးရုံးမှ ၎င်းအမည်ဖြင့် ပြေစာ ရယူထားကြောင်း ပြောကြား၍ မြေပိုင်ရှင်များကို အမျိုးမျိုး စော်ကား ခြိမ်းခြောက်ကာ ပြန်လွှတ်ခဲ့သည်။ အဆိုပါ မြေများသည် ဒေသခံ ရိုဟင်ဂျာများ၏ ဘိုးဘွားပိုင်မြေများ ဖြစ်သည်။
MYARF
RB News
12.3.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း ကျေးရွာအုပ်စု၊ အလယ်ရွာမှ မူဂျိဖ် (ဘ) ဦးဝါရဲစ်မျာနှင့် ၎င်း၏ မိခင်တို့သည် မတ်လ လဆန်းပိုင်းတွင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ အမှတ် (၁) နည်းဗျူဟာမှူး ထံမှ ခွင့်ပြုချက် ရယူပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဆေးကုသရန် သွားရောက်ခဲ့သည်။ 
မတ်လ (၅) ရက်နေ့တွင် မူဂျိဖ်နှင့် မိခင်တို့သည် ဘင်္ဂလားဒေ့ရှ်မှ ဆေးကုသမှု ခံယူပြီး တောင်ပြိုလမ်းမှ တစ်ဆင့် နေရပ်သို့ ပြန်လာနေသည်ကို ကြိမ်ချောင်း အလယ်ရွာမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ သတင်းပေး နူရ်ဂျူဟာရ် (ခ) မော်ရိစ်ချာ ကြားသိသွားပြီး ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် ရဲစခန်းမှ) နယ်ခြားစောင့်ရဲ များကို ခေါ်ယူ၍ သူရိုင်း ရခိုင်ရွာတွင် စောင့်ဆိုင်း၍ မူဂျိဖ်နှင့် မိခင်တို့ကို စစ်ဆေးခဲ့သည်။
ဆရာဝန်က ပေးသည့် ဆေးစာနှင့် သောက်ဆေးများကို တွေ့ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်သို့ တရားမ၀င် သွားရောက်ခဲ့သည်ဟု ဆိုကာ သားအမိနှစ်ဦးလုံးကို ဖမ်းဆီးခဲ့သည်။ ဗျူဟာမှူး၏ ခွင့်ပြုချက်ဖြင့် သွားရောက်ခဲ့သည်ဟု ပြောကြားသော်လည်း နယ်ခြားစောင့်ရဲများနှင့် ၎င်းတို့၏ သတင်းပေး တို့က နားမထောင်ဘဲ ငွေကျပ် (၆) သိန်း တောင်းခံခဲ့သည်။ 
ထို့နောက် မူဂျိဖ်က မိသားစုထံ သတင်းပို့ခဲ့သည်။ မိသားစုက ဗျူဟာမှူးထံ ဖုန်းဆက်၍ အကြောင်းကြားခဲ့သည်။ ဗျူဟာမှူးက ကြိမ်ချောင်း တာဝန်ကျ သတင်းတပ်ဖွဲ့ (SB) ကို ဖုန်းဆက်၍ စေလွှတ်ကာ ဖြေရှင်းပေးခဲ့ရသည်။ သတင်းတပ်ဖွဲ့က ဗျူဟာမှူး၏ ခိုင်းစေချက်အရ လာရောက်ရသည်ဟု ပြောသည်ကိုပင် မယုံကြည်သော သတင်းပေး နူရ်ဂျူဟာရ်ကို သတင်းတပ်ဖွဲ့မှ ရိုက်နှက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
MYARF
RB News
12.3.2016
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ဒုအိုးသည်မ ကျေးရွာသို့ မတ်လ (၈) ရက်နေ့တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေးကြီး ဦးဆောင်သော စာရေး အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး ဆယ်အိမ်စုမှူးများ ခေါ်ကာ ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်အပ်ရန် ရွေးကောက်ပွဲ ပြန်လည် ကျင်းပခဲ့သည်။ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် လက်ရှိ အုပ်ချုပ်ရေးမှူး ဦအီနုစ် တစ်ဦးတည်းသာ အမည်တင်သွင်းခွင့် ရရှိခဲ့သည့် အပြင် ဆယ်အိမ်စုမှူးများကို ဦးအီနုစ်ကိုသာ ထောက်ခံမဲ ပေးကြရန် ခြိမ်းခြောက်၍ အတင်းအဓမ္မ မဲယူခဲ့သည်။
ဆယ်အိမ်စုမှူးများသည် ရွေးကောက်ပွဲ မစမှီ ယခင်ရွေးကောက်ပွဲ ရလာဒ်ကိုသာ အကောင်အထည် ဖော်လိုကြောင်း၊ ၎င်းတို့အနေဖြင့် မည်သူ့ကိုမှ ထပ်မံ၍ မဲပေးရန် ဆန္ဒမရှိကြောင်း ပြောကြားရာ စာရေးများနှင့် လက်ရှိ အုပ်ချုပ်ရေးမှူး ဦးအီနုစ်တို့က အမျိုးမျိုး ခြိမ်းခြောက်၍ လက်ရှိ အုပ်ချုပ်ရေးမှူး ဦးအီနုစ်ကိုသာ ထောက်ခံကြောင်း၊ ဦးအာရော်ဖူလ္လာ အား ကန့်ကွက်ကြောင်း အတင်းအဓမ္မ လက်မှတ် ရေးထိုးခိုင်းခဲ့သည်။ ထို့နောက် ဆယ်အိမ်စုမှူး (၅၀) ဦး ရှိသည့်အနက် (၁၃) ဦး၏ မဲများကို အတင်းအဓမ္မ ရယူပြီး ထိုမဲများဖြင့် ဦးအီနုစ်က အနိုင်ရသွားသည်ဟု ကြေညာခဲ့သည်။ 
ဒုအိုးသည်မ ကျေးရွာတွင် ယခုနှစ် ဇန်န၀ါရီလက ရွေးကောက်ပွဲ တစ်ကြိမ် ကျင်းပခဲ့ပြီး ဖြစ်သည်။ လက်ရှိ အုပ်ချုပ်ရေးမှူး ဦးအီနုစ်နှင့် ဦးအာရော်ဖူလ္လာ တို့နှစ်ဦး ယှဉ်ပြိုင်ခဲ့ရာ ဦးအာရော်ဖူလ္လာက မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့သည်။ သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် စာရေးများက ခန့်စာ ထုတ်ပေးရန် အတွက် ဦးအာရော်ဖူလ္လာ ထံမှ ငွေကျပ် (၅၅) သိန်း ယူခဲ့ပြီး ဖြစ်သော်လည်း နောက်ဆုံးတွင် ၎င်းကို နိုင်ငံသားပြုကဒ် (အစိမ်းရောင်ကဒ်) လျှောက်ထားရန် ပျက်ကွက်သူ တစ်ဦး ဖြစ်သည်ဟု ဆိုကာ ပယ်ချ၍ ရွေးကောက်ပွဲ ပြန်လည် ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။ 
လက်ရှိ အုပ်ချုပ်ရေးမှူး ဦးအီနုစ်သည် ၎င်းအုပ်ချုပ်စဉ် ကာလပတ်လုံး ရွာသူရွာသား များကို အမျိုးမျိုး ဒုက္ခပေးခဲ့သူ တစ်ဦး ဖြစ်ပြီး အုပ်ချုပ်ရေးမှူး အဖြစ် ပြန်လည် ခန့်အပ်ခြင်း ခံရပါက ကျေးရွာ အခြေအနေ ပိုမိုဆိုးဝါးလာမည်ဟု ဒေသခံများက စိုးရိမ်လျက် ရှိနေကြသည်။ ထို့ကြောင့် အာဏာပိုင်များ အနေဖြင့် ရွာသူရွာသားများ ကောင်းစားရေးကို လျစ်လျူရှုခြင်း မပြုဘဲ ရွာသူရွာသားများ၏ ဆန္ဒအတိုင်း ရွေးကောက် တင်မြှောက်ခဲ့သည့် ပုဂ္ဂိုလ်ကိုသာ ဦးစားပေး ခန့်အပ်ရန် အနူးအညွတ် ပန်ကြားလိုသည်ဟု ဒေသခံများက ပြောပါသည်။
အင်ကြင်းနိုင်
12.3.2016
တပ်မတော်ဘက်က ဒုသမ္မတ အဖြစ် မနေ့က အဆိုပြု တင်သွင်းတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေ (အငြိမ်းစား) ဟာ လက်ရှိ အမေရိကန် ဒဏ်ခတ် အရေးယူ ထားတဲ့ စာရင်းမှာ ရှိနေဆဲဖြစ်ပါတယ်။ အခုလို အရေးယူထားတဲ့ စာရင်းကနေ ပယ်ဖျက်ဖို့ ဆိုရင် သူ့ကိုဘာကြောင့် သွတ်သွင်းခဲ့ သလဲဆိုတဲ့ သူရဲ့လုပ်ရပ်ကို ဆက်ပြီး မလုပ်တော့ဘူး ဆိုတာ အခိုင်အမာ သက်သေပြဖို့ လိုတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနမှာ မနေ့က ပြုလုပ်တဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောခွင့်ရ ပုဂ္ဂိုလ် John Kirby ကပြောကြားခဲ့ ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက် တင်ပြမှာပါ။
၂၀၀၇ခုနှစ် ရန်ကုန်မြို့မှာဖြစ်ခဲ့တဲ့ လူထုဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းမှုနဲ့ ဆက်စပ်နေတယ် ဆိုပြီး အမေရိကန်ပြည်ထောင်စုက ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေကို ပစ်မှတ်ထားအရေးယူခဲ့တာဖြစ်ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ခံ OFAC ခေါ် နိုင်ငံခြားပိုင်ဆိုင်မှုပစ္စည်း ထိန်းချုပ်ရေးဌာနရဲ့ SDN ခေါ် ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့ အရေးယူဖို့ အထူးသတ်မှတ်ထားတဲ့ နိုင်ငံတွေနဲ့ လူပုဂ္ဂိုလ်တွေ စာရင်းအရ ၂၀၀၇ ခုနှစ် စက်တင်ဘာလ (၂၇) ရက် ရက်စွဲနဲ့ ဖေါ်ပြခဲ့တဲ့ အထဲမှာတော့ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေကို အဲဒီအချိန်က တပ်လုံခြုံရေး အကြီးအကဲရာထူးနဲ့ဖေါ်ပြထားပြီး ရန်ကုန်မြို့မှာဖြစ်ခဲ့တဲ့ လူထုဆန္ဒပြပွဲတွေမှာ အကြမ်းဖက်ဖိနှိပ်မှုတွေမှာ တာဝန်ရှိသူတဦး အဖြစ်ရေးသားထားပါတယ်။
အခုလို အမေရိကန်ရဲ့ဒဏ်ခတ်အရေးယူမှုစာရင်းမှာ (၉)နှစ်ဆက်တိုက်ပါနေတဲ့သူကို တပ်မတော်က ဒုသမ္မတ အဆိုတင်သွင်းခဲ့တာကြောင့် ဒုဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေကို အမေရိကန်အစိုးရက ပိတ်ဆို့မှုစာရင်းကနေ ပယ်ဖျက်ပေးဖို့ရှိပါသလားလို့ အမေရိကန်နိုင်ငံခြားရေးဌာနကို ဗွီအိုအေက ဆက်သွယ်မေးမြန်းရာမှာ ပြောခွင့်ရအမျိုးသမီးက အခုလိုပြောပါတယ်။
“ဦးမြင့်ဆွေအနေနဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု SDN စာရင်းမှာ ဘာကြောင့် ပါနေသလဲ ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာန ရဲ့ နိုင်ငံခြားငွေပိုင်ဆိုင်မှုများဆိုင်ရာ ထိန်းချုပ်ရေးဌာန ကို မေးမြန်းကြည့်ပါလို့ ကျမတို့ ညွှန်းလိုပါတယ်။ ဒုတိယသမ္မတလောင်း အမည် တင်သွင်းခြင်း ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလမှာ နောက်ထပ် အရေးကြီးတဲ့ခြေလှမ်း တရပ်ဖြစ်ပါတယ်။ ဒီလို အသွင်ကူးပြောင်းရေး ကာလကို ထောက်ခံအားပေးသွားဖို့လဲ အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန် အခိုင်အမာချထားပါတယ်။”
ဒါအပြင် နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတတွေကို မြန်မာပြည်သူတွေကသာ တိုက်ရိုက်ရွေးချယ်ခွင့်ရှိသင့်တယ်လို့ အမေရိကန်ဘက်ကမြင်ကြောင်း သူကအခုလိုပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အားနည်းချက်တွေရှိတယ်ဆိုတာကို အစဉ်တစိုက် အမေရိကန်ပြည်ထောင်စုက ထောက်ပြခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် လွှတ်တော်ရဲ့အမတ်နေရာ ၂၅%ကို စစ်တပ်အတွက် သတ်မှတ်ပေးထားတဲ့ အချက်ပါ။ ဒီအခြေအနေပေါ်မူတည်ပြီး စစ်တပ် ၂၅% ကိုယ်စားလှယ်ကနေ သမ္မတ ဒါမှမဟုတ် ဒုသမ္မတ လောင်းတွေကို အမည်တင်သွင်းခွင့်ရ တာဖြစ်ပါတယ်။ နိုင်ငံကိုခေါင်းဆောင်မယ့် ပုဂ္ဂိုလ်တွေကို နိုင်ငံသားတွေကသာ မဲပေးရွေးချယ်ခွင့်ရသင့်ကြပါတယ်။ အမျိုးသား စည်းလုံးညီညွတ်ရေး စိတ်ဓါတ်အရနဲ့ မြန်မာနိုင်ငံအတွက် အကောင်းဆုံးဖေါ်ဆောင်ပေးနိုင်ဖို့ ပြည်သူတို့ရဲ့ ဆန္ဒကို ကိုယ်စားပြုမယ့် ဒီမိုကရေစီနည်းကျ အရပ်သား အစိုးရဖွဲ့စည်းနိုင်ရေး အတွက် နိုင်ငံခေါင်းဆောင် အားလုံး ၀ိုင်းဝန်းကြိုးပမ်းကြဖို့ကိုလည်း အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။”
ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ (အငြိမ်းစား) ဟာ နိုင်ငံရေး၊ အုပ်ချုပ်ရေး အတွေ့အကြုံများစွာ ရှိသူတဦးဖြစ်တာကြောင့် ဒုသမ္မတအဖြစ် အဆို တင်သွင်းတာဖြစ်ကြောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်စန်းနိုင်က မနေ့ သောကြာနေ့က ကျင်းပတဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယ သမ္မတရွေးချယ်ရေး အစည်းအဝေးမှာ အခုလိုပြောသွားပါတယ်။
"ဦးမြင့်ဆွေ ဒုတိယဗိုလ်ချုပ်ကြီး အငြိမ်းစားဟာ ပထမအကြိမ် လွှတ်တော် သက်တမ်းကာလ အတွင်းမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့တဲ့ အတွက် နိုင်ငံရေးအတွေ့အကြုံ များစွာ ရှိသူတဦး ဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော် မှာ ဒုတိယ ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် အုပ်ချုပ်ရေး အတွေ့အကြုံများစွာ ရှိသူလည်းဖြစ်ပါတယ်။"
ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေကို တပ်မတော်က ဒုသမ္မတအဖြစ် တင်သွင်းတဲ့ အကြောင်းအရင်းတွေထဲမှာ တပ်တွင်းသူဟာ စီနီယာတဦးဖြစ်တဲ့အပြင် ဗိုလ်ချုပ်မှုးကြီးဟောင်းသန်းရွှေရဲ့ သစ္စာရှိတဲ့ လူယုံတဦးဖြစ်နေတယ် ဆိုတာတွေ့ရတယ်လို့ စစ်သံမှုးဟောင်း ဦးအောင်လင်းထွဋ်ကပြောပါတယ်။
သူဟာ တကယ်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ပီအေသဘောမျိုးပေါ့လေ ကျနော်တို့ ဒီတပ်မတော်မှာ လုပ်ငန်းတာဝန် အားလုံးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ မသွားခင်မှာ သူဆီကတဆင့် အားလုံးပဲ သွားရပါမယ်။ ဗိုလ်ချုပ်ကြီးခင်ညွန့်ပင်လျင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပြောချင်တဲ့အခါမှာ ဗိုလ်ချုပ်ကြီးမြင့်ဆွေက တဆင့် တင်ပြရတဲ့အနေအထားမျိုးရှိပါတယ်။ နောက်တခုက ကျနော်တို့ သိထားသလောက်ပေါ့လေ။ သထုံဇာတိပါ။ ဒေါ်ကြိုင်ကြိုင်နဲ့ ဆွေနီးမျိုးဆက် တူတော်တယ်လို့သိရပါတယ်။ ပအို့ဝ်အမျိုးသား နွယ်တဲ့အနေအထားမျိုး ရှိပါတယ်။ "
အရင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တုန်းက တပ်မတော်ဘက်ကနေ ဒုသမ္မတ အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်းမြင့်ဆွေကို တင်မြှောက်ဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ် ရှိခဲ့ကြောင်း မြန်မာ့နိုင်ငံရေးအကဲခတ် ဦးအောင်သူငြိမ်းကပြောပါတယ်။
" အရင်တချိန်တုန်းက ဒုသမ္မတဖြစ်တဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦးပေါ့နော် နှုတ်ထွက် ပါတယ်။ အဲ့ဒီ့အချိန်မှာ ဦးမြင့်ဆွေကို ဒုသမ္မတအဖြစ် တင်သွင်းမယ်ဆိုတဲ့ သတင်းတွေရှိခဲ့တာပေါ့။ သူ့ရဲ့သားမက်လို့ထင်ပါတယ်။ အဲ့တာက သြစတြေးလျမှာ နိုင်ငံသားဖြစ်နေတယ် ဆိုတဲ့သတင်းတွေနဲ့ အဲ့တာကြောင့်ပဲ ပုဒ်မ ၅၉ စ နဲ့ ညိတယ်ဆိုတဲ့ သတင်းတွေ အဲ့ဒီ့အချိန်က ကြားခဲ့ရတာပေါ့။"
မနေ့က လွှတ်တော်နှစ်ရပ် သမ္မတရွေးချယ်ရေး အစုအဖွဲ့တွေမှာ ဒုသမ္မတတွေကို မဲပေးရွေးချယ် ရာမှာ NLD ပါတီက အဆိုပြုထားသူနှစ်ဦးဖြစ်တဲ့ ဦးထင်ကျော်နဲ့ ဦးဟင်နရီဗန်တီးယူတို့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။
မတ်လ (၁၀)ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် သမ္မတ အရည်အချင်းနဲ့ ပြည့်စုံမှု ရှိမရှိ စိစစ်ရေး အဖွဲ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူလွှတ်တော် ဒုဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်၊ NLD ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာမျိုးအောင်၊ NLD အမျိုးသားလွှတ်တော်အမတ် ဦးဘမျိုးသိန်းနဲ့ တပ်မတော်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးတို့ ပါဝင်ပါတယ်။
မေခ
ဗွီအိုအေမြန်မာပိုင်း
11.3.2016
လွှတ်တော် ၂ရပ် သမ္မတ ရွေးချယ်ရေး အစုအဖွဲ့ တွေမှာ ဒုသမ္မတ တွေကို မဲပေး ရွေးချယ် ရာမှာ၊ NLD ပါတီက အဆိုပြုထားသူ နှစ်ဦးပဲ အပြတ်အသတ် အနိုင်ရ ခဲ့ပါတယ်။ သမ္မတ ရွေးချယ်ရေး တပ်မတော် အစုအဖွဲ့ဘက် ကတော့ လက်ရှိ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကို ဒု သမ္မတ အဖြစ် ရွေးချယ် လိုက်တာကြောင့်၊ ဒု သမ္မတ သုံးဦး ထွက်ပေါ်လာပါပြီ။ ဒီအထဲကနေမှ တဦးကို နိုင်ငံတော်သမ္မတအဖြစ် နောက်လာမယ့် သီတင်းပတ် ထဲ ပြည်ထောင်စု လွှတ်တော်မှာ ရွေးချယ်ဖို့ရှိပါတယ်။ သမ္မတရွေးချယ်မှု ဆိုင်ရာ အတွက် သတင်းယူဖို့ နေပြည်တော် ရောက်နေတဲ့ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။
ဒုသမ္မတအသီးသီးကို သမ္မတရွေးချယ်ရေးဆိုင်ရာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် အစုအဖွဲ့တွေက ဒီကနေ့မှာ မဲခွဲရွေးချယ်ခဲ့ တာဖြစ်ပါတယ်။ မနေ့က လွှတ်တော် ၂ရပ်မှာ ဒုတိယ သမ္မတလောင်း အမည်စာရင်း တင်သွင်းတာမှာ အနိုင်ရ NLD ပါတီအပြင် ကြံ့ခိုင်ရေးပါတီကပါ ဒုသမ္မတလောင်းအမည်စာရင်းတွေ တင်သွင်း ခဲ့တာ ကြောင့် အခုလို မဲခွဲဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဒီလို မဲခွဲတာမှာ ပြည်သူ့လွှတ်တော် ဆန္ဒမဲပေးနိုင်သူ အရေအတွက် ၃၁၇ ယောက်မှာ NLD ပါတီက တင်သွင်းတဲ့ ဦးထင်ကျော်က ၂၇၄ မဲ ရခဲ့ပြီး ကြံ့ခိုင်ရေးပါတီက တင်သွင်းတဲ့ လက်ရှိ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ၂၉မဲရခဲ့ပါတယ်။ ပယ်မဲကတော့ ၁၄မဲ ထွက်ခဲ့ပါတယ်။
ဒီလို NLDပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရရှိထားတဲံအပေါ် ကြံ့ခိုင်ရေးပါတီ က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင် ကတော့ ရွေးချယ်မှုအပေါ် အခုလို ပြောပြပါတယ်။
" ဒါကတော့ ပါတီအနေနဲ့ ရွေးချယ်တင်မြှောက်တယ်ဆိုတာထက် ကျနော်တို့ လွှတ်တော်ထဲမှာ ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ပြည်သူတွေက ရွေးချယ် ထားတဲ့ ကိုယ်စားလှယ်တွေပဲ။ ပြည်သူရွေးချယ်ထားတဲ့ ကိုယ်စားလှယ် အများစုကနေ ရွေးချယ်လိုက်တဲ့ ပုဂ္ဂိုလ်ကို အားလုံးကနေ လက်ခံကြရမှာပါ။ ဒီပုဂ္ဂိုလ်ကိုပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အများစုက ရွေးချယ်တင်မြှောက်လိုက်တာဖြစ်တဲ့အတွက် သူအကောင်းဆုံး နိုင်ငံ့အတွက် အကောင်းဆုံး ဦးဆောင်နိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ်။"
သမ္မတရွေးချယ်ရေးဆိုင်ရာ အမျိုးသားလွှတ်တော်အစုအဖွဲ့မှာတော့ ဆန္ဒမဲပေးနိုင်သူ အရေအတွက် ၁၆၇ယောက်မှာ NLD ပါတီက တင်သွင်းတဲ့ NLD အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဟင်နရီဗန်တီးယူက ၁၄၈ မဲရရှိခဲ့ပြီး ကြံ့ခိုင်ရေးပါတီ က တင်သွင်းတဲ့ အရင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ လက်ရှိ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်အောင်မြင့် က ၁၃မဲ ရခဲ့ပါတယ်။ ပယ်မဲ ၆မဲ ထွက်ခဲ့ပါတယ်။ မဲအရေအတွက် အသာနဲ့ အမျိုးသားလွှတ်တော်အစုအဖွဲ့က တင်သွင်းတဲ့ ဒုသမ္မတ အဖြစ် ဦးဟင်နရီဗန်တီးယူ ကိုရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ သမ္မတအရည်အချင်းစိစစ်ရေးအဖွဲ့မှာ လွှတ်တော် ၂ရပ်လုံးက ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တွေ၊ နောက် လွှတ်တော် ၂ရပ်က ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ် စားလှယ် ၂ဦး ၊ တပ်မတော်သားဘက်က ရွေးချယ်ထားတဲ့ တပ်မတော်သား ကိုယ်စားလှယ်တဦး စုစုပေါင်း ၇ဦးက စိစစ်ရွေးချယ်သွားမှာဖြစ်ပါတယ်။ ဒီစိစစ်ရေးအဖွဲ့မှာ ပါဝင်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘမျိုးသိန်း က ရွေးချယ်မယ့် စည်းမျဉ်းတွေနဲ့ပတ်သတ်ပြီး ခုလိုပြောပြပါတယ်။
" အထူးသဖြင့် နိုင်ငံသားဖြစ်မှုပေါ့ နိုင်ငံသားဖြစ်မှုမှာ ကာယကံရှင်ရဲ့ နိုင်ငံသားဖြစ်မှု၊ သူ့ရဲ့ပညာအရည်အချင်း၊ မှတ်ပုံတင်နံပတ်၊ သူ့ရဲ့အလုပ်အကိုင်ပါမယ်။ ဒါတွေကို စစ်ဆေးမယ်။ နောက် သူ့ရဲ့ မိသားစု၊ ဇနီးခင်ပွန်း၊ နောက်တခါ သားသမီးတွေ သူတို့ဟာ နည်းဥပဒေ မှာ ဖော်ပြထားတဲ့ အချက်တွေနဲ့ ကိုက်ညီခြင်း ရှိမရှိ စစ်ဆေးသွားမယ်။ ဒါဟာ ပထမဆုံးအချက်ပေါ့နော်။
ဒုတိယသမ္မတကျတော့ ထပ်ပြီးတော့ ပိုပြီးတော့ နည်းနည်းလေး အသေးစိတ် ပိုပြီးတော့ စစ်ဆေးတဲ့သဘောပဲ ဖြစ်မှာပါ။ သူတို့ ဥပဒေတွေ နည်းဥပဒေတွေ ဖော်ပြ ထားတဲ့ အတိုင်းပဲ ပုဒ်မ ၂၆ ၊ ပုဒ်မ ၂၇၊ ပုဒ်မ ၂၈ တို့ ဖော်ပြထားပါတယ်။ ဒီအတိုင်းစစ်ဆေးရမှာပါ။ လိုအပ်လို့ရှိရင် ကာယကံရှင်ကို မေးရမှာပေါ့။ နောက်လိုအပ်လို့ရှိရင် သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းတွေကိုလည်း မေးဖို့လိုတယ်။ ဒီဟာကတော့ ဒီလိုစစ်ဆေးမယ့်ပုံစံတွေ ရှိပါတယ်။ အဲ့ဒီ့အတိုင်းပဲ ကျနော်တို့ စစ်ဆေးသွားဖို့ရှိပါတယ်။"
လက်ရှိချိန်မှာ တပ်မတော်အစုအဖွဲ့က သူတို့ဘက်ကရွေးတဲ့ ဒုသမ္မတအဖြစ် လက်ရှိ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို ဒီကနေ့ဘဲရွေးချယ်လိုက်ပါတယ်။ ဒီလိုရွေးချယ် လိုက်တဲ့ အပေါ်မှာ ဝေဖန်မှုတွေထွက်ပေါ်နေတာတွေလည်းရှိပါတယ်။
တပ်မတော်ဘက်က ရွေးချယ်လိုက်တဲ့ ဒုသမ္မတနဲ့ ပတ်သတ်ပြီး မြန်မာ့နိုင်ငံရေးလေ့ လာ သုံးသပ်သူ ဦးစည်သူအောင်မြင့်က ခုလိုသုံးသပ်လိုက်ပါတယ်။
"တကယ်က အခု အာဏာအလွှဲအပြောင်းမှာဆိုရင် အကျိုးစီးပွားဆိုင်ရာ ကိစ္စတွေ တော်တော်များများက သမ္မတနဲ့ ဒီ NLD အစိုးရ လက်ထဲ ကို ရောက်လာလိမ့်မယ်လို့ ဆိုတဲ့အခါကျတော့ အရင် စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေ နောက် သူတို့ကျန်ရစ်သွားတဲ့ အကျိုးစီးပွားကိစ္စတွေက အများကြီး ကျန်ရစ်တယ်။ ဆိုတော့ ဒီဟာတွေကို ပြန်ပြီးတော့ ကာကွယ်ဖို့ ပြန်ပြီးတော့ ကိုယ်တွယ်ဖို့ ဆိုရင် ပြည်နယ်ဝန်ကြီးချုပ် ၊ တိုင်းဝန်ကြီးချုပ် အဆင့်လောက်တွေ ရာထူးရထားရင်လည်း ကိုင်တွယ်လို့ရတယ်။ ဒါပေမဲ့ အဲ့တာတွေနဲ့ ပတ်သက်လို့ ညှိနှိုင်းလို့မရဘူးနဲ့ တူပါတယ်။ ညှိနှိုင်းလို့မရတော့ ဒါတွေကို ကိုင်တွယ်နိုင်တဲ့ နေရာဟာ ဒုသမ္မတ (၁) ရဲ့ နေရာပဲ ဖြစ်တယ်။ ဒုသမ္မတ (၁)က ကိုင်တွယ်နိုင်တဲ့အခါကျတော့ ဗိုလ်ချုပ်မြင့်ဆွေ က အရင်စစ်အစိုးရ လက်ထက်ကတည်းက တာဝန်တွေလည်း ကြီးကြီးမားမား ယူခဲ့တယ်။ လက်ရှိ အချိန်အထိလည်း အကျိုးစီးပွားတွေနဲ့ပတ်သက်ပြီးတော့မှ အများကြီး ကိုယ်တွယ် ထားတဲ့ဟာတွေ ရှိတဲ့အခါကျတော့ သူ့ကို အဓိက ထားပြီးတော့ ကာကွယ်စောင့်ရှောက်ဖို့ သူ့ကို ဒုသမ္မတ ခန့်လိုက်တယ်လို့ ထင်ပါတယ်။"
ခုချိန်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့တပ်မတော်အစုအဖွဲ့တို့ကနေ ဒုသမ္မတတဦးစီ ရွေးချယ်ပေးလိုက်တာကြောင့် မကြာခင်မှာ ဒီဒုသမ္မတ တွေကို သမ္မတအရည်အချင်းနဲ့ပြည့်မှီခြင်း ရှိမရှိစိစစ်သွားမှာပါ။ ဒီလိုစစ်ဆေးပြီးရင် မဲခွဲကာ မဲအများဆုံးရသူကို နိုင်ငံတော်သမ္မတရွေးချယ်သွားမှာ ဖြစ်တာကြောင့် လာမယ့် မတ် ၁၅မှာ ပြည်ထောင်စု လွှတ်တော် ကျင်းပကာ နိုင်ငံတော် သမ္မတရွေးချယ်သွားဖို့ရှိပါတယ်။
မဲအပြတ် အသတ်ဖြင့် အနိုင် ရရှိခဲ့သည့် ဦးထင်ကျော် နှင့် ဦးဟင်နရီ ဗန်ထီးယူ ( ဓာတ်ပုံ- ဧရာဝတီ)
11.3.2016
NLD ပါတီ မှ အဆိုပြုခဲ့သည့် ဦးထင်ကျော် နှင့် ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူ က ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ မှ အဆိုပြု တင်သွင်းခဲ့သည့် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးခင်အောင်မြင့် တို့ ကို မဲအပြတ် အသတ်အနိုင်ရကာ ဒုသမ္မတနေရာ အတွက် အနိုင် ရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
ယနေ့ မနက် ၁၀ နာရီက ပြုလုပ်သည့် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ အစည်းအဝေးတွင် ဒုသမ္မတလောင်းများ ကို ဆန္ဒမဲပေးသည့် စနစ်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
NLD ပါတီမှ အဆိုပြုခဲ့သူ ဦးထင်ကျော် က ပြည်သူ့လွှတ်တော်တွင် ထောက်ခံမဲ ၂၇၄ မဲ ဖြင့် ၂၉ မဲ ရရှိခဲ့သည့် USDP ပါတီမှ ဒေါက်တာစိုင်းမောက်ခမ်းကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်တွင် ချင်းတိုင်းရင်းသား ဦးဟင်နရီဗန်ထီးယူ က ထောက်ခံမဲ ၁၄၆ မဲ ဖြင့် ဒုသမ္မတ အဖြစ် အနိုင်ရကာ ဦးခင်အောင်မြင့် က ၁၃ မဲ ဖြင့် ရှုံးနိမ့်ခဲ့သည်။
တပ်မတော်သားကိုယ်စားလှယ်များဘက်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ ကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းလာဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။
နိုင်ငံတော် သမ္မတ ရွေးချယ်မှု အစီအစဉ် ကို မတ် ၁၈ ရက် လွှတ်တော်တွင် ပြုလုပ် ရွေးချယ်မည် ဖြစ်သည်ဟု သိရသည်။
Rohingya Eye
RB News
9.3.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း လိပ်ရ ကျေးရွာ အခြေစိုက် နယ်မြေ (၄) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူး ပြည်ပြည်ဦးသည် မတ်လ (၆) ရက်နေ့တွင် အုလ္လာမျာ (ဘ) ဦးရှကူရ် (အသက် ၂၁ နှစ်) အား ဖမ်းဆီး၍ နယ်မြေရုံးတွင် ချုပ်နှောင် ထားခဲ့သည်။ ၎င်းအား တရားမ၀င် အိမ်ထောင်ပြုထားသည်ဟု စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ 
ထို့အပြင် ဦးဆွေတာလောမ် (ဘ) ဦးနူရ်ဂျာမာလ် (အသက် ၃၅ နှစ်) သည် နေအိမ်၏ ဟောင်းနွမ်းနေသော ၀ါးထရံများကို ပြုပြင်ခဲ့ရာ၊ ရဲမှူး ပြည်ပြည်ဦးအား အသိပေးခြင်း မရှိဟု ဆိုကာ ဖမ်းဆီး သွားခဲ့သည်။ ထို့နောက် ငွေကျပ် (၃) သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 
ရဲမှူး ပြည်ပြည်ဦးသည် အရာရှိကြီး တစ်ဦးဖြစ်သော်လည်း ကျင့်ဝတ် သိက္ခာနှင့် အညီ နေထိုင်ခြင်း မရှိဘဲ ညပိုင်းတွင် ပြည့်တန်ဆာများနှင့် ပျော်ပါးသူ တစ်ဦး ဖြစ်ပြီး၊ ဒေသခံ ရွာသားများကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်နေခြင်းမှာ နိုင်ငံတော် အတွက် လွန်စွာ သိက္ခာကျသည့် လုပ်ရပ်များ ဖြစ်သဖြင့် အထက် အာဏာပိုင်များက လိုအပ်သလို စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပြီး အမြန်ဆုံး အရေးယူသင့်သည်ဟု ဒေသခံများက ပြောပါသည်။
Rohingya Eye
RB News
9.3.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကညင်တန်း အုပ်ချုပ်ရေးမှူး ဦးဆီရာဇူလ္လာသည် ၎င်း၏ သက်တမ်း မကုန်ဆုံးမှီ ရွာသားများအား နတ်ခေါင်း (မ်) ဒီးယား အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ များနှင့် ပူးပေါင်း၍ အင်အားသုံးကာ ရွာသားများကို ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိသည်။ 
မတ်လ (၄) ရက်နေ့တွင် ဦးအာဇီမူလ္လာ (ဘ) ဦးဆာလေ (အသက် ၅၀ နှစ်) ကို တစ်ဖက်နိုင်ငံသို့ တရားမ၀င် သွားရောက်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် (၅) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 
ထို့အပြင် ကုန်လွန်ခဲ့သည့်နှစ် နှစ်ကုန်ပိုင်းတွင်လည်း အောက်ဖော်ပြပါ ရွာသားများထံမှ ငွေညှစ်ခဲ့သည်။ 
(၁) ဦးဇီယာဘူရာမန် (ဘ) ဟာဂျီဦးအဒူမူနာဖ် (အသက် ၃၀ နှစ်) ထံတွင် ငွေစက္ကူ အတုရှိသည်ဟု စွပ်စွဲ၍ ငွေကျပ် သိန်း (၄၀) ညှစ်ယူခဲ့သည်။ 
(၂) ဦးဟာဘီရောန်သည် ဟာဂ်ျဘုရားဖူးသွားရန် အတွက် တစ်ဖက်နိုင်ငံမှ တဆင့် တရားမ၀င် သွားခဲ့သည်ဟု စွပ်စွဲ၍ ငွေကျပ် (၃၃) သိန်း ညှစ်ယူခဲ့သည်။ 
(၃) ဦးအလီဇူဟာရ်၏ ဇနီး ဒေါ်အာရော်ဖာ (အသက် ၄၅ နှစ်) သည် တစ်ဖက်နိုင်ငံမှ တဆင့် တရားမ၀င် ဟဂ်ျဘုရားဖူး သွားခဲ့သည်ဟု စွပ်စွဲ၍ ငွေကျပ် သိန်း (၃၀) ညှစ်ယူခဲ့သည်။ 
(၄) ဦးမာမတ်ဟူဆောင်း၏ ချွေးမသည် မိမိကိုယ့်မိမိ အဆိပ်သောက်၍ သေကြောင်းကြံစည်ပြီး သေဆုံးသွားခဲ့သည်ကို ဦးမာမတ်ဟူဆောင်းက အဆိပ်တိုက်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် (၄၅) သိန်း ညှစ်ယူခဲ့သည်။ 
ဦးဆီရာဇူလ္လာသည် အုပ်ချုပ်ရေးမှူး တစ်ဦး၏ တာဝန် ၀တ္တရားအတိုင်း ထမ်းဆောင်ခြင်းမျိုး မဟုတ်ဘဲ လူဆိုးလူမိုက်ကဲ့သို့ ဆိုးသွမ်း ရမ်းကား၍ ငွေညှစ်နေခြင်းကို အထက် အာဏာပိုင်များက အမြန်ဆုံး အရေးယူ ဟန့်တားပေးရန် ဒေသခံ ရွာသားများက တောင်းဆိုနေကြသည်။
MYARF
RB News
9.3.2016
ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု၊ အကွက် (၄) မှ ဦးနုရ်အာလောမ် (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၃၅ နှစ်) အပါအ၀င် ဒေသခံ (၆) ဦးသည် မတ်လ (၆) ရက်နေ့ ညပိုင်းတွင် ငါးခြောက်၊ ကွမ်းသီး၊ အာလူးများ ယူပြီး ဦးအဒူလာမိန် ပိုင်ဆိုင်သည့် စက်တပ် လှေငယ် တစ်စီးဖြင့် ရသေ့တောင် မြို့နယ်၊ အာဂါတောင် ကျေးရွာအနီးရှိ ဥပေါက်ဈေးသို့ ဈေးရောင်းရန် သွားရောက်ခဲ့သည်။ ၎င်းတို့နှင့် အတူ သမီးလှ ကျေးရွာမှ သက်ကြီး ဇနီးမောင်နှံ နှစ်ဦးနှင့် ကလေးငယ် တစ်ဦးလည်း သွားရောက်ခဲ့သည်။ ည ၁၂ နာရီခန့် အချိန်တွင် ဥပေါက်ဈေး အနီးသို့ ရောက်ရှိပြီး လှေပေါ်တွင်သာ အိပ်ရန် ပြင်ဆင်နေချိန်တွင် ဥပေါက်ကျေးရွာရှိ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၄) ဦးရောက်ရှိလာပြီး ဈေးသည်များကို “ဘယ်ရွာကလာတာလဲ၊ ဘာကြောင့် လာတာလဲ” ဟုမေးမြန်းခဲ့ရာ ဈေးသည်များက ၎င်းတို့သည် ဈေးရောင်းရန် ရောက်ရှိလာခြင်း ဖြစ်သည်ဟု ဖြေကြားခဲ့သည်။ 
နယ်ခြားစောင့်ရဲများက သက်ကြီး ဇနီးမောင်နှံနှင့် ကလေးငယ်ကို လှေပေါ်တွင် ထား၍ ဈေးသည် (၆) ဦးကို စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ စခန်းသို့ ရောက်သည်နှင့် (၆) ဦးစလုံးကို ရိုက်နှက်ခဲ့သည်။ ထို့နောက် ဦးအဒူလာမိန်နှင့် ဦးနူရ်အာလောမ် တို့နှစ်ဦးကို စခန်းတွင် ထိန်းသိမ်းထားပြီး ကျန်သည့် (၄) ဦးကို လှေရှိရာသို့ ပြန်လွှတ်ခဲ့သည်။ စခန်းတွင် ထိန်းသိမ်းထားသူ နှစ်ဦးကို နံနက် (၃) နာရီထိ ရိုက်နှက်ခဲ့သည်။ နယ်ခြားစောင့်ရဲ များ၏ ရိုက်နှက်မှုကြောင့် ဦးအဒူလာမိန်သည် ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး၊ ဦးနူရ်အာလောမ်၏ ဦးခေါင်းနှင့် နှုတ်ခမ်းများ ကွဲပြတ်ကာ ဒဏ်ရာပြင်းထန်စွာ ရရှိ၍ သတိလစ်သွားခဲ့သည်။ နံနက် (၃) နာရီ အချိန်တွင် နယ်ခြားစောင့်ရဲ များက ဦးအဒူလာမိန်ကို ဦးနူရ်အာလောမ်အား ထမ်းခိုင်းက နယ်ခြားစောင့်ရဲများ နောက်ကလိုက်၍ လှေရှိရာသို့ ပို့ကာ ပြန်သွားခိုင်းခဲ့သည်။ 
နံနက် (၄) နာရီအချိန်တွင် အိမ်သို့ ပြန်လည် ရောက်ရှိလာပြီး ချက်ချင်းဆိုသလို ညောင်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက် တိုင်ကြားရာ နယ်ခြားစောင့်ရဲ များက နံနက်မိုးလင်းမှသာ လာရောက်ရန် ပြောကြားပြီး ပြန်လွှတ် ခဲ့သည်။ ထို့နောက် ကျေးရွာရှိ ရမ်းကုအား ဆေးကုသပေးရန် ခေါ်သော်လည်း ၎င်းက ရဲစခန်း ထောက်ခံချက် မပါဘဲ ဆေးကုသ မပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ 
နံနက် မိုးလင်းသည်နှင့် ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ထပ်မံ သွားရောက် တိုင်ကြားရာ နယ်ခြားစောင့်ရဲ များက ရသေ့တောင် မြို့နယ် ပိုင်နက်တွင် ဖြစ်ပွားခဲ့သောကြောင့် ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ပြောကြားခဲ့သည်။ သို့ဖြစ်၍ ဦးနူရ်အာလောမ်၏ မိသားစုက ဘူးသီးတောင် မြို့နယ်သို့ သွားရောက်၍ သက်ဆိုင်ရာ ဌာနများကို တိုင်ကြားခဲ့သည်။ နေ့လည် ၁၂ နာရီခန့် အချိန်တွင် ဘူးသီးတောင် မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးအောင်ဘာလေနှင့် အဖွဲ့သည် ဦးနူရ်အာလောမ်၏ နေအိမ်သို့ သွားရောက် စစ်ဆေးကာ ဘူးသီးတောင် ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေခဲ့သည်။ ယခုအခါ ဦးနူရ်အာလောမ်သည် ဘူးသီးတောင် ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိသည်။ သို့သော်လည်း ၎င်း၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်ဟု ဒေသခံများက ပြောပါသည်။ 
ဥပေါက်ဈေးတွင် တနင်္လာနေ့နှင့် သောကြာနေ့များသည် ဈေးနေ့များ ဖြစ်သည်။ နံနက် အာရုဏ်တက်ချိန်မှ နံနက် ၁၀ နာရီထိသာ ဈေးရောင်းကြလေ့ ရှိသည်။ သို့ဖြစ်၍ နံနက် စောစော ဈေးရောင်းနိုင်ရန် ညအချိန်ကပင် သွားရောက် စောင့်ဆိုင်း နေရသည်။ ဥပေါက်ဈေးတွင် ၂၀၁၂ ခုနှစ် အရေးအခင်း နောက်ပိုင်းတွင် ရိုဟင်ဂျာများကို ဈေးရောင်းဝယ်ခွင့် မပြုခဲ့သော်လည်း ဖေဖော်ဝါရီလတွင် ဈေးခေါင်း (ဈေးကောက်) အဖွဲ့က မည်သူမဆို လာရောက် ဈေးရောင်းဝယ် နိုင်ကြောင်း ပြောကြားခဲ့သော်လည်း ယခုကဲ့သို့ ဈေးရောင်းရန် လာရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။
MYARF
RB News
9.3.2016
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ သပိတ်တောက် ကျေးရွာ၌ ကျေးရွာတာဝန်ခံ ရွေးချယ်ရာတွင် လက်ရှိ ကျေးရွာ တာဝန်ခံ ဦးရှောရ်ဟူစိန်း ရှုံးနိမ့်ခဲ့သောကြောင့် ၎င်းက ညောင်ချောင်း စခန်းမှ နယ်ခြားစောင့်ရဲ များနှင့် ပူးပေါင်း၍ ရွာသားများကို အမျိုးမျိုး လုပ်ကြံ၍ ငွေညှစ်လျက် ရှိသည်။ 
ဖေဖော်ဝါရီလ (၂၈) ရက်နေ့ ည ၉း၃၀ နာရီ အချိန်တွင် ညောင်ချောင်း စခန်းမှ နယ်ခြားစောင့်ရဲများ ခေါ်လာပြီး ဦးအေနာမူလ္လာ (ဘ) ဦးနူရ်ဟူစိန်း၊ ဦးရှောမ်ရှု (ဘ) ဦးနူရ်အစ္စလာမ်နှင့် ဦးနူရ်မာမတ် (ဘ) ဦးအေဇာရ်မျာ တို့ကို ၎င်းတို့၏ နေအိမ် အသီးသီးမှ ဖမ်းဆီး၍ ခွင့်ပြုချက် မပါဘဲ အိမ်ပြုပြင် ခဲ့သည်ဟု ဆိုကာ ငွေကျပ် တစ်သိန်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ၎င်းတို့ (၃) ဦးသည် နေအိမ်များ၏ ပျက်စီးနေသည့် အစိတ်အပိုင်း အချို့ကိုသာ ပြုပြင်ခဲ့ခြင်း ဖြစ်ပြီး၊ နေအိမ်တစ်အိမ်လုံး ပြုပြင်ခဲ့ခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 
ထို့နောက် ည ၁၀း၃၀ နာရီ အချိန်တွင် စကားပြော၍ လမ်းလျှောက် သွားနေသည့် ဆယ်ကျော်သက် ကလေး (၃) ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး ငွေကျပ် (၈) သောင်း ညှစ်ယူခဲ့သည်။ ငွေညှစ်ခံရသည့် ကလေးများမှာ -- 
(၁) ရှာကဲရ် (ဘ) မော်လ၀ီ ဇာဖောရ်အာလောမ် - ညှစ်ခံရငွေကျပ် (၃) သောင်း
(၂) မူဟီအုဒ္ဒိန် (ဘ) ဦးအီနုစ် -- ညှစ်ခံရငွေကျပ် နှစ်သောင်းငါးထောင်
(၃) ဆော်လိမ် (ဘ) ဦးဂျော်မိလ် -- ညှစ်ခံရငွေကျပ် နှစ်သောင်းငါးထောင် -- တို့ဖြစ်သည်။
Rohingya Eye
RB News
8.3.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း လိပ်ရ ကျေးရွာ အခြေစိုက် နယ်မြေ (၄) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူး ပြည်ပြည်ဦးသည် လိပ်ရ ရွာသားများ အိမ်၊ ဆိုင်များ ပြုပြင်လျှင် အသစ် ဆောက်လုပ်နေသည်ဟု စွပ်စွဲ၍ နယ်မြေရုံးသို့ ဖမ်းဆီး ခေါ်ဆောင် သွားပြီး ငွေညှစ်၍ ပြန်လွှတ်ပေး နေကြောင်း သတင်း ရရှိပါသည်။ 
ရဲမှူး ပြည်ပြည်ဦးက မတ်လ (၂) ရက်နေ့တွင် မုန့်ဆိုင်ရောင်းသည့် ဦးနူရ်ဟူဆောင်း (ဘ) ဦးအလီမျာ (အသက် ၃၀ နှစ်) ၏ ဆိုင်မှ ပစ္စည်း အချို့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ပစ္စည်းများဟု စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။
ဖူတူယာ (ဘ) ဦးအဒူမာဘူဒ် (အသက် ၂၁ နှစ်) က ဆိုင်မှ ပျက်စီးနေသည့် ၀ါးထရံများကို အစားထိုး လဲလှယ်နေသည်ကို အသစ် ဆောက်လုပ်နေသည်ဟု စွပ်စွဲ၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 
ဦးရူလ်အာမီးန် (ဘ) ဦးအဒူဇော်ဘော်ရ် (အသက် ၄၀ နှစ်) က နေအိမ် ပြုပြင်နေသည်ကို အကြောင်းပြ၍ ရဲမှူးက ဖမ်ဆီး ခေါ်ဆောင်သွားပြီး ယခုအချိန်ထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးကြောင်း သိရှိရသည်။ 
ရဲမှူး ပြည်ပြည်ဦးအား ငွေညှစ်နိုင်ရန် မဟုတ်မမှန် သတင်းပေးနေသူမှာ ဇူးမ်းခါးရာရွာမှ ဦးအာယုပ် (ဘ) ဦးကာဆိမ်း (အသက် ၃၅ နှစ်) ဖြစ်ပြီး၊ ၎င်းသည် ရဲမှူး ပြည်ပြည်ဦးနှင့် လွန်စွာ ရင်းနှီးနေရခြင်းမှာ ရဲမှူးအတွက် ညအချိန်တွင် ပြည့်တန်ဆာ မိန်းကလေးများ ခေါ်ယူပေးခြင်းမှ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ မတရားသဖြင့် ငွေညှစ်နေသည့် ရဲမှူး ပြည်ပြည်ဦးအား အထက် အာဏာပိုင်များက စုံစမ်း စစ်ဆေးပြီး အရေးယူပေးရန် ဒေသခံများက လိုလားနေကြသည်ဟု ဆိုသည်။
MYARF
RB News
7.3.2016
ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ အနောက်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သည် ဇန်န၀ါရီလတွင် ကျင်းပခဲ့သည့် ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် ပြိုင်ဘက် ဦးရှကူရ်ကို ရှုံးနိမ့်ခဲ့သော်လည်း ရွေးကောက်ပွဲ ရလာဒ်ကို လက်မခံဘဲ ရွေးကောက်ပွဲကို သုံးကြိမ်တိုင်တိုင် ကျင်းပစေခဲ့သည်။ သုံးကြိမ်စလုံးတွင် ဦးရှကူရ်သာ အနိုင်ရခဲ့သည်။ 
သို့ဖြစ်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က ကူတောင် အခြေစိုက် အမှတ် (၅၅၁) တပ်ရင်းမှ ဗိုလ်မှူး စိုင်းအောင်ကျော်ကို ငွေသိန်းပေါင်းများစွား ပေး၍ ရွာသားများကို ညှဉ်းပန်း နှိပ်စက်စေသည်ဟု ဒေသခံများက RB News သို့ပြောသည်။ ၎င်းက စစ်တပ်ကို အသုံးချ၍ ရွာသားများအပေါ် ရက်စက်လျက် ရှိသည်။ ၎င်း၏ ရက်စက်မှုကြောင့် ကျေးရွာရှိ အများပြည်သူ လေးစားခြင်း ခံရသူ အများအပြား ကျေးရွာတွင် မနေနိုင်တော့ဘဲ တိမ်းရှောင်နေရသည်။ 
ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် တပ်ရင်း (၅၅၁) မှ ဗိုလ်မှူး စိုင်းအောင်ကျော်ကို ငွေကျပ် သိန်း ၃၀ ပေး၍ ရွာသားများကို အစည်းအဝေး ကျင်းပရန် ရှိသည်ဟု ဆိုကာ ခေါ်စေပြီး ယင်းကျေးရွာရှိ ဗလီခြံဝင်းထဲတွင် စုဝေးစေပြီးနောက် စစ်သားများက အစည်းအဝေး တက်ရောက်လာကြသည့် ရွာသားများကို ခြိမ်းခြောက်၍ လျှောက်လွှာ အလွတ်ပေါ်တွင် အတင်းအဓမ္မ လက်မှတ်ရေးထိုး ခိုင်းခဲ့သည်။ ရွာသားများ လက်မှတ်ထိုးပြီးသည်နှင့် လျှောက်လွှာပေါ်တွင် ရွာသားများ အနေဖြင့် ဦးရှကူရ်ကို အလိုမရှိကြောင်း၊ ဦးမောင်မောင်ကိုသာ ထောက်ခံ လိုလားကြောင်း ရေးသား၍ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးသို့ တင်ပြခဲ့သည်။ 
ထို့နောက် အစည်းအဝေး တက်ရောက်ခြင်း မရှိသောသူ များကို စစ်သားများနှင့် အတူသွား၍ ဖမ်းဆီးရန် ရှာဖွေခဲ့သည်။ ထို့ကြောင့် အစည်းအဝေး မတက်ရောက် ခဲ့သူများ ကျေးရွာတွင် မနေနိုင်တော့ဘဲ တိမ်းရှောင်နေရသည်။ ယင်းကျေးရွာရှိ အများ ပြည်သူ လေးစားသော လူကြီးများ အားလုံးက ဦးရှကူရ်ကိုသာ ထောက်ခံသဖြင့် ၎င်းတို့ကို မကြာခဏ စစ်သားများနှင့် အတူ လာရောက် ဖမ်းဆီး ရိုက်နှက် ငွေညှစ်လျက် ရှိသဖြင့် တိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောပါသည်။
ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က ယခုကဲ့သို့ သောင်းကျန်း၍ ညှဉ်းပန်း နှိပ်စက်နိုင်ရန် ရန်ကုန်မြို့မှ ၎င်း၏ ဦးလေး တော်စပ်သူ ဦးဆော်လိမ်က ငွေကြေး ထောက်ပံ့လျက် ရှိပြီး၊ ဦးဆော်လိမ်က အနောက်ပြင် ရွာသားများ ၂၀၁၂ ခုနှစ် အရေးအခင်းမှ စ၍ ရွာအတွင်း ပိတ်မိနေသဖြင့် စားဝတ်နေရေး အတွက် ထောက်ပံ့ပေးရန် လုပ်ငန်းရှင် များထံမှ အလှူငွေများ ရယူကာ တူတော်စပ်သူ ဦးမောင်မောင် အုပ်ချုပ်ရေးမှူး ရာထူး ရရန် အတွက် အလွဲသုံးစား ပြုလုပ်နေသည်ဟု ရွာသားများက ဝေဖန် ပြောဆိုနေကြသည်။
မတ်လ ၆ ရက်နေ့က ရန်ကုန်မြို့ တော်ဝင် နှင်းဆီမှာ ရခိုင် အမျိုးသား ပါတီက ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ၆ ဦး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် နေစဉ်
ဒီဗွီဘီ
7.3.2016
မတ်လ ၆ ရက်နေ့က ရန်ကုန်မှာ တော်ဝင်နှင်းဆီ ခန်းမမှာ သတင်းစာ ရှင်းလင်း ခဲ့ကြတဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ၆ ဦးကို မတ်လ ၁၁ ရက်နေ့ ကျရင် စစ်တွေမြို့ ပါတီဌာနချုပ်မှာ စစ်ဆေးဖို့ ရခိုင် အမျိုးသားပါတီ စည်းကမ်း ထိန်းသိမ်းရေး ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက စာထုတ်ပါတယ်။
အခုစစ်ဆေးခံရမယ့် ဦးကျော်မြင့်၊ ဦးလှမြင့်၊ ဦးမျိုးကျော်၊ ဦးမျိုးဆွေ၊ ဦးထွန်းရွှေသိန်း၊ ဦးသန်းနိုင်မြင့်တို့ဖြစ်ကြပြီး အဖွဲ့ဝင် ၅ ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက် တွေကို မှတ်ချက်နဲ့တကွ မတ်လ ၁၂ ရက်နေ့ အပြီးသတ်တင်ပြရမယ်လို့ဆိုပါတယ်။
ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့ခွင့်မရရင် အတိုက်အခံအဖြစ် ရပ်တည်မည်ဆိုတဲ့ ရခိုင်အမျိုးသားပါတီကြေညာချက်ဟာ တရားမ၀င်ကြောင်းနဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများအဖွဲ့ချုပ် (ယူအန်အေ)နဲ့လည်း ဆက်ဆံရေးဖြတ်တောက်မှာ မဟုတ်ကြောင်း ၆ ဦးက ရှင်းလင်းခဲ့ကြတာဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကာလမှာ အနိုင်ရတဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနဲ့ ၁၉၉၀ ပြည့် ရွေေးကာက်ပွဲမှာ အနိုင်ရတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ဟာ ၂၀၁၄ ခုနှစ်မှာ ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီအဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။ အခု စစ်ဆေးခံကြရမယ့် ၆ ဦးဟာ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်က ဖြစ်ပါတယ်။
ခိုင်​မြဲတဲ့ ယုံကြည်​ချက်
ရေးသားသူ - ရိုသစ္စာ(သားကြီး) နှင့် ယျာတင်​ (MYARF)
RB ကဗျာ
6.3.2016
နင်း​ချေခံ​ ​မျှော်​လင့်ချက်
မှောင်​လွန်းလည်း တို့ကမ္ဘာ 
ဒီမှာ ကိုယ့်​လူ 
ငါတို့ ဘယ်​​တော့မှ 
လွယ်​လွယ်​ လက်​မ​လျှော့ရဘူး။
ဒီမှာ ကိုယ့်​လူ 
ငါတို့ ဘယ်​​တော့မှ 
ဒူး​ထောက်​ အရှုံးမ​ပေးရဘူး။
ဒီမှာ ကိုယ့်​လူ 
ငါတို့ ​ဘယ်​​တော့မှ 
ခေါင်းငုံ့ အညံ့မခံရဘူး။
ပိတ်​ပင်​ထား ​ငါတို့ရိက္ခာ 
ပေးဆပ်​ရလည်း ငါတို့သိက္ခာ 
ဒီမှာ ကိုယ့်​လူ 
ဇွဲ​လျှော့ ​လက်​မ​မြှောက်​ရဘူး။
ဒုက္ခပင်​လယ်​ ကျယ်​ပါ​စေ 
လှိုင်းလုံး​တွေလည်း ထန်​ပါ​စေ 
ဒီမှာ ကိုယ့်​လူ 
လွတ်​လပ်​​ရေးကမ်းသို့ အ​ရောက်​လှမ်းမယ်
ဒါငါတို့ရဲ့ ခိုင်​မြဲတဲ့ ယုံကြည်​ချက်​ပဲ။
MYARF
RB News
6.3.2016
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ပြောင်းရွှေ့လာခဲ့သည့် ရဲမှူး အသစ်သည် ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အပိုင် ကျေးရွာအုပ်စုများ ဖြစ်သည့် ကကျက်ဘက်၊ ကကျဘက်ကံပြင်၊ အလယ်ချောင်း၊ မြောင်နား၊ ဂိုတာပြင်၊ ဖိုးခေါင်ချောင်း၊ စိမ်းညှင်းပြား၊ သိမ်တောင်ပြင်၊ ဖရုံချောင်း၊ ပြိုင်းတောင်၊ ဖုရားပြင်အောင်ပ၊ သပိတ်တောင်၊ အထက်ကျွဲကြိုမော်၊ ဒုအိုးသည်မ၊ ရွှေထား စသော ကျေးရွာအုပ်စု များမှ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် အဖွဲ့များကို စခန်းသို့ ဆင့်ခေါ်၍ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။ 
အဆိုပါ အစည်းအဝေးတွင် ရဲမှူးက လွန်ခဲ့သည့် သုံးလေးလ ကာလ အတွင်း (ယခင် ရဲမှူးလက်ထက်) ဆောက်လုပ် မွမ်းမံခဲ့သည့် နေအိမ်များကို နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ကွင်းဆင်း စစ်ဆေး သွားမည် ဖြစ်ကြောင်း၊ ထိုနေအိမ်များ ဆောက်လုပ်ရာတွင် သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနှင့် မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာ တို့မှ ခွင့်ပြုချက် ရယူပြီး ဆောက်လုပ်ခဲ့ခြင်း ဖြစ်သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဆောက်လုပ်ခွင့် ရယူခဲ့ခြင်း ရှိ/မရှိ ကိုလည်း စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ အကယ်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ နေအိမ် ဆောက်လုပ်ခွင့် အမိန့်စာ မတွေ့ရှိပါက အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
အကယ်၍ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ယခင် ရဲမှူး ထံမှ ခွင့်ပြုချက် ရယူခဲ့သော်လည်း ယခုအခါ ၎င်း၏ ချုပ်ကိုင်မှုအောက်တွင် ရှိသောကြောင့် အိမ်တစ်အိမ်လျှင် ငွေကျပ် ၂၅၀၀၀/- စီ ပေးသွင်း ရမည် ဖြစ်ကြောင်း၊ ငွေမပေးသွင်းသူ များကို ဖမ်းဆီး အရေးယူ သွားမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။ 
ဆက်လက်၍ ရဲမှူးက ၎င်းပိုင် ကျေးရွာအုပ်စုများ အတွင်းရှိ လှေငယ်များ တစ်စီးလျှင် ငွေကျပ် ၂၅၀၀၀/- စီ ပေးသွားရမည် ဖြစ်ကြောင်း၊ စက်လှေ တစ်စီးလျှင် ငွေကျပ် ၅ သောင်းစီ ပေးသွင်းရမည် ဖြစ်ကြောင်း၊ ငွေမပေးသည့် စက်လှေများနှင့် လှေများကို သွားလာခွင့် ပိတ်ပင်သွားမည်ဟု ပြောကြားခဲ့သည်။ 
မတ်လ (၁) ရက်နေ့မှ စ၍ နယ်ခြားစောင့်ရဲ များကို ကျေးရွာများသို့ စေလွှတ်၍ အိမ်အသစ် ဆောက်လုပ်ခဲ့သူများ၊ လှေများနှင့် စက်လှေ ပိုင်ရှင်များ၏ စာရင်းများ ပြုစု၍ ၎င်းတို့ကို စခန်းသို့ ဆင့်ခေါ်လျက် ရှိသည်။ ရိုဟင်ဂျာများသည် ယခင် စစ်အစိုးရ လက်ထက်မှ စ၍ နေအိမ်အသစ်များ ဆောက်လုပ်ခြင်း မပြုလုပ်နိုင်သည့် အပြင် ယိုယွင်း ပျက်စီးနေသည့် နေအိမ်ဟောင်းများကို မွမ်းမံရန် အတွက် ငွေကျပ် သိန်းပေါင်းများစွာ အကုန်အကျခံပြီး ခွင့်ပြုချက် ရယူခဲ့ရသည်။ ထိုသို့ ခွင့်ပြုချက် ရယူရာတွင်လည်း ခွင့်ပြုချက်တွင် အိမ်ကို တစ်လအတွက် အပြီး ဆောက်လုပ်ရမည်ဟု ပါရှိသည်။ တစ်လအတွင်း မဆောက်နိုင်၍ တစ်စိတ်တစ်ပိုင်း ကျန်ရှိသော အိမ်များကို ညောင်ချောင်း စခန်းမှ နယ်ခြားစောင့်ရဲများက ကွင်းဆင်း၍ ဓါတ်ပုံ ရိုက်ယူပြီး အိမ်ကို ဆက်လက် မဆောက်ရန် တားမြစ်ခဲ့သည်။ ယခုအခါ ဆောက်လုပ်ဆဲ ဖြစ်နေသည့် အိမ်များကို ဆက်လက် ဆောက်လိုပါက ငွေကျပ် ၅ သောင်းစီ ပေးရမည်ဟု ခြိမ်းခြောက် ပြောဆိုလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။
Rohingya Eye
RB News
6.3.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ခလုံး ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် ဖေဖော်ဝါရီလ (၂၆) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် ဦးဟာဆောင်း (ဘ) ဦးအဒူဂေါ်ဖော်ရ် (အသက် ၄၇ နှစ်) ကို ဖမ်းဆီး၍ စခန်းတွင် ချုပ်နှောင် ထားခဲ့သည်။ နယ်ခြားစောင့်ရဲ များက ၎င်းအား တုတ်ဖြင့် လူမဆန်စွာ ရိုက်နှက်မှုကြောင့် ဦးခေါင်းနှင့် လက်မောင်းတို့တွင် ဒဏ်ရာ ရရှိခဲ့သည်။ ဒဏ်ရာများ သက်သာစေရန် ဆေးကုသခွင့် မပေးဘဲ စခန်းတွင် ဆက်လက်၍ ချုပ်နှောင် ထားဆဲ ဖြစ်ကြောင်း သိရသည်။ ၎င်းအား အိမ်နီးချင်း တစ်ဦးနှင့် စကားများသည်ကို အကြောင်းပြု၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 
ယင်းနေ့တွင်ပင် အဆိုပါ နယ်ခြားစောင့်ရဲ များက ဦးမာမတ်ဟာရှိမ်း (ဘ) ဦးအဒူလော်တိဖ် (အသက် ၄၆ နှစ်) ကိုင်ဆောင်သော MPT ဆင်းမ်ကဒ်ပါ ဖုန်းကို စစ်ဆေးပြီး ဘင်္ဂလား ဆင်းမ်ကဒ် ထည့်သွင်းပေးကာ ဘင်္ဂလား ဖုန်းမိသည်ဟု လုပ်ကြံ၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
Rohingya Eye
RB News
6.3.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ဂေါ်ဒူသာရ ကျေးရွာ၏ အရှေ့ဘက်ရှိ ရွှေဗဟို (န.တ.လ) ရွာနှင့် ကပ်လျက် ရှိသည့် တောင်များသည် ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် တောင်များ ဖြစ်သည်။ အဆိုပါ တောင်များအတွက် နှစ်စဉ်နှစ်တိုင်း မြို့နယ် အခွန်ဦးစီးဌာနသို့ ငွေပေးသွင်းရသည့် အခွန်ပြေစာများလည်း ရှိကြသည်။ အဆိုပါတောင်များတွင် အော်ရီးရှားပင်များ စိုက်ပျိုးနိုင်ရန် သစ်တောဦးစီးဌာနသို့ ၂၀၁၁ ခုနှစ်က ခွင့်ပြုချက် လျှောက်ထားခဲ့ရာ သစ်တော ဦးစီးဌာနမှ ၀န်ထမ်းများ ကိုယ်တိုင် လာရောက် စစ်ဆေး၍ တောင်များကို တိုင်းတာပြီး ဥယျာဉ်ခြံ အဖြစ် ခွင့်ပြုခဲ့သောကြောင့် အဆိုပါ အပင်များကို စိုက်ပျိုးခဲ့ကြသည်။ 
၂၀၁၂ ခုနှစ် ပဋိပက္ခ ဖြစ်ပွားပြီး နောက်ပိုင်းမှစ၍ အဆိုပါ တောင်များသို့ ရိုဟင်ဂျာများ သွားခွင့် ပိတ်ပင်ခံ ခဲ့ရသည်။ သွားရောက်သူ များမှာလည်း ရခိုင်များ၏ ရန်ပြုခံရခြင်း၊ အာဏာပိုင်များ၏ ညှဉ်းပန်း နှိပ်စက်မှုကို ခံရခြင်း တို့ကြောင့် သွားလာမှု မရှိတော့ဟု ဒေသခံများက RB News သို့ပြောပါသည်။ တောင်များရှိ ဥယျာဉ်ခြံများတွင် စိုက်ပျိုးထားသည့် အပင်များက န.တ.လ ရွာမှ ရခိုင်များနှင့် ဘုန်းကြီးများက ခုတ်လှဲ ခဲ့ကြသည်။
ယခုအခါ အခြေအနေ တည်ငြိမ်မှု ရှိလာသောကြောင့် ဥယျာဉ်ခြံ ပိုင်ရှင်များက မိမိတို့၏ သားသမီးများကို စေလွှတ်၍ ခြံများတွင် အပင်များ ပြန်လည် စိုက်ပျိုးနိုင်ရန် ကြိုးစားခဲ့ရာ၊ ဘုန်းကြီးများနှင့် ရခိုင်များက ကလေးငယ်များကို နှင်ထုတ်သောကြောင့် နေအိမ်များသို့ ပြန်လာခဲ့ရသည်။
ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် သစ်တောဦးစီးဌာနသို့ သွားရောက်၍ ပြောဆိုသောအခါ သစ်တောဦးစီးဌာနမှ တောအုပ် အဆင့်ရှိသူ ဂွမြို့ဇာတိသား ဦးကျော်မင်းထွန်းက အဆိုပါ ဥယျာဉ်ခြံမြေ များသည် နိုင်ငံသား မဟုတ်သူများက မူလပိုင်ရှင် ဖြစ်သော်လည်း ယခု ပိုင်ဆိုင်မှု မရှိတော့ကြောင်း၊ အဆိုပါ ဥယျာဉ်ခြံမြေ များမှာ ရွှေဗဟို (န.တ.လ) ရွာရှိ ဘုန်းကြီးကျောင်းမှ ဆရာတော်၏ အမည် ပေါက်နေပြီ ဖြစ်ကြောင်း၊ အဆိုပါ ဥယျာဉ်ခြံမြေ များကို ဆရာတော်ကသာ ပိုင်ဆိုင်တော့ကြောင်း ပြောဆိုခဲ့သည်။ 
ရွှေဗဟို (န.တ.လ) ရွာတည်ရှိသော လယ်မြေများမှာ ယခု ဥယျာဉ်ခြံမြေ ပိုင်ဆိုင်သည့်သူ များ၏ လယ်မြေများ ဖြစ်သည်။ ယခုအခါ ကျန်ရှိသည့် တောင်များကိုပင် ဆရာတော်၏ အမည်သို့ ပြောင်း၍ အတင်းအဓမ္မ သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။ 
အတင်း အဓမ္မ သိမ်းဆည်းခံရသည့် ဥယျာဉ်ခြံမြေ များ၏ မူလပိုင်ရှင်များမှာ -- 
(၁) ဦးခင်မောင်လှ (ခ) ဦးမာမတ်ရှား (ဘ) ဦးဖော်ဇော်လ်အာမတ် 
(၂) ဦးမောန်တာစ်အုလ္လာ (ဘ) ဦးဆွေတာမောတ် (အသက် ၃၀ နှစ်) 
(၃) ဦးနူရ်မာမတ် (ဘ) ဦးဆွေယာဒ်မာဒူ (အသက် ၆၀ နှစ်)
(၄) ဦးနူရူဟောက်ခ် (ဘ) ဦးအူလာမျာ (အသက် ၅၀ နှစ်)
(၅) ဦးနူရ်ဟူစိန်း (ဘ) ဦးအူမောရ်အာဘာစ် (အသက် ၅၅ နှစ်)
(၆) ဦးခေါ်ဘိရ်အာမတ် (ဘ) ဦးအဒူဆလာမ် (အသက် ၃၅ နှစ်)
(၇) ဦးမော်ဂုလ်အာမတ် (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၃၆ နှစ်) -- တို့ဖြစ်သည်။
Rohingya Eye
RB News
6.3.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် (နာရီးဘီလ်) ကျေးရွာအုပ်စု အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ များသည် အဆိုပါ ကျေးရွာအုပ်စု တောင်ရွာမှ ဦးအီဒီရိစ် (ဘ) ဦးယူဆုပ် (အသက် ၄၇ နှစ်)၊ အရှေ့ရွာမှ ဦးဆော်လိမ် (ဘ) ဦးဘာရှုး (အသက် ၃၀ နှစ်) တို့နှင့် ပူးပေါင်းပြီး ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှ စတင်၍ ဒေသခံ ရိုဟင်ဂျာများ၏ သစ်သားအိမ်များ၊ တဲအိမ်များ ပြုပြင်နေမှုကို အကြောင်းပြု၍ အိမ်အသစ် ဆောက်လုပ်နေသည်ဟု စွပ်စွဲ၍ ငွေညှစ်လျက် ရှိနေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 
ငွေညှစ်ခံရသူများမှာ -- 
(၁) ဦးဘော်ဆီရ်အာမတ် (ဘ) ဦးဖော်ဇော်လ်အာမတ် (အသက် ၃၅ နှစ်) -- ညှစ်ခံရငွေကျပ် ၃ သောင်း
(၂) ဦးမာမတ်အာလောမ် (အသက် ၅၅ နှစ်) -- ညှစ်ခံရငွေကျပ် ၃ သောင်း
(၃) ဦးအဒူဟာကိမ်း (အသက် ၅၀ နှစ်) -- ညှစ်ခံရငွေကျပ် ၃ သောင်း
(၄) ဦးဆော်ဒူး (ဘ) ဦးဂူရာမျာ (အသက် ၅၀ နှစ်) -- ညှစ်ခံရငွေကျပ် ၃ သောင်း
(၅) ဦးရော်ရှိတ် (အသက် ၆၅ နှစ်) -- ညှစ်ခံရငွေကျပ် ၃ သောင်း -- တို့ဖြစ်သည်။
အထက်ပါ (၅) ဦးသည် ကျဘန်း လုပ်ငန်း လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်း ပြုသူများ ဖြစ်ပြီး၊ ၎င်းတို့၏ တစ်နေ့ ၀င်ငွေမှာ (၅) ထောင်ကျပ် ခန့်သာ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ ၎င်းတို့၏ (၆) ရက်စာ ၀င်ငွေကို လက်နက် အင်အားပြ၍ ညှစ်ယူခြင်းကြောင့် မိသားစု စားဝတ်နေရေး အခက်ကြုံနေရသည်ဟု ဆိုသည်။ 
အဆိုပါ နယ်ခြားစောင့်ရဲ များသည် ဒေသခံ ရိုဟင်ဂျာများ၏ စားဝတ်နေရေး ကျပ်တည်းလာပါက တိုင်းပြည်ထဲမှ ထွက်သွားမည်ဟု ဆိုကာ ယခုကဲ့သို့ ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 
မြန်မာနိုင်ငံ အ၀န်းတွင်း အစိုးရ အရာရှိများအား အဂတိလိုက်စားမှုဖြင့် ပြည်ထောင်စု အစိုးရက အရေးယူဆောင်ရွက်လျက် ရှိသော်လည်း မောင်တော မြို့ရှိ အောက်ခြေ လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ ငွေညှစ်နေမှု များကို သိလျက်နှင့် ခွင့်ပြုထားသည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။
RB News
6.3.2016
ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် ဆင်ခုန်းတိုင် ကျေးရွာအုပ်စု၊ လွန်းတောင် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာများ ဖြစ်သည့် ဦးနိုင်လင်းကျော်နှင့် ဦးမောင်သန်းနိုင် တို့သည် ဘူးသီးတောင် မြို့နယ်တွင် တက္ကသိုလ် ၀င်တန်း စာမေးပွဲ ဖြေဆိုမည့် မောင်နှမ များကို စောင့်ရှောက်ပေးရန် သွားလို၍ သက်ဆိုင်ရာ မြို့နယ်မှ ယာယီ ခရီးသွား လက်မှတ် ထုတ်ယူရန် ကျေးရွာ အုပ်ချုပ်ရေးမှူးကို မတ်လ (၅) ရက်နေ့က ဓါတ်ပုံများ ပေး၍ တောင်းခံရာ ကျေးရွာ အုပ်ချုပ်ရေးမှူးက မြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဆန်းလှိုင်မှ ယာယီ ခရီးသွားလက်မှတ် လုံးဝ ထုတ်မပေးဟု ပြန်ကြားခဲ့သည်။ 
ယာယီ ခရီးသွား လက်မှတ် ထုတ်မပေးရခြင်း အကြောင်းရင်းကို အုပ်ချုပ်ရေးမှူးက မြို့နယ် လ.၀.က ဦးစီးအရာရှိကို မေးမြန်းခဲ့ရာ ယာယီ ခရီးသွား လက်မှတ် လျှောက်ထားသူ များမှာ ကျေးရွာ အုပ်စုတွင် မျက်နှာဖုံးများ ဖြစ်နေသည့် အပြင် ရိုဟင်ဂျာ အမည်ခံသူများ ဖြစ်ပြီး၊ ဘင်္ဂလီ အမည် မခံသောကြောင့် ထုတ်မပေးခြင်း ဖြစ်သည်ဟု ပြန်ကြားခဲ့ကြောင်း သိရသည်။ 
မြို့နယ် လ.၀.က ဦးစီးအရာရှိက ယာယီ ခရီးသွား လက်မှတ် ထုတ်မပေးသောကြောင့် ရောဂါ ဝေဒနာ ခံစားနေရသည့် ဝေဒနာရှင်များ ဆေးကုသခွင့် မရဘဲ အသက်ဆုံးရှုံးရသည်များ ရှိသည့်အပြင် အချို့မှာလည်း မိမိတို့ ဆေးကုသခွင့် မရဘဲ အသက်ဆုံးရှုံး ရမည်လားဟု စိုးရိမ်စိတ်နှင့် နေထိုင်နေရသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။
ဒ်ါအောင်ဆန်း စုကြည်၊ ဦးဝင်းထိန် ၊ ဒေါက်တာ ဇော်မြင့်မောင် နဲ့ ဒေါက်တာ မျိုးအောင် ပြည်သူ့ လွှတ်တော်အ စည်းအဝေး တက် ရောက်လာစဉ် ။ (မတ် ၁၊ ၂၀၁၆)
မအင်ကြင်းနိုင်
5.3.2016
NLD အစိုးရအဖွဲ့ ကို ပြင်ပပုဂ္ဂိုလ် အများစုနဲ့ ဖွဲ့စည်းမှာ ဖြစ်ပြီး လက်ရှိ ဝန်ကြီးဌာနတွေ အနက် (၁၀) ခု ကျော်ကိုလည်း ဖျက်သိမ်းမှာ ဖြစ်တယ်လို့ ပါတီ ထိပ်တန်း ခေါင်းဆောင် တဦးက မနေ့က ပြောဆို လိုက်ပါတယ်။ NLD အနေနဲ့ သမ္မတ ရွေးချယ်မယ့် ကိစ္စ အပါအ၀င် ပြည်ထောင်စု အစိုးရ၊ တိုင်းနဲ့ ပြည်နယ် အစိုးရ အဖွဲ့တွေမှာ ပါဝင်မယ့် ပုဂ္ဂိုလ် စာရင်းတွေကို မတ်လ (၆)ရက်နေ့မှာ အပြီးသတ် ကြေညာမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဦးဆောင် ဖွဲ့စည်းမယ့် ပြည်ထောင်စုအစိုးရ အပါအဝင် ပြည်နယ်နဲ့ တိုင်း အစိုးရအဖွဲ့တွေနဲ့ ပတ်သက်လို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် နဲ့ NLD ထိပ်ပိုင်းခေါင်းဆောင် တချို့ နေပြည်တော်က နှင်းဆီစံအိမ်မှာ မနေ့ သောကြာနေ့က ဆွေးနွေးခဲ့ကြတာပါ။
အစိုးရအဖွဲ့မှာ NLD ပါတီဝင် နည်းနည်းပဲရှိမှာဖြစ်ပြီး အများစုက ပညာရှင်တွေနဲ့ အခြား ပါတီဝင်တချို့လည်း ပါဝင်မှာဖြစ်တယ်လို့ ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင် လည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးဝင်းထိန်က ဆွေးနွေးပွဲအပြီး သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာပြောသွားပါတယ်။ ဒါပေမဲ့ ဝန်ကြီးတွေရဲ့ အမည်စာရင်း အပြီးသတ်ကိုတော့ မတ်လ (၆)ရက်နေ့ ပြုလုပ်မယ့် NLD ဗဟို အလုပ် အမှုဆောင်ဆွေးနွေးပွဲမှာ ထုတ်ပြန်ကြေညာမှာဖြစ်တယ်လို့ အခုလိုပြောသွားပါတယ်။
"ကျနော်တို့အခု ပြည်ထောင်စုအဆင့်မှာ ပါမယ့်ဝန်ကြီးတွေရဲ့ ဖွဲ့စည်းပုံမှာ ကျနော်တို့ NLD က ပုဂ္ဂိုလ်တွေလည်း ပါမယ်။ ပညာရှင်တွေလည်းပါမယ်။ တခြားပါတီတွေလည်း ပါမယ်။ ဆိုတော့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ပြည်ထောင်စုအဆင့်က လူနည်းစုတောင် ဖြစ်နိုင်တယ်။ ၃၀% နဲ့ ၄၀% ကြားလောက်ပဲပါမယ်။ ဒါပေမဲ့ ကျနော်တို့ အဲ့ဒီ့အရေအတွက်ကိုတော့ ၆ရက်နေ့မှ သတ်မှတ်ပြီးတော့ ကြေညာနိုင် ပါမယ်။"
ဒါ့အပြင် ဝန်ကြီးဌာနတွေကိုလည်း ပြန်လည် ဖွဲ့စည်းမှာဖြစ်တာကြောင့် အရင် ဝန်ကြီး ဌာနပေါင်း (၃၆)ခုထဲကနေ (၁၀) ခုကျော်လောက်ကို ဖြုတ်ဖို့ စီစဉ်ထားကြောင်း ဦးဝင်းထိန်ကဆိုပါတယ်။
"သမ္မတရုံးမှာ ဝန်ကြီး ခြောက်ခုရှိတယ် အဲ့ခြောက်ခုက ဝန်ကြီးဌာနက တခုတည်းဖြစ် သွားလိမ့်မယ်။ ၃၀ရှိတယ်။ ၃၀က ၂၀လောက်ကျန်မယ်။ တူတာ တူတာ ပေါင်းမယ် ဥပမာဆိုပါတော့ဗျာ ရထားပို့ဆောင်ရေး၊ ကုန်းလမ်းပို့ဆောင်ရေး ၊ လေကြောင်းပို့ဆောင်ရေး၊ ရေကြောင်းပို့ဆောင်ရေး ဒါတွေက ကျနော်တို့ တဖွဲ့တည်း လုပ်လို့ရတယ်။ အဲ့သလိုလုပ်နိုင်အောင်လည်း ကျနော်တို့ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ ရွေးထားပြီးပြီ။ အဲ့ဒီ့တော့ ဝန်ကြီးဌာနက ၂၁၊ ၂၂ အဲ့သလောက်ပဲ ရှိတော့မယ်။ အရင်တုန်းကလို ၃၆ခုတော့ ရှိမှာမဟုတ်တော့ဘူး။ သို့သော် အဲ့သလို ဝန်ကြီးဌာနတွေ ပေါင်းလိုက်လို့မို့လို့ ပိုလာတဲ့ဝန်ထမ်းတွေရှိမယ်။ သို့သော် အဲ့ဒီ့ဝန်ထမ်းတွေဟာ သူတို့ရဲ့ နေရာအတွက် ပူစရာမလိုဘူး။ သူတို့အတွက် ဘယ်နေရာချထားမယ်ဆိုတာ နဂိုကတည်းက စဉ်းစားထားပြီးသား။ ချထားစရာနေရာတွေလည်း ရှိတယ်။ "
တခါ အများစိတ်ဝင်စားနေတဲ့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့တွေအတွက် ၀န်ကြီးချုပ် ဘယ်သူက ခန့်အပ်မလဲဆိုတဲ့အပိုင်းမှာတော့ ရခိုင်ပြည်နယ်မှာ NLD အမတ် ဦးညီပုကို ဝန်ကြီးချုပ် အဖြစ် ဒေါ်အောင်ဆန်းစုကြည် က ရွေးချယ်ထားတယ် လို့ ဦးဝင်းထိန်ကဆိုပါတယ်။
"ဆိုတော့ တိုင်းနဲ့ပြည်နယ်အစိုးရကို ဝန်ကြီးချုပ် ကျနော်တို့က ခန့်မယ်။ NLD က ခန့်မယ်။ သို့သော်လည်းပဲ ရှမ်းလို ရခိုင်လို နေရာတွေမှာ ရှမ်းပါတီကလူတွေကိုလည်း ပဲ ဝန်ကြီးနေရာတွေ ပေးပြီးတော့ ခန့်မယ်။ ရခိုင်ဝန်ကြီးချုပ်ကို ဦးညီပု ရာ ထားတယ် ဆိုတာ နဂိုကတည်းက ကျနော်တို့ အနိုင်ရပါတီကလည်းဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံနဲ့လည်း ညီတယ်။ ဒါကြောင့်မို့လို့ ဦးညီပုကို ဝန်ကြီးချုပ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်ပြီးပြီ။ သို့သော် အဲ့ဒီ့မှာ တခြားပါတီတွေရှိတယ်။ တခြားပါတီက ပုဂ္ဂိုလ်တွေကိုရော အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေကိုရော ရခိုင်ပြည်နယ် ဝန်ကြီးအဖွဲ့မှာ သူတို့ကို ထည့်ပြီး စဉ်းစားထားတာရှိပါတယ်။"
NLD က တင်မြှောက်မယ့် သမ္မတ ဘယ်သူဖြစ်လာမလဲဆိုတာနဲ့ပတ်သက်လို့တော့ အများကခန့်မှန်းထားတဲ့ အမည်စာရင်းတွေထဲမှာ NLD နာယက သူရဦးတင်ဦးက မဖြစ်နိုင်ဘူးလို့ ဦးဝင်းထိန်က သတင်းဌာနတခုကို အခိုင်အမာပြောကြားခဲ့ပါတယ်။
မတ်လ (၁၀)ရက်နေ့ လွှတ်တော်မှာ NLD က တင်သွင်းမယ့် ဒုသမ္မတလောင်း အမည်စာရင်းတွေထဲမှာ လက်ရှိ ထိပ်ဆုံးက ခန့်မှန်းခံထားရသူတွေကတော့ ဦးထင်ကျော်နဲ့ ဒေါက်တာ မျိုးအောင်တို့နှစ်ဦးဖြစ်ပါတယ်။ သူတို့နှစ်ဦးလုံး ဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ထားသူတွေအဖြစ် လူအများက ယူဆထားပါတယ်။
Rohingya Eye
RB News
4.3.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာအုပ်စု၊ အလယ်ရွာရှိ ဂုံးနား နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း၏ အနီးအနားရှိ ရိုဟင်ဂျာများ၏ ဖရဲသီးစိုက်ခင်းများတွင် ညဘက်၌ စိုက်ခင်း ပိုင်ရှင်များ ကင်းစောင့်လျက် ရှိသည်။ 
စိုက်ခင်း ပိုင်ရှင်များ ညအိပ်၍ ကင်းစောင့်သည်ကို နယ်ခြားစောင့်ရဲ များက ပိတ်ပင်ခဲ့သည်။ ထို့ကြောင့် ပိုင်ရှင်မရှိသည့် စိုက်ခင်းများတွင် ညပိုင်း၌ ဖရဲသီးများ အခိုးခံရသည့် အပြင် စိုက်ခင်းများလည်း ဖျက်ဆီးခံရသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 
ယခုအခါ စိုက်ခင်း ပိုင်ရှင်များက ငွေကျပ် ၃၀၀၀/- စီ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ ပေးသွင်း၍ မိမိတို့၏ ဖရဲသီး စိုက်ခင်းများတွင် ညပိုင်း ကင်းစောင့်နေရသည်ဟု ဒေသခံများက ဆိုသည်။ 
ငွေကျပ် ၃၀၀၀/- စီပေး၍ မိမိတို့၏ စိုက်ခင်းတွင် ကင်းစောင့်နေရသူ များမှာ -- 
(၁) ဦးမာမတ်ရော်ဖိခ် (ဘ) ဦးမော်နိရ်အာမတ် (အသက် ၃၃ နှစ်)
(၂) ဦးမာမတ်ဆိဒိတ် (ဘ) ဦးမာမတ်အီလီယာစ် (အသက် ၃၅ နှစ်) 
(၃) ဦးအာဘူလ်ဘော်ရှော်ရ် 
(၄) ဦးအာဘူလ်ကာဆိမ်း
(၅) ဦးမာမတ်တာဟဲရ် -- တို့ဖြစ်သည်။
ရခိုင်ပြည်နယ် ပေါက်တော မြို့နယ်ရှိ ကျိန်နီပြင် ဒုက္ခသည် စခန်းသို့ ဂျွန်ဂင်း သွားစဉ် (ဓာတ်ပုံ – OCHA)
4.3.2016
ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည် (IDP) များ အရေး ကိစ္စကို အလေးပေးရန် ကုလသမဂ္ဂ အဖွဲ့က မြန်မာအစိုးရကို တောင်းဆို လိုက်သည်။ လူနည်းစု မွတ်စလင်များ အပေါ် ဆက်ဆံမှုလည်း အပါအ၀င် ဖြစ်သည်။
ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့ရှိ ဒုက္ခသည်စခန်းများကို သွားရောက်လေ့လာခဲ့သော ကုလသမဂ္ဂမှ အကြီးတန်း အရာရှိ တဦးက ၎င်းကို စိတ်ထိခိုက်စေခဲ့သော အတွေ့အကြုံများကို ပြောပြခဲ့သည်။
ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ညွှန်ကြားရေးမှူး ဂျွန်ဂင်းက မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးနှင့် နိုင်ငံရေး မျက်နှာစာများတွင် အသွင်ကူးပြောင်းမှု ဆောင်ရွက်နေချိန်၌ အဆိုပါ ဒုက္ခသည်များ၏ သက်သာချောင်ချိရေးကို မျက်ကွယ်ပြု၍ မရကြောင်း ထောက်ပြခဲ့သည်။
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာဟု ခေါ်နေကြသည့် မွတ်စလင်များအပြင် လူပေါင်း ၁၅၀ အသတ်ခံခဲ့ရသည့် ၂၀၁၂ ခုနှစ် ဒေသတွင်း အဓိကရုဏ်း နောက်ပိုင်းတွင် အိုးမဲ့အိမ်မဲ့ ဖြစ်နေဆဲ ရခိုင်တိုင်းရင်းသား ၅၀၀၀ ခန့်တို့နှင့် ဂျွန်ဂင်းက တွေ့ဆုံခဲ့ပါသည်။
ရခိုင်ပြည်နယ်ရှိ မွတ်စလင် ဒုက္ခသည်များအနေဖြင့် လှုပ်ရှားသွားလာများတွင် အလွန်အမင်း ကန့်သတ်ခံနေရဆဲဖြစ်ပြီး ဆေးရုံတက်ခွင့်ပင် မရကြောင်း UNOCHA က မှတ်ချက်ပြုခဲ့သည်။
မြန်မာအစိုးရအနေဖြင့် အခြားကဏ္ဍများအတွက် လူနေမှုအခြေအနေများ တိုးတက်ဖွံ့ဖြိုးစေရန် ဆောင်ရွက်နေစဉ်၌ ယာယီဒုက္ခသည်စခန်းမှ အမိုးအကာများမှာ ပြိုပျက်နေပြီး ရေနှင့် သန့်ရှင်းရေးစနစ် အခြေအနေများမှာလည်း ဆိုးရွားနေကြောင်း ဂျွန်ဂင်းက မီးမောင်းထိုးပြခဲ့သည်။ ခွဲခြားဆက်ဆံသည့် မူဝါဒများကို အဆုံးသတ်ရန်လည်း မြန်မာအစိုးရအား မေတ္တာရပ်ခံခဲ့သည်။
ပြီးခဲ့သည့်နှစ်က အပစ်အခတ်ရပ်စဲရေး စာချုပ်ရေးထိုးခဲ့သော်လည်း ပဋိပက္ခများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တွင် စစ်ရှောင်ဒုက္ခသည်ပေါင်း ၁၀၀,၀၀၀ ကျော်ရှိနေဆဲဖြစ်ပါသည်။ အများစုမှာ ယာယီ ဒုက္ခသည်စခန်းများတွင် နေထိုင်ကြရပါသည်။
မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်များကို ပြန်လည်နေရာချထားပေးနိုင်ရန် အတူတကွ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဂျွန်ဂင်းက ပြောကြားခဲ့သည်။
မကြာမီ အစိုးရဖြစ်လာမည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NDL) ပါတီကလည်း အိုးမဲ့အိမ်မဲ့ ဖြစ်နေသော မွတ်စလင်များ အရေးနှင့် ပတ်သက်၍ နှုတ်ဆိတ်နေဆဲ ဖြစ်ပါသည်။
MYARF
RB News
3.3.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ သင်္ဘောကွေ့ ကျေးရွာမှ ဦးအာမတ်ရှော်ရိဖ် (ဘ) ဦးဖုက္ခိန္နား၏ ဇနီးနှင့် ၎င်း၏ ညီမ ဖြစ်သူတို့သည် ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် အချင်းချင်း ရန်ဖြစ်ခဲ့ရာ ဦးအာမတ်ရော်ရိဖ်၏ ဇနီးဖြစ်သူက ညီမဖြစ်သူကို ရိုက်နှက်၍ နားတောင်းကို အတင်းအဓမ္မ လုယက်ယူခဲ့သည်။ နားတောင်းကို ဆွဲယူမှုကြောင့် ညီမဖြစ်သူ၏ နားတစ်ဖက်တွင် ဒဏ်ရာရရှိခဲ့သည်။ သို့ဖြစ်၍ ညီမဖြစ်သူက သင်္ဘောကွေ့ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲပ ကင်းစခန်းသို့ သွားရောက် တိုင်တန်းခဲ့ရာ နယ်ခြားစောင့်ရဲ များက ဦးအာမတ်ရှော်ရိဖ်ကို ဖမ်းဆီးခဲ့သည်။ 
ထို့နောက် ဦးအာမတ်ရှော်ရိဖ်၏ အလုပ်ရှင် ဦးမာမတ်ဟာရှိမ် (ဘ) ဦးအဒူလော်တီ၏ အိမ်သို့ သွားရောက်၍ အိမ်ထဲဝင်ကာ ဧည့်ခန်းရှိ စင်ပေါ်တွင် ထားရှိသော ကုရ်အာန်ကျမ်း စာအုပ်ထဲသို့ ဟောင်းနွမ်းနေသည့် ဘင်္ဂလား ဆင်းမ်ကဒ် တစ်ခု ထည့်သွင်းပေးကာ ဘင်္ဂလား ဆင်းမ်ကဒ် တွေ့ရှိခဲ့သည်ဟု လုပ်ကြံ၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ဦးအာမတ်ရှော်ရိဖ်နှင့် ဦးမာမတ်ဟာရှိမ် တို့နှစ်ဦးစလုံးသည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း၌ ချုပ်နှောင်ထားရာမှ ထွက်ပြေးသွားခဲ့သည်။
၎င်းတို့နှစ်ဦး ကျောက်ပန္ဒူ ကျေးရွာတွင် ပုန်းအောင်းနေသည်ဟု သတင်းရ၍ ဖေဖော်ဝါရီလ (၂၆) ရက်နေ့ နေ့လည်ပိုင်းတွင် နယ်ခြားစောင့်ရဲများ ကျောက်ပန္ဒူ ကျေးရွာသို့ သွားရောက်၍ ရှာဖွေခဲ့ရာ ဦးအာမတ်ရှော်ရိဖ်ကို ဖမ်းဆီး ရမိခဲ့သည်။ ၎င်းက ထွက်ပြေးရန် ကြိုးစားခဲ့သဖြင့် နယ်ခြားစောင့်ရဲ များက ၎င်းတို့နှင့် ပါလာသည့် ဓါးငယ်ဖြင့် (၁၁) ချက် တိတိ ထိုး၍ စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် စခန်းတွင်လည်း လူမဆန်စွာ ရိုက်နှက် ရက်စက်ခဲ့သည်။ 
ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် ငွေကျပ် ၅ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ဓါးဖြင့် ထိုးထားသည့် ဒဏ်ရာများမှာ တစ်လက်မ တိတိ အသားအတွင်းသို့ ထိုးဖောက် သွားခဲ့သည်ဟု ဆိုသည်။ ဦးမာမတ်ဟာရှိမ်ကို ယခုချိန်ထိ ရှာဖွေ တွေ့ရှိခြင်း မရှိကြောင်း သိရသည်။ 
ဦးအာမတ်ရှော်ရိဖ်ကို ဓါးဖြင့် ရက်စက်စွာ ထိုးသည်ကို အင်းဒင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးက သိရှိသွားပြီး လာရောက် စစ်ဆေးကာ သင်္ဘောကွေ့မှ နယ်ခြားစောင့်ရဲ များကို ဆဲဆိုခဲ့သည်။ နယ်ခြားစောင့်ရဲ များက ဦးအာမတ်ရှော်ရိဖ် ထံမှ ညှစ်ယူခဲ့သည့် ငွေကျပ် ၅ သိန်းမှ နားတောင်း လုယက်ခံရ၍ တိုင်တန်းသူ ညီမ ဖြစ်သူအား တစ်ကျပ်မှ ပေးခဲ့ခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ 
လူတစ်ဦးက အပြစ်ကျူးလွန်လျှင် ဖမ်းဆီးပြီး ဥပဒေအရ အရေးယူ၍ ရသော်လည်း သင်္ဘောကွေ့မှ နယ်ခြားစောင့်ရဲ များက ဥပဒေအရ အရေးမယူဘဲ ဓါးပြသဖွယ် ဓါးဖြင့် ထိုးခြင်းဖြင့် လူမဆန်စွာ ရက်စက်ခဲ့သည်မှာ ၎င်းတို့၏ ရက်စက်မှုကို မခံနိုင်၍ တိုင်းပြည်မှ ထွက်ပြေးသွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဒေသခံများက သုံးသပ် ပြောဆို နေကြသည်။ 
ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် မ.က.ဖ အဖွဲ့က သင်္ဘောကွေ့ ကျေးရွာတွင် ဆွဲ၊ တင်၊ စစ် စစ်ဆေးနေစဉ် စစ်ဆေးခံရန် လာသည့် ဦးမာမတ်ဆီဒိတ် (ဘ) ဦးမူဆာအလီကို ၂၀၁၅ ခုနှစ် ဆွဲ၊ တင်၊ စစ် ပြီးနောက် တရားမ၀င် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက် နေထိုင်ခဲ့သည်ဟု စွပ်စွဲ၍ ဖမ်းဆီးကာ ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့သည်။
စန္ဒြာမောင်စိက္ကေ (ရခိုင်မြေ)
RB News
2.3.2016
သက်တန့်​ဟုဆိုလျှင် ကလေးလူကြီး မကျန် အားလုံး သိကြသည်။ မိုးဦး၊ မိုးနှောင်းချိန်​ ကောင်းကင်တွင် တိမ်များရှိသောအခါ ပေါ်လေ့ရှိသည်​။ ၎င်းသည် စက်ဝိုင်းခြမ်း သဏ္ဌာန် ရောင်စဉ်တန်း (၇) မျိုးဖြင့် ကောင်းကင်ပေါ်တွင် ပေါ်လေ့ရှိသော အရာတစ်ခု ဖြစ်သည်။ ၎င်းသည် နေမင်းကြီး၏ အဖြူရောင်ရှိသော အလင်းကို ထိုးပေါက်သောအခါ အရောင် (၇) မျိုး ဖြစ်စေခြင်းသာဖြစ်သည်။ ဤသည် နေမင်း၏ အဖြူရောင် အလင်းတွင် (၇) မျိုးရှိသည်ဟု ဆိုခြင်းဖြစ်သည်။
ကျွန်​​တော်​တို့ ငယ်​စဉ်​က ကျောင်းတွင် သိပ္ပံဆရာများက သုံးမြောင်း ဖန်တုံးဖြင့်လည်းကောင်း၊ စက်ဝိုင်းတစ်ခု၌ အရောင်အထက်တွင် ဖော်ပြသော အရောင် (၇) မျိုးကို အကွက်အလိုက် ချယ်ပြီး ထိုစက်ဝိုင်းကို အားဖြင့် အမြန် လှည့်လိုက်သောအခါ အဖြူရောင် ဖြစ်လာခြင်းကို လက်တွေ့လေ့လာတွေ့ရှိခဲ့ရသည်။ ဤကား သဘာဝ၏ အံ့ဖွယ်ရာ တစ်ခုဟု ထင်မြင်မိသည်။
ကျနော်တို့ ရခိုင်ပြည်နယ်တွင်လည်း လူမျိုးနွယ်စု (၇) မျိုးရှိသည်။ ရခိုင်၊ ရိုဟင်ဂျာ၊ ဒိုက်နက်၊ မြို၊ ခမွှီး၊ ချင်း နှင့် မာရမာကြီးတို့ ဖြစ်ကြသည်။ အချိုးအဆအားဖြင့် ညီညီမျှမျှ မရှိသလို စည်းရုံးညီညွှတ်မှုတွင်လည်း မညီမညွှတ်၊ စုပေါင်းတိုင်​ပင်ခြင်းလည်း မရှိ၊ ငါတကောကော နေသလို တွေ့ရသည်။ ယုတ်စွအဆုံး ပြောရလျှင် ရခိုင်အမျိုးသားပါတီပင် နှစ်ခြမ်းကွဲနေသလားဟု ခံစားမိသည်။
ရခိုင်အမျိုးသားပါတီမှ ကြေညာချက် ထုတ်ပြန်ရာတွင် မဲအများဆုံးနိုင်သည့်​ ပါတီ ဖြစ်၍ ပြည်နယ်အစိုးရ ဖွဲ့ခွင့်ပေးရမည်။ ထိုသို့မဟုတ်လျှင် အတိုက်အခံအဖြစ် ရပ်တည်သွားမည်ဟု ကြော်​ညာခဲ့သော်လည်း အမျိုးသားလွှတ်တော်အတွက် ဦးအေးသာအောင်ကို ဒုဥက္ကဌအဖြစ် ရွေးချယ်ခန့်ထားရာ ဦး​အေးသာ​အောင်​က မိမိပါတီ၏ ဆုံးဖြတ်​ချက်​ကို ငြင်းပယ်​၍ NLD ပါတီ၏ ကမ်းလှမ်းချက်​ကို လက်ခံလိုက်သည်။ ကျောက်တော်မြို့၌ လူ ၅၀၀ ကျော် ဆန္ဒပြရာတွင် ဦးအေးသာအောင်၏ နောက်လိုက်​လူထုများ ဖြစ်ကြောင်း ကြေညာသဖြင့် ရခိုင် အမျိုးသား ပါတီမှာ လက်မှိုင်​ကျခဲ့ရသည်။ လူမျိုးနွယ်စု အချင်းချင်း တိုက်ခိုက် အပြစ်ပို့နေကြသည်။ အကွဲကွဲအပြားပြားဖြစ်​​နေသော ဘဝဟု ခံစားမိသည်။
ဥပမာအနေဖြင့် တင်ပြလိုပါသည်။ သံလိုက်နှင့် ရိုးရိုးသံတို့ သ​ဘောလိုပင်။ ရိုးရိုးသံများတွင် သံလိုက်ဓာတ် ရှိသည်​။ သို့သော် ညီညာမှု မရှိ။ တစ်ခုမှ မြောက် နောက်တစ်ခုက တောင် အရှေ့အနောက် စသည်ဖြင့် ဆန့်​ကျင်​ဖက်​ ဆွဲနေကြသဖြင့် တခြားသံများကို ဆွဲငင်နိုင်စွမ်း မရှိ ဖြစ်​နေရခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ လူမျိုးနွယ်စုများသည်လည်း ဤသို့ဤနှယ်ပင် ဖြစ်​​နေသလားဟု ထင်​မိသည်​။
ရိုးရိုးသံကို သံလိုက်ချောင်းနှင့် တောင်မှမြောက်သို့ အကြိမ်ကြိမ် ပွတ်တိုက်လိုက်ပါက ယခင်က သံလိုက်သည် သံရိုင်း ဖြစ်သွားကြောင်း သိပ္ပံပညာရှင်များက သက်သေပြသခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာညောင်းပြီး ဖြစ်သည်။ သင်ခန်းစာယူစရာဟု ယူဆရသည်။ မိမိတို့၏ လူမျိုးနွယ်စုအတွင်း လက်တွေ့ကျင့်သုံးရန် အချိန်တန်နေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ဖျံနှစ်ကောင်က ငါးတစ်ကောင်ကို ဖမ်းမိခဲ့ရာ ယုန်းအား ခွဲဝေပေးခိုင်းပြီး ရလာဒ်ကား မည်ကဲ့သို့ ထွက်ခဲ့ပါသနည်း။ ထိုသို့ ထိုနှယ် ဖြစ်သွားမည်မှာ မြေကြီးလက်ခတ်မလွှဲ သေချာပါသည်။ အချိန်ရှိခိုက် လုံလစိုက်ဖို့ အချိန်တန်နေပြီ ဖြစ်သည်။
အမေရိကန်နိုင်ငံ၏ ဒီမိုကရေစီ ခရီးလမ်းမှာလည်း ကြမ်းတမ်းခဲ့သည်။ အချင်းချင်း တိုက်ခိုက်၍ သွေးချောင်းစီးခဲ့၏။ သို့သော် နောက်ဆုံးတွင် စည်းလုံးခြင်းသည် အင်အား၊ Diversity is strength ဟု နားလည်သဘောပေါက်ကာ စည်းရုံးခဲ့ခြင်းဖြင့် အောင်မြင်မှု အထပ်ထပ် ရရှိလျက် ကမ္ဘာ့အင်အား အကြီးဆုံးနိုင်ငံ ဖြစ်လာသည်ကို အားလုံး အသိပင် ဖြစ်သည်။ နမူနာ ယူစရာ ကောင်းလောက်သည့်​ အချက်​ပင်။
အမဲသား ဟင်းတစ်ခွက် ဖြစ်လာရန် လိုအပ်သော အရာကား များလွန်းသည်။ အမဲသား၊ ဟင်း၊ ခတ်မဆလာမျိုးစုံ၊ ကြက်သွန်​နီ၊ ကြက်​သွန်​ဖြူ ၊ ဂျင်း၊ မီး၊ အိုး၊ ရေ၊ ထင်း စသည့် ပစ္စည်းများဖြင့် ချက်ပြုတ်လျှင် မွှေးကြိုင်ပြီး လျှာရည်ကျလောက်အောင် အရသာ ထူးကဲလှသော အမဲသား ဟင်းတစ်ခွက် ရရှိလာသည်။ ဤကား ပေါင်းစပ်ခြင်း၏ သဘောပင်။ ချိုသာ​သော အကျိုးရလဒ်ပင် ဖြစ်​သည်​။
သက်မဲ့ဖြစ်သော အရောင် (၇) မျိုးကို နေမင်းကြီး၏ အလင်း​ရောင်​ဖြစ်​သည့်​ အဖြူရောင်သို့ ပြောင်းလဲနိုင်ပါက သက်ရှိလူသားများ ဖြစ်ကြသော ကျွန်​​တော်​တို့ လူမျိုးနွယ်စု (၇) မျိုးတို့ စုပေါင်းညီညွှတ်လျှင် ကျွန်​​တော်​တို့၏ ဌာ​နေ ရခိုင်ပြည်ကြီးကို အဘယ်ကြောင့် မထူထောင်နိုင်မှာနည်း။ မကယ်တင်နိုင်မှာနည်း။
ထူထောင်လိုသော စိတ်ဓာတ်၊ တည်ထောင်လိုသော ဆန္ဒ၊ စုပေါင်းလိုသော အာသိသနှင့် အောင်မြင်လိုသော မာနဇောတို့ဖြင့် ကြိုးစားအားထုတ်ကြပါစို့ဟု ​မေတ္တာဖြင့်​ တိုတိုတောင်းတောင်း ရေးသားဖော်ပြလိုက်​ပါသည်​။
MYARF
RB News
2.3.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ရွှေဇား ကျေးရွာအုပ်စု၊ အောင်ဗလရွာ (ရခိုင်ရွာ) ၏ အရှေ့ဘက်နှင့် အနောက်ဘက်ရှိ စခန်းနှစ်ခုမှ နယ်ခြားစောင့်ရဲ များသည် အချိန်မတော် ရိုဟင်ဂျာရွာများ ထဲသို့ ၀င်ရောက်၍ လမ်းသွားလမ်းလာ များကို အကြောင်းမဲ့ ရိုက်နှက်ခြင်း၊ ဘင်္ဂလား ဆင်းမ်ကဒ်နှင့် မူးယစ်ဆေးဝါးများ ထည့်သွင်းပေး၍ လုပ်ကြံ ဖမ်းဆီး ငွေညှစ်ခြင်း၊ ဈေးဆိုင်များကို စစ်ဆေး၍ ကုန်ပစ္စည်းများ လုယက်ဖျက်ဆီးခြင်း၊ အိမ်များထဲသို့ ၀င်ရောက်၍ အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်ခြင်း၊ စသည်များ ပြုလုပ်၍ ကျေးရွာအတွင် ဆူပူမှု ဖြစ်လာနိုင်သည် အထိ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
ဖေဖော်ဝါရီလ (၂၄) ရက်နေ့ ည (၈) နာရီအချိန်တွင် အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း နှစ်ခုမှ နယ်ခြားစောင့်ရဲ (၆) ဦးနှင့် အောင်ဗလရွာမှ တပည့် ကာလာချေ (ရခိုင်) နှင့် ၎င်း၏ ယောက်ဖ (န.စ.က ဟောင်း) တို့သည် ရွှေဇား ကျေးရွာအုပ်စု၊ အလယ်ရွာသို့ သွားရောက်၍ ရွာထဲရှိ လယ်ကွင်းတွင် ထိုင်၍ စကားပြောနေသော လူငယ် (၄) ဦးကို ဖမ်းဆီး၍ ၀န်းရံခဲ့ရာ နယ်ခြားစောင့်ရဲ များက ဘင်္ဂလား ဆင်းမ်ကဒ်နှင့် မူးယစ်ဆေးဝါးများ ထည့်သွင်း ပေးကာ လုပ်ကြံ ဖမ်းဆီးလေ့ ရှိသည်ကို စိုးရိမ်၍ ထွက်ပြေး သွားခဲ့သည်။ 
နယ်ခြားစောင့်ရဲ များက နောက်မှ လိုက်လံသွားရာ ကော်ဘိရ်နှင့် နူရ်ကာလာမ် တို့၏ ညီတစ်ဝမ်းကွဲ တော်စပ်သူကို အိမ်အတွင်း မီးဖိုခန်းထဲထိ ၀င်ရောက်၍ ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးစဉ် မိဘနှစ်ပါးက ဖမ်းဆီးရခြင်း အကြောင်းကို နယ်ခြားစောင့်ရဲ နှစ်ဦးအား မေးမြန်းရာ နယ်ခြားစောင့်ရဲ များက မိဘနှစ်ပါးလုံးကို ထိုးကြိတ်သည့် အပြင် ဖခင်ဖြစ်သူကို လက်ထိပ်ခတ်၍ သားအဖ နှစ်ဦးစလုံးကို ဖမ်းဆီးခေါ်ဆောင် သွားနေသဖြင့် မိသားစုဝင်များက အော်ဟစ်ခဲ့သည်။ ၎င်းတို့၏ အော်ဟစ်မှုကြောင့် အိမ်နီးချင်း အချို့ ရောက်ရှိလာရာ နယ်ခြားစောင့်ရဲ များက သေနတ် ပစ်ဖောက်၍ ခြိမ်းခြောက်ခဲ့သည်။ သေနတ်ပစ်ဖောက်သံ ကြား၍ ရွာသားများက ဓါတ်မီး ထိုးကြည့်သဖြင့် နယ်ခြားစောင့်ရဲ များက နောက်ထပ် သေနတ် (၃) ချက် ပစ်ဖောက်၍ ထွက်ပြေးသွားခဲ့သည်။ 
နယ်ခြားစောင့်ရဲများ လက်ထိပ်ခတ်ခဲ့သည့် သားအဖ နှစ်ဦးမှာ လက်ထိပ်ခတ်လျက် ကျန်နေခဲ့သည်။ နယ်ခြားစောင့်ရဲများ စခန်းသို့ ရောက်သည်နှင့် ကျောက်လှေကား ကျေးရွာ အခြေစိုက် နယ်မြေ (၆) စခန်းမှ ရဲမှူး (နယ်မြေမှူး) ထံ ဖုန်းဆက်၍ နယ်ခြားစောင့်ရဲ များက ရွှေဇား ကျေးရွာအုပ်စု အလယ်ရွာမှ WY များ ဖမ်းဆီးခဲ့ကြောင်း၊ သို့သော်လည်း ရွာသားများက အကြမ်းဖက်၍ ပြန်လည် လုယက်ယူသွားကြောင်း လီဆယ်၍ တိုင်ကြားခဲ့သည်။ နယ်မြေမှူးက ရွှေဇား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း (ခ) ငလုံးချေထံ ဖုန်းဆက်၍ ရွာသားများက အကြမ်းဖက် လုယက်ခဲ့သည့် သတင်းကို မေးမြန်းခဲ့သည်။ ထိုစဉ် ရွာသားများသည် နယ်ခြားစောင့်ရဲများ လက်ထိပ်ခတ်၍ ထားခဲ့သည့် သားအဖ နှစ်ဦးနှင့် အတူ အုပ်ချုပ်ရေးမှူးထံ ရောက်ရှိလာပြီး အကြောင်းစုံ ရှင်းပြခဲ့သည်။ အုပ်ချုပ်ရေးမှူးက နယ်မြေမှူးထံ ဖြစ်ရပ်မှန်ကို တင်ပြခဲ့သည်။ 
ဖေဖော်ဝါရီလ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ နယ်မြေမှူးသည် ရွှေဇား ကျေးရွာအုပ်စုရှိ စခန်း (၁၄) (ကညောင်ချောင်း စခန်း) သို့ ရောက်ရှိလာပြီး ရွှေဇား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အဖွဲ့နှင့် ရွာသားများကို ခေါ်ယူကာ ဖြစ်စဉ်ကို စစ်ဆေး မေးမြန်းခဲ့သည်။ ရွာသားများက ဖြစ်ရပ်မှန် တင်ပြပြီး၊ နယ်ခြားစောင့်ရဲ များက အချိန်မတော် ရွာထဲသို့ ၀င်ရောက်၍ ရွာသားများကို ထိုးကြိတ် ရိုက်နှက်ခြင်း၊ လုပ်ကြံ ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်း၊ အိမ်များထဲသို့ ၀င်ရောက်၍ အမျိုးသမီး များကို မဖွယ်မရာ ပြုလုပ်ခြင်း၊ ရွာထဲဝင်လာလျှင် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကို အကြောင်းမကြားခြင်း၊ အိမ်များထဲသို့ ၀င်လျှင် အတူခေါ်မလာခြင်း စသည်တို့ကို တင်ပြခဲ့သည်။ 
ထို့နောက် နယ်မြေမှူးက နယ်ခြားစောင့်ရဲ များသည် လုံခြုံရေး တပ်ဖွဲ့ဝင်များ ဖြစ်သဖြင့် အချိန်မတော် ရွာထဲသို့ ၀င်ရောက် စစ်ဆေးခွင့် ရှိကြောင်း၊ သို့သော်လည်း အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကို ခေါ်ရမည် ဖြစ်ကြောင်း၊ ဖြစ်ပျက် သွားသည်များကို ထား၍ နောက်နောင် နယ်ခြားစောင့်ရဲများ ရွာထဲ ၀င်လာလျှင် ရွာသားများက အော်ဟစ်ခြင်း၊ ဆဲဆိုခြင်းများ မပြုလုပ်ရန်၊ နယ်ခြားစောင့်ရဲ များကလည်း အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကို ခေါ်ရန်၊ အကယ်၍ နယ်ခြားစောင့်ရဲ များက ရွာထဲသို့ ၀င်၍ ရွာသားများကို မတရား ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ လုပ်ကြံ ငွေညှစ်ခြင်းများ ပြုလုပ်လျှင် ရွာသားများ အနေဖြင့် ဆူပူ အော်ဟစ်ခြင်း၊ ဆဲဆိုခြင်း မပြုလုပ်ဘဲ ၎င်းထံ ဖုန်းဆက် တိုင်ကြားရန်၊ ၎င်းက ချက်ချင်း လာရောက်၍ လိုအပ်သလို ဖြေရှင်းပေးမည်ဟု ပြောဆို၍ ဖုန်းနံပါတ် ပေးခဲ့ကြောင်း၊ နယ်မြေမှူး၏ ပြောဆိုမှုများကို ရွာသားများက ကျေနပ်အားရ၍ နောက်နောင် နယ်မြေမှူးထံ တိုက်ရိုက် တိုင်ကြားသွားမည်ဟု ပြောကြားခဲ့သည်။ 
ဖေဖော်ဝါရီလ (၂၃) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင်လည်း ရွှေဇား ကျေးရွာအုပ်စု စေတီပြင်ရွာသို့ သွားရောက်၍ ကွမ်းယာဆိုင်တွင် ထိုင်နေသည့် မောင်ဂျာဘူ (ဘ) ဦးဟူစိန်းအာမတ် (အသက် ၁၆ နှစ်) ကို စစ်ဆေးပြီး လူအများ ရှေ့မှောက်တွင်ပင် MPT ဆင်းမ်ကဒ်ပါ ဖုန်းထဲသို့ ဘင်္ဂလား ဆင်းမ်ကဒ် ထည့်သွင်းပေးကာ ဖမ်းဆီး ခေါ်ဆောင် သွားပြီး ရိုက်နှက်၍ ငွေကျပ် ၄ သောင်း ညှစ်ယူပြီး နံနက် (၂) နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သည်။ မောင်ဂျာဘူကို ဖမ်းဆီး ခေါ်ဆောင် သွားနေစဉ် လမ်းတစ်လျှောက်တွင် လမ်းတွင် တွေ့ရှိသည့် ရွာသား ၆ ဦးကို အကြောင်းမဲ့ ရိုက်နှက်ခဲ့သည်။
RB News
1.3.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အမှတ် (၁) နယ်မြေ အပိုင်ရှိ ရဲအောင် (ရားနီး) ကျေးရွာအုပ်စု မာဇီးရွာမှ ဦးအီမာန်ဟူဆောင်း (ဘ) ဦးအိုဇိရ်မျာ (အသက် ၄၅ နှစ်) အပါအ၀င် ရွာသား (၄) ဦးတို့သည် ဖေဖော်ဝါရီလ (၂၆) ရက်နေ့ ည (၉) နာရီအချိန်တွင် ကွမ်းယာဆိုင်မှ ကွမ်းဝယ်ရန် သွားနေစဉ် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်မြေမှူး ရဲအုပ်ညီညီထွန်းနှင့် တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ရွာသား (၄) ဦးကို လူမဆန်စွာ ရိုက်နှက်၍ ငွေကျပ် (၅) သောင်းစီ၊ စုစုပေါင်း ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 
တဖန် ယင်းကျေးရွာအုပ်စု မြောက်ဘောင်းရွာမှ ဦးနူရ်အာလောမ် (အသက် ၄၃ နှစ်) ၏ အိမ်ထဲသို့ ၀င်ရောက်၍ သေတ္တာကို စစ်ဆေးကာ သေတ္တာထဲမှ ငွေကျပ် တစ်သိန်းငါးသောင်းနှင့် လက်စွပ် (၂) ကွင်းကို ဓါးပြတိုက်သကဲ့သို့ ယူဆောင်သွားခဲ့သည်။ ဦးဇော်ကိရ်အာမတ် (အသက် ၃၇ နှစ်) ၏ နေအိမ်သို့ ၀င်ရောက်၍ ဖုန်းနှစ်လုံး ယူဆောင်သွားသည့် အပြင် အိမ်သို့ အလည် ရောက်ရှိနေသည့် သားမက် ဖြစ်သူကိုလည်း ဖမ်းဆီး၍ နယ်မြေရုံးသို့ ခေါ်ဆောင်သွားခဲ့သည်။ ဖမ်းဆီးသွားသူအား မည်သည့် နေရာတွင် ထားရှိသည်ကို မသိရှိသဖြင့် မိသားစုများက စိုးရိမ်ပူပန်လျက် ရှိနေကြသည်။ 
အဆိုပါ နယ်မြေမှူးနှင့် အဖွဲ့သည် ည (၁၁) နာရီအချိန်တွင် ဦးရှောမ်ရှုအာလောမ် (အသက် ၄၇ နှစ်) ၏ အိမ်ကို သွားရောက်၍ (၃) ကြိမ်တိုင်တိုင် တံခါးခေါက်ရာ အိမ်ရှင်ဖြစ်သူ အိပ်ပျော်နေ၍ မကြားသဖြင့် နောက်ဆုံး (၄) ကြိမ်မြောက်တွင် နိုး၍ တံခါးဖွင့်ရာ နယ်ခြားစောင့်ရဲ များက လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ထို့နောက် အိမ်ထဲ၍ တစ်ပေခန့် ရှိသည့် ဓါးရှည်တစ်လက် ယူသွားခဲ့သည်။ 
ထို့အပြင် ဦးအလီဟူစိန်း ဆိုသူကို ခေါ်၍ ၎င်း၏ ဆိုင်ခန်းကို ဖွင့်ခိုင်းပြီး Premier စီးကရက် တစ်တောင့်၊ ကင်းစတား ဆေးလိပ် (၃) ထုပ်နှင့် ကြက်ဥ (၅၀) ကျော် ယူသွားခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
Rohingya Exodus