နောက်ဆုံးသတင်း/ဆောင်းပါးများ

RB News
28.12.2017

ပေါက်တော ။ ။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ဆင်တက်မော် ကျေးရွာမှ မလေးရှားနိုင်ငံသို့ လူကုန်ကူးသည့် စက်လှေတစ်စင်း ထွက်ခွာရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ပေါက်တောမြို့နယ် ဆင်တက်မော် ကျေးရွာတွင် ၂၀၁၂ ခုနှစ် နှောင်းပိုင်းတွင် ကျောက်ဖြူမြို့နယ်မှ လာရောက်ခိုလှုံလျက်ရှိသည့် မွတ်စလင် ဒုက္ခသည်များနှင့် စစ်တွေမြို့နယ်တွင် ဒုက္ခသည်ဘ၀သို့ ရောက်သွားသူများကို လူကုန်ကူးသည့် ပွဲစားက စည်းရုံးထားပြီး ဒီဇင်ဘာလ (၂၉) ရက်နေ့ ညပိုင်းတွင် စက်လှေ ထွက်ခွာရန် စီစဉ်ထားကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

စက်လှေဖြင့် မလေးရှားနိုင်ငံသို့ ထွက်ခွာရန် အမျိုးသား၊ အမျိုးသမီး၊ လူငယ်၊ သက်ကြီးရွယ်အို၊ ကလေးများ၊ လသားအရွယ် ကလေးငယ်များ ၁၀၀ ခန့် အသင့်ဖြစ်နေပြီး စစ်တွေမြို့မှ ၅၀ ဦးခန့် စက်လှေငယ်ဖြင့် ဆင်တက်မော်သို့ တိတ်တဆိတ် ထွက်ခွာသွားကြောင်း အဆိုပါဒေသခံကပြောပါသည်။

စက်လှေ ထွက်ခွာနိုင်ရန် အတွက် သက်ဆိုင်ရာ အာဏာပိုင်များကို ငွေကြေးပေး၍ ညှိနှိုင်းထားပြီး ဖြစ်သည့် အတွက် ဒီဇင်ဘာလ (၂၉) ရက်နေ့ ညပိုင်းတွင် စက်လှေ ထွက်ခွာရန် အသင့် ဖြစ်နေကြောင်း အဆိုပါ ဒေသခံက အတည်ပြု ပြောကြားသည်။

စက်လှေပေါ်တွင် လိုက်ပါမည့်သူများထံမှ လူကုန်ကူးသည့် ပွဲစားက ငွေကျပ် ၃ သိန်း ယူကြောင်း သိရှိရသည်။

ယခုကဲ့သို့ လူကုန်ကူးခြင်းမှာ တရားမ၀င်သည့် လုပ်ငန်း ဖြစ်သော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များက လာဘ်ငွေယူထားသောကြောင့် ရပ်တန့်ပေးမည် မဟုတ်သဖြင့် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရတို့မှ လူကုန်ကူးခံရမည့်သူများကို ကယ်တင်ပေးစေလိုကြောင်း အဆိုပါ ဒေသခံက ဒေသခံများ ကိုယ်စား ပြောသည်ဟု ဆိုသည်။




Rohingya Eye
RB News
26.12.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် လှဖိုးခေါင်ကျေးရွာတွင် ယာယီအခြေစိုက်ထားသည့် တပ်ရင်းမှ စစ်သားများက မြောတောင်ကျေးရွာအုပ်စုမှ ဒေသခံရိုဟင်ဂျာများ၏ ကျွဲ များ လုယက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဒီဇင်ဘာလ (၂၆) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း လှဖိုးခေါင်ကျေးရွာတွင် ယာယီစခန်းချထားသည့် တပ်ရင်း (၅၅၃) တပ်ခွဲ (၂) မှ စစ်သား (၆) ဦးနှင့် အရပ်ဝတ် လူနှစ်ဦးတို့သည် ဆိုင်ကယ်များဖြင့် မြောတောင်ကျေးရွာအုပ်စု၊ သလူချောင်းရွာသို့ ရောက်ရှိလာပြီး ဒေသခံများ၏ ကျွဲများ လုယက်ခဲ့သည်။ 

စစ်သားများနှင့် အရပ်သားများသည် သလူချောင်းရွာသို့ ရောက်ရှိပြီးနောက် ကျွဲကျောင်းနေသူများကို သေနတ်များဖြင့် ချိန်လိုက်ရာ ကျွဲကျောင်းသူများသည် ဖမ်းဆီးခံရမည်၊ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရမည်ကို ကြောက်ရွှံ၍ ကျွဲကျောင်းနေရာမှ ထွက်လာခဲ့ကြသည်။ ထို့နောက် လိုင်စင်ရ လုယက်သူများဖြစ်ကြသည့် စစ်သားများနှင့် အရပ်သားများသည် ကျွဲ အကောင်ရေ ၄၀ ခန့်ကို မောင်း၍ ယူသွားရာ ကျွဲများ၏ သဘာဝအရ ၎င်းတို့ ကျက်စားရာနေရာကို ကျော်လွန်၍ မသွားသဖြင့် ၂၈ ကောင်ကိုသာ အတင်းအဓမ္မ မောင်း၍ ယူသွားနိုင်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

၂၈ ကောင်ကို ယူသွားပြီးနောက် ကျန်သည့် ကျွဲများကိုလည်း ထပ်မံယူရန် စစ်သားများ ပြန်လည် လာခဲ့သော်လည်း ရွာသားများက ၎င်းတို့၏ ကျွဲများကို ရွာအတွင်းသို့ မောင်းသွင်းခဲ့သောကြောင့် ကျန်သည့် ကျွဲများကို ယူသွား၍ မရခဲ့ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ကျွဲများ လုယက်ခံရသူများမှာ --

(၁) ဦးအလီဇူဟာရ် (ဘ) ဦးအာဘူလ်ကာလာမ် (အသက် ၂၆ နှစ်) -- ကျွဲ (၅) ကောင်
(၂) ဦးဆီရာဇူလ်အစ္စလာမ် (ဘ) ဦးဆော်ဒူလ်အာမီးန် (အသက် ၅၀ နှစ်) -- ကျွဲ (၆) ကောင်
(၃) ဦးအေနာမူလ်ဟာဆန် (ဘ) ဦးမိုဟာမတ်အာလာမ် (အသက် ၂၄ နှစ်) -- ကျွဲ (၄) ကောင်
(၄)  ဦးအာဘူအာလာမ် (ဘ) ဦးအာဘူသာဟိရ် (အသက် ၄၅ နှစ်) -- ကျွဲ (၃) ကောင်
(၅) ဦးဟာဘီအုလ္လာ (ဘ) ဦးနူရ်အာမတ် (အသက် ၆၂ နှစ်) -- ကျွဲ (၁၀) ကောင် -- တို့ဖြစ်ကြသည်။ 



RB News
25.12.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကွန်တိုင်ရွာမှ ဒေသခံရိုဟင်ဂျာတစ်ဦးကို ရခိုင်အုပ်စုတစ်စုက တစ်ဖက်ကမ်းသို့ လှေဖြင့် လိုက်ပို့ရန် အကူအညီတောင်းပြီး တစ်ဖက်ကမ်းသို့ ရောက်သည်နဲ့ ဓါးဖြင့်ခုတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဒီဇင်ဘာလ (၂၄) ရက်နေ့က ဘူးသီးတောင်မြို့နယ် သိမ်တောင်ရွာ၏ အောက်ဘက်တွင် မြစ်ထဲတွင် ငါးရှာနေသည့် ကွန်တိုင်ရွာသား ကော်ဘိရ်အာမတ် (ဘ) ဦးအဒူရော်ဟိမ်း (အသက် ၂၇ နှစ်) ရခိုင်အုပ်စုတစ်စုက မြစ်၏ တစ်ဖက်ကမ်းသို့ လှေဖြင့် ပို့ဆောင်ပေးရန် အကူအညီတောင်းခံခဲ့သည်။ 

ရခိုင်အုပ်စုတွင် (၇) ဦးပါဝင်ပြီး၊ ဓါးရှည်လည်း ပါရှိသဖြင့် ကော်ဘိရ်အာမတ်က ကြောက်ရွှံ၍ တစ်ဖက်ကမ်းသို့ လှေဖြင့် ပို့ဆောင်ပေးခဲ့သည်။ တစ်ဖက်ကမ်းသို့ ရောက်သည်နှင့် ၎င်း၏ လည်ပင်းကို ဓါးရှည်ဖြင့် လှမ်းခုတ်ရာ အမြန်ရှောင်လိုက်သဖြင့် လည်ပင်းကို မထိပဲ လက်မောင်းရင်းကို ဓါးခုတ်ခံခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ ထို့နောက် ၎င်းသည် လှေပေါ်မှ မြစ်ထဲသို့ ခုန်ချ၍ အော်ဟစ်၍ အကူအညီတောင်းခံရာ အနီးအနားမှ ရွာသားများ ထွက်လာသည့် အခါ ၎င်းအား ဓါးဖြင့် ခုတ်သည့် ရခိုင်အုပ်စု ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။ 



RB News
22.12.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဖရုံချောင်းကျေးရွာအုပ်စု၊ ဒိုးတန်း (၁) ရွာမှ အသက် (၅၅) နှစ် အရွယ် ဒေသခံတစ်ဦးကို ဆွဲကြိုးချသေသည့် အသွင်ဖြင့် တွေ့ရသော်လည်း အသတ်ခံရသည်ဟု ယုံကြည်ရကြောင်း ဒေသခံများက ပြောပါသည်။

ဘူးသီးတောင်မြို့နယ် ဖရုံချောင်းကျေးရွာအုပ်စု၊ ဒိုးတန်း (၁) ရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဦးအီဗရာဟီးမ် (ဘ) ဦးလာလ်မျာ (အသက် ၅၅ နှစ်) ၏ ရုပ်အလောင်းကို ဆွဲကြိုးချသေသည့် အသွင်ဖြင့် ယနေ့ ဒီဇင်ဘာလ (၂၂) ရက်နေ့ နံနက် ၅ နာရီခွဲခန့်တွင် ၎င်း၏ ဆိုင်ရှေ့တွင် တွေ့ရှိခဲ့သော်လည်း အသတ်ခံရသည်ဟု ယုံကြည်ရကြောင်း ဒေသခံများက ဆိုသည်။

“မနက် ၅ နာရီခွဲလောက်မှာ ဦးအီဗရာဟီးမ်ရဲ့ ညီ ဦးဘိုဒီအာလာမ်က ဗလီမှာ ၀တ်ပြုဖို့ သွားနေတဲ့အချိန်မှာ ဦးအီဗရာဟီးမ်ရဲ့ အလောင်းကို ဆွဲကြိုးချ သေနေတဲ့ ပုံစံနဲ့ တွေ့တာပါ။ နွားချည်တဲ့ ကြိုးနဲ့ ချိတ်ထားတာ တွေ့တယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ဦးအီဗရာဟီးမ်သည် ဒီဇင်ဘာလ (၂၁) ရက်နေ့ ည ၁၂ နာရီခန့်အချိန်တွင် အစ်ကိုဖြစ်သူ ဦးအစ္စမိုင်လ်၏ နေအိမ်တွင် ထမင်းစားပြီးနောက် ထွက်ခွာသွားခဲ့ပြီး၊ နံနက် ၅ နာရီခွဲ အချိန်တွင် ၎င်း၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး၊ ဦးအစ္စမိုင်လ်၏ နေအိမ်နှင့် ၎င်း၏ ဆိုင်သည် တစ်ဖာလုံခန့်သာ ဝေးကွာသည့် နေရာတွင် ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

မည်သူမည်ဝါ သတ်သည်ကို မမြင်တွေ့သော်လည်း ၎င်းအား သတ်ဖြတ်ပြီးမှ ဆိုင်ရှေ့တွင် နွားချည်သည့် ကြိုးဖြင့် ချိတ်ဆွဲ၍ ဆွဲကြိုးချသေသည့် ပုံစံဖြစ်အောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက် မရှိပေမယ့်လည်း ကျွန်တော် သုံးသပ်ကြည့်သလောက်ကတော့ သူ့အစ်ကို အိမ်ကနေ အပြန်လမ်းမှာ အသတ်ခံရတာ ဖြစ်မယ်။ လည်ပင်းညှစ်သတ်တာ ဖြစ်ဖို့ သေချာတယ်။ သူ့ရဲ့ ခန္ဓာကိုယ်မှာ သဲတွေ၊ လည်ပင်းနဲ့ နားမှာ သဲတွေ၊ မြက်နည်းနည်းပါးပါး တွေ့ရတယ်။ လမ်းမှာသူ့ကို လည်ပင်းညှစ်သတ်တာမှာ ပေကျံခဲ့တာတွေ ဖြစ်မယ်။ ပြီးမှ ဆိုင်ရှေ့ကို သယ်လာပြီး ဆွဲကြိုးချပြီး သေသလိုလို လုပ်လိုက်တာ ဖြစ်နိုင်တယ်” ဟု ဦးအီဗရာဟီးမ်၏ ရုပ်အလောင်းကို ချိတ်ဆွဲထားစဉ် တွေ့ရှိသူက သုံးသပ်ပြောဆိုသည်။

ဒိုးတန်း (၁) ရွာ၏ အနီးအနားတွင် ကံ့ကော်မြိုင် န.တ.လ ရွာရှိပြီး န.တ.လ ရွာသားများသည် ဒိုးတန်း (၁) ရွာသို့ မကြာခဏ ၀င်ရောက်၍ ဖားရှာလေ့ရှိသည်ဟု ၎င်းကဆိုသည်။ ယမန်နေ့ညက ရွာထဲသို့ န.တ.လ ရွာသားများ ၀င်ရောက်သည်ကို တွေ့ရှိသူ မရှိသောကြောင့် စွပ်စွဲရန် ခက်ခဲနေသော်လည်း အာဏာပိုင်များက စုံစမ်းရန် လိုအပ်သည်ဟု မှတ်ချက်ပေး ပြောဆိုသည်။

ဦးအီဗရာဟီးမ်သည် စားကုန်ဆိုင်ငယ်လေး ဖွင့်လှစ်၍ ရောင်းချနေသော်လည်း သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် ဆိုင်ကို ပိတ်ထားခဲ့ပြီး ယမန်နေ့က ငွေကျပ် တစ်သိန်းဖိုးခန့် ကုန်ပစ္စည်းများ ၀ယ်၍ ဆိုင်ကို ပြန်လည် ဖွင့်လှစ်ရန် စီစဉ်လျက် ရှိကြောင်း၊ ယခင်က လယ်မြေများ ပိုင်ဆိုင်ခဲ့သော်လည်း အများစုမှာ န.တ.လ ရွာအတွက် သိမ်းဆည်းခံခဲ့ရပြီး၊ လက်ကျန် လယ်မြေများ၊ ကျွဲ၊ နွား အနည်းငယ် ဖြင့် အေးချမ်းစွာ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေပြီး၊ ဘာသာရေးကိုင်းရှိုင်း၍ အများကြည်ညို လေးစားခံရသူလည်း ဖြစ်သည်။

ဦးအီဗရာဟီးမ်၏ ရုပ်အလောင်း

RB News
22.12.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သေကံခွဆုံကျေးရွာအုပ်စု၊ ၀က်မကျကျေးရွာမှ ရိုဟင်ဂျာမိသားစု ၁၅၀ ကျော် အငတ်ဘေးကြုံတွေ့နေရကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ် သေကံခွဆုံကျေးရွာအုပ်စု၊ ၀က်မကျကျေးရွာတွင် မိသားစု ၃၅၀ ကျော်ရှိခဲ့ပြီး၊ စက်တင်ဘာလ အတွင်း မြန်မာစစ်တပ် (၃) ကြိမ်တိုင်တိုင် ၀င်ရောက်ခဲ့ခြင်းကြောင့် မိသားစု ၁၅၀ နီးပါး ကြောက်ရွံ၍ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။

“ကျွန်တော်တို့ရွာမှာ မိသားစု ၃၅၀ ကျော်ရှိခဲ့တယ်။ ၁၅၀ နီးပါးက စစ်တပ်ဝင်လာတော့ ကြောက်ပြီး ထွက်ပြေးသွားကြတယ်။ အခြားရွာတွေမှာ စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်တာတွေရှိတော့ အကုန်လုံး စစ်တပ်ဝင်လာတာနဲ့ အရမ်းကြောက်ကြတယ်။ စက်တင်ဘာလ အတွင်း ၃ ကြိမ် ၀င်လာတော့ တစ်ခုခုလုပ်လိမ့်မယ်ဆိုပြီး အကုန်လုံး ကြောက်ခဲ့ကြတယ်” ဟု အဆိုပါ ဒေသခံက RB News သို့ပြောပါသည်။

“အခု ရွာထဲမှာ မိသားစု ၂၀၀ စွန်းစွန်းကျန်တယ်။ အဲဒီမှာ မိသားစု ၄၀ ကျော်လောက်က ရိက္ခာစုဆောင်း ထားတာတွေ ရှိလို့ စားနိုင်ပေမယ့် ကျန်တဲ့ ၁၅၀ ကျော်ကတော့ အငတ်ငေးကြုံနေရတယ်” ဟု ၎င်းက ဆိုသည်။

ဝက်မကျကျေးရွာမှ ဒေသခံရိုဟင်ဂျာများသည် ရွာမှ အပြင်သို့ထွက်ခွင့်မရှိခြင်း၊ ဈေးသို့ သွားရောက်၍ ဈေးဝယ်ခွင့် မရှိခြင်း အပြင် မည်သူတစ်ဦးတစ်ယောက်မှ အလုပ်အကိုင် လုပ်ခွင့်မရှိတို့ကြောင့် အငတ်ဘေးကြုံတွေ့နေရခြင်း ဖြစ်ပြီး၊ ယခုကဲ့သို့ ပိတ်ဆို့ထားခြင်းများ ဆက်လက်ရှိနေမည် ဆိုပါက မကြာခင်အတွင်း အငတ်ဘေးကြောင့် သေဆုံးမှုများပင် ရှိလာနိုင်သည်။

ဝက်မကျကျေးရွာမှ ရိုဟင်ဂျာအိမ်အချို့


MYARF
RB News
22.12.2017

ကမ္ဘာတစ်​လွှားက ဆိုးဆိုးဝါးဝါး လူ့အခွင့်​အ​ရေးချိုး​ဖောက်​သူ ၁၃ ဦးကို အ​မေရိကန်​နိုင်​ငံက စီးပွား​ရေးဒဏ်​ခတ်​ အ​ရေးယူခဲ့မှုမှာ မြန်​မာနိုင်​ငံဖက်​က​တော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး ပါဝင်​လာပါတယ်​။ ​ဗိုလ်​ချုပ်​​မောင်​​မောင်​စိုးဟာ ရခိုင်​ပြည်​နယ်​က အရပ်​သားရိုဟင်​ဂျာ​တွေအ​ပေါ် တရားလက်​လွန်​ လူ့အခွင့်​အ​ရေး ချိုး​ဖောက်​ခဲ့တဲ့ စစ်​ဆင်​​ရေး​တွေကို တာဝန်​ယူခဲ့တယ်​လို့ အ​မေရိကန်​ ဘဏ္ဍာ​ရေးဝန်​ကြီးဌာနရဲ့ မ​နေ့က ထုတ်​ပြန်​ချက်​ထဲမှာ ​ပါရှိ​ပါတယ်​။

ဗိုလ်ချုပ်မောင်မောင်စိုးကို အခုလို စီးပွား​ရေး ဒဏ်ခတ် အရေးယူလိုက်ခြင်းဟာ ရခိုင်ပြည်နယ်မှာ အရပ်​သားရိုဟင်​ဂျာ​တွေအ​ပေါ် ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်​နေတဲ့ မြန်​မာစစ်​တပ်​ရဲ့လုပ်​ရပ်​အ​ပေါ် အ​မေရိကန်​အစိုးရအ​နေနဲ့ စိတ်​ပျက်​​မိကြောင်းကို လက်​​တွေ့ပြသလိုက်​တာဖြစ်​ပြီး အရပ်​သားရိုဟင်​ဂျာ​တွေအ​ပေါ် မြန်​မာစစ်​တပ်​က ကြီးကြီးမားမား လူ့အခွင့်အရေး ချိုးဖောက်​နေတာ​တွေကို အမေရိကန်နိုင်​ငံအနေနဲ့ ဘယ်လိုမှ လက်ခံမှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမှူးဟောင်း Priscilla Clapp က ​ပြောပါတယ်။

ကြာသပတေးနေ့က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ သမ္မတ Donald Trump ရဲ့ အမိန့်အရ ဒဏ်ခတ်မှု ချမှတ်ခံလိုက်ရသူတွေအနေနဲ့ အမေရိကန်နိုင်​ငံမှာ ပိုင်ဆိုင်မှုတွေရှိ​နေရင် ချိတ်ပိတ်ခံရမှာ ဖြစ်​ပြီး အမေရိကန်နဲ့ နိုင်ငံတကာ ငွေကြေးစနစ် အသုံးပြုမှုမှာလည်း အကန့်အသတ်ပြုခြင်း​တွေ ခံရမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်​က အရပ်​သား ရိုဟင်ဂျာတွေအပေါ် ဥပဒေမဲ့သတ်ဖြတ်မှု၊ အမျိုးသမီး​တွေအ​ပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှု၊ တရားလက်​လွန်​ ဖမ်းဆီးမှုတွေအပါအဝင် ဆိုးရွားလွန်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်​သက်​ပြီး မြန်​မာအစိုးရမှာ တာဝန်ရှိကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့တာကြောင့် အခုလို ဒဏ်​ခတ်​အ​ရေးယူမှု စတင်​ရတာ ဖြစ်​တယ်လို့ မနေ့က အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မောင်မောင်စိုးကို အမေရိကန်ပြည်ထောင်စုက အခုလို ဒဏ်ခတ် အရေးယူ လိုက်တာဟာ အရေးပါတဲ့ ခြေလှမ်းတစ်​ရပ် ဖြစ်​ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ (HRW) က အာရှရေးရာ ညွန်ကြားရေးမှူး John Sifton က ပြောပါတယ်။

မြန်​မာနိုင်​ငံက​နေ ဘင်္ဂလား​ဒေရှ့်​ဖက်​ခြမ်းကို ကျည်​ဆံဒဏ်​ရာအပါအဝင်​ တခြားဒဏ်​ရာ​ဒဏ်​ချက်​တွေနဲ့အတူ ​ထွက်​​ပြေးခိုလှုံလာတဲ့ ဒုက္ခသည်​​တွေက​တော့ ​ဒေသခံ​ဗုဒ္ဓဘာသာဝင်​​တွေအုပ်​စု​တွေနဲ့ မြန်​မာစစ်​သား​တွေ လက်​တွဲညီညီနဲ့ သူတို့ရဲ့ ရွာ​တွေကို မီးရှို့ခဲ့ကြတာဖြစ်​​ကြောင်း၊ အရပ်​သား​တွေကို ပစ်​မှတ်​ထား တိုက်​ခိုက်​သတ်​ဖြတ်​ခဲ့​ကြောင်း၊ အမျိုးသမီး​တွေကို အဓမ္မပြုကျင့်​​ကြောင်း စတဲ့ သူတို့​တွေ့ကြုံရင်​ဆိုင်​ခဲ့ရတာ​တွေကို ထွက်​ဆို​လျက်​ရှိနေပါတယ်​။

ဩဂုတ်​လ ၂၅ ရက်​​နေ့တွင်​ ဖြစ်​ပွားခဲ့တဲ့ အ​ရေးခင်း​နောက်​ပိုင်း ရခိုင်​ပြည်​နယ်​မှာ အပြစ်​မဲ့ ရိုဟင်​ဂျာအရပ်​သား​ပေါင်း ၆၇၀၀ ကျော်​ သတ်​ဖြတ်​ခံခဲ့ရ​တယ်​လို့ MSF က ပြီးခဲ့တဲ့အပတ်​က အစီရင်​ခံစာထုတ်​ပြန်​ခဲ့ပါတယ်​။ လူ​ပေါင်း ၇ သိန်းနီးပါး​ဟာ အိုးအိမ်​​တွေ မီးရှို့ခံရပြီး ဘင်္ဂလား​ဒေရှ့်​ဖက်​ခြမ်းကို အသက်​လုပြီး ထွက်​​ပြေးလာခဲ့ရခြင်း၊ အမျိုးသမီး​တွေ အဓမ္မအနိုင်​ကျင့်​ခံရခြင်း စတဲ့ စစ်​တပ်​ရဲ့ လူမဆန်​တဲ့ ကျူးလွန်​မှု​တွေဟာ သင်​ရိုးညွှန်းတမ်းမှာ ဥပမာပြစရာ လူမျိုးစုအလိုက်​ သုတ်​သင်​ရှင်းလင်း​​​ရေး လုပ်​​ဆောင်​မှုဖြစ်​တယ်​လို့ ကမ္ဘာ့ကုလသမဂ္ဂကအဖွဲ့က နိုဝင်​ဘာလ ၂၂ ရက်​​နေ့မှာ အတိအလင်း ​ပြောကြားခဲ့ပါတယ်​။

မြန်​မာအစိုးရက​တော့ အနောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးကို ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ အဆိုပါ ရာထူးက ဖယ်ရှားခဲ့ပြီး သူ့နေရာမှာ ဗိုလ်မှူးချုပ်စိုးတင့်နိုင်ကို အစားထိုး ခန့်အပ်ခဲ့ပါတယ်​။

RB News
21.12.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မိကျောင်းဈေးကျေးရွာအုပ်စုမှ ရွာသား ၁၂ ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း တို့ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က နှစ်ရက်ကြာ ထိန်းသိမ်းထားပြီးနောက် ငွေကျပ် ၃၆ သိန်းကျော် ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများ မိကျောင်းဈေးကျေးရွာအုပ်စု သို့ လာရောက်၍ ဓါတ်ပုံရိုက်ကူးပြီးနောက် ဒေသခံ (၁၂) ဦးကို တောင်ဘဇာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ လာရောက်ရန် မှာကြားခဲ့သည်။ 

မိကျောင်းဈေးကျေးရွာအုပ်စု၊ ဖော်တေအလီရွာမှ ဆင့်ခေါ်ခံထားရသူ (၁၂) ဦးသည် ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် တောင်ဘဇာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းရှိ နယ်မြေမှူး ရဲမှူး ထွန်းလှိုင် တွေ့ဆုံရန် သွားရောက်ပြီးနောက် ထိန်းသိမ်းထားခံခဲ့ရသည်။ ၎င်းတို့နှင့် အတူ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမူဂျီဖ်လည်း ထိန်းသိမ်းခံခဲ့ရကြောင်း သိရှိရသည်။  

ရွာသား ၁၂ ဦးမှ (၈) ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းတွင် ထိန်းသိမ်းထားခဲ့ပြီး ကျန်သည့် (၄) ဦးကို အနီးအနားရှိ ရိုဟင်ဂျာနေအိမ်များတွင် ထိန်းသိမ်းထားခဲ့သည်။ 

၎င်းတို့ (၁၃) ဦးကို ယနေ့ ဒီဇင်ဘာလ (၂၁) ရက်နေ့ နေ့လည်ပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း၊ (၁၃) ဦးထံမှ ငွေကျပ် ၃၆ သိန်း ၆ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

နယ်ခြားစောင့်ရဲများက ၎င်းတို့ထံမှ ငွေယူခြင်း မရှိဟု လက်မှတ်ထိုးခိုင်းခဲ့ကြောင်း အဆိုပါဒေသခံက ပြောပါသည်။ 

ထိန်းသိမ်းခံခဲ့ရပြီး ငွေညှစ်ခံရသူများမှာ --

(၁) မော်လ၀ီဖော်ယာစ်
(၂) မော်လ၀ီဂျာဟိတ်
(၃) မော်လ၀ီဟာမီဒုလ်ဟောက်
(၄) မော်လ၀ီတူဟား
(၅) ဦးအီဗရာဟိမ်း
(၆) မောင်အီဗရာဟိမ်း
(၇) ဦးအီဆက်
(၈) ဦးမူဟီဘူလ္လာ
(၉) ဦးရော်ဟိမ်း
(၁၀) ဦးမာမတ်အလီ အပါအ၀င် (၁၂) ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမူဂျီဖ် တို့ဖြစ်ကြသည်။

အဆိုပါ နယ်ခြားစောင့်ရဲများသည် နိုဝင်ဘာလ အစောပိုင်းတွင်လည်း မိကျောင်းဈေးရွာမှ ရွာသားများထံမှ ငွေညှစ်ခဲ့သည်။ မိကျောင်းဈေးရွာတွင် မီးရှို့ရန်လာသည့် ရခိုင်ရွာသားတစ်ဦးကို ရွာသားများက ၀ိုင်းဝန်းဖမ်းဆီး၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့ခြင်းလည်း ရှိခဲ့သည်။




ဖြိုးမေခင်
RB News
21.12.2017

NVC လက်​ခံဖို့ မွတ်စလင်တွေ ဘာကြောင့် ထိတ်လန့်နေတာလဲ

ဒီအဖြေကို တစ်​ခွန်းတည်း တည့်တည့်ဖြေရရင် "အစိုးရ ခေတ်အဆက်ဆက်မှာ လ.ဝ.က က မွတ်စလင်တွေကို သွေးနှောဆိုတဲ့ တံဆိပ်တပ်ပြီး ခွဲခြားဆက်ဆံခဲ့လိုပဲ" ဖြစ်ပါတယ်။

အရင်ကလည်း ယာယီသက်သေခံကဒ်ပြား (​ခေါ်) ဝှိုက်ကဒ် ဆိုတာကို ပေးခဲ့လို့ ရခိုင်ပြည်နယ်မှာ ပြသနာတွေ မီးခိုးကြွက်လျှောက်ဖြစ်နေခဲ့တာ ယနေ့တိုင်အောင် ရှင်းမရသေးပါဘူး။ အခုအချိန်မှာလည်း NVC ဆိုတာကို ပြည်မက မြန်မာမွတ်စလင်တွေကိုပါ ရောရိုက်သွင်းလာတာ တွေ့နေရပါတယ်​။ 

NVC လုပ်ပေး​နေတဲ့ ကိစ္စ ခဏထားပါဦး။ နိုင်ငံသားမှတ်ပုံတင်ကဒ် ရထားတဲ့သူတွေတောင် နိုင်ငံကူးလက်မှတ်ရုံးမှာ ခွဲခြားဆက်ဆံခံနေရခြင်း၊ လွတ်လပ်စွာသွားလာခွင့်မရရှိခြင်း၊ ရခိုင်ရွာ​တွေကို ဝင်ခွင့်မရရှိခြင်း၊ မြို့တစ်မြို့ကနေ အခြားတစ်​မြို့သို့ ဗုဒ္ဓဘာသာတွေလို လွတ်လပ်စွာ သွားခွင့်မရရှိခြင်း၊ ဒီလို ခွဲခြားဆက်ဆံခံနေရတာဟာ လ.ဝ.က လက်ချက်ပဲ မဟုတ်ပါလား။

ဒီလအ​စောပိုင်းပိုင်းမှာ တပ်​မ​တော်​ ကာကွယ်​​ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံတဲ့အခါမှာ မြန်​မာနိုင်​ငံမှာ ဘာသာရေးဖိနှိပ်မှုနဲ့ ခွဲခြားဆက်ဆံမှု​တွေ မရှိပါဘူးလို့ ပြောသွားတာ တွေ့ရပါတယ်။ အဲ့ဒီတော့ တပ်ချုပ်ကြီးကို ပြောချင်တာက ခွဲခြားဆက်ဆံမှုဆိုတာ ဘာလဲသိအောင် လက်တွေ့စမ်းသပ်ကြည့်​ပါ။ 

- လဝကရုံးကိုသွားပြီး အစ္စလာမ်ဘာသာဝင်အဖြစ် နိုင်ငံသားမှတ်ပုံတင်ကဒ် သွားလျှောက်ကြည့်ပါ။ နိုင်ငံသားမှတ်ပုံတင်ကဒ် ထုတ်ပေးတဲ့အခါ အစ္စလာမ်​ဘာသာဝင်​ဖြစ်​တာနဲ့ ဘင်္ဂါလီ သွေးနှောအဖြစ်၊ အိန္ဒိယသွေးနှောအဖြစ်၊ ပါကစ္စတန်သွေးနှောအဖြစ် ထုတ်ပေးနေတာ  ကိုယ်တိုင် ကြုံဖူးသွားပါလိမ့်မယ်။

- ဘာသာရေးဖိနှိပ်မှု မရှိပါဘူးတဲ့လား။ မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာဝင်​တို့ ဝတ်ပြုသောဗလီ​တွေ များသောအားဖြင့် မီးရှို့ ခံရ၊ ဗလီများစွာ ​သော့ခတ်​ခံရ၊ ​ကောင်းမွန်​အေးချမ်းစွာ စိတ်ငြိမ်စွာဝတ်ပြုခွင့်မရ၊ ပျက်​စီးသွားသော ဗလီများနဲ့ ဟောင်းနွမ်းနေသော ဗလီများကို ပြန်လည်​ ပြုပြင်ခွင့်မရ၊ ဒါတွေက​ရော ဘာလဲ။ ဘာသာရေးဖိနှိပ်မှုမဟုတ်လား။ 

ရခိုင်ပြည်မှာ ယနေ့တိုင်အောင် မီးခိုးကြွက်လျှောက်ပြဿနာတွေဖြစ်နေဆဲ အနေအထားမှာ တစ်​ချိန်​က ယာယီသက်သေခံကဒ်ပြား (​ခေါ်) ဝှိုက်ကဒ်ကြီးကို လက်ခံမိလို့ အမှားကြီး မှားခဲ့ပြီ။ ထပ်​ပြီးတစ်​ခါ အမှားမခံချင်​ဘူး။ ​နောင်​တမရချင်​ဘူး။

NVC ရဲ့ အချိန်​ကာလလည်း သတ်မှတ်ထားခြင်းမရှိဘူး။ NVC ကိုင်ပြီး ဘယ်နှစ်​လအတွင်း နိုင်ငံသားမှတ်ပုံတင်ကဒ် ပြုလုပ်ပေးမယ်ဆိုတာလည်း ပွင့်လင်းမြင်သာမရှိဘူး။ 

လက်ရှိ နိုင်ငံသားမှတ်ပုံတင်ကဒ် တိုက်ရိုက်လုပ်ပေးလို့ရသူတွေကို အရင်​ဆုံး နိုင်ငံသားမှတ်ပုံတင်ကဒ် ထုတ်​မပေးဘဲ တစ်​ခြားလူ​တွေကို ရည်​ရွယ်​ချက်​ရှိရှိ အတင်းအဓမ္မ NVC ထုတ်​​ပေး​နေတာ​ဟာလည်း ​ကောက်​ကျစ်​မှု​တွေပါ​နေတာ အထင်းသား​မြင်​​နေရတယ်​။ 

မြန်မာနိုင်ငံသားစစ်​စစ်​ဆိုပြီး သက်​​သေပြခွင့်​ရရှိမှာမဟုတ်​တဲ့၊ တစ်​ဖက်နိုင်ငံနှင့် သွေးနှောဆိုပြီး သတ်မှတ်ခံနေရတဲ့ ဒီ NVC ကို ကျမတို့ ဘယ်တော့မှ ကိုင်မှာမဟုတ်ဘူး။ 

နိုင်ငံသားဖြစ်နေတဲ့ မွတ်စလင်တွေတောင် နိုင်ငံကူးလက်မှတ်ရုံးမှာ  ခွဲခြားဆက်ဆံခြင်းခံနေရတဲ့ အနေအထားမျိုးမှာ၊ လွတ်လပ်စွာ သွားလာခွင့်မရရှိနိုင်တဲ့ အနေအထားမျိုးမှာ၊ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် မရနိုင်တဲ့ အနေအထားမျိုးမှာ ဘာမှအာမခံချက်​မရှိတဲ့ NVC ကို ကိုင်ပါဆိုတာကတော့ အဆပေါင်းများစွာ နှိပ်ကွပ်နိုင်အောင် ကြိုတင်စီမံနေခြင်း ဖြစ်တယ်လို့သာ ကျမမြင်တယ်။

အမျိုးပျောက်မှာ စိုးကြောက်နေပါတယ်​ဆိုတဲ့ လ.ဝ.က ကြောင့် ကျမတို့ မွတ်စလင် လူနည်းစုတွေလည်း လက်​ရှိ ရင်​ဆိုင်​​နေရတဲ့ နိုင်ငံမဲ့၊ ပြည်မဲ့၊ အိမ်ခြံမဲ့၊ ပိုင်ဆိုင်မှုမဲ့၊ အ​ခြေခံ လူအခွင့်အရေးမဲ့၊ လုပ်ပိုင်ခွင့်မဲ့၊ ပညာသင်ယူခွင့်မဲ့၊ လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်မဲ့​နေမှုများထက်​ ပိုပြီးဆိုးရွာ​သော အ​ခြေအ​နေမျိုးနဲ့ ရင်​ဆိုင်​ ဖြစ်​​နေမှာကို အချိန်ပြည့် စိုးကြောက်ထိတ်​လန့်​ နေရပါတယ်လို့ ကျမ ဝန်ခံပါရစေ။

ဆောင်းပါးရှင်သည် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ တက္ကသိုလ်ကျောင်းသူ တစ်ဦး ဖြစ်သည်။



RB News
19.12.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မိကျောင်းဈေးကျေးရွာအုပ်စုမှ ရွာသား ၁၂ ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်၍ ထိန်းသိမ်းထားကြောင်း သတင်းရရှိပါသည်။ 

ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် တောင်ဘဇာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများ မိကျောင်းဈေးကျေးရွာအုပ်စု သို့ လာရောက်၍ ဓါတ်ပုံရိုက်ကူးပြီးနောက် ဒေသခံ (၁၂) ဦးကို တောင်ဘဇာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ လာရောက်ရန် မှာကြားခဲ့သည်။ 

မိကျောင်းဈေးကျေးရွာအုပ်စု၊ ဖော်တေအလီရွာမှ ဆင့်ခေါ်ခံထားရသူ (၁၂) ဦးသည် ယနေ့ ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် တောင်ဘဇာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းရှိ နယ်မြေမှူး ရဲမှူး ထွန်းနိုင်နှင့် တွေ့ဆုံရန် သွားရောက်ပြီးနောက် ထိန်းသိမ်းထားခံရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

“ရွာသား ၁၂ ယောက်ကို မီးလောင်မှုနဲ့ ပတ်သက်ပြီး မေးမြန်းဖို့၊ ရဲမှူးက စစ်ဆေးဖို့အတွက် ခေါ်တာလို့ သိရတယ်။ ၈ ယောက်ကို စခန်းမှာ ထိန်းသိမ်းထားပြီး၊ ကျန်တဲ့ ၄ ယောက်ကိုတော့ စခန်းနားက ရိုဟင်ဂျာအိမ်တွေမှာ ထိန်းသိမ်းထားတယ်လို့ သိရတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

၎င်းတို့အား မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်မည်ကို မိသားစုများက စိုးရိမ်ပူပန်နေကြသည်ဟု ဆိုသည်။ 

ထိန်းသိမ်းခံထားရသူများမှာ --

(၁) မော်လ၀ီဖော်ယာစ်
(၂) မော်လ၀ီဂျာဟိတ်
(၃) မော်လ၀ီဟာမီဒုလ်ဟောက်
(၄) မော်လ၀ီတူဟား
(၅) ဦးအီဗရာဟိမ်း
(၆) မောင်အီဗရာဟိမ်း
(၇) ဦးအီဆက်
(၈) ဦးမူဟီဘူလ္လာ
(၉) ဦးရော်ဟိမ်း
(၁၀) ဦးမာမတ်အလီ အပါအ၀င် (၁၂) ဦး ဖြစ်ကြောင်း သိရှိရပါသည်။ 
Rohingya Eye
RB News
19.12.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မီးရှို့မခံရဘဲ ကျန်ရှိနေသည့် ရိုဟင်ဂျာရွာများတွင် ဆွဲ၊တင်၊စစ် ပြုလုပ်လျက်ရှိပြီး ငွေအဆမတန် တောင်းခံနေခြင်းကြောင့် ငွေကြေးအဆင်မပြေသည့် အချိန်တွင် ဒေသခံများ အခက်ကြုံလျက် ရှိကြောင်း သတင်းရရှိပါသည်။

ဒီဇင်ဘာလ (၁၀) ရက်နေ့ နောက်ပိုင်းမှစ၍ မြို့ဦးကျေးရွာအုပ်စုတွင် ဆွဲ၊တင်၊စစ် ပြုလုပ်လျက်ရှိပြီး ကျေးရွာ တာဝန်ခံ ဦးအဒူမူနာဖ်နှင့် ဆွဲ၊တင်၊စစ် တာဝန်ခံ လ.၀.က များက ကလေးတစ်ဦးကို အိမ်ထောင်စု လူဦးရေ စာရင်းတွင် ထည့်သွင်းပေးခဟု ဆိုကာ ငွေကျပ် တစ်သိန်း ယူကြောင်း၊ အိမ်ထောင်စု လူဦးရေ စာရင်းမှ တစ်ဦး ပယ်ဖျက်လျှင် ငွေကျပ် ၇ ထောင်၊ ဓါတ်ပုံ ရိုက်ခံ ၇ ထောင် ယူကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

မြို့ဦးကျေးရွာရှိ ဒေသခံ အများစုမှာ ဆင်းရဲသားများ ဖြစ်ကြပြီး လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများ ဖြစ်ကြသည်။ ယခုကဲ့သို့ ငွေကြေး အဆမတန် ကောက်ခံနေခြင်းကြောင့် ဓါတ်ပုံရိုက်ခပင် မပေးနိုင်သော ရွာသူရွာသား အများအပြား ရှိကြသည်။

သွားလာခွင့် ကန့်သတ်ထားခံရပြီး၊ အလုပ်အကိုင် အဆင်မပြေ ဖြစ်နေသည့် အချိန်တွင် ယခင်နှစ်များကထက် ပို၍ ကောက်ခံနေခြင်းသည် ငွေကြေး မတတ်နိုင်သူများကို တဖက်နိုင်ငံသို့ ထွက်ပြေးသွားစေရန် တမင် ကြံစည် လုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။

ကလေး မွေးတိုးအတွက် ပြည်သူ့ဆေးရုံမှ မွေးစာရင်း ရယူရန် အခက်အခဲ ပေါင်းစုံနှင့် ရင်ဆိုင်နေရပြီး ငွေအဆမတန် ကုန်ကျနေကြောင်း မွေးစာရင်း ထုတ်ခဲ့သူက ပြောပါသည်။


MYARF
RB News
19.12.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ကျေးရွာ သုဿန်တွင် တွေ့ရှိသည့် ရုပ်အလောင်း (၁၀) လောင်းမှာ သြဂုတ် (၃၁) ရက်နေ့တွင် ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများ ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်သုဿန်တွင် အမည်မသိ ရုပ်အလောင်းများ တွေ့ရှိထားသည်ကို အမည်မဖော်လိုသူတစ်ဦးက အကြောင်းကြားကြောင်း ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယနေ့ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင်လည်း ရုပ်အလောင်း (၁၀) လောင်း ဖြစ်သည်ဟု ထပ်မံ အတည်ပြု၍ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အင်းဒင်ကျေးရွာမှ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေသူများအား မေးမြန်းကြည့်ရာ အင်းဒင်ကျေးရွာမှ အသတ်ခံရသူများ စာရင်းနှင့် ဖမ်းဆီးခံရသူများ၏ စာရင်းအချို့ အပြင် ရုပ်အလောင်း (၁၀) လောင်းနှင့် ပတ်သက်၍ ခိုင်မာသည့် အချက်အလက်များ ရရှိခဲ့သည်။

အင်းဒင်ကျေးရွာရှိ ရိုဟင်ဂျာများ၏ နေအိမ်များကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က သြဂုတ်လ (၂၈) ရက်နေ့မှ (၃၁) ရက်နေ့ထိ ဆက်တိုက် မီးရှို့ခဲ့ရာ ရွာသားအများစုသည် နီးစပ်ရာတောင်များ၊ ကမ်းခြေနှင့် နီးစပ်ရာရွာများသို့ ထွက်ပြေးခိုလှုံခဲ့သည်။

သြဂုတ်လ (၃၁) ရက်နေ့၌ အင်းဒင်ကမ်းခြေတွင် ယာယီခိုလှုံနေသူများထဲမှ အင်းဒင်ရွာသား (၁၀) ဦးကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် အင်းဒင်ရွာသားများက RB News သို့ပြောပါသည်။

ဖမ်းဆီးခံရသူ (၁၀) ဦးမှာ --

(၁) မော်လ၀ီအဒူမာလဲခ် (ဘ) ဦးမာမတ် (အသက် ၃၅ နှစ်)
(၂) ဦးအာဘူလ်ဟာရှင်မ် (ဘ) ဦးကမာရုလ် (အသက် ၃၀ နှစ်)
(၃) အဗ်ဒူလ္လာ (ဘ) ဦးအာဘူကာလာမ် (အသက် ၂၀ နှစ်)
(၄) ဦးဟာဖီဇုလ္လာ (ဘ) ဦးနုရ်မာမတ် (အသက် ၂၈ နှစ်)
(၅) ရရှိတ် (ဘ) ဦးအဒူရှုကူရ် (အသက် ၂၀ နှစ်)
(၆) ဦးအဗ်ဒူမိုဂျစ် (ဘ) ဦးမာမတ် (အသက် ၄၅ နှစ်)
(၇) ဘန်ဂို (ဘ) ဦးအာမာန်အုလ္လာ (အသက် ၂၅ နှစ်)
(၈) ဦးဒီလူး (ဘ) ဦးအီဆုဖ် (အသက် ၃၀ နှစ်)
(၉) ဦးဘူတာ (ဘ) ဦးအဒူရာမာန် (အသက် ၄၅ နှစ်)
(၁၀) ရဖိတ်ခ် (ဘ) ဦးမိုဟာမတ်ရာမူလ် (အသက် ၂၅ နှစ်) -- တို့ဖြစ်ကြသည်။

ယခု အင်းဒင်ကျေးရွာ သုဿန်တွင် တွေ့ရှိသည့် ရုပ်အလောင်းများမှာ ဖမ်းဆီးသွားသူများကို စစ်သားများနှင့် နယ်ခြားစောင့်ရဲများက သတ်ဖြတ်ထားသည့် ရုပ်အလောင်းများသာ ဖြစ်သည်ဟု အဆိုပါ ဒေသခံများက ပြောပါသည်။

အင်းဒင်ကျေးရွာ သုဿန်တွင် ရုပ်အလောင်းများ တူးဖော်နေပုံ
MYARF
RB News
19.12.2017

မောင်တော ။ ။ အသက် ၁၄ နှစ် အရွယ်ရှိ ကုရ်အာန်ကျမ်း အာဂုံဆောင်နေသူ ရိုဟင်ဂျာကျောင်းသား တစ်ဦးကို နယ်ခြားစောင့်ရဲများက တစ်လကျော်ကျော် ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်လိုက်ကြောင်း သတင်းရရှိပါသည်။

၂၀၁၇ ခုနှစ်​ နိုဝင်​ဘာလ ၁၁ ရက်​​နေ့၊ နံနက်​ ၉ နာရီခန့်​အချိန်​တွင်​ နယ်​ခြား​စောင့်​ရဲ​တပ်ဖွဲ့နှင့် စစ်​တပ်​ ပူး​ပေါင်းအဖွဲ့သည်​ ဒု​ညောင်​ပင်​ကြီး​ကျေးရွာအနီးအနား စပါးခင်း၌ ​ကောက်​ရိတ်​​နေ​သူများနှင့်​ ၎င်း​ကျေးရွာအနီး၌ ရှိ​သော ပုဇွန်​ကန်​တွင်​ ငါးဖမ်း​နေသူများကို အင်​အားအလုံးအရင်းဖြင့်​ ဝန်းရံပိတ်​ဆို့ကာ ၂၆ ဦး ဖမ်းဆီးခဲ့ပြီး အသက်​အရွယ်​ကြီးသူ ၇ ဦးကို လွှတ်​​ပေးခဲ့သော်လည်း ၁၉  ဦးကို ​ခေါ်ဆောင်​သွားခဲ့သည်​။ ဤသတင်းကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် RB News ၌ ရေးသား ဖော်ပြခဲ့သည်။ (http://bit.ly/2yXyPez)

ဖမ်းဆီး​ခေါ်​ဆောင်​သွားခြင်းခံရသူ ၁၉ ဦးမှ ၁၅ ဦးကို မောင်တောမြို့မ ရဲစခန်းမှတဆင့် ဘူးသီးတောင်​ အကျဉ်း​ထောင်​သို့ ပို့​ဆောင်​ကာ ထိန်းသိမ်းထားခဲ့ပြီး အသက်​အရွယ်​ငယ်​​သည့် လူငယ်​ ၄ ဦးကို ​မောင်​​တော ​တောင်​ပိုင်း၊ ​မောရဝတီ နယ်​ခြား​စောင့်​ရဲစခန်း၌ ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်​သည်​။ ယခုအသတ်​ခံရသူမှာ ထိုလူငယ်​​လေးဦးထဲမှ တစ်​ဦးဖြစ်​ပါသည်​။

အသတ်​ခံရသည့်​ အသက်​ ၁၄ နှစ်​အရွယ်​ခန့်​ရှိ​သော မူဟာမာတ်နိုမာန် (ဘ) ဦးမူဟာမတ်​​ရော်​ရှိတ်​သည် တပ်​ဦး​ချောင်း​ကျေးရွာအုပ်​စု နူရူလာရွာသားဖြစ်ပြီး အိမ်​မီးရှို့ခံရပြီး​နောက်​ အနီးအနားမှရွာဖြစ်သည့် ဒုညောင်ပင်ကြီး​ကျေးရွာတွင် မိသားစုအလိုက်​ သွား​ရောက်​ခိုလှုံ​နေသူ ဖြစ်​သည်​။

၎င်းလူငယ်​ ​လေးဦးတို့ကို ​မောရဝတီ နယ်​ခြား​စောင့်​စခန်း၌ တစ်​လ​ကျော်​​ ထိန်းသိမ်းကာ ညှဉ်းပန်းနှိပ်​စက်​ခဲ့​သော​ကြောင့်​ ထိုအထဲမှ မူဟာမာတ်နိုမာန်သည်​ ညှဉ်းပန်းမှုဒဏ်​ကို မခံနိုင်​၍ ဒီဇင်​ဘာလ ၁၆ ရက်​​နေ့တွင်​ သေဆုံးသွားခဲ့ခြင်းဖြစ်​သည်​။ ၎င်း၏ အ​လောင်းကို နယ်​ခြား​စောင့်​ရဲများက ​မောင်​​တော​ဆေးရုံကြီးသို့ ပို့​ဆောင်​​ပေးခဲ့ကာ ခွဲစိတ်​​စစ်ဆေး​ပြီး​နောက်​ နောက်​တစ်​​နေ့ ဒီဇင်​ဘာလ ၁၇ ရက်​​နေ့ နေ့လည် ၂ နာရီ ခန့်​အချိန်​တွင်​ မိသားစုကို ​ခေါ်ယူ၍အပ်​နှံခဲ့သည်​။ အ​လောင်းကို နေ့လည် ၃ နာရီခန့်​အချိန်​တွင်​ မန်​ကျီး​ချောင်း ​​နယ်​ခြား​စောင့်​စခန်းမှ ရဲမှူးကိုယ်​တိုင်​ပါဝင်​​သော တပ်​ဖွဲ့ဝင်​ ၂၀ ဦးတို့က အ​စောင့်​အကြပ်​များဖြင့် ဒု​ညောင်​ပင်​ကြီး​ကျေးရွာ၌ ​မြေမြုပ်​သင်္ဂြိုလ်​ခဲ့သည်​။

“ဒီလူ​တွေကို ဖမ်းတုန်းက မသင်္ကာ၍ ဖမ်းဆီးစစ်​​ဆေး​နေတာသာ ဖြစ်​တယ်​ဆိုပြီး နိုင်​ငံ​တော်​ အတိုင်​ပင်​ခံရုံးက သတင်းထုတ်​ပြန်​ခဲ့တယ်​။ မသင်္ကာ၍ ဖမ်းဆီးစစ်​​ဆေးတဲ့အခါ ဒီလိုမျိုး ဆုံးပါးသွားတဲ့အထိ ညှဉ်းပန်းပြီး စစ်​​ဆေးရသလား။ ဒီလူငယ်​ဆိုရင်​ အရွယ်​တောင်​ မရောက်သေးဘူး။ ဒီလို အရွယ်​မ​ရောက်​​သေးတဲ့ လူငယ်ကို ဥပဒေအရ နှိပ်စက်ခွင့်မရှိဘူး။ အကာအကွယ်ပေးရမှာပါ။ အခုလို တစ်​လကြာကြာအထိ နှိပ်​စက်​ညှဉ်းပန်းစက်​ပြီး သတ်​လိုက်​က​တော့ တကယ်​ကို လူမဆန်တဲ့ လုပ်​ရပ်​ပါပဲ" ဟု ​ဒေသခံ ပညာတတ်​တစ်​ဦးက RB News သို့ ​ပြောသည်​။

မောင်​​တော​မြောက်​ပိုင်းတွင်​ အာဏာပိုင်​များက အပြစ်​မဲ့ ပြည်​သူများကို "မသင်္ကာ" ဆို​သော စကားလုံးဖြင့်​ ​နေ့စဉ်​နီးပါး ဖမ်းဆီးလာခဲ့သည်​မှာ ၂၀၁၂ ခုနှစ်​ ဇွန်​လ အ​ရေးအခင်း ​နောက်​ပိုင်းမှစ၍ ယနေ့ထိ ဖြစ်​သည်​။ ဖမ်းဆီးစစ်​​ဆေးရာတွင်​လည်း အလွန်​တရား ညှဉ်းပန်းနှိပ်​စက်​မှု​ကြောင့်​ ဆုံးပါးသွားသူများလည်း မကြာခဏရှိ​နေသည်​။ "မသင်္ကာ" ၍ ဖမ်းဆီးစစ်​​ဆေးသည်​ဟု ဆိုကာ ဖမ်းဆီးသမျှလူများကို ပုဒ်​မတစ်​ခုခု တပ်​၍ ​ထောင်​ဒဏ်​ချမှတ်​​လေ့ရှိသည်​။

သေဆုံးသွားသူနှင့် အတူဖမ်းဆီးခံထားရသူ ၃ ဦးကို ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် မန်ကျီးချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းသို့ ပြောင်းရွှေ့၍ ချုပ်နှောင်ထားကြောင်း၊ လူငယ်များကို မိသားစုများနှင့် တွေ့ခွင့်ပေးပြီး ပြန်လည် လွှတ်ပေးမည်ဟု မကြာခဏ ပြောဆိုနေသော်လည်း စခန်း တာဝန်ခံကို ငွေမပေးနိုင်သောကြောင့် လွှတ်မပေးသေးခြင်း ဖြစ်ကြောင်း၊ ငွေမပေးနိုင်သဖြင့် ပုဒ်မတစ်ခုခုတပ်၍ ထောင်ချမည်ကို မိသားစုဝင်များက စိုးရိမ်ပူပန်လျက် ရှိနေကြသည်ဟု ဒေသခံများက ပြောပါသည်။

ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားသည့် မူဟာမတ်နိုမာန်
RB News
19.12.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာမှ ဒေသခံနှစ်ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှည်ကျ ကျေးရွာတွင် ဒီဇင်ဘာလ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့ထိ ဆွဲ၊ တင်၊ စစ် ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် ဦးရိုဂျီအာလာမ် (ဘ) ဦးကုလ္လာမျာ (အသက် ၂၈) ရက်နေ့တွင် ခိုင်မာသည့် အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ နယ်ခြားစောင့်ရဲများက စစ်ဆေးရန် ရှိသည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း၊ ယခုအချိန်ထိ ၎င်းနှင့် ပတ်သက်၍ ဘာမှ မကြားရတော့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ယနေ့ ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ငါးခူရကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ နယ်မြေမှူး ရဲမှူးအောင်ကျော်မင်း အပါအ၀င် နယ်ခြားစောင့်ရဲများ ဦးရှည်ကျရွာသို့ ရောက်ရှိလာပြီး ဆွဲ၊ တင်၊ စစ် အစစ်ဆေးခံထားသည့် မိသားစု ၁၂ စု ကို လာရောက်တွေ့ဆုံရန် ဆင့်ခေါ်ခဲ့သည်။ လာရောက်တွေ့ဆုံသည့် မိသားစုများထဲမှာ ဦးဂျာဖော်ရ်အာလာမ် (ဘ) ဦးဘိုဒီအာလာမ် (အသက် ၄၀ နှစ်) ကို စစ်ဆေးရန် ရှိသည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဒီဇင်ဘာလ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့ထိ ဆွဲ၊ တင်၊ စစ် ပြုလုပ်ရာတွင် မိသားစု တစ်စုလျှင် ငွေကျပ် ၃၀၀၀ စီ ပေးခဲ့ရပြီး၊ အိမ်ထောင်စု လူဦးရေစာရင်း၌ မတင်သွင်းရသေးသည့် နှစ်နှစ်အထက် ကလေးများကို အိမ်ထောင်စု လူဦးရေစာရင်းထဲသို့ ထည့်သွင်း မပေးခဲ့ကြောင်း၊ နှစ်နှစ်အောက် ကလေးများကို ငွေကျပ် ၁၁၀၀၀ မှ ၂၀၀၀၀ ထိ ယူ၍ ထည့်သွင်းပေးခဲ့ကြောင်း၊ ကျေးရွာတွင်း သန်းခေါင်စာရင်း ပြောင်းရွှေ့လျှင် ငွေကျပ် ၂၅၀၀၀၊ အခြားကျေးရွာမှ ပြောင်းရွှေ့လာလျှင် ငွေကျပ် ၅၀၀၀၀၊ သန်းခေါင်စာရင်း အသစ်လဲလျှင် ငွေကျပ် ၁၁၀၀၀ ယူခဲ့သည်ဟု သိရှိရသည်။

ဦးရှည်ကျကျေးရွာတွင် အိမ်ခြေ ၆၀၀ ကျော်ရှိခဲ့ရာ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အိမ်ခြေ ၃၀၀ ကျော်မှ မိသားစုများ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခိုလှုံလျက်ရှိပြီး၊ ယခုအခါ ကျေးရွာတွင်းတွင် မိသားစု ၂၆၀ သာ ကျန်ရှိတော့သည်။


Rohingya Eye
RB News
17.12.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ် (၃) ရပ်ကွက် မင်္ဂလာဖာရာရွာမှ ဗလီဝတ်ကျောင်းတော်နှင့် ရိုဟင်ဂျာနေအိမ်တစ်လုံး တို့ကို ရခိုင်အစွန်းရောက်များက ဖျက်ဆီး၍ အစိတ်အပိုင်းများ ဖြုတ်ယူသွားကြောင်း သတင်းရရှိပါသည်။

သြဂုတ်လ (၃၀) ရက်နေ့ နောက်ပိုင်းမှစ၍ မောင်တောမြို့နယ် အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးတင်မောင် က ရှီးဒါရွာ (မင်္ဂလာဖာရာ) မှ ဒေသခံရိုဟင်ဂျာများကို နေအိမ်များမှ အတင်းအဓမ္မ မောင်းထုတ်၍ နေအိမ်အချို့ကို ရခိုင်အစွန်းရောက်များနှင့် ပူးပေါင်း၍ မီးတင်ရှို့ခဲ့သည်။

ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် အနီးအနားရှိ ရခိုင်ရွာသားများက မီးရှို့ခြင်း မခံရဘဲ ပကတိ အကောင်းတိုင်း ကျန်ရှိနေသော ဗလီဝတ်ကျောင်းတော်ငယ် တစ်လုံးကို ဖျက်ဆီး၍ သွပ်ပြားများ၊ သစ်သားများကို ယူဆောင်သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထို့အပြင် မီးရှို့မခံရဘဲ အကောင်း ပကတိအတိုင်း ကျန်ရှိနေသည့် ဦးဂျမာလ် (အသက် ၅၃ နှစ်) ၏ နေအိမ်မှ သစ်သားနံရံများ၊ ပြတင်းပေါက်များ၊ အိမ်တံခါးများကို ဖြုတ်၍ ယူဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူများက ပြောပါသည်။

အမှတ် (၃) ရပ်ကွက်နှင့် အမှတ် (၄) ရပ်ကွက်ကြားတွင် ရဲကင်းစခန်းတစ်ခု ရှိသော်လည်း ဗလီဝတ်ကျောင်းတော်နှင့် နေအိမ်များကို ဖျက်ဆီး၍ အစိတ်အပိုင်းများ ဖြုတ်ယူသွားသည့် ရခိုင်အစွန်းရောက်များကို ဟန့်တား တားဆီးခြင်း မရှိကြောင်း စုံစမ်းသိရှိရပါသည်။




Rohingya Eye
RB News
17.12.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မတောင်ရပ်ကွက် ဖေဇီရွာမှ အပြစ်မဲ့ ဒေသခံတစ်ဦးနှင့် အလယ်သံကျော် ကညင်တန်းမှ အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးတို့ကို စ.ရ.ဖ နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြို့မတောင်ရပ်ကွက် ဖေဇီရွာမှ မော်လ၀ီအချော်ဒ်ဒူ (ဘ) ဦးဟော်လိလ် (အသက် ၅၅ နှစ်) ၏ နေအိမ်သို့ ဒီဇင်ဘာလ (၈) ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်တွင် စ.ရ.ဖ နှင့် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ အချို့ ရောက်ရှိလာပြီး နေအိမ်အတွင်း ၀င်ရောက်ရှာဖွေခြင်း၊ အိမ်ခြံဝင်း အတွင်း မြေတူးပြီး ရှာဖွေ စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့သည်။ ထိုသို့ ရှာဖွေစဉ် တရားဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း မော်လ၀ီအချော်ဒ်ဒူနှင့် ၎င်း၏ နေအိမ်သို့ အလည်ရောက်ရှိနေသူ အလယ်သံကျော် ကညင်တန်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဆီရာဇ် (အသက် ၃၇ နှစ်) တို့နှစ်ဦးကို စ.ရ.ဖ များနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

၎င်းတို့ကို မည်သည့် အတွက်ကြောင့် ဖမ်းဆီးခဲ့သည်ကို မိသားစုဝင်များက မသိရှိကြောင်း၊ မိသားစုများက တွေ့ဆုံခွင့်လည်း မရကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရသည်။ 

၎င်းတို့ကို မြို့မရဲစခန်းတွင် ချုပ်နှောင်ထားပြီး လူသတ်မှုဖြင့် ရမာန်ယူထားကြောင်း စုံစမ်းသိရှိရသည်။ 

၎င်းတို့ နှစ်ဦးလုံး နေထိုင်သည့် ရွာများတွင် လူသတ်မှု ဖြစ်စဉ် မရှိခဲ့ဘဲ ၎င်းတို့အား လူသတ်မှုဖြင့် ရမာန်ယူထားခြင်းမှာ လုပ်ကြံ၍ ထောင်ချရန် သက်သက် ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။ 

“မော်လ၀ီအာချော်ဒ်က ရွာမှ အေးအေးဆေးဆေး ဥပဒေဘောင်အတွင်း နေတဲ့ လူတစ်ယောက်ပါ။ ဘာမှ မပြောဘဲ ဖမ်းဆီးသွားပြီး လူသတ်မှုနဲ့ ရမာန်ယူထားတယ် ကြားတော့ သူ့အတွက် အရမ်းကို စိုးရိမ်နေတယ်။ အစိုးရ လူကြီးတွေ ကျွန်တော်တို့ ဒေသကို လာရင် ကျွန်တော်တို့ကို ဥပဒေနဲ့ ကာကွယ်ပေးမယ်လို့ ပြောတယ်။ အခုတော့ ဥပဒေမဲ့ ဖမ်းဆီးနေတာတွေ အရမ်းများနေတော့ အစိုးရ လူကြီးတွေ ပြောတာနဲ့ တကယ် ဖြစ်နေတာက တလွဲတွေလို့ ပြောရပါမယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။



RB News
14.12.2017

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် အတွင်းရှိ ဒေသခံရိုဟင်ဂျာများကို အာဏာပိုင်များက အတင်းအကျပ် NVC ကိုင်ဆောင်ခိုင်းနေကြောင်း၊ NVC မကိုင်ဆောင်ပါက ထိရောက်စွာ အရေးယူမည်ဟု ခြိမ်းခြောက်ကြောင်း သတင်းရရှိပါသည်။ 

ဒီဇင်ဘာလ (၁၄) ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် မင်းပြားမြို့နယ်ရှိ ရိုဟင်ဂျာကျေးရွာ (၁၅) ရွာမှ ရပ်မိရပ်ဖများကို ဆပ်ကျာရွာ စာသင်ကျောင်းသို့ ဆင့်ခေါ်၍ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် လ.၀.က ဦးစီးမှူးနှင့် မြို့နယ် ဥပဒေအရာရှိ တို့က NVC ကိုင်ဆောင်ရန်နှင့် NVC မကိုင်ပါက ထိရောက်စွာ အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ကျေးရွာများတွင် ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူး တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိသူများ အားလုံး NVC ကိုင်ဆောင်ရမည် ဖြစ်ကြောင်း၊ အမျိုးသား မှတ်ပုံတင် ကဒ်ပြား ကိုင်ဆောင်ထားသူများမှ အပ ကျန်သူများအားလုံး NVC ကိုင်ဆောင်ရမည် ဖြစ်ကြောင်း၊ NVC ကိုင်ဆောင်ရန် ငြင်းဆိုသူများ အားလုံးကို ထိရောက်စွာ အရေးယူမည်ဟု ခြိမ်းခြောက်ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်ထားသူများ၏ သားသမီးများကိုလည်း NVC သာ ကိုင်ဆောင်ရမည်ဟု အာဏာပိုင်များက ပြောဆိုခဲ့သည်။ ဥပဒေအရ အထောက်အထား လုံးဝ မရှိသူများသာ NVC ကိုင်ဆောင်ရမည် ဖြစ်သော်လည်း ရိုဟင်ဂျာများအားလုံးတွင် အနိမ့်ဆုံး အိမ်ထောင်စု လူဦးရေစာရင်း ရှိသော်လည်း အာဏာပိုင်များက NVC ကဒ်ပြား ကိုင်ဆောင်ရန် နည်းမျိုးစုံဖြင့် ဖိအားပေးလျက်ရှိသည်။

၂၀၁၅ ခုနှစ်တွင် ယာယီ သက်သေခံကဒ်ပြား (၀ှိုက်ကဒ်) များကို သိမ်းဆည်း၍ NVC ကဒ်ပြားများ ထုတ်ပေးလျက်ရှိသော်လည်း ရိုဟင်ဂျာများက ကိုင်ဆောင်ရန် ငြင်းဆိုလျက်ရှိကြသည်။ အာဏာပိုင်များနှင့် နီးစပ်သူ အချို့သာ မငြင်းဆန်နိုင်ပဲ ကိုင်ဆောင်လျက် ရှိကြသည်။ 




MYARF
RB News
14.12.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ် (၅) ရပ်ကွက် အနောက်ရွာတွင် မီးရှို့ခံထားရသော နေရာများအပြင် လက်ရှိ လူနေထိုင်လျက်ရှိသော အိမ်ခြေများကိုပါ ဖျက်၍ မီးလောင်ပြင် အဖြစ် သတ်မှတ်၍ ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် အမှတ် (၅) ရပ်ကွက် အနောက်ရွာတွင် မီးရှို့ခံထားရသော နေရာများကို မီးလောင်ပြင်အဖြစ်နေရာသတ်မှတ်၍ ဒီဇင်ဘာလ (၁၁) ရက်နေ့မှစ၍ မြေညှိစက်များဖြင့် ရှင်းလင်းလျက် ရှိသည်။ ထိုသို့ ရှင်းလင်းနေသည့် နေရာတွင် မီးမလောင်ဘဲ ကျန်ရှိနေသည့် ဗလီဝတ်ကျောင်းတော်၊ ဘာသာရေးကျောင်းနှင့် နေအိမ် (၆) လုံး အပြင် လက်ရှိလူနေထိုင်လျက်ရှိသည့် အိမ်ခြေ (၂၀) ကျော်ပါဝင်သည်။ 

လူများနေထိုင်လျက် ရှိသည့် အိမ်ခြေ (၂၀) ကျော်မှ ဒေသခံများသည် ရွာအတွင်း နေအိမ်များ မီးရှို့ခံနေရသော်လည်း မည်သည့် နေရာကိုမှ ထွက်မပြေးဘဲ မိမိတို့၏ နေအိမ်များတွင် နေထိုင်နေခဲ့ရာ ယနေ့ထိပင် ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ဗလီဝတ်ကျောင်းတော်၊ ဘာသာရေးကျောင်းနှင့် နေအိမ် (၆) လုံးမှ သွပ်၊ သစ်သား၊ တံခါးများနှင့် ပြတင်းပေါက်များကို ရခိုင်အစွန်းရောက်များက ယနေ့ ဒီဇင်ဘာလ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် ဖြုတ်၍ လုယက် ယူဆောင်သွားပြီးနောက် အာဏာပိုင်များက မြေညှိစက်များဖြင့် ဖြိုဖျက် ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။ 

“လူနေတဲ့ အိမ် (၂၀) ကျော်ကိုတော့ အခုထိ ဖြိုတာ မလုပ်သေးဘူး။ ဒါပေမယ့် ဖြိုမယ်လို့ ပြောနေကြတယ်။ အဲဒါကြောင့် အဲဒီအိမ်တွေဖြိုလိုက်ရင် မိသားစုတွေ နေထိုင်ဖို့ တော်တော်လေး အခက်အခဲ ရှိမယ်။ အဲဒီမိသားစုတွေလည်း အတော်လေး စိုးရိမ်နေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

မောင်တောမြို့နယ် ဒေသဆိုင်ရာ အာဏာပိုင်များက နေအိမ်များထဲတွင် နေထိုင်နေကြသူများကို နေအိမ်များမှ နှင်ထုတ်၍ အိမ်များကို ဖြိုဖျက်နေခြင်းသည် နေအိမ်များ အတွင်းမှ မိသားစုများကို တစ်ဖက်နိုင်ငံသို့ ထွက်ပြေးရန် သွယ်ဝိုက်သောနည်းဖြင့် တွန်းပို့နေခြင်း ဖြစ်သည်။ 

ယခုကဲ့သို့ မီးရှို့မခံရသည့် နေအိမ်များကို ဖြိုဖျက်နေခြင်းအား အမြန်ဆုံး ရပ်တန့်ပေးရန် ပြည်ထောင်စုအစိုးရအား တောင်းဆိုကြောင်း၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ရခိုင်အစွန်းရောက်များ ပူးပေါင်း၍ လုယက် ဖြိုဖျက်နေခြင်းကို ပြည်ထောင်စုအစိုးရမှ သိရှိရန် အတွက် မြေပြင်သို့ လာရောက်၍ လေ့လာရန် လိုအပ်သည်ဟု ဒေသခံများက ပြောပါသည်။




MYARF
RB News
14.12.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မိကျောင်းဈေးကျေးရွာအုပ်စုမှ ရွာသားတစ်ဦးက နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်း၍ ရွာသူရွာသားများကို ခြိမ်းခြောက် ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ် မိကျောင်းဈေးကျေးရွာအုပ်စု၊ မိကျောင်းဈေးရွာမှ ဦးဟာဖေဇူရာမာန် (ဘ) ဦးဆော်ယိဒူရာမာန်သည် ခေတ်အဆက်ဆက်တွင် အာဏာပိုင်များအား သတင်းပေးအဖြစ် ရပ်တည်၍ အသက်မွေးဝမ်းကျောင်း ပြုခဲ့ပြီး ယခုအခါ ကျေးရွာတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ၎င်းသည် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေ (၁၀) မှ နယ်ခြားစောင့်ရဲများနှင့် ပူးပေါင်း၍ မဟုတ်မမှန် သတင်းများ ပေးပို့ခြင်း၊ ရွာသူရွာသားများကို ခြိမ်းခြောက်၍ ငွေညှစ်ခြင်းများ ပြုလုပ်နေသည့် အပြင် လာမည့် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ရာ ၎င်းအား မဲမပေးပါက ရွာသူရွာသားများ အေးချမ်းစွာ နေနိုင်မည်မဟုတ်ဟု ခြိမ်းခြောက်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

၎င်းသည် ဒီဇင်ဘာလ (၄) ရက်နေ့တွင် နယ်မြေ (၁၀) မှ နယ်မြေမှူးအပါအ၀င် နယ်ခြားစောင့်ရဲများကို ဖုန်းဆက်၍ ရွာသို့ခေါ်ယူလာပြီး ဦးအာတီကူရာမာန် (ဘ) ဦးဖိရ်မူဇာဖောရ် ကို အကြမ်းဖက် ခေါင်းဆောင်ဟု လုပ်ကြံစွပ်စွဲကာ ဖမ်းဆီးခိုင်းခဲ့သည်။ ဦးအာတီကူရာမာန်ကို တောင်ဘဇာ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းတွင် ၄ ရက်တိတိ ချုပ်နှောင်ထားခဲ့ပြီး လူမဆန်စွာ ရိုက်နှက်ပြီးနောက် ဒီဇင်ဘာလ (၈) ရက်နေ့တွင် ငွေကျပ် သိန်း (၅၀) ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။

ဒီဇင်ဘာလ (၉) ရက်နေ့တွင် ဘူးသီးတောင်မြို့ပေါ်တွင် ပညာရေးမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး တို့၏ ထောက်ခံစာဖြင့် စက်တင်ဘာလ (၁) ရက်နေ့မှစ၍ တရားဝင် ဧည့်စာရင်းဖြင့် နေထိုင်နေသော မူလတန်းကျောင်းအုပ်ကြီး ဦးရှော်ဘိရ်၏ သားဖြစ်သူ ဖာရုခ် ကို သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားပြီး ယခု ပြန်လည် ခိုးဝင်လာသည်ဟု မဟုတ်မမှန် စွပ်စွဲ ခြိမ်းခြောက်၍ ဦးရှော်ဘိရ်ထံမှ ငွေကျပ် ၁၇ သိန်း ညှစ်ယူခဲ့သည်။

ထို့အပြင် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် မိဘများကို ထား၍ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသော ဇီယာဘုလ္လာ (ဘ) ဦးအစ္စမိုင်လ်၊ ဇူဘိုင်ရ် (ဘ) ဦးအာန်ဆာရ်နှင့် တာဟဲရ် (ဘ) ဦးဆော်ယိဒ်အာဇီးမ် တို့ကို မူရင်းနေရပ်သို့ ပြန်လည်ခိုးဝင်လာသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ မိဘများကို ခေါ်ယူစစ်ဆေးမေးမြန်းပြီး ငွေကျပ် နှစ်သိန်းစီ ညှစ်ယူခဲ့သည်။

ဦးဟာဖေဇူရာမာန်၏ မဟုတ်မမှန်သတင်းပေးမှုကြောင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ရွာသူရွာသားများမှာ နယ်မြေ (၁၀) မှ နယ်ခြားစောင့်ရဲများ၏ ငွေညှစ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများ ခံနေရသည်ဟု ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
14.12.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ် (၅) ရပ်ကွက်ရှိ အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ်ကျောင်းတော်ကို အာဏာပိုင်များနှင့် ရခိုင်အစွန်းရောက်များက ဖြိုဖျက် ဖျက်ဆီးလျက်ရှိကြောင်း သတင်းရရှိပါသည်။

သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် ရိုဟင်ဂျာကျေးရွာများကို မြန်မာစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာတွင် မောင်တောမြို့နယ် အမှတ် (၅) ရပ်ကွက် အနောက်ရွာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ မီးရှို့မှုကြောင့် တစ်ရွာလုံးတွင် နေအိမ် (၄) လုံးနှင့် ဗလီဝတ်ကျောင်းတော် တစ်လုံးသာ အကောင်းပကတိအတိုင်း ကျန်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ယနေ့ ဒီဇင်ဘာလ (၁၄) ရက်နေ့ နံနက် ၉  နာရီအချိန်တွင် အကောင်းပကတိအတိုင်း ကျန်ရှိနေသည့် ဗလီဝတ်ကျောင်းတော်ကို ဒေသခံ အာဏာပိုင်များနှင့် ရခိုင်အစွန်းရောက်များ ပူးပေါင်း၍ ဖြိုဖျက် ဖျက်ဆီးလျက်ရှိကြောင်း ကိုယ်တိုင်တွေ့ရှိသူများ၏ ပြောကြားချက်များအရ သိရှိရသည်။

အဆိုပါ ဗလီဝတ်ကျောင်းတော်သည် အုတ်နံရံ၊ သွပ်မိုးဖြစ်ပြီး၊ အာဏာပိုင်များနှင့် အတူ ဖြိုဖျက် ဖျက်ဆီးနေသော ရခိုင်အစွန်းရောက်များက သွပ်ပြားများ၊ ဗလီတံခါးများ၊ ပြတင်းပေါက်များနှင့် သစ်သားများကို ဖြုတ်ယူ၍ သယ်ဆောင်သွားနေသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောပါသည်။



MYARF
RB News
13.12.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အင်းချောင်းဘဒနာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးထွန်းနှင့် မိကျောင်းဈေး ကျေးရွာမှ ဦးကော်လီမူလ္လာ (ဘ) ဦးအစ္စမိုင်လ်၊ ဦးဇာဘေရ် (ဘ) ဦးအဒူကော်ယုမ် တို့ပူးပေါင်း၍ ရိုဟင်ဂျာများ၏ နွား၊ စပါးနှင့် အခြားသောပစ္စည်းဥစ္စာများကို ရောင်းစားသည့်အပြင် ရွာသူရွာသားများကို မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများက ယခုရက်ပိုင်းအတွင်း ငွေညှစ်ခဲ့သူများမှာ --

(၁) မိကျောင်းဈေးရွာမှ ဦးဟာဆောင်အလီ (ဘ) ဦးအဒူလော်တီ ကို အစိုးရစာသင်ကျောင်းမှ သံဖြူ ခိုးယူခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် ၈ သိန်းခွဲ ညှစ်ယူခဲ့သည်။

(၂) မိကျောင်းဈေးရွာမှ ဦးနူရ်ဘော်ရှော်ရ် (ဘ) ဦးဟာဆောင်အလီ ကို ထွက်ပြေးသွားသော ရိုဟင်ဂျာများ၏ နွားများကို ရောင်းစားခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။

(၃) မိကျောင်းဈေးရွာမှ ဦးနူရ်ခါန် (ခ) ဦးဟာဆောင်အလီ ကို အကြမ်းဖက်မှု ဖြစ်စဉ်နှင့် ပတ်သက်မှုရှိသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့သည်။

(၄) မိကျောင်းဈေးရွာမှ ဦးမိုဘိုင်ဒုလ်ဟောက် (ဘ) မော်လ၀ီအာရ်ဖာန် ကို ထွက်ပြေးသွားသော ရိုဟင်ဂျာများ၏ ရေစုပ်စက် ခိုးယူခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့သည်။ 

(၅) မိကျောင်းဈေးရွာမှ ဦးဟာရှိမ် (ဘ) ဦးအဒူဘာရီ ကို ထွက်ပြေးသွားသော ရိုဟင်ဂျာများ၏ အိမ်သုံးပစ္စည်းများ ခိုးယူခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ 

ယခုအခါ ကျီးနှုတ်သီးနှင့် မိကျောင်းဈေး ကျေးရွာများမှ လယ်သမားများသည် ၎င်းတို့ပိုင် လယ်မြေများမှ စပါးရိတ်သိမ်းရန် သွားမည့်အချိန်တွင် အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများက မဟုတ်မမှန် လုပ်ကြံစွပ်စွဲမှုများ ပြုလုပ်၍ ငွေညှစ်မည်ကို အထူးစိုးရိမ်လျက် ရှိနေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 




RB News
9.12.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကညင်တန်း (မြို့မ) ကျေးရွာအုပ်စု တောင်ရွာရှိ နေအိမ်တစ်အိမ်တွင် စုပေါင်း၍ ဘာသာရေးစာ ဖတ်နေသူများကို ရဲများက ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဒီဇင်ဘာလ (၉) ရက်နေ့ နံနက် ၁၀း၃၀ နာရီခန့် အချိန်တွင် မောင်တောမြို့နယ် ကညင်တန်း (မြို့မ) ကျေးရွာအုပ်စု တောင်ရွာရှိ ဒေသခံရိုဟင်ဂျာ တစ်ဦး၏ နေအိမ်တွင် ရွာသားအချို့ စုပေါင်း၍ ဘာသာရေးစာ ဖတ်၍ တရားအားထုတ်နေကြစဉ် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဖမ်းဆီးသွားခဲ့သည်။ 

စုပေါင်း၍ ဘာသာရေးစာ ဖတ်၍ တရားအားထုတ်နေသူ (၈) ဦးကို ဖမ်းဆီးသွားခြင်း ဖြစ်ပြီး၊ ၎င်းတို့ကို နေ့လည် (၁) နာရီခွဲ အချိန်တွင် ငွေကျပ် ၅ သောင်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ဖမ်းဆီးခံရသူများမှာ --

(၁) ဦးနူရ်ဟူဆောင်း
(၂) ဟာဘေဇုလ်လ္လာ (ဘ) ဦးနူရ်ဟူဆောင်း
(၃) ဦးအုမောရ် (ဘ) ဦးမာမတ်နော်ဆိမ်း
(၄) ဦးမာမတ်ဖိုက်ဆဲလ် (ဘ) ဦးအဗ်ဒူမူနာဖ် 
(၅) ဦးဟာဖီးဇ် အဗ်ဒုလ်ကူဒူစ် (ဘ) ဦးနူရ်မာမတ်
(၆) ဦးနော်ဇူမျာ 
(၇) ဦးအာနိုဝါရ်ဆာဒဲခ်
(၈) ဦးအီနုစ် -- တို့ဖြစ်ကြသည်။ 



MYARF
RB News
9.12.2017

မောင်​​တော ။ ။ ရခိုင်ပြည်နယ်၊ ​မောင်​​တောမြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာလူငယ်တစ်ဦးကို လုပ်ကြံစွပ်စွဲပြီး ငွေကျပ် ၆ သိန်း ညှစ်ယူခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဒီဇင်​ဘာလ (၇) ရက်​​နေ့၊ နံနက်​ပိုင်း အချိန်​တွင်​ ​မောင်​​တောမြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မောင်​​တောမြို့နယ်​၊ ​ရွှေဇားတံတား ရဲကင်းစခန်း၌ ​နေရာယူပြီး လမ်းသွားလမ်းလာရိုဟင်​ဂျာများကို စစ်​​ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးနေစဉ် ကညင်တန်း (မြို့မ) ကျေးရွာမှ ရွှေဇားကျေးရွာရှိ ဆွေမျိုးအိမ်သို့ သွားနေသည့် ကိုဂျာဘဲရ် (ဘ) ဦးမာမတ် (အသက် ၂၇ နှစ်) ကိုလည်း စစ်ဆေးခဲ့ရာ ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက ၎င်း၏ ပိုက်ဆံအိတ်ကို ယူ၍ ဘင်္ဂလား တာကာငွေ ၂၀ တန် တစ်ရွက်နှင့် ဘင်္ဂလားဒေ့ရှ်ဖုန်း ဆင်းမ်ကဒ် တစ်ကဒ်ကို ၎င်း၏ ရှေ့တွင်ပင် ထည့်သွင်းပေးကာ လုပ်ကြံ၍ ဖမ်းဆီးခဲ့သည်။ 

ဖမ်းဆီးပြီးနောက် ၎င်း၏ မိဘများအား ငွေကျပ် သိန်း ၂၀ ဖြင့် ရွေးယူရန် အကြောင်းကြားခဲ့သည်။ နောက်ဆုံးတွင် ရဲတပ်ဖွဲ့များနှင့် ညှိနှိုင်းကာ ငွေကျပ် ၆ သိန်း ပေးခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များတွင် ဒေသဆိုင်ရာ အာဏာပိုင်များက နေ့စဉ်နှင့် အမျှ ရိုဟင်ဂျာများကို ထိုကဲ့သို့ လုပ်ကြံ ဖမ်းဆီး၍ ငွေညှစ်ယူခြင်းမှာ ၁၉၉၂ ခုနှစ်တွင် န.စ.က ကို စတင်ဖွဲ့စည်းခဲ့သည့် အချိန်မှစ၍ စတင်ခဲ့ပြီး ယခု ဒီမိုကရေစီ အစိုးရလက်ထက်တွင်လည်း ဆက်လက် ပြုလုပ်လျက်ရှိသည်။ 



RB News
6.12.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာအုပ်စုမှ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်ယာမြေများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က အလံနီများ စိုက်ထူ၍ သိမ်းဆည်းလိုက်ကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း အလယ်ချောင်းကျေးရွာအုပ်စုသို့ နိုဝင်ဘာလ (၁၅) ရက်နေ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အရာရှိကြီးများ ရောက်ရှိလာပြီး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ရင်းတစ်ခု တည်ဆောက်ရန်ဟု ဆိုကာ ယင်းကျေးရွာအုပ်စု အတွင်းရှိ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်ယာမြေများ၊ တောင်မြေများကို တိုင်းတာခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဒီဇင်ဘာလ (၅) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ရင်းမှူး၊ ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အရာရှိများနှင့် မြေစာရင်း ဦးစီးဌာနမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး ဒေသခံ ရိုဟင်ဂျာများ ဘိုးဘွားလက်ထက်မှ ပိုင်ဆိုင်လာသည့် မြေ ဧက (၃၃၂) ဧက ကို အလံနီများ စိုက်ထူ၍ သိမ်းဆည်းလိုက်ကြောင်း သိရှိရသည်။

သိမ်းဆည်းလိုက်သည့် မြေနေရာများ အတွက် လျော်ကြေးပေးမည်ဟု ပြောဆိုခြင်းလည်း မရှိခဲ့ကြောင်း၊ လက်နက်အာဏာပိုင်များ ဖြစ်သည့်အတွက် မေးမြန်း၍လည်း မရဟု ဒေသခံများက ဆိုသည်။

သိမ်းဆည်းလိုက်သည့် မြေဧက (၃၃၂) ဧကမှ အရှေ့ဘက်တွက် အငူမော်လမ်းမကြီးထိ၊ အနောက်ဘက်တွင် မေယုတောင်ထိ၊ တောင်ဖက်တွင် ကင်းချောင်းရခိုင်ရွာ ချောင်းထိ၊ မြောက်ဘက်တွင် မြောင်းနားကျေးရွာအုပ်စုထိ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။




(ဓါတ်ပုံ - Reuters)


RB News
5.12.2017

မြန်မာနိုင်ငံအတွင်း နေထိုင်ကြတဲ့ ရိုဟင်ဂျာ လူမျိုးစုအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) ကျူးလွန်တယ်ဆိုတဲ့ စွဲချက်အပေါ် မြန်မာလုံခြုံရေးတပ်က အပြစ်ရှိနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ ထိပ်တန်းအရာရှိက ပြောကြားလိုက်ပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံအကြား သဘောတူထားပေမယ့် မြန်မာနိုင်ငံအတွင်းမှ ရိုဟင်ဂျာတွေ ဆက်လက်ထွက်ပြေးနေရတာကိုလည်း ထောက်ပြပြောဆိုခဲ့ပါတယ်။

လေ့လာစောင့်ကြည့်မှုတွေ ဒေသအတွင်းမှာ အခိုင်အမာ မရှိဘဲ ပြီးခဲ့တဲ့ သြဂုတ်လနောက်ပိုင်းမှ ထွက်ပြေးလွတ်မြောက်လာတဲ့ ရိုဟင်ဂျာ ၆၂၆၀၀၀ အနက်မှ တစ်ဦးတစ်ယောက်ကမှ မြန်မာအစိုးရရဲ့ ဒုက္ခသည်နေရပ်ပြန်ပို့ရေးအစီအစဉ်ကို လက်မခံသင့်ဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra‘ad al-Hussein ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာကိုယ်စားလှယ် ဦးထင်လင်းကတော့ မြန်မာအစိုးရဟာ ဒုက္ခသည်တွေ ၂ လအတွင်း နေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်၊ ဒုက္ခသည်စခန်းတွေမှာ နေရာချပေးမှာ မဟုတ်ဘူးလို့ ပြောနေပါတယ်။

ဘင်္ဂလားဒေ့ရှ်က ဆင့်ခေါ်တဲ့ ဂျနီဗာ က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ရဲ့ အထူးအစည်းအဝေးမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက ပြောတာဖြစ်ပါတယ်။ အရင်ကလည်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တာဟာ သင်ရိုးညွန်းတန်းဝင် လူမျိုးတုန်း သန့်စင်ရှင်းလင်းတဲ့ (Ethnic Cleansing) အမှုကိစ္စဖြစ်တယ်လို့ ပြောဖူးပါတယ်။

“ခိုင်မာတဲ့ အစီအရင်ခံစာတွေအရ ရိုဟင်ဂျာတွေအပေါ်ကျူးလွန်တာဟာ လူသားမဆန်တဲ့ ကြမ်းတမ်းခက်ထန်တဲ့ လုပ်ရပ်တွေဖြစ်တယ်။ အိမ်တွေထဲမှာ လူတွေပိတ်ပြီး အရှင်လတ်လတ် မီးရှို့သတ်တယ်။ ကလေးလူကြီးမရွေး သတ်တယ်။ ထွက်ပြေးနေတဲ့ လူအုပ်ကြီးထဲကို သေနတ်နဲ့ သိမ်းကျုံးပစ်ခတ်တယ်။ အမျိုးသမီးတွေရော မိန်းကလေးငယ်တွေကိုပါ မုဒိမ်းကျင့်တယ်။ အိမ်တွေ၊ ကျောင်းတွေ၊ ဈေးတွေ၊ ဗလီဝတ်ကျောင်းတွေကို မီးရှို့ဖျက်ဆီးတယ်” လို့ သူက အဖြစ်အပျက်ကို တင်ပြပြောဆိုခဲ့ပါတယ်။

“ပြော…လူမျိုးတုန်းသတ်ဖြတ်တဲ့ (Genocide) လက္ခဏာတွေမရှိပါဘူးလို့ ဘယ်သူပြောနိုင်လဲ” လို့ အဖွဲ့ဝင်နိုင်ငံ ၄၇ နိုင်ငံပါဝင်တဲ့ အစည်းအဝေးမှာ မေးခွန်းထုတ် ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီပြစ်မှု ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ပေးရာမှာ အထောက်အကူပြုစေမယ့် ယန္တရားတွေရေးဆွဲချမှတ်ပေးဖို့ လူ့အခွင့်အရေး ကောင်စီကတဆင့် ကုလသမဂ္ဂ အထွေထွေညီလာခံထံ တင်သွင်းဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်ကျူးလွန်မှုတွေ၊ မုဒိမ်းကျင့်မှုတွေ ကျူးလွန်ကြတဲ့ အစိုးရလုံခြုံရေးတပ်တွေ၊ အရပ်သားတွေအပေါ် အပြစ်ပေးအရေးယူတာ မရှိသလောက်ဖြစ်နေတယ်လို့ သူကဆက်ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးလုပ်ငန်းစဉ်ကို ဦးဆောင်နေတဲ့ Marzuki Darusman ကလည်း “သက်သေရှိတဲ့နေရာတွေကို ဦးတည်ဖော်ထုတ်သွားမှာပါ၊ ၂၀၁၁ ခုနှစ်က စပြီး ဖြစ်ပျက်ခဲ့တာတွေကို အလုံးစုံ ဖော်ထုတ်ဖို့ ဦးတည် လုပ်ဆောင်နေပါတယ်” လို့ ဗီဒီယိုဖိုင်ကတဆင့် ပြောပါတယ်။

သူ့အဖွဲ့ဟာ Cox’s Bazar ဘင်္ဂလားဒေ့ရှ် မှာရှိတဲ့ ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဆက်သွယ်မေးမြန်းထားပြီး ဒုက္ခသည်တွေဟာ အလွန်းကြမ်းတမ်းတဲ့ အကြမ်းဖက်မှုဒဏ်တွေကို ဖြတ်သန်းလာခဲ့ရတယ်၊ ဒုက္ခသည်တွေဆီမှာ စိတ်ခြောက်ခြားမှုတွေရဲ့ အရိပ်အယောင်တွေ တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်ပြီး စုံစမ်းစစ်ဆေးနိုင်ခွင့်ကို မြန်မာအစိုးရက ခွင့်မပြုထားပေမယ့် ၂၀၁၈ ခုနှစ်အစပိုင်းလောက်မှာ ဝင်ရောက်စုံစမ်းခွင့်ရလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူကပြောပါတယ်။

“ရင်နင့်စရာကောင်းပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားသတ်ဖြတ်မှုတွေကို လုပ်ဆောင်တဲ့ အကြောင်းတွေကြားသိရတယ်။ ဒါတွေဟာ ဘာသာရေး၊ လူမျိုးရေးအပေါ် အခြေခံပြီး အမုန်းစိတ်တွေနဲ့ သွေးအေးအေးလုပ်ဆောင်နေကြတယ်” လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ် Pramila Patten က လွတ်မြောက်လာသူတွေနဲ့ တွေ့ဆုံမေးမြန်းပြီးတဲ့နောက်မှာ ပြောဆိုခဲ့ပါတယ်။

ဒီပြစ်မှုတွေမှာ “မုဒိမ်းကျင့်တာတွေ၊ စစ်သားတွေက စုပေါင်း မုဒိမ်းကျင့်တာတွေ၊ လူရှေ့မှာ ကိုယ်လုံးတီးချွတ်ပြခိုင်းတာတွေ၊ အရှက်ခွဲတာတွေ၊ လိင်ဆက်ဆံဖို့ စစ်တပ်အတွင်း ကျွန်ပြု ဖမ်းချုပ်ထားတာတွေ ပါဝင်တယ်” လို့ Patten က ပြောပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာတွေကို သတ်ဖြတ်တာ မလုပ်ဘူးလို့ ငြင်းဆိုနေပါတယ်။ ဒီကိစ္စတွေအပေါ် မြန်မာ ကိုယ်စားလှယ် ဦးထင်လင်းက “လူတွေက သူတို့ ပြောချင်တာပြောတယ်၊ တခါတလေ သူများက ပြောခိုင်းတာကို ပြောတယ်” လို့ ပြောဆိုပါတယ်။

‘လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) ဆိုတာ နိုင်ငံသားတစ်စု၊ လူမျိုးစု၊ လူမျိုးနွယ်စု သို့မဟုတ် ဘာသာဝင်တစ်စုကို အားလုံးသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း ဖျက်ဆီးဖို့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တဲ့ လုပ်ရပ်ကို ဆိုလိုတယ်’ လို့ ကုလသမဂ္ဂက အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ ကုလသမဂ္ဂ သဘောတူညီချက်အရ ဒီလို လူမျိုးတုန်းသတ်ဖြတ်မှု လုပ်ရပ်တွေကို ရပ်တန့်စေဖို့ နိုင်ငံတိုင်းမှာတားမြစ်ရမယ့်တာဝန်ရှိတယ်၊ ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူရမယ့်တာဝန်ရှိပါတယ်။

Reuters သတင်းမှာဖော်ပြထားတဲ့ “Myanmar forces may be guilty of genocide against Rohingya, U.N. says” ကို O’Laie Manzu မှ ဆီလျော်အောင် ဘာသာပြန်ထားတာဖြစ်ပါတယ်။



ရိုက​ဗျာဥယျာဉ်​သို့ အလယ်​တစ်​​ခေါက်​ (၂)

က​ဗျာထဲသို့ စီးဝင်​ခံစားကြည့်​ခြင်း
__________

ရေးသားသူ -- ယျာတင် (ရိုဟင်းသား)
RB News
28.11.2017

က​ဗျာ ​ခေါင်းစဉ်​က "ရိုမိခင်​၏ ရင်​တွင်းငိုသံ" တဲ့။ က​ဗျာ့​ခေါင်းစဉ်​ကပဲ က​ဗျာကိုအဆုံးထိ ခံစားကြည့်​ဖို့ လက်​ယပ်​​ခေါ်​နေသည်​။ မိခင်​ဆိုသည့်​ တို​တောင်း​သော စကားလုံးမှာ ​ရှည်​လျားသည့်​ ​မေတ္တာတရား ကိန်းဝပ်​​နေသည်​မှာ လူတိုင်းသိ၏။ ထိုသို့ မိခင်​မာတာ၏ ရင်​တွင်းငိုသံတဲ့လား။ ငိုခြင်းသည်​ ​ယေဘုယျအမြင်​အားဖြင့်​ မျက်​လုံးနှင့်​သာဆိုင်​သည့် အ​ရေးတစ်​ခုဖြစ်​သည်​ကို က​ဗျာဆရာက "ရင်​တွင်းငိုသံ"ဟု ဆန်းပြားစွာ သုံးနှုန်းထားသည်​။ ​ခေါင်းစဉ်​ကို ဖတ်​ကြည့်​ရလျှင်​ပင်​ က​ဗျာထဲပါ​နေမည့်​ ဇတ်​​ကောင်​သည်​ နာကျင်​စရာများစွာနှင့်​ ရင်​ဆိုင်​ခဲ့ရပြီဟု ကြိုတင်​နားလည်ခံစား​ရမိသည်​။

က​ဗျာကို တစ်​​ခေါက်​​လောက်​ ဖတ်​ကြည့်​ရ​အောင်​။


ရိုမိခင်​၏ ရင်​တွင်းငိုသံ
--------------------­------

ချစ်​သားသင့်​ကို၊ ဝမ်­းတွင်းပိုက်​စဉ်
နိုင်​ငံ့ဂုဏ်​​ရောင်­​၊ ထွန်း​တောက်​လင်း­ဖို့
ကဝိသူ​တော်​၊ လမ်းမှန­်​ပြဖို့
စိတ်​တွင်​စွဲမြဲ၊ ပို­က်​မှတ်​ထားခဲ့ 
ရွှေခဲအလား၊ သားအသင်
လမ်းပြတာရာ၊ ဖြစ်​ခဲ့­မည်​ပင်​။

သို့​ဖြစ်​​သော်​ငြား­၊ ကံမဆိုင်​လို့သာ
တို့တိုင်း​ရွှေ​မြေ၊­ ငရဲမိစ္ဆာ
ဒုစရိုက်​​ကြောင့်​၊ ပ­ျက်​ရရှာ။

ဓန ဥစ္စာ၊ ရတနာအဖြာဖြာ
ဓါးပြခံ၍သာ၊ သက်​လုြေ­ပးလာ
ပင်​လယ်​ဘီလူး၊​ စောင်­့​ရင်း​တွေ့၍
သင့်​ဝိဥာဏ်​ပင်​၊ သူမ­ျိုချကာ
သက်​စ​တေးလိုက်​ရသည်​သ­ာ။

အို---ခုပင်​​သော်​ကာ­း
လပြည့်​ဝန်းပမာ၊ သင်​­့မျက်​နှာထား
ရှု၍စိတ်​မသာ၊​ ကြောင်​­့ကြရတယ်
လွန်းထက်​လွန်​ကို၊ ဗ­ျာဆုံရှာသည်​။

သား​ရွှေ​သွေးပင်
နေလ​ကျော်​ဖြတ်​၊ ဘုရ­ားရှင်​သို့
တို့သံသရာ၊ သွား​လျှော­က်​တင်​​လော့။

*----*

ပုံသရုပ်​​ဖော်​က​ဗျာဖြစ်​သည့်​ ဤက​ဗျာသည်​ လွန်​ခဲ့​သော ဩဂုတ်​လ ၂၅ ရက်​​နေ့​နောက်​ပိုင်း၊ ရခိုင်​ပြည်​နယ်​ ​မြောက်​ပိုင်းတွင်​ မြန်​မာလက်​နက်​ကိုင်​များက ​ဒေသခံရိုဟင်​ဂျာများအ​ပေါ် တရားလွန်​ ညှဉ်းပန်းခဲ့မှု၊ ရက်​စက်​ကြမ်းကြုတ်​မှု​တွေ​ကြောင့်​ အသက်​လုပြီးထွက်​​ပြေးလာခဲ့သည့်​ သိန်းနှင့်​ချီ​​သော ရိုဟင်​ဂျာများထဲက သားဖြစ်​သူကိုဆုံးရှုံးလိုက်​ရ၍ ပူ​ဆွေး​သောက​ရောက်​​နေ​သော မိခင်​ဖြစ်​သူတစ်​ဦး၏ အဖြစ်​ကို ပုံ​သရုပ်​​ဖော်​ ​ရေးဖွဲ့ထားခြင်းဖြစ်​သည်​။

က​ဗျာ​ရေးဖွဲ့သူ၏ ​နောက်​ခံအ​ကြောင်းအရာကို တပ်​အပ်​သိရှိခြင်းမရှိပါ။ က​လောင်​အမည်​မှာ ရိုခရီးသည်​ဖြစ်​ပြီး Myint Naing နာမည်​ဖြင့်​ Facebook သုံး​နေသူဖြစ်​သည်​​လောက်​ကိုသာ သိရှိထားပါသည်​။

ကဲ့ ... က​ဗျာ၏ နိဒါန်းအပိုဒ်​ထဲသို့ စီးဝင်​ကြည့်​ရ​အောင်​။

"ချစ်​သားသင့်​ကို၊ ဝမ်­းတွင်းပိုက်​စဉ်
နိုင်​ငံ့ဂုဏ်​​ရောင်­​၊ ထွန်း​တောက်​လင်း­ဖို့
ကဝိသူ​တော်​၊ လမ်းမှန­်​ပြဖို့
စိတ်​တွင်​စွဲမြဲ၊ ပို­က်​မှတ်​ထားခဲ့ 
ရွှေခဲအလား၊ သားအသင်
လမ်းပြတာရာ၊ ဖြစ်​ခဲ့­မည်​ပင်​။"

သားဖြစ်​သူကို ဝမ်း​ဗိုက်​ထဲ လွယ်​ပိုက်​ထားစဉ်​က ​မိခင်​တစ်​ဦးအ​နေဖြင့်​ သားအ​ပေါ် ​မျှော်​လင့်​ချက်​ အမျိုးမျိုး၊ ရည်​ရွယ်​ချက်​အဖုံဖုံထားရှိခဲ့သည်​ကို အ​မေက သူ့ရင်​တွင်းသံကို သားဖြစ်​သူအား တိုင်​တည်​​ပြောပြ​နေဟန်​ဖြင့်​ ဖွဲ့ဆိုထားသည်​။ သား​မွေးလာလျှင်​ နိုင်​ငံ၏ ဂုဏ်​​ရောင်​ကို ​ဆောင်​ကျဉ်း​ပေးနိုင်​​အောင်​၊ သူတစ်​ပါးကို လမ်းမှန်​ပြနိုင်​​ဖို့အတွက်​ သူ​တော်​​ကောင်း ပညာရှိတစ်​ဦး ဖြစ်ရ​လာ​အောင်​ အ​မေက ပြုစုပျိုး​ထောင်​​ပေးရန်​အာခဲထားသည်​ဟု စိတ်​ထဲတွင်​ စွဲစွဲမြဲမြဲ ပိုက်​မှတ်​ထားခဲ့​​ကြောင်းကို အ​မေဖြစ်​သူက သားကို ရင်​ဖွင့်​ပြ​နေပုံမှာ ကြည်​နူးစရာ သန္တရသကို ခံစား​စေပါသည်​။ လမ်း​ပျောက်​​နေသူများအတွက်​ သူ့သားမှာ ရုပ်​ရည်​​ချော​မောပြီး ပညာဂုဏ်​​ရောင်​ဖြင့်​ လမ်းပြကြယ်​တစ်​ပွင့်​ ဖြစ်​လာခဲ့မည့်​ဟု မိခင်​ဖြစ်​သူက အာခဲထားသည်​။ က​ဗျာဆရာက မိခင်​တိုင်း၏ သဘာဝတရားကို ​​ဖော်​ကျူးပြီး က​ဗျာကို နိဒါန်းပြုထားသည်​မှာ အလွန်​ပင်​ ထိမိလှ​သော စာအဖွဲ့အနွဲ့ဖြစ်​သည်​။

က​ဗျာ၏ ဒုတိယပိုင်းတွင်​ မိခင်​ဖြစ်​သူ၏ မျှော်​လင့်​ချက်​တစ်​ပုံတပင်​သည်​ ကံတရား၏ အသာမ​ပေးမှု​ကြောင့်​ ရည်​ရွယ်​ထားခဲ့သလိုမျိုး ဖြစ်​မလာခဲ့​ကြောင်း၊ နှစ်​သက်​မြတ်​နိုးဖွယ်​​ကောင်း​သော ​မွေးရပ်​ဌာ​နေတိုင်းပြည်​ကို ငရဲပြည်​က မိစ္ဆာများ​ရောက်​လာပြီး ဖျက်​ဆီးလိုက်​သကဲ့သို့ ထိုမိစ္ဆာများ၏ ဒုစရိုက်​​​ကြောင့်​ ဌာနီပြည်​ကြီးလည်း ပျက်​စီးသွားရှာ​ကြောင်းကို အ​မေဖြစ်​သူက သူ့သားကို စိတ်​ပျက်​သည့်​ပုံစံဖြင့်​ ဆက်​လက်​တိုင်​တည်​ပြော​နေသည်​ကို က​ဗျာဆရာ ပုံ​ဖော်​​ရေးဖွဲ့ထားသည်​မှာ _

"သို့​ဖြစ်​​သော်​ငြား­၊ ကံမဆိုင်​လို့သာ
တို့တိုင်း​ရွှေ​မြေ၊­ ငရဲမိစ္ဆာ

ဒုစရိုက်​​ကြောင့်​၊ ပ­ျက်​ရရှာ။" ဟူ၍ တိုတိုနှင့်​လိုရင်း​ရောက်​​အောင်​ ဝင်္ကာဝုတိအလင်္ကာသုံး၍ ​ရေးဖွဲ့ထားပုံမှာ ရင်​ကို​စေသည့်​ က​ဗျာဆရာ၏ စာတန်​ဆာဆင်​နိုင်​မှု စွမ်းရည်​​ပင်​ဖြစ်​သည်​။

က​ဗျာ၏ ပထမပိုဒ်​တွင်​ မိခင်ဖြစ်​သူ၏ ​မျှော်​လင့်​ချက်​ကြီးမားပုံကို ပုံ​ဖော်​ထားပြီး ဒုတိယပိုင်းတွင်​ ထို​မျှော်​လင့်​ချက်​များ တစ်​စစီပျက်​စီးသွား​ကြောင်းကို ပုံ​ဖော်​ထားသည်​ကိုကြည့်​လျှင်​ က​ဗျာ၏ ဇတ်​ရှိန် အမြင့်​အကျမြန်​​ဆန်​မှုကို ​တွေ့နိုင်​ပါသည်​။ ဤသည်​မှာ က​ဗျာဆရာ၏ ထူးခြား​သော အစွမ်းဖြစ်ပြီး သန္တရသမှသည်​ ရက်​စက်​ကြမ်းကြုတ်သည့်​ ရုဒ္ဒရသနှင့်​ စက်ဆုပ်ရွံ့ရှာရသည့်​ ဝိဘစ္ဆရသ တို့သို့ ချက်​ချင်း ​ပြောင်းလဲ ခံစား​စေသည့် စာအဖွဲ့အနွဲ့မှာ အလွန်​ပင်​ ရသ​မြောက်​ပါသည်​။

က​ဗျာထဲသို့ ဆက်​လက်​စီးဝင်​ကြည့်​ကြရ​အောင်​။

"ဓန ဥစ္စာ၊ ရတနာအဖြာဖြာ
ဓါးပြခံ၍သာ၊ သက်​လုြေ­ပးလာ
ပင်​လယ်​ဘီလူး၊​ စောင်­့​ရင်း​တွေ့၍
သင့်​ဝိဥာဏ်​ပင်​၊ သူမ­ျိုချကာ
သက်​စ​တေးလိုက်​ရသည်​သ­ာ။"

တန်​ဖိုးမြင့်​သည့်​ ရတနာများအပါအဝင် ဥစ္စာဓနများ​ ဓားပြတိုက်​ခံခဲ့ရ​​ကြောင်း၊ အသက်​ကိုလု၍ ​ပြေးထွက်​လာခဲ့ရာတွင်​ အသင့်​​စောင့်​​နေ​သော ပင်​လယ်​ဘီလူးနှင့်​ ​မျက်​နှာချင်းဆိုင်​ခဲ့ရ​​ကြောင်း၊ သားဖြစ်​သူ၏ အသက်​ဇီဝိန်​ကို​ ပင်​လယ်​ဘီလူးက မျိုချလိုက်​ပြီး သားဖြစ်​သူကိုလည်း စ​တေးလိုက်​ရ​​ကြောင်းတို့ကို ​ဖော်​ပြထားပါသည်​။ မိမိတန်​ဖိုးထားမြတ်​နိုးသည့်​အရာများ ​တစ်​ခုပြီးတစ်​ခု လက်​လွှတ်​ဆုံးရှုံး​ခဲ့ရသည့်​ မိခင်​တစ်​ဦးအ​ပေါ် သနားကြင်နာစိတ်​​ပေါ်လာ​အောင်​ ​ရေးဖွဲ့ထားပုံ၊ ထိုမိခင်​၏ အဖြစ်​သနစ်​သည်​ စာဖတ်​သူကို ကရုဏာရသကို ​အပြည့်​အဝခံစား​စေ​အောင်​ ​ရေးဖွဲ့ထားပုံမှာ အလွန်​ပင်​ ထိမိလှပါသည်​။

က​ဗျာ၏ ​စတုတ္ထအပိုဒ်​တွင်​မှု အသက်​မပါရှိ​သော သားကို​ပွေ့ပိုက်​ထားကာ မိခင်​ဖြစ်​သူ၏ ဝမ်းနည်းရမှု၊ ပူ​ဆွေးသောကများခံစားရမှုများကို မိခင်​ကိုယ်​တိုင်​က ရင်​ဖွင့်​ပြလိုက်​သည့်​ဟန်​ ဖွဲ့ဆိုထားပုံမှာ _

"အို---ခုပင်​​သော်​ကာ­း
လပြည့်​ဝန်းပမာ၊ သင်​­့မျက်​နှာထား
ရှု၍စိတ်​မသာ၊​ ကြောင်​­့ကြရတယ်
လွန်းထက်​လွန်​ကို၊ ဗ­ျာဆုံရှာသည်​" ဟူ၍ဖြစ်​သည်​။

ပြည့်​ဝန်း​သော လစန္ဒာကဲ့သို့ လှပ​သည့်​ သား၏မျက်​နှာကို ကြည့်​ရှု၍ စိတ်​နှလုံးထဲ မသက်​သာပုံ၊ ​မြတ်​နိုးရသည့်​သားကို ထာဝရအတွက်​ ​ဆုံးရှုံးရသည်​ဟုသိရ၍ စိုးရိမ်​​ကြောင့်​ကြ​နေပုံ၊ ကြီးမားသည့်​ဆုံးရှုံးမှုနှင့်​ကြုံ​တွေ့​နေရချိန်​ အလွန်းအလွန်​ပင်​ ပူ​ဆွေး​သောက​ရောက်​​နေတတ်​သည့်​ မိခင်​တို့၏ သ​ဘာဝတို့ကို ဤအပိုဒ်​တွင်​ အတိုင်းသားမြင်​​တွေ့​နေရ၏။ အဆိုပါမိခင်​အ​ပေါ် ကရုဏာလည်း ပို၍မြင့်​မားစွာ သက်​​ရောက်​လာ​စေပါသည်​။

က​ဗျာ၏ ​နောက်​ဆုံးပိုဒ်​တွင်​ မိခင်​ဖြစ်​သူက သားဖြစ်သူကို မှာကြား​နေပုံဖြင့်​ ဖွဲ့ဆိုထားပါသည်​။

"အသင်​သား၊ ​နေမင်း လမင်းများကို ဖြစ်​​ကျော်​၍ ဘုရားသခင်​အပါးသို့ သင်​​ရောက်​ရှိချိန်​တွင်​ အ​မေတို့လူထု၏ ​တွေ့ကြုံခံစား​နေ​ရသော မတရားမှုများအ​ကြောင်း၊ ကြမ်းကြုတ်​ရက်​စက်​မှု၊ ဖိနှိပ်​ညှဉ်းပန်းမှု တို့၏ သံသရာအ​ကြောင်းတို့ကို ဘုရားသခင်​ထံ ​လျှောက်​တင်​ တင်​ပြလိုက်​ပါ​လေ" ဆို၍ သားဖြစ်​သူကို ​သေ​သေချာချာ မှာကြားပုံမှာ _

"သား​ရွှေ​သွေးပင်
နေလ​ကျော်​ဖြတ်​၊ ဘုရ­ားရှင်​သို့
တို့သံသရာ၊ သွား​လျှော­က်​တင်​​လော့" ဟူ၍ဖြစ်​သည်။ မိခင်​ဖြစ်​သူ၏ ​ဘရားသခင်​ကို ယုံကြည်​ အားကိုးမှု၊ ​တွေ့ကြုံခဲ့ရသမျှ မတရားမှုအ​ကြောင်းကို ဘုရားသခင်​အား သိ​စေတိုင်​တည်​လိုမှုတို့သည်​ စာဖတ်​သူကို တရားသ​ဘောများ နားလည်​လာ​စေပါသည်​။

က​ဗျာတစ်​ပုဒ်​လုံးကို ခြုံပြီး သုံးသပ်​ကြည့်​လျှင်​ ​လေးလုံးစပ်​ပုံစံဖြင့်​ ​ရေးဖွဲ့ထား​သော​ကြောင့်​ က​ဗျာသည်​ ​ပေါ့ပါးသွက်​လက်​​နေသည်​။ က​ဗျာဆရာက ရသပိုင်းကို အတက်​အကျ မြန်​​အောင်​ ဖွဲ့ဆိုခဲ့သည်​ကိုလည်း ​တွေ့ရှိရပါသည်​။ သန္တရသမှ ရုဒ္ဒရသနှင့်​ ဝိဘစ္ဆရသသို့၊ ရုဒ္ဒရသနှင့်​ ဝိဘစ္ဆရသမှ ကရုဏာရသသို့၊ ခပ်​မြန်​မြန်​​ ​ပြောင်းလဲခံစား​စေ​အောင်​ ဖွဲ့ဆိုထားပုံမှာ က​ဗျာဆရာ၏ အံ့မခန့်​ စာ​ရေးအစွမ်းပင်​ ဖြစ်​သည်​။

ထို့အပြင်​ သက်​မဲ့ပုံတစ်​ပုံကို သရုပ်​​ဖော်​ပြီး ဖွဲ့ဆိုသည့်​ ဤက​ဗျာ​ကြောင့်​ အဆိုပါပုံလည်း သက်​ဝင်​လှုပ်​ရှားလာသလို ဖြစ်​၏။ ဇတ်​​ကောင်​သုံးပြီး ဖွဲ့ဆို​သောက​ဗျာဖြစ်​​သော်​ငြားလည်း က​ဗျာသည်​ က​ဗျာဆရာ၏ ရင်​တွင်းဖြစ်​များဖြစ်​သည်​နှင့်​အညီ ရိုဟင်​ဂျာမိခင်​တစ်​ဦး၏ ရင်​တွင်းငိုသံကို ကြား​နေသလို က​ဗျာဆရာ၏ ရင်​တွင်းငိုသံကိုလည်း တစ်​ပြိုင်​နက်​တည်း ကြား​နေရပါသည်​။

ထို့​ကြောင့်​ ဤက​ဗျာသည်​ Ro_Art Page "ပုံသရုပ်​​ဖော်​ပြိုင်​ပွဲ"၏ အ​ကောင်းဆုံးဆုရ က​ဗျာနှင့်​ ထိုက်​တန်​ပါ​ကြောင်း ဤစာတိုဖြင့်​ က​ဗျာဆရာကို ​အ​ဝေးတစ်​​နေရာမှ ​လေးစားစွာ ဂုဏ်​ပြုလိုက်ပါသည်​။

ကျ​နော်​ ယျာတင်​ (ရိုဟင်းသား) ပါ။



ယုနိုင် (နည်းပညာတက္ကသိုလ်)
RB News
27.11.2017

ဘာပဲဖြစ်ဖြစ် မြန်မာ အစိုးရဟာ နိုင်ငံတကာ ဖိအားကနေ ခဏတာ သက်သာရာ သက်သာကြောင်း အတွက် ဘင်္ဂလားဒေ့ခ်ျ အစိုးရနဲ့ Rohingya Repatriation Deal တစ်ခုကို နိုဝင်ဘာလ (၂၃) ရက်နေ့မှာ ချုပ်ဆို နိုင်ခဲ့တယ်။ တကယ်တမ်းကျတော့ အဲဒီသဘောတူညီချက်ဟာ မြန်မာအစိုးရ အတွက် ခဏတာ သက်သာရာ ရရုံကလွဲလို့ ဘယ် Stake Holder အတွက်မှ ရေရှည် အကျိုးကို ပေးနိုင်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ စာချုပ်ထဲမှာပါတဲ့ အချက်အလက်တွေက International Standard နဲ့ မကိုက်ညီတဲ့ အပြင် တကယ့်ကယကံရှင်တွေဖြစ်တဲ့ ရိုဟင်ဂျာတွေ လူ့အခွင့်အရေး စံချိန်စံညွန်းနဲ့ မိမိတို့မူလနေရာမှာ အခြေချ နေထိုင်နိုင်မယ့် အခြေအနေ မရှိလို့ပါဘဲ။

အစကနဦး ဘင်္ဂလားဒေ့ခ်ျက ၁၉၉၂ MoU ကို အပြောင်းအလဲ လုပ်မယ်၊ ဝန်ကြီးချုပ် Sheikh Hasina ရဲ့ Five-points Proposal နဲ့ သွားမယ်ဆိုပြီး အကြိမ်ကြိမ် ပြောခဲ့ပေမယ့်လည်း တကယ်တမ်း နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး တဲ့အချိန်မှာ အဲဒီအချက်တွေ မအောင်မြင်အောင် မြန်မာဘက်က ဖြောင်းဖြ နိုင်ခဲ့တယ်။ နောက်ပြီးစာချုပ်ထဲမှာ တစ်ချို့စာသားတွေကလည်း ပြတ်သားမှု မရှိပဲ ဒွိဟတွေဆောင်နေတယ်။ အဲဒါတွေဟာ မြန်မာအစိုးရအတွက် exit from crisis အဖြစ်လိုရင်လိုသလို ဆောင်ရွက်ပေးနိုင်မယ့် အနေအထားရှိနေတယ်။

ဥပမာ- ရိုဟင်ဂျာတွေကို မူလနေရာ (သို့) မူလနေရာနဲ့နီးတဲ့ သူတို့အကြိုက် နေရာတစ်နေရာရာမှာ ပြန်လာအခြေချခွင့် ပေးမယ်လို့ပါတယ်။ ဒီမှာသံသယ ဖြစ်စရာက သို့မဟုတ် ခံထားတဲ့ စကားပါဘဲ။ ဒီကနေ ဘာကို သုံးသပ်နိုင်သလဲဆိုရင် စီးပွားရေးအရ မဟာဗျူဟာ ကျတဲ့ ရိုဟင်ဂျာတွေရဲ့ မူလနေရာတွေဆို ပြန်ပေး အခြေချခွင့် ပြုမှာ မဟုတ်သလို မြို့ပေါ်ရပ်ကွက် ရခိုင်အိမ်တွေနဲ့ ရောနှော တည်ရှိတဲ့ ရိုဟင်ဂျာ အိမ်တွေကိုလည်း ပြန်မပေးချင်တဲ့ သဘောလို့ သုံးသပ်နိုင်တယ်။ Returnees shall not kept longer in temporary shelter ဆိုတဲ့အချက်ကလည်း ရိုဟင်ဂျာတွေကို ယာယီစခန်းတွေမှာ ထားမယ့်သဘောကို အသေအချာ မီးမောင်းထိုးပြနေလေရဲ့။ နောက်ပြီး ပြန်ဝင်လာတဲ့သူတွေကို NVC card တွေ တစ်ခါတည်း ထုတ်ပေးမယ်ဆိုတာလည်း Deal ထဲမှာ အတိအလင်းဖော်ပြထားတာတွေ့ရတယ်။ NVC ဘာလဲဆိုတာ သိပ်ပြီးရှင်းပြနေစရာ မလိုပါဘူး။ ရိုဟင်ဂျာတွေကို တိုင်းရင်းသား နိုင်ငံသားကနေ နိုင်ငံခြားသား အဖြစ်ပြောင်းပစ်မယ့် ထောင်ချောက် ဆိုရင်မမှားပါဘူး။ ၂၀၁၅ ခုနှစ်မှာ စခဲ့တဲ့ NVC ကိုရိုဟင်ဂျာတွေ ငြင်းပယ်နေတာ အခုအချိန်ထိပါဘဲ။

အကြမ်းဖက်မှု၊ ပြစ်မှုကျူးလွန်မှုတွေနဲ့ ငြိစွန်းခဲ့တဲ့ ပြန်ဝင်လာသူတွေ အရေးယူခံရမည် ဖြစ်ကြောင်းကိုလည်း သဘောတူညီချက်မှာ ဖော်ပြထားတယ်။ ဒီနေရာမှာ ပြဿနာက ရိုဟင်ဂျာတွေအတွက် မြန်မာ့တရားစီရင်ရေး ကဘာအာမခံချက်မှ မရှိတာပါဘဲ။ ဒါကဘာဖြစ်နိုင်သလဲဆိုရင် Rohingya Community ထဲက Influential ရိုဟင်ဂျာတွေကို ပုဒ်မတွေတပ်ပြီး ရိုဟင်ဂျာတို့ဘဝ ပြန်နလန်မထူနိုင်အောင် နှစ်ရှည်ပြစ်ဒဏ်တွေ ချမှတ်မယ့် အချက်ပြမှုပါဘဲ။ ဥပမာ ၂၀၁၂၊ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ များစွာသော အပြစ်မဲ့ ပြည်သူတွေကို ကြက်တွေလို လိုက်ဖမ်းပြီး မတရားပြစ်ဒဏ်တွေ ချမှတ်ခဲ့ခြင်းဟာ မမေ့နိုင်တဲ့ သက်သေသာဓကတွေပါ။

စိတ်ဝင်စားစရာ အချက်က Universal Human Rights နဲ့ဆန့်ကျင်တဲ့ တစ်ခြား Community အပေါ် ခွဲခြားဆက်ဆံမှု (discriminatory) ဖြစ်စေမယ့် Policy ကို စိတ်ကူးပုံဖော်မှု၊ အကောင်အထည်ဖော်မှုတွေကို ရှောင်ကြဉ်ဖို့ အစိုးရနှစ်ရပ်စလုံးက သဘောတူကြောင်း လည်းပါတယ်။ ဒါနဲ့ဆက်စပ်တွေးယူနိုင်တာက အစကနဦး ဘင်္ဂလီ အကြမ်းဖက်သမားလို့ သုံးခဲ့ရာကနေ ဘင်္ဂလားဒေ့ခ်ျရဲ့ ကန့်ကွက်မှုကြောင့် ARSA အကြမ်းဖက်သမားလို့ မြန်မာအစိုးရက သုံးပေမယ့် ပုဂ္ဂလိက မီဒီယာတွေက အင်္ဂလိပ်လိုရေးရင်တစ်မျိုး၊ မြန်မာလိုရေးရင်တစ်မျိုး မီဒီယာကျင့်ဝတ်နဲ့ ဆန့်ကျင်ပြီး သုံးတတ်ကြတယ်။ ဒီနေရာမှာ ပြောချင်တာက မြန်မာဘက်က ရိုဟင်ဂျာတွေကို ဘင်္ဂလီလို့ ခေါ်နေတာ နှစ်ပေါင်းများစွာရှိပါပြီ။ ဒီသဘောတူညီချက်အရ ရိုဟင်ဂျာတွေကို ဘင်္ဂလီခေါ်ခွင့် ရှိမှာမဟုတ်သလို ဘင်္ဂလီမဟုတ်တဲ့ မြန်မာနိုင်ငံထဲက မွတ်စလင်တွေကိုလည်း ဘင်္ဂလီ ဆိုတဲ့လူမျိုးနာမည်ကို အလွဲသုံးစားလုပ်ပြီး ခေါ်လို့ရမှာ မဟုတ်တော့ဘူး။ Universal Human Rights အရ လူမျိုးတစ်မျိုးဟာ မိမိတို့ကို မိမိတို့ ကြိုက်တဲ့နာမည်နဲ့ ခေါ်ခွင့်ရစေ့ချင်တယ်။ မကြိုက်တဲ့ နာမည်နဲ့ခေါ်ခွင့်၊ ညွန်းခွင့် မရှိပါဘူး။ ဒါပေမယ့်ဒီ Clause ကဘယ်လောက်ထိ အရေးပါအရာရောက်မလဲ ဆိုတာစောင့်ကြည့်ရဦးမှာပါ။ တစ်ချို့ အဓိကကျတဲ့ အချက်တွေဟာ Annan Commision အစီရင်ခံစာနဲ့ ဆန့်ကျင်ဘက်တွေရှိတယ်။ အဲဒါကို သဘောတူညီချက်ရဲ့ နောက်ဆုံးမှာ Annan Commission ရဲ့ Report ကိုအကောင်အထည် ဖော်မယ်လို့ ထည့်ထားတာဟာ အဓိပ္ပါယ် မရှိလှပါဘူး။

နိဂုံး

ဒီသဘောတူညီချက်ဟာ တကယ့်ပြဿနာ ဖြေရှင်းရေးမှာ အထောက်အကူ ဖြစ်စေမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ရိုဟင်ဂျာတွေ လူ့ဂုဏ်သိက္ခာနဲ့ ပြန်နေထိုင်နိုင်ဖို့ ဘာအာမခံချက်မှ မပေးထားလို့ပါပဲ။ ဝေ့လည်ကြောင်ပတ် ရိုဟင်ဂျာတွေကို နိုင်ငံမဲ့ဘဝကို တွန်းပို့နေခြင်းပါဘဲ။ ဘင်္ဂလားဒေ့ခ်ျ အစိုးရအနေနဲ့ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး ပိုပြီးလက်တွေ့ကျတဲ့ သဘောတူညီချက်ကို မြန်မာအစိုးရနဲ့ တည်ဆောက်နိုင်ပါမှ ပြဿနာ ပြေလည်ရာပြေလည်ကြောင်းကို ရောက်ရှိမှာဖြစ်ပါတယ်။


MYARF
RB News
26.11.2017

ကူတူပါလောင်၊ ဘင်္ဂလားဒေ့ရှ် ။ ။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာစစ်တပ်က အပြစ်မဲ့ ရိုဟင်ဂျာတွေကို နည်းမျိုးစုံနဲ့ အကြမ်းဖက်တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲ တစ်ရပ်ကို ဒီနေ့ နိုဝင်ဘာလ (၂၆) ရက်နေ့ နေ့လည် ၂ နာရီကနေ ၄း၃၀ နာရီထိ ကူတူပါလောင် ဒုက္ခသည်စခန်းမှာ ရှိတဲ့ အားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။

မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ အကြား ဒုက္ခသည်တွေနေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီးတဲ့နောက်မှာ ရိုဟင်ဂျာဒုက္ခသည် အများစုကတော့ နေရပ်ပြန်ရေးအတွက် မဖြစ်နိုင်ဘူးလို့သာ ယူဆနေကြတယ်။ အဓိက ဒုက္ခသည်စခန်းတွေကနေ ဒုက္ခသည်စခန်းတွေကို ပြန်ရမှာ ဖြစ်ပြီး ရိုဟင်ဂျာတွေ လက်မခံဘူးလို့ ပြောထားတဲ့ NVC ကဒ်ကို ကိုင်ဆောင်ရမှာ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ 

ဒါကြောင့် ဒီနေ့ နေ့လည်ပိုင်းမှာ ဒုက္ခသည်တွေက ဘာတွေ တောင်းဆိုနေသလဲဆိုတာ ဘင်္ဂလားဒေ့ရှ် အစိုးရ သိရှိစေဖို့ ရည်ရွယ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲတစ်ရပ် ကျင်းပခဲ့ခြင်း ဖြစ်တယ်လို့ ဒုက္ခသည်တစ်ဦးက RB News ကိုပြောပါတယ်။ 

“ကျွန်တော်တို့က နိုင်ငံသား၊ တိုင်းရင်းသား အခွင့်အရေး အပြည့်အ၀ ရခဲ့ဖူးတယ်။ ၁၉၇၈ ခုနှစ်နောက်ပိုင်းကစပြီး ကျွန်တော်တို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမ၀င် ၀င်ရောက်လာသူတွေ ဆိုပြီး အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်တယ်၊ သတ်ဖြတ်တယ်။ အခု ကမ္ဘာက လူမျိုးတုန်းသတ်ဖြတ်မှု၊ လူမျိုးစုအလိုက် ရှင်းလင်းမှုလို့ ပြောနေပြီ။ တကယ်တမ်း ကျွန်တော်တို့ ဘယ်လိုခံစားရလဲဆိုတာ ကျွန်တော်တို့ သိတယ်။ အဲဒါကြောင့် သေချာတဲ့ နိုင်ငံသားအခွင့်အရေးနဲ့ မိမိတို့ရဲ့ မူရင်းနေရပ်မရဘူးဆိုရင် ကျွန်တော်တို့ ပြန်မှာမဟုတ်ဘူး။ ရတဲ့အထိ နည်းမျိုးစုံနဲ့ နိုင်ငံတကာက ဖိအားပေးအောင် ကြိုးစားမယ်” လို့ အဆိုပါ ဒုက္ခသည်က ပြောပါတယ်။

ဒီနေ့ ဆန္ဒဖော်ထုတ်ပွဲမှာ တောင်းဆိုတာတွေကတော့ --

- ရိုဟင်ဂျာကို ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံသားအခွင့်အရေး အပြည့်အ၀ပေးဖို့

- ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွေကို ၀င်ခွင့်ပေးပြီး ကာကွယ်စောင့်ရှောက်ခွင့်ပေးဖို့

- ဆုံးရှုံးနစ်နာမှုတွေအတွက် ထိုက်တန်တဲ့ လျော်ကြေးပေးဖို့ 

- အခြေခံ လူ့အခွင့်အရေး အားလုံးကို နိုင်ငံသားများအားလုံးနဲ့ တန်းတူပေးဖို့

- လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တဲ့ မြန်မာစစ်တပ်ကို နိုင်ငံတကာဥပဒေနဲ့ အညီ အရေးယူပေးဖို့ နဲ့

-  ဒုက္ခသည်တွေ ဖြစ်သွားသူတွေကို ၎င်းတို့ရဲ့ မူရင်းနေရပ်မှာ ချက်ချင်း နေရာပြန်လည် ချထားပေးဖို့ တို့ကို တောင်းဆိုခဲ့တယ်လို့ ဒုက္ခသည်များရဲ့ ပြောကြားချက်များအရ သိရှိရပါတယ်။




RB News
25.11.2017

တိုကျို၊ ဂျပန် ။ ။ မြန်မာနိုင်ငံသား ရိုဟင်ဂျာများအသင်း (ဂျပန်) က ဂျပန်နိုင်ငံ နိုင်ငံခြားရေးရုံးတွင် လက်ရှိ ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်မှ အကြမ်းဖက်မှုများ၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ နေပြည်တော်တွင် ချုပ်ဆိုခဲ့သော နားလည်မှုစာချွန်လွှာနှင့် ပတ်သက်၍ ဂျပန်နိုင်ငံခြားရေးရုံး ညွန်ကြားရေးမှူး Mrs Yoko Takushima နှင့် Human Rights and Humanitarian Section မှ Mrs Chizuru Yamamoto တို့နှင့် ဆွေးနွေးခဲ့သည်။ 

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသား ရိုဟင်ဂျာများအသင်း (ဂျပန်) မှ ဥက္ကဌ ဦးဟာရုံရော်ရှိတ်နှင့် အဖွဲ့ဝင် ဦးအောင်တင် တို့က အပြစ်မဲ့ ရိုဟင်ဂျာများကို သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးအောင် နေအိမ်များ အတင်းအဓမ္မ မောင်းထုတ်ခဲ့ခြင်း တို့နှင့် ပတ်သက်၍ နိုင်ငံတကာနှင့် အတူ ဂျပန်နိုင်ငံကလည်း မြန်မာအစိုးရအား ပြင်းပြင်းထန်ထန် ဖိအားပေးစေလိုကြောင်း တင်ပြခဲ့သည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လည် ပို့ဆောင်ခြင်းနှင့် ပတ်သက်၍ ရိုဟင်ဂျာများကို ခိုင်မာသည့် ဥပဒေနှင့် ကာကွယ်မပေးလျှင် ယခင်ကဲ့သို့ ညှဉ်းပန်းနှိပ်စက်ခံရမည်ကို စိုးရိမ်ကြောင်း၊ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်ခြင်း လုံးဝ မဖြစ်ပေါ်အောင် နိုင်ငံတကာနှင့် အတူ ဂျပန်နိုင်ငံမှလည်း တားဆီးပေးရမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ အချက်အလက် ရှာဖွေရေး အဖွဲ့ကို မြန်မာပြည်တွင်းသို့ ၀င်ခွင့်ရစေရန် မြန်မာအစိုးရအား ဖိအားပေးစေလိုကြောင်း၊ ရိုဟင်ဂျာများ ဘေးကင်းလုံခြုံမှုရှိစေရန် ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ စေလွှတ်စေလိုကြောင်း၊ ရိုဟင်ဂျာများ၏ ဘ၀လုံခြုံမှု ရှိမှသာ မြန်မာနိုင်ငံဘက် ဒုက္ခသည်များ ပြန်ပို့ရန် ဂျပန်နိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိုက်တွန်းစေလိုကြောင်း၊ ရိုဟင်ဂျာများကို နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ပေးရေးနှင့် NVC ကဒ်များ မထုတ်ပေးရန် အတွက် မြန်မာအစိုးရအား ဖိအားပေးရန် တို့ကို ဆွေးနွေး တင်ပြခဲ့သည်။ 

မြန်မာနိုင်ငံသား ရိုဟင်ဂျာများအသင်း (ဂျပန်) က ဂျပန်နိုင်ငံခြားရေး ၀န်ကြီးထံသို့ ရေးသားထားသည့် စာတစ်စောင်ကိုလည်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။





MYARF
RB News
24.11.2017

ဘင်္ဂလားဒေ့ရှ်​ရောက်​ ရိုဟင်ဂျာဒုက္ခသည်တွေကို သူတို့ရဲ့ ​နေရပ်​ရင်း ရခိုင်ပြည်နယ်ကို ပြန်ပို့ရေး သဘောတူညီချက်တစ်ခုကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့က မ​နေ့က ​နေပြည်​​တော်​မှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်လက်ထက် ၁၉၉၀ ပြည့်နှစ်တွေမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ သဘောတူထားတဲ့ စည်းမျဉ်း​တွေအ​ပေါ် အ​ခြေခံပြီး လက်​မှတ်​​ရေးထိုးတဲ့ အဆိုပါ MoU သ​ဘောတူညီချက်​မှာ ဘယ်​အချက်​​တွေပါ​နေသလဲဆိုတာ နှစ်​နိုင်​ငံစလုံးက တရားဝင်​ထုတ်​ပြန်​ခဲ့ခြင်း​တော့မရှိ​သေးပါဘူး။

ဘင်္ဂလားဒေ့ရှ်​ရောက်​ ရိုဟင်ဂျာဒုက္ခသည်များက​တော့ သူတို့အ​နေနဲ့ နိုင်​ငံသားအခွင့်​အ​ရေး​တွေအပြည့်​အဝ မရမချင်း ပြန်​လာကြမှာမဟုတ်​ဘူးလို့ ​ပြော​နေကြပြီး လူ့အခွင့်​အ​ရေး လှုပ်​ရှား​နေသူ​တွေ၊ လူ့အခွင့်​အ​ရေးအဖွဲ့အစည်း​တွေကလည်း ရိုဟင်​ဂျာ​တွေရဲ့ ဘဝအာမခံချက်​၊ နိုင်​ငံသားဖြစ်​​ရေး အာမခံချက်​​တွေကို မြန်​မာအစိုးက ​ပေးရမယ်​လို့ ​တောင်းဆိုထားတာပါ။

ဘာလူခါလီ ဒုက္ခသည်​စခန်းမှာ ခိုလှုံ​နေတဲ့ ကိုမျိုးသန့်​က​တော့ သူ့အ​နေနဲ့ နှစ်​နိုင်​ငံ သ​ဘောတူညီချက်​ရပြီး ဒုက္ခသည်​​တွေကို ပြန်​​ခေါ်မှာကို ကြိုဆို​ကြောင်း၊ သူတို့အ​နေနဲ့ မြန်​မာအစိုးရရဲ့ ရက်​စက်​ကြမ်းကြုတ်​မှု​တွေက​နေ ​ခေတ္တခဏအဖြစ်​သာ ထွက်​​ပြေးလာကြတာဖြစ်​​ကြောင်း၊ သူတို့ရဲ့ ​နေရပ်​ရင်းဖြစ်​တဲ့ မြန်​မာနိုင်​ငံကို ပြန်​သွားရန်​ ဆန္ဒရှိ​ကြောင်း၊ သို့​သော်​ မြန်​မာအစိုးရအ​နေနဲ့ သူတို့ရဲ့ဘဝအာမခံချက်​​တွေ၊ နိုင်​ငံသားအခွင့်​အ​ရေး​တွေကို အပြည့်​အဝ​ပေးမှသာလျှင်​ ပြန်​သွားလို​ကြောင်း ၂၂ ရက်​​နေ့၊ ည​နေပိုင်း VOA မြန်မာပိုင်း နဲ့ပြုလုပ်​ခဲ့တဲ့ အင်​တာ​ဗျူးမှာ ​ပြောကြားခဲ့ပါတယ်​။
ယခင်​က မြန်​မာအစိုးရဝန်​ထမ်းဖြစ်​ခဲ့သူ ​ကျောင်းဆရာ တစ်​ဦးက သူတို့ကို မြန်​မာအစိုးရက နိုင်​ငံသားအခွင့်အ​ရေးအပြည့်​အဝအတွက်​ အာမခံချက်​မ​ပေးမချင်း မြန်​မာနိုင်​ငံကို ပြန်​လာကြမှာ မဟုတ်​​​ကြောင်း ဆိုပါတယ်​။

"ကျွန်တော်တို့ရဲ့ မူလ​နောရကို မ​ပေးဘဲ ဒုက္ခသည်​စခန်းမှာသာ ဆက်​သွင်းထားပြီး ​လှောင်​ပိတ်​​ထားနေမယ်​ဆိုရင်​ ပြန်​မသွားဖို့ ဆုံးဖြတ်​ထား​တယ်​" ဆိုပြီး အဆိုပါ​ကျောင်းဆရာက ​ပြောခဲ့​ကြောင်း AP သတင်းမှာ ​ရေးသားထားပါတယ်​။
"ကျွန်တော်တို့ရဲ့ အိမ်​​တွေကို မြန်​မာအစိုးရက မီးရှို့ခဲ့​တယ်​၊ ကျွန်တော်တို့ရဲ့ နွား​တွေ၊ လယ်​ယာ​မြေ​တွေကို သိမ်းပိုက်​ခဲ့​တယ်​၊ ဒါ​တွေအားလုံးကို မြန်​မာအစိုးရက ပြန်​​ပေးမလား၊ ကျွန်တော်တို့ကို ရိုဟင်​ဂျာ အမည်​နာမနဲ့ အသိအမှတ်​ပြုမလား" ဆိုပြီး Hoyakong ဒုက္ခသည်​စခန်းမှာ​ ခိုလှုံ​နေတဲ့ အ​ဗ်​ဒူလ်​ဟာမိတ်​က ​မြန်​မာအစိုးရကို မေးခွန်းထုတ်​ခဲ့​တယ်​လို့ AP သတင်းမှာ ​ရေးသားထားပါတယ်​။

ရိုဟင်​ဂျာ​တွေကို သူတို့ရဲ့​နေရပ်​ရင်းဖြစ်​တဲ့ မြန်​မာနိုင်​ငံကို ​ပြန်​​ခေါ်သွားရမှာဖြစ်​​ပေမယ့်​ သူတို့ကို လူ့ဂုဏ်​သိက္ခာအပြည့်​အဝနဲ့ ပြည့်​ဝတဲ့နိုင်​ငံသားအခွင့်​အ​ရေး​တွေအတွက်​ အာမခံချက်​​ပေးရမှာဖြစ်​​ကြောင်း ​မြန်​မာ့အ​ရေးလှုပ်​ရှားသူ ​ဒေါက်​တာ​မောင်​ဇာနည်​က သူ့ Twitter မှာ ​ရေးသားထားပါတယ်​။ 

မြန်​မာနိုင်​ငံမှာ ခွဲခြားဆက်​ဆံမှု​တွေ မြင့်​တက်​​နေဆဲ​ဖြစ်​​ကြောင်း၊ ထွက်​မ​ပြေးဘဲကျန်​ရှိ​နေတဲ့ ရိုဟင်​ဂျာ​တွေအ​ပေါ်မှာလည်း ​နေ့စဉ်​နဲ့အမျှ ဖိနှိပ်​ညှဉ်းပန်းမှု​တွေ ဆက်​ရှိ​နေကြောင်း၊ ဒီအ​ခြေအ​နေ​တွေကို မြန်​မာအစိုးရက ​ရပ်​တန့်​ဖို့လိုအပ်​ပြီး ဒုက္ခသည်​​တွေကို ပြန်​​ခေါ်တဲ့အခါ သူတို့ရဲ့ လူမှုဘဝ၊ အသက်​အိုးအိမ်​​တွေကို အာမခံချက်​​ပေးရမှာဖြစ်​​တယ်​လို့ လူ့အခွင့်​အ​ရေးအဖွဲ့​တွေက ​ပြော​ပါတယ်​။

ကုလသမဂ္ဂအဖွဲ့ကြီးအပါအဝင်​ အခြားလူ့အခွင့်​အ​ရေးအဖွဲ့​တွေက မြန်​မာအစိုးရရဲ့ ရိုဟင်​ဂျာအ​ပေါ် ညှဉ်းပန်းနှိပ်​စက်​​နေတာ​တွေဟာ လူမျိုးတုန်းသတ်​ဖြတ်​မှု​မြောက်​တယ်​လို့ သတ်​မှတ်​​ပြော​နေကြပြီး အ​မေရိကန်​နိုင်​ငံအပါအဝင်​ နိုင်​ငံအ​တော်​များများကလည်း ဘင်္ဂလား​ဒေ့ရှ်ဒုက္ခသည်​စခန်းများကို လာ​ရောက်​​လေ့လာပြီး​နောက် မြန်​မာအစိုးရက ရိုဟင်​ဂျာ​တွေအ​​ပေါ် လူမျိုးတုံး စစ်​ပွဲဆင်​​နွှဲခဲ့တယ်​လို့ တရားဝင်​​ပြောဆိုထားပါတယ်​။

ဩဂုတ်​လ ၂၅ ရက်​​နေ့ ဖြစ်​ပွားခဲ့တဲ့ တိုက်ခိုက်မှုနောက်​ပိုင်း မြန်​မာလက်​နက်​ကိုင်​တပ်​ဖွဲ့​တွေရဲ့ လက်​ချက်​​ကြောင့်​ အပြစ်​မဲ့ ရိုဟင်​ဂျာ​ပေါင်း ၃၀၀၀ က​နေ ၆၀၀၀ အထိ အသတ်​ခံရပြီး လူ​ပေါင်း ၆ သိန်း​ကျော်​ မိမိရဲ့ အိုးအိမ်​​တွေကို စွန့်​ခွာပြီး အိမ်​နီးချင်း ဘင်္ဂလား​ဒေရှ့်​နိုင်​ငံသို့ အသက်​လုပြီး ထွက်​​ပြေး ခိုလှုံ​နေခဲ့ရပါတယ်​။

Rohingya Exodus