နောက်ဆုံးသတင်း/ဆောင်းပါးများ

RB News
5.2.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဦးလှဖေရွာကို ဇန်န၀ါရီလ တတိယပတ်မှစ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၀င်ရောက် စီးနင်းပြီးနောက် မိသားစုပေါင်းများစွာ တဖက်နိုင်ငံသို့ ထွက်ပြေး ခိုလှုံလျက် ရှိပြီး၊ ရွာသားများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးက ခြိမ်းခြောက်နေသောကြောင့် ကျန်သည့် ရွာသားများ ထွက်ပြေးမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

ဇန်န၀ါရီလ (၂၀) ရက်နေ့ နေ့လည်ပိုင်းတွင် မော်လ၀ီအလီဟူစိန်း၏ အလောင်းကို ဦးလှဖေကျေးရွာနှင့် ဝေးကွာသော တောင်အနီးတွင် စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက တစ်စုံတစ်ရာ သက်သေခိုင်ခိုင်မာမာ မရှိဘဲ ဦးလှဖေကျေးရွာသားများကို ပစ်မှတ်ထားပြီး ရွာထဲသို့ ၀င်ရောက်စီးနင်း၍ တွေ့သမျှကို ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းနှင့် နေအိမ်များ အတွင်းမှ လုယက်ခြင်း တို့ကြောင့် ရွာအတွင်း အထိတ်တလန့်ဖြစ်ကာ ရွာသူရွာသားများ ကြောက်ရွံလာခဲ့ကြပြီးနောက် အများအပြား နေအိမ်များ စွန့်ခွာ၍ တဖက်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေကြသည်။

ယနေ့ ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ဒေသခံများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (၂၁) သို့ ဆင့်ခေါ်ခဲ့ရာ ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များနှင့် ပညာတတ်များ သွားရောက်၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးနှင့် တွေ့ဆုံခဲ့သည်။ ရဲမှူးက ၎င်းတို့အား မော်လ၀ီအလီဟူစိန်း ကို သတ်ဖြတ်သူများအား ရှာဖွေ ဖော်ထုတ်ပေးရန်၊ အကယ်၍ ဖော်ထုတ်မပေးနိုင်ပါက ဂူဒမ်ဖာရာ (ဂူတာပြင်) ကဲ့သို့ ပြုလုပ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ရဲမှူး၏ ခြိမ်းခြောက်မှုကြောင့် ရွာအတွင်း အထိတ်တလန့် ဖြစ်နေပြီး၊ ရွာသားအများအပြား နေအိမ်များ စွန့်ခွာ၍ ထွက်ပြေးရန် စဉ်းစားနေကြကြောင်း သိရှိရသည်။ 

ဘူးသီးတောင်မြို့နယ်ရှိ ရွာအများအပြားမှ ဒေသခံရိုဟင်ဂျာများသည် စားဝတ်နေရေး ခက်ခဲခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ ပိတ်ဆို့ထားခံရခြင်း တို့ကြောင့် နေအိမ်များ စွန့်ခွာ၍ တဖက်နိုင်ငံတွင် ခိုလှုံရန် ထွက်ခွာလျက်ရှိရာ အချို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားသော်လည်း အချို့မှာ မောင်တောမြို့နယ် တောင်ပိုင်း ဒေါင်ခါလီ ကမ်းခြေတွင် ပိတ်မိလျက် ရှိသည်။



MYARF
RB News
5.2.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စု၊ တပ်ရာရွာ (ဇောဘောရ်ဖာရာ) တွင် ဆွဲ၊ တင်၊ စစ် စစ်ဆေးလျက်ရှိရာ အဆမတန် ငွေညှစ်နေကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီ (၄) ရက်နေ့မှစ၍ ကကျက်ဘက်ကံပြင် ကျေးရွာအုပ်စု၊ တပ်ရာရွာ (ဇောဘောရ်ဖာရာ) တွင် ဆွဲ၊ တင်၊ စစ် စတင် စစ်ဆေးလျက်ရှိပြီး၊ အဆမတန် ငွေညှစ်လျက် ရှိသည်။ ငွေညှစ်ရာတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သာကျော် (စေတီပြင်ဇာတိ၊ ရ.၀.တ ဥက္ကဌဟောင်း ဦးမောင်ချေ၏ သားမက်) နှင့် အိုးသည်ရွာမှ ဦးအဒူရော်ဟိမ်း၊ တပ်ရာရွာမှ ဒု-အုပ်ချုပ်ရေးမှူး ဦးကာမာလ်နှင့် ဦးဟာရှိမ်း တို့ပါဝင်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အပြောင်းအရွှေ့ ၊ ပယ်ဖျက်ခြင်းနဲ့ အသစ်တင်သွင်းခြင်း လုပ်ရသည့် မိသားစုဆိုလျှင် အနည်းဆုံး ငွေကျပ် တစ်သိန်း ကုန်ကျနေသည်ဟု ဒေသခံများက ဆိုသည်။

အသက် ၂ နှစ်အထက် ၄ နှစ်အောက် ကလေးများကို အိမ်ထောင်စု လူဦးရေစာရင်းတွင် ထည့်သွင်း မပေးခြင်းကြောင့် မိသားစုပေါင်းများစွာ ဆွဲ၊ တင်၊ စစ် စစ်ဆေးခံနိုင်ခြင်း မရှိသဖြင့် အဆိုပါ မိသားစုများကို

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်သာကျော် ကလည်း ညပိုင်းတွင် အရက်မူး၍ သောင်းကျန်းခြင်းကြောင်း ဒေသခံရွာသားများ စိတ်အနှောက်အယှက် ဖြစ်နေရသည်ဟု သိရှိရသည်။

“ဦးမောင်သာကျော်က ညမထွက်ရ အမိန့်ကြောင့် ဘယ်သူ့မှ အိမ်ပြင် ထွက်မလာရဲဘူးဆိုတာ သိတော့ အရက်သောက် မူးရူးပြီး တပ်ရာရွာမှာ လုပ်ချင်တိုင်း လုပ်နေတယ်။ ငါသာ လူအုပ်ချုပ်ရေးမှူး၊ အရင်က ဥက္ကဌ အုပ်ချုပ်ရေမှူးတွေက နွားအုပ်ချုပ်ရေးမှူး နွားဥက္ကဌ၊ ငါသာ လူပီသတဲ့လူ အခြားလူတွေ အားလုံး နွားတွေ ဆိုပြီး မူးမူးရူးရူးနဲ့ ပြောနေတော့ မလိုလားတာတွေ ဖြစ်လာမှာ စိုးရိမ်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

“ရွာသူရွာသားတွေကိုလည်း အကြောင်းမဲ့ ရက်ရက်စက်စက် ရိုက်နှက်တယ်။ မူးနေတဲ့အချိန်မှာ အိုးသည်ရွာက အဒူရော်ဟိမ်းက သူ့ရဲ့ ဆရာ သူ့ရဲ့ အကြံပေး ဆိုပြီး ၀န်ခံတာတွေလည်း လုပ်တယ်။ မောင်သာကျော်ရဲ့ ရက်စက်ကြမ်းကြုတ်မှု ဒဏ်ကြောင့် လူတွေ ထွက်ပြေးသွားမှာ စိုးရိမ်ရတယ်” ဟု အဆိုပါ ဒေသခံက ဆက်လက်ပြောသည်။

ယခင်က အဆိုးဆုံး အုပ်ချုပ်ရေးမှူး ဆိုလျှင် အမှတ် (၅) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုး ကို ပြောရမည် ဖြစ်သော်လည်း ယခုအခါ ကကျက်ဘက်ကံပြင် အုပ်ချုပ်ရေးမှူးသည် ဦးမောင်လှိုင်စိုး ထက် အစပေါင်းများစွာ ဆိုးရွားနေသည်ဟု ၎င်းက ဆိုသည်။




RB News
4.2.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တော်ပိုင်းမှာ မီးရှို့ခြင်းမခံဘဲ ကျန်ရှိနေသည့် နေအိမ်များကို ဒေသဆိုင်ရာ အာဏာပိုင်များက ဖျက်၍ အစိတ်အပိုင်းများ သယ်ဆောင် သွားနေကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း ဟာရှုရာသာ (အလယ်သံကျော်) ကျေးရွာအုပ်အုပ်စု၊ ဂေါ်ဇော်မ်ဒီယာ (အလယ်သံကျော် ကညင်တန်း) ကျေးရွာအုပ်စု၊ ဟောဂျဘိလ် (ကံပူး) ကျေးရွာအုပ်စု၊ ချိန်ခါလီ (အုန်းတော) ကျေးရွာအုပ်စု၊ ၀ါးချ ကျေးရွာအုပ်စုနှင့် သံဒါ ကျေးရွာအုပ်စု စသည့် ကျေးရွာများတွင် မီးရှို့မခံရဘဲ ကျန်ရှိနေသည့် ရိုဟင်ဂျာများ၏ နေအိမ်များကို ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ရခိုင်ရွာသားများက ဖျက်ယူ၍ အစိတ်အပိုင်းများ အားလုံးကို ယူဆောင်သွားနေကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

"အခုလို ဖျက်ပြီး ယူသွားနေတာကို အထက်အမိန့်နဲ့ လုပ်နေတာလား ဒါမှမဟုတ်ဘူး အားလုံးပေါင်းပြီး ရောင်းစားနေတာလား ဆိုတာတော့ သေချာ သဲသဲကွဲကွဲ မသိဘူး။ လွန်ခဲ့တဲ့ လတွေတုန်းကလည်း အာဏာပိုင်တွေက ရိုဟင်ဂျာတွေရဲ့ ကျွဲ၊ နွား အပါအ၀င် အခြားပစ္စည်းတွေ အားလုံးကို ခိုးယူပြီး ရောင်းစားခဲ့တယ်” ဟု အဆိုပါ ဒေသခံကပြောသည်။ 

အိမ်များ ဖျက်ဆီး ယူဆောင်သွားနေခြင်းတွင် အဓိက ပါဝင်နေသူများမှာ --

(၁) အောင်ကျော်ဇင် (အထူးသတင်းတပ်ဖွဲ့ SB ရဲတပ်ကြပ်ကြီး)
(၂) ဆန်းဝင်း (အလယ်သံကျော် စ.ရ.ဖ)
(၃) ဇော်ထူး (အလယ်သံကျော် အုပ်ချုပ်ရေးမှူး)
(၄) မောင်မြင့် (အလယ်သံကျော် ကညင်တန်း အုပ်ချုပ်ရေးမှူး)  -- တို့ဖြစ်ကြသည်။ 

ဟာရှုရာသာ (အလယ်သံကျော်) ကျေးရွာအုပ်စု တစ်အုပ်စုမှ အိမ်ခြေ ၁၀၀ နီးပါး ဖျက်ဆီး၍ အစိတ်အပိုင်းများ သယ်ဆောင် သွားပြီး ဖြစ်သည်။ အခြားကျေးရွာအုပ်စုများတွင်လည်း အလားတူ လုပ်ဆောင်လျက် ရှိသည်။



Rohingya Eye
RB News
2.2.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် နည်းမျိုးစုံဖြင့် ပိတ်ဆို့ခံရသူများသည် မေယုတောင်သို့ ရောက်ရှိနေစဉ် မောင်တောမြို့နယ် ကျီးကန်းပြင်မှ သွားရောက်ကူညီသူများ ငွေညှစ်ခံခဲ့ရကြောင်း သတင်းရရှိပါသည်။

ဇန်န၀ါရီလ (၃၀) ရက်နေ့ နံနက်အစောပိုင်း အချိန်တွင် ကျီးကန်းပြင်ကျေးရွာတွင် အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး ဒုက္ခသည်ဘ၀သို့ ရောက်နေသူနှစ်ဦးသည် ဘူးသီးတောင်မြို့နယ်တွင် နည်းမျိုးစုံဖြင့် ပိတ်ဆို့ခံထားရသောကြောင့် မေယုတောင်တန်းသို့ ရောက်ရှိလာသူများကို ကူညီရန်သွားရောက်ခဲ့သည်။ မေယုတောင်တန်းသို့ ရောက်ရှိနေသူများမှာ ၎င်းတို့၏ ဆွေမျိုးများ ဖြစ်ပြီး ဖုန်းဆက်၍ အကူအညီတောင်းခံသောကြောင့် ကူညီရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် မေယုတောင်တန်းမှ ပြန်ဆင်းလာစဉ် ကျီးကန်းပြင်ကျေးရွာအုပ်စု၊ န.၀.တ အောင်ဇေယျရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တွေ့သည့်အခါ ကူညီရန် သွားသူ နှစ်ဦးမှ တစ်ဦးသည် ချုံပုတ်ထဲတွင် ပုန်းနေခဲ့သောကြောင့် လွတ်မြောက်သွားသော်လည်း ၎င်းတို့နှင့် လိုက်ပါလာသည့် မိသားစုနှစ်စုနှင့် ကူညီသွားသူတစ်ဦးတို့ကို ဖမ်းဆီး၍ ယာယီစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

မိသားစုနှစ်စုကို ကူညီသူနှစ်ဦးမှ ဖမ်းဆီးခံရသူတစ်ဦးမှာ အဗ်ဒူရာမာန် (ဘ) ဦးရှော်ဖီရောန် (အသက် ၂၄ နှစ်) ဖြစ်ပြီး၊ ၎င်းကို လူကုန်ကူးနေသည်ဟု စွပ်စွဲ၍ လူမဆန်စွာ ရိုက်နှက်မှုကြောင့် လမ်းပင်လျှောက်၍ မရတော့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။  နေ့လည် ၁၂ နာရီခန့် အချိန်တွင် ၎င်းတို့အား ဖမ်းဆီးထားသည့် ယာယီစခန်းသို့ ကျေးရွာအုပ်ချုပ်ရေးမှူး လိုက်သွားပြီး လူကုန်ကူးနေခြင်း မဟုတ်ဘဲ နေအိမ်စွန့်ခွာ၍ ထွက်ခွာလာသူများကို ကူညီရန် သွားခဲ့ခြင်း ဖြစ်သည်ဟု ရှင်းပြခဲ့သည်။

ကျေးရွာအုပ်ချုပ်ရေးမှူး က တောင်းပန်ပြီး ရှင်းပြသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အဗ်ဒူရာမာန် ထံမှ ငွေကျပ် ၄ သိန်းခွဲနှင့် မိသားစုနှစ်စု ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။




(ဓါတ်ပုံ - AP)

ကျော်သူရ(ရှင်ပက္ခိ)
RB News
2.2.2018

၂၀၁၇ ခုနှစ်​ ​အောက်​တိုဘာလ (၁၉) ရက်​​နေ့က နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ဒေါ်​အောင်​ဆန်းစုကြည်​ရဲ့ မိန့်ခွန်းထဲမှာ "ရိုဟင်ဂျာတွေ မိမိရဲ့​နေရပ်​ရင်းကို ဘာ​ကြောင့်​ စွန့်ခွာနေတာလဲ ဆိုတာ မသိဘူး၊ အဲ့ဒါ​တွေ ​လေ့လာကြည့်ရမည်"လို့ ပြောခဲ့တာ အခုဆိုရင် ၄ လကျော်လွန်​သွားပါပြီ။ ဒါ​ပေမယ့်​ ​ဒေါ်​အောင်​ဆန်းစုကြည်​က အ​ဖြေကို အခုထိ ​လေ့လာလို့ မပြီး​သေးတာလား၊ မ​လေ့လာဘဲ ထားလိုက်တာလား၊ ​လေ့လာပြီး​သော်​လည်း အမှန်​ကို ထုတ်​မပြောဘဲ နေနေတာလား။ ​မေးခွန်းထုတ်​စရာ ဖြစ်​​နေပါပြီ။

ပထမဦးဆုံးအနေနဲ့ ... ဘင်္ဂလားဒေရှ့်​နိုင်​ငံကို သွား​ရောက်​ခိုလှုံ​နေရသူ ရိုဟင်ဂျာတွေကို နိုင်​ငံတကာ အစိုးရအဖွဲ့အစည်း၊ လူ့အခွင့်​အ​ရေး အဖွဲ့အစည်း​နဲ့ နိုင်​ငံတကာ သတင်းဌာန​တွေက ဒုက္ခသည်၊ အသက်​လုထွက်​​ပြေးလာခဲ့ရသူများ၊ လူသတ်​ကွင်းမှ ​ရှောင်​ထွက်​လာနိုင်​ခဲ့သူများ ဆိုပြီး သုံးနှုန်း ​ဖော်​ပြ​နေကြ​ပေမယ့်​ မြန်မာအစိုးရနဲ့ မြန်​မာပြည်တွင်း သတင်းဌာန​တွေက​တော့ ခိုးဝင်ဘင်္ဂလီ၊ နေရပ်စွန့်ခွာသွားတဲ့ ဘင်္ဂလီ၊ ထွက်ပြေးသွားသူ စသဖြင့်သာ သုံးနှုန်းနေကြတာ ​တွေ့ရပါတယ်​။

လူ့သဘာဝအတိုင်းပြောရရင်​ လူ​တွေဟာ ပိုမိုဖွံ့ဖြိုးတိုးတက်​တဲ့ ဘယ်ဒေသကိုမဆို သွားချင်ကြတာက ဓမ္မတာပဲ။ ဒါပေမဲ့ ရိုဟင်ဂျာတွေကတော့ ရေကြည်ရာ မြက်နုရာ ဆိုတဲ့အတိုင်း သွားနေကြတာလည်းမဟုတ်ဘူး။ ဘင်္ဂလားဒေရှ့်​ဟာ မြန်မာထက် ဘက်ပေါင်းများစွာမှာ သာပြီး ဖွံ့ဖြိုးတဲ့နိုင်​ငံဖြစ်ပေမယ့် အခု ရိုဟင်​ဂျာ​တွေ သွား​နေတဲ့ဟာက မိမိအသက်ကို ဆက်​လက်​ရှင်သန်ခွင့်ရဖို့ကိုသာ မျှော်ကိုးပြီး သွားခဲ့တယ်​ဆိုတာ သက်​​သေပြနိုင်​စရာ အ​ကြောင်းအရာအများကြီးရှိပါတယ်​။ ပိတ်လှောင်ထားမယ့် စခန်းတွေထဲမှာ နေရမယ်​ဆိုတာကို သိလျက်​နဲ့​ပေါ့။

ဒါကြောင့် ဘင်္ဂလားဒေရှ့်​ ကော့ဇ်​ဘဇား ဒုက္ခသည်​စခန်းတွေမှာ သွား​ရောက်​ခိုလှုံနေတဲ့၊ ခိုလှုံဖို့သွားနေရတဲ့ ရိုဟင်ဂျာတွေကို သတင်းတွေထဲမှာ "ရှင်သန်ခွင့်ရဖို့ အသက်လုထွက်ပြေးနေရသူ ရိုဟင်ဂျာများ ၊ မိမိရဲ့မွေးရပ်မြေမှ မောင်းထုတ်ခံနေရသူ ရိုဟင်ဂျာများ" လို့ပဲသုံးမှ မှန်​ကန်​ပါလိမ့်​မယ်​။

ပြန်ခေါ်မယ့်ရက်တွေ အချိန်းအချက်တွေ ကျော်နေပေမယ့် ယနေ့ထိ ဘာလို့ ​မောင်းထုတ်ခံနေရတာလဲ။ မောင်းထုတ်နေသူတွေရဲ့ မောင်းထုတ်နေတဲ့ ဆွဲပြီးသား ဇယားအစီအစဉ်နဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အောက်မှာ ကြည့်ကြရအောင်။ ​မောင်းထုတ်တဲ့ စနစ်တွေကိုတော့ လက်လှမ်းမီသလောက် ကျေးရွာအုပ်စု လေးငါးအုပ်​စုရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေပေါ်မှာ အခြေခံပြီး ​ပြောပြပါမယ်​။

(၁) ဆွဲတင်စစ်

အမှန်အတိုင်းဆိုရင်​ ဆွဲ၊တင်၊စစ် ဆိုတာကို လုပ်လာတာ ၂၇ နှစ် ရှိ​နေပါပြီ။ ဆွဲ၊တင်၊စစ် ဆိုတာ ရှင်းရှင်းပဲ အနက်ဖွင့်ရရင် လူဦး​ရေ အတိုးအ​လျှော့ စစ်​​ဆေးခြင်းပါပဲ။ ​သေတဲ့သူ​တွေနဲ့ နိုင်​ငံခြား​ရောက်​သွားသူ​တွေကို အိမ်​​ထောင်​စုစာရင်းက​နေ ပယ်​ဖျက်​ခြင်း၊ အသစ်​​မွေးလာတဲ့က​လေး​တွေကို အိမ်​​ထောင်​စုစာရင်းမှာ တင်​သွင်း​ပေးခြင်းနဲ့ အ​ပြောင်းအ​ရွေ့ကိစ္စ​တွေကို ​ဆောင်​ရွက်​​ပေးခြင်းပါပဲ။ ဒါပေမယ့် အခုလုပ်​​နေတဲ့ ဆွဲ၊တင်​၊စစ်​ ပုံစံက ပြစ်​မှုကြီးကြီးမားမား ကျူးလွန်​ထားတဲ့ တရားခံ​တွေကို တရားစီရင်​​နေသလိုပုံစံမျိုးနဲ့ ပြုလုပ်​​နေတာ ​တွေ့ရပါတယ်​။

အခုဆိုရင်​ ဆွဲ၊တင်​၊စစ်​ ဆိုတာကြီးကို တနှစ်မှာ နှစ်ကြိမ်စီ ပြုလုပ်​တယ်​။ မိသားစုဝင်အားလုံးကို တစ်နေရာတည်းမှာရပ်စေပြီး ဓာတ်ပုံရိုက်တယ်​။ ဒီလိုမျိုး ဓာတ်ပုံရိုက်ဖို့အတွက်​ အခကြေး​ငွေကို ဒေသခံရိုဟင်ဂျာတွေ ဘက်​က​ပေး​ဆောင်​ရတယ်​။  တစ်အိမ်ထောင်ကို အနည်းဆုံး ၅၀၀၀ ကျပ်​။

(၂)

အသစ်​​မွေးလာတဲ့ ကလေးတစ်ယောက်ကို မိမိရဲ့ အိမ်ထောင်စုစာရင်းမှာ တင်ဖို့ လ.ဝ.က ဖက်​က ထောက်ခံချက် လက်မှတ်တစ်ခုကို ၅၀၀၀ ကျပ်​​ပေးပြီး ယူရတယ်​။ အရှင်မွေးတယ်​ဆိုပြီး ​ထောက်ခံချက်တစ်ခုကို ​ဆေးရုံက သားဖွားဆရာမဆီက ၅၀၀၀ ကျပ်​​ပေးပြီး ယူရတယ်။ ​ကျေးရွာအုပ်ချုပ်ရေးမှူးဖက်​ကလည်း ထောက်ခံစာတစ်ခုကို ၅၀၀၀ ကျပ်​​ပေးပြီး ယူရတယ်​။ ပြီး​တော့ မိမိရဲ့တရားဝင်​သားဖြစ်​​ကြောင်းကို သက်​​သေခံစာအဖြစ်​ အိမ်နီးနားချင်းနှစ်ဦးမှ သက်​​သေခံ​ပေးရတဲ့ ​သက်သေခံစာတစ်​ခုလိုတယ်​။ ပြီး​တော့ တရားဝင်လက်ထပ်တဲ့ လက်ထပ်ခွင့် စာချုပ်မိတ္တူ​တွေလည်း လိုအပ်​တယ်​။ ဒါ​တွေအားလုံးကို ​ငွေအကုန်​အကျခံပြီး စုနိုင်​ဖို့အတွက်​ အနည်းဆုံး (၃) ရက်​​လောက်​လိုအပ်​တယ်​။ မိမိရဲ့က​လေးတစ်​​ယောက်​ မိမိအိမ်​​ထောင်​စုစာရင်းမှာ တင်​ဖို့အတွက်​ စာရွက်​စာတမ်း​တွေစုရတာကို ကြည့်​ရင်​ နိုင်ငံတော် အဆင့်ရာထူးအတွက် လျောက်လွှာတင်ရသလို ဖြစ်​နေတယ်။ စာရွက်တွေက မနည်းဘူးလေ။ သို့ပေမယ့် ယခုထိတော့စာရင်းထဲကို မဝင်နိုင်သေး။ စာရင်းတင်ဖို့အတွက် စုပြီးတဲ့ စာရွက်​တွေကို ဆွဲ၊တင်​၊စစ်​ အဖွဲ့ဆီသွားတင်​ရတယ်​။ အဲ့မှာလည်း ​ငွေ ၂၀၀၀၀ ကျပ်​​ပေးရတယ်​။

တကယ်​လို့ ကလေးရဲ့အသက်က (၃) နှစ်ပတ်ဝန်းကျင်မှာ ရှိနေရင်​​တော့ အိမ်​​ထောင်​စုစာရင်းမှာ တင်​မ​ပေးနိုင်​ဘူးလို့ ​ပြောတယ်​။ တကယ်​​တော့ ဒီက​လေး​တွေကို အရင်​နှစ်​​ ဆွဲ၊တင်​၊စစ်​ တုန်းက အိမ်​​ထောင်​စုစာရင်းမှာ သူတို့ပဲ ​ငွေမ​ပေးနိုင်​လို့ မတင်​​ပေးတာက ရှင်း​နေတာပဲ။ အရင်က တင်မ​ပေးခဲ့တာလည်းသူတို့ပဲ။ အခု အသက်ကြီးတယ်လို့ အကြောင်းပြနေတာလည်း သူတို့ပါပဲ။ အဲဒီအချိန်မှာ မိဘက စိုးရိမ်စိတ်နဲ့ ဘာလုပ်ရင်ကောင်းမလဲလို့ ​ဗျာများ​နေရချိန်​ ဆွဲ၊တင်​၊စစ်​ အဖွဲ့က အဲအချိန်မှာ အသင့်မွေးစားထားတဲ့ ပွဲစားက ချဉ်းကပ်လာပြီးတော့ သူလုပ်ပေးမယ်​ပြောတာပါပဲ။ သိန်းနဲ့ချီတဲ့ ​ငွေ​ပေးပြီး ပွဲစားကို အပ်​မှ အဆင်​​ပြေတတ်​တယ်​။ မိဘက ဘာတတ်နိုင်မလဲ။ အယောက်တစ်​ရာမှာ တစ်ယောက်လောက်ကပဲ ပွဲစားကိုအပ်​ပြီး အဆင်​​ပြေသွား​ပေမယ့့် တစ်နေ့လုပ်ပြီး တစ်​နှပ်​စား​နေရသူတွေက ဘယ်တတ်နိုင်မလဲ။ မလုပ်​ဘဲ ​နေလိုက်​​တော့တာပဲ။ ဒီ​တော့ ဒီက​လေး​တွေ ကြီးလာ​တော့ စာရွက်​စာတမ်းမဲ့ ဖြစ်​သွားရတယ်​။ ဒါက​ရော သွယ်ဝိုက်တဲ့ နည်းနဲ့ မောင်းထုတ်နေတာ မဟုတ်ဘူးလားလို့ ဒေါ်​အောင်​ဆန်းစုကြည်​ကို မေးကြည့်ချင်ပါတယ်။

ပြည်​သူကို အသက်မွေးဝမ်းကျောင်းပြုနိုင်​ဖို့ဆိုပြီး အစိုးရက ဘယ်အချိန်မှာ အလုပ်အကိုင် ဖန်တီးပေးထားတာရှိလို့လဲ။ မရှိတဲ့ကြားက​နေ ဆင်းရဲသားတွေရဲ့ မျက်ရည်စာတွေနဲ့ သူတို့ရဲ့ ဗိုက်ခေါက်ထူလာအောင်အထိ ​ငွေညှစ်​ပြီး စားနေကြတာက​တော့ လူ့အလုပ်​မဟုတ်​ပါဘူး။ အမှန်မှာ သူတို့မှာစားဖို့မရှိလို့ ဒီလိုမျိုး ဓားပြတိုက်နေတာမဟုတ်ဘူး။ ရိုဟင်​ဂျာ​တွေ တကယ်​ထွက်ပြေးသွားအောင် စနစ်ကျကျ ညစ်​ပတ်​​နေတာပါပဲ။

(၃)

သေဆုံးသွားသူတယောက်ကို အိမ်​​ထောင်​စု စာရင်းမှ ပယ်​ဖျက်​လိုက်​ဖို့အတွက်​လည်း အနည်းဆုံး ငါးထောင်ကျပ်​ ပေးရတယ်။

(၄)

နိုင်​ငံခြားထွက်​သွား​နေသူ တစ်​​ယောက်​ကို အိမ်​​ထောင်​စု စာရင်းမှ ဖယ်​ဖျက်​လိုက်​ဖို့အတွက်​လည်း အနည်းဆုံး တစ်​​သောင်းကျပ်​​ပေးရတယ်​။

(၅)

အိမ်ထောင်ပြုသော အမျိုးသမီးတွေကို မိဘရဲ့ အိမ်ထောင်စုစာရင်းမှ ပယ်​ဖျက်​ပြီး လက်ရှိယောက္ခမ (သို့မဟုတ်) အခြား အိမ်ထောင်စုစာရင်းမှာ ပြောင်းရွေ့ စာရင်းသွင်းရာမှာလည်း စည်းနှစ်ခု သတ်မှတ်ထားတယ်။ တစ်ခုကတော့ အကယ်၍ သတို့သားနဲ့ သတို့သမီး တို့ဟာ နယ်ခြားစောင့်ရဲတပ်​ဖွဲ့ရဲ့ နယ်မြေတစ်ခုတည်းက မဟုတ်ဘဲ တစ်ယောက်တစ်ခုစီက ဖြစ်နေရင်​​တော့ သိန်းနဲ့ချီတဲ့ ​ငွေ​ပေးမှ ရတယ်​။ နောက်တစ်ခုက နယ်မြေတစ်ခုတည်းထဲက ဖြစ်ရင်​​တောင်​ ပြောင်းရွေ့ခ ဆိုပြီး အနည်းဆုံး ​ငွေကျပ်​ (၄) သောင်း​ပေးရတယ်​။ မတတ်​နိုင်​သူ​တွေက ဒီအတိုင်း​နေလိုက်​​တော့ သူတို့ရဲ့ ​မွေးလာတဲ့သားသမီး​တွေကိုလည်း အိမ်​​ထောင်​စုစာရင်းမှာ တင်​ခွင့်​မရတော့​ဘူး။

(၆)

ဓာတ်ပုံရိုက်တဲ့ အခါမှာလည်း အတော်ကို ရင်နာစရာဖြစ်​​အောင်​ ပြုလုပ်​တယ်​။ အမျိုးသမီး​တွေကို ဝတ်​ရုံချွတ်​ခိုင်းခြင်း၊ ​လှောင်​​ပြောင်​ခြင်း၊ ​စော်​ကားခြင်း​တွေ ပြုတတ်​တယ်​။

နောက်​တစ်​ခုက တချို့အိမ်ထောင်စုစာရင်းဆိုရင် အဘိုးအဘွား၊ သားသမီး မြေးမြစ် မျိုးဆက်လေးဆက်ထိကို တစ်ခုထဲမှာပဲ စုပုံထားတယ်။ အမှန်ဆိုရင် ယခင် ၁ဝ နှစ်ကတည်းကပင် ခွဲပေးဖို့လိုနေတာ။ အဲဒီတော့ အိမ်​​ထောင်​စာရင်း စာရင်းတစ်ခုတည်းမှာပင်​ လူ ဒါဇင်နဲ့ချီ ဖြစ်သွားတာနဲ့ သူတို့က အတော်ကို အဆင့်နိမ့်တဲ့ စကားတွေနဲ့ လှာင်ပြောင်ကြတယ်။ စိတ်​နှလုံးထဲနာကျင်​​အောင်​ ဆက်​ဆံတတ်​တယ်​။ ရိုဟင်​ဂျာ​တွေကို စိတ်​​ရော ကိုယ်​ပါ နားကျည်း​အောင်​လုပ်​​နေတာ ဖြစ်​တယ်​။

ဒါတွေကတော့ ဆွဲတင်စစ်နဲ့ပတ်သက်ပြီး ရိုဟင်​ဂျာ​တွေ ကြုံ​တွေ့​နေရတဲ့ ဒုက္ခသံသရာပါပဲ။

ဒါတွေအားလုံးကို ခြုံငုံပြီးပြောရရင် စားရေးသောက်ရေးအတွက် အင်မတန် ရုန်းကန်နေရပြီး ကျီးလန့်စာ စားသလို နေနေရတဲ့ ကျန်ရှိနေတဲ့ ရိုဟင်ဂျာ အနည်းငယ်တွေကိုလည်း မြန်​မာပြည်​က ထွက်ပြေးသွားအောင် တမင်​ကြံစည်​ပြီး နှိပ်စက်နေတာ မဟုတ်ဘူးလား။

ရိုဟင်ဂျာတွေ အဲဒါကြောင့် နေ့စဉ် အသက်လုပြီး ထွက်​​ပြေး​နေရတာ ဖြစ်​​ကြောင်း ​ဒေါ်​အောင်​ဆန်းစုကြည်​ သိ​အောင်​ ဖြစ်​​အောင်​ ​ပြောပြချင်​တယ်။

ဒါတွေကို ဒေါ်​အောင်​ဆန်းစုကြည်​ မသိတာလား။ သိပြီး မသိဟန်​​ဆောင်​​နေတာလား။ ကိုးကွယ်​တဲ့ဘာသာ မတူလို့ပဲ တမင်​ ခွဲခြားဆက်​ဆံပြီး လူ​တွေကို ထွက်​သွား​အောင်​ ဖိအား​ပေး​နေတာ မဟုတ်​ဘူး။

ငြိမ်းချမ်း​ရေး နိုဘယ်​ဆု ဂုဏ်​ပုဒ်​ရှင်​​ရေ ... ဒါ​တွေအားလုံး အသင်​သိပါ​လေစ။

ဆရာကျော်သန်း

RB News
31.1.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာရှိ အစိုးရ အခြေခံပညာ အထက်ကျောင်းမှ ကျောင်းဆရာ ဦးကျော်သန်း၏ လုပ်ကြံ ငွေညှစ်မှုကြောင့် ကျောင်းသား/သူ အချို့ ကျောင်းတက်ခွင့်မရ ဖြစ်နေကြောင်း သတင်းရရှိပါသည်။

ဆရာဦးကျော်သန်းသည် စစ်တွေ ဇာတိသား ဖြစ်ပြီး၊ ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာရှိ အခြေခံပညာ အထက်ကျောင်းတွင် လွန်ခဲ့သည့် ၁၅ နှစ်ခန့်မှစ၍ တာဝန်ထမ်းဆောင်လျက် ရှိရာ၊ ဒေသခံကျောင်းဆရာတစ်ဦးကဲ့သို့ ဖြစ်နေသောကြောင့် မကြာခဏ ပြောင်းရွှေ့သွားပြီး အသစ်ရောက်လာသည့် ကျောင်းအုပ်ဆရာ/မကြီး များပင် ၎င်းကို ကြောက်ရွံရပြီး၊ ၎င်း၏ လက်အောက်ခံ ဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။

ဆရာကျော်သန်းဟု လူသိများပြီး၊ ကျောင်းသားကျောင်းသူများ၏ ကျောင်းဝင်နံပါတ်၊ ကျောင်းမှတ်ပုံတင်ထားသည့် စာရင်းများ ဖျောက်၍ ငွေညှစ်သည့် အကြောင်းကို ဒေသခံတစ်ဦးက “သူက ဘယ်လိုလုပ်သလဲဆိုတော့ ကျောင်းသားတစ်ယောက်က ၈ တန်းရောက်နေတယ်ဆိုရင် အဲဒီကျောင်းသားရဲ့ ၅ တန်းတုန်းက မှတ်ပုံတင်ထားတဲ့ အချက်အလက် စာရွက်စာတမ်းတွေ ဖျောက်ပစ်လိုက်တယ်။ ကျောင်းသားက ကျောင်းတက်နေရင်း ဘာမှ မဖြစ်ဘူး။ ၈ တန်းပြီးတော့ ၉  တန်းပြန်အပ်တဲ့အချိန်ကျမှ မင်းရဲ့ စာရင်းက ကျောင်းမှာ မရှိဘူး ဘာညာဆိုပြီး ၅ တန်းစာရင်း ပြန်ထုတ်ပြတယ်။ အဲဒီတော့ ကျောင်းဝင်ခွင့် ပြန်ရရေး အတွက် သူ့ကို ၅ သောင်းကနေ တစ်သိန်းထိ ပေးရတယ်” ဟု ပြောပါသည်။

“ပိုက်ဆံတတ်နိုင်တဲ့ ကလေးတွေကတော့ ပေးတာပေါ့။ အခု အဲလို မပေးနိုင်တဲ့ ကလေးတွေ ကျောင်းမတက်ရတော့တာ တစ်ဒါဇင် မက ရှိနေပြီ။” ဟု ၎င်းက ဆက်လက်ပြောပါသည်။

ညောင်ချောင်း အထက်တန်းကျောင်းတွင် ကျောင်းသား/သူ ၅ ပုံ ၄ ပုံမှာ ရိုဟင်ဂျာလူမျိုး ဖြစ်ပြီး၊ ဆရာကျော်သန်းက ရိုဟင်ဂျာကျောင်းသား/သူ များကိုသာ လုပ်ကြံ၍ ငွေညှစ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ၎င်းသည် မူလတန်းပြဆရာ တာဝန်ဖြင့် ရောက်ရှိလာခဲ့ပြီး ရာထူး အဆင့်ဆင့်တိုး၍ ယခုအခါ အထက်တန်းပြဆရာ အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။



MYARF
RB News
31.1.2018

မောင်တော ။ ။ ယနေ့ ဇန်န၀ါရီလ (၃၁) ရက်နေ့ နံနက် ၁ နာရီခန့် အချိန်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စု ကမ်းပိုင်းနားရွာမှ ရိုဟင်ဂျာနေအိမ် (၈) အိမ် မီးရှို့ခံခဲ့ရကြောင်း သတင်းရရှိပါသည်။ 

ဇန်န၀ါရီလ (၃၀) ရက်နေ့ ည ၉  နာရီကျော် အချိန်မှစ၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ကင်းလှည့်ကား နှစ်စီးသည် ရွှေဇားအုပ်စု တစ်ခုလုံး လမ်းကြားပါမကျန် လှည့်ပတ်ခဲ့ပြီး နံနက် ၁၂ နာရီခွဲခန့်တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။ ၎င်းတို့ ထွက်ခွာသွားပြီး ခဏအကြာတွင် ပေါက်ကွဲသံတစ်ခုပမာ အသံတစ်ခုကြားခဲ့ရပြီး၊ အသံကြားရသည်နှင့် တစ်ပြိုင်နက် နေအိမ်များ မီးလောင်နေသည်ကို တွေ့မြင်ခဲ့ရကြောင်း ရွာသားတစ်ဦးက RB News သို့ပြောသည်။ 

“ကျွန်တော်တို့ ထင်တာကတော့ အဲဒီနယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ ကင်းလှည့်ကားတွေ ပြန်ပြန်ချင်း ဆိုင်ကယ် နှစ်စီး ရွာထဲဝင်လာတာလာ ကြားလိုက်တယ်။ ပုဒ်မ ၁၄၄ ရှိနေတော့ အပြင်ထွက်ပြီး မကြည့်ရဲကြဘူး။ သိပ်မကြာဘူး အဲဒီဆိုင်ကယ်တွေ ပြန်ထွက်သွားတာလည်း ကြားရတယ်။ ထွက်သွားပြီး ၅ မိနစ်တောင် မကြာလိုက်ဘူး၊ အိမ်တွေ မီးလောင်နေတာကို မြင်လိုက်ရတယ်” ဟု အဆိုပါ ရွာသားက ဆက်လက်ပြောပါသည်။ 

ကမ်းပိုင်းနားရွာနှင့် ကပ်လျက် တည်ရှိနေသည့် ကင်ဘဲရွာသား တစ်ဦးက “မနေ့က ည ၁၂ နာရီကျော်မှာ ဆိုင်ကယ်နှစ်စီး လူ ၄ ယောက် ရောက်လာပြီး လမ်းဘေးက အိမ်တစ်အိမ်ကို မီးရှို့တယ်၊ မီးစွဲတာနဲ့ အိမ်ရှင်က မြင်လိုက်တော့ အိမ်နီးချင်းတွေကို အော်ဟစ် အကူအညီတောင်းတယ်၊ အဲဒီဆိုင်ကယ်နဲ့ ရောက်လာသူတွေ ပြေးသွားတာကို မြင်လိုက်ရတယ်” ဟု ပြောသည်။ 

မီးရှို့မှုကြောင့် မီးလောင် ပျက်စီးသွားသည့် နေအိမ်များမှာ --

(၁) ဦးလေးရူး
(၂) ဦးနူရ်အစ္စလာမ်
(၃) ဦးအာဘူကာလာမ်
(၄) ဦးနူရုလ်ဟောက်
(၅) ဦးရော်ရှိတ်
(၆) ဦးနူရ်ဟာဆောင်း
(၇) ဦးရာမတ်အူလ္လာ 
(၈) ဦးအီဗြာဟိမ်း -- တို့၏ နေအိမ်များ ဖြစ်ကြသည်။ 





Photo: Nyo Ban/ Irrawaddy

အမ်၊အက်စ် အဏ္ဏ၀ါ
RB News
31.1.2018

လွန်ခဲ့တဲ့ ဇန်န၀ါရီလ (၁၈) ရက်နေ့မှာ ရခိုင်ပြည်မှာ စိတ်ကူးထဲမှာတောင် ဖြစ်လိမ့်မယ်လို့ မတွေးဖူးတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တယ်။ မြန်မာအာဏာပိုင်တွေက ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဌ ဒေါက်တာအေးမောင် ဖမ်းဆီးလိုက်တာပါ။ ဒေါက်တာအေးမောင်နှင့် အတူ ဖမ်းဆီးထားတဲ့ စာရေးဆရာ ဦးဝေဟင်အောင် တို့နှစ်ဦးကို ဇန်န၀ါရီလ (၂၉) ရက်နေ့ တနင်္လာနေ့မှာ စစ်တွေ အကျဉ်းထောင်ကနေ ရသေ့တောင်ကို ခေါ်ဆောင်သွားပြီး တရားရုံးမှာ စစ်ဆေးခဲ့တယ်။ ပြီးခဲ့တဲ့ဇန်န၀ါရီလ (၁၇) ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်အရ ဆိုရင် ဒေါက်တာအေးမောင် ကို မတရားအသင်း ဆက်သွယ်ရေး ပုဒ်မ ၁၇ (၁)၊ ဆူပူသောင်းကျန်းမှု ပုဒ်မ ၅၀၅ (ခ) နဲ့ နိုင်ငံတော် သစ္စာဖောက်မှု အကြီးစား ပုဒ်မ ၁၂၂ တို့နဲ့ စွဲချက်တင်ထားတာပါ။

ရှင်းရှင်းလင်းလင်း ပြောရရင် ဒေါက်တာအေးမောင်က ဗမာစစ်တပ်နဲ့ ပူးပေါင်းပြီး ၂၀၁၂ ဇွန်လကစပြီး အခု ဖမ်းခံရတဲ့အချိန်ထိ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ခဲ့ရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင် လှုပ်ရှားခဲ့တဲ့ ဖက်ဆစ်ဝါဒီဆန်တဲ့ နိုင်ငံရေးသမား တစ်ယောက် ဖြစ်ပါတယ်။ သို့ပေမယ့်လည်း မြန်မာစစ်တစ်ပိုင်း အစိုးရရဲ့ လူမျိုးတုန်းသတ်ဖြတ်နေမှုမှာ လုပ်ဖော်ကိုင်ဖက်တစ်ဦး ဖြစ်နေသူကို ဖမ်းဆီးဖို့ ဘယ်အကြောင်းအရာတွေက လှုံ့ဆော်ခဲ့သလဲ။

စစ်အစိုးရက သူတို့နဲ့ ပူပေါင်းဆောင်ရွက်သူတွေ၊ သူတို့ရဲ့ ကိုယ်စားလှယ်တွေ အပါအဝင် နိုင်ငံရေးသမားများနဲ့ သာမန်ပြည်သူတွေကို လိုအပ်သလို အသုံးချပြီးသွားတဲ့ အချိန်မှာ အစွန့်အပစ်ခံ ပစ္စည်းတွေလို ဆက်ဆံတာဟာ လျှို့ဝှက်ချက် မဟုတ်ပါဘူး။ အသုံးချခံတွေကို စစ်အစိုးရက နောက်ထပ်အသုံးမ၀င်တော့ (သို့မဟုတ်) အန္တရာယ်စိန်ခေါ်မှု အဖြစ် မြင်လာတဲ့အခါ သူတို့ဟာ တစ်ခါသုံး ပစ္စည်းတွေလို စွန့်ပစ်ခံကြရတယ်။ အဲဒါကြောင့် ဒေါက်တာအေးမောင်လည်း စစ်တပ်အတွက် ခြွင်းချက်တစ်ခု မဖြစ်ခဲ့ဘဲ ထုံးစံအတိုင်း နိုင်ငံရေး ကစားကွက်ထဲက အသုံးချခံတစ်ဦးသာ ဖြစ်လာခဲ့တယ်။

ရခိုင့်တပ်မတော် AA, ရခိုင်လွတ်မြောက်ရေးပါတီ ALP စတဲ့ သူပုန်အဖွဲ့အစည်းတွေနဲ့ ဒေါက်တာအေးမောင်တို့ အချိန်ကြာကြာ ဆက်နွယ်မှု ရှိခဲ့ပေမယ့်လည်း အဲဒီဆက်နွယ်မှုတွေက ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်၊ စိန်ခေါ်မှုတွေထက် စစ်တပ်က ဒေါက်တာအေးမောင်ကို နိုင်ငံရေးအရ အသုံးချရာမှာ ပိုပြီး အကျိုးရှိနေတာကို မြင်တာကြောင့် သူတို့ရဲ့ အသုံးချခံ ကိုယ်စားလှယ် တစ်ယောက် အဖြစ် အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ စစ်ဗိုလ်ချုပ်တွေက ဒေါက်တာအေးမောင်ကို အသုံးချခံ နိုင်ငံရေးသမား တစ်ဦးထက် သူတို့ရဲ့ သြဇာအာဏာနဲ့ နိုင်ငံ့အချုပ်အခြာ အာဏာကို ထိပါးလာနေတာ မြင်လာတာကြောင့် ဖမ်းဆီးလိုက်တာပါ။

ရိုဟင်ဂျာတွေ စတင်အကြမ်းဖက်ခံရတဲ့ ၂၀၁၂ ဇွန်လကစပြီး ရခိုင်ပြည်ရဲ့ လူမှုရေးနဲ့ နိုင်ငံရေး အခြေအနေတွေက သိသိသာသာ ယိုယွင်းလာခဲ့တယ်။ အထူးသဖြင့် ၂၀၁၆ အောက်တိုဘာလမှာ ပြည်တွင်းဖြစ် (တုတ်၊ ဓါး ကိုင် အာရ်ကာန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် ARSA အမည်ခံ) လက်နက်ကိုင် အဖွဲ့တစ်ခုက မောင်တောမြို့က လုံခြုံရေးတပ်ဖွဲ့ စခန်းအချို့ ကို ၀င်စီး တိုက်ခိုက်ခဲ့တဲ့ နောက်ပိုင်းမှာ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်နဲ့ ဗမာစစ်တပ်နဲ့ ဒေါက်တာအေးမောင်ရဲ့ နောက်လိုက် ရခိုင်-ဗုဒ္ဓဘာသာဝင် အစွန်းရောက်တွေ ပူးပေါင်းပြီး သက်ကြီးရွယ်အို၊ လူကြီး လူငယ် မရွေး အပြစ်မဲ့ ရိုဟင်ဂျာ ရွာသူရွာသားတွေကို စနစ်တကျ လူမျိုးတုန်း သတ်ဖြတ်မှု ပြုလုပ်လာခဲ့တယ်။

အဲဒီအချိန်ကစပြီး ဗမာစစ်တပ်၊ လုံခြုံရေးတပ်ဖွဲ့များနဲ့ ရခိုင်အစွန်းရောက်တွေ ပူးပေါင်းပြီး မောင်တောခရိုင်နဲ့ ရသေ့တောင်မြို့နယ် အတွင်းမှာရှိတဲ့ ရိုဟင်ဂျာ ပြည်သူတစ်သောင်းကျော်ကို သတ်ဖြတ်၊ နေအိမ်တွေကို မီးရှို့ပြီး ရိုဟင်ဂျာ သိန်းပေါင်းများစွာကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မောင်းထုတ်ခဲ့တာက လူ့သမိုင်းရဲ့ အကြီးမားဆုံး ဘေးဒုက္ခတစ်ခုကို မောင်းခလုတ်နှိပ် (အစပျိုးပေး) လိုက်တာဖြစ်ကြောင်း ကျွန်တော်တို့ မျက်မြင် ကိုယ်တွေ့ ဖြစ်ပါတယ်။

ဇန်န၀ါရီလ (၁၆) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ၂၃၃ ကြိမ်မြောက် ရခိုင့်နိုင်ငံတော်ကျဆုံးခြင်း အထိမ်းအမှတ်ပွဲမှာ ဒေါက်တာအေးမောင်၊ မျက်မှောက်ရေးရာ စာပေဟောပြောသူ ဦးဝေဟင်အောင်နဲ့ အခြားသော ရခိုင်အမျိုးသားအချို့က "ဗမာတွေက ရခိုင်တွေကို သူတို့ရဲ့ ကျွန်များသဖွယ် ဆက်ဆံပါတယ်။ အခုအချိန်က ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေး အခြေအနေအရ ရခိုင်ပြည်နယ်ခွဲထွက်ရေးနဲ့ သီးခြားနိုင်ငံထူထောင်ရေးသို့ ချီတက်ရန် သင့်တော်သည့် အချိန်ဖြစ်တယ်' စသည်ဖြင့် ဟောပြောခဲ့ကြောင်း သတင်းတွေထွက်လာပါတယ်။ သူတို့က အခမ်းအနား တက်ရောက်လာတဲ့ ရခိုင်-ဗုဒ္ဓဘာသာဝင်တွေကို ဗမာအစိုးရရဲ့ လက်အောက်မှာ မနေတော့ဘဲ လက်နက်ကိုင်တပ်ဖွဲ့ (AA ကိုညွန်းခြင်း) နဲ့ပေါင်းပြီး လက်နက်ကိုင်တော်လှန်ကြရန် တိုက်တွန်းခဲ့ကြောင်း သတင်းတွေမှာ ပါလာတယ်။

မြို့ဟောင်းလို့ ယခင်က လူသိများတဲ့ မြောက်ဦးမြို့က အခမ်းအနားကို အာဏာပိုင်တွေက ကြိုတင်ပိတ်ပင်ခဲ့ပေမယ့်လည်း ရခိုင်လူထု ၄၀၀၀ ကျော်လောက် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ပွဲ လုပ်ခဲ့တယ်။ ဆန္ဒဖော်ထုတ်နေသူတွေက လွတ်လပ်ရေး ကြွေးကြော်သံတွေနဲ့ အတူ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ပြီး လက်နက်တွေ လုယက်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်တယ်။ ရဲတွေက ထုံးစံအတိုင်း လူအုပ်ထဲကို မဆင်မခြင် သေနတ်နဲ့ ပစ်ခတ်တာကြောင့် ဆန္ဒဖော်ထုတ်နေသူ (၇) ဦး သေဆုံးခဲ့ရပြီး (၁၂) ဦး ဒဏ်ရာရခဲ့တယ်။

အဲဒီဖြစ်စဉ်က မြန်မာအစိုးရအတွက် မဟာမိတ်ကောင်း ရန်သူလှည့်ပြောင်း ဖြစ်တဲ့ ဒေါက်တာအေးမောင်ကို ဖမ်းဆီးဖို့နဲ့ သူတို့ရဲ့ နိုင်ငံရေးလမ်းကြောင်းကနေ ဖယ်ထုတ်ဖို့ အချိန်ကိုက် အကြောင်းခံတစ်ခု ဖန်တီးပေးခဲ့သလို ဖြစ်ခဲ့တယ်။ တကယ်လို့ ဒေါက်တာအေးမောင်က ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် (မြန်မာနိုင်ငံရဲ့ တရားရေးစနစ်က စစ်တပ်ကိုသာ ဦးစားပေးပြီး အခြားဟူသမျှကို အလေးမထားတာကြောင့် များသောအားဖြင့် ပြစ်မှုထင်ရှားနိုင်ဖွယ် ရှိပါတယ်) ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရမှာ ဖြစ်ပြီး သေဒဏ်တောင် ခံရနိုင်ဖွယ် ရှိပါတယ်။ (မှတ်ချက် ။ ။ ပြစ်မှုနဲ့ ပြစ်ဒဏ်က အယူခံဝင်ခြင်းနဲ့ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လျော့လာနိုင်ပါတယ်)

ကျွန်တော့်ရဲ့ မေးခွန်းတွေကတော့ “ရန်လိုမှုတွေ တိုးပွားလာနေတဲ့ ရခိုင်ပြည်နယ် နိုင်ငံရေး အခြေအနေ ကစားကွက်ထဲ လူမျိုးတုန်းသတ်ဖြတ်ခံနေရတဲ့ ရိုဟင်ဂျာတွေ ဘယ်မှာ ရပ်တည်နေကြသလဲ၊ သူတို့ရဲ့ နိုင်ငံရေး အကျပ်အတည်းမှာ တစ်စုံတစ်ရာ ရယူနိုင်စွမ်း (သို့မဟုတ်) ဆုံးရှုံးဖို့ ရှိနေသလား၊ သူတို့အတွက် နိုင်ငံရေး၊ လူမှုရေးအရ အသက်ရှုမှန်လာနိုင်မယ့် နေရာတစ်ခု ရနိုင်မလား” ဆိုတာတွေပါ။

ဒေါက်တာအေးမောင်က ရခိုင်ပြည်ရဲ့ လက်တလော အထိမခံတဲ့ ယိုယွင်းနေတဲ့ နိုင်ငံရေးနယ်ပယ်မှာ (အကယ်၍ ကောင်းမွန်စွာ အသုံးချနိုင်ခဲ့ရင်) သီးခြားနိုင်ငံတစ်ခု ထူထောင်လို့ ရလောက်တဲ့အထိ ကြီးမားတဲ့ နိုင်ငံရေး အခွင့်အရေးတစ်ခုကို သိသိသာသာ ထင်ထင်ရှားရှား မြင်ခဲ့တယ်။ ဒါ့ကြောင့် သူက သူ့ရဲ့အလုပ်၊ သူ့ဘ၀မှာ ဘေးအန္တရာယ်ကြုံရမယ် (သို့မဟုတ်) ကာလကြာမြင့်စွာ အကျဉ်းသားဘ၀ကို ရင်ဆိုင်ရမယ် ဆိုတာသိသိနဲ့ ရခိုင်ပြည်သူတွေကို ဗမာအစိုးရကို လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့ ပြောရဲခဲ့တာပါ။

ရိုဟင်ဂျာလူထုကို ဦးဆောင်နေတဲ့ ရိုဟင်ဂျာတွေထဲက တစ်ဦးတစ်ယောက်က ရိုဟင်ဂျာတွေ နေ့စဉ်နဲ့ အမျှ ခံနေရတဲ့ အကြမ်းဖက်မှု၊ ဗမာနဲ့ ရခိုင်တွေ (အထူးသဖြင့် ဒေါက်တာအေးမောင် ဦးဆောင်တဲ့ အုပ်စု) ကြားမှာ ကြီးမားလာနေတဲ့ နိုင်ငံရေးဟာကွက်ထဲက ရိုဟင်ဂျာတွေ ရုန်းထွက်နိုင်ဖို့ အတွက် အနည်းဆုံး ရိုဟင်ဂျာတွေရဲ့ အခြေခံ လူ့အခွင့်အရေးနဲ့ ဘ၀လုံခြုံမှုကို ရရှိနိုင်တဲ့ အခွင့်အလမ်းတစ်ခုခု မြင်ရဲ့လား? ဒါမှမဟုတ် ဗမာစစ်တပ်နဲ့ အခြားသူတွေက အခြေအနေတွေ အပေါ် အမြဲတမ်း အမြတ်ထုတ်လေ့ရှိသလို အမြတ်ထုတ်နေတာကို လက်ပိုက်ကြည့်နေလား? ရိုဟင်ဂျာခေါင်းဆောင် တစ်ဦးတစ်ယောက်က ဒေါက်တာအေးမောင်လို စွန့်စားနိုင်မှာလား?

မကြာခင်အချိန်တစ်ခုမှာ ရခိုင်ပြည်က ရခိုင်ခွဲထွက်ရေးဝါဒီ ခေါင်းဆောင်တွေကို ချိန်ညှိဖို့၊ တိုက်ဖျက်ဖို့ အတွက် ဗမာစစ်တပ်က ရိုဟင်ဂျာတွေကို လိုအပ်လာနိုင်ဖွယ် ရှိပါတယ်။ အဲဒါကြောင့် ရိုဟင်ဂျာတွေကို ပြန်လည် လက်ခံရေးနဲ့ အခြားသော နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ စသဖြင့် အကြောင်းအရာ အမျိုးမျိုးနဲ့ ရိုဟင်ဂျာပြည်သူတွေကို ချွေးသိပ်ဖို့ သွေးဆောင်ဖြားယောင်ဖို့ ပြည်တွင်းနဲ့ ပြည်ပမှာ ရှိတဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေကို ဗမာအစိုးရက မဟာဗျူဟာအသစ်တွေနဲ့ ချဉ်းကပ်နိုင်တယ်။ ရခိုင်ပြည်နဲ့ ပတ်သက်ပြီး ဗမာစစ်တပ်ရဲ့ မဟာဗျူဟာအသစ်မှာ ARSA နဲ့ အပြန်အလှန် တွေ့ဆုံဆွေးနွေးဖို့တောင် ပါဝင်လာနိုင်တယ်။ အတိအကျတော့ ဘယ်သူသိနိုင်မှာလဲ။

ဒါပေမယ့် စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေက အမြဲတမ်း ယုတ်မာ ကောက်ကျစ်ပြီး၊ ရခိုင်ပြည်မှာရှိတဲ့ လူမျိုးစုတွေကို တစ်စုနဲ့တစ်စု စိတ်ဝမ်းကွဲစေပြီး အပြန်အလှန် တိုက်ခိုက်ဖို့ အဓိကထား လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ဗမာစစ်တပ်ရဲ့ နိုင်ငံရေး သားကောင် အဖြစ်ခံမလား၊ နိုင်ငံရေး အသုံးချခံအဖြစ် အသုံးချခံမလား (သို့မဟုတ်) နိုင်ငံရေးကစားကွက်ထဲက မိမိတို့ရဲ့ လူထုအတွက် အမြတ်တစ်စုံတစ်ရာ ရရှိနိုင်ဖို့ စဉ်းစားကြမှာလား။

ပြည်တွင်းပြည်ပက ရိုဟင်ဂျာအရေးကို ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်များနဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားသူများ ခင်ဗျား။

မိမိရဲ့ ကိုယ်ကျိုးကိုသာမြင်တဲ့ ကျဉ်းမြောင်းတဲ့ နိုင်ငံရေးအမြင်နဲ့ မိမိကိုယ်ကို ဗမာစစ်တပ်ရဲ့ ညစ်ပတ်တဲ့နိုင်ငံရေး လက်အောက်ခံ အဖြစ်မခံပါနဲ့။ သင်တို့အတွက် သင်တို့ရဲ့ အနာဂတ်ကို အခြားသူများကို ဆုံးဖြတ်ခွင့် မပေးပါနဲ့။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးကစားကွက်ထဲက တစ်စုံတစ်ခု ရယူနိုင်ဖို့ စေ့စပ်သေချာတဲ့ မဟာဗျူဟာများ တည်ဆောက်ကြပါ။ လက်ရှိနိုင်ငံရေး အခြေအနေက သင်တို့အတွက် သမိုင်းကပေးတဲ့ နောက်ထပ် အခွင့်ကောင်းတစ်ခုလို့ မှတ်သားကြပါ။ ဒါကို အချည်းအနှီး မဖြစ်ပါစေနဲ့။

စဉ်းစားတွေးတောကြပါ။ လိမ္မာပါးနပ်ကြပါ။ သတိရှိကြပါ။ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါ။ ဖြစ်လာမှ တုန့်ပြန်ခြင်းထက် အခြေအနေတစ်ခု ဖြစ်လာဖို့ ဖန်တီးကြပါ။

***

ဖြည့်စွက်ချက် ။ ။ တကယ်တမ်းပြောရရင် ဟစ်တလာက ကမ္ဘာ့အထူးချွန်ဆုံး ခေါင်းဆောင်ထဲက တစ်ယောက်ပါ။ ဒါပေမယ့် အကောင်းဆုံးထဲက တစ်ယောက်လားလို့ မေးရင် မဟုတ်တာ လူတိုင်းသိတယ်။

အလားတူ ဒေါက်တာအေးမောင်ကလည်း ထက်မြက်တယ်၊ ရဲဝံ့တယ်၊ စွန့်လွှတ် အနစ်နာခံလိုစိတ်ရှိတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ အယူဝါဒ စိတ်နေစိတ်ထားသာ ရှိခဲ့မယ်ဆိုရင် ရခိုင်ပြည်မှာ ရှိတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ရဲ့ ကိုယ်စားပြု ခေါင်းဆောင်တစ်ယောက် ဖြစ်လာမှာ မလွဲဧကန်ပါ။

ကမ္ဘာကျော် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့ မဆိုထားနဲ့ နိုင်ငံ့ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ချင်ရင် ကိုယ့်အနွယ်တူ သွေးတူများအတွက် သာမက ကိုယ်နဲ့မတူ ကွဲပြားခြားနားတဲ့ သူများအတွက်လည်း ကောင်းမွန်ရမယ်၊ စေတနာ ထားနိုင်ရမယ်၊ အကျိုးပြုနိုင်ရမယ်။ အဲလိုမဟုတ်ဘဲ ဟစ်တလာ လို ကိုယ့်လူမျိုးတစ်မျိုးအတွက်သာ ကောင်းမွန်မယ်၊ အခြားလူမျိုးတွေကို ရက်စက်မယ်၊ နှိပ်စက်မယ်ဆိုရင် ဟစ်တလာ လိုပဲ ကမ္ဘာ့လူသားတစ်ရပ်လုံးရဲ့ တရားခံ ဖက်ဆစ်ဝါဒီ တစ်ဦး အဖြစ်သာ သမိုင်းဝင်သွားမှာ ဖြစ်ပါတယ်။

အချိန်မနှောင်းသေးပါ။ Better late than never.

စအီးဒ် အာရ်ကာနီ ဘာသာပြန်သည်။

RB News
29.1.2018

ဘူးသီးတောင် ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသော ရိုဟင်ဂျာများအား နေရပ်ပြန်ပို့ရေးကိစ္စကို နိုင်ငံတကာက အာရုံစိုက်နေချိန်တွင် မြန်မာပြည်တွင်းရှိ ရိုဟင်ဂျာများမှာ မြန်မာအာဏာပိုင်များ၏ အတင်းအဓမ္မ မောင်းထုတ်ခြင်းကို ခံနေရသည်ဟု ခိုင်မာသည့် သတင်းရင်းမြစ်များက ပြောဆိုနေကြသည်။ 

ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းရှိ ဦးလှဖေကျေးရွာတွင် ဇန်န၀ါရီလ (၁၆) ရက်နေ့မှစ၍ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ တိတ်ဆိတ်စွာ ရှင်းလင်းရေး လုပ်ဆောင်နေမှုကြောင့် ရွာသား အများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေကြရသည်။

“အခုဆောင်းရာသီမှာ အရမ်းအေးတယ်။ ဒီလိုအခြေအနေမှာ ညတွေကို အိမ်အပြင်မှာ ဖြတ်သန်းရတာ မလွယ်ဘူး။ စစ်သားတွေနဲ့ လုံထိန်းတွေက အိမ်တွေထဲဝင်ပြီး အတင်းအဓမ္မ လုယက်တယ်။ အမျိုးသမီးတွေကို ဒုက္ခပေးတယ်။

“သူတို့က ကလေးငယ်တွေ အပါအ၀င် အမျိုးသားတွေ အားလုံးကို အသက်အရွယ်မခွဲခြားဘဲ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်နေတယ် ဆိုပြီး ပစ်မှတ်ထားတယ်။ အပြစ်မဲ့ ရွာသား အချို့ကိုလည်း ဖမ်းထားတယ်။ သူတို့ကို အချုပ်ခန်းထဲမှာ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်နေတယ်” ဟု ရွာပြင်တွင် တိမ်းရှောင်နေသည့် ရွာသားတစ်ဦးက RB News သို့ပြောသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ (၁၀) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း အတွင်းငှက်သေကျေးရွာမှ အစိုးရ သတင်းပေးသူ ဦးမိုဟာမတ်ဟာဆန် (ဘ) ဦးမိုဟာမတ်အက်ဘာရ် ကို အမည်မသိသူများက သတ်ဖြတ်ခဲ့ပြီးနောက် သြဂုတ်လ (၁၇) ရက်နေ့တွင် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က ရွာကို ၀င်ရောက် စီးနင်း၍ ရွာသား ၄၉ ဦးကို လက်လွတ်စပယ် ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူ အများစုမှာ လယ်သမားများ ဖြစ်ကြပြီး လယ်များတွင် စိုက်ပျိုးနေစဉ် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း အမှတ် (၂၁) တွင် ၎င်းတို့ကို ထိန်းသိမ်းထားခဲ့ပြီး ညှဉ်းပန်းနှိပ်စက်ပြီးနောက် သြဂုတ်လ (၁၈) ရက်နေ့တွင် ၂၅ ဦးထံမှ ငွေအဆမတန် ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန်သည့် အပြစ်မဲ့ ၂၄ ဦးကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ (၁၇) (က) (ခ) တို့ဖြင့် ဆက်လက်၍ ချုပ်နှောင်ထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ယခုနှစ် ဇန်န၀ါရီလ (၁၈) ရက်နေ့ထိ အခြေအနေ တည်ငြိမ်နေခဲ့သော်လည်း အသတ်ခံရသူ၏ ယောက္ခထီး ဖြစ်သူ မော်လ၀ီ အလီဟူစိန်း (ဘ) ဦးလာလ်မျာ ၏ အလောင်းကို ဦးလှဖေကျေးရွာတွင် ဓါးဒဏ်ရာများဖြင့် တွေ့ရှိပြီးနောက် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က ၎င်းအား ဦးလှဖေရွာသားများ သတ်သည်ဟု စွပ်စွဲကို ရွာကို စီးနင်းဝင်ရောက်ခြင်း စတင်ခဲ့သည်။

ဇန်န၀ါရီလ (၂၀) ရက်နေ့ နေ့လည်ပိုင်းတွင် မော်လ၀ီအလီဟူစိန်း၏ အလောင်းကို ဦးလှဖေကျေးရွာနှင့် ဝေးကွာသော တောင်အနီးတွင် စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက တစ်စုံတစ်ရာ သက်သေခိုင်ခိုင်မာမာ မရှိဘဲ ဦးလှဖေကျေးရွာသားများကို ပစ်မှတ်ထားပြီး ရွာထဲသို့ ၀င်ရောက်စီးနင်း၍ တွေ့သမျှကို ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းနှင့် နေအိမ်များ အတွင်းမှ လုယက်ခြင်း တို့ကြောင့် ရွာအတွင်း အထိတ်တလန့်ဖြစ်ကာ ရွာသူရွာသားများ ကြောက်ရွံလာခဲ့ကြသည်။

ယနေ့ ဇန်န၀ါရီလ (၂၉) ရက်နေ့ သတင်းများအရ ဇန်န၀ါရီလ (၂၇) ရက်နေ့မှစ၍ အာဏာပိုင်များက ဆွဲ၊ တင်၊ စစ် စစ်ဆေးလျက်ရှိပြီး၊ ညပိုင်းတွင် ၀င်ရောက်စီးနင်းခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။ အပြစ်မဲ့ (၅) ဦးကို ဖမ်းဆီးထိန်းသိမ်းထားသည်။

ဖမ်းဆီးခံထားရသူများမှာ --

(၁) ဦးမောင်ဖြူ (ရွာညိုတောင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်) ဇန်န၀ါရီလ (၂၁) ရက်နေ့တွင် ဖမ်းဆီးခံရသည်။

(၂) ဦးမိုဟာမတ်အာမီးန် (ဘ) ဦးအဗ်ဒူဂျဘာရ် (ဦးလှဖေကျေးရွာမှ) ဇန်န၀ါရီလ (၂၃) ရက်နေ့တွင် ဖမ်းဆီးခံရသည်။

(၃) ဟာဖီးဇ် ရာဟ်မတ်အုလ္လာ (ဘ) ဦးကာဒိရ်ဟူစိန်း (အသက် ၂၂ နှစ်) (ဦးလှဖေကျေးရွာမှ) ဇန်န၀ါရီလ (၂၉) ရက်နေ့တွင် ဖမ်းဆီးခံရပြီး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (၂၁) တွင် ထိန်းသိမ်းထားသည်)

(၄) မော်လ၀ီယာစီးန်အာနီးစ် (ဘ) ဟာဖီးဇ် ဦးမိုဟာမတ်အာလာမ် (အသက် ၂၄ နှစ်) (ဦးလှဖေကျေးရွာမှ) ဇန်န၀ါရီလ (၂၉) ရက်နေ့တွင် ဖမ်းဆီးခံရပြီး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (၂၁) တွင် ထိန်းသိမ်းထားသည်)

(၅) မော်လ၀ီ အဗ်ဒူလ္လာဟ် (ဘ) မော်လ၀ီ ဦးနအီးမ် (အသက် ၂၅ နှစ်) (ဦးလှဖေကျေးရွာမှ) ဇန်န၀ါရီလ (၂၉) ရက်နေ့တွင် ဖမ်းဆီးခံရပြီး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (၂၁) တွင် ထိန်းသိမ်းထားသည်)

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လူမဆန်စွာ ပြုမှုနေခြင်းတို့ကြောင့် အနည်းဆုံး မိသားစု ၁၀၀ ခန့် တဖက်နိုင်ငံတွင် ခိုလှုံရန် ထွက်ခွာသွားသည်ဟု ဒေသခံများက ဆိုသည်။

“အခုလို အခြေအနေမျိုး ဆက်ဖြစ်နေမယ် ဆိုရင် ရွာက အနည်းဆုံး သုံးပုံနှစ်ပုံလောက် ကုန်သွားလိမ့်မယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ကျွန်တော်တို့ ညီအစ်ကိုတွေကို အချိန်မတန်သေးခင် ပြန်လာဖို့ လိုက်မပြောခင်မှာ မြန်မာအစိုးရကို ဖိအားပေးပြီး ကျွန်တော်တို့ ဒီမှာရှိနေတဲ့ လူတွေအတွက် တည်ငြိမ်အေးချမ်းတဲ့ နေရာတစ်ခု ဖန်တီးပေးဖို့ တောင်းဆိုတယ်” ဟု ရွာပြင်တွင် ပုန်းနေသည့် ရွာသားက ဆက်လက်ပြောပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ ၀င်ရောက်စီးနင်း၍ မတရားသဖြင့် ဖမ်းဆီးခြင်း ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကြောင့် ယခုသတင်းရေးသားသည့် အချိန်တွင် ရွာသူရွာသားများသည် လယ်ကွင်းများ၊ တောတောင်များနှင့် မြစ်ကမ်းနားဘေးတွင် ခိုလှုံ၍ ညများ ဖြတ်သန်းနေရသည်။




RB News
29.1.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကျောက်ဖြူတောင်ကျေးရွာမှ ဒေသခံရိုဟင်ဂျာများ၏ နေအိမ် (၅)လုံးနှင့် နွားတင်းကုပ် (၂) ခု မီးရှို့ခံလိုက်ရကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် ကျောက်ဖြူတောင်ကျေးရွာတွင် နယ်ခြားစောင့်ရဲများ၊ လ.၀.က များနှင့် မ.က.ဖ များ ရောက်ရှိနေပြီး၊ ဒေသခံများကို ဆွဲ၊ တင်၊ စစ် စစ်ဆေးလျက်ရှိသည်။ 

ဒေသခံရွာသားများသည် ဆွဲ၊ တင်၊ စစ် စစ်ဆေးခံရန် အတွက် စုဝေးရာနေရာတွင် စုဝေးနေသည့်အချိန် နေ့လည် ၃ နာရီကျော်တွင် နေအိမ် (၅) လုံးနှင့် နွားတင်းကုပ် (၂) ခု မီးရှို့ခံရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ဆွဲ၊ တင်၊ စစ် စစ်ဆေးနေစဉ် နယ်ခြားစောင့်ရဲ အချို့သည် ရွာအတွင်း လှည့်လည်နေခဲ့ပြီး၊ ငှက်များ ပစ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။ 

မည်သူမီးရှို့သည်ကို မမြင်ခဲ့သော်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းမှ စ၍ ရွာပေါင်း ၃၅၀ ကျော် မီးရှို့ခဲ့သူများမှာ တပ်မတော်သားများနှင့် နယ်ခြားစောင့်ရဲများ ဖြစ်သောကြောင့် နယ်ခြားစောင့်ရဲများက မီးရှို့ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောပါသည်။ 

မီးလောင်နေစဉ် မီးလောင်နေသည့် နေအိမ်များ အနီးတွင် နယ်ခြားစောင့်ရဲများ ရှိနေသောကြောင့် ရွာသားများ မသွားဝံ့ ဖြစ်နေသဖြင့် မီးငြိမ်းရန် လာကြပါဟု ခေါ်ယူခဲ့ရသည်။

မီးသတ်ကား ရောက်ရှိလာသည့် အချိန်တွင် မီးငြိမ်းသွားစပြုနေပြီ ဖြစ်ကြောင်း၊ တပ်မတော်အရာရှိများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အရာရှိများ လာရောက်၍ ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။



MYARF
RB News
28.1.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၏ လူမျိုးရေး ခွဲခြားဆက်ဆံမှုကြောင့် ကျောင်းသားကျောင်းသူ အချို့ ကျောင်းတက် ပညာသင်ယူချင်စိတ် မရှိတော့ဟု ဘူးသီးတောင်မြို့နယ်မှ ဒေသခံများက ပြောပါသည်။

ဘူးသီးတောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးစံအောင်ကျော်သည် ရသေ့တောင်မြို့နယ် ဇာတိသား ဖြစ်ပြီး၊ ၂၀၁၆ ခုနှစ်တွင် ဘူးသီးတောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းသို့ ကျောင်းအုပ်ကြီး ရာထူးဖြင့် ပြောင်းရွှေ့လာခဲ့သည်။ 

၎င်း တာဝန်ယူပြီးနောက် လူမျိုးရေးခွဲခြားဆက်ခံခြင်းများ နေ့စဉ်နှင့်အမျှ တိုးလာပြီး၊ ၎င်းကိုယ်တိုင် ကျောင်းသားကျောင်းသူများကို ကုလားကျောင်းသား၊ ဘင်္ဂလီကျောင်းသား၊ တိုင်းရင်းသားကျောင်းသား စသည့် အသုံးအနှုန်းများ သုံး၍ ခွဲခြားဆက်ဆံနေသည်။

၎င်း ပြောင်းရွှေ့မလာမီက ယခုကဲ့သို့ ပြောင်းပြောင်းတင်း ခွဲခြားဆက်ဆံခြင်း မရှိခဲ့ဟု ဒေသခံများက RB News သို့ပြောပါသည်။ ၎င်းပြောင်းလာပြီးမှ ပိုဆိုးလာသည်ဟု ဆိုသည်။

ပညာရေးစုံညီပွဲတော် ကျင်းပခဲ့ရာ ယင်းအခမ်းအနားတွင် ဖိတ်ကြားခြင်းခံရသည့် ရိုဟင်ဂျာ မြို့မိမြို့ဖများ၊ ကျောင်းသားမိဘများ ရှေ့မှောက်တွင်ပင် “ဘင်္ဂလီကုလားဆိုး အကြမ်းဖက်သမားမျာကြောင့်” ကျောင်းများ ကာလ အတော်ကြာ ပိတ်ထားခဲ့ရသည်ဟု သုံးနှုန်း ပြောဆိုခြင်းကြောင်း လူမျိုးစုံ ဘာသာစုံ တက်ရောက် ပညာသင်ကြားနေသည့် ကျောင်းတစ်ကျောင်းအတွင်း ကျောင်းသားကျောင်းသူများ စိတ်ဝမ်းကွဲခြင်း၊ အမုန်းပွားခြင်း စသည်တို့ ပိုမို ဖြစ်ပေါ်လာမည်ကို ကျောင်းသားမိဘများ အထူးစိုးရိမ်လျက် ရှိနေကြသည်။

ယခုကဲ့သို့ လူမျိုးဘာသာ ခွဲခြားခြင်းများကြောင့် ကျောင်းသားကျောင်းသူ အချို့ ကျောင်းတက် ပညာသင်ချင်စိတ်ပင် မရှိတော့ဟု ပြောဆိုနေကြောင်း ကျောင်းသားမိဘများက ပြောပါသည်။

ကျောင်းသားမိဘများက ကျောင်းအတွင်း ကျောင်းအုပ်ကြီးအား ဆရာကျင့်ဝတ်နှင့် အညီ ပြောဆိုရန်၊ ကျောင်းသားကျောင်းသူများ အတွက် စံပြပုဂ္ဂိုလ်တစ်ဦး အဖြစ်နေထိုင်ရန်၊ ကျောင်းသားကျောင်းသူများ အကြား ချစ်ကြည်ရင်းနှီး ပိုမိုတိုးပွားစေရန် အတွက် သက်ဆိုင်ရာ ပညာရေးမှူးက ညွန်ကြားပေးရန် တောင်းဆိုနေကြသည်။  




MYARF
RB News
27.1.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မောင်နီရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းမှ နယ်ခြားစောင့်ရဲများက ငါးဖမ်းနေသူတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဇန်န၀ါရီလ (၂၆) ရက်နေ့ ည ၉ နာရီခန့် အချိန်တွင် မောင်တောမြို့နယ် မောင်နီရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများ ခြံစည်းရိုးအနီး၌ ကင်းလှည့်နေစဉ် ငါးဖမ်းနေသည့် ငါးဖမ်းသမား တစ်ဦးကို ခြံစည်းရိုးအနီးတွင် တွေ့ရှိခဲ့သဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ကျည်ဆံသည် နောက်ကျေမှ ထိ၍ ၀မ်းဗိုက်မှ ပေါက်ထွက် သွားခဲ့ပြီး ယင်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ မောင်နီတောင်ရွာမှ ဗေဒင်ဆရာမ ဒေါ်ဇောရီနာ၏ သားဖြစ်သည်ဟု ဆိုသည်။ 

ပစ်သတ်ခံရပြီး သေဆုံးသွား၏ ရုပ်အလောင်းကို နယ်ခြားစောင့်ရဲများက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအဒူရာမာန်အား ဖုန်းဆက်ခေါ်၍ အပ်နှံခဲ့ရာ အုပ်ချုပ်ရေးမှူးက ရွာသားအချို့က ခေါ်၍ အလောင်းကို သယ်ယူလာခဲ့သည်။ 

ရုပ်အလောင်းကို ယနေ့ ဇန်န၀ါရီလ (၂၇) ရက်နေ့ နေ့လည်ပိုင်းတွင် မောင်နီရွာရှိ သင်္ချိုင်းတွင် မြေမြှပ် သဂြိုဟ်ခဲ့သည်။ 

ပစ်သတ်ခံရသူသည် ဆင်းရဲသား ငါးဖမ်းသမား တစ်ယောက် ဖြစ်သည်။ ညမထွက်ရ အမိန့်ထုတ်ပြန် ထားသည်ကို သိသော်လည်း နေ့ပိုင်းတွင် ငါးဖမ်ခွင့် မပေးသည့်အပြင် NVC မရှိဟု ဆိုကာ တစ်ရွာမှ တစ်ရွာသို့ သွားလာ၍ အလုပ်လုပ်ခွင့် မပေးသဖြင့် မိသားစုစားဝတ်နေရေးအတွက် ညမထွက်ရ အမိန့်ကို ဖီဆန်ကာ အသက်ရင်း၍ ငါးဖမ်းခဲ့ခြင်း ဖြစ်သည်။



MYARF
RB News
27.1.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် စိတ်ကြွဆေးပြားများနှင့် ပတ်သက်၍ ဖမ်းဆီးခံရသူများမှာ စိတ်ကြွဆေးပြားနှင့် ပတ်သက်သူများ မဟုတ်ဘဲ ဖမ်းဆီးရမိသည့် အိမ်တွင် ခိုလှုံနေသူများ ဖြစ်ကြောင်း သတင်းရရှိပါသည်။ 

ဇန်န၀ါရီလ (၂၆) ရက်နေ့ နေ့လည် ၁း၃၀ နာရီ အချိန်တွင် ရခိုင်လူမျိုး တစ်ဦးသည် မှန်လုံကားတစ်စီးဖြင့် WY စိတ်ကြွဆေးပြားများ တင်ဆောင်၍ မောင်နီရွာရှိ ဦးနုရ်ဘော်ရှော်ရ်၏ နေအိမ်သို့ သယ်ဆောင်လာစဉ် ရဲတပ်ဖွဲ့ဝင်များက နောက်ယောင်ခံလိုက်လာခဲ့သည်။ WY စိတ်ကြွဆေးပြားများ တင်ဆောင်လာသူသည် ၎င်း၏ စိတ်ကြွဆေးပြားများကို ဦးနုရ်ဘော်ရှော်ရ်၏ နေအိမ်သို့ ပို့ပြီးသည်နှင့် ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်လာသဖြင့် ကားကို ရပ်ထားသည့် နေရာတွင် ထား၍ ထွက်ပြေးသွားခဲ့သည်။ ပို့ဆောင်သည့် အိမ်မှ အိမ်ရှင် အမျိုးသမီး (ဦးနုရ်ဘော်ရှော်ရ်၏ ဇနီး) လည်း အိမ်နောက်ဖေးမှ ထွက်ပြေးသွားခဲ့သည်။ 

ရဲတပ်ဖွဲ့ဝင်များက WY စိတ်ကြွဆေးပြား ၁၂ သိန်းခွဲကျော် သိမ်းဆည်းရမိသဖြင့် ယင်းအိမ်၌ မြို့သူကြီးရွာတွင် အိမ်မီးရှို့ခံရ၍ လာရောက် ခိုလှုံနေသည့် ထွက်ပြေးသွားသော အိမ်ရှင်အမျိုးသမီး၏ ညီမတော်စပ်သူနှင့် လှဘော်ဇားကျေးရွာမှ ကိုးတန်းကျောင်းသား တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး၊ စိတ်ကြွဆေးပြား သယ်ဆောင်လာသူ၏ ကားကိုလည်း ရဲများကို သိမ်းယူသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဖမ်းဆီးခံရသူ နှစ်ဦးစလုံးမှာ သိမ်းဆည်းရမိသည့် စိတ်ကြွဆေးပြားများနှင့် မည်သို့မျှ ပတ်သက် ဆက်နွယ်နေခြင်း မဟုတ်ကြောင်း၊ ၎င်းတို့သည် အိုးမဲ့အိမ်မဲ့ ဖြစ်နေသောကြောင့် ယင်းအိမ်တွင် ခိုလှုံနေသူများ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ 

၎င်းတို့ကို ဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့ဝင်များက မောင်နီ အနောက်ရွာမှ ဦးဖောဇောလောက်၏ နေအိမ်ကိုလည်း ၀င်ရောက်ရှာဖွေခဲ့သည်။ သို့သော်လည်း ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းတစ်စုံတစ်ရာ မရရှိသဖြင့် အဖမ်းအဆီး မရှိခဲ့ပေ။

ယနေ့ ဇန်န၀ါရီလ (၂၈) ရက်နေ့တွင်လည်း မောင်နီ အလယ်ရွာမှ ဦးဆော်လိမ်၏ နေအိမ်ကို ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက် ရှာဖွေခဲ့သည်။ ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းတစ်စုံတစ်ရာ မရရှိခဲ့ဟု ဒေသခံများက ပြောပါသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များသည် မောင်နီ မြောက်ရွာမှ ဦးအစ္စမိုင်လ်၏ သားကို လမ်းပေါ်မှ ဖမ်းဆီး၍ ယခင်က အမှုရှိသည်ဟု ပြောဆို၍ ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောပါသည်။ 

ဇန်န၀ါရီလ (၂၅) ရက်နေ့ ညပိုင်းကလည်း လောင်းလှေတစ်စီးဖြင့် WY စိတ်ကြွဆေးပြားများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်နေသူ (၄) ဦးကို POE စခန်းမှ နယ်ခြားစောင့်ရဲများက ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
ယခုမောင်နီရွာမှ စိတ်ကြွဆေးပြားများနှင့် ပတ်သက်၍ အမှန်တကယ် ရောင်းဝယ် ဖောက်ကားနေသူများကို မဖမ်းဆီးဘဲ အိုးမဲ့အိမ်မဲ့ ဖြစ်နေ၍ လာရောက်ခိုလှုံနေသူများကို ဖမ်းဆီးထားသဖြင့် အပြစ်မဲ့များကို ပြန်လွှတ်၍ အမှုသက်ဆိုင်သူများကို ဖမ်းဆီးရန် ဒေသခံများက လိုလားနေကြသည်။



RB News
24.1.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပုဇွန်ချောင်း ကျေးရွာသို့ တပ်ရင်း ၃၄၅ မှ ဗိုလ်ကြီးနှစ်ဦးနှင့် စစ်သားများ ရောက်ရှိလာပြီး၊ ငွေညှစ်ခြင်း၊ သစ်များတောင်းယူခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

တပ်ရင်း ၃၄၅ မှ ဗိုလ်ကြီးနှစ်ဦးနှင့် စစ်သား (၁၂) ဦးခန့် တို့သည် ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပုဇွန်ချောင်း ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ဆင့်ခေါ်ကာ ၎င်းတို့၏ ဘောလုံးကွင်းတွင် အဆောင်ဆောက်ရန် သစ်များလိုအပ်နေကြောင်း၊ ရွာမှ သစ်များပေးရန် တောင်းခံခဲ့သည်။ ရွာသူရွာသားများ အားလုံးမှာ အလုပ်လက်မဲ့ ဖြစ်နေပြီး သစ်ဝယ်ပေးရန် မရှိသော်လည်း သစ်များရှာဖွေ၍ ခွဲပေးခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အဆိုပါ ဗိုလ်ကြီးများနှင့် စစ်သားများသည် လက်ဝဲဒက်ပုဇွန်ချောင်းကျေးရွာမှ တဆင့် မောင်ကြီးတောင်ရွာသို့ သွားရောက်၍ ကျေးရွာအတွင်း ငွေကျပ် ၃ သောင်းဖိုးခန့် တန်ဖိုးရှိသည့် ကြက်များ ယူခဲ့ပြီး၊ ကျေးရွာမှ အပြန်တွင် ယင်းကျေးရွာ၏ အုပ်ချုပ်ရေးမှူးနှင့် ဒါးပိုင်ဆရာရွာမှ အုပ်ချုပ်ရေးမှူးတို့ကို လက်ဝဲဒက်ပုဇွန်ချောင်းသို့ ခေါ်ယူလာခဲ့သည်။ ထို့နောက် မောင်ကြီးတောင်ရွာ အုပ်ချုပ်ရေးမှူး ထံမှ ငွေကျပ် တစ်သိန်းသုံးသောင်းနှင့် ဒါးပိုင်ဆရာရွာ အုပ်ချုပ်ရေးမှူး ထံမှ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း သိရှိရသည်။

လက်ဝဲဒက်ပုဇွန်ချောင်းရွာတွင် မှာထားခဲ့သည့် သစ်ချောင်း ၁၃ ချောင်းကိုယူပြီးနောက် ယင်းရွာမှ ကြက်နှစ်ကောင်ကို သတ်ဖြတ်ကာ အရက်များနှင့် စားသောက်ခဲ့သည်။ ရွာအတွင်းတွင် ရွာသားများကို အကြောင်းမဲ့ ရိုက်နှက် ကန်ကျောက်ခဲ့ကြောင်း၊ ထို့အပြင် ရွာသားတစ်ဦး၏ ခြံမှ ငွေကျပ်နှစ်သောင်းတန် ကြက်ဖတစ်ကောင်ကိုလည်း လေးခွဖြင့် ပစ်ခတ်၍ ဖမ်းယူသွားကြောင်း၊ ဂျူနိုက် (ဘ) ဦးအဲကရာမ် (အသက် ၂၁) နှစ်၏ ဆိတ်တစ်ကောင်ကိုလည်း ဖမ်းယူသွားကြောင်း၊ ဆိတ်ပိုင်ရှင် ဂျူနိုက် က ၎င်း၏ ဆိတ်ကို ပြန်တောင်းသောအခါ သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်၍ ပါးပြင်ကို လက်သီးဖြင့် ထိုးခဲ့ကြောင်း၊ ဆိုင်တစ်ဆိုင်မှာ အအေးဗူးများ ယူသောက်ပြီးနောက် ဆိုင်ရှင် ဖြစ်သူက ငွေတောင်းသောအခါ ဆိုင်ရှင်ကို “အသေရှင်ချင်လား၊ သေချင်လား” ဟု မေး၍ ခြိမ်းခြောက်ပြီး ငွေမပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။




RB News
24.1.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပြင်ရှည် ကျေးရွာအုပ်စုမှ ရိုဟင်ဂျာ နေအိမ် (၃) လုံးကို ရခိုင်အစွန်းရောက် များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

ယနေ့ ဇန်န၀ါရီလ (၂၄) ရက်နေ့ နံနက် ၃ နာရီခန့် အချိန်တွင် ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပြင်ရှည် ကျေးရွာအုပ်စု ထင်ရှားပြင်ကျေးရွာမှ လူမနေတော့သည့် ရိုဟင်ဂျာ နေအိမ် (၃) လုံးကို ရခိုင်အစွန်းရောက်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

“ပထမ နှစ်လုံးရှို့တယ်။ ဗလီရဲ့ တောင်ဘက်ပိုင်းမှာ ကပ်လျက်ရှိနေတဲ့ နေအိမ်တွေပါ။ နောက်တစ်ခါ အဲဒီ အိမ်တွေနဲ့ လေးလုံးလောက် ခြားနေတဲ့ အိမ်တစ်လုံးကို ထပ်ရှို့တယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ထင်ရှားပြင်ရွာတွင် ရိုဟင်ဂျာ နေအိမ် ၃၀၀ ကျော်ရှိပြီး၊ ၁၀၀ ကျော်မှ မိသားစုများသည် စားဝတ်နေရေး ခက်ခဲမှုနှင့် စစ်တပ်၏ အကြမ်းဖက်မှုရန်တို့ကို ကြောက်ရွံ၍ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွားရောက် ခိုလှုံနေကြောင်း သိရှိရသည်။

ယနေ့ မီးရှို့ခံရခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး လွန်ခဲ့သည့် တစ်လခွဲခန့်ကလည်း နှစ်အိမ် မီးရှို့ခံခဲ့ရသည်။ ထိုသို့ မီးရှို့ခံခဲ့ရပြီးနောက် ရွာအတွင်း ကင်းစောင့်များ ထားရန် စီစဉ်ခဲ့သော်လည်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက် လက်မှတ်မရသဖြင့် ရပ်ရွာလူကြီးများက နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၃) မှ ခွင့်ပြုချက်ယူ၍ ကင်းစောင့်ခဲ့သည်။ ယခုအခါ အခြေအနေ တည်ငြိမ်အေးချမ်းလာပြီဟု ယူဆ၍ ကင်းစောင့်များ မထားတော့သဖြင့် ယခုကဲ့သို့ မီးရှို့ခံရခြင်း ဖြစ်သည်။

ထင်ရှားပြင်ရွာ၏ အနောက်ဘက်တွင် အင်းပေါက်နှင့် သပြေတော ရခိုင်ရွာ နှစ်ရွာရှိပြီး လမ်းလျှောက် သွားလျှင် ငါးမိနစ်ခန့် ကြာသည့် အကွာအဝေးတွင် ရှိသည်။

ယနေ့ မီးရှို့ခံရသည့် နေအိမ်များ၏ ပိုင်ရှင်များမှာ --

(၁) ဦးအာစ်မာတ်တူလ္လာ (ဘ) ဦးဘာဆူမျာ
(၂) ဒေါ်ဆဖူရာ
(၃) ဦးမိုဟာမတ်အာလောမ် -- တို့ဖြစ်ကြသည်။

ဒေသခံများက မီးလောင်နေသည့် နေအိမ်များ အနီးရှိ ချောင်းမှ ရေစုပ်စက်ဖြင့် ရေစုပ်၍ ပိုက်များဖြင့် အချိန်မှီ ငြိမ်းသတ်ခဲ့သောကြောင့် မီးငြိမ်းသတ်သွားခြင်း ဖြစ်ပြီး၊ ရေစုပ်စက်ဖြင့် ရေစုပ်၍ မငြိမ်းသတ်ပါက အခြားအိမ်များ ကူးနိုင်သည့် အခြေအနေ ရှိခဲ့ကြောင်း သိရှိရပါသည်။

ဇန်န၀ါရီလ (၂၂) ရက်နေ့ ညပိုင်းတွင်လည်း မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုလက်ယျာတွင် ရိုဟင်ဂျာများ၏ နေအိမ် (၄) လုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်။





MYARF
RB News
22.1.2018

မောင်တော ။ ။ ရခိုင်​ပြည်​နယ်​၊ ​မောင်​​တောမြို့နယ်​တွင်​ အာဏာပိုင်​များထံမှ ကောလဟလ သတင်းများ ထွက်ပေါ်လာလျက် ရှိနေပြီး မြို့ပေါ်အနီးတ၀ိုက်တွင် လုံခြုံရေးအင်အားဖြင့် ၀န်းရံပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိပါသည်။

ယခုကဲ့သို့ ၀န်းရံပိတ်ဆို့ပြီး စစ်ဆေးမှုများ ပြုလုပ်နေခြင်းကို ဇန်န၀ါရီလ (၂၁) ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး၊ မောင်တောမြို့နယ် ဧတာလျာကျေးရွာနှင့် အမှတ် (၄) ရပ်ကွက် ဗိုလ်မှူးရွာ တို့တွင် ရှောင်တခင် စီးနင်း ၀င်ရောက် စစ်ဆေးခဲ့သည်။ သို့​သော်​ ဥပ​ဒေနှင့်​ မလွတ်ကင်းသည်များကို မ​တွေ့ရှိခဲ့သလို မင်္သကာစရာ လူပဂ္ဂိုလ်​များလည်း မ​တွေ့ရှိခဲ့​ပေ။

ယမန်နေ့ ည​နေ ၁၀ နာရီခွဲခန့်​အချိန်​တွင်​ လုံခြုံ​ရေးတပ်​ဖွဲ့ဝင်​များသည်​ အနည်းဆုံး ကား ၁၈ စီးဖြင့်​ ​ရွှေဇား​ကျေးရွာထဲတွင်​ လှည့်လည်ခဲ့ပြီး ​ရွှေဇား​ကျေးရွာ၏ အ​နောက်​ဖက်​ မြစ်​ကမ်းနားတွင်​ ၎င်းတို့က ပစ်ခတ်ခဲ့မှုများ ပြုလုပ်ခဲ့ပြီး၊ ပစ်ခတ်ခံများသည် ဗုံးပေါက်ကွဲသံ ကဲ့သို့ ကျယ်လောင်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ယ​နေ့ ဇန်​န၀ါရီလ (၂၂) ရက်​​နေ့တွင်​ ​မောင်​​တောမြို့နယ်​၊ ပန်း​တောပြင်​​ကျေးရွာကို အလားတူပုံစံမျိုးဖြင့်​ ​ရှောင်​တခင်​ စီးနင်းဝင်​​ရောက်​စစ်​​ဆေးခဲ့​သော်​လည်း အဖမ်းအဆီးများ မရှိခဲ့​ကြောင်း ​ဒေသခံတစ်​ဦးက ​ပြောပါသည်​။ စစ်​​ဆေးမှုများ ပြုလုပ်​​ရာတွင် ရုန်းရင်းဆန်ခတ်ပုံစံမျိုး မဟုတ်ဘဲ အိမ်ထောင်စု လူဦးရေစာရင်းနှင့် လူဦး​ရေး စစ်​​ဆေးသည်​ဟု ဒေသခံများက ဆိုသည်။ နေအိမ်များ၏ အနီးတ၀ိုက်တွင် ရှာဖွေခြင်းများလည်း ပြုလုပ်သည်ဟု သိရှိရသည်။

မောင်တော ဒေသဆိုင်ရာ အာဏာပိုင်များက ဘင်္ဂလားဒေ့ရှ်မှ လူနှစ်ဦး ၀င်ရောက်လာပြီး မောင်တောမြို့ပေါ် အနီးတ၀ိုက်တွင် ဗုံးဖောက်ခွဲမှုများ ပြုလုပ်နိုင်ဖွယ် ရှိသည်ဟု သတင်းရရှိထားသည်ဟု ကောလဟလများ လွှင့်နေသည်ဟု မောင်တောမြို့ခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။

၂၀၁၇ ခုနှစ်​ သြဂုတ်လ (၂၅) ရက်​​နေ့​နောက်​ပိုင်းတွင် မြန်​မာအာဏာပိုင်​များ၏ ဥပ​ဒေမဲ့ ရက်​စက်​ကြမ်းကြုတ်​စွာ သတ်ဖြတ် မီးရှို့မှု​ကြောင့်​ အိမ်​နီးချင်းဘင်္ဂလား​ဒေရှ့်​နိုင်​ငံသို့ ထွက်​​ပြေးခိုလှုံ​နေရ​သော ရိုဟင်​ဂျာများကို ဇန်​န၀ါရီလ (၂၃) ရက်​​နေ့တွင်​ ပြန်​လည်​လက်​ခံရန်​ စီစဉ်​​နေချိန်​တွင်​  ထိုသို့ ​ကောလာဟလသတင်းများကို အာဏာပိုင်​များဖက်​က စပြီး ထွက်​​ပေါ်လာ​နေသည်​မှာ အလွန် သံသယ ဖြစ်စရာကောင်းသည် လုပ်ရပ်တစ်ခုဟု ရှုမြင်ကြောင်း မောင်တောမြို့ခံ တစ်ဦးက RB News သို့ပြောပါသည်။




MYARF
RB News
21.1.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကပ္ပကောင်း ကျေးရွာအုပ်စုရှိ ကျေးရွာများမှ ဒေသခံရိုဟင်ဂျာများသည် ဆွဲ၊တင်၊စစ် ၀င်ရောက်သည့်နေ့မှစ၍ ယနေ့တိုင် နေ့စဉ်ရက်ဆက် ငွေညှစ်ခံနေရကြောင်း သတင်းရရှိပါသည်။

ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စု တာဝန်ခံ ဦးမော်နိရ်အမတ် (ခ) ဟာလာသည် ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စုအတွင်း ဆွဲ၊တင်၊စစ် ၀င်ရောက်သည့်နေ့မှစ၍ ယနေ့တိုင် ဆွဲတင်စစ်ကို အကြောင်းပြကာ ရွာသားများထံမှ နေ့စဉ်ရက်ဆက် ငွေညှစ်နေကြောင်း အမည်မဖော်လိုသူ ရွာသားတစ်ဦးက RB News သို့ပြောပါသည်။

“ငွေကြေးအဆင်ပြေတယ်လို့ ထင်ရတဲ့ ရွာသားတွေကို ရွာတာဝန်ခံက ခေါ်တယ်၊ ပြီးတော့ ဆွဲ၊တင်၊စစ် အဖွဲ့က လ.၀.က ဦးစီးကို ငွေပေးရတယ်လို့ဆိုပြီး ရွာသားတွေဆီက ငွေတောင်းတယ်။ ငွေတောင်းတာလည်း နည်းနည်းပါးပါး မဟုတ်ဘူး။ သိန်းဂဏန်းထိ တောင်းတယ်၊ မပေးနိုင်ဘူး ငြင်းရင်လည်း ပုဒ်မတွေ ပြောပြီး ခြိမ်းခြောက်တယ်။ နောက်ဆုံးမှာ သူခြောက်တာကို မခံနိုင်တဲ့အဆုံး ပေးလိုက်ရတယ်” ဟု အဆိုပါ ရွာသားက ပြောပါသည်။ 

ဆွဲ၊တင်၊စစ် ၀င်ရောက်သည့်နေ့မှစ၍ ယနေ့တိုင် ငွေညှစ်ခံရသည့် လူပုဂ္ဂိုလ်များ၏ အမည်စာရင်းနှင့် ငွေကြေးပမာဏ အတိအကျ သိရသော်လည်း တာဝန်ခံက ငွေညှစ်ခံရသူများကို ပြဿနာရှာမည်ကို စိုးရိမ်ရသောကြောင့် ငွေညှစ်ခံသူများ၏ အမည်များကို RB News မှ ချန်လှပ်ထားပါသည်။ ကျေးရွာတာဝန်ခံက ငွေညှစ်ထားသည့် ငွေပမာဏမှာ စာရင်းအရ စုစုပေါင်း ၂၃၄၅၀၀၀ (နှစ်သန်း သုံးသိန်း လေးသောင်း ငါးထောင်) ကျပ် ဖြစ်သည်။



(Photo: Shafiur Rahman)

ရိုနေဆန်းလွင်
RB News
21.1.2018

၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် ၉ သောင်းခန့် အရေအတွက် ရှိသည့် မောင်တောမြို့နယ် မြောက်ပိုင်းမှ ရိုဟင်ဂျာများ နှင့် ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် ၆ သိန်းခွဲကျော် ရှိသည့် မောင်တောခရိုင်နှင့် ရသေ့တောင်မြို့နယ်များမှ ရိုဟင်ဂျာများသည် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့၏ အကြမ်းဖက် သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုတို့မှ လွတ်မြောက်ရန် အတွက် နယ်စပ်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံလျက်ရှိသည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလ အတွင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ မြန်မာအစိုးရအား ဖိအားပေးလာမှု များလာသောကြောင့် မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်အစိုးရအား မြန်မာနိုင်ငံမှ ၂၀၁၆ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းတွင် ထွက်ပြေးသွားပြီး ခိုလှုံနေသူများကို ပြန်လည် လက်ခံပါမည်ဟု ကတိပြု၍ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ 

ကနဦးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ်က ကုလသမဂ္ဂမှ ကြီးကြပ်သည့် “လုံခြုံသည့် နယ်မြေ (Safe Zone)” အပါအ၀င် အချက် (၅) ချက် ကို တောင်းဆိုခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံ ဘဘောတူညီချက် (Bilateral Agreement) အစား နိုင်ငံအများအပြားပါဝင်သည့် သဘောတူညီချက် (Multilateral Agreement) သာပြောဆိုခဲ့သည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လာရောက် လည်ပတ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ၎င်းတောင်းဆိုခဲ့သည်များကို ဆက်လက် တောင်းဆိုခြင်း မပြုတော့ဘဲ နှစ်နိုင်ငံ သဘောတူညီချက်ကို အစောတလျင် လက်မှတ်ထိုးရန် သဘောတူခဲ့သည်ကို တွေ့ရှိရသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် နှစ်နိုင်ငံသဘောတူညီချက် ဖြစ်မြောက်ရန် တွန်းအားပေးခဲ့သူမှာ တရုတ်နိုင်ငံ ဖြစ်ကြောင်း ထင်ရှားနေသည်။ 

နှစ်နိုင်ငံသဘောတူညီချက်အရ လာမည့် ဇန်န၀ါရီလ (၂၃) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာများကို စတင်လက်ခံရန် မြန်မာအစိုးရဘက်မှ လိုအပ်သည်များကို ပြင်ဆင်လျက်ရှိသည်။ ပထမအသုတ်တွင် ဟိန္ဒူဘာသာဝင် ၅၀၀ ဦးနှင့် အစ္စလာမ်ဘာသာဝင် (ရိုဟင်ဂျာ) ၇၀၀ ဦးကျော် လက်ခံမည်ဟု မြန်မာအစိုးရက ကြေညာထားသည်။ အဆိုပါ ရိုဟင်ဂျာ ၇၀၀ ကျော်မှာ No Man’s Land ဟု ခေါ်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကြားရှိ နေရာတွင် ခိုလှုံနေသူများ ဖြစ်သည်ဟု နိုင်ငံတကာသတင်းဌာနများတွင် ရေးသားဖော်ပြထားသည်။ 

မည်သို့ပင်ဖြစ်စေ နှစ်နိုင်ငံသဘောတူညီချက်တွင် မိမိတို့၏ သဘောဆန္ဒရှိမှသာ ပြန်ရမည် (Voluntary) ဟု ပါရှိသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာများကို မည်သူတစ်ဦးတစ်ယောက်ကမှ အတင်းအဓမ္မ ပြန်ပို့ခွင့်မရှိပေ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခိုလှုံနေသည့် ရိုဟင်ဂျာများသည် မိမိတို့၏ အသက်အန္တရာယ်ကို ကာကွယ်ရန် လိုအပ်နေသူများ၊ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ဒဏ်ရာရသူများနှင့် ရက်စက်ကြမ်းကြုတ်သည့် လိင်အကြမ်းဖက်မှု ခံရသူများ ဖြစ်ကြသည်။ ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို မေ့ပျောက်၍ ရမည် မဟုတ်ပေ။ ၎င်းတို့ အားလုံးသည် မိမိတို့၏ ဌာနေဖြစ်သည့် မြန်မာနိုင်ငံသို့ ပြန်သွားပြီးနောက် နောက်ထပ်တစ်ကြိမ်မက ယခင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုများနှင့် ကြုံတွေ့ရမည်ကို အလွန်စိုးရိမ်လျက် ရှိနေကြသည်။ 

၁၉၇၈ ခုနှစ်မှ စ၍ လေးကြိမ်မြောက် အစုလိုက်အပြုံလိုက် သွားရောက်ခိုလှုံရခြင်း ဖြစ်ပြီး၊ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်နေသည်ဟု ပညာရှင်များ၊ ကျွမ်းကျင်သူများက ပြောဆိုလာသည့် အခြေအနေ ဖြစ်လာခဲ့သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ရိုဟင်ဂျာများအား သတ်ကွင်းဟု နိုင်ငံတကာက ခေါ်ဆိုလာသည်။ ဤနေရာသို့ ပြန်သွားရန် အာမခံချက်များ လိုအပ်နေသည်ကို ရက်စက်ကြမ်းကြုတ်မှု ပေါင်းစုံ ခံစားခဲ့ရသည့် ရိုဟင်ဂျာများက သိရှိနားလည် သဘောပေါက်ကြသည်။ 

ထို့ကြောင့် လွန်ခဲ့သည့် နှစ်ပတ်ခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာ နှစ်သောင်းကျော် လက်မှတ်ရေးထိုး၍ ၎င်းတို့အား လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်မှသာ ပြန်ပို့ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ်ထံ စာရေးသား၍ တောင်းဆိုခဲ့သည်။ 

အဆိုပါ တောင်းဆိုချက်စာတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလ မတိုင်မီ မြန်မာအာဏာပိုင်များ၏ ညှဉ်းပန်းနှိပ်စက်မှု မျိုးစုံကြောင့် ထွက်ပြေးခဲ့ရသူများ၊ ၁၉၉၁-၉၂ ခုနှစ် လူမျိုးစုအလိုက် ရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျန်ရစ်နေသူများကိုပါ ပြန်ခွင့်ရရေး အတွက် လုပ်ဆောင်ရန် ရေးသားခဲ့သည်။

တောင်းဆိုချက်များတွင် --

- ၎င်းတို့အား ပြန်မပို့မီ စစ်တွေမြို့တွင် ၅ နှစ်ခွဲကျော် ဒုက္ခသည်စခန်းများတွင် ပိတ်လှောင်ခံထားရသူများကို နဂိုမူလနေရပ်တွင် ပြန်လည် နေထိုင်ခွင့်ပြုရန်

- ၎င်းတို့အား ပြန်မပို့မီ စစ်တွေမြို့တွင် ဒုက္ခသည်ဘ၀သို့ ရောက်သွားသူများကို ရိုဟင်ဂျာ လူမျိုးအမည်ပါ နိုင်ငံသားကဒ်ပြားများ ထုတ်ပေးရန် 

- ၎င်းတို့အား မပို့ဆောင်မီ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်များ ထားရှိပေးရန်

- ကုလသမဂ္ဂ ကြီးကြပ်သည့် “လုံခြုံသည့် နယ်မြေ” သတ်မှတ်ပေးရန်

- နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို ပြောင်းလဲ၍ ကုလသမဂ္ဂ၊ အိုအိုင်စီ၊ ဥရောပသမဂ္ဂ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများ ပါဝင် လက်မှတ်ရေးထိုးရန်

- ၎င်းတို့အား ပြန်ပို့ပြီးနောက် ရာဇ၀တ်မှုတစ်စုံတစ်ရာနှင့် ပတ်သက်နေသည်ဟု စွပ်စွဲခြင်း မပြုရန် 

- ၎င်းတို့ ဆုံးရှုံးသွားသည်များကို မြန်မာအစိုးရက လျော်ကြေးပေးရန်

- နိုင်ငံသားအခွင့်အရေး အပြည့်အ၀ပေးပြီး၊ မည်သူတစ်ဦးတစ်ယောက်၏ လွတ်လပ်စွာ သွားလာခွင့်၊ လုပ်ကိုင်စားသောက်ခွင့်ကို တားမြစ်ခြင်း မပြုရန်

- မည်သူမဆို မြန်မာပြည်ဖွားဟု သက်သေပြနိုင်လျှင် လက်ခံရန်

- မြန်မာအာဏာပိုင်များက ရိုဟင်ဂျာများ၏ လယ်မြေများ၊ မြေယာများ သိမ်းဆည်းခြင်းကို ရပ်တန့်ရန်နှင့် ယခင်က သိမ်းဆည်းထားသည်များ အတွက် လျော်ကြေးပေးရန် 

- မိမိတို့၏ နဂိုမူလ နေရပ် ကျေးရွာများတွင် နေထိုင်ခွင့်ပြုရန် -- စသည်တို့ ပါဝင်သည်။

မြန်မာအစိုးရက ပြန်လာမည့်သူများကို ရိုဟင်ဂျာများက ၂၀၁၅ ခုနှစ်မှစ၍ လုံးဝမယူနိုင်ဟု ငြင်းဆန်ထားသည့် NVC များ ထုတ်ပေး၍ ယာယီအမည်ခံ အကျဉ်းစခန်းများတွင် ထားရှိရန် စီစဉ်ထားသည်ကို တွေ့ရှိရသည်။ 

မြန်မာအစိုးရ စီစဉ်ထားသည်နှင့် ရိုဟင်ဂျာများ တောင်းဆိုနေသည်များမှာ မိုးနှင့်မြေလိုကွာခြားနေသည်။ ရိုဟင်ဂျာများသည်လည်း အာမခံချက် တစ်စုံတစ်ရာ မရရှိဘဲ ပြန်လာမည် မဟုတ်သည်မှာ သေချာသည်။ မြန်မာအစိုးရနှင့် စစ်တပ်ကလည်း အမှန်တကယ် ပြန်ခေါ်ချင်စိတ် မရှိသောကြောင့် ရိုဟင်ဂျာများအား NVC ပေး၍ အကျဉ်းစခန်းများတွင် ထားရှိရန် စီစဉ်နေခြင်း ဖြစ်ပေသည်။ 

ရိုဟင်ဂျာများနှင့် မြန်မာအစိုးရတို့ အားပြိုင်မည့် အခြေအနေတစ်ခု လာမည့် နှစ်ရက်တွင် စတင်တော့မည် ဖြစ်ပြီး၊ နိုင်ငံတကာနှင့် ကုလသမဂ္ဂတို့က အာမခံချက် မရှိသည့်နေရာသို့ မပြန်ရန် တိုက်တွန်းနေသည့် အတွက် နိုင်ငံတကာ၏ ဖိအားများ ရောက်လာနိုင်ဖွယ် ရှိသောကြောင့် ရိုဟင်ဂျာများအနေဖြင့် မိမိတို့၏ တောင်းဆိုချက်များ မပြည့်ဝမချင်း မပြန်ကြရန် တိုက်တွန်းအပ်ပါသည်။


Rohingya Eye
RB News
18.1.2018

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် စစ်တပ်မှ အကြမ်းဖက် မီးရှို့မှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများထဲမှ အချို့သည် တဖက်နိုင်ငံသို့ သွားရောက်ခိုလှုံခြင်း မပြုဘဲ တဲများထိုး၍ နေထိုင်လျက်ရှိရာ ၎င်းတို့၏ တဲများကို အာဏာပိုင်များက အတင်းအဓမ္မ ဖျက်ခိုင်းလျက် ရှိကြောင်း သတင်းရရှိပါသည်။ 

၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ရိုဟင်ဂျာများ နေထိုင်ရာ ကျေးရွာ ၃၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ မီးရှို့ခံရသည့် ကျေးရွာများမှ ဒေသခံ ရိုဟင်ဂျာများသည် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက် ခိုလှုံလျက် ရှိပြီး၊ အချို့မှာ မိမိတို့၏ ကျေးရွာများတွင် တဲများထိုး၍ နေထိုင်လျက် ရှိသည်။ 

ဇန်န၀ါရီလ (၇) ရက်နေ့တွင် တပ်ရင်း ၅၅၁ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးကျော်ဇေယျ သည် စစ်သားအချို့နှင့် လှဖိုးခေါင်ကျေးရွာသို့ သွားရောက်၍ ယင်းကျေးရွာတွင် တဲထိုး၍ နေထိုင်လျက်ရှိသည့် မိသားစု ၁၂ စုကို တဲများဖျက်၍ ထွက်သွားရန် ဖိအားပေး ပြောဆိုခဲ့သည့် အပြင် လူအချို့ကိုလည်း ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

တစ်ဖန် ဇန်န၀ါရီလ (၁၃) ရက်နေ့တွင်လည်း မြို့နယ် အုပ်ချုပ်ရေးမှူး အပါအ၀င် ဒေသဆိုင်ရာ အာဏာပိုင်များ သွားရောက်၍ တဲများကို ဖျက်ရန် အမိန့်ပေးခဲ့သည်။ အဆိုပါ တဲများတွင် နေထိုင်လျက်ရှိသည့် ရွာသားများက မိမိတို့၏ တဲများကို ဖျက်ပြီး မည်သည့်နေရာတွင် သွားနေရမည်နည်းဟု မေးမြန်းရာ နီးစပ်ရာ ရွာများတွင် ၀င်ရောက် နေထိုင်ရန် ပြောဆိုခဲ့ကြောင်း သိရှိရသည်။ 

ဇန်န၀ါရီလ (၁၅) ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့် အဖွဲ့သည် ကျီးကန်းပြင်ကျေးရွာသို့ သွားရောက်၍ ရွာတစ်ဖက်စွန်းတွင် တဲထိုး၍ နေထိုင်လျက်ရှိသည့် ရွာသူရွာသားများနှင့် တွေ့ဆုံစဉ် ဒေါက်တာဝင်းမြတ်အေး က “ခင်ဗျားတို့ကို အစိုးရက စံပြရွာ ဆောက်ပေးမယ်၊ အိမ်တွေ ဆောက်ပေးမယ်၊ ရေမီးအဆင်ပြေအောင် လုပ်ပေးမယ်” ဟု ပြောဆိုခဲ့သည်။ ရွာသား အချို့က မိမိတို့သည် အစိုးရ ဆောက်လုပ်ပေးမည့် စံပြရွာတွင် မနေချင်ကြောင်း၊ ရေမီးလည်း မလိုချင်ကြောင်း၊ မိမိတို့၏ မူလနေရာတွင် သွားရောက် နေထိုင်လိုကြောင်း တောင်းဆိုရာ ဒေါက်တာဝင်းမြတ်အေးက ဥပဒေအရ မီးရှို့ခံထားရသည့် နေရာကို အစိုးရ ပြန်လည် ပေးခြင်း မရှိဟု ပြောဆိုခဲ့သည်။ 

“အစိုးရက ဒုက္ခသည်တွေကို နေရာပြန်လည် နေရာချထားရာမှာ ဒုက္ခသည်စခန်းမှာ ယာယီထားပြီး၊ မူလနေရာမှာ နေရာပြန်လည် ချထားမယ်လို့ ပြောနေပေမယ့်လည်း လက်တွေ့မှာတော့ မူလနေရာမှာ ပြန်လည် နေရာချထားမယ့် အစိုးရရဲ့ အစီအစဉ်တွေကို မတွေ့ရသလို မူလနေရာတွေမှာ ရှိနေတဲ့ အိမ်တွေကို ဖြိုဖျက်နေတာကို ကြည့်ရင် အစိုးရရဲ့ ပြောစကားတွေက ရှေ့နောက် မညီတာကို တွေ့နေရတယ်” မောင်တောမြို့ခံ တစ်ဦးက သုံးသပ် ပြောဆိုသည်။ 




RB News
18.1.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ ရိုဟင်ဂျာများ မြို့ပေါ်သို့ မလာနိုင်ရန် အတွက် သွားလာနေသူများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ သပိတ်တောင်၊ စိမ့်ညှင်းပြား၊ ဂူတာပြင်၊ ဖိုးခေါင်ချောင်း၊ ဖရုံချောင်း၊ ဘုရားပြင်အောင်ပ၊ အထက်ကျွဲကြိုမော်၊ သိမ်တောင်ပြင်၊ ဒုအိုးသည်မ စသည့် ကျေးရွာအုပ်စုများမှ ဘူးသီးတောင်မြို့မဈေးသို့ ဈေးဝယ်ရန် သွားနေသည့် ဆိုင်ကယ်သမားများကို ကကျက်ဘက်ကံပြင် ကျေးရွာအုပ်စု တပ်ရာရွာမှ ဦးအစ္စမိုင်လ် (ဘ) ဦးဘဖြူနှင့် ယင်းကျေးရွာအုပ်စုမှ ရခိုင်လူမျိုးတစ်ဦး တို့က ရပ်တန့်၍ ရိုက်နှက်ပြီး ငွေညှစ်နေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရသူများထဲမှ အချို့မှာ --

ဖရုံချောင်း ကျေးရွာမှ -

(၁) ဦးမာမတ်အီနုစ် (ဘ) ဦးအဒူဆော်လာမ် (၁၄.၁.၂၀၁၈ ရက်နေ့တွင် ငွေကျပ် ၄ သောင်း)
(၂) ဦးအာဇီမူလ္လာ (ဘ) ဦးနော်ဇိရ်အာမတ် (၁၁.၁.၂၀၁၈ ရက်နေ့တွင် ငွေကျပ် ၂ သောင်း)
(၃) ဦးအေနိုက်တူလ္လာ (၂၄.၁၂.၂၀၁၇ ရက်နေ့တွင် ငွေကျပ် ၂ သောင်း)
(၄) ဦးရှော်ဘိရ် (ဘ) ဦးအဒူမော်တော်လောဖ် (ငွေကျပ် ၂ သောင်း)
(၅) ဦးမာမတ်ဂျော်မိလ် (ငွေကျပ် ၃ သောင်း)
(၆) ဦးမာမတ်တာဟဲရ် (ငွေကျပ် ၂ သောင်း)
(၇) ဦးဂျာဟာန်ဂိရ် (ငွေကျပ် ၃ သောင်း)

စိမ်းညှင်းပြားကျေးရွာမှ -

(၁) ဦးဇူဘိုင်ရ် (ငွေကျပ် ၃ သောင်း)
(၂) ဦးဘော်ဒီရောန် (ငွေကျပ် ၂ သောင်း)
(၃) ဦးမူဂျီရာမာန် (ငွေကျပ် ၃ သောင်း)
(၄) ဦးရှော်ဘီယာ (ငွေကျပ် ၁ သောင်း ၅ ထောင်)

ဘုရားပြင်အောင်ပ ကျေးရွာမှ -

(၁) ဦးတာဟဲရ် (ငွေကျပ် ၃ သောင်း)
(၂) ဦးမူဟိဘုလ္လာ (ငွေကျပ် ၄ သောင်း)
(၃) ဦးဟာဘေဇူလ္လာ (ငွေကျပ် ၂ သောင်း ၅ ထောင်)
(၄) ဦးဇော်လိလ် (ငွေကျပ် ၂ သောင်း)
(၅) ဦးအဒူရော်ကိမ်း (ငွေကျပ် ၂ သောင်း) -- တို့ဖြစ်ကြသည်။ 

ယခုကဲ့သို့ ငွေညှစ်နေရခြင်းကြောင့် မြို့ပေါ်သို့ ဈေးဝယ်ရန် အခက်အခဲ ကြုံတွေ့လျက် ရှိနေသည်ဟု ဒေသခံများက ဆိုသည်။




ယာယီစခန်း အမည်တပ်ထားသည့် အကျဉ်းစခန်း

ရိုနေဆန်းလွင်
RB News
16.1.2018

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း ၃ ခု ကို အာဆာ ဟု ခေါ်သည့် အာရ်ကာန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော်မှ တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ ရိုဟင်ဂျာများ နေထိုင်သည့် ရွာ ဒါဇင်ချီ၍ မီးရှို့ဖျက်ဆီးခဲ့သည်။ အပြစ်မဲ့ အရပ်သား တစ်ထောင်ကျော် သတ်ဖြတ်ခဲ့သည့် အပြင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့သည်။

မြန်မာစစ်တပ်၏ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်မှုကြောင့် ရိုဟင်ဂျာ ၉ သောင်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။ ယင်းရိုဟင်ဂျာများမှာ ယခုအချိန်ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိနေကြသည်။

တစ်ဖန် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာစစ်တပ်၏ တပ်ရင်းတစ်ခု အပါအ၀င် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း ၃၀ ခန့်ကို အာဆာ က တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ၂၀၁၆ အောက်တိုဘာလ ၉ ရက်နေ့တွင် တိုက်ခိုက်ခဲ့သည့် ကင်းစခန်းများ၏ အခြေအနေများကို သတင်းမီဒီယာများတွင် ဖော်ပြခဲ့သော်လည်း ၂၀၁၇ သြဂုတ်လ (၂၅) ရက်နေ့၌ နေရာ ၃၀ ခန့်တွင် တိုက်ခိုက်ခဲ့သည့် ကင်းစခန်းများ၏ အခြေအနေများကို သတင်းမီဒီယာများတွင် ဓါတ်ပုံ အထောက်အထားများဖြင့် ဖော်ပြခြင်း မရှိခဲ့ပေ။ မည်သို့ပင် ဆိုစေကာမူ အာဆာ က ၎င်းတို့၏ တွစ်တာမှ တိုက်ခိုက်ခဲ့သည်ဟု ၀န်ခံထားသည့် အတွက် စာရေးသူ အနေဖြင့် စောဒက တက်မည် မဟုတ်သော်လည်း သံသယ တစ်ခုတော့ ရှိသည်ဟု ရိုးသားစွာ ၀န်ခံပါသည်။

သြဂုတ်လ ၂၅ ရက်နေ့ နောက်ပိုင်းတွင် မြန်မာစစ်တပ်က ထုံးစံအတိုင်း နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ အပြစ်မဲ့ အရပ်သားများကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်း၊ ရွာများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်။ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖြစ်သည့် Human Rights Watch နှင့် Amnesty International တို့က မီးရှို့ခံရသည့် ရွာများကို ဂြိုဟ်ထုမှ ကြည့်ရှု၍ ရေတွက်ရာတွင် ၃၅၄ ရွာရှိမည်ဟု ထုတ်ဖော်ရေးသားခဲ့သည်။

အသတ်ခံရသည့် ရိုဟင်ဂျာ အရပ်သား အရေအတွက် တစ်သောင်းထက် မနည်းရှိမည်ဟု စာရေးသူ ယုံကြည်သည်။ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီး၊ မိန်းကလေး အရေအတွက် ထောင်ဂဏန်းရှိသည်။

စာရေးသူကိုယ်တိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းသို့ သွားရောက်လေ့လာခဲ့သည်။ လက်နက်ကြီး လောင်ချာများ သုံး၍ ပစ်ခတ်မှုကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းများ ပြတ်သွားသည့် ကလေးငယ်များ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၊ သေနတ်ဒဏ်ရာရရှိထားသူများ၊ လည်လှီး သတ်ဖြတ်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့ခံရသူများ၏ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့သည်။ မိမိ၏ မျက်စိဖြင့် ကိုယ်တိုင် မြင်တွေ့ခဲ့ခြင်းများ၊ နှစ်ပေါင်း ၄၀ ခန့် ညှဉ်းပန်းနှိပ်စက်ခံနေရသည့် သက်သေအထောက်အထားများ၊ လူမျိုးတုန်းသတ်ဖြတ်မှု၏ အဓိပ္ပာယ် ဖွင့်ဆိုခြင်းတို့ ပေါင်းစပ်လျှင် မြန်မာစစ်တပ်က ရိုဟင်ဂျာများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်နေခြင်း ဖြစ်သည်ဟုသာ ယုံကြည်ပါသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလမှ စ၍ ယနေ့ထိ ရိုဟင်ဂျာ ၇ သိန်းခွဲကျော်နှင့် ယခင်က ထွက်ပြေးခိုလှုံနေသူ ၃ သိန်းခွဲ ခန့် ပေါင်းလိုက်လျှင် ရိုဟင်ဂျာ ၁၁ သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံလျက်ရှိသည်။

၁၉၇၈ ခုနှစ်မှစ၍ ၂၀၁၇ ခုနှစ်ထိ လေးကြိမ်တိတိ ရိုဟင်ဂျာများ ထွက်ပြေးခိုလှုံနေရခြင်း ဖြစ်သည်။

အချိန်တိုအတွင်း ရိုဟင်ဂျာ သိန်းချီ၍ ထွက်ပြေးခိုလှုံရသောကြောင့် မြန်မာအစိုးရနှင့် စစ်တပ် အပေါ် နိုင်ငံတကာမှ ဖိအားပေါင်းစုံ ပေးခြင်းခံရသည်။ ထိုဖိအားများ လျော့နည်းသွားရန် အတွက် ထွက်ပြေးခိုလှုံနေသည့် ရိုဟင်ဂျာများအား ပြန်လည်လက်ခံပါမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရန် အလျင်စလို လိုအပ်ခဲ့ပေသည်။ အလျင်စလို လက်မှတ်မထိုးပါက နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ မဟုတ်ဘဲ နိုင်ငံများစွာပါဝင်သည့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရမည်ကို မြန်မာအစိုးရနှင့် စစ်တပ်က နားလည်သဘောပေါက်ထားသည်။

ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့တွင် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ ထွက်ပြေးသွားသည့် ရိုဟင်ဂျာများကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ (၂၂) ရက်နေ့မှစပြီး ပြန်လည် စီစစ်၍ လက်ခံမည်ဟု ကတိပေးခဲ့သည်။ 

၁၉၇၈ ခုနှစ်မှစပြီး နိုင်ငံတော်မှ မူဝါဒတစ်ခု ချမှတ်၍ ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် နိုင်ငံတွင်းမှ မောင်းထုတ်ရန် ကြိုးစားနေခဲ့သော်လည်း ယခု လက်မှတ်ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာအရ အနည်းဆုံး ရိုဟင်ဂျာ ၇ သိန်းခွဲကို ပြန်လည် လက်ခံရမည် ဖြစ်သည်။ ကျန်သည့် ရိုဟင်ဂျာ ၃ သိန်းခွဲ ပြန်လာနိုင်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရက ဖိအားများများ ပေးမှသာ ဖြစ်နိုင်မည်။

ရိုဟင်ဂျာများသည် အာရ်ကာန်ဒေသ၏ မူလဘူတ တိုင်းရင်းသားဖြစ်သည်ကို မြန်မာအစိုးရ၊ စစ်တပ်နှင့် ဗုဒ္ဓဘာသာဝင် အများစုက လက်မခံသော်လည်း သမိုင်းတွင် ရှိသည့် အချက်များကို ဖျက်ပစ်၍ ရမည်မဟုတ်သည်မှာ အမှန်တရားပင်တည်း။ အာရ်ကာန်ဒေသသည် ရိုဟင်ဂျာများ၏ ဌာနေ ဖြစ်သော်လည်း အာရ်ကာန်ဒေသကို ၁၇၈၄ မှစ၍ အုပ်စိုးထားသည့် ဗမာများနှင့် ဗမာအုပ်စိုးမှုအောက်တွင် ဗမာဘက်လိုက် ဖြစ်နေသည့် ရခိုင်အချို့က ဤဒေသကို မွတ်စလင် ကင်းစင်သည့် ဒေသဖြစ်အောင် အင်တိုက်အားတိုက် ကြိုးပမ်းလျက်ရှိသည်။ တစ်နှစ်အတွင်း ရိုဟင်ဂျာ ၇ သိန်းခွဲကျော် မောင်းထုတ်နိုင်ခဲ့ခြင်းသည် ဗမာနှင့် ဗမာဘက်လိုက် ရခိုင်အချို့အတွက် မဟာအောင်ပွဲကြီးတစ်ခု ဖြစ်ပေသည်။

မြန်မာအစိုးရက ပေးထားသည့် ကတိအတိုင်း ရိုဟင်ဂျာများ ပြန်လည် လက်ခံရမည့်နေ့ နီးလာသည့်အမျှ ထမင်းထုပ် တစ်ဖက်နှင့် ဓါးတစ်ဖက် ပြနေသည်ဟု ဆိုရမည် ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ရိုဟင်ဂျာများကို တိုင်းရင်းသားဟု သတ်မှတ်ခဲ့ပြီး၊ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ပေးခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် နိုင်ငံသားဥပဒေ အသစ်ပြဌာန်း၍ ရိုဟင်ဂျာများကို နိုင်ငံမဲ့ ဘ၀သို့တွန်းပို့ခဲ့ခြင်း ဖြစ်သည်။ တိုင်းရင်းသား၊ နိုင်ငံသား ဖြစ်ခဲ့သူများကို တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသူများဟု သမုတ်နေကြသည်။ ဤတိုင်းရင်းသား၊ နိုင်ငံသားများကို NVC ဟုခေါ်သည့် နိုင်ငံသားစိစစ်ခံရမည့်သူများ၏ သက်သေခံကတ်ပြား ကိုင်ဆောင်ရန် မြန်မာအစိုးရ အာဏာပိုင်များက ၂၀၁၅ ခုနှစ်မှစ၍ ဖိအားပေးလျက်ရှိရာ ယနေ့တိုင်ပင် ဖြစ်သည်။

၂၀၁၂ ခုနှစ် ဇွန်လမှစ၍ စစ်တွေမြို့နှင့် ရခိုင်ပြည်နယ် တောင်ပိုင်းရှိ မြို့များမှ ရိုဟင်ဂျာများကို နေအိမ်များမှ အတင်းအဓမ္မ ထုတ်၍ ဒုက္ခသည်စခန်းသို့ ပို့ထားသည်မှာ ၅ နှစ်ခွဲကျော်ပြီဖြစ်သည်။ ဒုက္ခသည်စခန်းများ အတွင်းတွင် ပိတ်မိနေသည့် ရိုဟင်ဂျာများ၏ မူရင်းနေရပ် ပြန်ရေးကို မြန်မာအစိုးရက လုပ်ဆောင်မည်ဟု အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း ယနေ့ထိ အကောင်အထည်ဖော်ခြင်း လုံးဝမရှိပေ။

မြန်မာအစိုးရ အာဏာပိုင်များက ရိုဟင်ဂျာများသည် ရုပ်သိမ်းခံထားရသည့် နိုင်ငံသား၊ တိုင်းရင်းသား အခွင့်အရေး အပြည့်အ၀ လိုချင်သူများသာ ဖြစ်ပြီး၊ မိမိတို့၏ ဇာတိဌာနေတွင် အမိုးပွင့်အကျဉ်းထောင်မှ ဒုက္ခသည်စခန်းသို့ ရောက်ရှိမည့် ဘ၀ကို မလိုလားသူများ ဖြစ်သည်ကို ကောင်းစွာ သိရှိနားလည်ထားသည်။

ဤအချက်နှစ်ချက်နှင့် ထောင်ချောက်ဆင်လျှင် မည်သူတစ်ဦးတစ်ယောက်မှ ပြန်လာမည် မဟုတ်ဟု တထစ်ချ ယုံကြည်ထားသည်။ ထို့ကြောင့် မြန်မာအစိုးရ အာဏာပိုင်များက ဘင်္ဂလားဒေ့ရှ်မှ ပြန်လာမည့်သူများကို NVC ထုတ်ပေးမည်ဟု ကြေညာခြင်း၊ ယာယီစခန်းများဟု အမည်တပ်ထားသည့် အကျဉ်းစခန်းများကို ထုတ်ဖော်ပြသခြင်းများ ပြုလုပ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာများ ပြန်မလာစေရန် အပူတပြင်း ဆောင်ရွက်လျက် ရှိသည်။

မိမိတို့၏ နိုင်ငံသို့ ပြန်လာနိုင်သည်ဟု ပြောဆိုနေခြင်းမှာ ထမင်းထုပ် ပြနေခြင်းဖြစ်ပြီး၊ NVC နှင့် ယာယီစခန်းများ ပြနေခြင်းမှာ ဓါးကိုင်ပြနေခြင်း ဖြစ်သည်။

ရိုဟင်ဂျာများကို မိမိတို့ အတွက် အာမခံချက် တစ်စုံတစ်ရာ မရှိသည့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ကွင်းသို့ ပြန်လာရန် အလျင်စလို ဆုံးဖြတ်ခြင်း မပြုနှင့်ဟုသာ ပြောချင်ပါသည်။

MYARF
RB News
15.1.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စုမှ NVC သည် ရိုဟင်ဂျာများ အတွက်ဟု ပြောဆိုသူ တစ်ဦးကို နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ များက ငွေညှစ်ယူသည့် အပြင် တရားစွဲဆို၍ ထောင်ဒဏ် ၄ နှစ် ၄ လ ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

၂၀၁၇ ခုနှစ် အောက်တိုဘာလ တတိယပတ်တွင် မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု ဂုံးနားရွာမှ ဆရာ ဦးဘော်ရှော်ရ်၏ သားဖြစ်သူ ဖူတူချေ (မြို့မစည်ပင်သာယာဈေးတွင် အိုးခွက် ပန်းကန် ဆိုင်ရောင်းသူ) က တစ်ရွာတည်းနေ NVC ရယူထားသည့် ဆိုက်ကားသမား တစ်ဦးကို ရိုဟင်ဂျာများသည် NVC လက်ခံရန် မလိုအပ်ကြောင်း၊ ယူထားလျှင်လည်း အသုံးမတည့်ကြောင်း၊ NVC သည် ရိုဟင်ဂျာများ အတွက် မဟုတ်ဟု ပြောဆိုခဲ့ရာ အဆိုပါ ဆိုက်ကားသမားက နယ်ခြားစောင့်ရဲများ၏ သတင်းပေး မောင်မောင်တင် ဆိုသူအား ဖူတူချေက ၎င်းအား ပြောသည်များကို ပြန်လည် ပြောပြခဲ့သည်။ ထို့နောက် ယင်းကိစ္စကို ရွှေဇားတံတား ကင်းစခန်း တာဝန်ခံ ဒုရဲအုပ်က သိရှိသွားပြီး ဖူတူချေ ထံမှ ငွေညှစ်ခဲ့သည်။ 

သီတင်းတစ်ပတ်အကြာတွင် ရွှေဇားကျေးရွာအုပ်စုရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၄) ကညင်ချောင်းစခန်းမှ နယ်ခြားစောင့်ရဲများနှင့် မ.က.ဖ များက ဖူတူချေ အား ခြိမ်းခြောက်၍ ထပ်မံခြိမ်းခြောက်၍ ငွေညှစ်ခဲ့သည်။

“တစ်ပတ်အတွင်းမှာ ငွေနှစ်ကြိမ်ညှစ်ခံရတယ်။ ဒါပေမယ့် ငွေဘယ်လောက် ညှစ်ခံရလဲဆိုတာ အတိအကျ မသိဘူး” ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

၂၀၁၈ ခုနှစ် ဇန်န၀ါရီလ (၁၂) ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၄) မှ ဖူတူချေ ကို ဆင့်ခေါ်၍ အမှုဖြေရှင်းပြီးပြီ ဖြစ်ကြောင်း၊ သို့သော်လည်း တရားရုံးသို့ သွားရောက်၍ လက်မှတ်ထိုးရန် လိုသည်ဟု လိမ်လည် လှည့်ဖြား၍ တရားရုံးသို့ ခေါ်ဆောင် သွားပြီး ထောင်ဒဏ် ၄ နှစ် ၄ လ ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။ 




ယျာတင် (ရိုဟင်းသား)
RB News
14.1.2018

အခုတ​လော ကျွန်​​တော့်​စိတ်​ကို စာအုပ်​​တွေထဲ ကျက်​စား​စေ၏။ စာအုပ်​ကောင်းတစ်​အုပ်​သည်​ သင်​ခန်းစာများစွာ၊ ​ဗဟုသုတများစွာတို့ကို ​ပေးနိုင်​စွမ်းရှိသည့်​အပြင်​ တွေးစရာများစွာကိုလည်း ​မွေး​ပေးနိုင်​စွမ်းရှိသည်​။ စာအုပ်​တစ်​အုပ်​ဖတ်​ပြီး​နောက်​ ထိုစာအုပ်​၏ ဇတ်​လမ်းထဲတွင်​ အချိန်​ကြာကြာ စီး​မျောသွားတတ်​၏။ ပကတိခံစားချက်​များ၏ ဖိစီးနှိပ်​စက်​မှုသည်​လည်း ခဏတဖြုတ်​​တော့ ​ပျောက်​ကင်းသွား၏။ ကျွန်​​တော်​က အမိုးပွင့်​အကျဉ်း​ထောင်​ထဲ၌ ပိတ်​မိ​နေ​သော လူသားမြူမှုန်​တစ်​ပွင့်​ မဟုတ်​​ပါလော။

မ​နေ့ မနက်​ကစ၍ ဖတ်​လာခဲ့​သော စာ​ရေးဆရာ မြသန်းတင့်​၏ "ကျွန်​​တော်​ဆက်​၍​ရေးချင်​​သော ဝတ္ထုများ" စာအုပ်​ကို ဒီ​နေ့ည ၁၁ နာရီတွင်​ ဖတ်​ပြီး၏။ ​တွေးစရာများစွာလည်း ကျွန်​​တော်​ထဲ​ခေါင်းထဲ ​နေရာယူခဲ့ပြီ။

အခန်းထဲတွင်​ ​ရေ​နွေးကြမ်း​ ငှဲ့​သောက်​ရင်း ကျွန်​​တော်​တစ်​​ယောက်​တည်း ​တွေး​နေ၏။ ​ခေါင်းစဉ်​ဟူ၍ သီးသန့် ​မရှိ​သော တွေးမိ​တွေးရာများ။ ​တွေးချင်​ရာ​​တွေး​နေခြင်းပင်​ဖြစ်​သည်​။

တ​လောက ဖတ်​ဖူး​သော "စာ​ရေးခြင်း အတတ်​ပညာ" စာအုပ်​ထဲက စကားလုံးအများကြီးလည်း ​ခေါင်းထဲမှာ ​နေရာယူထားသည်​မှာ ပူပူ​နွေး​နွေး။ စာ​ရေးခြင်း ​ဆိုတာ ကျွန်​​တော့အတွက်​ အကျဉ်းကျခံ​နေရသည့်​ ​ခေါင်းကို လွတ်​လပ်​မှု​ပေးခြင်းဖြစ်​၏။ ကျွန်​​တော်​ တစ်​ခုခု​ရေးချင်​သည်​။ အကျဉ်းကျခံ​နေရ​သော အမှန်​တရား​များကို ထုတ်​​ရေးချင်​သည်​။ ထို့​ကြောင့်​ ​တွေး​နေ၏။ အ​တွေးကို ​ဘောင်​ခတ်​မထားဘဲ လွတ်​လပ်​စွာထား၏။ ​တွေးချင်​ရာ​တွေးပါ​စေ​တော့။

အခန်းထဲက မီးကြီးကိုပိတ်လိုက်​သည်​။ ညအိပ်မီးသည်​သာ မှိတ်​တုတ်​မှိတ်​တုတ်​ လင်းလျက်​။ တိတ်ဆိတ်​​နေေ​သာ ​​အ​မှောင်​ထဲတွင်​ ​အတွေးခန်းဝင်​ရသည်​ကို ကျွန်​​တော်​ အလွန်​နှစ်​သက်သည်​။

"​ဟေ့ ... လူ ... ​ဟေ့ ... လူ ..."

ခေါ်သံတစ်​ခု။ ​အသံက ပက်​လက်​ကုလားထိုင်​​ပေါ် လဲ​လျောင်း​နေ​သည့်​ ကျွန်​​တော့၏ ​ခေါင်းရင်းက ထွက်​လာသည်အလား အလွန်​နီးကပ်​​သော အသံ။ လှည့်​ကြည့်​လိုက်​​တော့ ထူးဆန်း​သော လူတစ်​​ယောက်​။ ထိုလူကို ကျွန်​​တော်​မသိ။ အသက်​က ကျွန်​​တော်​နှင့်​ မတိမ်​မယိမ်းပင်​ ရှိမည်​ထင်​ရ၏။ ကျွန်​​တော့ကဲ့သို့ပင်​ ခပ်​ပိန်​ပိန်​၊ အသားဖြူဖြူ၊ များလုံးကြည်​ကြည်​၊ ဆံပင်က မတိုလွန်းမရှည်​လွန်း။ အပြာ​ရင့်​ရင့်​ အင်္ကျီကို အပြာရင့်​ရင့်​ ​ဘောင်းဘီနှင့်​တွဲဝတ်​ဆင်​ထားပြီး အဖြူ​ရောင်​ လည်​စီး​ကို အ​နောက်​တိုင်းဆန်​ဆန်​ ဝတ်​ဆင်​ထားသည်​။ မြင်​ဖူးသလိုလို ဖြစ်​​နေ​သော်​လည်း မည်​သူမည်​ဝါဆိုသည်​ကို ​သေချာ မှတ်​မရ။

ကျွန်​​တော်​က အခန်းတံခါးကို ​သေချာပိတ်​ထားခဲ့သည်​ပင်​။ ဒီလူ အခန်းထဲသို့ မည်​သို့ဝင်​လာခဲ့သနည်း။ ကျွန်​​တော့ လိပ်​ပြာ​တောင်​ ​အေးခနဲဖြစ်​သွား၏။ ကျွန်​​တော့် ခန္ဓာကိုယ်​လည်း မသိမသာ တုန်​ယင်​​နေသည်​။ ​ကြောက်​စရာပင်​မဟုတ်​လား။ စဉ်းစား​နေတုန်းမှာပင်​ ဒီလူက ထပ်​ပြီး​ခေါ်သံပြုလိုက်​သည်​။

"​ဟေ့ လူ ... ​ခေါ်​နေတာ မကြားဘူးလား​ဗျ ... ဘယ်​အ​တွေးထဲ နစ်​မြုပ်​​နေတာလဲ ..."

ပြောရင်းနှင့်​ ကျွန်​​တော့​ရှေ့ကို​တောင်​​ ရောက်​လို့လာခဲ့ပြီ။ သူ့အသံက ပြတ်​သား​သော်​လည်း ညှင်​သာလှ၏။

"ခင်​​ဗျာ ... ဘာမှ​တော့ ​ထွေ​ထွေထူးထူး မ​တွေးပါဘူး ... ဒီအတိုင်းပဲ မှိန်းနေတာပါ ... ဒါနဲ့ ခင်​​ဗျား ဘယ်​သူလဲ​ဗျာ ..."

ကျွန်​​တော်​က မဝံ့မရဲ ​မေးလိုက်​သည်​။ သူက တစ်​ချက်​ပြုံးလိုက်​၏။ မဲ့ပြုံး ​လှောင်​ပြုံးလား။ သူ့ဟာသူ သည်​အတိုင်း ပြုံးကျင့်​ရှိလို့ ရိုးရိုးသားသားပဲ ပြုံးမိတာလား ကျွန်​​တော်​မခွဲ​ဝေတတ်​။ အခန့်​မသင့်​လျှင်​ ​အော်​ပြီး အကူအညီ​တောင်းရန်​သာ ကျွန်​​တော်​ အသင့်​ပြင်​ထား၏။

"ကျုပ်​က Facebook ​လေ​ဗျာ ... ခင်​​ဗျား ကျုပ်​ကို တကယ်​မသိတာလား ... မသိဟန်​​ဆောင်​​နေတာလား ..."

သူက တအံ့တဩ ​မေးသည်​။ အသံက ရင်းရင်းနှီးနှီး။ ကျွန်​​တော့် အ​ကြောက်​စိတ်​သည်​လည်း အတန်​အသင့်​ ​ပြေစပြုပြီ။ သို့ရာတွင်​ ကျွန်​​တော်​ ရှက်​မိသွား၏။ တုံးလွန်းတဲ့ ငါပါလား​နော်​။

"သိပါပြီ​ဗျာ ... အခုတ​လော ခင်​​ဗျားဆီ သိပ်​မ​ရောက်​ဖြစ်​တာနဲ့ .... ပြီး​တော့ ခင်​​ဗျားကလည်း အသွင်​အပြင်​ နည်းနည်း ​ပြောင်းလိုက်​​တော့ ... "

ကျွန်​​တော်​က ကိုယ့်​အပြစ်​ချည်းသက်​သက်​လည်း မဟုတ်​​အောင်​ သူ့ဖက်​ကိုလည်း အနည်းငယ်​ထိုးချပြီး​ပြောလိုက်​လျှင်​ သူက ရယ်​လျက်​ --

"ဟားဟား ... ဟုတ်​တယ်​​ဗျာ ... ကျုပ်​ဘဝကလည်း မလွယ်​ဘူး ... ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ လုံး​ပန်း​နေရတာ​နဲ့ ​သေချာ ပြင်​ဆင်​ချိန်​​တောင်​ ရတာမဟုတ်​ဘူး ... "

သူက ညည်းတွားသည်​။

"​ပြောပြပါအုံး ... ဘယ်​လို ပြဿနာ​တွေနဲ့များ လုံးပန်း​နေရတာလဲဆိုတာ​လေး"

" ကဲ​ဗျာ ... ဒါဆိုလည်း ကြုံတုန်း နည်းနည်း ​ရင်​ဖွင့်​လိုက်​မယ်​​... ဒီမှာ ထိုင်​မယ်​​နော်​ ... "

" ထိုင်​ပါ ထိုင်​ပါ ..."

ကျွန်​​တော့ ​ရှေ့က ထိုင်​ခုံတွင်​ ဝင်​ထိုင်​လိုက်​၏။

"ကျုပ်​စင်​မြင့်​​ပေါ်တက်​ပြီး ကျုပ်​ကို​ရော သူတစ်​ပါးကို​ရော ဆဲနည်းမျိုးစုံနဲ့ ဆဲ​နေတဲ့လူ​တွေရဲ့ ပြဿနာ ... ကျုပ်​စင်​မြင့်​​ပေါ်တက်​ပြီး သူများသားသမီးကို လွယ်​လွယ်​​လေး ရည်​စားစကားသွား​ပြောတဲ့ ပြဿနာ ... ကျုပ်​စင်​မြင့်​​ပေါ်တက်​ပြီး အပြိုင်​အဆိုင်​ နိုင်​ငံ​ရေးမဲဆွယ်​​နေတဲ့ ပြဿနာ ... ကျုပ်​စင်​မြင့်​​ပေါ်တက်​ပြီး လူမျိုး​ရေး ဘာသာ​ရေး အမုန်းတရား​တွေ ​ဟော​ပြော​နေတဲ့ ပြဿနာ ... ​ပြောရရင်​ ​ပြောမဆုံး​ဘူး​ဗျာ ... ဒီပြဿနာ​တွေ လိုက်​​ဖြေရှင်း​နေရတာနဲ့ ​ကျုပ်​ရဲ့ အသွင်​အပြင်ကို ကျုပ်​​တောင်​ မှန်​ထဲ မကြည့်​အားတာ ကြာလှပြီ ..."

ဒီလူ​ပြောပြ​နေသည့်​ အ​ကြောင်းအရာများကို ကျွန်​​တော်​ ချက်​ချင်းနားလည်​၏။ သူ့စင်​မြင့်​​ပေါ်တက်​လျှင်​ ​နိစ္စဓူဝ ကိုယ်​​တွေ့ကြုံ​တွေ့​နေရသည့်​ အ​ကြောင်းအရာချည်းပဲ မဟုတ်​ပါလား။

"ခင်​​ဗျား ​ပြောပြ​တဲ့ ပြဿနာ အများစုဟာ ဘယ်​နိုင်​ငံက user ​တွေကြားမှာ ပိုများသလဲ ..."

ကျွန်​​တော်​က ​ဗဟုသုတအလို့ငှါ ​မေးလိုက်​သည်​။

"ခင်​​ဗျားတို့ နိုင်​ငံက user ​တွေ​ပေါ့​ဗျာ ... ခင်​​ဗျားလည်း ​တွေ့​နေကျပဲဟာကို အထူးအဆန်း လာ​မေး​နေ​သေးတယ်​ ... ဟွန့်​ "

လာပြီ။ အ​​ရေးထဲ ကိုယ့်​နိုင်​ငံကို နှိမ်​ပြီး​ပြောတယ်​ .. ဟု သူမသိအောင် ရေရွတ်လိုက်မိသည်။

"ခင်​​ဗျား ​ပြောတဲ့ ပြဿနာနဲ့ မတူဘဲ အမှန်​တရားအ​ကြောင်း၊ ​မေတ္တာတရားအ​ကြောင်း၊ ပညာ​ဗဟုတ ရ​စေတဲ့အ​ကြောင်း​တွေ ​​ရေး​ပြော​နေတဲ့ user ​တွေလည်း ကျုပ်​တို့ နိုင်​ငံမှာ ရှိတယ်​​လေ​ဗျာ ..."

ကျွန်​​တော်​ကလည်း ​ခေသူမဟုတ်​​တော့ ကိုယ့်​နိုင်​ငံ၏ ဂုဏ်​သိက္ခာကို သူကချလည်း ကိုယ်​က ပြန်​ မ,ယူဖို့ အားထုတ်​သည်​။

"ရှိ​တော့ရှိတယ်​ ... ဒါ​ပေမယ့်​ သိပ်​နည်းတယ်​​ဗျာ ... အဲ့လို user ​တွေများ​လေ ပြဿနာ နည်း​လေပဲ ... ဒါ​ပေမယ့်​ ခင်​​ဗျားတို့ နိုင်​ငံက ဝီရသူတစ်​​ယောက်​ရဲ့ တစ်​ရက်​တည်း ပြဿနာကို​တောင်​ တစ်​နှစ်​​လောက်​ လိုက်​​ပြီး ဖြေရှင်း​နေရတာ​တောင်​ ရှင်းမကုန်​ဘူး​ဗျာ... ကျန်​တာ ခင်​​ဗျားပဲ ​တွေးကြည့်​​ပေ​တော့ ..."

သူ၏ သက်​​သေသာဓကနှင့်​တကွ ​ပြောပြလာသည်​ကို ပြန်​​ချေပဖို့ အားအင်​ ကျွန်​​တော့်​မှာ မရှိ​တော့။ ထပ်​ပြီး မည့်​သည့်​သက်​​သေများ လာချပြမည်​နည်း။ ကျွန်​​တော်​ ​စိတ်​ဝင်​တစား နား​စွင့်​​နေမိသည်​။

"ပြီး​တော့ ... ရခိုင်​အ​ရေး ပြဿနာ ... အဲ့ ပြဿနာနဲ့လည်း ​တော်​​တော်​ ပင်​ပန်းတယ်​​ဗျာ ... ခင်​​ဗျားတို့အစိုးရက အဲ့​ဒေသကို သတင်းသမား​တွေ နိုင်​ငံတကာသံတမန်​​တွေ သွားခွင့်​မပြု​တော့ အဲ့​ဒေသမှာ ရှိ​နေတဲ့ လူနည်းစုတစ်​စု ... နာမည်​ဘာလဲ ... ဪ ... မှတ်​မိပြီ ... ရိုဟင်​ဂျာပဲ ... ခပ်​နွမ်းနွမ်း မျက်​နှာနဲ့ ပိန်​ပိန်​ချုံးချုံး ခန္ဓာနဲ့ အဲ့လူ​တစ်​စုအ​ပေါ် အစိုးရကိုယ်​တိုင်​က စီမံကိန်းချပြီး အနိုင်​ကျင့်​ လူမျိုးတုံး သတ်​ဖြတ်​​နေတဲ့ ဖြစ်​စဉ်​​တွေကို verify လုပ်​​ပေးရတာကလည်း ကျုပ်​အတွက်​ အ​တော်​​ခေါင်းစား​နေတဲ့ ပြဿနာ​ဗျာ ... တစ်​ချို့လူ​တွေက တစ်​ခါတ​လေ ကျုပ်​ကပါ ဂျီနိုဆိုက်​တရားခံ​တွေကို အား​ပေး​နေတယ်​ ဘာညာဆိုပြီး စွပ်​စွဲတယ်​​လေ​ဗျာ ... တကယ်​​တော့ အဲ့တာမမှန်​ဘူး​လေ ... ကျုပ်​က ဂျီနိုဆိုက်​တရားခံ​တွေကို ရ​အောင်​​ဖော်​မယ့်​ အမျိုးအစားထဲကပဲဆိုတာ အဲ့လူ​တွေ နားလည်​​အောင်​ ရှင်းပြဖို့ကလည်း ကျုပ်​မတတ်​သာဘူး ... "

ရခိုင်​အ​ရေး ​ပြောလာ​တော့ ကျွန်​​တော်​ပို၍ စိတ်​ဝင်​စားသွားမိ၏။ သည်​တစ်​ခါ သူ၏ ​ပြောပြပုံမှာ သူ့ကိုသူ အားမလိုအားမရသည့်​ပုံစံမျိုး။

"တကယ်​လည်း ခင်​​ဗျားက မတရားခံ​နေရတဲ့ လူ​တွေရဲ့ ပိုစ့်​​တွေကို တစ်​ခါတ​လေ ဖြုတ်​တတ်​​တယ်​​လေ ... ကျုပ်​ရဲ့ အ​ကောင့်​ သုံး​လေးခု​တောင်​ ပိတ်​ပစ်​တာပဲ မဟုတ်​လား"

ဂွင်ကြုံတုန်း ကျွန်​​တော်​ကလည်း ဖိပြောလိုက်သည်။

"​အေး​ဗျာ ... ကျုပ်​တို့အဖွဲ့ကလည်း တစ်​ခါတ​လေ အမှားကျူးလွန်​တတ်​တာ ရိုးရိုးသားသားပဲ ဝန်​ခံပါရ​စေ ... ဒါ​ပေမယ့်​ အဲ့ဒီ လူနည်းစု ရိုဟင်​ဂျာအ​ကြောင်း အများဆုံးနဲ့ အမှန်​ဆုံး​တွေ အ​ရေးများတဲ့ လူတစ်​​ယောက်​ကို ကျုပ်​တို့က Blue Mark ​တောင်​​ပေးပြီး authentic ဖြစ်​​အောင်​ လုပ်​​ပေးတယ်​​လေ... "

သူ ဘယ်​သူ့အ​ကြောင်း ​ပြော​နေသည်​ဆိုတာကို ကျွန်​​တော်​တပ်​အပ်​သိ​နေ၍ ပြန်​ပြီး ​မေးခွန်းမထုတ်​ဖြစ်​။

"ဒါနဲ့ ... ​ပြောလက်​စ ပြဿနာအ​ကြောင်း ဆက်​​ပြောပြမယ်​​ဗျာ ... အဲ့​ဒီ ရခိုင်​ဒေသက ရိုဟင်​ဂျာ​တွေ ​နေ့တိုင်း မတရား အသတ်​ခံရတာတို့ ... မတရား ဖမ်းဆီးခံရတာတို့ ... ဒီသတင်း​တွေကို တစ်​ချို့လူတွေက ခက်​ခက်​ခဲခဲလိုက်​ပြီး ကျုပ်​စင်​မြင့်​​ပေါ်က​နေ ကမ္ဘာကို သိ​စေချင်​တာ​လေ ... ကျုပ်​လည်း ကမ္ဘာကြီးလက်​ခံ​စေနိုင်​တဲ့ သတင်းအမှန်​လား သတင်းအမှားလား ဆိုတာ​တွေ verify လုပ်​​ပေးရတယ်​ဆိုပါ​တော့ ... ခက်​​တော့ ခက်​သား​ဗျ ... တစ်​ဖက်​က ဒီလူ​တွေကို မျိုးတုံး​အောင်​ ရည်​ရွယ်​ချက်​ရှိရှိ သတ်​​ဖြတ်​​နေတဲ့ လူသတ်​သမား​တွေ ကိုယ်​တိုင်​က လုပ်​ကြံဇတ်​လမ်းအမျိုးမျိုးနဲ့ ကမ္ဘာကြီးကိုြေ​ဗာင်​လိမ်​ဖို့ကြိုးစား​နေတယ်​​လေ ... ခင်​​ဗျားတို့ စကားနဲ့​ပြောရရင်​ ဂျင်းထည့်​​နေတယ်​​ပေါ့​ဗျာ ... အဲ့ဒါ​တွေကို ​ကျော်​ပြီး ခံ​နေရသူ​တွေရဲ့ သတင်းကို လူအများကယုံ​အောင်​ လုပ်​ရတာကလည်း တကယ်​မလွယ်​ဘူး​ဗျာ ..."

သူက စီကာပတ်ကုံး ​ပြောပြ​နေသည်​။

"ဒါနဲ့ ... ကွမ်းတစ်​ယာလောက်ရှိရင် ​​ကျွေးပါအုံး ..."

"ကွမ်းဖြတ်​ထားတာ ကြာပြီ​ဗျာ ... ​ရေ​နွေးကြမ်း​လေး ​သောက်​ပါလား .... "

"ဒါဆို ​စီးကရက်​ တစ်​လိပ်​​လောက်​ ...​ ရေ​နွေးကြမ်းနဲ့ ​စီးကရက်​တွဲလိုက်​ရင်​ ​​တကယ်​အရသာ​ဗျာ ... အချမ်းလည်း​ပြေ​စေတယ်​​လေ ... ဟားဟား ..."

သူက ပြောပြီး သူ့ဘာသာသူ ရယ်​လိုက်​သည်​။

"​အားနာပါတယ်​​ဗျာ ... ကျုပ်​က စီးကရက်​သမားမဟုတ်​​တော့ ..."

" အို့ ... ​ဆော​ရီး​နော်​ ..."

သူအားနာသွားသည်​။ ကျွန်​​တော်​လည်း အားနာသွားပြန်​သည်​။ ရှက်​လည်းရှက်​မိသွား၏။ သူက ကျွန်​​တော့်ဆီ လာလည်​​သော ဧည့်​သည်​။ တစ်​ခုခုနှင့်​ တည်​ခင်းဧည့်​ခံသင့်​သည်​ မဟုတ်​လား။

"ခဏ​ဗျာ ... ကျုပ်​​ စီးကရက်​ သွားယူမယ်​" ဆိုပြီး အခန်းထဲက ကျွန်​​တော်​ ထွက်​လာခဲ့သည်​။ အိမ်းနားက ဆိုင်​ရှင်​က အိပ်​​နေပြီ။ အ​တော်​​ခေါ်ယူခဲ့ရ၏။ ပရီမီယားဂုလ်​စီးကရက်​တစ်​ဗူး ဝယ်​လာသည်​။

"ရော့ ... ​သောက်​​ပါအုံး ... ကျုပ်​လည်း ​သောက်​မယ်​​ဗျာ ... ခင်​​ဗျားနဲ့ စကား​ပြောရတာ အားရတယ်​ ..."

"ဟား ဟား ... ဟား ဟား ..."

သူက ခွက်​ထိုးခွက်​လှန်​ ရယ်​သည်​။ ​စီးကရက်​တစ်​လိပ်​ကို မီးညှိပြီး ဖွာလိုက်​ရင်း ...

"တ​လောက ​မောင်​​တော အင်းဒင်​ဆိုတဲ့ရွာက လူဆယ်​​ယောက်​ အသတ်​ခံရပြီး အစုလိုက်​အပြုံလိုက်​မြုပ်​ထားတယ်​ဆိုတဲ့ သတင်းတက်​လာတာ ခင်​​ဗျား ဖတ်​ပြီးပြီ ထင်​တယ်​ ..."

"အင်း ... ဖတ်​လိုက်တယ်​​လေ ... အဲ့အ​လောင်းတွေကို အစိုးရက သွား​ဖော်​တယ်​လို့ ဖတ်​လိုက်​ရတယ်​ ... ဘယ်​သူသတ်​လဲ ဆိုတာ​တော့ ​သေ​သေချာချာ ​ရေးမထားဘူး ... ကျွန်​​တော်​ ဖတ်​ဖူးတာ တစ်​လ​လောက်​က ရှိမယ်​ထင်​တယ်​ ... အခုတ​လော သိပ်​ ​online မတက်​ဖြစ်​တာနဲ့ ... "

"ဪ ... ခင်​​ဗျားက update နဲ့ ပြတ်​​နေတယ်​​ပေါ့​လေ ... ကျုပ်​​ပြောပြမယ်​​ဗျာ ... အဲ့လူဆယ်​​ယောက်​ကို ဘယ်​သူသတ်​လဲ ဆိုတာထက်​ အဲ့အ​လောင်း​တွေကို အစိုးရက ဘာလို့ သွားတူး​ဖော်​သလဲဆိုတာ အ​တော်​စိတ်​ဝင်းစားဖို့ ​ကောင်းတယ်​ ... မနှစ်​က ဩဂုတ်​လ ၂၅ ရက်​​နေ့ကစပြီး ရိုဟင်​ဂျာ​ ထောင်​​ပေါင်းများစွာကို အစိုးရကိုယ်​တိုင်​က သတ်​တယ်​လို့ နိုင်​ငံတကာအစိုးရက​ရော လူ့အခွင့်​အ​ရေး ​စောင့်​ကြည့်​​ရေးအဖွဲ့​တွေက​ရော ခိုင်​ခိုင်​မာမာ သက်​​သေ​တွေနဲ့ ​ပြော​နေတယ်​​လေ ... ဒီလို အ​ပြောခံ​နေရတဲ့ အစိုးရကိုယ်​တိုင်​က သူတို့သတ်​တယ်​လို့ စွပ်​စွဲခံရတဲ့ အ​လောင်း​တွေကို သူတို့ကိုယ်​တိုင်​ သွား​တူးဖော်​တာ အ​ကြောင်းရှိတယ်​​ဗျာ ... "

သူက ကုန်​လက်​စ စီးကရက်​က​နေ မီးကို ​နောက်​တစ်​လိပ်​မှာ ကူးပြီး ဆက်​ဖွာလိုက်​သည်​။ ကျွန်​​တော်​က ​မ​သောက်​တတ်​​သောက်​တတ်​နှင့်​ စီးကရက်​ကို ဖွာ​နေ​​လေတော့ သိပ်​အရသာမ​တွေ့။ အချမ်း​တော့ နည်းနည်း​ပြေ​စေတာ သတိပြုမိသည်​။ သူက ဆက်​​ပြောပြလာ၏။

"ဒီအ​လောင်းကိစ္စနဲ့ ရိုက်​တာ သတင်း​ထောက်​နှစ်​​ယောက်​အဖမ်းခံရတာနဲ့လည်း တိုက်​ရိုက်​ပတ်​သက်​​နေတယ်​​ဗျာ ... ပြီး​တော့ အင်းဒင်​က ​ရခိုင်​ ကျောင်းဆရာတစ်​ချို့နဲ့ ရခိုင်​ရွာသားတစ်​ချို့ အဖမ်းခံရတာနဲ့ပါ​ပေါ့ ... ဒီ​တော့ အစိုးရက သူတို့သတ်​တာ မဖုံးနိုင်​တဲ့အဆုံး လိုက်​​ဖော်​လိုက်​တာ​လေ ... "

သူက ​​ရေ​နွေးကြမ်း တစ်​ငုံ​သောက်​ပြီး စီးကရက်​ကို ဆက်​ဖွာ​နေ၏။ စိတ်​ဝင်းစာစရာ​ကောင်း​သော သူ၏ ​ပြောပြချက်​များကို ကျွန်​​တော်​ အ​သေအချာ နား​ထောင်​​နေသည်​။

"အဲ့တုန်းက ရိုဟင်​ဂျာ အက်​တီ​ဗစ်​ ကို​ Ro Nay San Lwin က ဒီလူ​တွေကို ဘယ်​​နေ့ ဘယ်​​နေရာက​နေ ဖမ်းပြီး ဘယ်​မှာ သတ်​လိုက်​တယ်​ဆိုတာ ဓာတ်​ပုံသက်​​သေနဲ့တကွ အတိအလင်း ​ပြောပြသွားတာ ... ကို​နေဆန်းလွင်​ကလည်း တကယ်​​ FBI ​ဗျာ ... လျှို့ဝှက်​ချက်​​တွေ သိပ်​​ဖော်​တတ်​တယ်​ ... ဟားဟား ..."

သူက သူ့ဘာသာသူ သ​ဘောကျပြီး သူဘာသာသူ ရယ်​မိပြန်​သည်​။

"ကျွန်​​တော်​လည်း သတိပြုမိတယ်​ ... ကို​နေဆန်းလွင်​က ဒီ​လောက်​အ​ဝေးကြီးမှာ​နေပြီး ရခိုင်​က သတင်းအ​တော်​များများကို လိုက်​ပြီး အမှန်​အတိုင်း ​ဖော်​​ရေးတတ်​တယ်​​နော်​ ... "

"ဟုတ်​တယ်​​ဗျာ ... ဒီအစိုးရကလည်း သူ့ကြောင့်​ ​ဗျာများရတာ​တွေ မနည်းဘူး ... အခုကိစ္စမှာ​လည်း ဒီအစိုးရ တပ်​မ​တော်​ကာကွယ်​​ရေးဦးစီးချုပ်​ရုံးက သတင်းဘယ်​လို ထုတ်​ပြန်​တယ်​လို့ ထင်​လဲ ... "

သူက ကျွန်​​တော့်​ကို ​မေးလိုက်​သည်​။ ကျွန်​​တော်​ ​သေ​သေချာချာ မသိ။ အစိုးရ လုပ်​​နေကျ "အမည်​မသိ လူအုပ်​စုက သတ်​တယ်​လို့ပဲ ထုတ်​ပြန်​တာလား ..." ဆိုပြီး ပြန်​​မေးခွန်းထုတ်​လိုက်​၏။

"ဒီတစ်​ခါ အဲ့လို ဘယ်​ရမလဲ​ဗျာ ... ရိုက်​တာသတင်း​ထောက်​နှစ်​​ယောက်​​ကြောင့်​ရယ်​ ... အင်းဒင်​ ရွာသားအချို့​ကြောင့်​ရယ်​​ ... ပြီး​တော့ ကို​နေဆန်းလွင်​ကြောင့်​ရယ်​​ပေါ့ ... "

သူက စီးကရက်​ကိုသာ တစ်​လိပ်​ပြီးတစ်​လိပ်​ ဖွာ​နေ၏။

"ဒီ​တော့ ..."

"ဒီ​တော့ ... ဒီတစ်​ခါ သူတို့ တပ်​မ​တော်​ကိုယ်​တိုင်​က သတ်​တယ်​လို့ ဝန်​ခံရတာ​ပေါ့​ဗျာ ..."

"ဟာ ... တကယ်​လား​ဗျာ ... ထူးဆန်းလိုက်​တာ ... ဒါဟာ လူသတ်​တယ်​ဆိုပြီး တပ်​မ​တော်​က ပထမဆုံးအကြိမ်​ ဝန်​ခံတာရှိမယ်​ ..."

ကျွန်​​တော်​က တအံတဩ ​ပြောလိုက်​သည်​။

"ဒါ​ပေမယ့်​ ... ဇတ်​လမ်းကို မိတ်​ကပ်​လိမ်းပြီး စိတ်​ကူးနဲ့ ထွင်​တယ်​​​လေဗျာ ... ဒီလူဆယ်​​ယောက်​က ရခိုင်​ရွာ​တွေကို တိုက်​ဖို့ သွားတယ်​ ... ထိန်းမနိုင်​တဲ့အဆုံး လုံခြုံ​ရေးတပ်​ဖွဲ့​တွေက ရှင်းလိုက်​ရတယ်​ သ​ဘောနဲ့ ​ရေးထားတယ်​​လေ ... အကြမ်းဖက်​သမား​တွေကို ရှင်းလိုက်​တဲ့သ​ဘောနဲ့ သတင်းထုတ်​ပြန်​လိုက်​တာ​ပေါ့​ဗျာ ..."

"ဒါက ​ဒေသခံရခိုင်​နဲ့ ရိုဟင်​ဂျာ​တွေကြား သက်​သက်​ကို မသင့်​မတင့်​ဖြစ်​​အောင်​ ပြဿနာမီး​မွှေး​ပေးတာ​ ... အကြမ်းဖက်​သမားဖြစ်ဖြစ်​ ဘာသမားပဲဖြစ်​ဖြစ်​ လူ​တွေကို အဲ့လို လက်​လွတ်​စပယ်​ သတ်​လို့မှ မရတာ ... သတ်​​တုန်းက သတင်းထုတ်​ပြန်​တာလည်း မရှိဘူး ... ဒီအစိုးရက ​တော်​​တော်​ တစ်​​ဇောက်​ထိုး လိမ်​ရဲတယ်​​ဗျာ ..."

ကျွန်​​တော့်​အသံမှာ ​ဒေါသထွက်​လာသံက မသိမသာ ရောထွေး​လာ​၏။

"ခင်​​ဗျား​ပြောသလိုပဲ ... ကို​နေဆန်းလွင်​ကလည်း ​ပြောတယ်​ ... ပြီး​တော့ နိုင်​ငံတကာ အစိုးရက​ရော လူ့အခွင့်​အ​ရေး ​စောင့်​ကြည့်​​ရေးအဖွဲ့​တွေက​ရော အဲ့ဒီလို ​မေးခွန်းထုတ်​​နေပြီ ... ဒီတစ်​ခါ​တော့ ဒီအစိုးရမိပြီ​ဗျာ ... ICC အတွက်​ ကုန်​ကြမ်း​တွေ သူတို့ကိုယ်​တိုင်​ ထုတ်​​ပေးသလို ဖြစ်​​နေတယ်​​လေ ... ဟားဟား ...."

သူက ​ပြောပြီး ရယ်​ပြန်​သည်​။ စကား​ပြော​ကောင်း​နေသည်​နှင့်​ စီးကရက်​​ဗူးကလည်း တစ်​ဝက်​​လောက်​ ကုန်​ခဲ့ပြီ။ အချိန်​ကလည်း ညသန်း​ခေါင်​​ကျော်​လာပြီ။ ကျွန်​​တော့ မျက်​လုံးတွင်​ အိပ်​​ရေးက တွဲခိုလာ​စပြု​နေ၏။

"ဟို​ကြောင်း ဒီ​ကြောင်း​တွေ​ပြောရင်းနဲ့ ခင်​​ဗျားဆီ​ရောက်​လာတဲ့ အဓိက အ​ကြောင်​​ရင်း​တောင်​ လွဲကုန်​ပြီ​ဗျာ ... "

"​ပြောပါ ခင်​​ဗျား"

"ခင်​​ဗျား ကျုပ်​ဆီမလာတာကြာ​လေ​တော့ ​ဖျားများဖျားနေသလား ဆိုပြီး စုံစမ်းချင်​တာနဲ့ ဝင်​လာမိတာ ... ပြီး​တော့ ခင်​​ဗျားရဲ့ "သူ​လေး" က​ဗျာ​တွေ၊ "နှလုံးသားအတိုအထွာ​"တွေ ဆက်​ဖတ်​ချင်​တယ်​​လေ... အဲ့ဒါ​လေ ​ရေးဖို့ ​တောင်းဆိုမလို့ ... "

သူက ရွှင်​ရွှင်​ပြပြ ​​ပြုံးလျက်​ တောင်းဆိုလိုက်​သည်​။ ကျွန်​​တော်​က ​ပြန်​​ပြောစရာမရှိသလို​ ငြိမ်​​နေမိ၏။ အမျိုးအမည်​မသိ​သော ခံစားချက်​များ၊ ​ခေါင်းစဉ်​မရှိ​သော အလွမ်းများ ကျွန်​​တော့် ကိုယ်​ထဲသို့ မသိမသာ ဝင်​ပူးလာ​နေသည်​။

"ခင်​​ဗျားကို တစ်​ခုဝန်​ခံရမယ်​​ဗျာ ... သူ​လေးအတွက်​ ​ရေး​ရေးပြီး only me နဲ့ တင်​​နေတဲ့ ခင်​​ဗျားရဲ့ အလွမ်းစာ​တွေ သတိရစာ​တွေ သူ​လေးကိုဘယ်​​လောက်​ချစ်​​ကြောင်း ​ခံစားချက်​​တွေ ချ​ရေးတဲ့စာ​တွေကို ကျုပ်​ ဝင်​ဝင်​ပြီး ခိုးဖတ်​တယ်​​ဗျာ ...ဟားဟား ..."

သူက လျှို့ဝှက်​ချက်​တစ်​ခုကို ရင်​ဖွင့်​လိုက်​ပြီး​နောက်​ စိတ်​​ပေါ့ပါးသွားသည့်​ဟန်​ပန်​ဖြင့်​ တဟားဟား ရယ်​လိုက်​သည်​။ ကျွန်​​တော့် စိတ်​ထဲ ထင့်​ခနဲ ဖြစ်​သွား​၏။ သူ​လေးနှင့်​ ပတ်​သက်​ပြီး မည်​သူ့ကိုမျှ ကျွန်​​တော်​ မသိ​စေလို။ သူ​လေး ဂုဏ်​သိက္ခာကျစရာ​တွေ ကျွန်​​တော့်ဖက်​က မည်​သည့်​အခါမှ မည်​သည့်​အ​ခြေအ​နေ​ကြောင့်​မှ မကျူးလွန်​စေရ။ ဤသည်​မှာ သူ​လေးနှင့်​ ပတ်​သက်​ပြီး ကျွန်​​တော့၏ ရိုးသား​သော ခံယူချက်​ပင်​ဖြစ်​သည်​။

သို့​သော်​ ကျွန်​​တော့အတွက်​ only me ဆို​သော်​လည်း သူ့အတွက်​ မဟုတ်​။ သည်​စင်​မြင့်​​ပေါ်မှာ ဘယ်​သူ့မှမမြင်​​အောင်​ တက်​လည်း စင်​မြင့်​ကိုယ်​တိုင်​က သူပဲ မဟုတ်​လား။ ကျွန်​​တော့ only me ​တွေ သူက ခိုးဖတ်​တယ်​ဆိုတာ ကျွန်​​တော့ဖက်​က စိတ်​ဆိုးခွင့်​ နည်းနည်း ရှိ​သော်​လည်း ​စောဒကတက်​စရာ မရှိ။ သို့​သော်​ ...

"social media ကျင့်​ဝတ်​​နဲ့​တော့ နည်းနည်း လွဲ​နေမှာ​ပေါ့​နော်​ ... "

အတန်​ကြာမှ ​ပြော​သော ကျွန်​​တော့် စကား​ကြောင့်​ သူက ကုန်​လက်​စ စီးကရက်​ကို မီးသတ်​လိုက်​ပြီး _

"ခင်​​ဗျားသာ မကြိုက်​ဘူးဆိုရင်​ ကျုပ်​ အနူးအညွှတ်​ ​တောင်းပန်ပါတယ်​​ဗျာ ... ဒါ​ပေမယ့်​ ကျုပ်​က ခင်​​ဗျားရဲ့ စာဖတ်​ပရိသတ်​ဆို​တော့ တစ်​ခါတ​လေ စိတ်​ဝင်​စားလို့ ဝင်​ဖတ်​ရုံပါပဲ ... privacy ပိုင်းမှာ​တော့ လုံးဝစိတ်​ချလို့ရပါတယ်​​ ... "

ပြုံးစိစိနှင့်​ ​ပြောပြ​နေ​သော သူ့ကိုကြည့်​ပြီး စိတ်​ဆိုးရမလား ကိုယ့်​ကိုယ်​ကိုယ်​ ဂုဏ်​ယူရမလား ကျွန်​​တော်​ မ​ခွဲ​ဝေတတ်​။

"ဖြစ်​နိုင်​ရင်​ ခုနက ​တောင်းဆိုသလိုပဲ "သူ​လေး" က​ဗျာ​တွေ၊ "နှလုံးသားအတိုအထွာ"​တွေ ဆက်​​ရေးပါ​ဗျာ ... ပရိသတ်​ကလည်း ​မျှော်​​လောက်​​ရောပေါ့ ... ပြီး​တော့ ခင်​​ဗျားရဲ့ သူ​လေးကလည်း သူ့ကို သတိမရဘူးဆိုပြီး ​တွေး​ကောင်း​တွေးနိုင်​တယ်​ ... ကျုပ်​လည်း ဖတ်​ချင်​လှပြီ ..."

ပြောချင်​ရာ​ပြောပြီး​ သူက ထိုင်​ရာက ထလိုက်​သည်​။ ပြန်​သွားရန်​ ဟန်​ပြင်​​နေခြင်းဖြစ်​နိုင်​သည်​။

"ခဏ​လေး ... သူ​လေးကို ​တွေ့ရင်​ ဒီက​ဗျာ​လေး ​ပေးလိုက်​ပါ​ဗျာ ... ​နေ့လည်​က သတိရတုန်း သူ့ပုံ​လေးကို ထုတ်​ကြည့်​ပြီး ​ရေးလိုက်​တာ ... "

ကျွန်​​တော်​က ဒိုင်​ယာရီထဲ​ရေးထားသည့်​ သူ​လေး (၈) က​ဗျာ၏ စာမျက်​နှာကို ဆုတ်​ပြီး သူ့ကိုကမ်း​ပေးလိုက်​လျှင်​ သူက လှမ်းယူပြီး အသံထွက်​၍ ရွတ်​ဆို​နေသည်​။

"သူ​လေး (၈)"

နှစ်​​တွေကား အလီလီပြောင်းလဲလို့
ရက်​​ကြွေး​တွေလည်း ​ဟောင်းနွမ်းသွားခဲ့။

ကျွန်​​တော့မျက်​လုံးမှာ​တော့ သူ​လေး​က
အလှမပျက်​ အနုမပျက်​နဲ့။

ကျွန်​​တော့ အ​တွေးထဲမှာလည်း
သူ​လေး အနုကြမ်းစီးဝင်မြဲ။

တကယ်​ပါ ...
သူ​လေးကို ကျွန်​​တော်​ မေ့ရခက်​​နေဆဲ။

ယျာတင်​ (ရိုဟင်းသား)

"တကယ်​ မိုက်​တယ်​​ဗျာ ... ခင်​​ဗျာ စာ​ရေးဆရာ လုပ်​စားလို့ရပြီ ... စာ​ရေးဆရာ လုပ်​​ဗျာ ..."

သူက ကျွန်​​တော့ကို အကွက်​​ကောင်း​ကောင်းနှင့်​ ​မြှောက်​ထိုးပင့်​​ကော်​ လုပ်​​နေသည်​။

"ဟားဟား ... ခင်​​ဗျားက ကျုပ်​ကို ငမွဲဖြစ်​​စေချင်​​နေပြီနဲ့ တူတယ်​ ... "

"ဘာဆိုင်​လို့တုန်း ... စာ​ရေးတာနဲ့ င​မွဲ ဖြစ်​ရတာ ဘာဆက်​စပ်​မှု ရှိတာတုန်း ...."

သူက မ​ကျေမနပ်​သံဖြင့်​ ​မေးခွန်းထုတ်​သည်​။

"တစ်​​နေ့က ဆရာကြီး မြသန်းတင့်​ရဲ့ စာအုပ်​တစ်​အုပ်​မှာ ဖတ်​ဖူးတယ်​​ဗျာ ... ပီမိုးနင်းတို့ အင်္ဂလိပ်​ စာရေးဆရာကြီး ​အော်​လစ်​​ဗာဂိုးစမစ်​တို့ကို ဥပမာ​ပေးပြီး ​ပြောသွားတာ​လေ ... တကယ့်​ စာ​ရေးဆရာကြီး​တွေက ဘဝအဆင်​မ​ပြေမှု​တွေနဲ့ ကြုံ​တွေ့ခဲ့ရ​တယ်​တဲ့ ... အဲ့လို အဆင်​မ​ပြေမှု​တွေကပဲ သူတို့ကို ခံစားချက်​​တွေ ဖြစ်​​စေပြီး စာ​ကောင်း​ပေ​ကောင်း​တွေ ထွက်​လာ​စေတတ်​တာတဲ့ ... ဟားဟား ... ကျုပ်​လည်း ​သေချာမသိဘူး​ဗျာ ... ဖတ်​မိတာ​လေး ​ပြောပြတာပါ ..."

သူက သက်​ပြင်းရှည်​တစ်​ခုကို ချပြီး တစ်​ခုခု​ပြောရန်​ အားယူလိုက်​သည်​။ ပြီးလျှင်​ ......။

သူ ဆက်​​ပြီး ဘာ​တွေပြောခဲ့သနည်း။ သူဘယ်​အချိန်​ ပြန်သွားခဲ့သနည်း။ ကျွန်​​တော်​ မမှတ်​မိ​တော့။ ​နေအ​တော်​မြင့်​မှ ကျွန်​​တော်​ မနက်​အိပ်​ရာက နိုးလာ​တော့သည်​။

ဪ ... ဟိုလူနှင့်​ စကား​ပြောရင်း ညက ကျွန်​​တော်​ အိပ်​​ပျော်​သွားသည်​ကိုး။
Rohingya Exodus