နောက်ဆုံးသတင်း/ဆောင်းပါးများ



မည်သူမဆို လက်မှတ်ရေးထိုးရန် လင့်ခ် -- http://chn.ge/2EfJ7NV

--

ဒေါက်တာဂျက်လိုက်ဒါနှင့် အောက်စဖို့ဒ်တက္ကသိုလ် စာပုံနှိပ်ထုတ်ဝေရေး (OUP) ၏ အာရှသမိုင်းစာ အတွဲစဉ် အပေါ် စိုးရိမ်မကင်း ဖြစ်မိကြောင်း အောက်စဖို့ဒ်တက္ကသိုလ်စာပုံနှိပ်ထုတ်ဝေရေးသို့ ပေးစာ။

ဖေဖော်ဝါရီလ (၅) ရက်၊ ၂၀၁၈

OUP စွယ်စုံကျမ်း သုတေသန၏ အာရှသမိုင်းစာ အတွဲစဉ်မှ လာမည့်အတွဲဖြစ်သော The ORE of Asia History တွင် ရိုဟင်ဂျာလူမျိုးစုများအကြောင်း အညွှန်းဆောင်းပါးကို ပြုစုရန် ဒေါက်တာ ဂျက်လိုက်ဒါအား တာဝန်ပေးအပ်ကြောင်း ကြားသိရသည့်အတွက် အောက်ပါလက်မှတ်ထိုးထားသော တတ်သိပညာရှင်များ၊ လူ့အခွင့်အရေးအတွက် စည်းရုံးလှုံ့ဆော်သူများပါဝင်သည့် ကျွန်ုပ်တို့ ပညာရှင်များအုပ်စုမှ အထူးပင် စိတ်အနှောက်အယှက်ဖြစ်ရပါသည်။ ဒေါက်တာ ဂျက်လိုက်ဒါသည် ဘန်ကောက်အခြေစိုက် Ecole Francaise de l' Extreme-Orient (EFEO) အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး နေပြည်တော်ရှိ မြန်မာ့တပ်မတော် စစ်သမိုင်းပြတိုက်၏ ထင်ရှားသော အကြံပေးတဦးဖြစ်သည်။ (လင့်ခ်ကို ရှု - http://asianhistory.oxfordre.com/page/forthcoming/).



လူကြီးမင်းတို့ သိပြီးဖြစ်သည့်အတိုင်းပင် တပ်မတော်ဟု သိကြသည့် မြန်မာစစ်တပ်သည် အပြည်ပြည်ဆိုင်ရာ ဥပဒေများအောက်ရှိ ရာဇဝတ်မှုများကို ကျူးလွန်နေကြောင်း ယုံကြည်လောက်ဖွယ် စွပ်စွဲခံနေရခြင်း ဖြစ်သည်။ ထိုရာဇဝတ်မှုများတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုများအပြင် ရာဇဝတ်မှုအပေါင်းတို့၏ သနင်းဟုပင်ဆိုအပ်သော ရိုဟင်ဂျာလူမျိုးစုများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု (ဂျီနိုဆိုက်) ပင် ပါဝင်သည်။

လူကြီးမင်းတို့ သိပြီးဖြစ်သည့်အတိုင်း အောက်စဖို့ဒ်တက္ကသိုလ်စာပုံနှိပ်ထုတ်ဝေရေးသည် ၎င်းတို့ ထုတ်ဝေသမျှ အညွှန်းစာတမ်းများနှင့် ပတ်သက်သောနယ်ပယ်များတွင် မျှတမှုနှင့် ယုံကြည်ထိုက်သည့် သြဇာတက္ကိရှိကြောင်း ဂုဏ်သတင်းအရှိန်အစော်ရှိသည်။ OUP online မှထုတ်ဝေလိုက်သော ရိုဟင်ဂျာနှင့်ပတ်သက်သမျှကို ပညာရှင်အသိုင်းအဝိုင်းကရော၊ သာမန်ပြည်သူလူထုကပါ အထူးအလည် ယုံကြည်ကိုးစားစရာအဖြစ် မှတ်ယူကြပေလိမ့်မည်။ ထို့ပြင် ကမ္ဘာပေါ်တွင် အကြီးများဆုံး နိုင်ငံမဲ့ဦးရေဖြစ်နေသည့် လူမျိုးစုကြီးတခုအပေါ် ကျူးလွန်နေသော ရာဇဝတ်မှုအမျိုးအမည်ကို နာမည်သတ်မှတ်ရန် လက်ရှိဖြစ်ပွားနေသော အငြင်းပွားမှုတွင် ကြီးမားသော အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေလိမ့်မည်။ ထိုလူမျိုးစု၏ လူမျိုးစုကိုယ်ပိုင်ဝိသေသလက္ခဏာနှင့် သမိုင်းကြောင်းဆိုင်ရာတည်ရှိမှုကို မြန်မာပြည်တွင် တရားဝင်အရလည်းကောင်း၊ လူကြိုက်များသည့်နည်းလမ်းဖြင့်လည်းကောင်း ဖျောက်ဖျက်နေခြင်းကို ခံနေရသည်။

သို့ဖြစ်၍ အောက်စဖို့ဒ် စွယ်စုံကျမ်းသုတေသန၏ အာရှသမိုင်းအတွက် အညွှန်းဆောင်းပါးအတွက် ဒေါက်တာ ဂျက်လိုက်ဒါကို ရွေးချယ်မှုအပေါ် အချက်အလက်မြောက်များစွာအပေါ်အခြေခံလျက် ကျွန်ုပ်တို့၏ စိုးရိမ်ပူပန်မှုကို လူကြီးမင်းတို့ အာရုံစိုက်မိစေရန် တင်ပြအပ်ပါသည်။

(၁) ရိုဟင်ဂျာများနှင့်ဖြစ်စေ၊ သူတို့၏သမိုင်းကြောင်းနှင့်ဖြစ်စေ ပတ်သက်၍ စာနယ်ဇင်းနှင့် အင်တာဗျူးများ၊ ဟောပြောပွဲများ၊ ရေးသားထုတ်ဝေသော ဆောင်းပါးများတွင် ဒေါက်တာလိုက်ဒါ ဆွဲကိုင်ထားသည့် ရပ်တည်ချက်များသည် သူ၏ ဦးတည်ချက်အပေါ် အလေးအနက် မေးခွန်းထုတ်စရာများ ရှိနေကြောင်း ကျွန်ုပ်တို့ တွေ့ရှိရသည်။ မြန်မာစစ်တပ်မှ ညွှန်ကြားသည့် ရိုဟင်ဂျာလူ့အဖွဲ့အစည်းအပေါ် အကြမ်းဖက်မှုများ နှင့် မြေလှန်မီးရှို့စစ်ဆင်ရေးများကို ဒေါက်တာလိုက်ဒါ၏ စနစ်တကျမှတ်တမ်းတင်ထားသော ငြင်းဆန်မှုပုံစံများမှာ ကြီးထွားလာနေသော တရားဥပဒေကြောင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများနှင့် လူ့အခွင့်အရေးဆိုင်ရာ သုတေသနအစီရင်ခံများ၏ စိန်ခေါ်ခြင်းကို ခံနေရသည်။ မြန်မာအစိုးရမှ ရိုဟင်ဂျာများကို အုပ်စုတခုအဖြစ်သတ်မှတ်ကာ ခွဲခြားစီရင် ဖိနှိပ်နေမှုသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုတည်းဟူသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုအဆင့်အထိပင် ရောက်ရှိနေကြောင်း အဆိုပါ အစီရင်ခံစာများက ညွှန်းပြနေသည်။
(၂) ရိုဟင်ဂျာများအပေါ် ချမှတ်ထားသော မူဝါဒများကို ခွင့်လွှတ်လက်ခံထားသည့် စစ်တပ်နှင့် အစိုးရအရာရှိများအတူ ဒေါက်တာလိုက်ဒါကို ရုပ်မြင်သံကြားပေါ်တွင် အတူယှဉ်တွဲ၍ မြင်ရခြင်းများသည် ကြည့်ရှုနေသော ပရိတ်သတ်အား ရိုဟင်ဂျာ ခြောက်သိန်းခွဲကို မောင်းထုတ်ခဲ့ရသည့် အကြောင်းတရားများသည် ခိုင်လုံပါသည်ဟူ၍လည်းကောင်း၊ စစ်တပ်က ဝန်ခံထားသော ရိုဟင်ဂျာအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ဖြစ်ပေါ်စေသည့် အကြောင်းတရားများသည် ခိုင်လုံပါသည်ဟူ၍လည်းကောင်း ထပ်လောင်းအတည်ပြုပေးနေသည့်အသွင် ဆောင်နေပါသည်။ ရိုဟင်ဂျာများအပေါ်ကျူးလွန်မှုကို ကုလသမဂ္ဂက လူမျိုးတုန်းအပျောက်ရှင်းလင်းသတ်ဖြတ်မှု (ethnic cleansing) ဟု ဖော်ပြသည်။ ထိုကျူးလွန်မှုစတင်ပြီး တလအကြာတွင် မြန်မာကာကွယ်ရေးဝန်ကြီးဌာန၏ ဝါဒဖြန့်လက်တံတခုဖြစ်သော မြဝတီသတင်းအုပ်စုက "ရခိုင်အရေး ဆွေးနွေးအဖြေရှာ" ဆိုသည့် စကားဝိုင်းတခု ကြီးမှူးပြုလုပ်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ဒေါက်တာလိုက်ဒါ တဦးတည်းသာ နိုင်ငံခြားသားပညာရှင်ဖြစ်နေခြင်း ဓါတ်ပုံများ၊ စာအထောက်အထားသက်သေသည် အထက်တွင်ဆိုခဲ့သော မေးခွန်းထုတ်ဖွယ်ရာများကို မီးမောင်းထိုးပြနေပါသည်။ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့များတွင် နေပြည်တော်၌ ကျင်းပသည့် ဖိတ်ကြားခံရသူများသာစာတန်းပါ အထက်တွင်ဆိုခဲ့သော ရခိုင်အရေးဆွေးနွေးပွဲတွင် ဒေါက်တာ ဂျက်လိုက်ဒါကို သန်းအေး နှင့် ကိုကိုလှိုင်အမည်ရှိ အငြိမ်းစား ဒု-ဗိုလ်မှူးကြီးနှစ်ဦးနှင့်အတူ စင်မြင့်ပေါ်တွင် ထိုင်လျက်သား တွေ့မြင်ခဲ့ကြရသည်။ (သန်းအေးမှာ စစ်ဗျူဟာဆိုင်ရာတပ်ဖွဲ့အကြီးအကဲဟောင်းဖြစ်ပြီး ကိုကိုလှိုင်မှာ ဗိုလ်ချုပ်ကြီးဟောင်းနှင့်သမ္မတဟောင်းသိန်းစိန် (၂၀၁၀ - ၂၀၁၅)၏ အကြံပေး ဖြစ်သည်။)

ရိုဟင်ဂျာများအပေါ်တွင် အရေးယူပြုမူခဲ့ခြင်းအပေါ် ၁၉၉၄ ခုနှစ်မှ စ၍ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ၆ ဆက်တိုင်တိုင်ကလည်းကောင်း၊ AI ကဲ့သို့သော လူ့အခွင့်အရေးဆိုင်ရာ ကမ္ဘာ့ဦးဆောင်စောင့်ကြည့်လေ့လာရေးအဖွဲ့များကလည်းကောင်း ပြင်းထန်သောလူ့အခွင့်အရေးချိုးဖောက်မှုများအဖြစ် သတ်မှတ်ထားခဲ့ကြသည်။ အထက်တွင် ဆိုခဲ့သော စာအုပ်ကို မိတ်ဆက်ရာတွင် မြန်မာအစိုးရ၏ ရပ်တည်ချက်မှာ ရိုဟင်ဂျာများအပေါ် ပြုမူဆောင်ရွက်မှုများကို တရားဝင်သောဆောင်ရွက်မှုများအဖြစ် ဖော်ပြထားသည်။ ဤသည်မှာ အစ္စလာမ်ဘာသာ၏ နယ်မြေအင်အားချဲ့ထွင်လိုမှု၊ ကမ္ဘာကို ကြီးစိုးရန်ကြိုးပမ်းမှုမှ မြန်မာစစ်တပ်က တိုင်းပြည်ကို ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြစ်သည်။ ( စာမျက်နှာ ၄ - "ရခိုင်အရေးစကားဝိုင်း" ကာကွယ်ရေးဝန်ကြီးဌာန၊ မြဝတီသတင်းအုပ်စု)

အဆိုပါ ဗျူဟာမြောက်ဆွေးနွေးပွဲများတွင် ဒု-ဗိုလ်မှူးကြီး (ငြိမ်း) ကိုကိုလှိုင်က အောက်စဖို့ဒ် တက္ကသိုလ်ကို အထူးသြဇာတိက္ကမရှိသောဌာနကြီးအဖြစ် ရွေးချယ်ထုတ်နှုတ်တင်ပြသွားသည်။ အောက်စဖို့ဒ်တက္ကသိုလ်သည် ရိုဟင်ဂျာသမိုင်းကြောင်း၊ ကိုယ်ပိုင်အမှတ်အသားနှင့် ကိုယ်စားပြုမှု စသည့် ဗဟုသုတများကို ဆွေးနွေးရန်၊ ဖြန့်ကျက်ရန် ရိုဟင်ဂျာများနှင့်ပတ်သက်သော အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့်တခုကို လက်ခံကျင်းပဖူးသည်။ ဤနည်းဖြင့် သူသည် အောက်စဖို့ဒ်တက္ကသိုလ်နှင့်အခြားသြဇာရှိသည်ဌာနများကို မြန်မာစစ်တပ်၏ ရိုဟင်ဂျာအမှတ်အသားနှင့်သမိုင်းကို သမိုင်းကြောင်း တရားဝင်ငြင်းဆိုရာ၊ နိုင်ငံတော်က ညွှန်ကြားသည့်အကြမ်းဖက်မှုနှင့်မောင်းထုတ်မှုများကို ငြင်းဆိုရာတို့အတွက် အသုံးချစရာ မဟာဗျူဟာကျသည့် နေရာဌာနများသဖွယ် အဓိပ္ပါယ်ဖော်ဆောင် ပြောကြားသွားသည်။

တက်ရောက်သူအများစုမှာ ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိများသာဖြစ်သည်။ မြန်မာပြည်မှ မွတ်ဆလင်ဘာသာဝင်အများစုမှာလည်း ခေတ်ဟောင်းဥရောပမှ ဂျူးများကဲ့သို့ပင် လက်ညိုးထိုးအပြစ်ပုံချ ခံနေကြရသည်။ မြန်မာအစိုးရသဘောထားနှင့် လူအများအကြားရေပန်းစားသော "မွတ်စလင်ရွံရှာကြောက်ရွံ့မုန်းတီးခြင်း" ကို ပညာရပ်ဆိုင်ရာနှင့် လူ့အခွင့်အရေးစာတမ်းများတွင် ကောင်းစွာ မှတ်တမ်းတင်ထားပြီး ဖြစ်သည်။ ဤဆွေးနွေးပွဲများကို ဒေါက်တာလိုက်ဒါ၏ အိမ်ရှင်အဖွဲ့အစည်းဖြစ်သော မြန်မာစစ်တပ်မှ ရခိုင်မြောက်ပိုင်းတွင် ရိုဟင်ဂျာလူမျိုးအမြောက်အမြားအတွက် တာဝန်မကင်းဖြစ်နေချိန်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ လျှော့လျှော့ပေါ့ပေါ့ ခန့်မှန်းမှုများအရ ငါးနှစ်အောက် ကလေးသူငယ် ၇၃၀ အပါအဝင် ရိုဟင်ဂျာအနည်းဆုံး ၆၇၀၀ ခန့် စစ်ဆင်ရေးစတင်သော ပထမလအတွင်း (၂၀၁၇ သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၂၄ ရက်အထိ) သတ်ဖြတ်ခံခဲ့ရသည်။ ဤသည်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းရှိ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသော အသက်ရှင်ကျန်ရစ်သူများကို MSF အဖွဲ့မှ အကန့်အသတ်နှင့်သာ ပြုလုပ်နိုင်ခဲ့သော လေ့လာတွေ့ရှိချက်များအရဖြစ်သည်။ (Source: “Myanmar/Bangladesh: MSF surveys estimate that at least 6,700 Rohingya were killed during the attacks in Myanmar” http://www.msf.org/en/article/myanmarbangladesh-msf-surveys-estimate-least-6700-rohingya-were-killed-during-attacks )

(၃) ရိုဟင်ဂျာများ၏ ကိုယ်ပိုင်အမှတ်အသားကို ဝေဖန်စိစစ်ရာတွင် နိုင်ငံရေးနှင့်လူမျိုးစုပဋိပက္ခကြောင့်ပေါ်ပေါက်လာသော နိုင်ငံရေးကိုယ်ပိုင်အမှတ်အသားအဖြစ် သဘောထားရန် ဒေါက်တာလိုက်ဒါမှ အခိုင်အမာပြောဆိုနေခဲ့သည်။ (ဤလင့်ခ်များတွင် ရှု။ “History Behind Rakhine State Conflict” https://www.irrawaddy.com/from-the-archive/history-behind-rakhine-state-conflict.html, “The Frictions in the Rakhine State Are Less About Islamophobia Than Rohingya-Phobia” https://thewire.in/182611/frictions-rakhine-state-less-islamophobia-rohingya-phobia/ , and “The Truth About Myanmar’s Rohingya Issue” https://thediplomat.com/2016/03/the-truth-about-myanmars-rohingya-issue/ ) ဤသည်မှာ ရိုဟင်ဂျာတို့၏ ပြောကြားချက်ဖြစ်သော ရခိုင်ပြည်တွင်နှစ်ရှည်လများ မှတ်တမ်းမှတ်ရာသမိုင်းကြောင်းနှင့်တကွ အခြေချနေထိုင်လာခဲ့သည်ဆိုသည့် အချက်ကို ဆန့်ကျင်ကာ တဖက်သတ်ဘက်လိုက်သော သူ၏ ရပ်တည်ချက်ကို ဖော်ပြသည်။ မြန်မာစစ်တပ်နှင့်သူ့အကြား သိသာထင်ရှားသော ပတ်သက်မှုများအပြင် ဤသို့ သိသာထင်ရှားသည့် ဘက်လိုက်မှုများကြောင့် ရိုဟင်ဂျာများအကြောင်း အညွှန်းဆောင်းပါး ရေးသားရန် ဒေါက်တာလိုက်ဒါ၏ သင့်လျော်မှုအပေါ် သံသယများဖြစ်ပေါ်စေသည်။ ဒေါက်တာလိုက်ဒါ၏ ရေးသားချက်များနှင့် လူသိရှင်ကြားထုတ်ပြန်ချက်များသည် ရိုဟင်ဂျာများကို ဆန့်ကျင်သည့် ဖုံးကွယ်မထားသော တဖက်သတ်ဘက်လိုက်မှုအဖြစ် ကျွန်ုပ်တို့ ရှုမြင်သည်။ ထိုတဖက်သတ်ဘက်လိုက်မှုကြောင့်ပင် ငြင်းဆိုရန်ဘယ်နည်းနှင့်မျှ မဖြစ်နိုင်သော၊ အလွယ်တကူ လက်လှမ်းမီနိုင်သော သက်သေအထောက်အထားများကို ငြင်းပယ်ခြင်း၊ တမင်ဥပေက္ခာပြုခြင်းများ သူ့တွင် ဖြစ်ပေါ်လာရသည်။ အမှန်တွင် ထိုသက်သေအထောက်အထားများသည် သူကျမ်းပြုစုခဲ့သည့် "ရိုဟင်ဂျာများသည် အခြား တိုင်းရင်းသားအစစ်အမှန်များ၏ ကိုယ်ပိုင်အမှတ်အသားများနှင့်မတူဘဲ ၁၉၅၀ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း မွတ်စလင်တိုက်ခိုက်ရေးသမားများ (သို့မဟုတ်) မူဂျာဟစ်ဒင်များက ဖန်တီးထုတ်လုပ်လိုက်သော အခေါ်အဝေါ်တခုမျှသာဖြစ်သည်" ဟူသည့်အဆိုကို ချေဖျက်နိုင်သော သက်သက်များသာ ဖြစ်သည်။ ဥပမာအားဖြင့်… "၁၉၆၁ ခုနှစ် ဇူလိုင်လတွင် မူဂျာဟစ်ဒင် ခွဲထွက်ရေးသမားများ လက်နက်ချပြီးနောက် ပြည်ထောင်စုအစိုးရက ရိုဟင်ဂျာများကို ဖွဲ့စည်းပုံပါ ပြည်ထောင်စုတိုင်းရင်းသားအုပ်စုတခုအဖြစ် အသိအမှတ်ပြုခဲ့သည်" ဆိုသည်ကို ဒေါက်တာလိုက်ဒါက ထင်ယောင်ထင်မှားဖြစ်မှုအဖြစ် တံဆိပ်ကပ်ခဲ့သည်။ အမှန်တကယ် ငြင်းဆို၍ မရသောအချက်တခုမှာ… ၁၉၆၄ ခုနှစ်အထိ မြန်မာအစိုးရ၏ မြန်မာဘာသာဖြင့် တရားဝင်ထုတ်ဝေသော မြန်မာ့စွယ်စုံကျမ်း အတွဲ -၉ တွင် ရိုဟင်ဂျာကို တိုင်းရင်းသား လူမျိုးစုတခုအဖြစ် ထည့်သွင်းထားခဲ့ခြင်းပင် ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ တခုတည်းသော အသံလွှင့်ဌာနဖြစ်သည့် မြန်မာ့အသံမှ ရိုဟင်ဂျာဘာသာစကားကို တိုင်းရင်းသားဘာသာစကားတခုအဖြစ် အခြားတိုင်းရင်းသားအစီအစဉ်များဖြစ်သော ရှမ်း၊ လားဟူ စသည်တို့နှင့်အတူ တပတ်လျှင် သုံးကြိမ်ထုတ်လွှင့်ခဲ့သည်။ ဤသည်မှာ ဗိုလ်ချုပ်ကြီးနေဝင်း၏ စစ်အုပ်ချုပ်ရေး သုံးနှစ်မြောက်သည့် ၁၉၆၄ ခုနှစ်အထိဖြစ်သည်။

အလွယ်တကူ လက်လှမ်းမီနိုင်သော တရားဝင်မှတ်တမ်းမှတ်ရာများက ရိုဟင်ဂျာလူမျိုးများသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားအုပ်စုတခုအဖြစ် တရားဝင်အသိအမှတ်ပြုခံခဲ့ရသည် ဆိုသည့် ရိုဟင်ဂျာများ၏ စုပေါင်းအဆိုကို ထောက်ခံလျက်ရှိသည်။ ဤအချက်များအပေါ်ထောက်ရှုလျက် အောက်ပါအတိုင်း ကောက်ချက်ဆွဲနိုင်သည်။ ရိုဟင်ဂျာတို့၏ တိုင်းရင်းသားကိုယ်ပိုင်အမှတ်အသား၊ သမိုင်းကြောင်းနှင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးမတိုင်မီကပင် ရှိခဲ့သော ယင်းတို့၏ တည်ရှိမှုကို မြန်မာအစိုးရက စီမံကိန်းချပြီး ဖျောက်ဖျက်ရန်ကြိုးပမ်းခဲ့သည်ဟူသော ကောက်ချက်ပင်ဖြစ်သည်။ ရိုဟင်ဂျာများ၏ ကိုယ်ပိုင်အမှတ်အသား နှင့် နိုင်ငံသားဖြစ်မှု အထောက်အထားများ၊ အထောက်အထားရင်းမြစ်များကို ဥပေက္ခာပြုရန် ဒေါက်တာလိုက်ဒါ၏ ရွေးချယ်မှုသည် "ရိုဟင်ဂျာများသည် တိုင်းရင်းသားလည်းမဟုတ်၊ နိုင်ငံသားလည်းမဟုတ်" ဟူသည့် မြန်မာတို့၏ ဝါဒမှိုင်းကို ကူညီပံ့ပိုးပေးနေသလို ဖြစ်နေသည်။ တချိန်တည်းတွင် ပညာရပ်ဆိုင်ရာ လုပ်ပိုင်ခွင့်အောက်တွင် အမှန်တရားကို ဖုံးကွယ်ရန် အထောက်အကူပေးသလို ဖြစ်နေသည်။

နာဇီအုပ်ချုပ်မှုအောက်တွင် ဂျုးများကို ဂျာမန်များက နိုင်ငံသားအဖြစ်မှ ပယ်ဖျက်မှုများနှင့် မြန်မာပြည်မှ ရိုဟင်ဂျာများအပေါ် နိုင်ငံသားအဖြစ်မှ ပယ်ဖျက်မှု၊ ကိုယ်ပိုင်အမှတ်အသား ဖျက်ဆီးမှုများအကြား ထိတ်လန့်စဖွယ် တူညီမှုများ ရှိနေသည်ကို ကျွန်ုပ်တို့ လေ့လာတွေ့ရှိရသည်။
(၄) ဂျာမဏီကဲ့သို့သော နိုင်ငံများတွင် လူမျိုးတုန်းသတ်ဖြတ်မှုမရှိကြောင်း ငြင်းဆန်မှုသည် ရာဇဝတ်မှုမြောက်သည်။ ရိုဟင်ဂျာများအား လူမျိုးတုန်းသတ်ဖြတ်မှုအပါအဝင် နိုင်ငံတော်မှ ဦးဆောင်ပြုလုပ်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုမရှိဟု ငြင်းဆန်ခြင်းသည်လည်း ရာဇဝတ်မှု မြောက်မမြောက် စီရင် ဆုံးဖြတ်နိုင်သော ဥပဒေမျိုးကို ယူကေတွင်လည်းကောင်း နိုင်ငံတကာတွင်လည်းကောင်း မရှိသေးသော်ငြား လည်း ယခုအခါ ကမ္ဘာ့ဦးဆောင်အဖွဲ့အစည်းကြီးများအကြားတွင်လည်းကောင်း၊ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ နယ်ပယ်မှ ပညာရှင်များအကြား ဘုံသဘောတူညီမှု ပေါ်ထွက်လာနေပြီ ဖြစ်သည်။ ဤဘုံသဘောတူညီချက်မှာ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် မြန်မာအစိုးရတွင် တာဝန်ရှိသည်ဟူသော သဘောတူညီချက်ပင်ဖြစ်သည်။ ထိုအထင်ကရ ကမ္ဘာ့ဦးဆောင်အဖွဲ့အစည်းကြီးများမှာ The US Holocaust Memorial Museum and Yale University Human Rights Law Clinic, the University of Washington Law School, the Queen Mary University of London International State Crimes Initiative, the Russell-Sartre tribunal, the Permanent People’s Tribunal on Myanmar တို့ ဖြစ်ကြသည်။ ရိုဟင်ဂျာများအပေါ်တွင် လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဆိုသောအချက်ကို ယတိပြတ်ပယ်ချရန် မဖြစ်နိုင်သေးကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကပင် ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။

ဤသို့သော ကမ္ဘာကျော်သုတေသနအဖွဲ့ကြီးများနှင့် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ လူသိရှင်ကြား ထုတ်ပြန်ထားခဲ့သော တွေ့ရှိချက်များကို ဒေါက်တာလိုက်ဒါမှ ပယ်ချခဲ့သည်။ မြန်မာပြည်တွင်းရှိ လူများစုဗုဒ္ဓဘာသာဝင်များ၏ လူမျိုးရေးခွဲခြားမှုသည် အကြမ်းဖက်သည့်အဆင့်သို့ ရောက်ရှိနေကြောင်း ဒေါက်တာလိုက်ဒါက အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့သည်။ မြန်မာတို့၏ လူမျိုးရေးခွဲခြားမှုကို "ပြင်းပြသော စိတ်ခံစားမှု" အဖြစ်မျှသာ သူက ကင်ပွန်းတပ်ခဲ့သည်။

ရိုဟင်ဂျာအကြောင်းနှင့်ပတ်သက်၍ဖြစ်စေ၊ မည်သည့်အကြောင်းအရာပေါ်တွင်ဖြစ်စေ မှတ်ချက်ပေးနိုင်သောအခွင့်အရေးသည် အခြားသူများမှာကဲ့သို့ပင် ဒေါက်တာလိုက်ဒါတွင်လည်း အခွင့်အရေးရှိသည်ကို ကျွန်ုပ်တို့ မငြင်းလိုပါ။ သို့ရာတွင် လူမျိုးစုတခု၏ တိုင်းရင်းသားရေးရာ၊ ကိုယ်ပိုင်အမှတ်အသားနှင့်ဆိုင်သော အဆိုပြုချက်များအပေါ်တွင် တစုံတယောက်က ပြင်းပြင်းထန်ထန် ဆန့်ကျင်နေပြီဆိုပါက ထိုလူမျိုးစုအကြောင်းကို တရားမျှတစွာနှင့်ဘက်မလိုက်ဘဲ အညွှန်းဆောင်းပါးရေးရန် ထိုသူအားတာဝန်ပေးမှုသည် မမျှတသည့် အသွင်ဆောင်နေပါသည်။ ထိုသို့ ဘက်လိုက်သောအမြင်များကို ထုတ်ဝေရန် ORE သည် သင့်လျော်သော လမ်းကြောင်းမဟုတ်ပါ။ OUP အနေနှင့်လည်း မပတ်သက်သင့်ပါ။

OUP သည် ရိုဟင်ဂျာများအကြောင်းကိုသာ ဆောင်းပါးရေးသားရန် ကော်မရှင်ပေးသည့်ဟန် ရှိနေသည်ကိုလည်း ကျွန်ုပ်တို့ သတိပြုမိပါသည်။ ရခိုင်ဗုဒ္ဓဘာသာအဖွဲ့အစည်းအကြောင်းကိုမူကား ရေးသားရန်ကော်မရှင်ပေးဟန်မတူ။ စင်စစ်တွင်ကား ရခိုင်တို့၏ တိုင်းရင်းသားဖြစ်မှုအဆိုများသည် ရိုဟင်ဂျာများ၏ အဆိုထက် ပိုမိုခိုင်မာမှုရှိသည်ဟု ကျွန်ုပ်တို့ မထင်ပါ။ ထို့ကြောင့် OUP သည် မမှန်းဆနိုင်သော အကြောင်းရင်းခံများကြောင့် မြန်မာစစ်တပ်ဘက်တွင် ရပ်တည်နေသည်ဟု ကောက်ချက်မချမိစေရန်မှာ အလွန်တရာ ခဲယဉ်းလှပါသည်။ ထို့ပြင် ဒေါက်တာလိုက်ဒါ၏ ရေးသားချက်များ၊ မီဒီယာပေါ်တွင် လူလုံးပြမှုများဖြင့် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ငြင်းဆန်နေမှုကို OUP ကလည်း အနည်းဆုံး သွယ်ဝိုက်သောနည်းဖြင့် ထောက်ခံနေသည့်နှယ် ဖြစ်နေပါသည်။

မြန်မာစစ်တပ်၏ ဖိနှိပ်မှုပစ်မှတ်ဖြစ်သော ရိုဟင်ဂျာများအကြောင်း အညွှန်းဆောင်းပါး ရေးသားရန် ဒေါက်တာလီဒါအား OUP က တာဝန်ပေးခြင်းအပေါ် ကျွန်ုပ်တို့ ကန့်ကွက်နေခြင်းထက် ပိုမို၍ ပြင်းထန်သော နောက်ဆက်တွဲရလဒ်များကို ဖြစ်ပေါ်စေသည့် တစုံတရာ ရှိသေးသည်ကို ထပ်လောင်းပြောပြလိုပါသည်။ မြန်မာအစိုးရကဲ့သို့သောအစိုးရမျိုးများက ၎င်းတို့နှင့် အမြင်တူသော ပညာရှင်များမှတဆင့် ကမ္ဘာတလွှား သြဇာတိက္ကမရှိသော အနောက်တိုင်းပညာရေးအဖွဲ့အစည်းများကို ၎င်းတို့၏ ဝါဒဖြန့်ကျက်ရာ စင်မြင့်များအဖြစ် အသုံးချခြင်းအား ခံကြမည်လောဟူသော မေးခွန်းပင်ဖြစ်သည်။ ကိန်းဘရစ်တက္ကသိုလ်ပုံနှိပ်ထုတ်ဝေရေး နှင့်တရုတ်ပြည် (သို့မဟုတ်) LSE နှင့် ကဒါဖီအစိုးရ စသည့် ဟိုးလေးတကြော် အဖြစ်များကို သတိရစရာ ဖြစ်စေပါသည်။

ဤနေရာတွင် "ဂျူးကလေးသူငယ် ကယ်ဆယ်ရေး" မှ အသက်ရှင်ကျန်ရစ်သော ဗြိတိန်နိုင်ငံမှ ရုသ်ဘားနတ် ၏ စကားများကို ကိုးကားရန် သင့်လျော်လှသည်။

"ကျွန်ုပ်တို့သက်တမ်းအတွင်းမှာ 'Never again" (နောင်ဘယ်တော့မှ ထပ်မဖြစ်စေရ) ဆိုသည်ကို အောင်မြင်ရရှိစေမည့်ပုံ မပေါ်ပါ။ သို့ရာတွင် တချိန်ချိန်မှာ ဖြစ်မြောက်လာစေရန်အတွက် အားထုတ်ကြိုးပမ်းမှုများ ပြုလုပ်ရန်သည် ကျွန်ုပ်တို့၏ တာဝန်ဖြစ်သည်။ ကျွန်ုပ်တို့အားလုံး ကိုယ်စီကိုယ်ငှ တစုံတရာကို ပြုလုပ်နိုင်သည်။ ကျွန်ုပ်တို့ ကိုယ်တိုင်၏ အကြမ်းဖက်လိုသော တဒင်္ဂမထိန်းချုပ်နိုင်မှုများကို ချွန်းအုပ်နိုင်ရေးအတွက် သင်ယူရန် အထူးလိုအပ်သည်။ သို့မှသာ အခြားသူများ၏ အကြမ်းဖက်မှုကို ပိုဆိုးလာအောင် မီးလောင်ရာ လေပင့်ပေးမည့်အစား စကားဝိုင်းတွင် ပြောဆိုညှိနှိုင်းဆွေးနွေးနိုင်ပေမည်။

"ငြင်းဆိုမှုကို သည်းခံခြင်းနှင့် ငြင်းဆိုမှုကို ဖုံးကွယ်ပေးခြင်းသည် အဆိပ်အတောက် အပြင်းဆုံးသော အချက်တချက်ပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ 'ငြင်းဆိုမှု'သည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများကို ကျူးလွန်ရန် အခြားသူများအား တံခါးများကို ဖွင့်ပေးသည်။ အဘယ်ကြောင့်ဆိုသော် အခြားကျူးလွန်သူများ အပြစ်ပေးမခံရဘဲ လွတ်မြောက်သွားသည်ကို ကျွန်ုပ်တို့ မျက်ဝါးထင်ထင် မြင်ရသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့တွင် စိတ်အားထက်သန်မှု၊ စူးစမ်းလိုစိတ်ကို လှုံ့ဆော်မှုနှင့် အမှန်တရားကို ဖော်ထုတ်ရန် ရည်သန်မှုတို့ကို လိုအပ်သည်။"

"ကျွန်ုပ်တို့သည် ငြင်းဆိုမှုများစွာ ကြုံတွေ့ခဲ့ရသဖြင့် လူအများစုမှာ သတင်းအမှားများ၊ ဝါဒမှိုင်းများနှင့် အမှန်တရားအကြား ခွဲခြားနိုင်ခြင်း လုံးဝ မရှိတော့ချေ။" (Ruth Barnett, 27 Jan 2018, "I Survived The Holocaust. Merely

Remembering It Is No Longer Good Enough", RightsInfo.org,


ရိုဟင်ဂျာများအကြောင်း အညွှန်းဆောင်းပါးရေးသားခြင်းအတွက် ဒေါက်တာလိုက်ဒါအား တာဝန်ပေးရန် ဆုံးဖြတ်ခဲ့သော ပြန်လည်စဉ်းစားရန် OUP အား ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ အကယ်၍ ဤဆောင်းပါးများကို ထုတ်ဝေပါကလည်း ရှင်းလင်းပြတ်သားသော ဖြေရှင်းကြေညာချက်တခုကို ထည့်သွင်းဖော်ပြပေးရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်။ ထိုဖြေရှင်းကြေညာချက်မှာ ဒေါက်တာလိုက်ဒါသည် လွတ်လပ်သော လေ့လာသုံးသပ်သူတဦး မဟုတ်ကြောင်း၊ ယင်းဆောင်းပါးကိုလည်း ဘက်လိုက်မှု မရှိသော အညွှန်းဆောင်းပါးအဖြစ် မသတ်မှတ်ကြောင်း၊ ဤသည်မှာ ဒေါက်တာလိုက်ဒါ၏ ထင်မြင်ယူဆချက်သက်သက်မျှသာ ဖြစ်ကြောင်း ဖြေရှင်းကြေညာချက်ဖြစ်သည်။ ဤသည်မှာ MSF က မှတ်တမ်းထင်ထားသည့် ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်၏ စစ်ဆင်ရေးစတင်သည့် ပထမ လအတွင်းတွင် ရိုဟင်ဂျာ ၆၇၀၀ ကျော်သေဆုံးမှုနှင့် လပေါင်းများစွာအတွင်း ဒုက္ခသည် ၆၈၀၀၀၀ ထွက်ပြေးခဲ့ကြရသည့် အငြင်းပွားဖွယ် လူမျိုးစုအကြောင်း ဆောင်းပါးဖြစ်နေသောကြောင့်ပင် ဖြစ်သည်၊

လက်မှတ်ထိုးသူများ -

1. Gayatri Chakravorty Spivak, University Professor and a founding member of the Institute for Comparative Literature and Society, Columbia University, USA 

2. Nursyahbani Katjasungkana, National Coordinator of Indonesia Legal Aid Association for Women,            Indonesia 

3. Rainer Schulze, Professor Emeritus of Modern European History, University of Essex, and Founding Editor of the journal “The Holocaust in History and Memory,” UK 

4. Noam Chomsky, American linguist, philosopher and activist (Institute Professor, MIT), USA 

5. Mofidul Hoque, author and activist, Director, Center for the Study of Genocide and Justice, Liberation War Museum, Bangladesh 

6. Tapan Bose, filmmaker, human rights defender, India 

7. Richard Falk, Professor of International Law, Emeritus, Princeton University, USA 

8. Barbara Harrell-Bond, OBE Emerita Professor and Founding Director of The Refugee Studies Centre, University of Oxford 1982–1996, UK 

9. Barbara Harriss-White, Emeritus Professor of Development Studies, Oxford University, Emeritus Fellow of Wolfson College, Oxford, UK 

10. Ritu Dewan, Vice President, Indian Society of Labour Economics; Director Centre for Development Research and Action; Executive Director, Centre for Study of Society and Secularism; President, Indian Association for Women's Studies (2014-17) 

11. Prof. Gregory Stanton, Founding Chairman, Genocide Watch & George Mason University. Arlington, Virginia, USA 

12. Johan Galtung, Founder, Peace Studies 

13. Youk Chhang, Chairman, Genocide Documentation Center of Camboda/The Sleuk Rith Institute, Cambodia 

14. Abdul Malik Mujahid, Chair Emeritus Parliament of the World's Religions 

15. Karen Jungblut, Director of Global Initiatives, USC Shoah Foundation, USA 

16. María do Mar Castro Varela, Professor of Pedagogy and Social Work and activist, Alice Salomon University, Berlin, Germany 

17. C Abrar, Professor of International Relations, University of Dhaka, Bangladesh 

18. John H. Weiss, Associate Professor of History, Cornell University, USA 

19. Khin Mai Aung, Burmese American civil rights lawyer and writer, New York, USA 

20. Maung Zarni, Burmese human rights activist and scholar, Genocide Documentation Center of Cambodia/The Sleuk Rith Institute 

21. Harn Yawnghwe, Executive Director, Associates to Develop Democratic Burma Inc./Euro-Burma Office, Canada 

22. Bilal Raschid, Past President of Burmese Muslim Association 

23. Swagato Sarkar, DPhil (Oxford), Associate Professor, O.P. Jindal Global University, India 

24. Sumeet Mhaskar, DPhil (Oxford), O.P. Jindal Global University, India 

25. Prof. Donesh Mohan, Academic, India 

26. Dr. Peggy Mohan, Author, India 

27. Prof. Ranabir Samaddar, Academic, India 

28. Rita Manchanda, Feminist writer, India 

29. Samsul Islam, Author, India 

30. Neelima Sharma, Theatre activist, India 

31. Jawed Naqvi, journalist, India 

32. Seema Mustafa, journalist, India 

33. Ashok Agrwaal, lawyer, India 

34. Dr. Walid Salem, Al Quds University & the Director of The Centre for Democracy and Community Development, East Jerusalem, Palestine 

35. Jun Nishikawa, PhD, professor emeritus, Waseda University, Japan 

36. Dr Ravi P Bhatia, an educationist and peace researcher & Retired professor, Delhi University, India 

37. Gill H. boehringer, Honorary Senior Research Fellow, Macquarie University School of Law, Sydney , Australia 

38. Paul Copeland, C M, (Recipient, Order of Canada), Lawyer, Toronto, Canada 

39. U Kyaw Win, Professor Emeritus, Orange Coast College, California, USA 

40. Professor Michael W. Charney, Academic, UK 

41. Dr Amit Upadhyay, Assistant professor, TISS Hyderabad, India 

42. Dr. Nicola Suyin Pocock, United Nations University International Institute of Global Health, Malaysia 

43. Rezaur Rahman Lenin,Academic Activist, Adjuct Faculty, Eastern University Bangladesh & Executive Director, Law Life Culture, Bangladesh 

44. Natalie Brinham, ESRC PhD scholar, Queen Mary University of London School of Law, UK 

45. Niranjan Sahoo, PhD, Senior Fellow, Observer Research Foundation, India 

46. Prof. Dr. Célestin Tagou, Prof. of PS, IR P&D Studies, Dean of the Faculty of Social Sciences and International Relations, Protestant University of Central Africa, Executive Secretariat of the Network of Protestant Universities of Africa

47. Dr. Tilman Evers, Germany 

48. Jørgen Johansen, Deputy Editor of Journal of Resistance Studies, Sweden 

49. Sarah Tobias, philanthropist & activist, Canada 

50. Miki Lanza, Movimento Nonviolento c/o Centro Studi Sereno Regis, Torino, Italy 

51. Oskar Butcher, human rights activist and scholar, Germany 

52. Professor Emeritus George Kent, University of Hawai'i and Deputy Editor, World Nutrition, USA 

53. Sebastian Eck, Galtung-Institut, Switzerland 

54. Robert J. Burrowes Ph.D., co-founder 'The People's Charter to Create a Nonviolent World', Australia 

55. Shadi Sadr, Executive Director of Justice for Iran, UK 

56. Tasnim Nazeer, Award-winning journalist and Universal Peace Federation Ambassador for Peace, UK 

57. Emir Ramic, Academic, Ph.D., Chairman of the Institute for Research of Genocide, Canada 

58. Nadeem Haque, P.Eng. - Director of the Institute of Higher Reasoning (IHR), Canada 

59. Diana de la Rúa Eugenio, President of Asociación Respuesta para la Paz -ARP-, member NGO of          OAS, President of International Peace Research Association Foundation -IPRA Foundation, Argentina 

60. Dr. Syeda Hamid, Academic and Author, India 

61. Dr. Siddiq Wahid, Historian and Educationist, India 

62. Dr. Syed Ahmed Haroon, Psychiatrist, Pakistan 

63. Anis Haroon, Poet, Pakistan 

64. Sushil Pyakurel, Adviser to President of Nepal 

65. Porf. Noor Ahmad Baba, Academic, India 

66. Anand Patwardhan, Filmmaker, India 

67. Rodolphe Prom, President, Destination Justice, Cambodia 

68. Doreen Chen, Co-Director, Destination Justice, Cambodia 

69. Syed Zainul Abedin, Painter, Poet, Journalist, Bangladesh 

70. Dr. Navsharan Singh, Researcher and author, India 

71. Leo fernandez, IT Specialist, India 

72. Feroz Medhi, Filmmaker social activist, Canada 

73. John Packer, Associate Professor of Law and Director, Human Rights Research and Education Centre, University of Ottawa, Canada 

74. Fathima, MA Women's Studies Student, Tata Institute of Social Sciences, Mumbai, India 

75. Rana Jawad, University of Bath, UK 

76. Prof. Dr. Sami A. Al-Arian Director and Public Affairs Professor, Center for Islam and Global Affairs İslam ve Küresel İlişkiler Merkezi, Turkey 

77. Penny Green, Professor of Law and Globalisation and Director of the International State Crime Initiative, Queen Mary University of London, UK 

78. Karen Busby, Professor of Law & Director, Centre for Human Rights Research, University of Manitoba 

79. Lyal S. Sunga, Visiting Professor in International Relations and Global Politics, The American University of Rome, Italy 

80. Dr. Christina Szurlej, Assistant Professor, St. Thomas University (Canada) 

81. Matthew Smith, Chief Executive Officer, Fortify Rights

RB News
5.2.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဦးလှဖေရွာကို ဇန်န၀ါရီလ တတိယပတ်မှစ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ ၀င်ရောက် စီးနင်းပြီးနောက် မိသားစုပေါင်းများစွာ တဖက်နိုင်ငံသို့ ထွက်ပြေး ခိုလှုံလျက် ရှိပြီး၊ ရွာသားများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးက ခြိမ်းခြောက်နေသောကြောင့် ကျန်သည့် ရွာသားများ ထွက်ပြေးမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

ဇန်န၀ါရီလ (၂၀) ရက်နေ့ နေ့လည်ပိုင်းတွင် မော်လ၀ီအလီဟူစိန်း၏ အလောင်းကို ဦးလှဖေကျေးရွာနှင့် ဝေးကွာသော တောင်အနီးတွင် စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက တစ်စုံတစ်ရာ သက်သေခိုင်ခိုင်မာမာ မရှိဘဲ ဦးလှဖေကျေးရွာသားများကို ပစ်မှတ်ထားပြီး ရွာထဲသို့ ၀င်ရောက်စီးနင်း၍ တွေ့သမျှကို ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းနှင့် နေအိမ်များ အတွင်းမှ လုယက်ခြင်း တို့ကြောင့် ရွာအတွင်း အထိတ်တလန့်ဖြစ်ကာ ရွာသူရွာသားများ ကြောက်ရွံလာခဲ့ကြပြီးနောက် အများအပြား နေအိမ်များ စွန့်ခွာ၍ တဖက်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေကြသည်။

ယနေ့ ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ဒေသခံများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (၂၁) သို့ ဆင့်ခေါ်ခဲ့ရာ ရပ်မိရပ်ဖများ၊ ဘာသာရေးခေါင်းဆောင်များနှင့် ပညာတတ်များ သွားရောက်၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးနှင့် တွေ့ဆုံခဲ့သည်။ ရဲမှူးက ၎င်းတို့အား မော်လ၀ီအလီဟူစိန်း ကို သတ်ဖြတ်သူများအား ရှာဖွေ ဖော်ထုတ်ပေးရန်၊ အကယ်၍ ဖော်ထုတ်မပေးနိုင်ပါက ဂူဒမ်ဖာရာ (ဂူတာပြင်) ကဲ့သို့ ပြုလုပ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ရဲမှူး၏ ခြိမ်းခြောက်မှုကြောင့် ရွာအတွင်း အထိတ်တလန့် ဖြစ်နေပြီး၊ ရွာသားအများအပြား နေအိမ်များ စွန့်ခွာ၍ ထွက်ပြေးရန် စဉ်းစားနေကြကြောင်း သိရှိရသည်။ 

ဘူးသီးတောင်မြို့နယ်ရှိ ရွာအများအပြားမှ ဒေသခံရိုဟင်ဂျာများသည် စားဝတ်နေရေး ခက်ခဲခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ ပိတ်ဆို့ထားခံရခြင်း တို့ကြောင့် နေအိမ်များ စွန့်ခွာ၍ တဖက်နိုင်ငံတွင် ခိုလှုံရန် ထွက်ခွာလျက်ရှိရာ အချို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားသော်လည်း အချို့မှာ မောင်တောမြို့နယ် တောင်ပိုင်း ဒေါင်ခါလီ ကမ်းခြေတွင် ပိတ်မိလျက် ရှိသည်။



MYARF
RB News
5.2.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကကျက်ဘက်ကံပြင်ကျေးရွာအုပ်စု၊ တပ်ရာရွာ (ဇောဘောရ်ဖာရာ) တွင် ဆွဲ၊ တင်၊ စစ် စစ်ဆေးလျက်ရှိရာ အဆမတန် ငွေညှစ်နေကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီ (၄) ရက်နေ့မှစ၍ ကကျက်ဘက်ကံပြင် ကျေးရွာအုပ်စု၊ တပ်ရာရွာ (ဇောဘောရ်ဖာရာ) တွင် ဆွဲ၊ တင်၊ စစ် စတင် စစ်ဆေးလျက်ရှိပြီး၊ အဆမတန် ငွေညှစ်လျက် ရှိသည်။ ငွေညှစ်ရာတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သာကျော် (စေတီပြင်ဇာတိ၊ ရ.၀.တ ဥက္ကဌဟောင်း ဦးမောင်ချေ၏ သားမက်) နှင့် အိုးသည်ရွာမှ ဦးအဒူရော်ဟိမ်း၊ တပ်ရာရွာမှ ဒု-အုပ်ချုပ်ရေးမှူး ဦးကာမာလ်နှင့် ဦးဟာရှိမ်း တို့ပါဝင်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အပြောင်းအရွှေ့ ၊ ပယ်ဖျက်ခြင်းနဲ့ အသစ်တင်သွင်းခြင်း လုပ်ရသည့် မိသားစုဆိုလျှင် အနည်းဆုံး ငွေကျပ် တစ်သိန်း ကုန်ကျနေသည်ဟု ဒေသခံများက ဆိုသည်။

အသက် ၂ နှစ်အထက် ၄ နှစ်အောက် ကလေးများကို အိမ်ထောင်စု လူဦးရေစာရင်းတွင် ထည့်သွင်း မပေးခြင်းကြောင့် မိသားစုပေါင်းများစွာ ဆွဲ၊ တင်၊ စစ် စစ်ဆေးခံနိုင်ခြင်း မရှိသဖြင့် အဆိုပါ မိသားစုများကို

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်သာကျော် ကလည်း ညပိုင်းတွင် အရက်မူး၍ သောင်းကျန်းခြင်းကြောင်း ဒေသခံရွာသားများ စိတ်အနှောက်အယှက် ဖြစ်နေရသည်ဟု သိရှိရသည်။

“ဦးမောင်သာကျော်က ညမထွက်ရ အမိန့်ကြောင့် ဘယ်သူ့မှ အိမ်ပြင် ထွက်မလာရဲဘူးဆိုတာ သိတော့ အရက်သောက် မူးရူးပြီး တပ်ရာရွာမှာ လုပ်ချင်တိုင်း လုပ်နေတယ်။ ငါသာ လူအုပ်ချုပ်ရေးမှူး၊ အရင်က ဥက္ကဌ အုပ်ချုပ်ရေမှူးတွေက နွားအုပ်ချုပ်ရေးမှူး နွားဥက္ကဌ၊ ငါသာ လူပီသတဲ့လူ အခြားလူတွေ အားလုံး နွားတွေ ဆိုပြီး မူးမူးရူးရူးနဲ့ ပြောနေတော့ မလိုလားတာတွေ ဖြစ်လာမှာ စိုးရိမ်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

“ရွာသူရွာသားတွေကိုလည်း အကြောင်းမဲ့ ရက်ရက်စက်စက် ရိုက်နှက်တယ်။ မူးနေတဲ့အချိန်မှာ အိုးသည်ရွာက အဒူရော်ဟိမ်းက သူ့ရဲ့ ဆရာ သူ့ရဲ့ အကြံပေး ဆိုပြီး ၀န်ခံတာတွေလည်း လုပ်တယ်။ မောင်သာကျော်ရဲ့ ရက်စက်ကြမ်းကြုတ်မှု ဒဏ်ကြောင့် လူတွေ ထွက်ပြေးသွားမှာ စိုးရိမ်ရတယ်” ဟု အဆိုပါ ဒေသခံက ဆက်လက်ပြောသည်။

ယခင်က အဆိုးဆုံး အုပ်ချုပ်ရေးမှူး ဆိုလျှင် အမှတ် (၅) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုး ကို ပြောရမည် ဖြစ်သော်လည်း ယခုအခါ ကကျက်ဘက်ကံပြင် အုပ်ချုပ်ရေးမှူးသည် ဦးမောင်လှိုင်စိုး ထက် အစပေါင်းများစွာ ဆိုးရွားနေသည်ဟု ၎င်းက ဆိုသည်။




RB News
4.2.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တော်ပိုင်းမှာ မီးရှို့ခြင်းမခံဘဲ ကျန်ရှိနေသည့် နေအိမ်များကို ဒေသဆိုင်ရာ အာဏာပိုင်များက ဖျက်၍ အစိတ်အပိုင်းများ သယ်ဆောင် သွားနေကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း ဟာရှုရာသာ (အလယ်သံကျော်) ကျေးရွာအုပ်အုပ်စု၊ ဂေါ်ဇော်မ်ဒီယာ (အလယ်သံကျော် ကညင်တန်း) ကျေးရွာအုပ်စု၊ ဟောဂျဘိလ် (ကံပူး) ကျေးရွာအုပ်စု၊ ချိန်ခါလီ (အုန်းတော) ကျေးရွာအုပ်စု၊ ၀ါးချ ကျေးရွာအုပ်စုနှင့် သံဒါ ကျေးရွာအုပ်စု စသည့် ကျေးရွာများတွင် မီးရှို့မခံရဘဲ ကျန်ရှိနေသည့် ရိုဟင်ဂျာများ၏ နေအိမ်များကို ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ရခိုင်ရွာသားများက ဖျက်ယူ၍ အစိတ်အပိုင်းများ အားလုံးကို ယူဆောင်သွားနေကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

"အခုလို ဖျက်ပြီး ယူသွားနေတာကို အထက်အမိန့်နဲ့ လုပ်နေတာလား ဒါမှမဟုတ်ဘူး အားလုံးပေါင်းပြီး ရောင်းစားနေတာလား ဆိုတာတော့ သေချာ သဲသဲကွဲကွဲ မသိဘူး။ လွန်ခဲ့တဲ့ လတွေတုန်းကလည်း အာဏာပိုင်တွေက ရိုဟင်ဂျာတွေရဲ့ ကျွဲ၊ နွား အပါအ၀င် အခြားပစ္စည်းတွေ အားလုံးကို ခိုးယူပြီး ရောင်းစားခဲ့တယ်” ဟု အဆိုပါ ဒေသခံကပြောသည်။ 

အိမ်များ ဖျက်ဆီး ယူဆောင်သွားနေခြင်းတွင် အဓိက ပါဝင်နေသူများမှာ --

(၁) အောင်ကျော်ဇင် (အထူးသတင်းတပ်ဖွဲ့ SB ရဲတပ်ကြပ်ကြီး)
(၂) ဆန်းဝင်း (အလယ်သံကျော် စ.ရ.ဖ)
(၃) ဇော်ထူး (အလယ်သံကျော် အုပ်ချုပ်ရေးမှူး)
(၄) မောင်မြင့် (အလယ်သံကျော် ကညင်တန်း အုပ်ချုပ်ရေးမှူး)  -- တို့ဖြစ်ကြသည်။ 

ဟာရှုရာသာ (အလယ်သံကျော်) ကျေးရွာအုပ်စု တစ်အုပ်စုမှ အိမ်ခြေ ၁၀၀ နီးပါး ဖျက်ဆီး၍ အစိတ်အပိုင်းများ သယ်ဆောင် သွားပြီး ဖြစ်သည်။ အခြားကျေးရွာအုပ်စုများတွင်လည်း အလားတူ လုပ်ဆောင်လျက် ရှိသည်။



Rohingya Eye
RB News
2.2.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် နည်းမျိုးစုံဖြင့် ပိတ်ဆို့ခံရသူများသည် မေယုတောင်သို့ ရောက်ရှိနေစဉ် မောင်တောမြို့နယ် ကျီးကန်းပြင်မှ သွားရောက်ကူညီသူများ ငွေညှစ်ခံခဲ့ရကြောင်း သတင်းရရှိပါသည်။

ဇန်န၀ါရီလ (၃၀) ရက်နေ့ နံနက်အစောပိုင်း အချိန်တွင် ကျီးကန်းပြင်ကျေးရွာတွင် အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး ဒုက္ခသည်ဘ၀သို့ ရောက်နေသူနှစ်ဦးသည် ဘူးသီးတောင်မြို့နယ်တွင် နည်းမျိုးစုံဖြင့် ပိတ်ဆို့ခံထားရသောကြောင့် မေယုတောင်တန်းသို့ ရောက်ရှိလာသူများကို ကူညီရန်သွားရောက်ခဲ့သည်။ မေယုတောင်တန်းသို့ ရောက်ရှိနေသူများမှာ ၎င်းတို့၏ ဆွေမျိုးများ ဖြစ်ပြီး ဖုန်းဆက်၍ အကူအညီတောင်းခံသောကြောင့် ကူညီရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် မေယုတောင်တန်းမှ ပြန်ဆင်းလာစဉ် ကျီးကန်းပြင်ကျေးရွာအုပ်စု၊ န.၀.တ အောင်ဇေယျရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တွေ့သည့်အခါ ကူညီရန် သွားသူ နှစ်ဦးမှ တစ်ဦးသည် ချုံပုတ်ထဲတွင် ပုန်းနေခဲ့သောကြောင့် လွတ်မြောက်သွားသော်လည်း ၎င်းတို့နှင့် လိုက်ပါလာသည့် မိသားစုနှစ်စုနှင့် ကူညီသွားသူတစ်ဦးတို့ကို ဖမ်းဆီး၍ ယာယီစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

မိသားစုနှစ်စုကို ကူညီသူနှစ်ဦးမှ ဖမ်းဆီးခံရသူတစ်ဦးမှာ အဗ်ဒူရာမာန် (ဘ) ဦးရှော်ဖီရောန် (အသက် ၂၄ နှစ်) ဖြစ်ပြီး၊ ၎င်းကို လူကုန်ကူးနေသည်ဟု စွပ်စွဲ၍ လူမဆန်စွာ ရိုက်နှက်မှုကြောင့် လမ်းပင်လျှောက်၍ မရတော့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။  နေ့လည် ၁၂ နာရီခန့် အချိန်တွင် ၎င်းတို့အား ဖမ်းဆီးထားသည့် ယာယီစခန်းသို့ ကျေးရွာအုပ်ချုပ်ရေးမှူး လိုက်သွားပြီး လူကုန်ကူးနေခြင်း မဟုတ်ဘဲ နေအိမ်စွန့်ခွာ၍ ထွက်ခွာလာသူများကို ကူညီရန် သွားခဲ့ခြင်း ဖြစ်သည်ဟု ရှင်းပြခဲ့သည်။

ကျေးရွာအုပ်ချုပ်ရေးမှူး က တောင်းပန်ပြီး ရှင်းပြသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အဗ်ဒူရာမာန် ထံမှ ငွေကျပ် ၄ သိန်းခွဲနှင့် မိသားစုနှစ်စု ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။




(ဓါတ်ပုံ - AP)

ကျော်သူရ(ရှင်ပက္ခိ)
RB News
2.2.2018

၂၀၁၇ ခုနှစ်​ ​အောက်​တိုဘာလ (၁၉) ရက်​​နေ့က နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ဒေါ်​အောင်​ဆန်းစုကြည်​ရဲ့ မိန့်ခွန်းထဲမှာ "ရိုဟင်ဂျာတွေ မိမိရဲ့​နေရပ်​ရင်းကို ဘာ​ကြောင့်​ စွန့်ခွာနေတာလဲ ဆိုတာ မသိဘူး၊ အဲ့ဒါ​တွေ ​လေ့လာကြည့်ရမည်"လို့ ပြောခဲ့တာ အခုဆိုရင် ၄ လကျော်လွန်​သွားပါပြီ။ ဒါ​ပေမယ့်​ ​ဒေါ်​အောင်​ဆန်းစုကြည်​က အ​ဖြေကို အခုထိ ​လေ့လာလို့ မပြီး​သေးတာလား၊ မ​လေ့လာဘဲ ထားလိုက်တာလား၊ ​လေ့လာပြီး​သော်​လည်း အမှန်​ကို ထုတ်​မပြောဘဲ နေနေတာလား။ ​မေးခွန်းထုတ်​စရာ ဖြစ်​​နေပါပြီ။

ပထမဦးဆုံးအနေနဲ့ ... ဘင်္ဂလားဒေရှ့်​နိုင်​ငံကို သွား​ရောက်​ခိုလှုံ​နေရသူ ရိုဟင်ဂျာတွေကို နိုင်​ငံတကာ အစိုးရအဖွဲ့အစည်း၊ လူ့အခွင့်​အ​ရေး အဖွဲ့အစည်း​နဲ့ နိုင်​ငံတကာ သတင်းဌာန​တွေက ဒုက္ခသည်၊ အသက်​လုထွက်​​ပြေးလာခဲ့ရသူများ၊ လူသတ်​ကွင်းမှ ​ရှောင်​ထွက်​လာနိုင်​ခဲ့သူများ ဆိုပြီး သုံးနှုန်း ​ဖော်​ပြ​နေကြ​ပေမယ့်​ မြန်မာအစိုးရနဲ့ မြန်​မာပြည်တွင်း သတင်းဌာန​တွေက​တော့ ခိုးဝင်ဘင်္ဂလီ၊ နေရပ်စွန့်ခွာသွားတဲ့ ဘင်္ဂလီ၊ ထွက်ပြေးသွားသူ စသဖြင့်သာ သုံးနှုန်းနေကြတာ ​တွေ့ရပါတယ်​။

လူ့သဘာဝအတိုင်းပြောရရင်​ လူ​တွေဟာ ပိုမိုဖွံ့ဖြိုးတိုးတက်​တဲ့ ဘယ်ဒေသကိုမဆို သွားချင်ကြတာက ဓမ္မတာပဲ။ ဒါပေမဲ့ ရိုဟင်ဂျာတွေကတော့ ရေကြည်ရာ မြက်နုရာ ဆိုတဲ့အတိုင်း သွားနေကြတာလည်းမဟုတ်ဘူး။ ဘင်္ဂလားဒေရှ့်​ဟာ မြန်မာထက် ဘက်ပေါင်းများစွာမှာ သာပြီး ဖွံ့ဖြိုးတဲ့နိုင်​ငံဖြစ်ပေမယ့် အခု ရိုဟင်​ဂျာ​တွေ သွား​နေတဲ့ဟာက မိမိအသက်ကို ဆက်​လက်​ရှင်သန်ခွင့်ရဖို့ကိုသာ မျှော်ကိုးပြီး သွားခဲ့တယ်​ဆိုတာ သက်​​သေပြနိုင်​စရာ အ​ကြောင်းအရာအများကြီးရှိပါတယ်​။ ပိတ်လှောင်ထားမယ့် စခန်းတွေထဲမှာ နေရမယ်​ဆိုတာကို သိလျက်​နဲ့​ပေါ့။

ဒါကြောင့် ဘင်္ဂလားဒေရှ့်​ ကော့ဇ်​ဘဇား ဒုက္ခသည်​စခန်းတွေမှာ သွား​ရောက်​ခိုလှုံနေတဲ့၊ ခိုလှုံဖို့သွားနေရတဲ့ ရိုဟင်ဂျာတွေကို သတင်းတွေထဲမှာ "ရှင်သန်ခွင့်ရဖို့ အသက်လုထွက်ပြေးနေရသူ ရိုဟင်ဂျာများ ၊ မိမိရဲ့မွေးရပ်မြေမှ မောင်းထုတ်ခံနေရသူ ရိုဟင်ဂျာများ" လို့ပဲသုံးမှ မှန်​ကန်​ပါလိမ့်​မယ်​။

ပြန်ခေါ်မယ့်ရက်တွေ အချိန်းအချက်တွေ ကျော်နေပေမယ့် ယနေ့ထိ ဘာလို့ ​မောင်းထုတ်ခံနေရတာလဲ။ မောင်းထုတ်နေသူတွေရဲ့ မောင်းထုတ်နေတဲ့ ဆွဲပြီးသား ဇယားအစီအစဉ်နဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အောက်မှာ ကြည့်ကြရအောင်။ ​မောင်းထုတ်တဲ့ စနစ်တွေကိုတော့ လက်လှမ်းမီသလောက် ကျေးရွာအုပ်စု လေးငါးအုပ်​စုရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေပေါ်မှာ အခြေခံပြီး ​ပြောပြပါမယ်​။

(၁) ဆွဲတင်စစ်

အမှန်အတိုင်းဆိုရင်​ ဆွဲ၊တင်၊စစ် ဆိုတာကို လုပ်လာတာ ၂၇ နှစ် ရှိ​နေပါပြီ။ ဆွဲ၊တင်၊စစ် ဆိုတာ ရှင်းရှင်းပဲ အနက်ဖွင့်ရရင် လူဦး​ရေ အတိုးအ​လျှော့ စစ်​​ဆေးခြင်းပါပဲ။ ​သေတဲ့သူ​တွေနဲ့ နိုင်​ငံခြား​ရောက်​သွားသူ​တွေကို အိမ်​​ထောင်​စုစာရင်းက​နေ ပယ်​ဖျက်​ခြင်း၊ အသစ်​​မွေးလာတဲ့က​လေး​တွေကို အိမ်​​ထောင်​စုစာရင်းမှာ တင်​သွင်း​ပေးခြင်းနဲ့ အ​ပြောင်းအ​ရွေ့ကိစ္စ​တွေကို ​ဆောင်​ရွက်​​ပေးခြင်းပါပဲ။ ဒါပေမယ့် အခုလုပ်​​နေတဲ့ ဆွဲ၊တင်​၊စစ်​ ပုံစံက ပြစ်​မှုကြီးကြီးမားမား ကျူးလွန်​ထားတဲ့ တရားခံ​တွေကို တရားစီရင်​​နေသလိုပုံစံမျိုးနဲ့ ပြုလုပ်​​နေတာ ​တွေ့ရပါတယ်​။

အခုဆိုရင်​ ဆွဲ၊တင်​၊စစ်​ ဆိုတာကြီးကို တနှစ်မှာ နှစ်ကြိမ်စီ ပြုလုပ်​တယ်​။ မိသားစုဝင်အားလုံးကို တစ်နေရာတည်းမှာရပ်စေပြီး ဓာတ်ပုံရိုက်တယ်​။ ဒီလိုမျိုး ဓာတ်ပုံရိုက်ဖို့အတွက်​ အခကြေး​ငွေကို ဒေသခံရိုဟင်ဂျာတွေ ဘက်​က​ပေး​ဆောင်​ရတယ်​။  တစ်အိမ်ထောင်ကို အနည်းဆုံး ၅၀၀၀ ကျပ်​။

(၂)

အသစ်​​မွေးလာတဲ့ ကလေးတစ်ယောက်ကို မိမိရဲ့ အိမ်ထောင်စုစာရင်းမှာ တင်ဖို့ လ.ဝ.က ဖက်​က ထောက်ခံချက် လက်မှတ်တစ်ခုကို ၅၀၀၀ ကျပ်​​ပေးပြီး ယူရတယ်​။ အရှင်မွေးတယ်​ဆိုပြီး ​ထောက်ခံချက်တစ်ခုကို ​ဆေးရုံက သားဖွားဆရာမဆီက ၅၀၀၀ ကျပ်​​ပေးပြီး ယူရတယ်။ ​ကျေးရွာအုပ်ချုပ်ရေးမှူးဖက်​ကလည်း ထောက်ခံစာတစ်ခုကို ၅၀၀၀ ကျပ်​​ပေးပြီး ယူရတယ်​။ ပြီး​တော့ မိမိရဲ့တရားဝင်​သားဖြစ်​​ကြောင်းကို သက်​​သေခံစာအဖြစ်​ အိမ်နီးနားချင်းနှစ်ဦးမှ သက်​​သေခံ​ပေးရတဲ့ ​သက်သေခံစာတစ်​ခုလိုတယ်​။ ပြီး​တော့ တရားဝင်လက်ထပ်တဲ့ လက်ထပ်ခွင့် စာချုပ်မိတ္တူ​တွေလည်း လိုအပ်​တယ်​။ ဒါ​တွေအားလုံးကို ​ငွေအကုန်​အကျခံပြီး စုနိုင်​ဖို့အတွက်​ အနည်းဆုံး (၃) ရက်​​လောက်​လိုအပ်​တယ်​။ မိမိရဲ့က​လေးတစ်​​ယောက်​ မိမိအိမ်​​ထောင်​စုစာရင်းမှာ တင်​ဖို့အတွက်​ စာရွက်​စာတမ်း​တွေစုရတာကို ကြည့်​ရင်​ နိုင်ငံတော် အဆင့်ရာထူးအတွက် လျောက်လွှာတင်ရသလို ဖြစ်​နေတယ်။ စာရွက်တွေက မနည်းဘူးလေ။ သို့ပေမယ့် ယခုထိတော့စာရင်းထဲကို မဝင်နိုင်သေး။ စာရင်းတင်ဖို့အတွက် စုပြီးတဲ့ စာရွက်​တွေကို ဆွဲ၊တင်​၊စစ်​ အဖွဲ့ဆီသွားတင်​ရတယ်​။ အဲ့မှာလည်း ​ငွေ ၂၀၀၀၀ ကျပ်​​ပေးရတယ်​။

တကယ်​လို့ ကလေးရဲ့အသက်က (၃) နှစ်ပတ်ဝန်းကျင်မှာ ရှိနေရင်​​တော့ အိမ်​​ထောင်​စုစာရင်းမှာ တင်​မ​ပေးနိုင်​ဘူးလို့ ​ပြောတယ်​။ တကယ်​​တော့ ဒီက​လေး​တွေကို အရင်​နှစ်​​ ဆွဲ၊တင်​၊စစ်​ တုန်းက အိမ်​​ထောင်​စုစာရင်းမှာ သူတို့ပဲ ​ငွေမ​ပေးနိုင်​လို့ မတင်​​ပေးတာက ရှင်း​နေတာပဲ။ အရင်က တင်မ​ပေးခဲ့တာလည်းသူတို့ပဲ။ အခု အသက်ကြီးတယ်လို့ အကြောင်းပြနေတာလည်း သူတို့ပါပဲ။ အဲဒီအချိန်မှာ မိဘက စိုးရိမ်စိတ်နဲ့ ဘာလုပ်ရင်ကောင်းမလဲလို့ ​ဗျာများ​နေရချိန်​ ဆွဲ၊တင်​၊စစ်​ အဖွဲ့က အဲအချိန်မှာ အသင့်မွေးစားထားတဲ့ ပွဲစားက ချဉ်းကပ်လာပြီးတော့ သူလုပ်ပေးမယ်​ပြောတာပါပဲ။ သိန်းနဲ့ချီတဲ့ ​ငွေ​ပေးပြီး ပွဲစားကို အပ်​မှ အဆင်​​ပြေတတ်​တယ်​။ မိဘက ဘာတတ်နိုင်မလဲ။ အယောက်တစ်​ရာမှာ တစ်ယောက်လောက်ကပဲ ပွဲစားကိုအပ်​ပြီး အဆင်​​ပြေသွား​ပေမယ့့် တစ်နေ့လုပ်ပြီး တစ်​နှပ်​စား​နေရသူတွေက ဘယ်တတ်နိုင်မလဲ။ မလုပ်​ဘဲ ​နေလိုက်​​တော့တာပဲ။ ဒီ​တော့ ဒီက​လေး​တွေ ကြီးလာ​တော့ စာရွက်​စာတမ်းမဲ့ ဖြစ်​သွားရတယ်​။ ဒါက​ရော သွယ်ဝိုက်တဲ့ နည်းနဲ့ မောင်းထုတ်နေတာ မဟုတ်ဘူးလားလို့ ဒေါ်​အောင်​ဆန်းစုကြည်​ကို မေးကြည့်ချင်ပါတယ်။

ပြည်​သူကို အသက်မွေးဝမ်းကျောင်းပြုနိုင်​ဖို့ဆိုပြီး အစိုးရက ဘယ်အချိန်မှာ အလုပ်အကိုင် ဖန်တီးပေးထားတာရှိလို့လဲ။ မရှိတဲ့ကြားက​နေ ဆင်းရဲသားတွေရဲ့ မျက်ရည်စာတွေနဲ့ သူတို့ရဲ့ ဗိုက်ခေါက်ထူလာအောင်အထိ ​ငွေညှစ်​ပြီး စားနေကြတာက​တော့ လူ့အလုပ်​မဟုတ်​ပါဘူး။ အမှန်မှာ သူတို့မှာစားဖို့မရှိလို့ ဒီလိုမျိုး ဓားပြတိုက်နေတာမဟုတ်ဘူး။ ရိုဟင်​ဂျာ​တွေ တကယ်​ထွက်ပြေးသွားအောင် စနစ်ကျကျ ညစ်​ပတ်​​နေတာပါပဲ။

(၃)

သေဆုံးသွားသူတယောက်ကို အိမ်​​ထောင်​စု စာရင်းမှ ပယ်​ဖျက်​လိုက်​ဖို့အတွက်​လည်း အနည်းဆုံး ငါးထောင်ကျပ်​ ပေးရတယ်။

(၄)

နိုင်​ငံခြားထွက်​သွား​နေသူ တစ်​​ယောက်​ကို အိမ်​​ထောင်​စု စာရင်းမှ ဖယ်​ဖျက်​လိုက်​ဖို့အတွက်​လည်း အနည်းဆုံး တစ်​​သောင်းကျပ်​​ပေးရတယ်​။

(၅)

အိမ်ထောင်ပြုသော အမျိုးသမီးတွေကို မိဘရဲ့ အိမ်ထောင်စုစာရင်းမှ ပယ်​ဖျက်​ပြီး လက်ရှိယောက္ခမ (သို့မဟုတ်) အခြား အိမ်ထောင်စုစာရင်းမှာ ပြောင်းရွေ့ စာရင်းသွင်းရာမှာလည်း စည်းနှစ်ခု သတ်မှတ်ထားတယ်။ တစ်ခုကတော့ အကယ်၍ သတို့သားနဲ့ သတို့သမီး တို့ဟာ နယ်ခြားစောင့်ရဲတပ်​ဖွဲ့ရဲ့ နယ်မြေတစ်ခုတည်းက မဟုတ်ဘဲ တစ်ယောက်တစ်ခုစီက ဖြစ်နေရင်​​တော့ သိန်းနဲ့ချီတဲ့ ​ငွေ​ပေးမှ ရတယ်​။ နောက်တစ်ခုက နယ်မြေတစ်ခုတည်းထဲက ဖြစ်ရင်​​တောင်​ ပြောင်းရွေ့ခ ဆိုပြီး အနည်းဆုံး ​ငွေကျပ်​ (၄) သောင်း​ပေးရတယ်​။ မတတ်​နိုင်​သူ​တွေက ဒီအတိုင်း​နေလိုက်​​တော့ သူတို့ရဲ့ ​မွေးလာတဲ့သားသမီး​တွေကိုလည်း အိမ်​​ထောင်​စုစာရင်းမှာ တင်​ခွင့်​မရတော့​ဘူး။

(၆)

ဓာတ်ပုံရိုက်တဲ့ အခါမှာလည်း အတော်ကို ရင်နာစရာဖြစ်​​အောင်​ ပြုလုပ်​တယ်​။ အမျိုးသမီး​တွေကို ဝတ်​ရုံချွတ်​ခိုင်းခြင်း၊ ​လှောင်​​ပြောင်​ခြင်း၊ ​စော်​ကားခြင်း​တွေ ပြုတတ်​တယ်​။

နောက်​တစ်​ခုက တချို့အိမ်ထောင်စုစာရင်းဆိုရင် အဘိုးအဘွား၊ သားသမီး မြေးမြစ် မျိုးဆက်လေးဆက်ထိကို တစ်ခုထဲမှာပဲ စုပုံထားတယ်။ အမှန်ဆိုရင် ယခင် ၁ဝ နှစ်ကတည်းကပင် ခွဲပေးဖို့လိုနေတာ။ အဲဒီတော့ အိမ်​​ထောင်​စာရင်း စာရင်းတစ်ခုတည်းမှာပင်​ လူ ဒါဇင်နဲ့ချီ ဖြစ်သွားတာနဲ့ သူတို့က အတော်ကို အဆင့်နိမ့်တဲ့ စကားတွေနဲ့ လှာင်ပြောင်ကြတယ်။ စိတ်​နှလုံးထဲနာကျင်​​အောင်​ ဆက်​ဆံတတ်​တယ်​။ ရိုဟင်​ဂျာ​တွေကို စိတ်​​ရော ကိုယ်​ပါ နားကျည်း​အောင်​လုပ်​​နေတာ ဖြစ်​တယ်​။

ဒါတွေကတော့ ဆွဲတင်စစ်နဲ့ပတ်သက်ပြီး ရိုဟင်​ဂျာ​တွေ ကြုံ​တွေ့​နေရတဲ့ ဒုက္ခသံသရာပါပဲ။

ဒါတွေအားလုံးကို ခြုံငုံပြီးပြောရရင် စားရေးသောက်ရေးအတွက် အင်မတန် ရုန်းကန်နေရပြီး ကျီးလန့်စာ စားသလို နေနေရတဲ့ ကျန်ရှိနေတဲ့ ရိုဟင်ဂျာ အနည်းငယ်တွေကိုလည်း မြန်​မာပြည်​က ထွက်ပြေးသွားအောင် တမင်​ကြံစည်​ပြီး နှိပ်စက်နေတာ မဟုတ်ဘူးလား။

ရိုဟင်ဂျာတွေ အဲဒါကြောင့် နေ့စဉ် အသက်လုပြီး ထွက်​​ပြေး​နေရတာ ဖြစ်​​ကြောင်း ​ဒေါ်​အောင်​ဆန်းစုကြည်​ သိ​အောင်​ ဖြစ်​​အောင်​ ​ပြောပြချင်​တယ်။

ဒါတွေကို ဒေါ်​အောင်​ဆန်းစုကြည်​ မသိတာလား။ သိပြီး မသိဟန်​​ဆောင်​​နေတာလား။ ကိုးကွယ်​တဲ့ဘာသာ မတူလို့ပဲ တမင်​ ခွဲခြားဆက်​ဆံပြီး လူ​တွေကို ထွက်​သွား​အောင်​ ဖိအား​ပေး​နေတာ မဟုတ်​ဘူး။

ငြိမ်းချမ်း​ရေး နိုဘယ်​ဆု ဂုဏ်​ပုဒ်​ရှင်​​ရေ ... ဒါ​တွေအားလုံး အသင်​သိပါ​လေစ။

ဆရာကျော်သန်း

RB News
31.1.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာရှိ အစိုးရ အခြေခံပညာ အထက်ကျောင်းမှ ကျောင်းဆရာ ဦးကျော်သန်း၏ လုပ်ကြံ ငွေညှစ်မှုကြောင့် ကျောင်းသား/သူ အချို့ ကျောင်းတက်ခွင့်မရ ဖြစ်နေကြောင်း သတင်းရရှိပါသည်။

ဆရာဦးကျော်သန်းသည် စစ်တွေ ဇာတိသား ဖြစ်ပြီး၊ ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာရှိ အခြေခံပညာ အထက်ကျောင်းတွင် လွန်ခဲ့သည့် ၁၅ နှစ်ခန့်မှစ၍ တာဝန်ထမ်းဆောင်လျက် ရှိရာ၊ ဒေသခံကျောင်းဆရာတစ်ဦးကဲ့သို့ ဖြစ်နေသောကြောင့် မကြာခဏ ပြောင်းရွှေ့သွားပြီး အသစ်ရောက်လာသည့် ကျောင်းအုပ်ဆရာ/မကြီး များပင် ၎င်းကို ကြောက်ရွံရပြီး၊ ၎င်း၏ လက်အောက်ခံ ဖြစ်နေသည်ဟု ဒေသခံများက ဆိုသည်။

ဆရာကျော်သန်းဟု လူသိများပြီး၊ ကျောင်းသားကျောင်းသူများ၏ ကျောင်းဝင်နံပါတ်၊ ကျောင်းမှတ်ပုံတင်ထားသည့် စာရင်းများ ဖျောက်၍ ငွေညှစ်သည့် အကြောင်းကို ဒေသခံတစ်ဦးက “သူက ဘယ်လိုလုပ်သလဲဆိုတော့ ကျောင်းသားတစ်ယောက်က ၈ တန်းရောက်နေတယ်ဆိုရင် အဲဒီကျောင်းသားရဲ့ ၅ တန်းတုန်းက မှတ်ပုံတင်ထားတဲ့ အချက်အလက် စာရွက်စာတမ်းတွေ ဖျောက်ပစ်လိုက်တယ်။ ကျောင်းသားက ကျောင်းတက်နေရင်း ဘာမှ မဖြစ်ဘူး။ ၈ တန်းပြီးတော့ ၉  တန်းပြန်အပ်တဲ့အချိန်ကျမှ မင်းရဲ့ စာရင်းက ကျောင်းမှာ မရှိဘူး ဘာညာဆိုပြီး ၅ တန်းစာရင်း ပြန်ထုတ်ပြတယ်။ အဲဒီတော့ ကျောင်းဝင်ခွင့် ပြန်ရရေး အတွက် သူ့ကို ၅ သောင်းကနေ တစ်သိန်းထိ ပေးရတယ်” ဟု ပြောပါသည်။

“ပိုက်ဆံတတ်နိုင်တဲ့ ကလေးတွေကတော့ ပေးတာပေါ့။ အခု အဲလို မပေးနိုင်တဲ့ ကလေးတွေ ကျောင်းမတက်ရတော့တာ တစ်ဒါဇင် မက ရှိနေပြီ။” ဟု ၎င်းက ဆက်လက်ပြောပါသည်။

ညောင်ချောင်း အထက်တန်းကျောင်းတွင် ကျောင်းသား/သူ ၅ ပုံ ၄ ပုံမှာ ရိုဟင်ဂျာလူမျိုး ဖြစ်ပြီး၊ ဆရာကျော်သန်းက ရိုဟင်ဂျာကျောင်းသား/သူ များကိုသာ လုပ်ကြံ၍ ငွေညှစ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ၎င်းသည် မူလတန်းပြဆရာ တာဝန်ဖြင့် ရောက်ရှိလာခဲ့ပြီး ရာထူး အဆင့်ဆင့်တိုး၍ ယခုအခါ အထက်တန်းပြဆရာ အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။



MYARF
RB News
31.1.2018

မောင်တော ။ ။ ယနေ့ ဇန်န၀ါရီလ (၃၁) ရက်နေ့ နံနက် ၁ နာရီခန့် အချိန်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စု ကမ်းပိုင်းနားရွာမှ ရိုဟင်ဂျာနေအိမ် (၈) အိမ် မီးရှို့ခံခဲ့ရကြောင်း သတင်းရရှိပါသည်။ 

ဇန်န၀ါရီလ (၃၀) ရက်နေ့ ည ၉  နာရီကျော် အချိန်မှစ၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ကင်းလှည့်ကား နှစ်စီးသည် ရွှေဇားအုပ်စု တစ်ခုလုံး လမ်းကြားပါမကျန် လှည့်ပတ်ခဲ့ပြီး နံနက် ၁၂ နာရီခွဲခန့်တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။ ၎င်းတို့ ထွက်ခွာသွားပြီး ခဏအကြာတွင် ပေါက်ကွဲသံတစ်ခုပမာ အသံတစ်ခုကြားခဲ့ရပြီး၊ အသံကြားရသည်နှင့် တစ်ပြိုင်နက် နေအိမ်များ မီးလောင်နေသည်ကို တွေ့မြင်ခဲ့ရကြောင်း ရွာသားတစ်ဦးက RB News သို့ပြောသည်။ 

“ကျွန်တော်တို့ ထင်တာကတော့ အဲဒီနယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ ကင်းလှည့်ကားတွေ ပြန်ပြန်ချင်း ဆိုင်ကယ် နှစ်စီး ရွာထဲဝင်လာတာလာ ကြားလိုက်တယ်။ ပုဒ်မ ၁၄၄ ရှိနေတော့ အပြင်ထွက်ပြီး မကြည့်ရဲကြဘူး။ သိပ်မကြာဘူး အဲဒီဆိုင်ကယ်တွေ ပြန်ထွက်သွားတာလည်း ကြားရတယ်။ ထွက်သွားပြီး ၅ မိနစ်တောင် မကြာလိုက်ဘူး၊ အိမ်တွေ မီးလောင်နေတာကို မြင်လိုက်ရတယ်” ဟု အဆိုပါ ရွာသားက ဆက်လက်ပြောပါသည်။ 

ကမ်းပိုင်းနားရွာနှင့် ကပ်လျက် တည်ရှိနေသည့် ကင်ဘဲရွာသား တစ်ဦးက “မနေ့က ည ၁၂ နာရီကျော်မှာ ဆိုင်ကယ်နှစ်စီး လူ ၄ ယောက် ရောက်လာပြီး လမ်းဘေးက အိမ်တစ်အိမ်ကို မီးရှို့တယ်၊ မီးစွဲတာနဲ့ အိမ်ရှင်က မြင်လိုက်တော့ အိမ်နီးချင်းတွေကို အော်ဟစ် အကူအညီတောင်းတယ်၊ အဲဒီဆိုင်ကယ်နဲ့ ရောက်လာသူတွေ ပြေးသွားတာကို မြင်လိုက်ရတယ်” ဟု ပြောသည်။ 

မီးရှို့မှုကြောင့် မီးလောင် ပျက်စီးသွားသည့် နေအိမ်များမှာ --

(၁) ဦးလေးရူး
(၂) ဦးနူရ်အစ္စလာမ်
(၃) ဦးအာဘူကာလာမ်
(၄) ဦးနူရုလ်ဟောက်
(၅) ဦးရော်ရှိတ်
(၆) ဦးနူရ်ဟာဆောင်း
(၇) ဦးရာမတ်အူလ္လာ 
(၈) ဦးအီဗြာဟိမ်း -- တို့၏ နေအိမ်များ ဖြစ်ကြသည်။ 





Photo: Nyo Ban/ Irrawaddy

အမ်၊အက်စ် အဏ္ဏ၀ါ
RB News
31.1.2018

လွန်ခဲ့တဲ့ ဇန်န၀ါရီလ (၁၈) ရက်နေ့မှာ ရခိုင်ပြည်မှာ စိတ်ကူးထဲမှာတောင် ဖြစ်လိမ့်မယ်လို့ မတွေးဖူးတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တယ်။ မြန်မာအာဏာပိုင်တွေက ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဌ ဒေါက်တာအေးမောင် ဖမ်းဆီးလိုက်တာပါ။ ဒေါက်တာအေးမောင်နှင့် အတူ ဖမ်းဆီးထားတဲ့ စာရေးဆရာ ဦးဝေဟင်အောင် တို့နှစ်ဦးကို ဇန်န၀ါရီလ (၂၉) ရက်နေ့ တနင်္လာနေ့မှာ စစ်တွေ အကျဉ်းထောင်ကနေ ရသေ့တောင်ကို ခေါ်ဆောင်သွားပြီး တရားရုံးမှာ စစ်ဆေးခဲ့တယ်။ ပြီးခဲ့တဲ့ဇန်န၀ါရီလ (၁၇) ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်အရ ဆိုရင် ဒေါက်တာအေးမောင် ကို မတရားအသင်း ဆက်သွယ်ရေး ပုဒ်မ ၁၇ (၁)၊ ဆူပူသောင်းကျန်းမှု ပုဒ်မ ၅၀၅ (ခ) နဲ့ နိုင်ငံတော် သစ္စာဖောက်မှု အကြီးစား ပုဒ်မ ၁၂၂ တို့နဲ့ စွဲချက်တင်ထားတာပါ။

ရှင်းရှင်းလင်းလင်း ပြောရရင် ဒေါက်တာအေးမောင်က ဗမာစစ်တပ်နဲ့ ပူးပေါင်းပြီး ၂၀၁၂ ဇွန်လကစပြီး အခု ဖမ်းခံရတဲ့အချိန်ထိ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ခဲ့ရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင် လှုပ်ရှားခဲ့တဲ့ ဖက်ဆစ်ဝါဒီဆန်တဲ့ နိုင်ငံရေးသမား တစ်ယောက် ဖြစ်ပါတယ်။ သို့ပေမယ့်လည်း မြန်မာစစ်တစ်ပိုင်း အစိုးရရဲ့ လူမျိုးတုန်းသတ်ဖြတ်နေမှုမှာ လုပ်ဖော်ကိုင်ဖက်တစ်ဦး ဖြစ်နေသူကို ဖမ်းဆီးဖို့ ဘယ်အကြောင်းအရာတွေက လှုံ့ဆော်ခဲ့သလဲ။

စစ်အစိုးရက သူတို့နဲ့ ပူပေါင်းဆောင်ရွက်သူတွေ၊ သူတို့ရဲ့ ကိုယ်စားလှယ်တွေ အပါအဝင် နိုင်ငံရေးသမားများနဲ့ သာမန်ပြည်သူတွေကို လိုအပ်သလို အသုံးချပြီးသွားတဲ့ အချိန်မှာ အစွန့်အပစ်ခံ ပစ္စည်းတွေလို ဆက်ဆံတာဟာ လျှို့ဝှက်ချက် မဟုတ်ပါဘူး။ အသုံးချခံတွေကို စစ်အစိုးရက နောက်ထပ်အသုံးမ၀င်တော့ (သို့မဟုတ်) အန္တရာယ်စိန်ခေါ်မှု အဖြစ် မြင်လာတဲ့အခါ သူတို့ဟာ တစ်ခါသုံး ပစ္စည်းတွေလို စွန့်ပစ်ခံကြရတယ်။ အဲဒါကြောင့် ဒေါက်တာအေးမောင်လည်း စစ်တပ်အတွက် ခြွင်းချက်တစ်ခု မဖြစ်ခဲ့ဘဲ ထုံးစံအတိုင်း နိုင်ငံရေး ကစားကွက်ထဲက အသုံးချခံတစ်ဦးသာ ဖြစ်လာခဲ့တယ်။

ရခိုင့်တပ်မတော် AA, ရခိုင်လွတ်မြောက်ရေးပါတီ ALP စတဲ့ သူပုန်အဖွဲ့အစည်းတွေနဲ့ ဒေါက်တာအေးမောင်တို့ အချိန်ကြာကြာ ဆက်နွယ်မှု ရှိခဲ့ပေမယ့်လည်း အဲဒီဆက်နွယ်မှုတွေက ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်၊ စိန်ခေါ်မှုတွေထက် စစ်တပ်က ဒေါက်တာအေးမောင်ကို နိုင်ငံရေးအရ အသုံးချရာမှာ ပိုပြီး အကျိုးရှိနေတာကို မြင်တာကြောင့် သူတို့ရဲ့ အသုံးချခံ ကိုယ်စားလှယ် တစ်ယောက် အဖြစ် အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။ အခုတော့ စစ်ဗိုလ်ချုပ်တွေက ဒေါက်တာအေးမောင်ကို အသုံးချခံ နိုင်ငံရေးသမား တစ်ဦးထက် သူတို့ရဲ့ သြဇာအာဏာနဲ့ နိုင်ငံ့အချုပ်အခြာ အာဏာကို ထိပါးလာနေတာ မြင်လာတာကြောင့် ဖမ်းဆီးလိုက်တာပါ။

ရိုဟင်ဂျာတွေ စတင်အကြမ်းဖက်ခံရတဲ့ ၂၀၁၂ ဇွန်လကစပြီး ရခိုင်ပြည်ရဲ့ လူမှုရေးနဲ့ နိုင်ငံရေး အခြေအနေတွေက သိသိသာသာ ယိုယွင်းလာခဲ့တယ်။ အထူးသဖြင့် ၂၀၁၆ အောက်တိုဘာလမှာ ပြည်တွင်းဖြစ် (တုတ်၊ ဓါး ကိုင် အာရ်ကာန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် ARSA အမည်ခံ) လက်နက်ကိုင် အဖွဲ့တစ်ခုက မောင်တောမြို့က လုံခြုံရေးတပ်ဖွဲ့ စခန်းအချို့ ကို ၀င်စီး တိုက်ခိုက်ခဲ့တဲ့ နောက်ပိုင်းမှာ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်နဲ့ ဗမာစစ်တပ်နဲ့ ဒေါက်တာအေးမောင်ရဲ့ နောက်လိုက် ရခိုင်-ဗုဒ္ဓဘာသာဝင် အစွန်းရောက်တွေ ပူးပေါင်းပြီး သက်ကြီးရွယ်အို၊ လူကြီး လူငယ် မရွေး အပြစ်မဲ့ ရိုဟင်ဂျာ ရွာသူရွာသားတွေကို စနစ်တကျ လူမျိုးတုန်း သတ်ဖြတ်မှု ပြုလုပ်လာခဲ့တယ်။

အဲဒီအချိန်ကစပြီး ဗမာစစ်တပ်၊ လုံခြုံရေးတပ်ဖွဲ့များနဲ့ ရခိုင်အစွန်းရောက်တွေ ပူးပေါင်းပြီး မောင်တောခရိုင်နဲ့ ရသေ့တောင်မြို့နယ် အတွင်းမှာရှိတဲ့ ရိုဟင်ဂျာ ပြည်သူတစ်သောင်းကျော်ကို သတ်ဖြတ်၊ နေအိမ်တွေကို မီးရှို့ပြီး ရိုဟင်ဂျာ သိန်းပေါင်းများစွာကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မောင်းထုတ်ခဲ့တာက လူ့သမိုင်းရဲ့ အကြီးမားဆုံး ဘေးဒုက္ခတစ်ခုကို မောင်းခလုတ်နှိပ် (အစပျိုးပေး) လိုက်တာဖြစ်ကြောင်း ကျွန်တော်တို့ မျက်မြင် ကိုယ်တွေ့ ဖြစ်ပါတယ်။

ဇန်န၀ါရီလ (၁၆) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ၂၃၃ ကြိမ်မြောက် ရခိုင့်နိုင်ငံတော်ကျဆုံးခြင်း အထိမ်းအမှတ်ပွဲမှာ ဒေါက်တာအေးမောင်၊ မျက်မှောက်ရေးရာ စာပေဟောပြောသူ ဦးဝေဟင်အောင်နဲ့ အခြားသော ရခိုင်အမျိုးသားအချို့က "ဗမာတွေက ရခိုင်တွေကို သူတို့ရဲ့ ကျွန်များသဖွယ် ဆက်ဆံပါတယ်။ အခုအချိန်က ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေး အခြေအနေအရ ရခိုင်ပြည်နယ်ခွဲထွက်ရေးနဲ့ သီးခြားနိုင်ငံထူထောင်ရေးသို့ ချီတက်ရန် သင့်တော်သည့် အချိန်ဖြစ်တယ်' စသည်ဖြင့် ဟောပြောခဲ့ကြောင်း သတင်းတွေထွက်လာပါတယ်။ သူတို့က အခမ်းအနား တက်ရောက်လာတဲ့ ရခိုင်-ဗုဒ္ဓဘာသာဝင်တွေကို ဗမာအစိုးရရဲ့ လက်အောက်မှာ မနေတော့ဘဲ လက်နက်ကိုင်တပ်ဖွဲ့ (AA ကိုညွန်းခြင်း) နဲ့ပေါင်းပြီး လက်နက်ကိုင်တော်လှန်ကြရန် တိုက်တွန်းခဲ့ကြောင်း သတင်းတွေမှာ ပါလာတယ်။

မြို့ဟောင်းလို့ ယခင်က လူသိများတဲ့ မြောက်ဦးမြို့က အခမ်းအနားကို အာဏာပိုင်တွေက ကြိုတင်ပိတ်ပင်ခဲ့ပေမယ့်လည်း ရခိုင်လူထု ၄၀၀၀ ကျော်လောက် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ပွဲ လုပ်ခဲ့တယ်။ ဆန္ဒဖော်ထုတ်နေသူတွေက လွတ်လပ်ရေး ကြွေးကြော်သံတွေနဲ့ အတူ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ပြီး လက်နက်တွေ လုယက်ခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်တယ်။ ရဲတွေက ထုံးစံအတိုင်း လူအုပ်ထဲကို မဆင်မခြင် သေနတ်နဲ့ ပစ်ခတ်တာကြောင့် ဆန္ဒဖော်ထုတ်နေသူ (၇) ဦး သေဆုံးခဲ့ရပြီး (၁၂) ဦး ဒဏ်ရာရခဲ့တယ်။

အဲဒီဖြစ်စဉ်က မြန်မာအစိုးရအတွက် မဟာမိတ်ကောင်း ရန်သူလှည့်ပြောင်း ဖြစ်တဲ့ ဒေါက်တာအေးမောင်ကို ဖမ်းဆီးဖို့နဲ့ သူတို့ရဲ့ နိုင်ငံရေးလမ်းကြောင်းကနေ ဖယ်ထုတ်ဖို့ အချိန်ကိုက် အကြောင်းခံတစ်ခု ဖန်တီးပေးခဲ့သလို ဖြစ်ခဲ့တယ်။ တကယ်လို့ ဒေါက်တာအေးမောင်က ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် (မြန်မာနိုင်ငံရဲ့ တရားရေးစနစ်က စစ်တပ်ကိုသာ ဦးစားပေးပြီး အခြားဟူသမျှကို အလေးမထားတာကြောင့် များသောအားဖြင့် ပြစ်မှုထင်ရှားနိုင်ဖွယ် ရှိပါတယ်) ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရမှာ ဖြစ်ပြီး သေဒဏ်တောင် ခံရနိုင်ဖွယ် ရှိပါတယ်။ (မှတ်ချက် ။ ။ ပြစ်မှုနဲ့ ပြစ်ဒဏ်က အယူခံဝင်ခြင်းနဲ့ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လျော့လာနိုင်ပါတယ်)

ကျွန်တော့်ရဲ့ မေးခွန်းတွေကတော့ “ရန်လိုမှုတွေ တိုးပွားလာနေတဲ့ ရခိုင်ပြည်နယ် နိုင်ငံရေး အခြေအနေ ကစားကွက်ထဲ လူမျိုးတုန်းသတ်ဖြတ်ခံနေရတဲ့ ရိုဟင်ဂျာတွေ ဘယ်မှာ ရပ်တည်နေကြသလဲ၊ သူတို့ရဲ့ နိုင်ငံရေး အကျပ်အတည်းမှာ တစ်စုံတစ်ရာ ရယူနိုင်စွမ်း (သို့မဟုတ်) ဆုံးရှုံးဖို့ ရှိနေသလား၊ သူတို့အတွက် နိုင်ငံရေး၊ လူမှုရေးအရ အသက်ရှုမှန်လာနိုင်မယ့် နေရာတစ်ခု ရနိုင်မလား” ဆိုတာတွေပါ။

ဒေါက်တာအေးမောင်က ရခိုင်ပြည်ရဲ့ လက်တလော အထိမခံတဲ့ ယိုယွင်းနေတဲ့ နိုင်ငံရေးနယ်ပယ်မှာ (အကယ်၍ ကောင်းမွန်စွာ အသုံးချနိုင်ခဲ့ရင်) သီးခြားနိုင်ငံတစ်ခု ထူထောင်လို့ ရလောက်တဲ့အထိ ကြီးမားတဲ့ နိုင်ငံရေး အခွင့်အရေးတစ်ခုကို သိသိသာသာ ထင်ထင်ရှားရှား မြင်ခဲ့တယ်။ ဒါ့ကြောင့် သူက သူ့ရဲ့အလုပ်၊ သူ့ဘ၀မှာ ဘေးအန္တရာယ်ကြုံရမယ် (သို့မဟုတ်) ကာလကြာမြင့်စွာ အကျဉ်းသားဘ၀ကို ရင်ဆိုင်ရမယ် ဆိုတာသိသိနဲ့ ရခိုင်ပြည်သူတွေကို ဗမာအစိုးရကို လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့ ပြောရဲခဲ့တာပါ။

ရိုဟင်ဂျာလူထုကို ဦးဆောင်နေတဲ့ ရိုဟင်ဂျာတွေထဲက တစ်ဦးတစ်ယောက်က ရိုဟင်ဂျာတွေ နေ့စဉ်နဲ့ အမျှ ခံနေရတဲ့ အကြမ်းဖက်မှု၊ ဗမာနဲ့ ရခိုင်တွေ (အထူးသဖြင့် ဒေါက်တာအေးမောင် ဦးဆောင်တဲ့ အုပ်စု) ကြားမှာ ကြီးမားလာနေတဲ့ နိုင်ငံရေးဟာကွက်ထဲက ရိုဟင်ဂျာတွေ ရုန်းထွက်နိုင်ဖို့ အတွက် အနည်းဆုံး ရိုဟင်ဂျာတွေရဲ့ အခြေခံ လူ့အခွင့်အရေးနဲ့ ဘ၀လုံခြုံမှုကို ရရှိနိုင်တဲ့ အခွင့်အလမ်းတစ်ခုခု မြင်ရဲ့လား? ဒါမှမဟုတ် ဗမာစစ်တပ်နဲ့ အခြားသူတွေက အခြေအနေတွေ အပေါ် အမြဲတမ်း အမြတ်ထုတ်လေ့ရှိသလို အမြတ်ထုတ်နေတာကို လက်ပိုက်ကြည့်နေလား? ရိုဟင်ဂျာခေါင်းဆောင် တစ်ဦးတစ်ယောက်က ဒေါက်တာအေးမောင်လို စွန့်စားနိုင်မှာလား?

မကြာခင်အချိန်တစ်ခုမှာ ရခိုင်ပြည်က ရခိုင်ခွဲထွက်ရေးဝါဒီ ခေါင်းဆောင်တွေကို ချိန်ညှိဖို့၊ တိုက်ဖျက်ဖို့ အတွက် ဗမာစစ်တပ်က ရိုဟင်ဂျာတွေကို လိုအပ်လာနိုင်ဖွယ် ရှိပါတယ်။ အဲဒါကြောင့် ရိုဟင်ဂျာတွေကို ပြန်လည် လက်ခံရေးနဲ့ အခြားသော နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ စသဖြင့် အကြောင်းအရာ အမျိုးမျိုးနဲ့ ရိုဟင်ဂျာပြည်သူတွေကို ချွေးသိပ်ဖို့ သွေးဆောင်ဖြားယောင်ဖို့ ပြည်တွင်းနဲ့ ပြည်ပမှာ ရှိတဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေကို ဗမာအစိုးရက မဟာဗျူဟာအသစ်တွေနဲ့ ချဉ်းကပ်နိုင်တယ်။ ရခိုင်ပြည်နဲ့ ပတ်သက်ပြီး ဗမာစစ်တပ်ရဲ့ မဟာဗျူဟာအသစ်မှာ ARSA နဲ့ အပြန်အလှန် တွေ့ဆုံဆွေးနွေးဖို့တောင် ပါဝင်လာနိုင်တယ်။ အတိအကျတော့ ဘယ်သူသိနိုင်မှာလဲ။

ဒါပေမယ့် စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေက အမြဲတမ်း ယုတ်မာ ကောက်ကျစ်ပြီး၊ ရခိုင်ပြည်မှာရှိတဲ့ လူမျိုးစုတွေကို တစ်စုနဲ့တစ်စု စိတ်ဝမ်းကွဲစေပြီး အပြန်အလှန် တိုက်ခိုက်ဖို့ အဓိကထား လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ဗမာစစ်တပ်ရဲ့ နိုင်ငံရေး သားကောင် အဖြစ်ခံမလား၊ နိုင်ငံရေး အသုံးချခံအဖြစ် အသုံးချခံမလား (သို့မဟုတ်) နိုင်ငံရေးကစားကွက်ထဲက မိမိတို့ရဲ့ လူထုအတွက် အမြတ်တစ်စုံတစ်ရာ ရရှိနိုင်ဖို့ စဉ်းစားကြမှာလား။

ပြည်တွင်းပြည်ပက ရိုဟင်ဂျာအရေးကို ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်များနဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားသူများ ခင်ဗျား။

မိမိရဲ့ ကိုယ်ကျိုးကိုသာမြင်တဲ့ ကျဉ်းမြောင်းတဲ့ နိုင်ငံရေးအမြင်နဲ့ မိမိကိုယ်ကို ဗမာစစ်တပ်ရဲ့ ညစ်ပတ်တဲ့နိုင်ငံရေး လက်အောက်ခံ အဖြစ်မခံပါနဲ့။ သင်တို့အတွက် သင်တို့ရဲ့ အနာဂတ်ကို အခြားသူများကို ဆုံးဖြတ်ခွင့် မပေးပါနဲ့။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးကစားကွက်ထဲက တစ်စုံတစ်ခု ရယူနိုင်ဖို့ စေ့စပ်သေချာတဲ့ မဟာဗျူဟာများ တည်ဆောက်ကြပါ။ လက်ရှိနိုင်ငံရေး အခြေအနေက သင်တို့အတွက် သမိုင်းကပေးတဲ့ နောက်ထပ် အခွင့်ကောင်းတစ်ခုလို့ မှတ်သားကြပါ။ ဒါကို အချည်းအနှီး မဖြစ်ပါစေနဲ့။

စဉ်းစားတွေးတောကြပါ။ လိမ္မာပါးနပ်ကြပါ။ သတိရှိကြပါ။ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါ။ ဖြစ်လာမှ တုန့်ပြန်ခြင်းထက် အခြေအနေတစ်ခု ဖြစ်လာဖို့ ဖန်တီးကြပါ။

***

ဖြည့်စွက်ချက် ။ ။ တကယ်တမ်းပြောရရင် ဟစ်တလာက ကမ္ဘာ့အထူးချွန်ဆုံး ခေါင်းဆောင်ထဲက တစ်ယောက်ပါ။ ဒါပေမယ့် အကောင်းဆုံးထဲက တစ်ယောက်လားလို့ မေးရင် မဟုတ်တာ လူတိုင်းသိတယ်။

အလားတူ ဒေါက်တာအေးမောင်ကလည်း ထက်မြက်တယ်၊ ရဲဝံ့တယ်၊ စွန့်လွှတ် အနစ်နာခံလိုစိတ်ရှိတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ အယူဝါဒ စိတ်နေစိတ်ထားသာ ရှိခဲ့မယ်ဆိုရင် ရခိုင်ပြည်မှာ ရှိတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ရဲ့ ကိုယ်စားပြု ခေါင်းဆောင်တစ်ယောက် ဖြစ်လာမှာ မလွဲဧကန်ပါ။

ကမ္ဘာကျော် ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာဖို့ မဆိုထားနဲ့ နိုင်ငံ့ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်ချင်ရင် ကိုယ့်အနွယ်တူ သွေးတူများအတွက် သာမက ကိုယ်နဲ့မတူ ကွဲပြားခြားနားတဲ့ သူများအတွက်လည်း ကောင်းမွန်ရမယ်၊ စေတနာ ထားနိုင်ရမယ်၊ အကျိုးပြုနိုင်ရမယ်။ အဲလိုမဟုတ်ဘဲ ဟစ်တလာ လို ကိုယ့်လူမျိုးတစ်မျိုးအတွက်သာ ကောင်းမွန်မယ်၊ အခြားလူမျိုးတွေကို ရက်စက်မယ်၊ နှိပ်စက်မယ်ဆိုရင် ဟစ်တလာ လိုပဲ ကမ္ဘာ့လူသားတစ်ရပ်လုံးရဲ့ တရားခံ ဖက်ဆစ်ဝါဒီ တစ်ဦး အဖြစ်သာ သမိုင်းဝင်သွားမှာ ဖြစ်ပါတယ်။

အချိန်မနှောင်းသေးပါ။ Better late than never.

စအီးဒ် အာရ်ကာနီ ဘာသာပြန်သည်။

RB News
29.1.2018

ဘူးသီးတောင် ။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသော ရိုဟင်ဂျာများအား နေရပ်ပြန်ပို့ရေးကိစ္စကို နိုင်ငံတကာက အာရုံစိုက်နေချိန်တွင် မြန်မာပြည်တွင်းရှိ ရိုဟင်ဂျာများမှာ မြန်မာအာဏာပိုင်များ၏ အတင်းအဓမ္မ မောင်းထုတ်ခြင်းကို ခံနေရသည်ဟု ခိုင်မာသည့် သတင်းရင်းမြစ်များက ပြောဆိုနေကြသည်။ 

ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းရှိ ဦးလှဖေကျေးရွာတွင် ဇန်န၀ါရီလ (၁၆) ရက်နေ့မှစ၍ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ တိတ်ဆိတ်စွာ ရှင်းလင်းရေး လုပ်ဆောင်နေမှုကြောင့် ရွာသား အများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေကြရသည်။

“အခုဆောင်းရာသီမှာ အရမ်းအေးတယ်။ ဒီလိုအခြေအနေမှာ ညတွေကို အိမ်အပြင်မှာ ဖြတ်သန်းရတာ မလွယ်ဘူး။ စစ်သားတွေနဲ့ လုံထိန်းတွေက အိမ်တွေထဲဝင်ပြီး အတင်းအဓမ္မ လုယက်တယ်။ အမျိုးသမီးတွေကို ဒုက္ခပေးတယ်။

“သူတို့က ကလေးငယ်တွေ အပါအ၀င် အမျိုးသားတွေ အားလုံးကို အသက်အရွယ်မခွဲခြားဘဲ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်နေတယ် ဆိုပြီး ပစ်မှတ်ထားတယ်။ အပြစ်မဲ့ ရွာသား အချို့ကိုလည်း ဖမ်းထားတယ်။ သူတို့ကို အချုပ်ခန်းထဲမှာ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်နေတယ်” ဟု ရွာပြင်တွင် တိမ်းရှောင်နေသည့် ရွာသားတစ်ဦးက RB News သို့ပြောသည်။

၂၀၁၇ ခုနှစ် သြဂုတ်လ (၁၀) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း အတွင်းငှက်သေကျေးရွာမှ အစိုးရ သတင်းပေးသူ ဦးမိုဟာမတ်ဟာဆန် (ဘ) ဦးမိုဟာမတ်အက်ဘာရ် ကို အမည်မသိသူများက သတ်ဖြတ်ခဲ့ပြီးနောက် သြဂုတ်လ (၁၇) ရက်နေ့တွင် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က ရွာကို ၀င်ရောက် စီးနင်း၍ ရွာသား ၄၉ ဦးကို လက်လွတ်စပယ် ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူ အများစုမှာ လယ်သမားများ ဖြစ်ကြပြီး လယ်များတွင် စိုက်ပျိုးနေစဉ် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း အမှတ် (၂၁) တွင် ၎င်းတို့ကို ထိန်းသိမ်းထားခဲ့ပြီး ညှဉ်းပန်းနှိပ်စက်ပြီးနောက် သြဂုတ်လ (၁၈) ရက်နေ့တွင် ၂၅ ဦးထံမှ ငွေအဆမတန် ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန်သည့် အပြစ်မဲ့ ၂၄ ဦးကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ (၁၇) (က) (ခ) တို့ဖြင့် ဆက်လက်၍ ချုပ်နှောင်ထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ယခုနှစ် ဇန်န၀ါရီလ (၁၈) ရက်နေ့ထိ အခြေအနေ တည်ငြိမ်နေခဲ့သော်လည်း အသတ်ခံရသူ၏ ယောက္ခထီး ဖြစ်သူ မော်လ၀ီ အလီဟူစိန်း (ဘ) ဦးလာလ်မျာ ၏ အလောင်းကို ဦးလှဖေကျေးရွာတွင် ဓါးဒဏ်ရာများဖြင့် တွေ့ရှိပြီးနောက် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က ၎င်းအား ဦးလှဖေရွာသားများ သတ်သည်ဟု စွပ်စွဲကို ရွာကို စီးနင်းဝင်ရောက်ခြင်း စတင်ခဲ့သည်။

ဇန်န၀ါရီလ (၂၀) ရက်နေ့ နေ့လည်ပိုင်းတွင် မော်လ၀ီအလီဟူစိန်း၏ အလောင်းကို ဦးလှဖေကျေးရွာနှင့် ဝေးကွာသော တောင်အနီးတွင် စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက တစ်စုံတစ်ရာ သက်သေခိုင်ခိုင်မာမာ မရှိဘဲ ဦးလှဖေကျေးရွာသားများကို ပစ်မှတ်ထားပြီး ရွာထဲသို့ ၀င်ရောက်စီးနင်း၍ တွေ့သမျှကို ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းနှင့် နေအိမ်များ အတွင်းမှ လုယက်ခြင်း တို့ကြောင့် ရွာအတွင်း အထိတ်တလန့်ဖြစ်ကာ ရွာသူရွာသားများ ကြောက်ရွံလာခဲ့ကြသည်။

ယနေ့ ဇန်န၀ါရီလ (၂၉) ရက်နေ့ သတင်းများအရ ဇန်န၀ါရီလ (၂၇) ရက်နေ့မှစ၍ အာဏာပိုင်များက ဆွဲ၊ တင်၊ စစ် စစ်ဆေးလျက်ရှိပြီး၊ ညပိုင်းတွင် ၀င်ရောက်စီးနင်းခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။ အပြစ်မဲ့ (၅) ဦးကို ဖမ်းဆီးထိန်းသိမ်းထားသည်။

ဖမ်းဆီးခံထားရသူများမှာ --

(၁) ဦးမောင်ဖြူ (ရွာညိုတောင်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်) ဇန်န၀ါရီလ (၂၁) ရက်နေ့တွင် ဖမ်းဆီးခံရသည်။

(၂) ဦးမိုဟာမတ်အာမီးန် (ဘ) ဦးအဗ်ဒူဂျဘာရ် (ဦးလှဖေကျေးရွာမှ) ဇန်န၀ါရီလ (၂၃) ရက်နေ့တွင် ဖမ်းဆီးခံရသည်။

(၃) ဟာဖီးဇ် ရာဟ်မတ်အုလ္လာ (ဘ) ဦးကာဒိရ်ဟူစိန်း (အသက် ၂၂ နှစ်) (ဦးလှဖေကျေးရွာမှ) ဇန်န၀ါရီလ (၂၉) ရက်နေ့တွင် ဖမ်းဆီးခံရပြီး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (၂၁) တွင် ထိန်းသိမ်းထားသည်)

(၄) မော်လ၀ီယာစီးန်အာနီးစ် (ဘ) ဟာဖီးဇ် ဦးမိုဟာမတ်အာလာမ် (အသက် ၂၄ နှစ်) (ဦးလှဖေကျေးရွာမှ) ဇန်န၀ါရီလ (၂၉) ရက်နေ့တွင် ဖမ်းဆီးခံရပြီး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (၂၁) တွင် ထိန်းသိမ်းထားသည်)

(၅) မော်လ၀ီ အဗ်ဒူလ္လာဟ် (ဘ) မော်လ၀ီ ဦးနအီးမ် (အသက် ၂၅ နှစ်) (ဦးလှဖေကျေးရွာမှ) ဇန်န၀ါရီလ (၂၉) ရက်နေ့တွင် ဖမ်းဆီးခံရပြီး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း (၂၁) တွင် ထိန်းသိမ်းထားသည်)

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လူမဆန်စွာ ပြုမှုနေခြင်းတို့ကြောင့် အနည်းဆုံး မိသားစု ၁၀၀ ခန့် တဖက်နိုင်ငံတွင် ခိုလှုံရန် ထွက်ခွာသွားသည်ဟု ဒေသခံများက ဆိုသည်။

“အခုလို အခြေအနေမျိုး ဆက်ဖြစ်နေမယ် ဆိုရင် ရွာက အနည်းဆုံး သုံးပုံနှစ်ပုံလောက် ကုန်သွားလိမ့်မယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ကျွန်တော်တို့ ညီအစ်ကိုတွေကို အချိန်မတန်သေးခင် ပြန်လာဖို့ လိုက်မပြောခင်မှာ မြန်မာအစိုးရကို ဖိအားပေးပြီး ကျွန်တော်တို့ ဒီမှာရှိနေတဲ့ လူတွေအတွက် တည်ငြိမ်အေးချမ်းတဲ့ နေရာတစ်ခု ဖန်တီးပေးဖို့ တောင်းဆိုတယ်” ဟု ရွာပြင်တွင် ပုန်းနေသည့် ရွာသားက ဆက်လက်ပြောပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ ၀င်ရောက်စီးနင်း၍ မတရားသဖြင့် ဖမ်းဆီးခြင်း ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကြောင့် ယခုသတင်းရေးသားသည့် အချိန်တွင် ရွာသူရွာသားများသည် လယ်ကွင်းများ၊ တောတောင်များနှင့် မြစ်ကမ်းနားဘေးတွင် ခိုလှုံ၍ ညများ ဖြတ်သန်းနေရသည်။




RB News
29.1.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကျောက်ဖြူတောင်ကျေးရွာမှ ဒေသခံရိုဟင်ဂျာများ၏ နေအိမ် (၅)လုံးနှင့် နွားတင်းကုပ် (၂) ခု မီးရှို့ခံလိုက်ရကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် ကျောက်ဖြူတောင်ကျေးရွာတွင် နယ်ခြားစောင့်ရဲများ၊ လ.၀.က များနှင့် မ.က.ဖ များ ရောက်ရှိနေပြီး၊ ဒေသခံများကို ဆွဲ၊ တင်၊ စစ် စစ်ဆေးလျက်ရှိသည်။ 

ဒေသခံရွာသားများသည် ဆွဲ၊ တင်၊ စစ် စစ်ဆေးခံရန် အတွက် စုဝေးရာနေရာတွင် စုဝေးနေသည့်အချိန် နေ့လည် ၃ နာရီကျော်တွင် နေအိမ် (၅) လုံးနှင့် နွားတင်းကုပ် (၂) ခု မီးရှို့ခံရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

ဆွဲ၊ တင်၊ စစ် စစ်ဆေးနေစဉ် နယ်ခြားစောင့်ရဲ အချို့သည် ရွာအတွင်း လှည့်လည်နေခဲ့ပြီး၊ ငှက်များ ပစ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။ 

မည်သူမီးရှို့သည်ကို မမြင်ခဲ့သော်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းမှ စ၍ ရွာပေါင်း ၃၅၀ ကျော် မီးရှို့ခဲ့သူများမှာ တပ်မတော်သားများနှင့် နယ်ခြားစောင့်ရဲများ ဖြစ်သောကြောင့် နယ်ခြားစောင့်ရဲများက မီးရှို့ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောပါသည်။ 

မီးလောင်နေစဉ် မီးလောင်နေသည့် နေအိမ်များ အနီးတွင် နယ်ခြားစောင့်ရဲများ ရှိနေသောကြောင့် ရွာသားများ မသွားဝံ့ ဖြစ်နေသဖြင့် မီးငြိမ်းရန် လာကြပါဟု ခေါ်ယူခဲ့ရသည်။

မီးသတ်ကား ရောက်ရှိလာသည့် အချိန်တွင် မီးငြိမ်းသွားစပြုနေပြီ ဖြစ်ကြောင်း၊ တပ်မတော်အရာရှိများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အရာရှိများ လာရောက်၍ ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။



MYARF
RB News
28.1.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၏ လူမျိုးရေး ခွဲခြားဆက်ဆံမှုကြောင့် ကျောင်းသားကျောင်းသူ အချို့ ကျောင်းတက် ပညာသင်ယူချင်စိတ် မရှိတော့ဟု ဘူးသီးတောင်မြို့နယ်မှ ဒေသခံများက ပြောပါသည်။

ဘူးသီးတောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးစံအောင်ကျော်သည် ရသေ့တောင်မြို့နယ် ဇာတိသား ဖြစ်ပြီး၊ ၂၀၁၆ ခုနှစ်တွင် ဘူးသီးတောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းသို့ ကျောင်းအုပ်ကြီး ရာထူးဖြင့် ပြောင်းရွှေ့လာခဲ့သည်။ 

၎င်း တာဝန်ယူပြီးနောက် လူမျိုးရေးခွဲခြားဆက်ခံခြင်းများ နေ့စဉ်နှင့်အမျှ တိုးလာပြီး၊ ၎င်းကိုယ်တိုင် ကျောင်းသားကျောင်းသူများကို ကုလားကျောင်းသား၊ ဘင်္ဂလီကျောင်းသား၊ တိုင်းရင်းသားကျောင်းသား စသည့် အသုံးအနှုန်းများ သုံး၍ ခွဲခြားဆက်ဆံနေသည်။

၎င်း ပြောင်းရွှေ့မလာမီက ယခုကဲ့သို့ ပြောင်းပြောင်းတင်း ခွဲခြားဆက်ဆံခြင်း မရှိခဲ့ဟု ဒေသခံများက RB News သို့ပြောပါသည်။ ၎င်းပြောင်းလာပြီးမှ ပိုဆိုးလာသည်ဟု ဆိုသည်။

ပညာရေးစုံညီပွဲတော် ကျင်းပခဲ့ရာ ယင်းအခမ်းအနားတွင် ဖိတ်ကြားခြင်းခံရသည့် ရိုဟင်ဂျာ မြို့မိမြို့ဖများ၊ ကျောင်းသားမိဘများ ရှေ့မှောက်တွင်ပင် “ဘင်္ဂလီကုလားဆိုး အကြမ်းဖက်သမားမျာကြောင့်” ကျောင်းများ ကာလ အတော်ကြာ ပိတ်ထားခဲ့ရသည်ဟု သုံးနှုန်း ပြောဆိုခြင်းကြောင်း လူမျိုးစုံ ဘာသာစုံ တက်ရောက် ပညာသင်ကြားနေသည့် ကျောင်းတစ်ကျောင်းအတွင်း ကျောင်းသားကျောင်းသူများ စိတ်ဝမ်းကွဲခြင်း၊ အမုန်းပွားခြင်း စသည်တို့ ပိုမို ဖြစ်ပေါ်လာမည်ကို ကျောင်းသားမိဘများ အထူးစိုးရိမ်လျက် ရှိနေကြသည်။

ယခုကဲ့သို့ လူမျိုးဘာသာ ခွဲခြားခြင်းများကြောင့် ကျောင်းသားကျောင်းသူ အချို့ ကျောင်းတက် ပညာသင်ချင်စိတ်ပင် မရှိတော့ဟု ပြောဆိုနေကြောင်း ကျောင်းသားမိဘများက ပြောပါသည်။

ကျောင်းသားမိဘများက ကျောင်းအတွင်း ကျောင်းအုပ်ကြီးအား ဆရာကျင့်ဝတ်နှင့် အညီ ပြောဆိုရန်၊ ကျောင်းသားကျောင်းသူများ အတွက် စံပြပုဂ္ဂိုလ်တစ်ဦး အဖြစ်နေထိုင်ရန်၊ ကျောင်းသားကျောင်းသူများ အကြား ချစ်ကြည်ရင်းနှီး ပိုမိုတိုးပွားစေရန် အတွက် သက်ဆိုင်ရာ ပညာရေးမှူးက ညွန်ကြားပေးရန် တောင်းဆိုနေကြသည်။  




MYARF
RB News
27.1.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မောင်နီရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းမှ နယ်ခြားစောင့်ရဲများက ငါးဖမ်းနေသူတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဇန်န၀ါရီလ (၂၆) ရက်နေ့ ည ၉ နာရီခန့် အချိန်တွင် မောင်တောမြို့နယ် မောင်နီရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲများ ခြံစည်းရိုးအနီး၌ ကင်းလှည့်နေစဉ် ငါးဖမ်းနေသည့် ငါးဖမ်းသမား တစ်ဦးကို ခြံစည်းရိုးအနီးတွင် တွေ့ရှိခဲ့သဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ကျည်ဆံသည် နောက်ကျေမှ ထိ၍ ၀မ်းဗိုက်မှ ပေါက်ထွက် သွားခဲ့ပြီး ယင်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ မောင်နီတောင်ရွာမှ ဗေဒင်ဆရာမ ဒေါ်ဇောရီနာ၏ သားဖြစ်သည်ဟု ဆိုသည်။ 

ပစ်သတ်ခံရပြီး သေဆုံးသွား၏ ရုပ်အလောင်းကို နယ်ခြားစောင့်ရဲများက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအဒူရာမာန်အား ဖုန်းဆက်ခေါ်၍ အပ်နှံခဲ့ရာ အုပ်ချုပ်ရေးမှူးက ရွာသားအချို့က ခေါ်၍ အလောင်းကို သယ်ယူလာခဲ့သည်။ 

ရုပ်အလောင်းကို ယနေ့ ဇန်န၀ါရီလ (၂၇) ရက်နေ့ နေ့လည်ပိုင်းတွင် မောင်နီရွာရှိ သင်္ချိုင်းတွင် မြေမြှပ် သဂြိုဟ်ခဲ့သည်။ 

ပစ်သတ်ခံရသူသည် ဆင်းရဲသား ငါးဖမ်းသမား တစ်ယောက် ဖြစ်သည်။ ညမထွက်ရ အမိန့်ထုတ်ပြန် ထားသည်ကို သိသော်လည်း နေ့ပိုင်းတွင် ငါးဖမ်ခွင့် မပေးသည့်အပြင် NVC မရှိဟု ဆိုကာ တစ်ရွာမှ တစ်ရွာသို့ သွားလာ၍ အလုပ်လုပ်ခွင့် မပေးသဖြင့် မိသားစုစားဝတ်နေရေးအတွက် ညမထွက်ရ အမိန့်ကို ဖီဆန်ကာ အသက်ရင်း၍ ငါးဖမ်းခဲ့ခြင်း ဖြစ်သည်။



MYARF
RB News
27.1.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် စိတ်ကြွဆေးပြားများနှင့် ပတ်သက်၍ ဖမ်းဆီးခံရသူများမှာ စိတ်ကြွဆေးပြားနှင့် ပတ်သက်သူများ မဟုတ်ဘဲ ဖမ်းဆီးရမိသည့် အိမ်တွင် ခိုလှုံနေသူများ ဖြစ်ကြောင်း သတင်းရရှိပါသည်။ 

ဇန်န၀ါရီလ (၂၆) ရက်နေ့ နေ့လည် ၁း၃၀ နာရီ အချိန်တွင် ရခိုင်လူမျိုး တစ်ဦးသည် မှန်လုံကားတစ်စီးဖြင့် WY စိတ်ကြွဆေးပြားများ တင်ဆောင်၍ မောင်နီရွာရှိ ဦးနုရ်ဘော်ရှော်ရ်၏ နေအိမ်သို့ သယ်ဆောင်လာစဉ် ရဲတပ်ဖွဲ့ဝင်များက နောက်ယောင်ခံလိုက်လာခဲ့သည်။ WY စိတ်ကြွဆေးပြားများ တင်ဆောင်လာသူသည် ၎င်း၏ စိတ်ကြွဆေးပြားများကို ဦးနုရ်ဘော်ရှော်ရ်၏ နေအိမ်သို့ ပို့ပြီးသည်နှင့် ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်လာသဖြင့် ကားကို ရပ်ထားသည့် နေရာတွင် ထား၍ ထွက်ပြေးသွားခဲ့သည်။ ပို့ဆောင်သည့် အိမ်မှ အိမ်ရှင် အမျိုးသမီး (ဦးနုရ်ဘော်ရှော်ရ်၏ ဇနီး) လည်း အိမ်နောက်ဖေးမှ ထွက်ပြေးသွားခဲ့သည်။ 

ရဲတပ်ဖွဲ့ဝင်များက WY စိတ်ကြွဆေးပြား ၁၂ သိန်းခွဲကျော် သိမ်းဆည်းရမိသဖြင့် ယင်းအိမ်၌ မြို့သူကြီးရွာတွင် အိမ်မီးရှို့ခံရ၍ လာရောက် ခိုလှုံနေသည့် ထွက်ပြေးသွားသော အိမ်ရှင်အမျိုးသမီး၏ ညီမတော်စပ်သူနှင့် လှဘော်ဇားကျေးရွာမှ ကိုးတန်းကျောင်းသား တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး၊ စိတ်ကြွဆေးပြား သယ်ဆောင်လာသူ၏ ကားကိုလည်း ရဲများကို သိမ်းယူသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဖမ်းဆီးခံရသူ နှစ်ဦးစလုံးမှာ သိမ်းဆည်းရမိသည့် စိတ်ကြွဆေးပြားများနှင့် မည်သို့မျှ ပတ်သက် ဆက်နွယ်နေခြင်း မဟုတ်ကြောင်း၊ ၎င်းတို့သည် အိုးမဲ့အိမ်မဲ့ ဖြစ်နေသောကြောင့် ယင်းအိမ်တွင် ခိုလှုံနေသူများ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ 

၎င်းတို့ကို ဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့ဝင်များက မောင်နီ အနောက်ရွာမှ ဦးဖောဇောလောက်၏ နေအိမ်ကိုလည်း ၀င်ရောက်ရှာဖွေခဲ့သည်။ သို့သော်လည်း ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းတစ်စုံတစ်ရာ မရရှိသဖြင့် အဖမ်းအဆီး မရှိခဲ့ပေ။

ယနေ့ ဇန်န၀ါရီလ (၂၈) ရက်နေ့တွင်လည်း မောင်နီ အလယ်ရွာမှ ဦးဆော်လိမ်၏ နေအိမ်ကို ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက် ရှာဖွေခဲ့သည်။ ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းတစ်စုံတစ်ရာ မရရှိခဲ့ဟု ဒေသခံများက ပြောပါသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များသည် မောင်နီ မြောက်ရွာမှ ဦးအစ္စမိုင်လ်၏ သားကို လမ်းပေါ်မှ ဖမ်းဆီး၍ ယခင်က အမှုရှိသည်ဟု ပြောဆို၍ ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောပါသည်။ 

ဇန်န၀ါရီလ (၂၅) ရက်နေ့ ညပိုင်းကလည်း လောင်းလှေတစ်စီးဖြင့် WY စိတ်ကြွဆေးပြားများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ဆောင်နေသူ (၄) ဦးကို POE စခန်းမှ နယ်ခြားစောင့်ရဲများက ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
ယခုမောင်နီရွာမှ စိတ်ကြွဆေးပြားများနှင့် ပတ်သက်၍ အမှန်တကယ် ရောင်းဝယ် ဖောက်ကားနေသူများကို မဖမ်းဆီးဘဲ အိုးမဲ့အိမ်မဲ့ ဖြစ်နေ၍ လာရောက်ခိုလှုံနေသူများကို ဖမ်းဆီးထားသဖြင့် အပြစ်မဲ့များကို ပြန်လွှတ်၍ အမှုသက်ဆိုင်သူများကို ဖမ်းဆီးရန် ဒေသခံများက လိုလားနေကြသည်။



RB News
24.1.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပုဇွန်ချောင်း ကျေးရွာသို့ တပ်ရင်း ၃၄၅ မှ ဗိုလ်ကြီးနှစ်ဦးနှင့် စစ်သားများ ရောက်ရှိလာပြီး၊ ငွေညှစ်ခြင်း၊ သစ်များတောင်းယူခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

တပ်ရင်း ၃၄၅ မှ ဗိုလ်ကြီးနှစ်ဦးနှင့် စစ်သား (၁၂) ဦးခန့် တို့သည် ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပုဇွန်ချောင်း ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ဆင့်ခေါ်ကာ ၎င်းတို့၏ ဘောလုံးကွင်းတွင် အဆောင်ဆောက်ရန် သစ်များလိုအပ်နေကြောင်း၊ ရွာမှ သစ်များပေးရန် တောင်းခံခဲ့သည်။ ရွာသူရွာသားများ အားလုံးမှာ အလုပ်လက်မဲ့ ဖြစ်နေပြီး သစ်ဝယ်ပေးရန် မရှိသော်လည်း သစ်များရှာဖွေ၍ ခွဲပေးခဲ့ရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အဆိုပါ ဗိုလ်ကြီးများနှင့် စစ်သားများသည် လက်ဝဲဒက်ပုဇွန်ချောင်းကျေးရွာမှ တဆင့် မောင်ကြီးတောင်ရွာသို့ သွားရောက်၍ ကျေးရွာအတွင်း ငွေကျပ် ၃ သောင်းဖိုးခန့် တန်ဖိုးရှိသည့် ကြက်များ ယူခဲ့ပြီး၊ ကျေးရွာမှ အပြန်တွင် ယင်းကျေးရွာ၏ အုပ်ချုပ်ရေးမှူးနှင့် ဒါးပိုင်ဆရာရွာမှ အုပ်ချုပ်ရေးမှူးတို့ကို လက်ဝဲဒက်ပုဇွန်ချောင်းသို့ ခေါ်ယူလာခဲ့သည်။ ထို့နောက် မောင်ကြီးတောင်ရွာ အုပ်ချုပ်ရေးမှူး ထံမှ ငွေကျပ် တစ်သိန်းသုံးသောင်းနှင့် ဒါးပိုင်ဆရာရွာ အုပ်ချုပ်ရေးမှူး ထံမှ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း သိရှိရသည်။

လက်ဝဲဒက်ပုဇွန်ချောင်းရွာတွင် မှာထားခဲ့သည့် သစ်ချောင်း ၁၃ ချောင်းကိုယူပြီးနောက် ယင်းရွာမှ ကြက်နှစ်ကောင်ကို သတ်ဖြတ်ကာ အရက်များနှင့် စားသောက်ခဲ့သည်။ ရွာအတွင်းတွင် ရွာသားများကို အကြောင်းမဲ့ ရိုက်နှက် ကန်ကျောက်ခဲ့ကြောင်း၊ ထို့အပြင် ရွာသားတစ်ဦး၏ ခြံမှ ငွေကျပ်နှစ်သောင်းတန် ကြက်ဖတစ်ကောင်ကိုလည်း လေးခွဖြင့် ပစ်ခတ်၍ ဖမ်းယူသွားကြောင်း၊ ဂျူနိုက် (ဘ) ဦးအဲကရာမ် (အသက် ၂၁) နှစ်၏ ဆိတ်တစ်ကောင်ကိုလည်း ဖမ်းယူသွားကြောင်း၊ ဆိတ်ပိုင်ရှင် ဂျူနိုက် က ၎င်း၏ ဆိတ်ကို ပြန်တောင်းသောအခါ သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်၍ ပါးပြင်ကို လက်သီးဖြင့် ထိုးခဲ့ကြောင်း၊ ဆိုင်တစ်ဆိုင်မှာ အအေးဗူးများ ယူသောက်ပြီးနောက် ဆိုင်ရှင် ဖြစ်သူက ငွေတောင်းသောအခါ ဆိုင်ရှင်ကို “အသေရှင်ချင်လား၊ သေချင်လား” ဟု မေး၍ ခြိမ်းခြောက်ပြီး ငွေမပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။




RB News
24.1.2018

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပြင်ရှည် ကျေးရွာအုပ်စုမှ ရိုဟင်ဂျာ နေအိမ် (၃) လုံးကို ရခိုင်အစွန်းရောက် များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

ယနေ့ ဇန်န၀ါရီလ (၂၄) ရက်နေ့ နံနက် ၃ နာရီခန့် အချိန်တွင် ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပြင်ရှည် ကျေးရွာအုပ်စု ထင်ရှားပြင်ကျေးရွာမှ လူမနေတော့သည့် ရိုဟင်ဂျာ နေအိမ် (၃) လုံးကို ရခိုင်အစွန်းရောက်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

“ပထမ နှစ်လုံးရှို့တယ်။ ဗလီရဲ့ တောင်ဘက်ပိုင်းမှာ ကပ်လျက်ရှိနေတဲ့ နေအိမ်တွေပါ။ နောက်တစ်ခါ အဲဒီ အိမ်တွေနဲ့ လေးလုံးလောက် ခြားနေတဲ့ အိမ်တစ်လုံးကို ထပ်ရှို့တယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ထင်ရှားပြင်ရွာတွင် ရိုဟင်ဂျာ နေအိမ် ၃၀၀ ကျော်ရှိပြီး၊ ၁၀၀ ကျော်မှ မိသားစုများသည် စားဝတ်နေရေး ခက်ခဲမှုနှင့် စစ်တပ်၏ အကြမ်းဖက်မှုရန်တို့ကို ကြောက်ရွံ၍ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် သွားရောက် ခိုလှုံနေကြောင်း သိရှိရသည်။

ယနေ့ မီးရှို့ခံရခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး လွန်ခဲ့သည့် တစ်လခွဲခန့်ကလည်း နှစ်အိမ် မီးရှို့ခံခဲ့ရသည်။ ထိုသို့ မီးရှို့ခံခဲ့ရပြီးနောက် ရွာအတွင်း ကင်းစောင့်များ ထားရန် စီစဉ်ခဲ့သော်လည်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက် လက်မှတ်မရသဖြင့် ရပ်ရွာလူကြီးများက နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၃) မှ ခွင့်ပြုချက်ယူ၍ ကင်းစောင့်ခဲ့သည်။ ယခုအခါ အခြေအနေ တည်ငြိမ်အေးချမ်းလာပြီဟု ယူဆ၍ ကင်းစောင့်များ မထားတော့သဖြင့် ယခုကဲ့သို့ မီးရှို့ခံရခြင်း ဖြစ်သည်။

ထင်ရှားပြင်ရွာ၏ အနောက်ဘက်တွင် အင်းပေါက်နှင့် သပြေတော ရခိုင်ရွာ နှစ်ရွာရှိပြီး လမ်းလျှောက် သွားလျှင် ငါးမိနစ်ခန့် ကြာသည့် အကွာအဝေးတွင် ရှိသည်။

ယနေ့ မီးရှို့ခံရသည့် နေအိမ်များ၏ ပိုင်ရှင်များမှာ --

(၁) ဦးအာစ်မာတ်တူလ္လာ (ဘ) ဦးဘာဆူမျာ
(၂) ဒေါ်ဆဖူရာ
(၃) ဦးမိုဟာမတ်အာလောမ် -- တို့ဖြစ်ကြသည်။

ဒေသခံများက မီးလောင်နေသည့် နေအိမ်များ အနီးရှိ ချောင်းမှ ရေစုပ်စက်ဖြင့် ရေစုပ်၍ ပိုက်များဖြင့် အချိန်မှီ ငြိမ်းသတ်ခဲ့သောကြောင့် မီးငြိမ်းသတ်သွားခြင်း ဖြစ်ပြီး၊ ရေစုပ်စက်ဖြင့် ရေစုပ်၍ မငြိမ်းသတ်ပါက အခြားအိမ်များ ကူးနိုင်သည့် အခြေအနေ ရှိခဲ့ကြောင်း သိရှိရပါသည်။

ဇန်န၀ါရီလ (၂၂) ရက်နေ့ ညပိုင်းတွင်လည်း မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုလက်ယျာတွင် ရိုဟင်ဂျာများ၏ နေအိမ် (၄) လုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်။





MYARF
RB News
22.1.2018

မောင်တော ။ ။ ရခိုင်​ပြည်​နယ်​၊ ​မောင်​​တောမြို့နယ်​တွင်​ အာဏာပိုင်​များထံမှ ကောလဟလ သတင်းများ ထွက်ပေါ်လာလျက် ရှိနေပြီး မြို့ပေါ်အနီးတ၀ိုက်တွင် လုံခြုံရေးအင်အားဖြင့် ၀န်းရံပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိပါသည်။

ယခုကဲ့သို့ ၀န်းရံပိတ်ဆို့ပြီး စစ်ဆေးမှုများ ပြုလုပ်နေခြင်းကို ဇန်န၀ါရီလ (၂၁) ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး၊ မောင်တောမြို့နယ် ဧတာလျာကျေးရွာနှင့် အမှတ် (၄) ရပ်ကွက် ဗိုလ်မှူးရွာ တို့တွင် ရှောင်တခင် စီးနင်း ၀င်ရောက် စစ်ဆေးခဲ့သည်။ သို့​သော်​ ဥပ​ဒေနှင့်​ မလွတ်ကင်းသည်များကို မ​တွေ့ရှိခဲ့သလို မင်္သကာစရာ လူပဂ္ဂိုလ်​များလည်း မ​တွေ့ရှိခဲ့​ပေ။

ယမန်နေ့ ည​နေ ၁၀ နာရီခွဲခန့်​အချိန်​တွင်​ လုံခြုံ​ရေးတပ်​ဖွဲ့ဝင်​များသည်​ အနည်းဆုံး ကား ၁၈ စီးဖြင့်​ ​ရွှေဇား​ကျေးရွာထဲတွင်​ လှည့်လည်ခဲ့ပြီး ​ရွှေဇား​ကျေးရွာ၏ အ​နောက်​ဖက်​ မြစ်​ကမ်းနားတွင်​ ၎င်းတို့က ပစ်ခတ်ခဲ့မှုများ ပြုလုပ်ခဲ့ပြီး၊ ပစ်ခတ်ခံများသည် ဗုံးပေါက်ကွဲသံ ကဲ့သို့ ကျယ်လောင်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ယ​နေ့ ဇန်​န၀ါရီလ (၂၂) ရက်​​နေ့တွင်​ ​မောင်​​တောမြို့နယ်​၊ ပန်း​တောပြင်​​ကျေးရွာကို အလားတူပုံစံမျိုးဖြင့်​ ​ရှောင်​တခင်​ စီးနင်းဝင်​​ရောက်​စစ်​​ဆေးခဲ့​သော်​လည်း အဖမ်းအဆီးများ မရှိခဲ့​ကြောင်း ​ဒေသခံတစ်​ဦးက ​ပြောပါသည်​။ စစ်​​ဆေးမှုများ ပြုလုပ်​​ရာတွင် ရုန်းရင်းဆန်ခတ်ပုံစံမျိုး မဟုတ်ဘဲ အိမ်ထောင်စု လူဦးရေစာရင်းနှင့် လူဦး​ရေး စစ်​​ဆေးသည်​ဟု ဒေသခံများက ဆိုသည်။ နေအိမ်များ၏ အနီးတ၀ိုက်တွင် ရှာဖွေခြင်းများလည်း ပြုလုပ်သည်ဟု သိရှိရသည်။

မောင်တော ဒေသဆိုင်ရာ အာဏာပိုင်များက ဘင်္ဂလားဒေ့ရှ်မှ လူနှစ်ဦး ၀င်ရောက်လာပြီး မောင်တောမြို့ပေါ် အနီးတ၀ိုက်တွင် ဗုံးဖောက်ခွဲမှုများ ပြုလုပ်နိုင်ဖွယ် ရှိသည်ဟု သတင်းရရှိထားသည်ဟု ကောလဟလများ လွှင့်နေသည်ဟု မောင်တောမြို့ခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။

၂၀၁၇ ခုနှစ်​ သြဂုတ်လ (၂၅) ရက်​​နေ့​နောက်​ပိုင်းတွင် မြန်​မာအာဏာပိုင်​များ၏ ဥပ​ဒေမဲ့ ရက်​စက်​ကြမ်းကြုတ်​စွာ သတ်ဖြတ် မီးရှို့မှု​ကြောင့်​ အိမ်​နီးချင်းဘင်္ဂလား​ဒေရှ့်​နိုင်​ငံသို့ ထွက်​​ပြေးခိုလှုံ​နေရ​သော ရိုဟင်​ဂျာများကို ဇန်​န၀ါရီလ (၂၃) ရက်​​နေ့တွင်​ ပြန်​လည်​လက်​ခံရန်​ စီစဉ်​​နေချိန်​တွင်​  ထိုသို့ ​ကောလာဟလသတင်းများကို အာဏာပိုင်​များဖက်​က စပြီး ထွက်​​ပေါ်လာ​နေသည်​မှာ အလွန် သံသယ ဖြစ်စရာကောင်းသည် လုပ်ရပ်တစ်ခုဟု ရှုမြင်ကြောင်း မောင်တောမြို့ခံ တစ်ဦးက RB News သို့ပြောပါသည်။




MYARF
RB News
21.1.2018

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကပ္ပကောင်း ကျေးရွာအုပ်စုရှိ ကျေးရွာများမှ ဒေသခံရိုဟင်ဂျာများသည် ဆွဲ၊တင်၊စစ် ၀င်ရောက်သည့်နေ့မှစ၍ ယနေ့တိုင် နေ့စဉ်ရက်ဆက် ငွေညှစ်ခံနေရကြောင်း သတင်းရရှိပါသည်။

ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စု တာဝန်ခံ ဦးမော်နိရ်အမတ် (ခ) ဟာလာသည် ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စုအတွင်း ဆွဲ၊တင်၊စစ် ၀င်ရောက်သည့်နေ့မှစ၍ ယနေ့တိုင် ဆွဲတင်စစ်ကို အကြောင်းပြကာ ရွာသားများထံမှ နေ့စဉ်ရက်ဆက် ငွေညှစ်နေကြောင်း အမည်မဖော်လိုသူ ရွာသားတစ်ဦးက RB News သို့ပြောပါသည်။

“ငွေကြေးအဆင်ပြေတယ်လို့ ထင်ရတဲ့ ရွာသားတွေကို ရွာတာဝန်ခံက ခေါ်တယ်၊ ပြီးတော့ ဆွဲ၊တင်၊စစ် အဖွဲ့က လ.၀.က ဦးစီးကို ငွေပေးရတယ်လို့ဆိုပြီး ရွာသားတွေဆီက ငွေတောင်းတယ်။ ငွေတောင်းတာလည်း နည်းနည်းပါးပါး မဟုတ်ဘူး။ သိန်းဂဏန်းထိ တောင်းတယ်၊ မပေးနိုင်ဘူး ငြင်းရင်လည်း ပုဒ်မတွေ ပြောပြီး ခြိမ်းခြောက်တယ်။ နောက်ဆုံးမှာ သူခြောက်တာကို မခံနိုင်တဲ့အဆုံး ပေးလိုက်ရတယ်” ဟု အဆိုပါ ရွာသားက ပြောပါသည်။ 

ဆွဲ၊တင်၊စစ် ၀င်ရောက်သည့်နေ့မှစ၍ ယနေ့တိုင် ငွေညှစ်ခံရသည့် လူပုဂ္ဂိုလ်များ၏ အမည်စာရင်းနှင့် ငွေကြေးပမာဏ အတိအကျ သိရသော်လည်း တာဝန်ခံက ငွေညှစ်ခံရသူများကို ပြဿနာရှာမည်ကို စိုးရိမ်ရသောကြောင့် ငွေညှစ်ခံသူများ၏ အမည်များကို RB News မှ ချန်လှပ်ထားပါသည်။ ကျေးရွာတာဝန်ခံက ငွေညှစ်ထားသည့် ငွေပမာဏမှာ စာရင်းအရ စုစုပေါင်း ၂၃၄၅၀၀၀ (နှစ်သန်း သုံးသိန်း လေးသောင်း ငါးထောင်) ကျပ် ဖြစ်သည်။



(Photo: Shafiur Rahman)

ရိုနေဆန်းလွင်
RB News
21.1.2018

၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် ၉ သောင်းခန့် အရေအတွက် ရှိသည့် မောင်တောမြို့နယ် မြောက်ပိုင်းမှ ရိုဟင်ဂျာများ နှင့် ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် ၆ သိန်းခွဲကျော် ရှိသည့် မောင်တောခရိုင်နှင့် ရသေ့တောင်မြို့နယ်များမှ ရိုဟင်ဂျာများသည် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့၏ အကြမ်းဖက် သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှုတို့မှ လွတ်မြောက်ရန် အတွက် နယ်စပ်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံလျက်ရှိသည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလ အတွင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ မြန်မာအစိုးရအား ဖိအားပေးလာမှု များလာသောကြောင့် မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်အစိုးရအား မြန်မာနိုင်ငံမှ ၂၀၁၆ ခုနှစ် အောက်တိုဘာလ နောက်ပိုင်းတွင် ထွက်ပြေးသွားပြီး ခိုလှုံနေသူများကို ပြန်လည် လက်ခံပါမည်ဟု ကတိပြု၍ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။ 

ကနဦးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ်က ကုလသမဂ္ဂမှ ကြီးကြပ်သည့် “လုံခြုံသည့် နယ်မြေ (Safe Zone)” အပါအ၀င် အချက် (၅) ချက် ကို တောင်းဆိုခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံ ဘဘောတူညီချက် (Bilateral Agreement) အစား နိုင်ငံအများအပြားပါဝင်သည့် သဘောတူညီချက် (Multilateral Agreement) သာပြောဆိုခဲ့သည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လာရောက် လည်ပတ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ၎င်းတောင်းဆိုခဲ့သည်များကို ဆက်လက် တောင်းဆိုခြင်း မပြုတော့ဘဲ နှစ်နိုင်ငံ သဘောတူညီချက်ကို အစောတလျင် လက်မှတ်ထိုးရန် သဘောတူခဲ့သည်ကို တွေ့ရှိရသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် နှစ်နိုင်ငံသဘောတူညီချက် ဖြစ်မြောက်ရန် တွန်းအားပေးခဲ့သူမှာ တရုတ်နိုင်ငံ ဖြစ်ကြောင်း ထင်ရှားနေသည်။ 

နှစ်နိုင်ငံသဘောတူညီချက်အရ လာမည့် ဇန်န၀ါရီလ (၂၃) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာများကို စတင်လက်ခံရန် မြန်မာအစိုးရဘက်မှ လိုအပ်သည်များကို ပြင်ဆင်လျက်ရှိသည်။ ပထမအသုတ်တွင် ဟိန္ဒူဘာသာဝင် ၅၀၀ ဦးနှင့် အစ္စလာမ်ဘာသာဝင် (ရိုဟင်ဂျာ) ၇၀၀ ဦးကျော် လက်ခံမည်ဟု မြန်မာအစိုးရက ကြေညာထားသည်။ အဆိုပါ ရိုဟင်ဂျာ ၇၀၀ ကျော်မှာ No Man’s Land ဟု ခေါ်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကြားရှိ နေရာတွင် ခိုလှုံနေသူများ ဖြစ်သည်ဟု နိုင်ငံတကာသတင်းဌာနများတွင် ရေးသားဖော်ပြထားသည်။ 

မည်သို့ပင်ဖြစ်စေ နှစ်နိုင်ငံသဘောတူညီချက်တွင် မိမိတို့၏ သဘောဆန္ဒရှိမှသာ ပြန်ရမည် (Voluntary) ဟု ပါရှိသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာများကို မည်သူတစ်ဦးတစ်ယောက်ကမှ အတင်းအဓမ္မ ပြန်ပို့ခွင့်မရှိပေ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခိုလှုံနေသည့် ရိုဟင်ဂျာများသည် မိမိတို့၏ အသက်အန္တရာယ်ကို ကာကွယ်ရန် လိုအပ်နေသူများ၊ မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ဒဏ်ရာရသူများနှင့် ရက်စက်ကြမ်းကြုတ်သည့် လိင်အကြမ်းဖက်မှု ခံရသူများ ဖြစ်ကြသည်။ ၎င်းတို့ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို မေ့ပျောက်၍ ရမည် မဟုတ်ပေ။ ၎င်းတို့ အားလုံးသည် မိမိတို့၏ ဌာနေဖြစ်သည့် မြန်မာနိုင်ငံသို့ ပြန်သွားပြီးနောက် နောက်ထပ်တစ်ကြိမ်မက ယခင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုများနှင့် ကြုံတွေ့ရမည်ကို အလွန်စိုးရိမ်လျက် ရှိနေကြသည်။ 

၁၉၇၈ ခုနှစ်မှ စ၍ လေးကြိမ်မြောက် အစုလိုက်အပြုံလိုက် သွားရောက်ခိုလှုံရခြင်း ဖြစ်ပြီး၊ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်နေသည်ဟု ပညာရှင်များ၊ ကျွမ်းကျင်သူများက ပြောဆိုလာသည့် အခြေအနေ ဖြစ်လာခဲ့သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းကို ရိုဟင်ဂျာများအား သတ်ကွင်းဟု နိုင်ငံတကာက ခေါ်ဆိုလာသည်။ ဤနေရာသို့ ပြန်သွားရန် အာမခံချက်များ လိုအပ်နေသည်ကို ရက်စက်ကြမ်းကြုတ်မှု ပေါင်းစုံ ခံစားခဲ့ရသည့် ရိုဟင်ဂျာများက သိရှိနားလည် သဘောပေါက်ကြသည်။ 

ထို့ကြောင့် လွန်ခဲ့သည့် နှစ်ပတ်ခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာ နှစ်သောင်းကျော် လက်မှတ်ရေးထိုး၍ ၎င်းတို့အား လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်မှသာ ပြန်ပို့ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ်ထံ စာရေးသား၍ တောင်းဆိုခဲ့သည်။ 

အဆိုပါ တောင်းဆိုချက်စာတွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလ မတိုင်မီ မြန်မာအာဏာပိုင်များ၏ ညှဉ်းပန်းနှိပ်စက်မှု မျိုးစုံကြောင့် ထွက်ပြေးခဲ့ရသူများ၊ ၁၉၉၁-၉၂ ခုနှစ် လူမျိုးစုအလိုက် ရှင်းလင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျန်ရစ်နေသူများကိုပါ ပြန်ခွင့်ရရေး အတွက် လုပ်ဆောင်ရန် ရေးသားခဲ့သည်။

တောင်းဆိုချက်များတွင် --

- ၎င်းတို့အား ပြန်မပို့မီ စစ်တွေမြို့တွင် ၅ နှစ်ခွဲကျော် ဒုက္ခသည်စခန်းများတွင် ပိတ်လှောင်ခံထားရသူများကို နဂိုမူလနေရပ်တွင် ပြန်လည် နေထိုင်ခွင့်ပြုရန်

- ၎င်းတို့အား ပြန်မပို့မီ စစ်တွေမြို့တွင် ဒုက္ခသည်ဘ၀သို့ ရောက်သွားသူများကို ရိုဟင်ဂျာ လူမျိုးအမည်ပါ နိုင်ငံသားကဒ်ပြားများ ထုတ်ပေးရန် 

- ၎င်းတို့အား မပို့ဆောင်မီ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်များ ထားရှိပေးရန်

- ကုလသမဂ္ဂ ကြီးကြပ်သည့် “လုံခြုံသည့် နယ်မြေ” သတ်မှတ်ပေးရန်

- နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို ပြောင်းလဲ၍ ကုလသမဂ္ဂ၊ အိုအိုင်စီ၊ ဥရောပသမဂ္ဂ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများ ပါဝင် လက်မှတ်ရေးထိုးရန်

- ၎င်းတို့အား ပြန်ပို့ပြီးနောက် ရာဇ၀တ်မှုတစ်စုံတစ်ရာနှင့် ပတ်သက်နေသည်ဟု စွပ်စွဲခြင်း မပြုရန် 

- ၎င်းတို့ ဆုံးရှုံးသွားသည်များကို မြန်မာအစိုးရက လျော်ကြေးပေးရန်

- နိုင်ငံသားအခွင့်အရေး အပြည့်အ၀ပေးပြီး၊ မည်သူတစ်ဦးတစ်ယောက်၏ လွတ်လပ်စွာ သွားလာခွင့်၊ လုပ်ကိုင်စားသောက်ခွင့်ကို တားမြစ်ခြင်း မပြုရန်

- မည်သူမဆို မြန်မာပြည်ဖွားဟု သက်သေပြနိုင်လျှင် လက်ခံရန်

- မြန်မာအာဏာပိုင်များက ရိုဟင်ဂျာများ၏ လယ်မြေများ၊ မြေယာများ သိမ်းဆည်းခြင်းကို ရပ်တန့်ရန်နှင့် ယခင်က သိမ်းဆည်းထားသည်များ အတွက် လျော်ကြေးပေးရန် 

- မိမိတို့၏ နဂိုမူလ နေရပ် ကျေးရွာများတွင် နေထိုင်ခွင့်ပြုရန် -- စသည်တို့ ပါဝင်သည်။

မြန်မာအစိုးရက ပြန်လာမည့်သူများကို ရိုဟင်ဂျာများက ၂၀၁၅ ခုနှစ်မှစ၍ လုံးဝမယူနိုင်ဟု ငြင်းဆန်ထားသည့် NVC များ ထုတ်ပေး၍ ယာယီအမည်ခံ အကျဉ်းစခန်းများတွင် ထားရှိရန် စီစဉ်ထားသည်ကို တွေ့ရှိရသည်။ 

မြန်မာအစိုးရ စီစဉ်ထားသည်နှင့် ရိုဟင်ဂျာများ တောင်းဆိုနေသည်များမှာ မိုးနှင့်မြေလိုကွာခြားနေသည်။ ရိုဟင်ဂျာများသည်လည်း အာမခံချက် တစ်စုံတစ်ရာ မရရှိဘဲ ပြန်လာမည် မဟုတ်သည်မှာ သေချာသည်။ မြန်မာအစိုးရနှင့် စစ်တပ်ကလည်း အမှန်တကယ် ပြန်ခေါ်ချင်စိတ် မရှိသောကြောင့် ရိုဟင်ဂျာများအား NVC ပေး၍ အကျဉ်းစခန်းများတွင် ထားရှိရန် စီစဉ်နေခြင်း ဖြစ်ပေသည်။ 

ရိုဟင်ဂျာများနှင့် မြန်မာအစိုးရတို့ အားပြိုင်မည့် အခြေအနေတစ်ခု လာမည့် နှစ်ရက်တွင် စတင်တော့မည် ဖြစ်ပြီး၊ နိုင်ငံတကာနှင့် ကုလသမဂ္ဂတို့က အာမခံချက် မရှိသည့်နေရာသို့ မပြန်ရန် တိုက်တွန်းနေသည့် အတွက် နိုင်ငံတကာ၏ ဖိအားများ ရောက်လာနိုင်ဖွယ် ရှိသောကြောင့် ရိုဟင်ဂျာများအနေဖြင့် မိမိတို့၏ တောင်းဆိုချက်များ မပြည့်ဝမချင်း မပြန်ကြရန် တိုက်တွန်းအပ်ပါသည်။


Rohingya Eye
RB News
18.1.2018

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် စစ်တပ်မှ အကြမ်းဖက် မီးရှို့မှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများထဲမှ အချို့သည် တဖက်နိုင်ငံသို့ သွားရောက်ခိုလှုံခြင်း မပြုဘဲ တဲများထိုး၍ နေထိုင်လျက်ရှိရာ ၎င်းတို့၏ တဲများကို အာဏာပိုင်များက အတင်းအဓမ္မ ဖျက်ခိုင်းလျက် ရှိကြောင်း သတင်းရရှိပါသည်။ 

၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့ နောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ရိုဟင်ဂျာများ နေထိုင်ရာ ကျေးရွာ ၃၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ မီးရှို့ခံရသည့် ကျေးရွာများမှ ဒေသခံ ရိုဟင်ဂျာများသည် တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက် ခိုလှုံလျက် ရှိပြီး၊ အချို့မှာ မိမိတို့၏ ကျေးရွာများတွင် တဲများထိုး၍ နေထိုင်လျက် ရှိသည်။ 

ဇန်န၀ါရီလ (၇) ရက်နေ့တွင် တပ်ရင်း ၅၅၁ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးကျော်ဇေယျ သည် စစ်သားအချို့နှင့် လှဖိုးခေါင်ကျေးရွာသို့ သွားရောက်၍ ယင်းကျေးရွာတွင် တဲထိုး၍ နေထိုင်လျက်ရှိသည့် မိသားစု ၁၂ စုကို တဲများဖျက်၍ ထွက်သွားရန် ဖိအားပေး ပြောဆိုခဲ့သည့် အပြင် လူအချို့ကိုလည်း ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

တစ်ဖန် ဇန်န၀ါရီလ (၁၃) ရက်နေ့တွင်လည်း မြို့နယ် အုပ်ချုပ်ရေးမှူး အပါအ၀င် ဒေသဆိုင်ရာ အာဏာပိုင်များ သွားရောက်၍ တဲများကို ဖျက်ရန် အမိန့်ပေးခဲ့သည်။ အဆိုပါ တဲများတွင် နေထိုင်လျက်ရှိသည့် ရွာသားများက မိမိတို့၏ တဲများကို ဖျက်ပြီး မည်သည့်နေရာတွင် သွားနေရမည်နည်းဟု မေးမြန်းရာ နီးစပ်ရာ ရွာများတွင် ၀င်ရောက် နေထိုင်ရန် ပြောဆိုခဲ့ကြောင်း သိရှိရသည်။ 

ဇန်န၀ါရီလ (၁၅) ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သည့် အဖွဲ့သည် ကျီးကန်းပြင်ကျေးရွာသို့ သွားရောက်၍ ရွာတစ်ဖက်စွန်းတွင် တဲထိုး၍ နေထိုင်လျက်ရှိသည့် ရွာသူရွာသားများနှင့် တွေ့ဆုံစဉ် ဒေါက်တာဝင်းမြတ်အေး က “ခင်ဗျားတို့ကို အစိုးရက စံပြရွာ ဆောက်ပေးမယ်၊ အိမ်တွေ ဆောက်ပေးမယ်၊ ရေမီးအဆင်ပြေအောင် လုပ်ပေးမယ်” ဟု ပြောဆိုခဲ့သည်။ ရွာသား အချို့က မိမိတို့သည် အစိုးရ ဆောက်လုပ်ပေးမည့် စံပြရွာတွင် မနေချင်ကြောင်း၊ ရေမီးလည်း မလိုချင်ကြောင်း၊ မိမိတို့၏ မူလနေရာတွင် သွားရောက် နေထိုင်လိုကြောင်း တောင်းဆိုရာ ဒေါက်တာဝင်းမြတ်အေးက ဥပဒေအရ မီးရှို့ခံထားရသည့် နေရာကို အစိုးရ ပြန်လည် ပေးခြင်း မရှိဟု ပြောဆိုခဲ့သည်။ 

“အစိုးရက ဒုက္ခသည်တွေကို နေရာပြန်လည် နေရာချထားရာမှာ ဒုက္ခသည်စခန်းမှာ ယာယီထားပြီး၊ မူလနေရာမှာ နေရာပြန်လည် ချထားမယ်လို့ ပြောနေပေမယ့်လည်း လက်တွေ့မှာတော့ မူလနေရာမှာ ပြန်လည် နေရာချထားမယ့် အစိုးရရဲ့ အစီအစဉ်တွေကို မတွေ့ရသလို မူလနေရာတွေမှာ ရှိနေတဲ့ အိမ်တွေကို ဖြိုဖျက်နေတာကို ကြည့်ရင် အစိုးရရဲ့ ပြောစကားတွေက ရှေ့နောက် မညီတာကို တွေ့နေရတယ်” မောင်တောမြို့ခံ တစ်ဦးက သုံးသပ် ပြောဆိုသည်။ 




Rohingya Exodus