နောက်ဆုံးသတင်း/ဆောင်းပါးများ

RB News စာဖတ် ပရိသတ်များ သိစေရန် အသိပေးခြင်း

RB News စာဖတ်ပရိသတ်များသိစေရန် အသိပေးခြင်း


သြဂုတ်လ (၁၂)၊ ၂၀၁၃





RB News (Rohingya Blogger) ကိုလွန်ခဲ့သည့် ၂၀၀၅ ခုနှစ်မှ စတင်ခဲ့ပြီး၊ ၂၀၁၂ ခုနှစ်တွင် မြန်မာ ပိုင်းကို တိုးချဲ့၍ တင်ဆက် ခဲ့သည်။ စတင်သည့် အချိန်မှ စ၍ ယနေ့ အချိန်ထိ နိုင်ငံ တကာ အဖွဲ့ အစည်းများ၊ သံတမန် များ၏ အသိ အမှတ် ပြုခြင်းကို ခံရပြီး၊ ၂၀၁၂ ခုနှစ်မှ စ၍ အကြမ်းဖက် မှုများ ဖြစ်ပွား ခဲ့သည့် ရခိုင် ပြည်နယ်၊ မိတ္တီလာ၊ ဥက္ကံနှင့် လားရှိုးမြို့တို့၏ သတင်းများ အတွက် နိုင်ငံတကာ မီဒီယာ များဖြင့် ပူးပေါင်း ဆောင်ရွက် ခဲ့သည့် အပြင် ယခု အချိန် ထိလည်း ပူးပေါင်း ဆောင်ရွက် နေသည့် Project များစွာ ရှိပါသည်။ 

RB News (Rohingya Blogger) နှင့်ပတ်သက်၍ မလိုသူ များမှ မဟုတ် မမှန်သည့် သွားပုတ် လေလွင့်များ လွှင့်ထုတ်လျက် ရှိသည်ကို ရှင်းလင်းရန် ဆန္ဒ မရှိသော်လည်း RB News ၏စာဖတ် ပရိသတ်များ ယုံမှား သံသယ ဖြစ်မည်ကို မလိုလား၍ ရှင်းလင်း တင်ပြအပ် ပါသည်။

RB News သည် ၀ါသနာ တူများ ပူးပေါင်း၍ စေတနာဖြင့် ဆောင်ရွက် နေသည့် သတင်း မီဒီယာ တစ်ခုသာ ဖြစ်သည်။ 

RB News သည် မည်သည့် နိုင်ငံရေး၊ လူမှုရေး အဖွဲ့အစည်း၏ လက်အောက်ခံမှ မဟုတ်ဘဲ သီးခြား လွတ်လပ်သည့် မီဒီယာ ဖြစ်သည်။ 

RB News နှင့် အခြားသော မီဒီယာများနှင့် Partnership ပူးပေါင်း ဆောင်ရွက်မှု မရှိပါ။ RB ၏ Logo ကိုတရား မ၀င် သုံးစွဲ နေခြင်း အတွက် လိုအပ် သလို ဟန့်တား သွားမည် ဖြစ်သည်။ 

စတင် လည်ပတ်သည့် နေ့မှ စ၍ လိုအပ်သည့် ငွေကြေးကို RB News တည်ထောင်သူ ဦးဘစိန်နှင့် မိသားစုမှ အကုန် အကျ ခံခဲ့ပြီး၊ မည်သည့် အဖွဲ့အစည်း၊ တစ်သီး ပုဂ္ဂလ ထံမှ တောင်းယူ ခဲ့ခြင်း မရှိခဲ့ပါ။ 

ထို့ကြောင့် မလို မုန်းတီး၍ အခြေအမြစ် မရှိ ပြောဆို နေခြင်း များကို ဤတစ်ကြိမ်မှ လွှဲ၍ နောက်နောင် ဖြေရှင်း သွားမည် မဟုတ်ဘဲ၊ အမျိုးသားရေး စိတ်ဓါတ် ၀ါသနာ အရင်းခံဖြင့် ရိုဟင်ဂျာ လူမျိုး များနှင့် မြန်မာ မွတ်စလင်များ အရေးကို ဆက်လက် လုပ်ကိုင် သွားမည် ဖြစ်ကြောင်း အသိ ပေးအပ် ပါသည်။ 


RB News (Rohingya Blogger) Team

  1. အမြဲ အားပေးလျက်ပါ

  2. ဆက်ပြီးကိုယ့်အလုပ် ကိုလုပ်ပါ

  3. Very good .use full power from allah.alhumdulillah

Comment ရေးရန်

Rohingya Exodus