နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောင်းအုပ်ကြီးနှင့် ဆရာမများ စာမသင်ဘဲ အရက်ဆိုင် ရောင်းနေ

RB News
8.10.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပြို လက်ဝဲ မြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာ အုပ်စုရှိ မူလတန်း လွန်ကျောင်း သည်ဒေသခံ များ၏ အစီအစဉ်ဖြင့် တောင်ပြို လက်ဝဲ အထက် တန်း ကျောင်း ၏ လက်အောက်တွင် တွဲဖက် အလယ်တန်းကျောင်း အဖြစ်ရှိပြီး ၊(၈)တန်း အထိ ပညာ သင်ကြားနိုင်သာ ကျောင်း ဖြစ် သည်။ 

ဇီးပင်ချောင်း ကျေးရွာ အုပ်စုရှိ ကျောင်းတွင် ၂၀၁၃-၁၄ ပညာ သင်နှစ် အတွက် ကျောင်းအုပ်ကြီး ဦး တင်အောင်ကြည် အပါ အ၀င် အစိုးရ ခန့် (၃) ဦး၊ နေ့စား လပေး လခစား ဆရာ ၂ ဦး၊ ဆရာမ (၄) ဦးနှင့် ပညာရေး ဌာနသို့ လျှောက်လွှာ တင်ပြီး ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီး၏ တာဝန် ပေးချက် အရ စာ သင်ကြား ပေးလျက် ရှိသော ဒေသခံ ဆရာ (၆) ဦး ရှိပါသည်။ 

ကျောင်းအုပ်ကြီး ဦးတင်အောင်ကြည် သည် အမှတ် (၁၀) ဇီးပင်ချောင်း စခန်း ထဲတွင် ဆိုင်ဖွင့်၍ လဘက် ရည်နှင့် အရက် ရောင်းချ လျက်ရှိသည်။ ကျန်သည့် အစိုးရခန့် (၂) ဦးတို့မှာ ၎င်း၏ ဇနီးနှင့် ခယ်မ တို့ ဖြစ်သဖြင့် ထိုနှစ်ဦးလည်း ကျောင်းအုပ်ကြီးနှင့် အတူ လဘက်ရည်နှင့် အရက်ဆိုင်တွင် ဆိုင်ရောင်း နေ ကြပြီး၊ ကျောင်းသို့ လာရောက်၍ စာသင် ပေးခြင်း မရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြော ပါသည်။ 

“ကျောင်းအုပ်ကြီး ဦးတင်အောင်ကြည် က ကျောင်းကို တခါ တလေ လာတယ်။ စွတ်ကျယ် ၀တ်ပြီး လာ တာ ပါ။ ကျောင်းအုပ်ကြီး တစ်ယောက်က တာဝန်ချိန်မှာ အမြဲတမ်း လည်ကတုံး အင်္ကျီနဲ့ တိုက်ပုံ ၀တ်ပြီး နေသင့် ပေမယ့် အရက်ဆိုင် ရောင်းနေတဲ့ ဒီကျောင်းအုပ်ကြီး ကတော့ ကျောင်းကို စွတ်ကျယ် ၀တ်ပြီး လာပါတယ်။ လာရင်လည်း ၁၀ မိနစ် လောက်နေပြီး၊ အဲဒီ နေတဲ့ အချိန်လေးမှာ လည်း ကျောင်း သား တွေကို ရိုက်နှက် တာဘဲ လုပ်ပြီး သူ့ရဲ့ အရက်ဆိုင်ကို ပြန်သွားတယ်” ဟု ဒေသခံ တစ်ဦးက ပြော ပါသည်။ 

နေ့စား လပေး လခစား ဆရာ (၂) ဦးနှင့် ဆရာမ (၄) ဦးတို့ သည်လည်း တစ်လလျှင် ၃ ရက်ခန့် သာ ကျောင်း သို့လာပြီး၊ နံနက် ၁၁နာရီ မှ နေ့လည် ၁၂ နာရီ ထိသာ ကျောင်း တွင် နေပြီး ပြန် ကြကြောင်း သိ ရှိ ရပါသည်။ 

“ကျွန်တော်တို့ ဒေသခံ တွေက စာလာ သင်ပေးဖို့ မေတ္တာ ရပ်ခံ ရင်လည်း တို့ပြောတာ သူတို့ နားမလည် ဘူး၊ သူတို့ ပြောတာလည်း ကိုယ်တို့ နားမလည်ဘူး လို့သာ ပြန်ပြောတယ်။ ဒေသခံ ရိုဟင်ဂျာ ဆရာ ၆ ယောက်က ဇွန်လ ကနေ စပြီး အဆက် မပြတ် စာသင်ပေး နေပေမယ့် လည်း ပညာရေး ဌာနက အခုထိ လစာ မပေးဘူး။ ထောက်ပံ့ကြေး လည်း မပေးဘူး။ ကျောင်းကို မလာတဲ့ ဆရာ၊ ဆရာမ တွေကို ကျတော့ လကုန်တာနဲ့ လစာ ပေးနေတယ်။ ဒါကတော့ ပညာရေး ဌာနက လုံးဝ မတရား လုပ်နေတာ ဖြစ်ပါတယ်” ဟု ဒေသခံမှ ဆက်လက် ပြောပါသည်။ 

ကျောင်းအုပ်ကြီး ဦးတင်အောင်ကြည်သည် မြို့နယ် လက်ထောက် ပညာရေးမှူး၏ တူအရင်း ဖြစ်သော ကြောင့်   ဒေ သခံ များက အရက် မရောင်းဘဲ ကျောင်းသို့ ပုံမှန် လာရန် မေတ္တာ ရပ်ခံ လျှင် မကျေနပ် ရင် ကြိုက် တဲ့ နေ ရာ သွားတိုင် ဟုသာ အော်ငေါက်ပြီး အနိုင်ကျင့် လျက်ရှိကြောင်း သိရှိ ရပါသည်။ 

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ “ရခိုင် ပြည်နယ်ရှိ ဒေသခံ မွတ်စလင် များ၏ ပညာရေး မြင့် မားအောင် ပြု လုပ် ပေးရ မည်” ဟု မိန့် ခွန်း များတွင် ထည့်သွင်း ပြောကြား ခဲ့သော် လည်း လက်တွေ့ တွင် အပြောနှင့် အ လုပ် မညီ ဖြစ်နေ သည့် အတွက် ဒေသခံများက ဝေဖန် ပြောဆိုလျက် ရှိကြသည်။


Comment ရေးရန်

Rohingya Exodus