နောက်ဆုံးသတင်း/ဆောင်းပါးများ

ငါးဖမ်းသမား များထံမှ အလွန်အကျွံ ငွေတောင်း နေခြင်းကြောင့် စီးပွားပျက် ကိန်းဆိုက်နေ

RB News
8.10.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အမှတ် (၈) နယ်မြေ၊ အမှတ် (၁၈) အင်း ဒင် စခန်းမှ လုံထိန်း ရဲတပ်ဖွဲ့ဝင် များက အကြောင်း အမျိုးမျိုး ပြ၍ ငွေညှစ် လျက်ရှိနေ မှုများကြောင့် ဒေ သ တွင်းရှိ ငါးဖမ်းသမား များ စီးပွားပျက် ကိန်းဆိုက် လျက်ရှိနေ ကြောင်း သတင်း ရရှိ ပါသည်။ 

အင်းဒင် ကျေးရွာအုပ်စု၊ ကျောက်ပန္ဓု ကျေးရွာ အုပ်စု၊ သ၀င်ချောင်း ကျေးရွာ အုပ်စုနှင့် သင်္ဘောကွေ့ ကျေး ရွာ အုပ်စုတို့သည်အမှတ် (၁၈) အင်းဒင် စခန်း အပိုင်တွင် ရှိသည့် ကျေးရွာ အုပ်စု များဖြစ်ပါသည်။ ၎င်း ကျေးရွာ အုပ်စု များအတွင်း နေထိုင် ကြသော ဒေသခံ ရိုဟင်ဂျာ အများစုမှာ ငါးဖမ်း လုပ်ငန်းဖြင့် အ သက် မွေးဝမ်းကျောင်း ပြုလျက် ရှိသည်။ 

အမှတ် (၁၈) စခန်း၊ စခန်းမှူးနှင့် လုံထိန်း တပ်ဖွဲ့ဝင် များသည် စက်တင်ဘာလ မှစ၍ စခန်း အမှတ် (၁၈) အပိုင် နယ်မြေ အတွင်းရှိ ကျေးရွာ အုပ်စု များမှ ဒေသခံ များကို ပစ်မှတ် ထား၍ ပင်လယ်ပြင် သို့ သွားရောက်ပြီး ငါးဖမ်းမည့် ငါးဖမ်း သမား များကို ပင်လယ်ပြင် သို့ မထွက်ခွာမှီ စခန်းသို့ ဒိုင်ယာရီ စာအုပ် တစ်အုပ်ဖြင့် လာရောက် စေပြီး၊ မှတ်တမ်း ပြုစု ရမည်ဟု ဆို၍ မှတ်တမ်း ပြုစုခ ငွေကျပ် ၁၆၀၀၀၊ လှေပဲ့ ထိန်း တစ်ဦး အတွက် ငွေကျပ် ၅၀၀၀ တောင်းယူ လျက်ရှိသည်။ လှေပဲ့ထိန်း တစ်ဦးလျှင် မှတ်တမ်း စာ အုပ် တစ်အုပ် ထားရမည် ဖြစ်သောကြောင့် တစ်ဦးလျှင့် ၂၁၀၀၀ နှုန်း ပေးနေ ရသည်။ ပင်လယ်ပြင် သို့ ငါး ဖမ်း သွားမည့် အခေါက်တိုင်း တွင်လည်း လှေပဲ့ထိန်း တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ စီ ပေးနေ ရသည်။ ထို ကဲ့သို့ ပေးနေ ရသဖြင့် ငါးဖမ်း သမား များ၏ ၀င်ငွေကို ထိခိုက် လာသောကြောင့် အများစုမှာ စီးပွားပျက် မည့်ကိန်းဆိုက် နေကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

လုံခြုံရေးကို အကြောင်းပြ၍ လုံထိန်း တပ်ဖွဲ့ဝင် များ၏ မတရား သဖြင့် ငွေညှစ် နေမှုကြောင့် ငါးဖမ်း သမား အချို့မှာ ငါးဖမ်းသည့် အသက် မွေးဝမ်းကျောင်း လုပ်ငန်းကို စွန့်လွှတ်၍ အခြား အလုပ် လုပ်ကိုင် လျက် ရှိ နေကြောင်း သိရှိ ရပါသည်။ 

သ၀င်ချောင်း ကျေးရွာ အုပ်စုမှ ငါးဖမ်း သမား များဖြစ်ကြသည့် (၁) ဦးအဒူလာ (ဘ) ဦးအဒူဆလာမ် (၂) ဦးကေဖာယွဒ် အုလ္လာ (ဘ) ဦးနူရ် အစ္စလာမ် (၃) ဦးရဟီ မုလ္လာ (ဘ) ဦးအဒူဆလာမ် (၄) ဦးဆလာမတ် (ဘ) ဦးကာလူမျာ (၅) ဦးဆာဖ်မျာ (ဘ) ဦးကာလူမျာ နှင့် အခြားသော လှေပဲ့ထိန်း များထံမှလည်း စက်တင်ဘာလ မှစ၍ မှတ်တမ်း ပြုစုခ ၁၆၀၀၀ နှင့် လှေပဲ့ထိန်း ထွက်ခွာခွင့် ၅၀၀၀ ကျပ်စီ တောင်းယူ ခဲ့ကြောင်း သိရှိ ရပါသည်။


Comment ရေးရန်

Rohingya Exodus