နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော နယ်မြေ (၆) ရဲမှူးမှ ဒေသခံ နှစ်ဦးကို မတရား ဖမ်းဆီး ငွေညှစ်

RB News
11.10.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ အမှတ် (၆) နယ်မြေ ရဲမှူးသည် ဇင်ပိုင်ညာ ကျေးရွာ အုပ်စုမှ အပြစ်မဲ့ ရိုဟင်ဂျာ နှစ်ဦးကို မတရား သဖြင့် ဖမ်းဆီး၍ ငွေကျပ် ၁၃ သိန်း ညှစ်ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

အောက်တိုဘာလ (၃) ရက် နေ့တွင် အမှတ် (၆) နယ်မြေ ရဲမှူးမှ ဇင်ပိုင်ညာ ကျေးရွာ အုပ်စု၊ သာစည် ရွာနေ ဦးကာလာ (ဘ) ဦးရှမ်ရှုအာလမ် အား နယ်မြေရုံးသို့ လာရန် ခေါ်စာ ပေးပို့ ခဲ့သည်။ ဦးကာလာမှ ဆင့်ခေါ်စာ ဖြင့် နယ်မြေရုံးသို့ သွားသည့် အခါ နယ်မြေ ရဲမှူးက ၎င်းအား လူကုန်ကူး မှုတွင် ပါဝင်သည်ဟု စွပ်စွဲ၍ ဖမ်းဆီး ချုပ်နှောင် ခဲ့သည်။ ထို့နောက် ရဲမှူးမှ ၎င်း၏ မိသားစု ၀င်များအား ပြန်လည် လွှတ်ပေး စေ ချင်လျှင်ကျောက်လှေကားဈေးရှိဝင်းနိုင်၏ ကွန်ပျူတာဆိုင်တွင်aငွကျပ် ၉ သိန်း ပေးရမည်ဟု အကြောင်း ကြား ခဲ့ သည်။ အောက်တိုဘာလ (၄) ရက်နေ့တွင် မိသားစု ၀င်များက ကျောက်လှေခါး ဈေးရှိ ကွန်ပျူတာ ဆိုင်တွင် ငွေကျပ် ၉ သိန်း ပေးပြီးမှသာ နယ်မြေရုံးရှိ အချုပ်ခန်းမှ ဦးကာလာကို ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ဦးကာလာသည် ကျောက်လှေခါး ဈေးတွင် ဗီဒီယို ပြသ၍ အသက်မွေး ၀မ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ် သည်။ တစ်ဖန် ဇင်ပိုင်ညာ ကျေးရွာ အုပ်စု၊ ဇင်ပိုင်ညာ ဈေးမှ ဗီဒီယို ကမာလ်၏ သားဖြစ်သူကို အောက်တို ဘာလ (၄) ရက်နေ့ ည ၉ နာရီတွင် ဇင်ပိုင်ညာ ဈေးမှ အကြောင်းမဲ့ ဖမ်းဆီး၍ နယ်မြေရုံးတွင် ချုပ်နှောင် ထားခဲ့သည်။ 

နယ်မြေ ရဲမှူးမှ ၎င်း၏ မိသားစု များထံမှ ငွေကျပ် ၄ သိန်း ညှစ်ယူပြီး အောက်တို ဘာလ (၅) ရက်နေ့ တွင် ပြန်လည် လွှတ်ပေး ခဲ့ကြောင်း သိရှိ ရပါသည်။ 

နစကကို အစိုးရမှ တရားဝင် ဖျက်သိမ်း လိုက်သော်လည်း နစက အစားထိုး လုံထိန်းနှင့် ရဲများမှာ နစက ကဲ့ သို့ပင် ဒေသခံ များကို နေ့စဉ်နှင့် အမျှ မတရား သဖြင့် မဟုတ် မမှန် စွပ်စွဲ ဖမ်းဆီး၍ ငွေညှစ်လျက် ရှိသော် လည်း နိုင်ငံတော် အစိုးရမှ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဘဲ ဒေသခံ ရိုဟင်ဂျာ များအား ညှဉ်း ပန်း နှိပ်စက် ငွေညှစ်ရန် လွှတ်ပေး ထားသည်ကို လေ့လာ တွေ့ရှိ ရပါသည်။


Comment ရေးရန်

Rohingya Exodus