နောက်ဆုံးသတင်း/ဆောင်းပါးများ

WFP မှ ဆန်အိတ်များ သယ်သည့် ကားသမားနှစ်ဦးကို ရဲများ ငွေညှစ်ပြီး ရိုက်နှက်

MYARF
RB News
11.10.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့မ ကညင်တန်း ကျေးရွာ အုပ်စုမှ WFP ၏ ဆန် အိတ်များ သယ်ဆောင် ပေးသည့် ကားသမား နှစ်ဦးကို လုံထိန်း ရဲများက ငွေညှစ်သည့် အပြင် ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ်၊ မြို့မ ကညင်တန်း ကျေးရွာ အုပ်စုမှ ဦးဇော်ထွန်းနိုင် (ခ) ဦးဒိလ်မာမတ် (ဘ) ဦးဘ ထွန်း (ခ) ဦးမိုဟာမတ်ဆာဒိခ် ပိုင်ဆိုင်သော ကားသည် အောက်တိုဘာလ (၈) ရက်နေ့က အင် ဒင်း ကျေး ရွာ အုပ်စုမှ မောင်တော မြို့သို့ WFP ၏ ဆန်အိတ်များ သယ်ဆောင် လာရာ ဥဒေါင်း လုံထိန်း စခန်းသို့ ညနေ ၄ နာရီတွင် ရောက်ရှိ ခဲ့သည်။ လုံထိန်း စခန်းသို့ ရောက်သည့် အခါ လုံထိန်း များမှ ယာဉ်မောင်း ထံမှ ငွေကျပ် ၅၀၀ တောင်းခံရာ၊ ယာဉ်မောင်းက ဆန်အိတ် များသည် WFP (ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့) မှ ဖြစ်ကြောင်း ရှင်းပြ သော်လည်း၊ လုံထိန်း များက WFP ကို မိမိတို့ မသိကြောင်း၊ မိမိတို့သည် ငွေကိုသာ သိကြောင်း ပြောသည့် အတွက် ယာဉ်မောင်းက ၁၀၀၀ ကျပ်တန် တစ်ရွက် ထုတ်ပေး ခဲ့သည်။ ငွေကျပ် ၅၀၀ ယူပြီး ပြန်အမ်းမည်ဟု ယူဆ ခဲ့သော်လည်း ကျန်သည့် ၅၀၀ ကို ပြန်မအမ်းဘဲ၊ တင်ဆောင် လာသည့် ဆန်အိတ် များမှာ သတ်မှတ် ထားသည့် ၀န်ထက် ပိုနေသည် ဟုဆိုကာ ကားပေါ်မှ ဆန်အိတ် အချို့ကို ချရန် ပြောခဲ့သည်။ 

ထို့ကြောင့် ကားအကူ ဦးဒိလ်မာမတ် (ဘ) ဦးမိုဟာမတ်နူရ်က ဆန်အိတ်များ ချနေသည့် အချိန်တွင် လုံ ထိန်း တစ်ဦးက နောက်မှ ခြေဖြင့် စကန်၍ ရိုက်နှက် ခဲ့သည်။ ထိုအချိန်တွင် အခြား လုံထိန်း ၃ ဦး ရောက်ရှိ လာပြီး ယာဉ်မောင်း ဖြစ်သူ ဦးဆယာဒ် အာလမ် ကိုပါ ၀ိုင်းဝန်း၍ လူမဆန်စွာ ရိုက်နှက် ခဲ့သည်။ ကားအကူနှင့် ယာဉ်မောင်း တို့နှစ်ဦး စလုံးမှာလည်း မြို့မ ကညင်တန်း ကျေးရွာ အုပ်စုမှ ဖြစ် ပါသည်။

လုံထိန်းများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ယာဉ်မောင်းနှင့် ကားအကူ နှစ်ဦး တို့သည် ဥဒေါင်း ကျေးရွာ တွင်းသို့ ထွက်ပြေး၍ ခိုလှုံ ခဲ့ပြီး၊ ထိုမှ တဆင့် ယာဉ်ပိုင်ရှင်ကို ဖုန်းဆက်၍ အကြောင်းကြား ခဲ့သည်။ 

အောက်တိုဘာလ (၉) ရက်နေ့တွင် ကားပိုင်ရှင်မှ အာဏာပိုင် များနှင့် WFP ရုံးသို့ အဖြစ်စုံကို တိုင်ကြား ပြီးနောက် လုံထိန်း များမှ ကားကို ပြန်လည် ပေးခဲ့ကြောင်း သတင်း ရရှိ ပါသည်။


Comment ရေးရန်

Rohingya Exodus