ဆင်းရဲသည့် ကွမ်းရွက်ခင်း စိုက်သူ များထံမှာ ရွာအုပ်ချုပ်ရေးမှူး ငွေညှစ်
RB News
9.10.2013
ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ပြင်တောင် ကျေးရွာ အုပ်စု၊ ဇာခါမာ ကျေးရွာရှိ ကွမ်းရွက်ခင်း စိုက်၍ အသက်မွေး ၀မ်းကျောင်း ပြုသည့် ဒေသခံ ရိုဟင်ဂျာ များထံမှ ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ခြိမ်းခြောက်၍ ငွေညှစ် လျက်ရှိကြောင်း သတင်း ရရှိပါသည်။
ဇာခါမာ ကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာ အချို့မှာ ကွမ်းရွက်ခင်း စိုက်၍ အသက်မွေး ၀မ်းကျောင်း ပြုပြီး၊ ငွေကြေး မပြေလည်သူ များဖြစ်ကြသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်က ၎င်း၏ အုပ်ချုပ်ရေးမှူး အာဏာကို အလွှဲ သုံးစား ပြုလုပ်၍ ကွမ်းရွက်ခင်း စိုက်မည် ဆိုပါက ၎င်းတောင်းသည့် ငွေကို ပေးရမည်၊ မပေးနိုင် ပါက ဖမ်းဆီး၍ အပြစ်ပေး မည်ဟု ခြိမ်းခြောက်၍ ယခု ရက်ပိုင်း အတွင်း ဒေသခံ ၁၁ ဦးထံမှ ငွေညှစ် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
ကွမ်းရွက်ခင်း စိုက်ရန် မည်သည့် ဌာနမှ အမိန့်၊ ခွင့်ပြုချက် မလိုအပ် သော်လည်း၊ ရွာအုပ်ချုပ် ရေးမှူး ဦးတင်မောင်က ဌာန ဆိုင်ရာ များနှင့် ပူးပေါင်း၍ ယခု ကဲ့သို့ ငွေညှစ် နေခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခု ရက်ပိုင်း အတွင်း ငွေညှစ် ခဲ့ရသည့် ဒေသခံ ရိုဟင်ဂျာ (၁၁) ဦးမှာ -
(၁) ဦးအာတာအုလ္လာ (ဘ) ဦးဇော်လာမတ် (ပေးရသည့် ငွေ - ၃၀၀၀၀၀)
(၂) ဦးအလီဂျိုဟာရ် (ဘ) ဦးအုစ်မာန် (ပေးရသည့် ငွေ - ၁၅၀၀၀)
(၃) ဦးအီလီယာစ် (ဘ) ဦးမာမတ် (ပေးရသည့် ငွေ - ၄၀၀၀၀)
(၄) ဦးအီဒီရီစ် (ဘ) ဦးမာမတ် (ပေးရသည့် ငွေ - ၁၂၀၀၀)
(၅) ဦးလာလူး (ဘ) ဦးအစ္စမိုင်လ် (ပေးရသည့် ငွေ - ၂၀၀၀၀)
(၆) ဒေါ်ဆာရာခါတူ (ဘ) ဦးနူရ်အာမတ် (ပေးရသည့် ငွေ - ၄၀၀၀၀)
(၇) ဦးမာမတ်ဆီဒိတ် (ဘ) ဦးမော်တီရ် အာမတ် (ပေးရသည့် ငွေ - ၃၅၀၀၀)
(၈) ဦးမာမတ် (ဘ) ဦးဂိုလာမ်ဟူစိန်း (ပေးရသည့် ငွေ - ၂၀၀၀၀)
(၉) ဦးနူရ်ဘော်ရှော်ရ် (ဘ) ဦးအော်ဇီအုလ္လာ (ပေးရသည့် ငွေ - ၂၀၀၀၀)
(၁၀) ဦးနူရ်မာမတ် (ဘ) ဦးမုရ်တာဇာ (ပေးရသည့် ငွေ - ၅၀၀၀)
(၁၁) ဒေါ်ဘေဂေါမ် (ဘ) ဦးနူရ်အာမီးန် (ပေးရသည့် ငွေ - ၂၀၀၀၀) -- တို့ ဖြစ်ပါသည်။