နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘယ်ခေါင်မိုးအောက် ၀င်ရပါ့မလဲ



ဦးဦးမှော်ဆရာ
12.12.2013

ဦးခင်ရီကသန်းခေါင်စာရင်းကိစ္စအပြီးတိုင်းရင်းသားစာရင်းနောက်ထပ်တိုးလာတဲ့လူမျိုးတွေကိုပါထပ်ထည့်ဖို့ ရှိတယ်လို့လေသံဟနေပြီ။ ဒါကို ခုချိန်ထိ ဇဝေဇ၀ါ ဖြစ်နေတဲ့ ဆရာတွေ ကိုယ့်အချင်း ချင်း သေ ချာ တိုင် ပင် ဆွေးနွေးပြီး ဆုံးဖြတ်ချက် တစ်ခုချဖို့ လိုပြီ ထင်တယ်။

ကျနော်လူတချို့ရဲ့အမြင်တွေကို နားထောင် ကြည့်တော့ ရိုဟင်ဂျာ နဲ့ ပန်းသေး တို့က သူတို့ Identity အ မှန် ကိုပဲ ထည့်မယ်လို့ သိရတယ်။ ကျန်တဲ့ မြန်မာ မွတ်ဆလင် တွေရဲ့ အသံတွေ ကတော့ တစ်ယောက် တစ်မျိုး ဖြစ်နေ တုန်းပဲ။ ဒါလည်း ကျနော် စပ်စု ထားတဲ့ လူအရေ အတွက် အရ ပြောတာပါ။ သူတို့ အ မြင်တွေကို ခြုံကြည့်ရင် အုပ်စု (၃) မျိုးတွေ့ရတယ်။

(၁) တချို့ ပုဂ္ဂိုလ် တွေက National Identity ကို မကြာခင် ရလာ လိမ့်မယ်လို့ မျှော်လင့် နေတယ်။ ဒါကြောင့် သီးခြား ethnic identity တစ်ခု ဖေါ်ထုတ်ဖို့ မလိုဘူးလို့ ဆိုတယ်။ သဘောက လူမျိုး နေရာမှာ `မြန်မာ´ဆိုတာပဲ ထည့်မယ် ပေါ့လေ။

(၂) တချို့ ကတော့ ဒီသန်းခေါင် စာရင်းက ဆုံးရှုံး နေတဲ့ လူနည်းစု အခွင့် အရေး အတွက် အချိန်ကောင်း တစ်ခုလို့ ယူဆတယ်။ ဒါကြောင့် ဒီအခွင့် ကောင်းကို အသုံးချပြီး ဖျောက်ဖျက် ခံထား ရတဲ့ identity တစ် ခုကို ပြန်ဖေါ်ထုတ်ဖို့ Identity ပျောက်နေတဲ့ မွတ်ဆလင် တွေအားလုံး တစု တစည်းတည်း ပမာဏ တစ် ခုထိ ပြနိုင်ဖို့ လိုတယ်လို့ ဆိုတယ်။ ဒီထဲမှာ အဓိက (၂) စု ထပ်ကွဲ နေတယ်။

(က) တချို့က - ရိုဟင်ဂျာ၊ ပန်းသေး၊ မြေဒူး၊ ပသျှူး တို့က သူတို့ လူမျိုး နာမည် သူတို့ဖြည့်၊တိုင်းရင်းသား စစ်စစ်များ နဲ့ တိုင်းရင်းသား- သွေးနှော ကပြား အစ္စလာမ် ဘာသာဝင် တွေက သက်ဆိုင်တဲ့ တိုင်းရင်းသား ကုဒ်ပဲ ဖြည့်ပြီး၊ ကျန်တဲ့ မွတ်ဆလင်တွေ အားလုံး `ပသီ´ အဖြစ် ရပ်တည် သင့်တယ်လို့ ဆိုတယ်။

(ခ) တချို့ ကတော့- မွတ်ဆလင် တွေအားလုံး ပေါင်းပြီး တချိန်က `ဦးရာဇတ်´ကိုယ်တိုင် ရပ်တည် ခဲ့ဖူးတဲ့ `မြန်မာ မွတ်ဆလင်´ ဆိုတဲ့ Identity ကိုပဲ ပြန်လည် အသက်သွင်း နိုင်ဖို့ ကြိုးစား သင့်တယ်။ဗမာ မွတ်ဆ လင်လို့ ခံယူ သူတွေက ဗမာ/ မြန်မာ လူမျိုးနဲ့ ပေါင်းပြီး၊ ကျန်တဲ့ တိုင်းရင်းသား သွေးနှောတွေ ကတော့ တိုင်းရင်းသား အမည် အောက်မှာပဲ နေသင့်တယ် လို့ဆိုတယ်။

(၃) အလွန် နည်းတဲ့ လူအရေ အတွက် လောက်ကတော့ ဘယ်လိုပဲ လုပ်လုပ် `ကုလားက ကုလား ပါပဲ၊ ဘာမှ ထူးလာမှာ မဟုတ်ဘူး´ လို့ ခံယူ ကြတယ်။ ဒါကြောင့် သူတို့က ကိုယ့်မှတ်ပုံတင် ထဲက အ တိုင်း ဖြည့်မယ် (သို့) ထည့်ချင်ရာ ထည့်လို့ ပြောမယ် (သို့) `ကုလား` လို့ပဲ ဖြည့်ခိုင်းမယ် လို့ ဆိုကြတယ်။

ဘာပဲ ဖြစ်ဖြစ် ဒီလို အယူ အဆတွေ အားလုံးက ကိုယ်ပိုင် အခွင့် အရေး ဖြစ်လို့ အပြစ်တင် စရာ မရှိပါဘူး။ ဒီလို စပ်စုပြီး သကာလ ကျနော်လည်း ကိုယ့်အမြင် ကိုယ်ပြောဖို့ အခွင့် အရေး ရှိတယ်လို့ ယူဆပြီး၊ ဆက်ပြော ချင်တယ်။ အပေါ်က နံပါတ်စဉ်တွေ အလိုက် ကျနော့် အမြင်ကို ပြောကြည့်မယ်။

(၁) National Identity တစ်ခုတည်း ဖြစ်လာဖို့ ဆိုတာ ဗမာ/ မြန်မာ ဆိုတဲ့ လူများစု ကြီးက လက်ရှိ ရထား တဲ့ အသာစီး ရမှုကို စွန့်လွှတ် နိုင်မလား၊ ကျန်တဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေ ကရော သူတို့ Identity ကို ဖုံးကွယ်ခံပြီး သေချာ ရေရာမှု မရှိတဲ့ မြန်မာ/ ဗမာ လူမျိုး အဖြစ် ရပ်တည် ပါ့မလား ဆိုတာ ထည့်တွက် ရလိမ့်မယ်။

တချိန်ချိန်မှာ ၂၀၀၈ အခြေခံ ဥပဒေ နဲ့ (၈၂) နိုင်ငံသား ဥပဒေတို့ ပြင်ဆင်/ ဖျက်သိမ်းပြီး ချိန်လောက်မှာ `တိုင်းရင်းသား´ဆိုတဲ့ အယူ အဆ တွေထက် `နိုင်ငံသား´ ဆိုတာ ကပဲ အဓိက ဖြစ်သွား လိမ့်မယ်လို့ ကျနော်လည်း မျှော်လင့်တယ်။ ဒါပေမဲ့ အဲဒီ အချိန် ရောက်ဖို့ရာ လက်ရှိ နိုင်ငံရေး အနေ အထား ကနေ ဒီမို ကရေစီ စနစ် တစ်ခုကို ဖေါ်ဆောင် နိုင်ဖို့ အချိန် အတိုင်း အတာ ဘယ်လောက် ကြာနိုင် မလဲ ဆိုတာ ထည့် စဉ်းစား သင့်တယ်။ ခုချိန် ထိတော့ (၈၂) နိုင်ငံသား ဥပဒေကို ဘယ် ဒီမို သမား ကမှ အာရုံ မ ကျသေးဘဲ ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့သာ အရေးတကြီး ခံယူထားတာ တွေ့ရတယ်။ အစိုးရ ဘက်ကတော့ ခုချိန်မှာ (၈၂) နိုင်ငံသား ဥပဒေကို ပြင်ဆင်ဖို့ အစီစဉ် လုံးဝ (လုံးဝ) ((လုံးဝ)) မရှိဘူး ဆို တာ မှတ်ထား ကြပါ။ ဒါအခြေ အနေ မှန်ကို ပွင့်ပွင့် လင်းလင်း အသိ ပေးတာပါ။ (၈၂) ဥပဒေ ပြင်ဖို့ အစိုးရ ကို ပြည်ပ ကနေ ရာဇသံ ပေးထားတယ် ဆိုတဲ့ လှိမ့်လုံးဖြီးလုံး တွေကို အဟုတ် မှတ်ပြီး ပြည်တွင်းက လူတွေ ကိုယ် တကယ် လုပ်ရမဲ့ ကိစ္စ မလုပ်ဘဲ သူ့အလိုလို အခြေအနေကောင်းတွေ ရလာမယ်လို့ မျှော် လင့် ပြီး သွေးအေး နေ ကြမှာ တွေးမိလို့ ဒီလို ဖွင့်ပြော တာပါ။ ယုံတာ၊ မယုံတာတော့ ကျနော့် အပိုင်း မဟုတ် ပါ ဘူး။

(၂) ဒီသန်းခေါင် စာရင်းက ဆုံးရှုံး နေတဲ့ လူနည်းစု အခွင့် အရေး အတွက် အချိန်ကောင်း တစ်ခုလို့ ကျနော် လည်းယူဆတယ်။ ဒီအခွင့်ကောင်းကို အသုံးချပြီး ဖျောက်ဖျက် ခံထားရတဲ့ identity တွေ ကို ပြန်ဖေါ် ထုတ် နိုင်ဖို့၊ မွတ်ဆလင်တွေ တစု တစည်းတည်း လူဦးရေ ပမာဏ တစ်ခုထိ ပြနိုင် ဖို့ ဆိုတာ ကိုလည်း အကြမ်းဖျင်း တော့လက်ခံတယ်။ဘယ်သူတွေကဘယ်ခေါင်းစဉ်အောက်မှာ ရပ်မလဲ ဆိုတာသာ ဆက်တွေး မိတယ်။

(က) ရိုဟင်ဂျာ၊ ပန်းသေး၊ မြေဒူး၊ ပသျှူး တို့က ကိုယ့်လူမျိုး နာမည်ပဲ ဖြည့်သင့် တာကို အပြည့် အ၀ လက်ခံတယ်။ သူတို့ဟာ ယခင် သန်းခေါင် စာရင်း များနဲ့ မှတ်တမ်း များမှာ အခိုင် အမာ ပါဝင် ခဲ့တဲ့ အတွက် ဒီနာမည် ပေါ်မှာ ပြန်ရပ်တည် သင့်ပါတယ်။ (`ကသည်း´ ဆိုတဲ့ လူမျိုး ကတော့ မရှိတော့ ဘူးလို့ သိရတယ်။)

သို့သော် တိုင်းရင်းသား စစ်စစ်များ နဲ့ တိုင်းရင်းသား- သွေးနှော ကပြား အစ္စလာမ် ဘာသာဝင် တွေက သက်ဆိုင်တဲ့ တိုင်းရင်းသား ကုဒ်ပဲ ဖြည့်ဖို့ ဆိုတဲ့ အချက်ရယ်၊ ကျန်တဲ့ မွတ်ဆလင်တွေ အားလုံး `ပသီ´ အဖြစ် ရပ်တည် သင့်တယ် ဆိုတဲ့ အချက်မှာ စဉ်းစား စရာတွေ ရှိတယ်။ ဒီလို စဉ်းစားတဲ့ အခါ မှာ နောင် ဖြစ်လာ နိုင်တဲ့ ဒီမိုကရေစီ စနစ် ဆိုတာ ကြီးကို ခဏ မေ့ထားပြီး လက်ရှိ စိန်ခေါ်မှု မျိုးကို အခြေ ခံပြီး စဉ်းစားပြီး ပြောချင် ပါတယ်။

ပထမ တချက်က တိုင်းရင်းသား စစ်စစ် ဆိုတဲ့ ထဲမှာ ဗမာ (သို့) ရခိုင် လူမျိုး အနေနဲ့ အစ္စလာမ် ဘာသာ ၀င်ကို တိုင်းရင်းသား တစ်ဦး အဖြစ် အခွင့် အရေး တန်းတူ ပေးနိုင် မလား ဆိုတာ တွေးစရာပါ။ ဗမာ စစ်စစ် သည်ပင် အစ္စလာမ် ဘာသာ ကိုးကွယ်ရင် မှတ်ပုံတင် ထုတ်တဲ့ အခါ အိန္ဒိယ လူမျိုး သွေးနှော အဖြစ် သက်သေ ပြရတဲ့ အခြေ အနေကို တွေးမိတာပါ။ ဒါကြောင့် ဒီလို အနေ အထား မျိုးမှာ ရွေးစရာ နှစ်ခု ရှိပါ တယ်။ ကိုယ့်လူမျိုး

အမှန်ကိုရွေးနိုင်သလို၊ မြန်မာမွတ်ဆလင်တွေကို ကိုယ်စားပြုတဲ့ ဘုံနာမည် (ဥပမာပသီ) လိုဟာမျိုး ကို ရွေးချယ် နိုင်ပါတယ်။ ဘာကြောင့် ဒီလို စဉ်းစားရသလဲဆိုရင် ကျနော့်အသိထဲက ဗမာ လူမျိုး တချို့ ကတောင် သူတို့လူမျိုး နာမည်အစား `ပသီ´ထည့်မယ်လို့ ဆိုတာတွေ့ရလို့ပါ။ ဒါဟာနိုင်ငံရေး အရရွေး ချယ်မှု တစ်ခုအဖြစ် မြင်ပါတယ်။

ဒုတိယအချက်ကတိုင်းရင်းသားသွေးနှော(ဥပမာ-ကချင်-အိန္ဒိယမွတ်စ်)တွေကသာသာယာယာပဲ တိုင်းရင်း သား ကုဒ်ဖြည့်မယ် ဆိုရင် လက်တွေ့မှာ တိုင်းရင်းသား Majority ရဲ့ လွမ်းမိုးမှု ခံရနိုင်ချေ ရှိတယ်။ ဥပမာ - ရှမ်း- ကျူလီယာမွတ်စ်ကရှမ်းအဖြစ်ပဲ ဖြည့်လိုက်ရင် တကယ်တမ်း ရှမ်း ဗုဒ္ဓ လူများစု ကြီး အောက် မှာ မြှပ် သွား မလား ဆိုတာ တွေးမိတယ်။ ဒါကြောင့် ဒီလူတွေ တိုင်းရင်းသား ခံယူမယ် ဆိုရင်လည်း ရသ လို၊ မွတ် ဆလင် အားလုံးကို ကိုယ်စား ပြုတဲ့ ဘုံနာမည် တစ်ခု အောက်မှာ ၀င်နိုင် ရင်တော့ ပိုကောင်း မယ် လို့မြင် တယ်။ ဒီမှာ တခု ပြောချင် တာက ကိုယ့်မိဘ တဘက်ဘက်က နိုင်ငံခြားသား မျိုးရိုး (ဥပမာ- အိန္ဒိယ) ဆိုတာဟာ နိုင်ငံသား အဖြစ် ခံယူကတည်းက စွန့်လွှတ် ပြီးသား ဖြစ်လို့ လုံးဝ မေ့ထား လိုက်ဖို့ သင့်ပါ တယ်။

တတိယ အချက်က ယခင် မှတ်တမ်း တွေမှာ မပါဝင် ခဲ့တဲ့ မွတ်ဆလင် တွေအနေနဲ့ ဘယ်လို လုပ်နိုင် မလဲ ဆိုတာ စဉ်းစား တာပါ။ ဥပမာ- စူရတီ လူမျိုး တစ်ဦးက ကိုယ့်လူမျိုး နာမည် ကိုပဲ ဖြည့်တဲ့ အခါ ၂၀၁၄ မှာ ဒီလူမျိုး အရေ အတွက် ဘယ်လောက် ရှိခဲ့ သလဲ ဆိုတဲ့ ထုတ်ပြန်ခြင်း မရှိတဲ့ မှတ်တမ်း ထဲမှာတော့ ပါ သွား နိုင်ပါတယ်။ လောလောဆယ် ဒီထက် ပိုပြီးတော့ ဘာမှ အကျိုးထူး စရာတော့ မမြင်ပါဘူး။ ဒီလူ မျိုးစုတွေ တခုချင်းစီက Very Minority ပါ။ တကယ်လို့သာ ဒီလို လူမျိုးစု ငယ်တွေ အားလုံး ပေါင်းပြီး အပေါ်မှာ ပြောခဲ့ သလို လူမျိုး နာမည် တစ်ခု အောက်မှာ တစု တစည်းတည်း ပမာဏ တစ်ရပ် ထိ ပြနိုင် မယ် ဆိုရင်တော့ နိုင်ငံရေး အရလည်း အကျိုး ရှိအောင် အသုံးချ နိုင်စရာ ရှိပါတယ်။ သန်းခေါင် စာရင်း ကောက်ရတဲ့ ရည်ရွယ်ချက် အတိုင်း အစိုးရက Socio and Economic life developments planning တွေ ချမှတ်တဲ့ အခါမှာ ဒီလူစုကြီး အတွက် မဖြစ်မနေ စဉ်းစားရမဲ့ အနေ အထားတွေ ရှိ လာ နိုင်တယ်။ နောက်ပြီး ဒီက ရလာမဲ့ figure ကို ၂၀၁၅ နိုင်ငံရေးမှာ အသုံးချ နိုင်ဖို့ မျှော်လင့်ချက် ရှိပါ တယ်။

(ခ) `ဦးရာဇတ်´ကိုယ်တိုင် ရပ်တည် ခဲ့ဖူးတဲ့ `ဗမာ မွတ်ဆလင်´ ဆိုတဲ့ Identity ကိုပဲ ပြန်လည် အသက် သွင်းနိုင်ဖို့၊ ဗမာ/ မြန်မာ လူမျိုးနဲ့ ပေါင်းဖို့ ဆိုတဲ့ အယူ အဆ ကတော့ အားနည်းချက်တွေ ပိုများ ပါတယ်။ ဦးရာဇတ်ကို အပြစ် တင်တာ မဟုတ်ပေမဲ့ ခုချိန်မှာ တွေးမိတာ တစ်ခုကို ပြောချင် ပါတယ်။ တကယ် လို့ သာ အဲဒီတုန်းက ဗမာ လူမျိုး အဖြစ် မရပ်တည် ခဲ့ဘဲ သီးခြား တိုင်းရင်းသား အဖြစ် ရပ်တည် ခဲ့ရင် ပင်လုံ စာချုပ်မှာ လက်မှတ် ရေးထိုး ထားတဲ့ တိုင်းရင်းသား တစ်ခု အဖြစ် ခုချိန်မှာ ရှိနေ မှာပါ။ နောက်ပြီး ဦးရာ ဇတ်ကဗမာအဖြစ်ခံယူစဉ်တုန်းကအခြေခံဥပဒေမပြီးသေး သလို၊ နိုင်ငံသား ဥပဒေလည်း မဖြစ် လာသေးပါ။ ဒါ့ပြင် ဥပဒေ ရေးဆွဲသူ များထဲတွင် ဦးရာဇတ် ကိုယ်တိုင်လို ဖယ်ထုတ်လို့ မရတဲ့ ပုဂ္ဂိုလ် ပါဝင် နေတဲ့ အ ချိန် ဖြစ်တယ်။ ခုလက်ရှိ အနေ အထားနှင့် ယှဉ်ပြီး စဉ်းစား စေချင် ပါတယ်။ ကျနော့် တစ်ဦးတည်း အ မြင် ပြောရရင် ဗမာနဲ့ ပေါင်းပြီး အားဖြည့်မယ် ဆိုတဲ့ ကိစ္စ လုံးဝ မလုပ်သင့်ပါ။

(၃) `ကုလားက ကုလားပဲ။ ဘာလုပ်လုပ် ထူးမှာ မဟုတ်ဘူး´ဆိုတဲ့ အတွေးမျိုးက ကိုယ်ကိုယ်တိုင် အတွက် အန္တရာယ်ပါ။ အမှန်က ကုလား ဖြစ်လို့ ဘာမှ မထူးတာ မဟုတ်၊ ဘာမှ မလုပ် သေးလို့ ဘာမှ မထူး တာပါ။ကိုယ့်မှတ်ပုံတင် အတိုင်း ဖြည့်မယ် ဆိုတဲ့ သူများ သေချာ စဉ်းစား ကြပါ။ ကိုယ့်နဲ့ မဆိုင်တဲ့ လူတွေ က လူမျိုး ၆ မျိုး ၇ မျိုးလောက်တွဲ ပေးထားတဲ့ မှတ်ပုံတင်ပါ လူမျိုး တွဲကြီးကို ဖြည့်မလား၊ ကိုယ့် လူ မျိုး နာမည် ကိုယ်တိုင် ပြဌါန်း မလား။ ဒီကိစ္စက စွန့်စား စရာတောင် မလိုပါ။ အများ သဘော တူတဲ့ ဘုံးခေါင်း စဉ် တစ်ခု တည်းအောက်မှာ ရပ်သင့် ပါတယ်။ မြန်မာ နိုင်ငံမှာ ကမန်၊ ရိုဟင်ဂျာ၊ ပန်းသေး၊ မြေဒူး၊ ပသျှူး အပြင် ကျန်တဲ့ အစ္စလာမ် ဘာသာဝင် အင်အား ဘယ်အတိုင်း အတာထိ ရှိသလဲ ဆိုတာ ပြဖို့ ကောင်းတဲ့ အချိန်ပါ။

ခုလက်ရှိ မြန်မာ ပြည်က မွတ်ဆလင် တွေရဲ့ အနေ အထားက နိုင်ငံရေး ဘက်မှာ ဂရုထား လောက်တဲ့ အနေ အထား မရှိသေး ပါဘူး။ ဒါဟာ နိုင်ငံရေး အရ ရှုံးနေတဲ့ အချက်ပဲ။ လူများပြီး ပွဲမစည်ဘူး လို့ ပြော ရမယ် ထင်တယ်။ ကိုယ့်ရပိုင် ခွင့်ကို တောင်းဆိုဖို့ ဆိုတာလည်း လက်ရှိအနေအထား ကနေ ဥပဒေ ဘောင် ထဲက နိုင်ငံရေး အရ တောင်းဆိုဖို့ ဆိုရင် အများစုက စုစည်းဖို့ လိုအပ်တယ်လို့မြင်ပါတယ်။ ဒါတွေ ကတော့ ကျနော့်မှာ ရှိတဲ့ အခွင့် အရေး အရ မည်သူ့ ကိုမျှ ပုတ်ခတ် တိုက်ခိုက် လိုတဲ့ ဆန္ဒ မပါ ဘဲ ရေးထားတဲ့ အမြင် သက်သက်သာ ဖြစ်ပါတယ်။

Comment ရေးရန်

Rohingya Exodus