နောက်ဆုံးသတင်း/ဆောင်းပါးများ

ပေါက်တော ငှက်ချောင်း ဒုက္ခသည် စခန်း မီးလောင်မှုကြောင့် ကလေးငယ် တစ်ဦး သေဆုံး

RB News
12.12.2013

ပေါက်တော ။ ။ ရခိုင် ပြည်နယ်၊ ပေါက်တော မြို့နယ်ရှိ ငှက်ချောင်း ဒုက္ခသည် စခန်းတွင် ယနေ့ နေ့ လည် ပိုင်းက မီးလောင်ကျွမ်း မှုကြောင့် အဆောင်များ မီးလောင်ကျွမ်း သွားပြီး ကလေးငယ် တစ်ဦး သေဆုံး ခဲ့ ရကြောင်း သတင်း ရရှိပါသည်။ 

ပေါက်တောမြို့နယ်ရှိ ငှက်ချောင်း ဒုက္ခသည် စခန်းတွင် ယနေ့ နေ့လည် ၂ နာရီ ခန့်က မီးလောင် ကျွမ်း မှု ဖြစ်ပွား ခဲ့ပြီး၊ မီးဖိုဆောင် ၇ ဆောင်နှင့် ၈ ခန်းတွဲ တန်းလျားမှ အဆောင် ၃၄ ဆောင် မီးလောင်ကျွမ်း မှုကြောင့် ပြာကျသွား ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

မီးလောင်ကျွမ်း မှုကြောင့် ၁၅ ရက်သား အရွယ် ကလေး တစ်ဦး ဖြစ်သည့် နူရ်ခါတူ (ဘ) ဦးဟူစိန် အဟ မတ် သေဆုံး ခဲ့ကြောင်း သိရှိ ရပါသည်။ မီးဖိုဆောင်တွင် ချက်ပြုတ် ရာမှ စတင် လောင်ကျွမ်း ခဲ့ရသည်ဟု သိရှိ ရပြီး၊ ဒေသ ဆိုင်ရာ အာဏာပိုင် များက ဒုက္ခသည် စခန်းသို့ လာရောက်၍ မီးလောင်ကျွမ်း ရသည့် အကြောင်းရင်းကို စုံစမ်း စစ်ဆေးမှုများ ပြုလုပ် လျက်ရှိကြောင်း သိရှိ ရပါသည်။ 

မီးလောင် ဆုံးရှုံးမှုကြောင့် အဆိုပါ ဒုက္ခသည် စခန်း အတွင်း နေထိုင် နေသည့် ဒုက္ခသည် များ မှာ နေ ထိုင် ရာမဲ့ ဖြစ်သွားပြီး လယ်ကွင်းပြင် များတွင် နေထိုင် နေရကြောင်း သတင်း ရရှိ ပါသည်။

(ဓါတ်ပုံ - စစ်တွေ IDP)



Comment ရေးရန်

Rohingya Exodus