နောက်ဆုံးသတင်း/ဆောင်းပါးများ

စာမေးပွဲကို အကြောင်းပြ၍ ကျောင်းသား/သူ များထံမှ ငွေများ ကောက်ခံလျက်ရှိ




RB News
27.9.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း အမှတ် (၁) တွင် စာမေးပွဲ စစ်ဆေးမည်ကို အကြောင်းပြ၍ ဆရာ/မ များက ကျောင်းသား/သူ များထံမှ ငွေကြေးများ မတရားသဖြင့် ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်ရှိ အခြေခံ ပညာ အထက်တန်းကျောင်း အမှတ် (၁) တွင် ပထမ အစမ်း စာမေးပွဲ စစ်ဆေးရန် အတွက်ဟု ဆိုကာ ဆရာ/မ များက ကျောင်းသား/သူ များထံမှ ငွေကျပ် ၅၀၀ မှ ၁၀၀၀ ထိ ကောက်ခံလျက် ရှိကြောင်း ကျောင်းသား မိဘ တစ်ဦးက RB News သို့ပြောပါသည်။ ထို့အပြင် အခြားကျောင်း များတွင်လည်း အ.ထ.က (၁) ကဲ့သို့ ကောက်ခံမှုများ ရှိကြောင်း ၎င်းက ဆိုသည်။

ဘူးသီးတောင် မြို့နယ်ရှိ ကျောင်းများ၌ ယခုနှစ် စာသင်နှစ်တွင် တာဝန်ကျ ဆရာ/မ များသည် စိတ်လုံခြုံမှု မရှိ၊ မသင်္ကာမှုများ ရှိနေသည်ဟု ဆိုကာ ကျောင်းသို့ လာရောက်၍ ကျောင်းသား/သူ များကို စာသင်ကြားခြင်း မရှိကြောင်း အဆိုပါ ကျောင်းသား မိဘက ပြောပါသည်။ ထို့အပြင် ဆရာ/မ များသည် တခါတရံ ကျောင်းသို့လာလျှင်လည်း အကြောင်းပြချက် အမျိုးမျိုးပြ၍ ငွေကြေး ကောက်ခံခြင်းများသာ ပြုလုပ်လျက် ရှိကြောင်း သိရှိရပါသည်။

ကျောင်းသားမိဘများ အနေဖြင့် ကျောင်းသား/သူ များမှာ ပညာရေး အလွန် ဆုံးရှုံး နစ်နာ နေပါသဖြင့် ရခိုင် ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း ကိုယ်တိုင် ယခုကဲ့သို့ ဖြစ်ပျက် နေသည်များကို ကိုင်တွယ် ဖြေရှင်းပေးရန် လိုလားကြောင်း RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus