နောက်ဆုံးသတင်း/ဆောင်းပါးများ

ကွမ်းသီးပင် ကျေးရွာ၌ ယာယီကဒ်ပြားနှင့် အတူ အိမ်ထောင်စု စာရင်းပါ သိမ်းဆည်းရန် ကြိုးစား




MYARF
RB News
31.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ကွမ်းသီးပင် ကျေးရွာတွင် ဒေသခံ ရိုဟင်ဂျာများထံမှ ယာယီကဒ်ပြားများ သိမ်းဆည်းလျက် ရှိပြီး၊ အိမ်ထောင်စုစာရင်းပါ သိမ်းဆည်းရန် ကြိုးစားလျက် ရှိကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယာယီ သက်သေခံ ကဒ်ပြားများ၏ သက်တမ်း ကုန်ဆုံးရက်ကို ၂၀၁၅ ခုနှစ် မတ်လ (၃၁) ရက်နေ့ အဖြစ် သတ်မှတ်ခဲ့ပြီး၊ ယာယီ သက်သေခံ ကဒ်ပြား ကိုင်ဆောင်သူများ အနေဖြင့် ဧပြီလ (၁) ရက်နေ့မှစ၍ ယာယီ သက်သေခံ ကဒ်ပြားများကို သက်ဆိုင်ရာ အာဏာပိုင်များ ထံသို့ အပ်နှံရမည်ဟု သတင်း ထုတ်ပြန်ထားသည်။ ယာယီ သက်သေခံ ကဒ်ပြားများ အပ်နှံသူများကို ယာယီ လက်မှတ် တစ်စောင်စီ ထုတ်ပေးမည်ဟု သိရသည်။

မတ်လ (၃၀) ရက်နေ့မှ စ၍ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ကွမ်းသီးပင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအထွန်းချေက ရာအိမ်မှူး၊ ဆယ်အိမ်မှူးများကို ရွာအတွင်းရှိ ရွာသားများထံမှ ယာယီ သက်သေခံ ကဒ်ပြားများကို သိမ်းဆည်း စေခဲ့သည်။ ယာယီ ကဒ်ပြားများ သိမ်းဆည်းပြီးနောက် ယာယီ လက်မှတ်များ ထုတ်ပေးခြင်း မရှိသည့် အပြင် အိမ်ထောင်စု စာရင်းများ သိမ်းဆည်းရန် တောင်းခံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ သို့သော်လည်း ရွာသားများက သမ္မတ၏ အမိန့် ထုတ်ပြန်ချက်တွင် အိမ်ထောင်စု စာရင်း အပ်နှံရန် ပါဝင်ခြင်း မရှိကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus