နောက်ဆုံးသတင်း/ဆောင်းပါးများ

ဖရုံချောင်း ကျေးရွာ တာဝန်ခံ ရာထူးကို အုပ်ချုပ်ရေးမှူးက ငွေယူ၍ တင်မြောက်ရန် စီစဉ်နေ




MYARF
RB News
31.3.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဖရုံချောင်း ကျေးရွာတွင် ကျေးရွာ တာဝန်ခံ နေရာ လစ်လပ်လျက် ရှိရာ ကျေးရွာသားများ၏ ဆန္ဒမပါဘဲ အာဏာပိုင်များ၏ သတင်းပေး တစ်ဦးကို တင်မြောက်ရန် စီစဉ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူးက ဖရုံချောင်း ကျေးရွာတွင် ကျေးရွာ တာဝန်ခံ မရှိသဖြင့် ကျေးရွာသားများ ထံမှ ဆန္ဒခံယူပြီး ကျေးရွာ တာဝန်ခံ ရွေးချယ် တင်မြောက်မည်ဟု ပြောကြားခဲ့သည်။ မြို့နယ် အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်ကို ၎င်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးက အခွင့်ကောင်းယူ၍ ၎င်းကျေးရွာ အုပ်စု ပြိုင်းတောင်ရွာနေ ၎င်းနှင့် အာဏာပိုင်များ၏ ထိပ်တန်းသတင်းပေး ဦးဆော်လီမူလ္လာ (ဘ) ဦးအီမာန်ဟူစိန်း ထံမှ ငွေကျပ် (၇) သိန်း ရယူပြီး ရွာသားများ၏ ဆန္ဒမခံယူဘဲ ဦးဆော်လီမူလ္လာအား ကျေးရွာတာဝန်ခံ အဖြစ် တင်မြောက်ရန် ပြင်ဆင်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ ဦးဆော်လီမူလ္လာသည် အာဏာပိုင်များကို မဟုတ်မမှန် လုပ်ကြံသတင်းများ ပေးပြီး ကျေးရွာသားများ နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်နေသူ တစ်ဦး ဖြစ်သည်ဟု ဆိုသည်။ အကယ်၍ ကျေးရွာ တာဝန်ခံ ရာထူး ရရှိသွားပါက ရွာသားများကို ယခုထက် ပို၍ ညှဉ်းပန်း နှိပ်စက်မည် ဖြစ်ကြောင်း၊ ၎င်း၏ နှိပ်စက်မှုကြောင့် ကျေးရွာတွင် မလိုလားအပ်သည့် ပြဿနာများ ကြီးကြီးကျယ်ကျယ် ပေါ်ပေါက်၍ ကျေးရွာ တည်ငြိမ် အေးချမ်းမှု ပျက်ပြားလာမည်ကို ဒေသခံများက စိုးရိမ်လျက် ရှိကြသည်။ ဒေသခံများက ဦးဆော်လီမူလ္လာအား ကျေးရွာ တာဝန်ခံ တင်မြောက်မည်ကို ကျေးရွာလူထု အားလုံးက ကန့်ကွက်သည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus