April 13, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ငါးခူရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးက ငွေညှစ်ခံရသူကို ခံဝန်ချက် လက်မှတ် ရေးထိုးခိုင်း



MYARF
RB News
7.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးက လောင်းဒုံ ကျေးရွာမှ ငွေညှစ်ခံရသူကို ခံဝန်ချက် လက်မှတ် ရေးထိုး ခိုင်းခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် (နယ်မြေ ၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးသည် လောင်းဒုံ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသို့ သွားရောက်၍ ဧပြီလ (၁၇) ရက်နေ့တွင် လောင်းဒုံ ကင်းစခန်းမှူး၏ ငွေညှစ်ခြင်းကို ခံရသည့် ငါးစကြူး ကျေးရွာအုပ်စု၊ ပန်းမြောင်ရွာမှ ဦးရှောမ်ရှုလ် အာမီးန် (ဘ) ဦးဖော်ဇိလ်အာမတ်ထံ နယ်ခြားစောင့်ရဲ (၃) ဦး စေလွှတ်၍ ငွေညှစ်မှုကို စစ်ဆေးရန် ခေါ်ခိုင်းခဲ့သော်လည်း ဦးရှောမ်ရှုလ်က ကြောက်ရွှံ၍ တိမ်းရှောင် သွားခဲ့သည်။ သို့သော်လည်း နယ်ခြားစောင့် ရဲများ၏ ရိုက်နှက်ခြင်းကို ခံရသည့် ဦးရှောမ်ရှုလ်၏ အစ်ကို မော်လ၀ီ ဟိုင်ရုလ်အာမီးန်က ရွာမှ ရပ်မိရပ်ဖများ ဖြစ်သည့် ဦးရှောမ်ရှုလ်အာမီးန်၊ ဦးလှတင်နှင့် ရာအိမ်မှူး ဦးနူရူလ်ဟောက်တို့နှင့် အတူ လောင်းဒုံ ကင်းစခန်းသို့ သွားရောက်၍ ရဲမှူးနှင့် တွေ့ဆုံခဲ့သည်။

ရဲမှူးက မော်လ၀ီ ဟိုင်ရုလ်အာမီးန်ကို ရိုက်နှက်ခံရခြင်းနှင့် ငွေညှစ်ခံရခြင်းများ အကြောင်းကို မေးမြန်းခဲ့ပြီး၊ ရဲမှူးက မော်လ၀ီအား ရိုက်နှက်ခဲ့သည့် နယ်ခြားစောင့်ရဲများကို တရားဆွဲမည်လား၊ ခွင့်လွှတ်ပေးမည်လားဟု မေးမြန်းခဲ့သည်။

မော်လ၀ီ ဟိုင်ရုလ်အာမီးန်က မိမိသည် အစ္စလာမ် ဘာသာဝင် တစ်ဦး ဖြစ်ပြီး၊ အစ္စလာမ် ဘာသာတွင် တစ်ဦး တစ်ယောက်က အပြစ်တစ်ခု ကျူးလွန်လျှင် ၎င်းကို ပြန်လည် အစားမယူဘဲ သနား၍ ခွင့်လွှတ်ခြင်းသည် မွန်မြတ်လှကြောင်း၊ သို့ဖြစ်၍ မိမိသည် မော်လ၀ီ တစ်ပါး ဖြစ်သည့် အလျောက် မိမိအား ရိုက်နှက်ခဲ့သည့် နယ်ခြားစောင့် ရဲများကို ခွင့်လွှတ်ပေးမည် ဖြစ်ကြောင်း၊ သို့သော် နောက်နောင် မည်သူ တစ်ဦး တစ်ယောက်ကိုမှ ထိုကဲ့သို့ ရိုက်နှက်ခြင်း မပြုအောင် ရဲမှူး အနေဖြင့် ဆုံးမ သွန်သင် ပေးရန် လိုလားကြောင်း ပြန်လည် ပြောကြားခဲ့သည်။

ထို့နောက် ရဲမှူး ဖြစ်သူသည် ကြိမ်ချောင်း ဈေးရှိ ကွန်ပျူတာ ဆိုင်မှ ဦးရှောမ်ရှုလ်အာမီးန်နှင့် မော်လ၀ီ ဟိုင်ရုပ်အာမီးန် တို့ထံမှ လောင်းဒုံ ကင်းစခန်းမှူးက ငွေကြေး တစ်စုံတစ်ရာ ညှစ်ယူခြင်း မရှိဟု ၀န်ခံချက် စာရွက် ယူဆောင် လာပြီး မော်လ၀ီ ဟိုင်ရုလ်အာမီးန် အား လက်မှတ် ရေးထိုး စေသည့် အပြင် ၎င်းနှင့် အတူ ပါလာသည့် ရပ်မိရပ်ဖ နှစ်ဦးနှင့် ရာအိမ်မှူး တို့ကို အသိသက်သေ များအဖြစ် လက်မှတ် ရေးထိုး စေခိုင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus