April 10, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မသန်မစွမ်း မော်လ၀ီ တစ်ပါးကို နယ်ခြားစောင့်ရဲ များက လုပ်ကြံ ဖမ်းဆီး၍ ရက်စက်ပြီး ငွေညှစ်



MYARF
RB News
28.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာနှင့် ကံပူးကျေးရွာ ကြားရှိ ချောင်းဝ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၅) ဦးသည် အလယ်သံကျော် ကျေးရွာမှ နာမည်ဆိုးဖြင့် ကျော်ကြားသည့် နယ်ခြားစောင့်ရဲ များ၏ တပည့် ကျော်ဇေယျာဦး၏ ညီ အယာတူလ္လာ (ဘ) ဦးကာဒိရ်ဟူစိန်းနှင့် အတူ ဇန်န၀ါရီလ (၂၆) ရက်နေ့ ည ၈ နာရီ အချိန်တွင် ကံပူးကျေးရွာသို့ သွားရောက်၍ အိမ်ခြံဝင်း ရှေ့တွင် ဆိုင်ငယ် တစ်ဆိုင်ရောင်းချပြီး အသက်မွေးဝမ်းကျောင်း ပြုနေသည့် မသန်မစွမ်း ဖြစ်နေသည့် မော်လ၀ီ ဆိုက်ဖူလ္လာ (ဘ) ဦးဟာဘီရာမန် (အသက် ၂၅ နှစ်) ၏ ဆိုင်ကို စစ်ဆေးခဲ့သည်။ 

ဆိုင်တွင် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း နောက်ဆုံးတွင် မော်လ၀ီဆိုက်ဖူလ္လာ၏ MPT ဆင်းမ်ကဒ်သုံး ဖုန်းကို စစ်ဆေးရန်ဟု ဆိုကာ ယူ၍ ၎င်း၏ ရှေ့မှောက်တွင်ပင် ဘင်္ဂလား ဆင်းမ်ကဒ် တစ်ကဒ် ထည့်သွင်းပေးကာ ဘင်္ဂလား ဆင်းမ်ကဒ် တွေ့ရှိသည်ဟု လုပ်ကြံ၍ မသန်မစွမ်း ဖြစ်နေသည့် မော်လ၀ီ ဆိုက်ဖူလ္လာကို လက်ထိပ်ခတ်၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ 

ထို့နောက် အဆိုပါ နယ်ခြားစောင့်ရဲ များသည် မော်လ၀ီဆိုက်ဖူလ္လာ ကိုပါ ၎င်းတို့နှင့် အတူ ခေါ်၍ ကံပူးကျေးရွာအုပ်စု၊ ဒိလ်ဖာရာသို့ သွားရောက် လှည့်လည်ခဲ့ပြီး စခန်းသို့ ပြန်သွားရာ မော်လ၀ီဆိုက်ဖူလ္လာသည် ခြေထောက်မသန်သူ တစ်ဦး ဖြစ်၍ နယ်ခြားစောင့်ရဲ များနှင့် အတူ လမ်းပြိုင် မလျှောက်နိုင်သောကြောင့် နယ်ခြားစောင့်ရဲ တစ်ဦးက ၎င်းကို အတင်းဆွဲခေါ်ရာ လမ်းတွင် ဒုက္ခကြုံတွေ့ရသည်။ 

ကင်းစခန်းနှင့် မနီးမဝေးရှိ တံတားပေါ်သို့ ရောက်သည့်အခါ မော်လ၀ီဆိုက်ဖူလ္လာက လမ်းဆက် မလျှောက်နိုင်တော့ သဖြင့် နယ်ခြားစောင့်ရဲ များက ၎င်းအား ပြန်လွှတ်ပေးရန် ငွေကျပ် ၅ သိန်း တောင်းခံခဲ့သည်။ မော်လ၀ီဆိုက်ဖူလ္လာက မိမိသည် မည်သည့် အပြစ်မှ ကျူးလွန်ထားခြင်း မရှိသဖြင့် ငွေ (၅) သိန်း ပေးနိုင်မည် မဟုတ်ကြောင်း၊ လက်ဆောင် အဖြစ် ငွေကျပ် နှစ်သောင်းသာ ပေးမည်ဟု ပြောကြားခဲ့သည်။ နယ်ခြားစောင့်ရဲ များက ငွေကျပ် နှစ်သောင်းကို လက်မခံဘဲ ဆက်လက် ခေါ်သွားရာ နောက်ဆုံးတွင် မတတ်သာတော့၍ ငွေကျပ် နှစ်သိန်း ပေး၍ နယ်ခြားစောင့်ရဲ များ၏ လက်ထဲမှ လွတ်မြောက် လာခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

မော်လ၀ီဆိုက်ဖူလ္လာကို မဖမ်းဆီးမှီ ရွာအပြင်ဘက်တွင် ကံပူးကျေးရွာမှ မော်လ၀ီဟာမိတ်ကို တွေ့ရှိခဲ့၍ ဖမ်းဆီးနိုင်ရန် အမျိုးမျိုး လုပ်ကြံ ကြိုးစားခဲ့ကြသည်။ သို့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။ ငွေညှစ်ခံရသည့် မသန်စွမ်းသူ မော်လ၀ီ ဆိုက်ဖူလ္လာတွင် မိဘ၊ ဆွေမျိုး တစ်ဦးတစ်ယောက်မှ မရှိသည့် ဆင်းရဲသား တစ်ဦး ဖြစ်သည်။ နယ်ခြားစောင့်ရဲ များ၏ အတင်းဆွဲခေါ်မှုကြောင့် ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံး ယောင်ယမ်းလျက် ရှိကြောင်း သိရှိရပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus