နောက်ဆုံးသတင်း/ဆောင်းပါးများ

မြို့မတောင် ရပ်ကွက်တွင် လူကောင်းလူမှန် တစ်ဦးကို အုပ်ချုပ်ရေးမှူး ရွေးချယ်ရန် ရပ်ကွက်လူထု တောင်းဆို



Rohingya Eye
RB News
22.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ အမှတ် (၂) ရပ်ကွက် (မြို့မတောင် ရပ်ကွက်) သို့ လာမည့် စနေနေ့ ဇန်န၀ါရီလ (၂၃) ရက်နေ့တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ကျင်းပရန် မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ အဖွဲ့တစ်ဖွဲ့ လာရောက်မည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။ 

အဆိုပါ ရပ်ကွက်မှ လက်ရှိ အုပ်ချုပ်ရေးမှူး ဦးအီဆုပ်က ရပ်ကွက်သူ/သား များကို ဆေးခြင်ထောင်များ လှူဒါန်း၍ မဲဆွယ် စည်းရုံးခဲ့သည်။ သို့သော်လည်း ဒေသခံများက လက်ရှိ အုပ်ချုပ်ရေးမှူး၏ သက်တမ်း တစ်လျှောက်တွင် ရပ်ရွာလူထု ကောင်းစားရေး အတွက် တစ်စုံတစ်ရာ လုပ်ဆောင် ပေးခဲ့ခြင်း မရှိခဲ့သောကြောင့် နောက်ထပ် သက်တမ်း တစ်ခု အတွက် ၎င်းကို မလိုလားဟု RB News သို့ပြောပါသည်။ 

ထို့အပြင် ဦးအီဆုပ်နှင့် အတူ ၀င်ရောက် ယှဉ်ပြိုင် စီစဉ်နေသူ တစ်ဦးမှာ ဒုချီးရားတန်း စုံစမ်းရေး ကော်မရှင်တွင် ပါဝင်သည့် ဦးမော်ဂျီအုလ္လာ (ဘ) ဦးဂူရာမျာ (အသက် ၄၃ နှစ်) ဖြစ်ပြီး၊ ၎င်းသည် မကောင်းသည့် ဂုဏ်သတင်းဖြင့် ကျော်ကြားသူ ဖြစ်သည်။ ဦးမော်ဂျီအုလ္လာက ၎င်းကို ထောက်ခံသည့် စီးပွားရေး လုပ်ငန်းရှင် အချို့နှင့် ပူးပေါင်းပြီး မဲအပြတ်အသတ်နှင့် အနိုင်ရရန် စည်းရုံး လှုပ်ရှားနေသည်ဟု ဒေသခံ တစ်ဦးက ပြောပါသည်။ 

ဦးမော်ဂျီအုလ္လာအား ထောက်ခံ၍ ပူးပေါင်း လှုပ်ရှားနေသည့် စီးပွားရေး လုပ်ငန်းရှင် များမှာ -- (၁) ဦးမုစ်တာခ် (ဘ) ဦးအီလီယာစ် (အသက် ၃၅ နှစ်)၊ (၂) ဦးရူလာမီးန် (ဘ) ဦးနူရ်ဟူဆောင်း (အသက် ၃၈ နှစ်)၊ (၃) အာလီရွာမှ ဦးကာမာလ် (အသက် ၄၅ နှစ်) နှင့် (၄) ဖေဇီရွာမှ ဦးမူဂျီဘုလ်ဟူဆောင်း (အသက် ၄၀ နှစ်) တို့ဖြစ်သည်။ ၎င်းတို့ အားလုံးသည် မောင်တော မြို့ပေါ်ရှိ ဒေသခံ ရိုဟင်ဂျာများကို ဘင်္ဂလီ အမည်ဖြင့် နိုင်ငံသား လျှောက်လွှာ တင်ရန် စည်းရုံးခဲ့သူများ ဖြစ်ကြသည်။ 

အကယ်၍ ဦးမော်ဂျီအုလ္လာ အုပ်ချုပ်ရေးမှူး ဖြစ်လာပါက ရပ်ကွက်ထဲတွင် မတရားမှုများ ဖြစ်ပေါ်လာမည်ကို ရပ်ကွက်သူ/သားများက အထူး စိုးရိမ်လျက် ရှိနေကြသည်။ ထို့ကြောင့် မြို့နယ် အုပ်ချုပ်ရေးမှူး အနေဖြင့် တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပေးရန်နှင့် လူကောင်းလူမှန် တစ်ဦးကို ရွေးချယ် တင်မြှောက်ပေးရန် ရပ်ကွက်လူထုက တောင်းဆိုကြောင်း RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus