နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော မြို့မ ရဲစခန်းမှ ရဲများက ဈေးရောင်းသည့် လူငယ်တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်



MYARF
RB News
22.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် ဈေးဆိုင် ပိုင်ရှင် တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီး ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ် မြို့မဈေး ဦးဥတ္တမလမ်း ဆိုင်ခန်း အမှတ် (၄) တွင် စားကုန်ဆိုင် ရောင်းချသူ ဧတာလျာ ကျေးရွာအုပ်စုမှ မိုဟာမတ်အာရှာမ် (ဘ) ဦးမိုဟာမတ်ကာဆိမ်း (အသက် ၂၃ နှစ်) သည် ဇန်န၀ါရီလ (၁၇) ရက်နေ့ နေ့လည် (၂) နာရီခန့် အချိန်တွင် ၎င်း၏ ဆိုင်အနီးရှိ ကွမ်းယာဆိုင်မှ ကွမ်းဝယ်ရန် စောင့်နေစဉ် မြို့မ ရဲစခန်းမှ ရဲအဖွဲ့ တစ်ဖွဲ့ ရောက်ရှိလာပြီး ၎င်းအား စစ်ဆေးရန် ရှိသည်ဟု ဆိုကာ ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် နာရီ အနည်းငယ် အကြာတွင် ငွေကျပ် နှစ်သိန်း ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့သည်။ 

မိုဟာမတ်အာရှောမ်သည် နေ့စဉ် မြို့မဈေးတွင် ဆိုင်ရောင်းနေသည့် လူငယ်တစ်ဦး ဖြစ်ပြီး မည်သည့် ပြစ်မှု တစ်စုံတစ်ရာမှ ကျူးလွန်ခဲ့ခြင်း မရှိသော်ငြားလည်း ရဲများက ဖမ်းမ၀ရမ်း မပြဘဲ မတရားသဖြင့် ဖမ်းဆီး ခေါ်ဆောင် သွားခြင်းမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင် နေသည့် ရခိုင်လူမျိုးများက လူနည်းစု ရိုဟင်ဂျာများကို တစ်ဖက်သတ် အနိုင်ကျင့်နေခြင်းသာ ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ သာမာန် ပြည်သူတစ်ဦးကို မတရားသည့် နည်းလမ်းဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေညှစ်ခြင်းအား သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် စစ်ဆေး အရေးယူ ဆောင်ရွက် ပေးနိုင်ရန်နှင့် နိုင်ငံ့တာဝန်ကို မိမိတို့ စီးပွားအဖြစ် အလွဲသုံးစား ပြုလုပ်နေသည့် ရဲအရာရှိများ၏ ညှဉ်းပန်း နှိပ်စက်မှုများမှ လူနည်းစု ရိုဟင်ဂျာများကို ဥပဒေဘောင် အတွင်းမှ အကာအကွယ် ပေးပါရန် နိုင်ငံတော် သမ္မတ ထံမှ တောင်းဆိုသည်ဟု ၎င်းတို့က ဆိုသည်။

Comment ရေးရန်

Rohingya Exodus