နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော သံဒါ ကျေးရွာမှ ဒေသခံနှစ်ဦးထံမှ နယ်ခြားစောင့်ရဲနှင့် အုပ်ချုပ်ရေးမှူးတို့က ပစ္စည်းသိမ်း ငွေညှစ်



Rohingya Eye
RB News
22.1.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ သံဒါ ကျေးရွာမှ ဟာဂျီ ဦးဇော်မိလ်အာမတ် (ဘ) ဦးဖူတူန္နားဟ် (အသက် ၅၀ နှစ်) တွင် ၎င်းပိုင်ဆိုင်သော ဥယျာဉ် ခြံမြေ တစ်ခြံ ရှိသည်။ အဆိုပါ ဥယျာဉ်ခြံမြေမှာ သစ်တော ဦးစီးဌာနမှ မှတ်ပုံတင် ထုတ်ပေးထားသော ဥယျာဉ်ခြံမြေ ဖြစ်သည်။ ဥယျာဉ်ခြံ အတွင်း သစ်ပင်များမှာ ယခင်တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် ပြိုလဲသွားခဲ့သည်။ လဲကျနေသည့် အပင်များကို ပိုင်ရှင်ဖြစ်သူက ဇန်န၀ါရီလ (၁၇) ရက်နေ့တွင် ခုတ်လှဲပြီး၊ နေအိမ်သို့ တွန်းလှည်း နှစ်စီးဖြင့် သယ်ဆောင်လာရာ၊ တစ်စီးကို နေအိမ်သို့ အရောက်ပို့နိုင်ခဲ့သော်လည်း၊ ကျန်တစ်စီးကို ဇော်မတက် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း၏ တာဝန်ခံက ရပ်တန့်ပြောသောကြောင့် ပိုင်ရှင်ဖြစ်သူက ဤသစ်များကို မိမိ၏ ဥယျာဉ်ခြံမြေမှ ယူဆောင်လာခြင်း ဖြစ်ကြောင်း ရှင်းပြသော်လည်း၊ တာဝန်ခံ ဒုရဲအုပ်က “ဒီမှာ မင်းတို့ ပိုင်တဲ့အရာ ဆိုတာ တစ်ခုမှ မရှိဘူး၊ ဒါတွေ အားလုံး ငါတို့ဟာပဲ” ဟု ပြောဆိုပြီး တွန်းလှည်း အပါအ၀င် သစ်များကိုပါ လုယက် သိမ်းဆည်း လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ယင်းကျေးရွာမှ ဆရာ ဦးမိုဟာမတ်အီနုစ် (ဘ) ဦးဆုလ်တာန်သည် ကျေးရွာ အတွင်းရှိ အာရဗီ တက္ကသိုလ် ကျောင်းဝင်း အတွင်း မုန်တိုင်းကြောင့် လဲကျသွားခဲ့သော အပင်တစ်ပင်ကို ကျောင်း၏ တာဝန်ခံထံမှ ငွေကျပ် (၈) သိန်းဖြင့် ၀ယ်ယူခဲ့သည်။ ထို့နောက် သစ်တောဦးစီးဌာနမှ သစ်ခွဲရန် အမိန့်စာ ယူပြီး သစ်ခွဲရန် အာရဗီ တက္ကသိုလ်သို့ သွားသည့် အခါ ယင်းရွာမှ ရာအိမ်မှူး ဦးအာဘူဘော်ကော်ရ်ဆိဒိတ် (အသက် ၃၆ နှစ်) နှင့် အုပ်ချုပ်ရေးမှူး ဦးဆီရာဇူလ္လာ တို့က သစ်မခွဲရန် ဟန့်တားခဲံသည်။ ၎င်းတို့က အဆိုပါ သစ်ကို ခွဲလိုလျှင် ငွေကျပ် (၈) သိန်း အစား ငွေကျပ် (၁၃) သိန်း ပေးရမည်ဟု အကျပ်ကိုင် ပြောဆိုသောကြောင့်၊ မဟုတ်မမှန် စွပ်စွဲခံရပြီး ဌာနဆိုင်ရာများနှင့် ပေါင်း၍ ငွေညှစ်ခံရမည်ကို စိုးရိမ်၍ နောက်ဆုံးတွင် ငွေကျပ် (၁၂) သိန်းဖြင့် သဘောတူခဲ့ရသည်။ 

အဆိုပါ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး တို့သည် ငွေကျပ် (၁၂) သိန်းမှ (၈) သိန်းကို အာရဗီ တက္ကသိုလ် ကျောင်းတာဝန်ခံသို့ ပေးသွင်းပြီး ကျန်သည့် (၄) သိန်းကို ၎င်းတို့နှစ်ဦး ခွဲဝေယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီရာဇူလ္လာသည် အခွင့်အာဏာကို အလွဲသုံးစား ပြုလုပ်၍ အပြစ်မဲ့ ရွာသားများထံမှ မတရားသဖြင့် ငွေညှစ်နေခြင်းကို ရွာသားများက မကျေမနပ် ဖြစ်လျက် ရှိနေကြသည်။

Comment ရေးရန်

Rohingya Exodus