နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ညောင်ချောင်းမှ နယ်ခြားစောင့်ရဲ များက ဒေသခံများထံမှ ငွေညှစ်ရန် ကြိုးစားနေ



MYARF
RB News
25.6.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အပိုင် ညောင်ချောင်းကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တပ်ဖွဲ့ဝင်များသည် ဒေသခံ ရိုဟင်ဂျာများကို မတရားသဖြင့် စစ်ဆေး၍ ငွေညှစ်ရန် ကြိုးစားခြင်း ရိုဟင်ဂျာ လမ်းသွားလမ်းလာ များကို အနှောင့်အယှက် ပေးခြင်းများ ပြုလုပ်နေကြောင်း သတင်းရရှိပါသည်။

ဇွန်လ (၁၉) ရက်နေ့ ညနေ (၄) နာရီအချိန်ခန့်တွင် အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ဒုတပ်ကြပ် စံရွှေလှ အပါအဝင် တပ်ဖွဲ့ဝင် (၃) ဦးသည် ဌင်းတို့၏ သတင်းပေး မာမတ်ဆာလေ (ဘ) ဆုလ်တာန်နှင့် အတူ ဖရုံချောင်းကျေးရွာသို့ ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူး အိမ်ရှေ့၌ လမ်းဘေး ဆိုင်တစ်ဆိုင်တွင် ထိုင်၍ လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို စစ်ဆေး မေးမြန်းခဲ့သည်။

ထို့ပြင် ဖရုံချောင်း ကျေးရွာအုပ်စု ဒိုးတန်း-၁ ရွာမှ ဦးမာမတ်ရှောဖီး (ဘ) ဦအော်ဆီးရောန် (အသက် ၃၀ နှစ်) သည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ထိုင်၍ လမ်းသွားလမ်းလာ များကို စစ်ဆေးနေသည့် ဆိုင်နားမှ လမ်းလျှောက် သွားနေစဉ် ၎င်းကို ခေါ်၍ စစ်ဆေးပြီး တရားမဝင် ပစ္စည်း တစ်စုံတစ်ရာ တွေ့ရှိခဲ့ခြင်းမရှိဘဲ "ဟေ့ကောင် ပိုက်ဆံ (၁) သိန်းပေး မဟုတ်ရင် မင်းကို ဖမ်းပြီး စခန်းကို ခေါ်သွားမယ်" ဟု ခြိမ်းခြောက်၍ မတရားသဖြင့် အကြောင်းမဲ့ ငွေကျပ် (၁) သိန်း တောင်းခံခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဦးမာမတ်ရှောဖီးဆိုသူမှာ အလွန်တရာ ဆင်းရဲနွမ်းပါးသူ တစ်ဦးဖြစ်၍ နယ်ခြားစောင့်ရဲ များနှင့် အခြေအတင် ပြောဆိုနေသည့် ကြားမှ အခွင့်ကောင်း တစ်ခုရရှိပြီး တဟုန်ထိုး ထွက်ပြေးနိုင်ခဲ့သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များကလည်း ၎င်းနောက်က ပြေးလိုက်ခဲ့သောကြောင့် ၎င်းတွင်ရှိသည့် MPT ဆင်းမ်ကဒ်သုံး ဖုန်းတစ်လုံး၊ ဖိနပ်တရံနှင့် ငွေ ၁၂၀၀၀ ကျပ် ကျ၍ ပျောက်ဆုံး သွားခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus