နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျေးရွာ အုပ်ချုပ်ရေးမှူး များကို ရိုက်နှက်၍ အကြမ်းဖက်သမားများက အိမ်မီးရှို့ကြောင်း၊ အပြစ်မဲ့များကို သတ်ဖြတ်ကြောင်း လက်မှတ်ထိုးခိုင်း

MYARF
RB News
30.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ကင်းစခန်း အချို့ကို တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် အပြစ်မဲ့ ဒေသခံရိုဟင်ဂျာများကို ကလေး၊ အမျိုးသမီးများပါ မကျန် ပစ်သတ်ခြင်း၊ နေအိမ်များ မီးရှို့ခြင်း၊ ပစ္စည်းများ လုယက်ခြင်း၊ ဘာသာရေး စော်ကားခြင်းနှင့် လူငယ်၊ သက်ကြီးရွယ်အို မကျန် ဖမ်းဆီးပြီး အကြမ်းဖက်သမားဟု ဆိုကာ ဥပဒေမဲ့ ပြုလုပ်လျက် ရှိသည်။ ယခုအခါ အချိန်ကာလ သုံးပတ် ကြာလာသည်နှင့် အညီ ပြည်တွင်းပြည်ပမှ ၀ိုင်းဝန်း အပြစ်တင် ပြောဆိုနေမှု ရှိသော်လည်း စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ရာဇ၀တ်မှုများ ဆက်လက် ကျူးလွန်လျက် ရှိသည်။

မြန်မာစစ်တပ်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ အဆိုးရွားဆုံး ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည့် ကြက်ရိုးပြင် ကျေးရွာမှ အုပ်ချုပ်ရေးမှူး၊ ဦးမောင်မောင်ကြီး၊ ငါးစားကြူး ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဆောလိမ်နှင့် ဦးရှည်ကျ ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးအာမီးရ်ဟာကိမ်း တို့ကို နယ်မြေရှင်းလင်းရေး အဖွဲ့က ဖမ်းဆီး၍ ကျီးကန်းပြင်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်သို့ ခေါ်ဆောင် သွားကာ (၃) ရက်တိတိ ချုပ်နှောင်၍ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခဲ့သည့် အပြင် ကျေးရွာတွင် အကြမ်းဖက်သမားများ ရှိကြောင်း၊ ကျေးရွာကို အကြမ်းဖက်သမားများက မီးရှို့ခဲ့ကြာင်း၊ လူအချို့ကိုပါ သတ်သွားကြောင်း အတင်းအဓမ္မ ၀န်ခံချက်တွင် လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

မောင်တောမြို့နယ် မြောက်ပိုင်း နယ်မြေ (၁) နှင့် (၂) အပိုင်ရှိ ကျေးရွာများမှ ဗုဒ္ဓဘာသာဝင် ကျေးရွာအုပ်ချုပ်ရေးမှူးများက နယ်မြေရှင်းလင်းရေး အဖွဲ့သို့ ငွေကြေး ချမ်းသာသည့် ရိုဟင်ဂျာများ၏ အမည်များကို ရွေး၍ အကြမ်းဖက်သမားများဟု စာရင်းပြုပြီး တင်ပြကာ မောင်တောတစ်မြို့နယ်လုံး တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ကြိုးစားလျက် ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အောက်တိုဘာလ (၉) ရက်နေ့မှ စ၍ ယနေ့ထိ နယ်မြေရှင်းလင်းရေး အဖွဲ့မှ ဖမ်းဆီးထားသူများမှာ အကြမ်းဖက်သမားများဟု စွပ်စွဲခံရသည့် အပြစ်မဲ့ပြည်သူများ ဖြစ်ကြသည်။


Comment ရေးရန်

Rohingya Exodus