နောက်ဆုံးသတင်း/ဆောင်းပါးများ

ဦးရှဥ့်ကျ ကျေးရွာ ယနေ့ ည (၁၁) နာရီတွင် မီးရှို့မည်ဟု စစ်သားများက ခြိမ်းခြောက်ထား

RB News
26.10.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှဥ့်ကျ ကျေးရွာကို စစ်သားများက ယနေ့ အောက်တိုဘာလ (၂၇) ရက်နေ့ ည (၁၁) နာရီတွင် မီးရှို့မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှဥ့်ကျ ကျေးရွာသို့ ယနေ့ နံနက် ၉း၃၀ နာရီခန့်တွင် စစ်သားများ ရောက်ရှိလာပြီး ဒေသခံ ရိုဟင်ဂျာ အမျိုးသမီး (၉) ဦး၏ နားများမှ နားကပ်များ ချွတ်ယူ၍ လုယက်ခဲ့ကြောင်း မျက်မြင် သက်သေ ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ထို့နောက် အပြစ်မဲ့ ရွာသား (၃) ဦးကို ဖမ်းဆီး၍ ရေများတောင်ရွာရှိ ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့ကို ဘုန်းကြီးကျောင်းတွင် ရိုက်နှက် နှိပ်စက်၍ အကြမ်းဖက်သမားများကို နေ့လည် ၁၂း၃၀ နာရီ နောက်ဆုံးထား ရှာဖွေ၍ ဘုန်းကြီးကျောင်းသို့ လာရောက် အကြောင်းကြားရန် ပြောကာ ပြန်လည် လွှတ်ပေးခဲ့သည်။

ရွာသား (၃) ဦးက နေ့လည် ၁၂း၃၀ နာရီ အချိန်တွင် ၎င်းတို့ အနေဖြင့် မိမိတို့ ရွာထဲတွင် မည်သည့် အကြမ်းဖက်သမားမှ မရှိသောကြောင့် ရှာဖွေတွေ့ရှိခြင်း မရှိဟု သွားရောက် အကြောင်းကြားရာ၊ စစ်သားများက အကြမ်းဖက်သမားများ ရှာဖွေတွေ့ရှိခြင်း မရှိသောကြောင့် ည (၁၁) နာရီ အချိန်တွင် တစ်ရွာလုံး မီးရှို့မည်ဟု ခြိမ်းခြောက်၍ ပြန်လွှတ်လိုက်ကြောင်း သိရှိရသည်။

ဦးရှဥ့်ကျကျေးရွာတွင် စစ်သားများက လုယက်ခြင်း၊ နေအိမ်များ မီးရှို့ခြင်း၊ ရိုက်နှက်ခြင်းများ အပြင် အောက်တိုဘာလ (၉) ရက်နေ့မှစ၍ ရွာမှ အမျိုးသမီး (၃၁) ဦးကို လူမဆန်စွာ မုဒိန်းကျင့်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus