နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော တောင်ပိုင်း သင်္ဘောကွေ့မှ ရွာသား ၅ ဦးကို စစ်သားများက လူမဆန်စွာ ရိုက်နှက်

Rohingya Eye
RB News
30.4.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ ကျေးရွာ၏ အရှေ့ဘက်တွင် တပ်စခန်းချထားသည့် စစ်သားများက ကလေးငယ်များ အပါအ၀င် ရွာသား (၅) ဦးကို လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ကျေးရွာ၏ အရှေ့ဘက်တွင် တပ်စခန်းချထားရာ စစ်သား ၄၅ ဦးခန့်ရှိပြီး၊ အဆိုပါ စခန်းမှ စစ်သားအချို့သည် ဧပြီလ ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်တွင် ပဲသီးနှံ စိုက်ခင်းမှ နေအိမ်သို့ ပြန်နေသည့် မာမတ်တော်ယူဖ် (ဘ) ဦးအဒူရော်ဟိမ်း (အသက် ၁၆ နှစ်) ကို ထမ်းပိုးဖြင့် လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ရိုက်နှက်ခံရသူသည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း၊ စကားပင် မပြောနိုင်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ထို့အပြင် ကျွဲကျောင်းနေသူ ၄ ဦးကိုလည်း လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။ 

ရိုက်နှက်ခံရသူများမှာ --

(၁) ဟဲဖ်ဇူရာမာန် (ဘ) မော်လ၀ီအဒူဆလာမ် (အသက် ၁၁ နှစ်)
(၂) အဒူရှုကူရ် (ဘ) ဦးဒုစ်မာမတ် (အသက် ၁၂ နှစ်)
(၃) အုမောရ်ဖာရုခ် (ဘ) ဦးဆုလ်တာန် (အသက် ၈ နှစ်)
(၄) ဦးဆာလေအာမတ် (ဘ) ဦးမိုဟာမတ် (အသက် ၅၅ နှစ်) -- တို့ဖြစ်သည်။ 

၎င်းတို့ အားလုံးကို အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ 

တပ်စခန်းချထားသည့် စခန်းရှိ စစ်သားများသည် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ကျေးရွာ အခြေစိုက် တပ်ရင်း၏ လက်အောက်ခံ စခန်းမှ ဖြစ်ကြောင်း သိရှိရသည်။ 

ကျန်းမာရေး အခြေအနေ ဆိုးရွားနေသည့် မာမတ်တော်ယူဖ်



Comment ရေးရန်

Rohingya Exodus